← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အပိုင်း (၂၁) - အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်း

ဖန်ချင်းယွီ၏အိမ်မှ ထွက်ခွာပြီးနောက်

ရှောင်ဖန်းသည်သူမ၏ အရည်အချင်းပြကွက်ကို ဖွင့်၍ ကြည့်ရှုလိုက်၏။

နှစ်သက်မှုအဆင့် - ၄၆ ရာခိုင်နှုန်း

သူ၏ မကြာသေးမီက ကြိုးပမ်းမှုများမှာ အချည်းနှီးမဖြစ်ခဲ့ဘဲဖန်ချင်းယွီ၏ နှစ်သက်မှုအဆင့်မှာ များစွာ မြင့်တက်လာခဲ့သည်။

ဖန်ချင်းယွီနေထိုင်သော အဆောက်အအုံအောက်သို့ ရောက်သောအခါ‌ ရှောင်ဖန်းသည်ယွဲ့ဟွာထံသို့လည်း ဖုန်းခေါ်ဆိုလိုက်သည်။

သို့သော် ဖုန်းမှာ အတော်ကြာအောင် မြည်နေသော်လည်း ပြန်လည်ဖြေကြားမည့်သူ မရှိပေ။ဤသည်က‌ ရှောင်ဖန်းကိုမျက်မှောင်ကြုတ်သွားစေ၏။ ယွဲ့ဟွာတစ်စုံတစ်ခု ဖြစ်ပျက်နေပြီလား။

ရှောင်ဖန်းကစိုးရိမ်စွာဖြင့်ထပ်မံ၍ ဖုန်းခေါ်ဆိုလိုက်ရာ နောက်တစ်ကြိမ် ငြင်းပယ်ခံရတော့မည်ဟု ထင်မှတ်နေစဉ်မှာပင် ဖုန်းလိုင်း ချိတ်ဆက်သွားတော့သည်။

"ဟဲလို၊ဦး‌လေးရှောင်၊ တစ်ခုခု ဖြစ်လို့လား"

ယွဲ့ဟွာ၏ အနည်းငယ် အားနည်းနေသော အသံက ဖုန်းအခြားတစ်ဖက်မှ ထွက်ပေါ်လာ၏။

"ယွဲ့အာ၊ ဘာဖြစ်လို့လဲ"

ရှောင်ဖန်းက အလျင်အစလို မေးမြန်းလိုက်သည်။

"ခန္ဓာကိုယ်တစ်ခုလုံး လေးလံပြီး ကိုက်ခဲနေလို့၊ တစ်ကိုယ်လုံးလည်း အားမရှိတော့ဘူး"

ယွဲ့ဟွာ၏ အားအင်ချို့တဲ့စွာ ပြောကြားလာသံကို ကြားရသောအခါရှောင်ဖန်း သည် ပြင်းထန်သော အအေးမိဝေဒနာ ဖြစ်လိမ့်မည်ဟု တွေးမိသွား၏။ ထို့ကြောင့် သူက အမြန်ပင် ပြောလိုက်သည်။

"အိမ်မှာပဲ စောင့်နေ၊ ငါ အခုချက်ချင်း လာခဲ့မယ်"

ဖုန်းချပြီးနောက် ရှောင်ဖန်းသည် ယွဲ့ဟွာနေထိုင်ရာ အဆောက်အအုံဆီသို့ အပြေးအလွှား သွားခဲ့သည်။ ဓာတ်လှေကားဖြင့် သူနေထိုင်သော အထပ်သို့ ရောက်ရှိသောအခါသူသည် ဟင်းလင်းပြင်သိုလှောင်မှုထဲမှ စားသောက်ကုန်အချို့၊ စောင်များနှင့် အအေးမိဖျားနာပျောက်ဆေးအချို့ကို ထုတ်ယူလိုက်၏။

သူက ယွဲ့ဟွာ၏၏ တံခါးကို ခေါက်လိုက်ရာ အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင်မှ တံခါး ပွင့်လာခဲ့သည်။

"ဦးလေးရှောင်၊ ဝင်ခဲ့ပါ"

