← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄ သတ်ဖြတ်လိုစိတ် ရုတ်တရက် ပေါ်ပေါက်လာခြင်း

နောက်တစ်နေ့ မနက်နိုးလာချိန်တွင်

ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ အချက်အလက်ပြကွက်ကို ချက်ချင်း ဖွင့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ယမန်နေ့ညက သူတို့၏ အပြန်အလှန် ဖလှယ်မှု ဖြစ်စဉ်အတွင်း ရှောင်ဖန်းသည် စနစ်၏ အသိပေးချက်တစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။

ယွမ်ချင်းမေ၏ နှစ်သက်မှုသည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ အချက်အလက်များကို အရင် စစ်ဆေးလိုက်သည်။

[ယွမ်ချင်းမေ၊ ကျား/မ: မ၊ အသက်: ၂၅ နှစ် (သက်တမ်း: ၅၀နှစ်)]

[ဘက်စုံ စွမ်းအား: အဆင့် E]

[ခွန်အား: ၈ မှတ် (၁ ရာခိုင်နှုန်း)]

[သွက်လက်မှု: ၉ မှတ် (၂ ရာခိုင်နှုန်း)]

[ခန္ဓာကိုယ် တည်ဆောက်ပုံ: ၁၀ မှတ် (၁ ရာခိုင်နှုန်း)]

[စိတ်ဝိညာဉ်: ၁၀ မှတ် (၁ ရာခိုင်နှုန်း)]

[အသက်စွမ်းအား: ၅၀ မှတ် (၂ ရာခိုင်နှုန်း)]

[နှစ်သက်မှု: ၁၀၀ ရာခိုင်နှုန်း]

[အမျိုးအစား: မရှိပါ]

ယွမ်ချင်းမေ၏ ပင်ကိုယ် အချက်အလက်များသည် ဖော်ပြထားပြီး ဖြစ်ကာ မဆိုးလှဟု ဆိုရမည်။

သို့သော်လည်း အချက်အလက်တစ်ခုချင်းစီ၏ နောက်ကွယ်တွင် ရာခိုင်နှုန်းတစ်ခု ပေါ်နေသဖြင့် ၎င်းက ရှောင်ဖန်းကို စူးစမ်းလိုစိတ် ဖြစ်ပေါ်စေခဲ့၏။

"စနစ် ယွမ်ချင်းမေရဲ့ အချက်အလက်တွေ နောက်က ရာခိုင်နှုန်းတွေက ဘာကို ဆိုလိုတာလဲ"

[ပိုင်ရှင်သည် အလှပဂေးတစ်ဦးနှင့် အပြန်အလှန် ဖလှယ်မှု ပြုလုပ်သည့် အကြိမ်တိုင်းတွင် သက်ဆိုင်ရာ ရာခိုင်နှုန်းများ တိုးမြင့်လာမည် ဖြစ်သည်၊ အချို့သော အချက်အလက်တစ်ခု၏ ရာခိုင်နှုန်းသည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသောအခါ ထိုအချက်အလက်သည် တစ်မှတ် တိုးလာလိမ့်မည်]

၎င်းကို ကြားရသောအခါ ရှောင်ဖန်းသည် သက်ပြင်းချလိုက်၏။

စနစ်၏ စကားအရဆိုလျှင် သူသည် နေ့စဉ်နေ့တိုင်း လယ်ကွင်းကို မနားတမ်း ထွန်ယက်နေရသည့် နွားတစ်ကောင် ဖြစ်လာတော့မည် ဖြစ်၏။

ထွန်လွန်း၍ ပျက်စီးသွားသော လယ်ကွင်းဟူ၍ မရှိဘဲ ပင်ပန်းနွမ်းနယ်၍ သေဆုံးသွားသော နွားသာ ရှိသည်။

နောင်ခါတွင် အလှပဂေးများ ပိုမို များပြားလာပါက ကြိုးစားအားထုတ်သော နွားအိုကြီးသည် တောင့်ခံနိုင်ပါ့မလားဟု သူတွေးတောမိ၏။

ထိုအကြောင်းကို တွေးမိသောအခါ ရှောင်ဖန်းသည် မိမိ၏ နောင်ရေး ဒုက္ခများအတွက် ခေတ္တမျှ ဝမ်းနည်းသွားသော်လည်း ကျယ်လောင်စွာ ရယ်မောမိတော့သည်။

