← Chapters

အခန်း ၁၈၉

Vol. 19 Ch. 189

အခန်း ၁၈၉

Vol. 19 Ch. 189

189

ရှောင်ကျိုးက ပင်မခန်းဆောင်ထဲသို့ ဝင်ဝင်ချင်းလုပ်လိုက်သည့် ပထမဆုံးအလုပ်မှာ ထိပ်ဆုံးရှိခေါင်းဆောင်နေရာတွင် ဝင်ထိုင်လိုက်ခြင်းပင်။

"ရိုင်းစိုင်းလိုက်တာ"

ပထမသခင်လေးနဉ်မှာ သူ့ဖခင်၏နေရာတွင် ဝင်ထိုင်နေသော ကောင်မလေးကို မြင်လိုက်ရသောအခါ ဒေါသကိုမထိန်းနိုင်တော့ဘဲ အော်လိုက်တော့သည်။

ယခုလေးတင်မှ ထိုင်ခုံပေါ်ထိုင်လိုက်ရသော ရှောင်ကျိုးမှာ ထိုအော်သံကြောင့် လန့်သွားပြီး ပထမသခင်လေးနဉ်ထံသို့ လက်ဖက်ရည်ပန်းကန်လုံးဖြင့် ပစ်ပေါက်လိုက်ရာ သူ့နဖူးတည့်တည့်သို့ ထိမှန်သွားတော့၏။

ရှောင်ကျိုးက သူမရင်ဘတ်လေးကို ဖိကာ အော်လိုက်သည်။

"ဘာလုပ်တာလဲ၊ ဒီကလေးလေးကို လန့်သေအောင် လုပ်နေတာလား"

ပထမသခင်လေးနဉ်မှာ လက်ဖက်ရည်ပန်းကန်လုံးဖြင့် အပေါက်ခံလိုက်ရရာ သတိလစ်မေ့မြောသွားပြီး ပန်းကန်လုံးမှာလည်း မြေပြင်ပေါ်သို့ပြုတ်ကျကာ ခွမ်းကနဲ ကွဲကြေသွားတော့သည်။

သူ့သားဖြစ်သူ လက်ဖက်ရည်ပန်းကန်လုံးဖြင့် အပေါက်ခံရပြီး သတိလစ်သွားသည်ကို မြင်လိုက်ရသောအခါ ပုံမှန်အားဖြင့် ဒေါသထိန်းနိုင်စွမ်းရှိသော သခင်ကြီးနဉ်ပင်လျှင် ဆက်သည်းမခံနိုင်တော့ချေ။

သူက တရားခံဖြစ်သူ ရှောင်ကျိုးကို တုန်ရီနေသောလက်ညှိုးဖြင့် ထိုးကာ အော်လိုက်၏။

"အစောင့်တွေ၊ ဒီလူတွေကို ဖမ်းကြစမ်း"

ခြံဝင်းအပြင်မှ နဉ်မိသားစု၏အစောင့်တစ်စု အပြေးဝင်လာကြသည်။

ရှောင်ကျိုးက ပို၍ပင်ဒေါသတကြီးဖြင့် အော်လိုက်သည်။

"လူခေါ်တတ်တာ နင်တို့ပဲရှိတယ် မှတ်နေလား ဟမ့်"

ထိုသို့ပြောပြီးနောက် သူမ လက်ကာပြကာ အော်လိုက်၏။

"ဟေ့လူတွေ ချကြ"

ဂေါ်ရီလာကြီးများလို ဟိန်းဟောက်နေကြသော ကလေးတစ်သိုက်မှာ စိတ်လှုပ်ရှားစွာဖြင့် နဉ်မိသားစုအစောင့်များထံသို့ ပြေးဝင်သွားကြပြီး တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် စတင်ချကြတော့သည်။

သခင်ကြီးနဉ်မှာ ဤဂေါ်ရီလာများ မဟုတ်သေးဘူး ဤကလေးများက သူ့အစောင့်များကိုရိုက်၍ သတိလစ်စေရုံသာမက ကြမ်းပြင်ပေါ်တွင် သတိလစ်နေသော အစောင့်များ၏ငွေအိတ်များကိုပါ စိတ်လှုပ်ရှားစွာဖြင့် စတင်ရှာဖွေ လုယက်နေကြသည်ကို ဘာမှမတတ်နိုင်ဘဲရပ်ကြည့်နေရတော့၏။

