အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) - သေဆုံးသူ၏ ဦးခေါင်းကို ရှာဖွေခြင်း။
မိုချင်း၏ မိခင်မှာ အစာစားချင်စိတ် ပြန်လည် နိုးကြားလာ၏။ သူမ၏ ဗိုက်မှာ အလွန်ဆာလောင်နေသလို ခံစားရပြီး ဟင်းကို ချက်ချင်း စားချင်စိတ် ဖြစ်ပေါ်လာသည်။
နောက်ဆုံးတွင် ယဲ့ချန်က ဟင်းရှစ်မျိုးကို ချက်ပြုတ်ပြီးစီးလိုက်သည်။ ညစာ စားသောက်ကြချိန်၌ လူတိုင်း စကားမပြောနိုင်တော့ဘဲ အလုအယက် စားသောက်နေကြ၏။
အထူးသဖြင့် ဒေါ်လေးမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည့် စားချင်စိတ်အားလုံး ပြန်လည် ရရှိလာသလို အားပါးတရ စားသောက်နေ၏။ စားသောက်ပြီးချိန်တွင် ဒေါ်လေးမှာ အလွန်ဝမ်းမြောက်နေသည်။
"အရမ်းအရသာရှိတာပဲ။ ရှောင်ယဲ့ မင်း ဘယ်မှာ သင်ခဲ့တာလဲ။"
ယဲ့ချန်က ပြုံးလိုက်၏။
မိုထင်ဝမ်မှာလည်း ယဲ့ချန်ကို အားတက်သရော ချီးကျူးလိုက်သည်။
"ငါ အထင်မှားခဲ့မိတာပဲ။ မင်းရဲ့ ဟင်းချက်လက်ရာက ကမ္ဘာ့အဆင့်မီတယ်။ ငါတို့ ရှောင်ချင်း မင်းကို ရတာ တကယ် ကံကောင်းတာပဲ။"
ယဲ့ချန်၏ စိတ်ထဲတွင် ကျေနပ်မှုတို့ ပြည့်နှက်နေ၏။
"မိန်းကလေးတွေကို ချဉ်းကပ်ဖို့ဆို ဒီလို ကျွမ်းကျင်မှုမျိုးတော့ လိုအပ်တာပေါ့။"
ထိုအချိန်တွင် စနစ်၏ အသံ ထွက်ပေါ်လာ၏။
တီ..တာဝန် ပြီးဆုံးပါပြီ။ [စီချွမ်ဟင်းလျာ ကျွမ်းကျင်မှုစာအုပ်] ရရှိသည်။ စနစ် ပြန်လည်ပြုပြင်မှု ၂.၉% သို့ ရောက်ရှိပြီ။
ညစာ စားသောက်ပြီးနောက် ယဲ့ချန်နှင့် မိုချင်းတို့ အိမ်အောက်သို့ လမ်းလျှောက် ဆင်းလာကြ၏။ မိုချင်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ယဲ့ချန်။ တကယ်ပဲ မင်းကို ချီးကျူးမိတယ်။ အခု အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောရအောင်။"
"ဘာကိစ္စလဲ အစ်မမို။"
"ကွမ်တာလမ်းမပေါ်မှာ လူသတ်မှုတစ်ခု ဖြစ်ထားတယ်။ အလောင်းကို အပိုင်းပိုင်း ခုတ်ထားတယ်။ အခုထိ အလောင်းရဲ့ ဦးခေါင်းကို ရှာမတွေ့သေးဘူး။ DNA စစ်ဆေးခဲ့ပေမဲ့ ယန်မြို့၏ မှုခင်းမှတ်တမ်းထဲမှာလည်း မတွေ့ရဘူး။ အလောင်းရဲ့အထောက်အထားကို မသိတော့ စုံစမ်းရတာ ခက်တယ်။"
ယဲ့ချန်တစ်ယောက် ထိတ်လန့်သွား၏။ညလင်ယွီရှီး၏ အိမ်မှာ ကွမ်တာလမ်းပေါ်တွင် ရှိနေသည်။
"ဒါဆို... အခု ဘာဆက်လုပ်မှာလဲ။"
"မင်းရဲ့ စွမ်းရည်နဲ့ အလောင်းရဲ့ ဦးခေါင်းကို ရှာပေးနိုင်မလားလို့ မျှော်လင့်နေတာ။"
