← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

181

သူ့ဝမ်းကွဲညီမလေး ထွက်သွားသည်ကို မြင်သောအခါ ဒုတိယမင်းသားက ကြင်ယာတော် ဘယ်မှာလဲဟု တံခါးဝရှိ အစေခံအား ခပ်သုတ်သုတ်မေးလိုက်၏။

အစေခံက ပြန်ဖြေလိုက်သည်။

"မင်းသား၊ ကြင်ယာတော်က ပိုက်ဆံတွေကိုရေဖို့ သူမအဆောင်ထဲယူသွားပါတယ်"

ဒုတိယမင်းသားမှာ ချက်ချင်းပင် ဂနာမငြိမ် ဖြစ်သွားတော့၏။

သူက ခပ်သုတ်သုတ်ထရပ်လိုက်ပြီး ကြင်ယာတော်၏အဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။

ကြင်ယာတော်မှ ပိုက်ဆံရေနေသည်ကို မြင်သောအခါ သူမအနားရှိ လူများကို အပြင်သို့ထွက်သွားရန် ချက်ချင်း အမိန့်ပေးလိုက်၏။

ပိုက်ဆံရေရာတွင် အာရုံစိုက်နေသော ဒုတိယကြင်ယာတော်ထံသို့ လက်ဖြန့်ကာ ဒုတိယမင်းသားမေးလိုက်သည်။

"ကိုယ့်ဝေစုရော"

ဒုတိယကြင်ယာတော်က တေး ၇၀၀ကို ဆွဲထုတ်လိုက်ပြီး ဒုတိယမင်းသားအား ပေးရင်းပြောလိုက်၏။

"ကျွန်မတို့က ၇၀၊ ၃၀ခွဲမယ်လို့ သဘောတူထားတာလေ၊ မင်းသားက ၃၀၊ ကျွန်မက ၇၀"

ဒုတိယမင်းသားက ဇဝေဇဝါဖြင့်မေးလိုက်သည်။

“၇၀၊ ၃၀ ဆိုတာက ကိုယ်က ၇၀၊ မင်းက ၃၀ မဟုတ်ဘူးလား"

ဒုတိယကြင်ယာတော်မှာ မျက်လုံးပင် ပြူးထွက်သွားလုနီးပါးဖြစ်သွားတော့၏။

'သူ ဘာတွေတွေးနေတာလဲ'

ဒုတိယကြင်ယာတော်က ယဉ်ယဉ်ကျေးကျေးပြုံးပြကာ ပြန်ဖြေလိုက်သည်။

"မင်းသား မှားနေပြီ၊ ဒီအကြံကိုပေးပြီး အလုပ်လုပ်တာက ကျွန်မလေ၊ မင်းသားက သခင်မလေးဟယ်ကို ခါတိုင်းလိုတွေ့ပေးလိုက်ရုံနဲ့တင် တေး ၇၀၀ရနေပြီပဲ၊ ဒီအပေးအယူမှာ မင်းသား အမြတ်ထွက်တာသေချာပါတယ်နော်"

ထိုစကားက ယုတ္တိရှိသည်ဟုတွေးလိုက်ပြီး ဒုတိယမင်းသားက တေး ၇၀၀ကို တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းလက်ခံလိုက်၏။

ပြီးခဲ့သည့်တစ်ခေါက်က ညီမလေးချန်လဲ့၏လှည့်စားခြင်းကိုသာ ခံမထားရပါက သူ ယခုလို ပိုက်ဆံပြတ်လပ်ပြီး ဤမျှလောက် ယုတ်ညံ့သည့်လုပ်ရပ်မျိုးကို လုပ်မည်မဟုတ်ပေ။

ဆင်းရဲမွဲတေမှုကို ကြုံဖူးပြီးနောက်တွင်မှ ပိုက်ဆံ၏အရေးပါမှုအား သူ နားလည်လာခဲ့ခြင်းပင်။ ထို့ကြောင့် ငွေရှာရန် အခွင့်အရေးမှန်သမျှအပေါ် ဒုတိယမင်းသားက အလွန်အမင်းစိတ်အားထက်သန်နေတော့သည်။