ယွဲ့ဟွာကမထူမပါး စောင်တစ်ထည်ကို ခြုံထားရင်း ဖြူဖျော့သော မျက်နှာဖြင့် ပြောလိုက်၏။ သူမ ပြောပြီးသည်နှင့် ခန္ဓာကိုယ်မှာ လဲပြိုတော့မည့်အလား ယိမ်းထိုးသွားသည်။

ရှောင်ဖန်းကသူမကို အမြန်ဆွဲထိန်းလိုက်ပြီး အိပ်ခန်းထဲသို့ ပွေ့ချီခေါ်ဆောင်သွားခဲ့၏။ သူမကို အိပ်ရာပေါ်တွင် လှဲလျောင်းစေပြီးနောက်‌ ရှောင်ဖန်းက သူယူဆောင်လာသော စောင်များဖြင့် ထူထဲစွာခြုံပေးလိုက်သည်။

ထို့နောက် သူကက ယွဲ့ဟွာ၏ နဖူးကို စမ်းသပ်ကြည့်လိုက်ရာ အလွန် ပူပြင်းနေသည်ကို တွေ့ရှိရ၏။ ဤသည်က ပြင်းထန်သော အအေးမိခြင်းနှင့် ဖျားနာခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

သူက ရေနွေးအနည်းငယ် ငှဲ့ပြီး ယွဲ့ဟွာကို အအေးမိဖျားနာပျောက်ဆေး တိုက်ကျွေးလိုက်၏။ သူမ အနည်းငယ် တည်ငြိမ်သွားသောအခါမှ ရှောင်ဖန်းက အသေးစိတ် အခြေအနေကို သိရှိရတော့သည်။

မိန်းကလေးငယ်တစ်ဦး ဖြစ်သည့်အတွက် ယွဲ့ဟွာ၏ အိမ်တွင် ထူထဲသော အဝတ်အစားများနှင့် အိပ်ရာခင်းများ အများအပြား မရှိပေ။

မိန်းကလေးများက အလှအပကို နှစ်သက်ကြပြီး တာဝူမြို့တော်မှာလည်း တောင်ပိုင်းတွင် ရှိသောကြောင့် ဆောင်းရာသီမှာ ပုံမှန်အားဖြင့် ထိုမျှ မအေးလှပေ။

ထို့ကြောင့် ယွဲ့ဟွာ၏ အဝတ်အစားအများစုမှာ ပါးလွှာပြီး ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်သောအရာများသာ ဖြစ်ကြ၏။ သူမ၌ ရှိသော အောက်ခံအင်္ကျီအနည်းငယ်မှာလည်း ကျပ်ထုတ်သော ပုံစံများဖြစ်သဖြင့်ယခုလို ရာသီဥတုမျိုးတွင် အပူငွေ့ လုံးဝ မပေးနိုင်ပေ။

သူမသည် လွန်ခဲ့သော နှစ်ရက်က ကုန်တိုက်သို့ သွားရောက်ခဲ့ပြီး ပြန်လာကတည်းက အအေးမိခဲ့ခြင်း ဖြစ်ကာ အိမ်တွင်လည်း သောက်စရာဆေးဝါးမရှိပေ။

သူမက ရက်အနည်းငယ်လောက် အနားယူလိုက်လျှင် သက်သာသွားလိမ့်မည်ဟု အစက ထင်မှတ်ခဲ့သော်လည်း အခြေအနေက ပိုမို ဆိုးရွားလာခဲ့၏။ ယနေ့သာ ရှောင်ဖန်းရောက်မလာပါက ယွဲ့ဟွာသည်အိမ်၌ပင် သေဆုံးသွားနိုင်သည့် အခြေအနေ ဖြစ်သည်။

သူမတွင် ဟင်းချက်ရန် အားအင်မရှိဘဲ တစ်ရက်ခွဲခန့် အစာငတ်နေခဲ့သည်ကို သိရသောအခါ‌ ရှောင်ဖန်းက မီးဖိုချောင်သို့ အပြေးအလွှားသွား၍ သူမအတွက် ပူပူနွေးနွေး ကြက်ဥနှင့် ဝက်သားမျှင် ခေါက်ဆွဲတစ်ခွက်ကို ချက်ပြုတ်ပေးလိုက်၏။

