အခန်း ၂၂
Vol. 3 Ch. 22
အခန်း ၂၂ သနားစရာဝမ်ပေါင်
ဝမ်ပေါင်သည် ကုန်တိုက်၏ နောက်ဘက်တံခါးဝသို့ ရောက်ရှိလာခဲ့၏။
တင်းကြပ်စွာ ပိတ်ထားသော သံတံခါးကြီးကို ကြည့်လိုက်ပြီး သူ၏ဟင်းလင်းပြင်သိုလှောင်မှုထဲမှ သံတူရွင်းတစ်ချောင်းကို ထုတ်ယူလိုက်၍တံခါးကိုဖွင့်ရန် ပြင်ဆင်လိုက်၏။
ထိုသို့ပြင်ဆင်နေစဉ်မှာပင် ဝမ်ပေါင်သည် ရုတ်တရက် ရပ်တန့်သွားရသည်။ဤသို့ ပြုလုပ်ခြင်းက ကုန်တိုက်အတွင်း၌ တာဝန်ကျနေသော လုံခြုံရေးဝန်ထမ်းများကို သိရှိသွားစေနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်သည် သံတူရွင်းကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နောက်ဘက်တံခါး အနီးအနားတွင် လှည့်ပတ် ကြည့်ရှုနေခဲ့သည်။
မကြာမီ ဝမ်ပေါင်သည် နေရာအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွား၏။ နောက်ဘက်တံခါးနှင့် မလှမ်းမကမ်းတွင် လေဝင်လေထွက် ပြတင်းပေါက်တစ်ခု ရှိနေသည်ကို သူ သတိပြုမိလိုက်၏။
ထို့ကြောင့် ဝမ်ပေါင်သည်ပြတင်းပေါက်အောက်သို့ ပြေးသွားပြီး သူ၏ဟင်းလင်းပြင်ထဲမှ လှေကားတစ်ခုကို ထုတ်ယူလိုက်၏။
ထိုလှေကားသည် ဝမ်ပေါင် အလုပ်လုပ်ခဲ့သော သိုလှောင်ရုံ ဗဟိုဌာနမှ ဖြစ်ပြီး ထိုစဉ်က သူသည် အလွယ်တကူ နေရာလွတ်ထဲသို့ ထည့်သွင်း သိမ်းဆည်းခဲ့ခြင်း ဖြစ်ကာ ယနေ့တွင် အသုံးတည့်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
လှေကား၏ အကူအညီဖြင့် ဝမ်ပေါင်သည် ပြတင်းပေါက်မှတစ်ဆင့် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည်။
အတွင်းဘက်သည် ကုန်တိုက်၏ ကုန်လှောင်ရုံ ဖြစ်နေ၏။ အတွင်း၌ ပုံစံတူ စုပုံနေသော ပစ္စည်းအမျိုးမျိုးကို မြင်သောအခါ ဝမ်ပေါင်သည် အလွန် ဝမ်းမြောက်သဖြင့် ငိုပင် ငိုချင်သွားခဲ့သည်။
သူသည် လှေကားကို ဟင်းလင်းပြင်ထဲသို ခေတ္တ ပြန်ထည့်သွင်းလိုက်ပြီး ကုန်လှောင်ရုံ အတွင်းဘက်သို့ ပြန်လည် ချထားလိုက်၏။
ထို့နောက်လှေကားအတိုင်း ကုန်လှောင်ရုံထဲသို့ ဖြည်းညှင်းစွာ ဆင်းသက်ခဲ့သည်။
ကုန်လှောင်ရုံအတွင်း၌ မှောင်မည်းနေသောကြောင့် ဝမ်ပေါင်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ရှုလိုက်၏။ မည်သူမျှ မရှိသည်ကို တွေ့ရပြီးနောက် သူသည် ရှေ့မှ ပစ္စည်းများကို အရူးအမူး သိမ်းဆည်းတော့သည်။