မိုချင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်၏။ ယဲ့ချန်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
"ကြိုးစားကြည့်တာပေါ့။ ဒါပေမဲ့ အောင်မြင်မလားတော့ မပြောနိုင်သေးဘူး။"
မိုချင်းက ချက်ချင်းပင် ရဲဌာနမှ အထောက်အထားပစ္စည်းများကို ယူလာခိုင်းလိုက်၏။ ယဲ့ချန်က ဝိညာဉ်ဖမ်းစီး အဆောင် ကို ထုတ်ယူလိုက်သည်။။ ထို့နောက် သွေးတစ်စက်ကို အသုံးပြုကာ အဆောင်ကို အသက်သွင်းလိုက်သည်။
အဆောင်မှာ ချက်ချင်း မီးလောင်ကာ ပြာအဖြစ် ပြောင်းလဲသွား၏။ ပြာများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အဖြူရောင် အလင်းတန်းတစ်ခု အိမ်အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွား၏။
"အစ်မမို သွားကြစို့ အခွင့်အရေး ရှိပုံရတယ်။"
မိုချင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်လာ၏။ သူမက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဝှေ့ယမ်းလိုက်သည်။
"ယဲ့ချန်။ တကယ်လို့ ဒီဦးခေါင်းကိုသာ ရှာတွေ့ခဲ့ရင် ဒီအမှုကို ဖော်ထုတ်နိုင်ဖို့ အရမ်းအရေးကြီးတဲ့ အထောက်အကူ ဖြစ်လိမ့်မယ်။ မင်းရဲ့ စွမ်းရည်တွေကို ငါ ပိုပြီး ယုံကြည်လာပြီ။ အခုချက်ချင်း သွားကြရအောင်။"
"ဟက်... ဒီ ဝိညာဉ်ဖမ်းစီး အဆောင် က တကယ်ပဲ သေဆုံးသူ၏ ဦးခေါင်းကို ရှာတွေ့နိုင်မယ်လို့ မထင်ထားခဲ့မိဘူး။"
ယဲ့ချန်က အသာအယာ ပြုံးလိုက်၏။
ကျိုးဟွေလီကို တစ်ခါ ရှာတွေ့ခဲ့ဖူးသည့် အတွေ့အကြုံ ရှိထားပြီးဖြစ်သဖြင့် ယဲ့ချန်သည် ယခုတစ်ကြိမ်တွင် မတုန်လှုပ်တော့ပေ။
အရေးကြီးဆုံးမှာ အဆောင်ပေါ်၌ သူ၏ သွေးစက်ဖြင့် အသက်သွင်းထားပြီးဖြစ်သည့်အတွက် လမ်းကြောင်း လွဲသွားစရာ မရှိတော့ပေ။
သူသည် စနစ်ထဲ၌ တာဝန်တစ်ခုကို ချက်ချင်း မှတ်တမ်းတင်လိုက်၏။
တာဝန် - ကွမ်တာလမ်း အပိုင်းပိုင်းခုတ်ခံရသည့် အလောင်းအမှုမှ သေဆုံးသူ၏ ဦးခေါင်းကို ရှာဖွေပြီး မိုချင်း၏ အမှုစုံစမ်းမှုကို ကူညီပါ။ ဆုလာဘ်ကို မစ်ရှင်၏ ခက်ခဲမှုအပေါ် မူတည်၍ သတ်မှတ်ပေးမည်။
"ယဲ့ချန်။ အဲဒီနေရာလား။"
မိုချင်းက ယဲ့ချန်၏ နောက်မှ လိုက်လာကာ မေးလိုက်၏။
သူမသည် ယဲ့ချန် မြင်နေရသော အဖြူရောင် အလင်းတန်းကို မမြင်နိုင်ပေ။
"ဟုတ်တယ်။ အခု ကျွန်တော် ကားသွားယူလိုက်မယ်။"
ယဲ့ချန်သည် ရှန်ရှူးဖန် လူနေရပ်ကွက်၏ အပြင်ဘက်တွင် ကားကို ရပ်ထားခဲ့သည်။
သူတို့နှစ်ယောက် လူနေရပ်ကွက်၏ အပြင်ဘက်သို့ ထွက်လာကြသောအခါ အဖြူရောင် အလင်းတန်းသည် လေထဲတွင် ဝဲပျံနေပြီး ယဲ့ချန်ကို စောင့်နေသကဲ့သို့ ဖြစ်နေ၏။
