← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃ ရိက္ခာများစုဆောင်းခြင်း

ရှောင်ဖန်းသည်ထိုသတင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းများကို အနည်းငယ် ကျဉ်းမြောင်းသွား၏။

သို့သော်မကြာမီမှာပင် အိမ်ပိုင်ရှင်များအဖွဲ့ထဲ၌ မက်ဆေ့ခ်ျအသစ်တစ်ခု ထပ်မံ ပေါ်လာခဲ့သည်။

သူခိုးသည် ကုန်တိုက်ရှိ ကုန်လှောင်ရုံထဲမှ ခေါက်ဆွဲခြောက်များ၊ ဝက်အူချောင်းများနှင့် အလားတူ ပစ္စည်းအမြောက်အမြားကို ခိုးယူသွားကြောင်း သတင်းပို့ထားခြင်း ဖြစ်၏။

၎င်းကို မြင်ရသောအခါ ရှောင်ဖန်းသည် အနည်းငယ်အံ့သြသွား၏။ ဝမ်ပေါင်သည် ထိုပစ္စည်းများကိုသာ ခိုးယူခဲ့ရလောက်အောင် အမှန်ပင် သနားစရာဖြစ်‌နေပြီလား။

ရှောင်ဖန်းသာ ထိာပစ္စည်းများသည် ဝမ်ပေါင်၏ တင်ပါးကို ရင်းနှီးပြီးမှ ရရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိပါက သူသည် သေချာပေါက် ဝမ်းမြောက်ဝမ်းသာဖြစ်မိ ပေလိမ့်မည်။

ယခုအချိန်တွင် ရှောင်ဖန်းသည် ဝမ်ပေါင်က ပစ္စည်းအားလုံးကို မယူနိုင်ခဲ့သည့်အတွက်အကြောင်းတစ်ခုခုနှင့် ကြုံတွေ့ခဲ့ရသည်မှာ သေချာသည်ဟု တွေးလိုက်မိ၏။

ထိုသို့ဆိုလျှင် ဝမ်ပေါင်သည် ကုန်တိုက် ကုန်လှောင်ရုံထဲရှိ ပစ္စည်းများကို ဆက်လက် မျက်စိကျနေဦးမည် ဖြစ်၏။

ထိုအတွေးနှင့်အတူ ရှောင်ဖန်းသည် ဖုန်းကို ယွမ်ချင်းမေထံသို့ ပြန်ပေးလိုက်သည်။

ထို့နောက် သူသည် ရေချိုးခန်းထဲမှ ထွက်လာပြီး ဖုန်းကို ကောက်ကိုင်လိုက်ပြီးအိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ မက်ဆေ့ခ်ျတစ်ခု ပို့လိုက်သည်။

"ကုန်တိုက်ကြီး ခိုးယူခံရတာဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဒီစုတ်ပြတ်သတ်နေတဲ့ ရာသီဥတုက ပြန်ကောင်းလာမယ်လို့ ငါ မထင်ဘူး။ ငါကတော့ ခဏနေရင် အပြင်ထွက်ပြီး ရိက္ခာတချို့ကို ထပ်ပြီး လုဝယ်ထားတော့မယ်"

"ဒါမှမဟုတ်ရင် ဘယ်သူက ခေါက်ဆွဲခြောက်နဲ့ ဝက်အူချောင်းတွေကို မျက်စိကျနေပါ့မလဲ"

မက်ဆေ့ခ်ျ ပို့ပြီးသည်နှင့် အဖွဲ့ထဲရှိ အိမ်ပိုင်ရှင်များသည် တစ်ယောက်တစ်ပေါက်စတင် ဆွေးနွေးကြတော့၏။

"ဦးလေးရှောင် ပြောတာ မှန်တယ်။ ငါတို့ မဟာရှားရဲ့ ပညာရှင်တွေ ပြောတာ တစ်ခါမှ မမှန်ဖူးဘူး။ ဒီစုတ်ပြတ်သတ်နေတဲ့ ရာသီဥတုက အတော်ကြာအောင် ရှိနေဦးမယ်လို့ ငါ ခံစားရတယ်။ ငါလည်း အခုပဲ အပြင်ထွက်ပြီး ရိက္ခာတချို့ သွားဝယ်ဦးမယ်"