ထို့နောက်သူက ခေါက်ဆွဲကို ကုတင်ဘေးသို့ ယူဆောင်လာပြီး ယွဲ့ဟွာကို အရင် စားသောက်စေလိုက်ပြီး တံခါးအပြင်ဘက်တွင် ပစ္စည်းအချို့ ကျန်ရှိနေသေးသည်ဟု လိမ်ညာပြောဆိုကာ အပြင်သို့ ထွက်ဟန်ပြုပြီး သူ၏ဟင်းလင်းပြင်ထဲမှ ထူထဲသော အိပ်ရာခင်းများနှင့် စားသောက်ကုန်များကို ထပ်မံ ထုတ်ယူခဲ့သည်။

အစာစားပြီး ဆေးရှိန်တက်လာသောအခါ ယွဲ့ဟွာက အနည်းငယ်သက်သာလာ၏။ အိပ်ရာမှထလာပြီး ဧည့်ခန်း၌ အိပ်ရာခင်းများနှင့် စားသောက်ကုန်များကို စီစဉ်နေသော‌ ရှောင်ဖန်းကို မြင်သောအခါ သူမမျက်လုံးများတွင် မျက်ရည်များ ဝဲလာရတော့သည်။

ရုတ်တရက် ယွဲ့ဟွာက‌ ရှောင်ဖန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့၏။ သူမက ငိုရှိုက်ရင်း မိဘများမှလွဲ၍ ပြင်ပလူ မည်သူမျှ သူမအပေါ် ဤမျှ ကောင်းမွန်ခဲ့ခြင်း မရှိကြောင်း ရေရွတ်နေသည်။ ယနေ့သာရှောင်ဖန်း မရှိပါက သူမ အိမ်၌ပင် သေဆုံးသွားနိုင်ကြောင်းလည်း ဆို၏။ သူမ ပြောလေလေ၊ ပိုမို ငိုကြွေးလေလေ ဖြစ်ရာ ရှောင်ဖန်းက သူမကိုအိပ်ခန်းထဲသို့ ပြန်လည် ပွေ့ချီသွားခဲ့ရသည်။

သူမကို အိပ်ရာပေါ်တွင် သိပ်ထားပြီး ခေတ္တမျှ နှစ်သိမ့်ပေးပြီးချိန်တွင် ရှောင်ဖန်းသည် စနစ်၏ အကြောင်းကြားစာကို ကြားလိုက်ရ၏။

[ သိမ်းပိုက်မှုပစ်မှတ်၏နှစ်သက်မှုတန်ဖိုး ၃၅ ရာခိုင်နှုန်းသို့ ရောက်ရှိသဖြင့် သိမ်းပိုက်မှု အောင်မြင်ပါသည် ]

[ ပိုင်ရှင်အနေဖြင့် အခြားသောအလှပ‌ဂေးတစ်ဦးကို ထပ်မံ ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါသည် ]

[ တတိယမြောက် အလှပဂေးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် ၂ မှတ် ရရှိပါသည် ]

ရှောင်ဖန်းက အလွန်အမင်း ဝမ်းမြောက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ယနေ့ဝမ်‌ပေါင်ကို တားဆီးရန် အပြင်ထွက်ဖို့ စဉ်းစားခဲ့မိခြင်း ဖြစ်၏။

လမ်းခရီးတွင် ဖန်ချင်းယွီ၏ နှစ်သက်မှုတန်ဖိုးကို မြှင့်တင်နိုင်ခဲ့သည့်အပြင် ယွဲ့ဟွာကိုပါ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ ဝမ်ပေါင်သည် တကယ်ကို သူ၏ ကံကောင်းစေသော ကြယ်ပွင့် ဖြစ်ပုံရ၏။

ယွဲ့ဟွာကို ထပ်မံ နှစ်သိမ့်ပေးပြီးနောက် ရှောင်ဖန်းက သူမကို အိမ်၌သာ နေရန်၊ အပြင်မထွက်ရန်နှင့် မည်သူ့ကိုမျှ အိမ်ထဲသို့ ပေးမဝင်ရန် မှာကြားလိုက်သည်။ တစ်ခုခု လိုအပ်ပါက သူ့ကို တိုက်ရိုက် ပြောဆိုနိုင်ကြောင်းလည်း မှာ၏။ ဤသည်ကို ကြားသောအခါ ယွဲ့ဟွာကနာခံမှုရှိစွာ ခေါင်းညိတ်ပြရာ သူမ၏ အမူအရာမှာ‌ ကြောင်‌ပေါက်လေးနှင့် အလွန် တူ‌နေတော့သည်။