ဟယ်ချီချိုးပြန်သွားသည်ကို မြင်သောအခါ ဒုတိယကြင်ယာတော်မှ မေးလိုက်၏။

"မင်းသား စကားပြောလို့ပြီးသွားပြီလား၊ မင်းသားရဲ့ညီမလေးနဲ့ သေသေချာချာ စကားပြောလိုက်ရဲ့လား၊ ဒါက အရှုံးမရှိတဲ့ စီးပွားရေးနော်၊ သခင်မလေးဟယ် နောက်ထပ်အကြိမ်နည်းနည်းလောက်သာ ထပ်လာရင် ကျွန်မတို့စံအိမ်က အကုန်ခံထားရတဲ့ ပိုက်ဆံတွေ ချက်ချင်းပြန်ရလာမှာပဲ"

ဒုတိယမင်းသားက ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်သည်။

"အဲ့ဒါတော့ စိတ်မပူနဲ့၊ ညီမလေးက ဟယ်မိသားစုဆီကနေ ရတနာတွေသွားယူနေပြီ၊ သူမ ရတနာတွေလာပေးတဲ့အခါကျရင် မင်းကို နည်းနည်းခွဲပေးမယ်"

ဒုတိယကြင်ယာတော်က ချက်ချင်း လက်မထောင်ပြပြီး ချီးမွမ်းလိုက်၏။

"အရမ်းကောင်းတာပဲ၊ မင်းသားက အမြဲတမ်း သဘောထားကြီးတယ်လို့ ချန်လဲ့မင်းသမီးလေးပြောတာ အံ့သြစရာတော့မဟုတ်ပါဘူး"

ချန်လဲ့မင်းသမီးလေး၏နာမည်ကို ကြားသောအခါ ထမင်းတစ်နပ်တည်းဖြင့် တေး ၁၀၀,၀၀၀ကျော်ကုန်အောင်စားသွားပြီး သူ့ကိုမွဲပြာကျသွားစေခဲ့သည်အား ဒုတိယမင်းသား ပြန်သတိရသွားတော့၏။

ထိုကိစ္စဖြစ်ပြီးကတည်းက ဒုတိယမင်းသားမှာ မည်သူ့ကိုမျှ ထမင်းမကျွေးရဲတော့သည့်အပြင် အပြင်ထွက်လျှင်တောင် ပိုက်ဆံယူမသွားတော့ချေ။ အပြင်ထွက်သည့်အခါ ကိုယ့်ကိစ္စအတွက် တခြားသူများပိုက်ဆံကို သုံးတတ်ရန် ယခုအခါ သူသင်ယူထားပြီး ဖြစ်သည်။ အပြင်ထွက်သည့်အချိန်တိုင်း ဒုတိယမင်းသားနှင့်အတူပါသွားပါက ဟယ်ချီချွမ်းမှာ သူ့ပိုက်ဆံအိတ် ပြောင်သွားသည်အထိ ဒုက္ခရောက်ရသည်။

မကြာသေးမီက ဟယ်ချီချွမ်းမှာ ပိုက်ဆံအတော်များများ ကုန်ကျထားသဖြင့် အလွန်အရေးကြီးသောကိစ္စမရှိပါက ဒုတိယမင်းသားထံသို့ မသွားရဲတော့ချေ။ သွားသည့်အချိန်တိုင်း ပိုက်ဆံဆုံးရှုံးရသောကြောင့်ပင်။

တစ်ချိန်တည်းမှာပင် ထိုသူနှစ်ယောက် ပြောနေကြသော ချန်လဲ့မင်းသမီးလေးမှာ ခုတင်ပေါ်တွင်လှဲနေရင်း စနစ်နှင့် စကားပြောနေတော့သည်။

စနစ် ကြေညာချက် : [ရွာသားတွေရဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ကန်စွန်းဥကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့အတွက် သခင့်ကို ဂုဏ်ပြုပါတယ်။