‘ဓားပြတစ်သိုက်၊ ဒီကောင်တွေက အနီးအနား တောင်ပေါ်က ဓားပြတွေဖြစ်ရမယ် မဟုတ်သေးဘူး အနီးအနား တောင်ပေါ်က ဓားပြတွေဆိုရင်တောင် ဒီလောက် မောက်မာမှာမဟုတ်ဘူး’

‘မဟုတ်ဘူး၊ တိတိကျကျပြောရရင် ဒီကလေးတွေက မျိုးရိုးစဉ်ဆက် ဆယ်ချီပြီး ဓားပြလုပ်လာတဲ့သူတွေဖြစ်ရမယ်’

‘မဟုတ်ရင် ကလေးတစ်သိုက်က ဒီလောက်တောင် ဓားပြဆန်တဲ့ အငွေ့အသက်တွေအပြည့်ဖြစ်နေမှာ မဟုတ်ဘူး’

သခင်ကြီးနဉ်က အကူအညီရှာရန်လိုသည်ဟု ခံစားလိုက်ရသဖြင့် ခပ်သုတ်သုတ် အော်ခေါ်လိုက်၏။

"အိမ်တော်ထိန်း သွား၊ ခရိုင်ရုံးတော်ကို သွားပြီး အမှုဖွင့်ချည်၊ ခရိုင်ဝန်ကို ဒီဓားပြတွေကို အမြန်ဆုံးဖမ်းဖို့ လူတွေ လွှတ်ပေးဖို့ သွားပြောချည်"

အိမ်တော်ထိန်း ချက်ချင်းနာခံကာ စံအိမ်တံခါးပေါက်မှနေ၍ အပြင်သို့ပြေးထွက်သွားတော့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် အိမ်တော်ထိန်းပြန်ရောက်လာမည့်အစား ချင်းရှန်းခရိုင်၏တရားသူကြီးက ရုံးတော်အစေခံတစ်စုကိုခေါ်ကာရောက်လာကြောင်း နဉ်စံအိမ်တော်မှအစေခံတစ်ဦးက လာရောက်သတင်းပို့တော့၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ချင်းရှန်းခရိုင်တရားသူကြီးက တွေ့ခွင့်တောင်းနေပါတယ်"

သခင်ကြီးနဉ်က နားမလည်နိုင်စွာဖြင့် လှည့်မေးလိုက်သည်။

"ချင်းရှန်းခရိုင် တရားသူကြီး ဟုတ်လား"

ထိုသူမှာ ဧကရာဇ်ကိုစော်ကားမိ၍ ရှန်မိသားစု၏စွန့်ပစ်ခြင်းခံရကာ ဤမျှဝေးလံခေါင်ဖျားပြီး ဆင်းရဲမွဲတေလှသောနေရာသို့ ရာထူးချခံခဲ့ရသည့် ခရိုင်တရားသူကြီးတစ်ယောက်ဖြစ်သည်။

သခင်ကြီးနဉ်မှာ သူ့ကိုအရေးစိုက်ရန် လုံးဝစိတ်မဝင်စားပေ။

သူက စိတ်မရှည်စွာဖြင့်မေးလိုက်၏။

"ဘာကိစ္စလဲလို့ သူတို့ပြောသေးလား"

အစေခံက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။

"သူတို့ပြောတာတော့ ကျွန်တော်တို့နဉ်စံအိမ်တော်ကလူတွေ သူ့သမီးနဲ့ ရှန်မိသားစုရဲ့ကျေးဇူးရှင်ကို ဖမ်းထားလို့ သူတို့ကိုပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ လာတာပါတဲ့"

သခင်ကြီးနဉ် အေးစက်စက်နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

"ငါ သူ့ကိုတွေ့စရာအကြောင်းမရှိဘူး၊ ဘယ်တစ်ယောက်က သူ့သမီးပဲဖြစ်ဖြစ် ငါတို့ နဉ်စံအိမ်တော်ကိုစော်ကားရဲမှတော့ သူမကို လွယ်လွယ်နဲ့လွှတ်ပေးမှာ မဟုတ်ဘူး"