"မှန်တယ်၊ မှန်တယ်၊ မှန်တယ်။ ငါတို့ရဲ့ ပညာရှင်‌ဆိုသူတွေကယုံကြည်စိတ်ချရတဲ့ စကားတစ်ခွန်းမှ မပြောဘူး။ ငါလည်း အခုပဲ အပြင်ထွက်ပြီး ထပ်ဝယ်ထားတော့မယ်"

မကြာမီ အိမ်ပိုင်ရှင်များအဖွဲ့ထဲရှိ လူများစွာသည် ၎င်းထင်မြင်ချက်များကို ထောက်ခံလာကြ၏။သဘောတူသူများ ရှိသကဲ့သို့ ကန့်ကွက်သူများလည်း ရှိနေသည်။

ပထမဆုံး ကန့်ကွက်လာသူမှာ ဝမ်ပေါင် ဖြစ်၏။၎င်းသည် သူ ပြုလုပ်ရန် စီစဉ်ထားသော အရာ ဖြစ်နေသောကြောင့် ဖြစ်သည်။ သူသည် အပြင်သို့ လုံးဝ ထွက်၍မရတော့သည့် အချိန်အထိ စောင့်ဆိုင်းပြီးနောက် ကုန်တိုက်သို့ နောက်တစ်ကြိမ် သွားရောက်ကာ ပစ္စည်းအားလုံးကို သိမ်းကျုံးယူရန်ကြံနေခြင်း ဖြစ်၏။

"အဘိုးကြီးရှောင် လူတွေကို လမ်းမှားရောက်အောင် ကောလာဟလတွေ ဖြန့်နေတာကို ရပ်လိုက်စမ်း။ မင်းက ကုန်စုံတိုက်မှာ လုယက်ဝယ်ယူမှုတွေ ဖြစ်အောင် လုပ်ပြီး ပုံမှန်ဘဝကို ပျက်ပြားစေနေတာ။ အဲဒီအတွက် မင်း တာဝန်ယူနိုင်လား"

"ရာသီဥတု ပြန်ကောင်းသွားတာနဲ့ ရဲတွေက မင်းကို သေချာပေါက် အရေးယူလိမ့်မယ်။ အခု လုဝယ်တဲ့သူတွေလည်း နောင်ခါမှာ တာဝန်ရှိလာလိမ့်မယ်"

"မှန်တာပေါ့။ ဒီအဘိုးကြီးရှောင်က လူကောင်း မဟုတ်ဘူး။ သူ အိမ်ပိုင်ရှင်တစ်ယောက်ကို ရိုက်လို့ အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့က အလုပ်ဖြုတ်လိုက်တာလို့ ငါ ကြားတယ်။ ဒီလိုလူမျိုးက စိတ်ပုပ်ပြီး ကမ္ဘာကြီး ပျက်စီးတာကိုပဲ ကြည့်ချင်နေတာ"

ဝမ်ပေါင်က ထိုသို့ ပြောလိုက်သည်နှင့် အဖွဲ့ထဲရှိ အချို့လူများသည် သူ၏ စကားကို ထောက်ခံလာကြ၏။

ရှောင်ဖန်းသည် အဖွဲ့ထဲရှိလူများ၏ ရယ်စရာကောင်းသော မှတ်ချက်များကို ကြည့်ရင်းပြုံးနေရုံသာရှိတော့၏။

မျိုးစေ့တစ်ခုကို စိုက်ပျိုးပြီးလျှင် မြေဆီလွှာ မှန်ကန်ပါက ၎င်းသည် သဘာဝအတိုင်း အပင်ပေါက်လာလိမ့်မည် ဖြစ်၏။အကုန်လုံးမဟုတ်ရင်တောင်မှတစ်ယောက်တစ်လေတော့ရှောင်ဖန်း၏စကားကိုယုံကြည်ကြပေလိမ့်မည်။

မကြာမီမှာပင် ရှောင်ဖန်းသည်မှန်ပြတင်းပေါက်မှ ငုံ့ကြည့်လိုက်ရာ နေထိုင်သူ အများအပြားသည် သည်းထန်သော နှင်းများနှင့် အေးစက်သော လေပြင်းများကို အံတုရင်း ကုန်တိုက်ဆီသို့ အပြေးအလွှား သွားနေကြသည်ကို မြင်လိုက်ရသည်။

ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့သည်လည်း ရှောင်ဖန်းထံသို့ အသီးသီး မက်ဆေ့ခ်ျ ပို့ကာ ရိက္ခာအချို့ သွားဝယ်ရန် လိုအပ်သလား ဟု မေးမြန်းကြ၏။ ရှောင်ဖန်းက သူတို့အား မသွားရန်နှင့် အိမ်၌သာ နေရန် ပြောလိုက်သည်။

တစ်နာရီခန့် ကြာပြီးနောက်အိမ်ပိုင်ရှင်အဖွဲ့ထဲ၌ ကုန်တိုက်နှင့် ပတ်သက်သော သတင်းအသစ်တစ်ခု ပေါ်လာခဲ့၏။

အနီးနားရှိ အခြားအိမ်ရာဝင်းများမှလူများသည် ရှောင်ဖန်းတို့ ရပ်ကွက်မှ လူများ လုယက်ဝယ်ယူနေကြကြောင်း မည်သို့ ဆက်စပ်၍ သိရှိသွားသည်မသိဘဲ သူတို့အားလုံးသည်လည်း ကုန်တိုက်ဆီသို့ စုပြုံရောက်ရှိလာကြသည်။

မကြာမီ ကုန်တိုက်ရှိပစ္စည်းများအားလုံးကိုလူအုပ်ကြီးကသိမ်းကျုံး ဝယ်ယူသွားကြ၏။

သတင်းအချက်အလက်နည်းပညာ ခေတ်ကြီးတွင် နေထိုင်သူများ ရိက္ခာ လုယက်ဝယ်ယူနေကြသည့် သတင်းသည် တာဝူမြို့တစ်ခုလုံးနှင့် မဟာရှနိုင်ငံတစ်ခုလုံးဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ရိက္ခာ လုယက်ဝယ်ယူမှု လှိုင်းလုံးကြီးများသည် တာဝူမြို့နှင့် မဟာရှနိုင်ငံတစ်ခုလုံးတွင် နေရာအနှံ့ ပေါ်ပေါက်လာခဲ့၏။

အဆန်းပြားဆုံးမှာထိုအခြေအနေနှင့် ရင်ဆိုင်ရသည့်တိုင်အောင် အာဏာပိုင်များသည် လူထုရှေ့သို့ထွက်ပေါ်၍ စကားတစ်ခွန်းမျှ မပြောကြားခြင်း ဖြစ်သည်။

၎င်းအချက်က ပါးနပ်သောလူအများကို သံသယဝင်စေခဲ့သော်လည်း ထိုအချိန်တွင်နောက်ကျသွားခဲ့ပြီ ဖြစ်၏။

ရိက္ခာ ဝယ်ယူနိုင်သော နေရာတိုင်းနီးပါးတွင် ပစ္စည်းများ လုံးဝ ပြတ်လပ်သွားခဲ့ပြီဖြစ်သည်။

အချိန်သည် နံနက်စောစောသို့ ရောက်ရှိလာပြီး အပူချိန်သည် ပြင်းထန်စွာ ကျဆင်းလာခဲ့၏။

နဂိုက အနှုတ် ၁၀ ဒီဂရီ ရှိသော အပူချိန်သည် နာရီဝက်မပြည့်မီ အချိန်အတွင်း အနှုတ် ၃၀ ဒီဂရီအထိ ထိုးဆင်းသွားခဲ့သည်။

၎င်းက ရိက္ခာအမြောက်အမြား ဝယ်ယူထားနိုင်ခဲ့သောသူများကို ကံကောင်းသည်ဟု ခံစားရစေပြီးဘာမျှ မဝယ်ယူနိုင်ခဲ့သူများကိုစိုးရိမ်ပူပန်မှုများ စတင် ဖြစ်ပေါ်စေခဲ့၏။

သုံးရက် ကုန်လွန်သွားခဲ့ပြီး အပြင်ဘက် အပူချိန်သည် အနှုတ် ၃၇ကျော် ၃၈ ဒီဂရီအထိ ရောက်ရှိသွားကာ အနှုတ် ၄၀ သို့ နီးကပ်လာခဲ့ပြီ ဖြစ်သည်။

မြေပြင်ပေါ်ရှိ နှင်းများသည် လူကြီးတစ်ယောက်ကို လုံးဝ မြုပ်နိုင်လောက်အောင် ထူထဲနေသဖြင့် သွားလာရေးအဆင်မပြေတော့ပေ။