ဆုလာဘ် : ရမှတ် ၅၀၀ + ကံစမ်းမဲနှိုက်ခွင့် နှစ်ကြိမ်]

ရှောင်ကျိုးတစ်ယောက် ခုတင်ပေါ်တွင် ခြေပစ်လက်ပစ်လှဲနေရင်း ကံစမ်းမဲကို နှိပ်လိုက်၏။

ပထမဆုအနေဖြင့် အမာရွတ်ပျောက်ဆေး တစ်ပုလင်းရသည်။

ဒုတိယဆုကတော့ စက်ဘီးတည်ဆောက်ပုံ ပုံကြမ်းပင်။

စက်ဘီးပုံစံကြမ်းကို မြင်လိုက်ရသောအခါ ရှောင်ကျိုးတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်တော့သည်။

'ငါ အခုလေးတင် ဘာကြားလိုက်တာလဲ'

'စက်ဘီးဟုတ်လား'

ရှောင်ကျိုးက ပုံကြမ်းကို ချက်ချင်း ထုတ်ပြီး ဖြန့်ကြည့်လိုက်သည်။ ၎င်းတို့က သူမ ယခင်က မြင်ဖူးခဲ့သော စက်ဘီးများနှင့် အနည်းငယ်ကွာခြားနေ၏။

ဤစက်ဘီးပုံကြမ်းရှိ အစိတ်အပိုင်းများစွာကို ဤခေတ်ကာလတွင်ရနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည့် ကုန်ကြမ်းများနှင့် အစားထိုးထားသည်။

ရှောင်ကျိုးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အိပ်မပျော်နိုင်တော့ချေ။

ယွိဟွာနှင့် စွမ်းချိုက်ကိုခေါ်ကာ တံခါးပေါက်မှ ခုန်ပေါက်ထွက်လာခဲ့ပြီး ရွာသားများအားလုံးကို စိတ်လှုပ်ရှားစွာ သွားကြွားတော့၏။ အိမ်ခေါင်မိုးများပေါ်တွင်လည်း ဟိုခုန်ဒီခုန်လုပ်နေတော့သည်။

ဇနီးဖြစ်သူနှင့် အချိန်အကြာကြီးမတွေ့ရသော ကျောက်တာ့လန်မှာ ထိတ်လန့်သွားပြီး စိတ်ဒဏ်ရာရမတတ်ဖြစ်သွားရ၏။

ဇနီးဖြစ်သူနှင့်အတူ လူသားမျိုးနွယ်၏ မူလအစအကြောင်း ဆွေးနွေးနေချိန်တွင် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သူကများ ထင်ထားပါမည်နည်း။

ယွိဟွာနှင့် စွမ်းချိုက်တို့ကို ခေါ်လာသော ရွာသူကြီးလေးက သူ့အိမ်ခေါင်မိုးပေါ်တွင် ရုတ်တရက်ပေါ်လာသဖြင့် တကယ့်ကို ထိတ်လန့်သွားစေခဲ့သည်။

ရှောင်ကျိုးက အရပ်ရှည်ရှည်နှင့် အင်္ကျီမဝတ်ထားသော ကျောက်တာ့လန်ကို စိုက်ကြည့်ကာ ဒေါသတကြီးပြောလိုက်၏။

"အဒေါ်ကျောက်ကို အနိုင်မကျင့်နဲ့နော်၊ အဲ့လိုမဟုတ်ရင် အဘွားကျောက်ကို သွားတိုင်ပြီး နင့်ကိုရိုက်ခိုင်းမှာ"

သူမ အရာအားလုံးကို မြင်လိုက်ရသည်။ သန်မာပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးလှသော ဦးလေးတာ့လန်က အဒေါ်ကျောက်၏အပေါ်မှဖိကာ ပိပြားလုနီးပါးဖြစ်အောင် လုပ်နေသည်ကိုပင်။