အချိန်အနည်းငယ်အကြာတွင် နောက်ထပ်အစေခံတစ်ဦး သတင်းပို့ရန် ရောက်လာပြန်သည်။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အပြင်မှာ သာမန်ပြည်သူတစ်အုပ်ကြီး ရောက်လာကြပါတယ်၊ သူတို့က နဉ်စံအိမ်တော်ကနေ သူတို့ရဲ့ရွာသူကြီးကို ပြန်ပေးဖို့ တောင်းဆိုနေပါတယ်၊ အဲ့လိုမှမဟုတ်ရင် နဉ်စံအိမ်တော်ကိုမြေလှန်ပစ်မယ်တဲ့၊ ပြီးတော့ သခင်ကြီးရဲ့အရွတ်တွေကို ဆွဲထုတ်ပြီး အရှင်လတ်လတ် အရေခွာမယ်လို့ပြောနေကြပါတယ်"

နဉ်မိသားစုဝင်များ : 'ဒီလောက် မောက်မာရဲတဲ့ တောသားတွေ ဘယ်ကနေရောက်လာကြတာလဲ'

သခင်ကြီးနဉ်၏မျက်နှာမှာ ဒေါသကြောင့် နီရဲသွားပြီးအော်လိုက်တော့သည်။

"ရိုင်းလိုက်ကြတာ၊ ဒီလူတွေကို အပြင်ကို ဆွဲထုတ်သွားကြစမ်း၊ နဉ်စံအိမ်တော်က ကြုံတဲ့လူဝင်လို့ရတယ်လို့များ ထင်နေလား"

နဉ်မိသားစုမှအစေခံတစ်ဦးက တုန်တုန်ရီရီဖြင့် တံခါးပေါက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အပြင်မှာ ရောက်လာတဲ့လူတွေက အများကြီးမို့လို့ ကျွန်တော်တို့ သူတို့ကို မောင်းထုတ်လို့မရပါဘူး"

သခင်မကြီးနဉ် စူးစူးရဲရဲစိုက်ကြည့်ပြီး အော်လိုက်သည်။

"တိုက်ထုတ်ပစ်လို့မရဘူး ဟုတ်လား၊ နင်တို့တွေ နဉ်စံအိမ်တော်မှာ ဘာလုပ်နေကြတာလဲ၊ တောသားနည်းနည်းပါးပါးကိုတောင် မတားနိုင်ဘူးလား၊ သခင်ကြီးက သူတို့ကိုမတွေ့ဘူးလို့ပြောပြီးသားပဲ၊ အဲ့ဒါ စကားပြတ်ပြီလေ၊ ဒီရွာသားတွေက အတင်းဝင်ရဲမယ်လို့ ထင်နေလား၊ သူတို့ကိုသေတဲ့အထိ ရိုက်သတ်ပစ်လိုက်ကြစမ်း"

သခင်မကြီးနဉ် စကားပြော၍ဆုံးသည်နှင့် နောက်ထပ် အစေခံတစ်ဦး သတင်းပို့ရန် ရောက်လာပြန်၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အပြင်မှာတပ်မကြီးတစ်စု ရောက်လာပြီး နဉ်စံအိမ်တော်ကို ဝိုင်းထားလိုက်ပါပြီ၊ ကျွန်တော် ခန့်မှန်းကြည့်ရသလောက် လူတစ်ထောင်ကျော်လောက် ရှိပါမယ်"

သခင်ကြီးနဉ် ချက်ချင်းလှည့်ကြည့်ပြီး မေးလိုက်သည်။

"ဒီတပ်ကြီးက ဘယ်ကနေရောက်လာတာလဲ"

‘ခရိုင်ဝန်လွှတ်လိုက်တဲ့ စစ်ကူတွေများလား’

‘ဒီလောက်တောင်ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးလား’

‘ခရိုင်ဝန်က တကယ်ကြီး ဒီလောက် အသိဉာဏ်ရှိတာလား’

သူတွေးလို့မဆုံးခင်မှာပင် နောက်ထပ် အစေခံတစ်ဦး အပြေးအလွှားဝင်လာပြီး ထိတ်လန့်တကြားပြောလိုက်၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ နဉ်စံအိမ်တော်ရဲ့ပင်မတံခါးကြီးကို အပြင်ကလူအုပ်ကြီးက တွန်းဖျက်ချလိုက်ပါပြီ"

နဉ်မိသားစုဝင်များ : "နဉ်စံအိမ်တော်က အစောင့်တွေ ဘယ်ရောက်ကုန်ပြီလဲ၊ တံခါးဝက စစ်သားတွေရော ဘယ်မှာလဲ၊ သူတို့ကို မြန်မြန်သွားတားကြစမ်း"