အာဏာပိုင်များက ရုပ်မြင်သံကြားနှင့် ရေဒီယိုများမှတစ်ဆင့် ၎င်းသည် ယာယီသာ ဖြစ်ပြီး ရာသီဥတု မကြာမီ ပြန်လည် ကောင်းမွန်လာမည်ဟု ဆက်တိုက် ကြေညာနေသော်လည်း

အချို့သောသူများသည် ၎င်းကို မယုံကြည်ကြတော့ပေ။

အမျှော်အမြင် ရှိသူများသည် မိမိတို့၏ နေ့စဉ် ရိက္ခာစားသုံးမှုကို စတင် စီစဉ်နေကြပြီ ဖြစ်ကာ အနည်းဆုံး ပမာဏသာ စားသုံးရန် တင်းကြပ်စွာ ကန့်သတ်လိုက်ကြ၏။

ထို့သို့ ပြုလုပ်ခြင်းဖြင့်သာ သူတို့သည် ပိုမိုကြာရှည်စွာ အသက်ရှင်သန်နိုင်မည် ဖြစ်ပြီး ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည် ဖြစ်သည်။

ထိုသို့အမျှော်အမြင် ရှိသူများ ရှိသကဲ့သို့ လူမိုက်များလည်း ရှိနေ၏။ထိုသူများသည် ပြဿနာ၏ ကြီးလေးမှုကို လုံးဝ သတိမပြုမိကြချေ။

သူတို့သည် အိမ်ရှိ ရိက္ခာများအတွက် မည်သည့် အစီအစဉ်မျှ မရှိဘဲ ပုံမှန်အတိုင်း ဆက်လက် စားသောက်နေကြသဖြင့် ထိုလူများအတွက် ရိက္ခာသည် အလွန် လျင်မြန်စွာ ပြတ်လပ်သွားခဲ့ကြသည်။

သို့သော်လည်း၎င်းသည် ရှောင်ဖန်းနှင့် ဝမ်ပေါင်တို့အတွက်မူ ပြဿနာ မဟုတ်ပေ။

ရှောင်ဖန်းကြောင့် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့သည်လည်း ရိက္ခာအတွက် စိုးရိမ်ရန် မလိုချေ။

ဝမ်ပေါင်အတွက်မူ သူသည် အစားအသောက် မပြတ်လပ်သော်လည်း စားသောက်ရသော အရာများသည် အလွန် မကောင်းမွန်လှပေ။

"ဦးလေးရှောင် ကြည့်လိုက်ဦး၊ အဆောက်အအုံ ၃ က ဝမ်ကွေ့ရဲ့ မိသားစုက အဖွဲ့ထဲမှာ ရိက္ခာဝယ်ဖို့ တောင်းဆိုနေတယ်"

ယွမ်ချင်းမေသည် ဖုန်းမှတစ်ဆင့်အိမ်ပိုင်ရှင်အဖွဲ့၏ မက်ဆေ့ခ်ျများကို ကြည့်ရင်း အမဲသားပြားအချို့ကို ဟော့ပေါ့အိုးထဲသို့ ထည့်လိုက်သည်။

"ဒါက ပုံမှန်ပါပဲ။ ရက်အတော်ကြာသွားပြီဆိုတော့ ရိက္ခာ ပြတ်လပ်တဲ့သူ ရှိလာတာ မဆန်းပါဘူး"

ထိုသို့ ပြောပြီးနောက် ရှောင်ဖန်းသည် စားပွဲပေါ်မှ အအေးခံထားသော ဘီယာတစ်ဘူးကို ကောက်ကိုင်ကာ တစ်ကျိုက်တည်းဖြင့် ကုန်အောင် သောက်လိုက်၏။

လန်းဆန်းသည့်ခံစားချက် ဖြစ်၏။

အပြင်ဘက်တွင် အေးခဲနေအောင် ချမ်းစိမ့်လှသော်လည်း အိမ်တွင်မူ အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားသော အလှပဂေးလေးနှင့်အတူ ဟော့ပေါ့ စားသောက်နေရခြင်းသည် အမှန်ပင် အလွန် ကောင်းမွန်လှ၏။

ဖုန်းကို ခေတ္တ ကြည့်ရှုပြီးနောက် ယွမ်ချင်းမေသည် မတ်တတ်ရပ်ကာ ရှောင်ဖန်းထံသို့ လျှောက်လှမ်းလာပြီး သူ၏ လည်ပင်းကို ဖက်လျက် တိုးတိုးလေး ပြောလိုက်သည်။