"မလုပ်နဲ့တော့ မလုပ်နဲ့တော့" ဆိုပြီး အဒေါ်ကျောက် ငိုယိုကာပြောနေသည်ကိုလည်း သူမကြားလိုက်ရ၏။ သို့တိုင်အောင် ဦးလေးတာ့လန်က အဒေါ်ကျောက်ကို အနိုင်ကျင့်နေဆဲပင်။

ရှောင်ကျိုးက ဦးလေးတာ့လန်ကို ဆူပူကြိမ်းမောင်းပြီးနောက် အမိုးကြွပ်ပြားကို ပြန်အုပ်လိုက်သည်။

အကြိမ်အနည်းငယ် ဟိုဟိုဒီဒီခုန်ပေါက်ပြီးနောက် စိတ်မအေးနိုင်သဖြင့် ကျောက်ဟူ၏အခန်းထဲသို့ ခိုးဝင်သွားကာ အိပ်နေသော ကျောက်ဟူကို ကန်နှိုးလိုက်တော့၏။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျောက်ဟူက သူ့အခန်းထဲပေါ်လာသော ရွာသူကြီးလေးကို အူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေတော့သည်။

သူ မေးလိုက်၏။

"ရွာ... ရွာသူကြီးလေး ဘာဖြစ်လို့လဲ"

'ရွာသူကြီးလေးက မအိပ်သေးဘူးလား'

'ငါ့ခုတင်ဘေးမှာ ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာတာလဲ'

ကျောက်ဟူမှာ သူ အိပ်မက်မက်နေသလား နိုးနေသလားဆိုသည်ကိုပင် မခွဲခြားနိုင်လုနီးပါး ဖြစ်သွားတော့၏။

ရှောင်ကျိုးက ကျောက်ဟူကို မ,ချီပြီး လေညင်းခံရန်အတွက် အိမ်ခေါင်မိုးပေါ်သို့ ခေါ်သွားလိုက်သည်။ ကျောက်ဟူ အိပ်ချင်မူးတူးဖြစ်နေရာမှနိုးလာပြီးနောက် သူမပြောလိုက်၏။

"အခုကစပြီး နင် နင့်မိဘတွေနဲ့ အတူတူ သွားအိပ်"

ကျောက်ဟူက ဇဝေဇဝါဖြင့်မေးလိုက်သည်။

"ဘာလို့လဲ"

‘အခု သူကကြီးနေပြီလေ၊ နောက်ဆုံးတော့ ကိုယ်ပိုင်အခန်းလေးနဲ့အိပ်ရပြီ၊ သူက သူ့မိဘတွေနဲ့ အတူတူမအိပ်ချင်တော့ဘူး၊ အဖေ့ရဲ့ဟောက်သံက အရမ်းကျယ်ပြီး အရမ်းကို ဆူညံတာပဲ’

ရှောင်ကျိုးက ခုနကဖြစ်ပျက်ခဲ့သည်များကို ကျောက်ဟူအား တိုးတိုးလေး ပြန်ပြောပြလိုက်၏။

သူမ မေ့သွားသည့်အပိုင်းများရှိလျှင်ပင် သူမကိုယ်ပိုင်သုံးသပ်ချက်ကိုပါ ထပ်ထည့်လိုက်သေးသည်။

"ဦးလေးတာ့လန်က မြို့တော်ရောက်ပြီး လမ်းမှားရောက်သွားတာလို့ ငါ သံသယရှိတယ်၊ အရင်တုန်းက အဒေါ်ကျောက်ကို ဘယ်တုန်းကမှ အနိုင်မကျင့်ခဲ့ဘူးလေ"

ကျောက်ဟူက လက်သီးကိုဆုပ်ထားလိုက်ပြီး ဖခင်ဖြစ်သူမှ မိခင်ဖြစ်သူကို ရက်ရက်စက်စက် ရိုက်နှက်နေသည့်ပုံရိပ် သူ့ခေါင်းထဲသို့ ချက်ချင်းဝင်လာတော့၏။

ကျောက်ဟူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ရွာသူကြီးလေးအား တိုးတိုးလေးပြောလိုက်သည်။