အလွန်ကောင်းသောအချက်ဖြစ်သည်။

အလှပဂေးများကို ပျိုးထောင်သည့် နည်းလမ်းသည် ရှောင်ဖန်း အတိအကျ လိုအပ်နေသော အရာ ဖြစ်သည်။

ရှောင်ဖန်း၏ ရယ်မောသံက ကျယ်လောင်လွန်းသောကြောင့်ယမန်‌နေ့ညကပင်ပန်းထား၍အိပ်မောကျနေသော ယွမ်ချင်းမေပင် နိုးလာ‌ခဲ့၏။

ယွမ်ချင်းမေသည် အိပ်ချင်မူးတူး ထထိုင်ကာမျက်ဝန်းများကို ပွတ်သပ်ရင်း မေးမြန်းလိုက်သည်။

"ဦးလေးရှောင် ဘာတွေ အဲဒီလောက်တောင် သဘောကျနေတာလဲ"

နိုးခါစ ဖြစ်သော ယွမ်ချင်းမေကို ကြည့်ရင်း ရှောင်ဖန်းသည် ချက်ချင်းပင် စမ်းသပ်ကြည့်လိုစိတ် ပြင်းထန်လာခဲ့၏။

ထို့နောက် ရှောင်ဖန်းသည် ယွမ်ချင်းမေထံသို့ တိုးကပ်သွားခဲ့ကာသူမအားပွတ်သပ်‌‌နိုးဆွပြီးဆွဲ‌ဆောင်လိုက်ပြန်၏။

ယွမ်ချင်းမေမှာမငြင်းဆန်နိုင်ဘဲနူးညံ့မှုနှင့်ကြမ်းတမ်းမှုများအကြား‌ရှောင်ဖန်း၏ဦးဆောင်မှုဖြင့်အလူးလူးအလိမ့်လိမ့်ဖြင့်ကျ‌ရောက်သွားပြန်သည်။

တစ်နာရီ‌လောက် စိတ်ရှိလက်ရှိဆင်နွှဲပြီးနောက်တွင်ရှောင်ဖန်းသည်‌ ကျေနပ်အားရသောမျက်နှာဖြင့် ကုတင်ပေါ်မှ ဆင်းလာခဲ့၏။

ယွမ်ချင်းမေမှာမူရှောင်ဖန်း၏သောင်းကျန်းမှုကြောင့်မောပန်းနွမ်းလျစွာပြန်လည်၍ အိပ်မောကျသွားခဲ့သည်။

ထို့နောက်ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ အချက်အလက်ပြကွက်ကို ဖွင့်ကာ ကြည့်ရှုလိုက်၏။

[ယွမ်ချင်းမေ၊ ကျား/မ: မ၊ အသက်: ၂၅ နှစ် (သက်တမ်း: ၅၀ နှစ်)]

[ဘက်စုံ စွမ်းအား: အဆင့် E]

[ခွန်အား: ၈ မှတ် (၈ ရာခိုင်နှုန်း)]

[သွက်လက်မှု: ၉ မှတ် (၆ ရာခိုင်နှုန်း)]

[ခန္ဓာကိုယ် တည်ဆောက်ပုံ: ၁၀ မှတ် (၁၀ ရာခိုင်နှုန်း)]

[စိတ်ဝိညာဉ်: ၁၀ မှတ် (၃ ရာခိုင်နှုန်း)]

[အသက်စွမ်းအား: ၅၀ မှတ် (၅ ရာခိုင်နှုန်း)]

[နှစ်သက်မှု: ၁၀၀ ရာခိုင်နှုန်း]

[အမျိုးအစား: မရှိပါ]

တစ်ကြိမ်တည်းသောဆက်ဆံမှုသည် ရသူ စိတ်ကူးထားသည်ထက် ပိုမိုနည်းပါးသော တိုးတက်မှုကိုသာ ပေးစွမ်းနိုင်ပုံရသည်။ သူသည် အကြိမ်ရေကို တိုးမြှင့်ရမည် ဖြစ်၏။