ဝမ်ပေါင်သည် ပစ္စည်းပုံတစ်ခုကို သိမ်းဆည်းပြီးနောက် နောက်ထပ် ပစ္စည်းပုံတစ်ခုဆီသို့ ပြေးသွားရန် ပြင်ဆင်နေစဉ်မှာပင် ကုန်လှောင်ရုံနှင့် ကုန်တိုက် အတွင်းပိုင်းကို ဆက်သွယ်ထားသော တံခါးကြီးသည် ရုတ်တရက် ပွင့်လာခဲ့၏။
ကုန်လှောင်ရုံတစ်ခုလုံး၏ မီးလုံးများသည် ရုတ်တရက် လင်းထိန်သွားပြီး ထူထဲသော ကုတ်အင်္ကျီများကို ဝတ်ဆင်ထားကာ တုတ်များကို ကိုင်ဆောင်ထားသော လုံခြုံရေးဝန်ထမ်း အများအပြား ဝင်ရောက်လာကြသည်။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်သည် နေရာ၌ပင် မင်သက်လျက် ရပ်တန့်နေခဲ့ပြီး လုံခြုံရေးဝန်ထမ်းများသည်လည်း ခေတ္တမျှ မှင်တက်သွားကြ၏။
"တောက် သူခိုးပဲ"
"ဖမ်းကြ"
ဦးဆောင်လာသော လုံခြုံရေးမှူး၏ အော်ဟစ်သံနှင့်အတူလုံခြုံရေးဝန်ထမ်း အများအပြားသည် ဝမ်ပေါင်ထံသို့ အလျင်အမြန် ပြေးဝင်လာကြတော့သည်။
ဝမ်ပေါင်သည် ထိတ်လန့်သွားပြီး ပြတင်းပေါက်ဆီသို့ အပြေးအလွှား သွားခဲ့၏။
ယခုအချိန်တွင် ဝမ်ပေါင်၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိသည်။ သူသည် အဖမ်းခံ၍ လုံးဝ မဖြစ်ချေ။ သို့မဟုတ်ပါက သူ့ဘဝ သွားပြီ ဖြစ်၏။
အသက်လုရမည့် အခြေအနေနှင့် ရင်ဆိုင်ရသောကြောင့် ဝမ်ပေါင်၏ အနည်းငယ် ဝဖြိုးသော ခန္ဓာကိုယ်သည် ရုတ်တရက် အံ့ဩဖွယ် စွမ်းရည်များ ပေါက်ကွဲထွက်လာပြီး သူ၏ အရှိန်သည် အလွန် မြန်ဆန်သွားခဲ့သည်။
မကြာမီ ဝမ်ပေါင်သည် ပြတင်းပေါက်အောက်သို့ ရောက်ရှိသွားပြီး လှေကားအတိုင်း အပေါ်သို့ အလျင်အမြန် တက်လှမ်းခဲ့၏။
သူသည် သူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ပြတင်းပေါက်အပြင်ဘက်သို့ လျင်မြန်စွာ တိုးထွက်လိုက်သည်။ ဝမ်ပေါင်သည် အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်နေစဉ်မှာပင်။
"အား"
စူးရှသော နာကျင်မှုနှင့်အတူ ထူးဆန်းသော ခံစားချက်တစ်ခုသည် သူ၏ တင်ပါးဆီမှ ပျံ့နှံ့လာခဲ့၏။
ဝမ်ပေါင် နောက်လှည့်ကြည့်လိုက်ရာ လုံခြုံရေးဝန်ထမ်းတစ်ဦးက ခွဆူးဖြင့် သူ၏ တင်ပါးကို ထိုးစိုက်ထားသည်ကို မြင်လိုက်ရသည်။
စူးရှသော နာကျင်မှုနှင့် ပြင်းထန်ထူးဆန်းသော ခံစားချက်ကို အံတုရင်း ဝမ်ပေါင်သည် ရှေ့သို့ အတင်းတိုးကာ ပြတင်းပေါက်အပြင်ဘက်ရှိ နှင်းတောထဲသို့ ကျသွားခဲ့၏။
နှင်းတောထဲသို့ လဲကျသွားသော်လည်း ဝမ်ပေါင်သည် တင်ပါးမှ နာကျင်မှုကို ဂရုမစိုက်နိုင်တော့ဘဲ ဖနောင့်နှင့် တင်ပါး တစ်သားတည်းကျအောင် သူ့အိမ်အရောက်ပြေးတော့သည်။