နဉ်မိသားစုအစေခံတစ်ဦးက ပြောလိုက်သည်။

"ဘယ်လိုသွားတားရမှာလဲ၊ ကျွန်တော်တို့ရဲ့နဉ်စံအိမ်တော်အစောင့်တွေက တံခါးဝကတပ်ကြီးရဲ့ ခြေထောက်အောက်မှာ အနင်းခံလိုက်ရပြီ"

သူ စကားပြောလို့မဆုံးခင်မှာပင် နောက်ထပ် အစေခံများစွာပြေးဝင်လာကြပြီး တိုက်ရိုက်ထုတ်လွှင့်နေသည့်အလား အစေခံများက တစ်ယောက်ပြီးတစ်ယောက် သတင်းပို့ရန် ဆက်တိုက် ဝင်လာကြတော့သည်။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ရွာသူကြီးကိုလာတွေ့တဲ့ ပြည်သူတွေကြောင့် အရှေ့ဘက် နံရံကြီးပြိုကျသွားပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အနောက်ဘက် နံရံကြီးလည်းပြိုကျသွားပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ တိုးဝင်လာတဲ့လူတွေ အရမ်းများလွန်းလို့ မြေပြင်ပေါ်မှာ နေရာမလောက်တော့ဘဲ အနောက်ဘက်ဆောင်ရဲ့ခေါင်မိုးပေါ်အထိ တက်နေကြပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အနောက်ဘက်ဆောင် ပြိုကျသွားပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ မီးဖိုချောင်နဲ့ အရှေ့ဘက်ဆောင် ခေါင်မိုးပေါ်မှာလည်းလူတွေ အပြည့်ဖြစ်နေပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ မီးဖိုချောင်နဲ့ အရှေ့ဘက်ဆောင်ကိုလည်း ဖျက်ဆီးလိုက်ကြပါပြီ၊ သခင်လေးကတော့ အရှေ့ဘက်ဆောင်ထဲမှာ ပိနေပါတယ်"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ရွာသူကြီးကိုလာရှာတဲ့ ပြည်သူတွေက ကြက်တစ်ကောင်ရယ်၊ ကြက်တူရွေးတစ်ကောင်ရယ်နဲ့အတူ ဘဏ္ဍာတိုက်ဆီကို သွားနေကြပါပြီ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ဘဏ္ဍာတိုက်ကတော့ မပြိုကျသေးပါဘူး၊ သူတို့က သေသေချာချာကိုကာကွယ်ပေးထားပါတယ်"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ သူတို့က အိတ်တွေ အများကြီးယူလာပြီး အခု ဘဏ္ဍာတိုက်ထဲကပစ္စည်းတွေကို ထည့်နေကြပါတယ်"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ အဘိုးကြီးတစ်အုပ် ပင်မခန်းမဆောင်ဘက်ကို လာနေကြပါတယ်"

"သခင်ကြီးကို သတင်းပို့ပါတယ်..."

နဉ်စံအိမ်တော်မှ အစေခံများ စကားပြောလို့မဆုံးခင်မှာပင် ဆရာကြီးရွှီက သူတို့ကို ကြမ်းပြင်ပေါ်သို့ဖြတ်ရိုက်ချလိုက်သည်။

"အရမ်းဆူညံလွန်းတယ်ကွာ"

အဘိုးကြီးများစွာက ပင်မခန်းမဆောင်ဘက်သို့ ပြေးလာကြပြီး ရွာသူကြီးကို စိုးရိမ်တကြီး အော်ခေါ်နေကြတော့၏။

အထဲသို့ အရင်ဆုံးတိုးဝင်လာကြသူများမှာ မျိုးနွယ်စုခေါင်းဆောင်များနှင့် တခြားရွာများမှ ရွာသူကြီးများဖြစ်ပြီး အားလုံးက ရွာသူကြီးလေးဆီသို့ အရင်ဆုံးရောက်ရန် အပြိုင်အဆိုင်ဖြစ်နေကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် လမ်းမဖယ်ပေးကြဘဲ နောက်ဆုံးတွင် တံခါးပေါက်ကိုပါချိုးဝင်လာကြတော့၏။