ထိုသို့ ပြုလုပ်မှသာ တိုက်ခိုက်ရေး စွမ်းရည် ရှိသော အစွမ်းထက် အလှပဂေးတစ်ဦးကို အမြန်ဆုံး ပျိုးထောင်နိုင်လိမ့်မည် ဖြစ်သည်။

စားသောက်ဖွယ်ရာ အချို့ကို အလျင်အမြန် ချက်ပြုတ်ပြီးနောက် ရှောင်ဖန်းသည် မိမိ၏ အချက်အလက်ပြကွက်ကို ထပ်မံ ဖွင့်လိုက်၏။

ယွမ်ချင်းမေ၏ နှစ်သက်မှုသည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီးနောက် သူမသည် ရှောင်ဖန်းအပေါ် လုံးဝ သစ္စာရှိသွားရုံသာမက သူမ ပေးစွမ်းသော ဆိုင်းအင်မှတ်များသည်လည်း ၂ မှတ်အထိ တိုးတက်လာခဲ့သည်။

ဤသို့ဖြင့် ရှောင်ဖန်း၏ နေ့စဉ် ဆိုင်းအင်မှတ်သည် ၄ မှတ်အထိ ရောက်ရှိသွား၏။

ရက်အတော်ကြာ ဆိုင်းအင် လုပ်ပြီးနောက် ရှောင်ဖန်းတွင် ယခုအခါ ၁၅ မှတ် ထပ်မံ ရှိနေပြီ ဖြစ်သည်။

ရှောင်ဖန်းသည် မိမိ၏ စိတ်ဝိညာဉ်တွင် ၅ မှတ် တိုက်ရိုက် ထည့်သွင်းလိုက်၏။

ကျန်ရှိသော အမှတ်များထဲမှ ရေတန်ချိန် နှစ်ဆယ်နှင့် လဲလှယ်ရန် အမှတ် ၄ မှတ်ကို အရင်ဆုံး အသုံးပြုလိုက်သည်။အ‌ကြောင်းမှာ သူနှင့် ယွမ်ချင်းမေသည် နေ့တိုင်း ရေချိုးကြသဖြင့် ရေသုံးစွဲမှုက အနည်းငယ် များနေသောကြောင့် ဖြစ်၏။

နောက်ထပ်ရှောင်ဖန်းသည်အစားအစာ မျိုးစုံတစ်တန်နှင့် လဲလှယ်ရန် ၂ မှတ်၊ ကျပန်း နေ့စဉ်သုံး ပစ္စည်း ၅၀၀ ကီလိုဂရမ်နှင့် လဲလှယ်ရန် ၂ မှတ်ကို အသုံးပြုလိုက်သည်။

ယခုတစ်ကြိမ် အစားအစာ အမျိုးအစားများသည် ယခင်အကြိမ်နှင့် ဆင်တူပြီး အဆင့်မြင့် ပါဝင်ပစ္စည်းများနှင့် သာမန် ခေါက်ဆွဲခြောက်များ ပါဝင်သည့်အပြင် အသီးအနှံအချို့လည်း ပါဝင်နေ၏။

နေ့စဉ်သုံး ပစ္စည်းများထဲတွင်မူ အအေးဒဏ်ခံဝတ်စုံ ၅ စုံနှင့် အပူပေးအိတ် အချို့ပါဝင်နေခဲ့သည်။

ရှောင်ဖန်းသည် အအေးဒဏ်ခံဝတ်စုံတစ်စုံကို ထုတ်ယူကြည့်ရှုရာ ၎င်း၏ အရည်အသွေးသည် သူ ငွေငါးသောင်းဖြင့် ဝယ်ယူခဲ့သော ဝတ်စုံထက်ပိုမိုကောင်းမွန်ကြောင်း တွေ့ရ၏။

ပစ္စည်းမှာ ပိုမို နူးညံ့ပေါ့ပါးကာ ဝတ်စုံတစ်ခုချင်းစီတွင် မျက်မှန်နှင့် နှာခေါင်းစည်းများ ပါဝင်သည်။ အရေးကြီးဆုံးမှာ အအေးဒဏ်ခံဝတ်စုံများ၏ ပြင်ပအရောင်သည် နှင်းပွင့်များကဲ့သို့ဖြစ်နေခြင်း ဖြစ်၏။