ကံကောင်းထောက်မစွာဖြင့် ရာသီဥတုကြောင့် ကုန်တိုက်၏လုံခြုံရေးဝန်ထမ်းများသည် အပြင်သို့ လိုက်မလာခဲ့ကြပေ။ သို့မဟုတ်ပါက ဝမ်ပေါင်သည် သေချာပေါက် အဖမ်းခံရမည် ဖြစ်၏။
ဝမ်ပေါင်သည် အိမ်တံခါးဝသို့ ဝင်သည်နှင့် ကြမ်းပြင်ပေါ်သို့ လဲပြိုသွားခဲ့သည်။ကြမ်းပြင်ပေါ်တွင် အမောဖြေပြီးနောက် ဝမ်ပေါင်သည် ဖြည်းညှင်းစွာ ထထိုင်လိုက်၏။ သူ၏ တင်ပါးမှ နာကျင်မှုသည် သည်းခံနိုင်စွမ်းထက် ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။
ဝမ်ပေါင်သည် ဘောင်းဘီကို ချွတ်ကာ မှန်ထဲတွင် ကြည့်ရှုရင်း ကျယ်လောင်စွာ ဆဲရေးမိတော့၏။
ထိုလုံခြုံရေးဝန်ထမ်းများသည် လွန်စွာ ရက်စက်လှသည်။ ဝမ်ပေါင်၏ တင်ပါးသည် ယခုအခါ သွေးချင်းချင်းနီလျက် အလွန်နာကျင် နေ၏။သွေးများစီးကျနေသည်ကို မြင်ရသဖြင့် ဝမ်ပေါင်သည် အချိန်အတော်ကြာ မည်သို့လုပ်ရမည်ကို မသိ ဖြစ်နေခဲ့သည်။
သူသည် သွေးတိတ်အောင် အရင်လုပ်ရမည် ဖြစ်သော်လည်း အိမ်တွင် ထိုသို့သော ပစ္စည်းများ မရှိပေ။
ထိုအချိန်တွင်ဝမ်ပေါင်၏ ခေါင်းထဲတွင်အကြံတစ်ချက် ပေါ်လာပြီးဟင်းလင်းပြင်ထဲမှ အမျိုးသမီးလစဉ်သုံး ပစ္စည်းအချို့ကို ထုတ်ယူကာ သူ၏ တင်ပါးနှင့် ပေါင်ကြားတွင်ကပ်လိုက်ပြီးနောက် ကလေးသေးခံဘောင်းဘီတစ်ထည်ကို ဆွဲစွပ်လိုက်ရာပတ်တီးစည်းထားသလိုဖြစ်သွား၏။
ထို့နောက်ဝမ်ပေါင်သည် ဟင်းလင်းပြင်ထဲမှအမျိုးသမီးလစဉ်သုံး ပစ္စည်းအချို့ကို ထပ်မံ ထုတ်ယူကာ တင်ပါးပေါ်တွင်ကပ်လိုက်ပြီး ကလေးသေးခံဘောင်းဘီကို ထပ်မံ ဝတ်ဆင်လိုက်သည်။
အားလုံးပြီးစီးသွားချိန်တွင်ဝမ်ပေါင်သည် ထိုင်ရန် ကြိုးစားသော်လည်း တင်ပါးက နာကျင်လာသောကြောင့်ထိုင်၍မရသည်ကိုသိလိုက်ရ၏။
ထို့ကြောင့် သူသည် စိတ်ငြိမ်စေရန် ရေနွေးတစ်ခွက် ငှဲ့ သောက်လိုက်ပြီး
ကြမ်းပြင်ပေါ်တွင် မှောက်လျက် လှဲနေခဲ့သည်။ ယခုအခါ ဝမ်ပေါင်၏ အိမ်ကြမ်းပြင်နှင့် နံရံများသည် သူ ကပ်ထားသော အမျိုးသမီးလစဉ်သုံး ပစ္စည်းများဖြင့် ပြည့်နှက်နေသဖြင့် နူးညံ့အိစက်ကာနွေးထွေးနေ၏။
ဝမ်ပေါင်သည်ကြမ်းပြင်ပေါ်တွင် လှဲလျက် သူဒုက္ခခံကာရရှိလာခဲ့သော ရလဒ်များကို ကြည့်ရှုရန်သူ၏ဟင်းလင်းပြင်ကိုစစ်ဆေးလိုက်သည်။