ပင်မခန်းမဆောင်ထဲသို့ မနည်းတိုးဝင်ပြီးနောက် ရွာသူကြီးလေးက ပင်မခုံတွင်ထိုင်နေသည်ကို မြင်လိုက်ကြရသည်။ အဘိုးကြီးများစွာမှာ ပြေးခုန်ပစ်ပြိုင်ပွဲဝင်အားကစားသမားများအလား ရှေ့တွင် ပန်းတိုင်ကိုမြင်လိုက်ရသဖြင့် ပထမဆုကိုရရန် ဆုံးဖြတ်ထားသည့်အတိုင်း ကမူးရှူးထိုးရှေ့သို့ပြေးဝင်လာကြတော့သည်။

ထိုအဘိုးကြီးတစ်သိုက်မှာ ကျိန်ဆဲရင်း ပြေးလာကြပြီး လမ်းပိတ်နေသော နဉ်မိသားစုဝင်များကို စိတ်မရှည်စွာဖြင့် ဘေးသို့တွန်းဖယ်ပစ်ကြ၏။ တွန်း၍မရသူများကိုမူ ကြမ်းပြင်ပေါ်သို့ ဖြတ်ရိုက်ချလိုက်ကြတော့သည်။

ရှဟယ်ရွာမှ ရွာသူကြီးက ကြမ်းပြင်ပေါ်သို့ရိုက်ချလိုက်သော နဉ်မိသားစုဝင်များကို နောက်လှည့်ကြည့်လိုက်သည်။ ထိုသူမှာ သခင်ကြီးပင်။

‘သူတို့နှစ်ယောက်စလုံးက အဘိုးကြီးတွေချည်းပဲ’

‘ဒီအဘိုးကြီးက ဘာလို့ ဒီလောက်တောင် အဝတ်အစားကောင်းကောင်းတွေ ဝတ်ထားရတာလဲ’

ရှဟယ်ရွာမှ ရွာသူကြီးက ကြမ်းပြင်ပေါ်ပြုတ်ကျနေသော သခင်ကြီးနဉ်၏ခေါင်းဆောင်းသရဖူကို ကောက်ယူကာ သူ့ခေါင်းပေါ်တွင် ပေါ့ပေါ့ပါးပါးပင်တပ်လိုက်၏။

ရှင်းဟွာရွာမှ ရွာသူကြီးက အရှေ့သို့မနည်းတိုးထွက်လာသော မျိုးနွယ်စုခေါင်းဆောင်လီကို အပြင်သို့ဆွဲထုတ်လိုက်သည်။

သူက ရှေ့သို့ကိုင်းကာ ပျော်ရွှင်စွာဖြင့် Peaceသင်္ကေတလေးလုပ်ပြပြီး (လက်နှစ်ချောင်းထောင်)နှုတ်ဆက်လိုက်၏။

"ရွာသူကြီးလေး၊ ကျွန်တော်တို့ ရွာသူကြီးလေးကို ရွာပြန်ခေါ်ဖို့လာကြတာပါ၊ ကျွန်တော်..."

သူ စကားပြော၍မဆုံးခင်မှာပင် တစ်စုံတစ်ယောက်က သူ့ကိုအပြင်သို့ ဆွဲထုတ်သွားတော့သည်။

"ဘယ်ကောင်ကများ ငါ့လိုအဘိုးကြီးကို လမ်းဖယ်ပေးရကောင်းမှန်းမသိတာလဲ"

ရှဟွာရွာမှ ရွာသူကြီးကို အပြင်သို့ ဆွဲထုတ်လိုက်သော ဆရာကြီးရွှီက ယုံကြည်မှုအပြည့်ဖြင့်ပြန်ဖြေလိုက်၏။

"ဘယ်သူက အဘိုးကြီးမဟုတ်လို့လဲ"

အထဲသို့မနည်းတိုးဝင်လာရသော ဆရာကြီးရွှီက အဓိကအကြောင်းအရာကို ချက်ချင်းမေးလိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ၊ နဉ်စံအိမ်တော်ကလူတွေ ဘာလို့ မင်းကိုဖမ်းထားတာလဲ"

ကလေးများထံမှ အဖြေကိုပင်မကြားလိုက်ရခင်မှာပင် ရွာသားများက သူတို့ကို အပြင်သို့ဆွဲထုတ်သွားကြတော့သည်။

All Chapters