"ဦးလေးရှောင် ကံကောင်းလို့ ရှင် ရှိနေတာ။ ဒါမှမဟုတ်ရင် အခုအချိန်မှာ ကျွန်မ ဘယ်လောက် သနားစရာကောင်းနေမလဲ ဆိုတာ မတွေးရဲစရာပဲ"

ရှောင်ဖန်းသည် ယွမ်ချင်းမေကို အပြုံးဖြင့် တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးမိ၏။

၎င်းသည် အစပျိုးခြင်းသာ ရှိသေးသည်၊ နောင်ခါတွင် ပိုမို သနားစရာကောင်းသော အခြေအနေများ ဖြစ်ပေါ်လာလိမ့်မည်။

ယွမ်ချင်းမေနှင့် သူသည်ကမ္ဘာပျက်ကပ် ရောက်ရှိလာချိန်မှစ၍နေ့ရောညပါ အမြဲတမ်း အတူတူ ရှိနေခဲ့ကြသည်။

ရှောင်ဖန်းသည် ယွမ်ချင်းမေ၏လိမ္မာပါးနပ်မှုကို တွေ့ရှိခဲ့ရ၏။ သူ၏ ပြောင်းလဲမှုများကိုတွေ့ ရှိသည့်တိုင်အောင် သူမသည် မေးခွန်းများစွာ မမေးမြန်းပေ။

ထို့ကြောင့် ရှောင်ဖန်းသည် ယွမ်ချင်းမေအား သူ၏ ပြောင်းလဲမှုများနှင့် အခြား အရာအားလုံးအပေါ် စူးစမ်းလိုစိတ် မရှိဘူးလား ဟု စူးစမ်းလိုစိတ်ဖြင့် မေးမြန်းခဲ့ဖူးသည်။ယွမ်ချင်းမေ၏ အဖြေက သူ့ကို အလွန် ကျေနပ်သွားစေခဲ့၏။

သူမ ရိုးရှင်းစွာ ပြောခဲ့သည်က ရှောင်ဖန်းသည် မည်သို့သော အခြေအနေမျိုး ဖြစ်ပါစေ၊ သူမကို စွန့်ပစ်မသွားသရွေ့ သူမသည် ကျေနပ်ပါသည်။ ရှောင်ဖန်းတွင် မလျှို့ဝှက်ချက်များ ရှိနေသည်မှာ သဘာဝကျပြီး သူ ပြောပြချင်သည့် အချိန်တွင် ပြောပြနိုင်ကာ မပြောပြချင်လည်း ရပါသည် ဟု ဆိုသည်။

ရှောင်ဖန်းသည် ၎င်းက သူမ၏ နှစ်သက်မှု သက်ရောက်မှုကြောင့်လား ၊ယွမ်ချင်းမေ၏ ပင်ကိုယ်စရိုက်ကြောင့်လား ဆိုသည်ကို မသိသော်လည်း ၎င်းကို သဘောကျ၏။ထိုအမျိုးသမီးသည် လိမ္မာပြီး အလိုက်သိတတ်သဖြင့် ကမ္ဘာပျက်ကပ်အတွင်း သူ့အတွက်အလွန် ကောင်းမွန်သော လက်တွဲဖော် ဖြစ်သည်။

စားသောက်ပြီးနောက် နှစ်ဦးသားအတူတူ လှဲလျက် ထိတ်လန့်စရာ ရုပ်ရှင်တစ်ကားကို ကြည့်ရှုကြရာ ယွမ်ချင်းမေသည် အလွန် ကြောက်ရွံ့သည့်ပုံဖြင့်ရှောင်ဖန်း၏ ရင်ခွင်ထဲသို့တိုးဝင်ဖက်တွယ်နေခဲ့၏။

ထို့နောက်တွင်မူ သူတို့သည်အချင်းချင်းထိတွေ့ပွတ်သပ်ရင်း စိတ်ပါလာကြပြီးမပြီးဆုံးနိုင်သောအချစ်ခရီးလမ်းတစ်ခုကို‌မ‌မောနိုင်မ‌ပန်းနိုင်အတူတူ‌‌ လျှောက်ခဲ့ကြ‌ တော့၏။

*********

``

All Chapters