"အရင်က အဖေနဲ့အမေရဲ့အခန်းရှေ့ကနေ ဖြတ်သွားတုန်းကလည်း အမေငိုနေတာကို ကြားခဲ့ရတယ်၊ အဖေက အမေ့ကို အနိုင်ကျင့်တာလားလို့ အမေ့ကို မေးကြည့်တော့ အမေကမဟုတ်ဘူးလို့ ပြောတယ်"

ကလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်လိုက်ကြ၏။

'မဖြစ်နိုင်တာ'

'ဦးလေးတာ့လန်က အရမ်းဆိုးတာပဲ'

ရှောင်ကျိုး လက်သီးဆုပ်ကာ ကျောက်ဟူကို ပြောလိုက်သည်။

"နင့်အဖေက ကွယ်ရာမှာ နင့်အမေ့ကို ရိုက်နေတယ်လို့ ငါ ကျိန်းသေ သံသယရှိတယ်၊ ကျောက်ဟူ နောက်ရက်တွေကျရင် နင် သေသေချာချာ စောင့်ကြည့်ပြီး သက်သေရှာရမယ်၊ အဲ့ဒါသာ တကယ်ဆိုရင်တော့ နင့်အဖေကို ငါ အလွတ်ပေးမှာ မဟုတ်ဘူး"

ရှောင်ကျိုးက သူမနယ်မြေထဲတွင် မိန်းမကိုရိုက်သည့်သူမျိုး လုံးဝမထားချင်ပေ။

ထို့အပြင် အဒေါ်ကျောက်က အရမ်းသဘောကောင်းသူ ဖြစ်၏။ အဒေါ်ကျောက်က သူမကို အတင်းများလာပြောပြတတ်ပြီး အရသာရှိသော ဟင်းလျာမျိုးစုံကိုလည်း ချက်ကျွေးတတ်သည်။

ဦးလေးတာ့လန်ကလည်း သူမအပေါ် အလွန်ကောင်းခဲ့သော်ငြား သူ အမှားလုပ်ခဲ့ပြီပင်။

သူမက လူတိုင်းကို တန်းတူညီမျှ ဆက်ဆံသော ရွာသူကြီးဖြစ်ပြီး မည်သူ့ကိုမျှ မျက်နှာသာပေးမည် မဟုတ်ပေ။

ကျောက်ဟူက လက်သီးကို ဆုပ်လိုက်ပြီး ချက်ချင်း ကတိပေးလိုက်၏။

"စိတ်မပူပါနဲ့ ရွာသူကြီးလေး၊ ဦးလေးတာ့လန်ကို သေချာပေါက် မျက်စိဒေါက်ထောက်ကြည့်ထားပါ့မယ်"

ကျောက်ဟူက သူ့ကို "အဖေ"ဟုပင် မခေါ်ချင်တော့ပေ။

ယခုအချိန်တွင် သူတွေးနိုင်သမျှမှာ ဖခင်ဖြစ်သူက တုတ်တစ်ချောင်းကိုင်ကာ မိခင်ဖြစ်သူကို ရိုက်နေခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ့ဖခင်က သူ့ကိုလည်း ထိုကဲ့သို့ရိုက်ခဲ့သောကြောင့်ပင်။

'အဖေက မယားနဲ့ သားကို ရိုက်တတ်တဲ့ ဒီလိုလူယုတ်မာမျိုးမှန်း ငါ လုံးဝမထင်ထားခဲ့ဘူး'

ကျောက်ဟူမှာ တစ်စထက်တစ်စဒေါသထွက်လာကာ ဆက်ပြောလိုက်သည်။

"ရွာသူကြီးလေး၊ ဦးလေးတာ့လန်က အမေ့ကို တကယ်အနိုင်ကျင့်ခဲ့တာကိုသာ ငါ သိရရင် သူ့ကို အိမ်ထဲကနေ မောင်းထုတ်ဖို့ ငါ့အဘွားကို သွားတိုင်မယ်၊ အာ မဟုတ်ဘူး၊ သူ့ကို ရွာထဲကနေကို မောင်းထုတ်ပစ်မှာ"