ခေါက်ဆွဲခြောက်များဝက်အူချောင်းများ၊သောက်ရေသန့်များလား၊အိတ်သွပ်မုန့်များလား၊ငါးသလောက်ခြောက်များလား၊သကြားလုံးများအများအပြားကိုတွေ့လိုက်ရ၏။
ဝမ်ပေါင်သည် ရူးသွပ်မတတ် ဖြစ်သွားခဲ့၏။ သူ ဒုက္ခများစွာခံခဲ့ရသော်လည်းရှိပြီးသားပစ္စည်းများကိုသာ ထပ်မံ ရရှိခဲ့သည်။သူ၏ကံကြမ္မာကအလွန်ပင်ဆိးရွားလှ၏။ခေါက်ဆွဲခြောက်၊ ဝက်အူချောင်းများနှင့်သာ ရေစက်ပါနေခြင်းဖြစ်သည်။
ဝမ်ပေါင်သည် မိမိဘာသာအလွန် သနားစရာကောင်းသည့်သူဟု တွေးမိ၏။
အချိန်အတော်ကြာမှ ဝမ်ပေါင်သည်စိတ်တည်ငြိမ်သွားခဲ့ သော်လည်းသူ၏ အမူအရာသည် အထီးကျန်ကာ စိတ်ပျက်အားလျော့နေခဲ့သည်။
သူကဲ့သို့ ပြန်လည်မွေးဖွားလာသူတစ်ဦးသည် ဘာလို့ဒီလိုကံဆိုးရတာလဲ။
ကြိုတင်သိမြင်နိုင်စွမ်း ရှိသည့်တိုင်အောင် သူသည် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိခဲ့ရ၏။
ဝမ်ပေါင်သည်အချိန်အတော်ကြာ ငေးငိုင်စွာ လှဲ လျောင်းနေခဲ့ပြီးမှ အားတင်း၍ မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ပြတ်သားမှု အရိပ်အယောင်များ ပြန်လည် ပေါ်ပေါက်လာခဲ့၏။
သူရရှိလာသောအရာများမှာ အစားအစာ ဖြစ်ကာ အရေအတွက်လည်း မနည်းပေ။ ထို့အပြင် ယခုတစ်ကြိမ်တွင် ငါးသလောက်ခြောက်များနှင့် သကြားလုံးများ ပါဝင်သဖြင့် မဆိုးလှဟု ဆိုရမည်။
အပူချိန်အလွန်အမင်းကျဆင်း၍တစ်လကြာပြီးချိန်တွင်လူတိုင်း အစားအစာ ပြတ်လပ်သွားချိန်၌သူ့လက်ထဲရှိအရာများသည် အလွန်တန်ဖိုးရှိလာလိမ့်မည်။ ဝမ်ပေါင်သည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာပြီး သူသည် နောက်ဆုံးတွင် သူ၏ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် ဖြစ်၏။
ဝမ်ပေါင်သည်စိတ်အေးသွားချိန်တွင် မိမိကိုယ်ကိုယုံကြည်မှုများ ပြန်လည် ရရှိလာခဲ့သည်။
စောစော နိုးလာသောရှောင်ဖန်းသည် အိပ်မောကျနေဆဲ ဖြစ်သော ယွမ်ချင်းမေ၏ သူ့အပေါ် တင်ထားသည့် ခြေကို ဖြည်းညှင်းစွာ ဖယ်ရှားလိုက်၏။
ထို့နောက်ကုတင်ပေါ်မှ ဆင်းခဲ့ကာကိုယ်လက်သန့်စင်ပြီးနောက် ပုံမှန်အတိုင်း ဆိုင်းအင် လုပ်လိုက်၏။
(၃ မှတ် ရရှိသည်)
သူ၏ ယခင် စုစုပေါင်းမှတ်များနှင့် ပေါင်းလိုက်သောအခါ ရှောင်ဖန်းတွင် ယခုအခါ ၁၂ မှတ် ရှိသွားပြီ ဖြစ်၏။
ရှောင်ဖန်းသည် သူ၏ အချက်အလက်များကို အရင် စစ်ဆေးလိုက်ပြီးနောက် သွက်လက်မှုတွင် ၅ မှတ်ထည့်သွင်းလိုက်သည်။
ထို့နောက် သူသည် အသက်စွမ်းအားတွင် နောက်ထပ် ၅ မှတ် ထပ်မံ ထည့်သွင်းလိုက်၏။