ကားပေါ်သို့ ရောက်သည်နှင့် အလင်းတန်းသည် ရှေ့သို့ ဆက်လက် ရွေ့လျားသွား၏။
ယဲ့ချန်သည်လည်း ကားကို အလင်းတန်း၏ နောက်မှ အရိပ်သဖွယ် လိုက်မောင်းသွား၏။
"မဆိုးဘူးပဲ။ G-Class တောင် စီးနေတာလား။ သိန်းနဲ့ချီ တန်တဲ့ကားပဲ။တက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ဒီလိုကားမျိုး စီးနိုင်တာ ရှားတယ်နော်။ ဥက္ကဋ္ဌရှ ဝယ်ပေးထားတာလား။"
မိုချင်းက စပ်စုသလို မေးလိုက်၏။ ယဲ့ချန်က ရယ်လိုက်သည်။
"အစ်မမို။ အစ်မက ကျွန်တော့်ကို ကပ်စားလို့ သတ်မှတ်ထားတာပဲ။ ကောင်းပြီလေ။ ကျွန်တော်က တကယ် ကပ်စားလေးဆိုရင် အစ်မ စိတ်ဝင်စားလား။ ကျွန်တော်က ၃၆ ကွက် ၇၂ ပုံစံ၊ ၁၀၈ နည်း အကုန်တတ်တယ်။ အစ်မကို နတ်ပြည်ရောက်သွားသလို ခံစားရစေမယ်။"
ထိုစကားကို ကြားလိုက်ရသောအခါ မိုချင်း၏ မျက်နှာသည် ချက်ချင်း ရဲတက်သွား၏။
သူမသည် အမြဲတမ်း တည်ငြိမ်အေးဆေးသူ ဖြစ်သော်လည်း ယဲ့ချန်၏ နောက်ပြောင်မှုကြောင့် စိတ်မဆိုးနိုင်ဘဲ ရင်ထဲတွင် ထူးဆန်းသည့် အတွေးအချို့ ပေါ်လာမိသည်။
သို့သော် သူမသည် ထိုအတွေးများကို ချက်ချင်း ဖိနှိပ်လိုက်၏။
"တော်တော့။ နောက်မနေနဲ့။ မင်းရဲ့ စွမ်းရည်နဲ့ဆိုရင် အနာဂတ်မှာ ကိုယ့်အစွမ်းနဲ့ကိုယ် အောင်မြင်လာမှာပဲ။ ငါတို့ ရဲဌာနမှာ အလုပ်လုပ်ဖို့ စိတ်မဝင်စားဘူးလား။"
မိုချင်းက ကမ်းလှမ်းလိုက်သည်။
"မဝင်စားဘူး။"
ယဲ့ချန်က မဆိုင်းမတွ ငြင်းလိုက်၏။ စကားပြောနေရင်း သူတို့သည် ကွမ်တာလမ်းမ၏ အနီးရှိ နွားချေးတောင် ဟု ခေါ်သော နေရာသို့ ရောက်လာကြ၏။ ယခုအချိန်မှာ ည ၉ နာရီကျော်နေပြီ ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ခြောက်ကပ်နေ၏။
အဖြူရောင် အလင်းတန်းသည် ရှေးဟောင်း အိမ်တန်းကြီးတစ်ခု၏ အတွင်းသို့ တိုးဝင်သွားသည်။ ထိုအိမ်တန်းများသည် စနစ်တကျ မရှိဘဲ ပင့်ကူအိမ်သဖွယ် ရှုပ်ထွေးလျက် ရှိနေ၏။
လမ်းသွယ်များမှာ မှောင်မည်းနေပြီး လေထုထဲတွင် အနံ့ဆိုးများ၏ အငွေ့အသက်များ ပြန့်လွင့်နေသည်။
"အစ်မမို။ တစ်ခုခု ကြားမိလား။"
ယဲ့ချန်က အသံတိုးတိုးဖြင့် မေးလိုက်၏။
"ဘာမှတော့ မကြားဘူး။ ဒါပေမဲ့ အေးစက်စက်ကြီးတော့ ခံစားရတယ်။"
ထိုအချိန်မှာပင် အဖြူရောင် အလင်းတန်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။
"ဒီအနီးအနားမှာပဲ ရှိရမယ်။ ခွဲရှာကြရအောင်။"