ထို့နောက် ရှောင်ဖန်းက ပြန်ရန် ပြင်ဆင်လိုက်ချိန်တွင်သူမက ပြန်မလွှတ်ချင်သေးသည့်ပုံဖြင့် ဖက်တွယ်ထားကာသူ၏ပါးပြင်ကို ရုတ်တရက်နမ်းရှိုက်လိုက်သည်။

ထိုအထိအ‌တွေ့က သူ့ကို စိတ်လှုပ်ရှားသွားစေသော်လည်း လက်ရှိအချိန်တွင် အခြေအနေ မပေးသေးခြင်းကြောင့် ရှောင်ဖန်းသည် ယွဲ့ဟွာနှင့် ဆက်လက် ထိတွေ့ဆက်ဆံမည့် အကြံကို လက်လျှော့လိုက်ရသည်။

ယွဲ့ဟွာ၏အိမ်မှ ထွက်ခွာပြီးနောက် ရှောင်ဖန်းက သူမ၏ အရည်အချင်းပြကွက်ကို ဖွင့်လှစ်ကြည့်ရှုလိုက်၏။

[ ယွဲ့ဟွာ၊ လိင် - မ၊ အသက် - ၂၆ နှစ် (သက်တမ်း - ? နှစ်) ]

[ ဘက်စုံသန်မာမှု - အဆင့် ? ]

[ ခွန်အား - ? မှတ် ]

[ လျင်မြန်မှု - ? မှတ် ]

[ ခန္ဓာကိုယ်ကြံ့ခိုင်မှု - ? မှတ် ]

[ စိတ်ဝိဉာဉ်စွမ်းအား - ? မှတ် ]

[ သက်စောင့်အား - ? မှတ် ]

[နှစ်သက်မှုတန်ဖိုး - ၃၆ ရာခိုင်နှုန်း ]

[ စွမ်းရည် - မရှိပါ ]

အံ့ဩစရာကောင်းလှ၏။ ထိုခဏအတွင်းမှာပင် သူမ၏ သံယောဇဉ်တန်ဖိုးက နောက်ထပ် တစ်မှတ် ထပ်မံ တိုးတက်လာခဲ့သည်။‌ ရှောင်ဖန်းအလွန်စိတ်ကျေနပ်သွားရ၏။

ယခုအခါသူသည် အလှပဂေး သုံးဦးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ရာ သူတို့ သုံးဦးစလုံး၏ နှစ်သက်မှုတန်ဖိုးကို ၁၀၀ ရာခိုင်နှုန်းအထိ မြှင့်တင်နိုင်ပါက သူ၏ ဆိုင်းအင်ရမှတ်များမှာ နှစ်ဆ တိုးတက်လာမည် ဖြစ်သည်။

ထိုအခါ သူသည် နေ့စဉ် ဆိုင်းအင်လုပ်ရာတွင်တွင် ၆ မှတ် ရရှိမည်ဖြစ်ပြီး တစ်လလျှင် ၁၈၀ မှတ်အထိ ရရှိနိုင်မည် ဖြစ်သည်။ ဤသို့ တွေးမိရင်း‌ ရှောင်ဖန်းက ပျော်ရွှင်စွာဖြင့် သီချင်းတညည်းညည်း လုပ်နေတော့သည်။

ထိုနေ့ညသန်းခေါင်ယံ အချိန် ၁ နာရီတွင်အပြင်ဘက်၌ ဆောင်းလေပြင်းများက ကြမ်းတမ်းစွာ တိုက်ခတ်နေပြီး နှင်းထိများလည်း သည်းထန်စွာ ကျဆင်းနေဆဲ ဖြစ်သည်။ အိမ်ရာဝင်းတစ်ခုလုံးက အလွန် တိတ်ဆိတ်နေ၏။ ရာသီဥတုက အလွန်အေးစိမ့်လွန်းသဖြင့် လူအများစုမှာ စောစောစီးစီးပင် စောင်ပုံထဲ၌ ပုန်းအောင်းနေကြပြီ ဖြစ်သည်။