ရှောင်ကျိုး သဘောတူစွာ ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်၊ ရွာထဲကနေ မောင်းထုတ်ပစ်မယ်"

ရွာသူကြီးလေးနှင့် သူ့ကိုယ်ပိုင်သားဖြစ်သူတို့၏ရွာထဲမှ မောင်းထုတ်ရန် ကြံစည်ခြင်းကိုခံနေရသော ကျောက်တာ့လန်မှာ ခုတင်ပေါ်တွင် အချိန်အတော်ကြာအောင်ထိုင်နေပြီး အိမ်ခေါင်မိုးပေါ်မှ အမိုးကြွပ်ပြားအဖွင့်ခံရပြီး ပြန်ပိတ်သွားသည်ကိုသာ စိုက်ကြည့်နေတော့၏။

သူတို့ရွာသူကြီးလေးမှာ ညနက်ပိုင်းတွင် အိပ်မနေဘဲ အိမ်ခေါင်မိုးပေါ်တက်ကာ အမိုးကြွပ်ပြားများကို လိုက်ခွာကြည့်နေသည့်အပြင် ဇနီးဖြစ်သူကို အနိုင်ကျင့်သည်ဟုပင် ဆူပူသွားခဲ့သေးသည်။

ကျောက်တာ့လန်မှာ ဤအဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာပင်ရလုနီးပါးဖြစ်သွားတော့၏။

'မျိုးနွယ်စုခေါင်းဆောင်ဆီကို သွားတိုင်သင့်တယ်'

သို့သော် သူတို့လင်မယားနှစ်ယောက် လူသားမျိုးနွယ်၏ မူလအစအကြောင်း ဆွေးနွေးနေချိန်တွင် ဆူညံလွန်းနေသည်ဟု မျိုးနွယ်စုခေါင်းဆောင်က အပြစ်တင်မည်ကို သူ စိုးရိမ်နေခဲ့၏။ ထို့အပြင် အိမ်ခေါင်မိုးပေါ်တွင် လမ်းလျှောက်နေသော ရွာသူကြီးလေးက ၎င်းကိုမြင်တွေ့သွားရသဖြင့် ရွာသူကြီးလေးကို အကျင့်ပျက်စေသည်ဟု အပြစ်တင်ခံရမည်ကိုလည်း သူ ကြောက်နေခဲ့သည်။

'မတိုင်တာပဲ ကောင်းပါတယ်'

ရွာသူကြီးလေးက ဤကဲ့သို့ အိမ်ခေါင်မိုးပေါ်တွင် လမ်းလျှောက်သည့်အကျင့်ပါသွားပြီး သူ့အိမ်ထောင်သည်ဘဝကို စစ်ဆေးရန်အတွက် ရက်အနည်းငယ်ကြာတိုင်း အမိုးကြွပ်ပြားများ လာခွာကြည့်မည်ကိုလည်း ကျောက်တာ့လန် စိုးရိမ်နေမိသည်။

သေသေချာချာ စဉ်းစားကြည့်ပြီးနောက် ယနေ့တွင် အဆူခံလိုက်ရသူမှာ သူကိုယ်တိုင်ပင်ဖြစ်ကြောင်း ကျောက်တာ့လန် သဘောပေါက်သွားတော့၏။

ကူကယ်ရာမဲ့စွာဖြင့် ကျောက်တာ့လန်မှာ ဘာမှမဖြစ်ခဲ့သကဲ့သို့သာ ဟန်ဆောင်နေရတော့သည်။

ထို့နောက် လင်မယားနှစ်ယောက်လုံး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြ၏။

သူ့သားအရင်းက သူ့ကိုအပြစ်ပေးရန်နှင့် ရွာထဲမှမောင်းထုတ်ရန် အကြံအစည်များ ကြံစည်နေသည်ကိုတော့ လုံးဝသတိမထားမိခဲ့ချေ။

All Chapters