၎င်းသည် သူ့အတွက်အသုံးတည့်လှသည်။အပြင်ဘက် နှင်းတောထဲတွင်ဝတ်ဆင်ထားပါကအနီးကပ်၍မကြည့်လျှင် သတိပြုမိလိမ့်မည် မဟုတ်ပေ။

အပူပေးအိတ်များက ပို၍ပင် အစွမ်းထက်လှသည်။ စျေးကွက်ထဲတွင် ရောင်းချနေသော မည်သည့် အရာထက်မဆို များစွာ ပိုမို အစွမ်းထက်ပြီး အပူပေးနိုင်စွမ်း သက်တမ်းမှာ ၁၂ နာရီအထိ ရှိ၏။

အအေးဒဏ်ခံဝတ်စုံအသစ်ကို လဲလှယ်ဝတ်ဆင်ပြီးနောက် ရှောင်ဖန်းသည် အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။

ယနေ့တွင် သူသည် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ထံသို့ ပစ္စည်းများ သွားရောက် ပို့ဆောင်ပေးမည် ဖြစ်၏။

ရှောင်ဖန်းသည် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ကို သူ၏ အိမ်သို့ ခေါ်ဆောင်လာရန် မတွေးမိခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း ထပ်မံ တွေးတောကြည့်သောအခါသူတို့သည် ယွမ်ချင်းမေနှင့် မတူညီချေ။ ကမ္ဘာပျက်ကပ် မရောက်မီကပင် ယွမ်ချင်းမေနှင့် ရှောင်ဖန်းတို့သည် အပြန်အလှန် ဖလှယ်မှုများစွာ ရှိခဲ့ပြီး သူတို့၏ ဆက်ဆံရေးက ထူးခြားခဲ့သည်။

စနစ်က ထိုနှစ်ဦးကို အောင်မြင်စွာ သိမ်းပိုက်ပြီးဖြစ်ကြောင်း သတ်မှတ်ထားသော်လည်း ရှောင်ဖန်းသည် အနည်းငယ် ထပ်မံ စောင့်ဆိုင်းသင့်သည်ဟု ခံစားရ၏၊ အဘယ်ကြောင့်ဆိုသော် လူ၏ စိတ်နှလုံးသည် အရှုပ်ထွေးဆုံး အရာ ဖြစ်သောကြောင့် ဖြစ်သည်။

တံခါးကို ဖွင့်လိုက်သည့် အခိုက်အတန့်တွင် အပြင်ဘက်မှ အေးစက်သော လေပြင်းများသည် တိုးဝင်လာခဲ့၏။

ရှောင်ဖန်းသည် မျက်မှန်ကို နှိမ့်ချလိုက်ပြီး နှာခေါင်းစည်းဖြင့် မျက်နှာကို ဖုံးအုပ်ကာ အခန်းထဲမှ ထွက်ခွာခဲ့သည်။

ပထမထပ်သို့ ရောက်သောအခါလှေကားထောင့် ဝင်ပေါက်သည် နှင်းများဖြင့် ပိတ်ဆို့နေပြီး အပေါ်ဆုံးတွင် အပေါက်ငယ်တစ်ခုသာ ကျန်ရှိတော့သည်ကို တွေ့ရ၏။

ရက်အတော်ကြာ သည်းထန်စွာ နှင်းကျပြီးနောက် အပြင်ဘက်ရှိ နှင်းများ၏ ထုထည်သည် အဆောက်အအုံ၏ တစ်ထပ်စာ အမြင့်နီးပါးအထိ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်ဖန်း နေထိုင်သော အိမ်ရာဝင်းအတွင်း၌ အဆောက်အအုံတစ်ခုသာ ပထမထပ်တွင် အခန်းများ ရှိပြီး ၎င်းမှာ ရှောင်ဖန်း၏ မူလ အခန်းငယ် ရှိရာ နေရာ ဖြစ်ကာ ထိုပထမထပ် အခန်းများသည် အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့ ပိုင်ဆိုင်သော နေရာများ ဖြစ်၏။

အခြား လူနေအဆောက်အအုံများတွင်မူ ပထမထပ်များသည် အများပြည်သူဆိုင်ရာ နေရာများ ဖြစ်ကြပြီး အခန်းများသည် ဒုတိယထပ်မှသာ စတင်ကြသည်။