အဆောက်အအုံ ၁၀၊ ၁၅ ထပ်တွင်မူ ရှောင်ဖန်းသည် လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး အေးစိမ့်သော အချိုရည်ပုလင်းကို ကိုင်ဆောင်ကာ ဝရန်တာမှ မှန်ပြတင်းပေါက်ကြီး၏ ဘေးတွင် ရပ်လျက် အိမ်ရာဝင်း၏ ထွက်ပေါက်ကို စောင့်ကြည့်နေ၏။

သူ၏ နောက်ဘက်ရှိ ဆိုဖာနှင့် ကော်ဇောပေါ်တွင်မူ ပိုးသားခြေအိတ်များနှင့် အဝတ်အစားငယ်များမှာ နေရာအနှံ့ ပျံ့နှဲနေသည်။ ယွမ်ချင်းမေက ဆိုဖာပေါ်တွင် ကျေနပ်အားရသော အမူအရာဖြင့် လှဲလျောင်းရင်း ဖုန်းကြည့်နေ၏။

ခေတ္တမျှကြာသော် ရှောင်ဖန်းသည် လေပြင်းနှင့် နှင်းထုကို ဖြတ်ကျော်ကာ အိမ်ရာဝင်းအပြင်ဘက်သို့ လျှောက်လှမ်းသွားသော လူရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။

"ဟဲဟဲ၊ ဝမ်ပေါင်၊ မင်းအတွက် ကံကောင်းပါစေဗျာ"

ရှောင်ဖန်းက အဝေးမှနေ၍ သူ၏ အချိုရည်ပုလင်းကို မြှောက်ကာ ဂုဏ်ပြုလိုက်ရင်း သူတစ်ဦးတည်းသာ ကြားနိုင်သော အသံဖြင့် တိုးညင်းစွာ ရေရွတ်လိုက်သည်။ ထို့နောက် လှည့်ပြန်လာပြီးယွမ်ချင်း‌မေ၏ အော်ဟစ်သံနှင့်အတူ သူမကို ပွေ့ချီကာ အိပ်ခန်းထဲသို့ လျှောက်လှမ်းဝင်သွားခဲ့တော့သည်။

လေပြင်းနှင့် နှင်းထုကြားတွင်ဝမ်ပေါင်သည်မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်နေရသဖြင့် အကြိမ်ကြိမ် လက်လျှော့လိုစိတ် ပေါ်ပေါက်ခဲ့သည်။

သို့သော် ထိုကုန်တိုက်ကြီးအတွင်းရှိ ရိက္ခာများကို ရရှိပါက ကမ္ဘာပျက်ကပ်အတွင်း သူ၏ ဘဝက ပိုမို ကောင်းမွန်လာမည်ဖြစ်ပြီး ပိုမို ကောင်းမွန်သော ကလဲ့စားချေမှုကို ပြုလုပ်နိုင်ကာ လှပသော အမျိုးသမီးများကိုလည်း ပိုမို ပိုင်ဆိုင်နိုင်လိမ့်မည်ဟူသော အတွေးကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း၌ ခွန်အားများ ပြန်လည် ရုန်းကြွလာကာ ကုန်တိုက်ဆီသို့ ဆက်လက် လျှောက်လှမ်းရန် တွန်းအားပေးနေခဲ့သည်။

အချိန်မည်မျှ ကြာအောင် လမ်းလျှောက်ခဲ့ရသည်မသိ၊ ကျန်းပေါ်သည် ကုန်တိုက်ကြီး၏ ဘေးနားသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့၏။

သူ့ရှေ့မှောက်ရှိ ကုန်တိုက်ကြီးကို ကြည့်ရင်း ဝမ်ပေါင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည်ကုန်တိုက်ကြီးမှ များပြားလှသော ရိက္ခာမျိုးစုံကို ရရှိတော့မည် ဖြစ်သည်။၎င်းက ဝမ်ပေါင်ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေ၏။

ကုန်တိုက်၏ အပြင်ဘက် နံရံအတိုင်း သူက နောက်ဘက်သို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ ကုန်လှောင်ရုံမှာ နောက်ဘက်တွင် ရှိနေပြီး ထိုနေရာ၌ ဝင်ပေါက်တစ်ခု ရှိသည်ကို သူ မှတ်မိနေသောကြောင့် ဖြစ်သည်။

*********

`

All Chapters