ထိုသို့ ပြုလုပ်ခြင်းကြောင့် ရှောင်ဖန်း၏ အချက်အလက်များသည် အောက်ပါအတိုင်း ဖြစ်လာခဲ့သည်။
[ပိုင်ရှင်: ရှောင်ဖန်း၊ ကျား/မ: ကျား၊ အသက်: ၇၂ (သက်တမ်း: ၁၅ နှစ်)]
[ဘက်စုံ စွမ်းအား: အဆင့် E-]
[ခွန်အား: ၁၅ မှတ်]
[သွက်လက်မှု: ၁၅ မှတ်]
[ခန္ဓာကိုယ် တည်ဆောက်ပုံ: ၁၅ မှတ်]
[စိတ်စွမ်းအား: ၁၀ မှတ်]
[အသက်စွမ်းအား: ၁၅ မှတ်]
[မှတ်ချက်။ အသက်စွမ်းအားမှလွဲ၍ ၁၀ မှတ်သည် သာမန် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အခြေခံ စံနှုန်း အချက်အလက် ဖြစ်သည်]
[စွမ်းရည်: မရှိပါ]
[အမှတ်: ၂ မှတ်]
အမှတ်များ ခွဲဝေပြီးနောက် ရှောင်ဖန်းသည် မှန်ကြည့်ရန် ရေချိုးခန်းသို့ ပြေးသွားခဲ့၏။
ယခုအချိန်တွင် ရှောင်ဖန်းသည်အဖိုးအိုတစ်ဦး၏ပုံစံမျိုးမဟုတ်တော့ဘဲ ကြွက်သားများသည် ပြည့်ဖြိုးလျက် ထင်ရှားနေပြီး စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
သူ၏ မျက်နှာသည် အသက် ၅၀ ကျော် အရွယ်ကဲ့သို့ ရှိနေဆဲ ဖြစ်သော်လည်း အသက်အရွယ်ကြောင့် ဖြစ်သော အရေးအကြောင်းများသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
၎င်းသည် ရှောင်ဖန်းကို အလွန် ကြည်နူးသွားစေသည်။ နဂိုက အဘိုးအိုတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာခြင်းက သူ့ကို အလွန် စိတ်ပျက်စေခဲ့သော်လည်း ယခုအခါ သူသည် ငယ်ရွယ်နုပျိုမှုကို တဖြည်းဖြည်း ပြန်လည် ရရှိလာပြီ ဖြစ်ရာ သူ၏ပျော်ရွှင်မှုမှာဆိုဖွယ်ရာပင်မရှိပေ။
ရှောင်ဖန်းသည် မှန်ရှေ့တွင် မိမိကိုယ်မိမိ ကြည့်ကာ သဘောကျနေစဉ်မှာပင်
ယွမ်ချင်းမေသည် ဖုန်းကို ကိုင်ဆောင်လျက် သမ်းဝေရင်း ဝင်ရောက်လာခဲ့၏။
သူမသည် ရှောင်ဖန်းကို အထက်အောက်အစုန်အဆန် ကြည့်ရှုပြီးနောက် လက်မထောင်ပြလိုက်သည်။
"ရှင့် ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းမှန်း ကျွန်မ သိပါတယ်၊ ကိုယ့်ကိုယ်ကိုယ် သဘောကျနေတာကို ရပ်ပြီး ဒါကို ကြည့်လိုက်ဦး"
ရှောင်ဖန်းသည် ဖုန်းကို ယူကာ ကြည့်လိုက်ရာ အိမ်ပိုင်ရှင်များအဖွဲ့မှ မက်ဆေ့ခ်ျတစ်ခုကို မြင်လိုက်ရ၏။
နေထိုင်သူများသည် အိမါရာဝင်းအနီးရှိ ကုန်တိုက်တွင် ခိုးယူမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းများကို ဖြန့်ဝေနေကြခြင်း ဖြစ်သည်။
*********
`