သို့မဟုတ်ပါက ယခုအချိန်တွင် ရပ်ကွက်ဝင်းအတွင်း၌ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော သနားစရာ လူအုပ်ကြီး ရှိနေလိမ့်မည် ဖြစ်ပြီး ထိုနေ့သည်လည်း မဝေးတော့ပေ။

အဆောက်အအုံ ထွက်ပေါက် ပိတ်ဆို့နေသောကြောင့် ရှောင်ဖန်းသည် မြေအောက်ကားပါကင်သို့ အရင် ဆင်းသွားလိုက်ရ၏။

မြေအောက်ကားပါကင်သို့ ဝင်လိုက်သည်နှင့် အပူချိန်သည် အပေါ်ထက် သိသိသာသာ ပိုမို မြင့်မားနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကားပါကင် ဝင်ပေါက်သည် နှင်းများဖြင့် ပိတ်ဆို့နေသည်မှာ ကြာပြီ ဖြစ်သဖြင့် အောက်ခြေတွင် ဖန်လုံအိမ် အာနိသင်ငယ်တစ်ခု ဖြစ်ပေါ်နေသောကြောင့် ဖြစ်သည်။

ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ပထမထပ် နှင်းမြုပ်သွားပြီးနောက် မိမိ၏ ပစ္စည်းများကို မြေအောက်ကားပါကင်ရှိ သိုလှောင်ခန်းငယ်တစ်ခုဆီသို့ ရွှေ့ပြောင်းကာ အချိန်အတော်ကြာ အသက်ရှင်သန်ခဲ့ခြင်း ဖြစ်၏။

ဖန်ချင်းယွီ နေထိုင်သော အဆောက်အအုံသို့ ရောက်သောအခါ ရှောင်ဖန်းသည် ဓာတ်လှေကား ခလုတ်ကို နှိပ်လိုက်သော်လည်း ၎င်းက ပျက်စီးနေပုံရသည်။

အခြားရွေးချယ်စရာ မရှိသဖြင့် ရှောင်ဖန်းသည် လှေကားအတိုင်း တက်ခဲ့ရ၏။ သူ ကိုးထပ်သို့ ရောက်သောအခါ အပေါ်ဘက်မှ တစ်စုံတစ်ဦး စကားပြောနေသံကို ကြားလိုက်ရသည်။

ရှောင်ဖန်းသည် စူးစမ်းလိုစိတ် ဖြစ်သွား၏၊ ဤမျှ အေးစက်သော ရာသီဥတုတွင် အဘယ်ကြောင့် အိမ်၌ မနေဘဲ လှေကားထောင့်ထဲသို့ ပြေးဝင်လာကြသနည်း။

ခြေလှမ်းအနည်းငယ် တက်လှမ်းလိုက်ရာ ရှောင်ဖန်းသည် ထူထဲသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူနှစ်ယောက် ဆယ်ထပ် လှေကားထောင့် ထွက်ပေါက်တွင် ဆောင့်ကြောင့်ထိုင်လျက် အတွင်းဘက်သို့ ရံဖန်ရံခါ ချောင်းကြည့်နေသည်ကို မြင်လိုက်ရ၏။

ထိုနှစ်ဦးသည် ရှောင်ဖန်းကို ကျောခိုင်းထားသဖြင့် သူ ရှိနေသည်ကို သတိမပြုမိကြချေ။

"အစ်ကိုကြီး ကျွန်တော်တို့ တကယ်ပဲ ဒီလိုလုပ်မှာလား၊ ရာသီဥတု ပြန်ကောင်းသွားရင် ကျွန်တော်တို့ သေဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်"

"တောက် မင်းက အူကြောင်ကြောင် နိုင်လှချေလား၊ ဒီရာသီဥတုက ပြန်ကောင်းလာမယ်လို့ မင်း ထင်နေတာလား၊ အင်တာနက်မှာ မမြင်ဘူးလား၊ တစ်ကမ္ဘာလုံး အေးခဲသွားပြီ၊ ဒါက ပုံမှန်အတိုင်း ကမ္ဘာပျက်ကပ်ပဲ"

"ဒါပေမဲ့ မုဆိုးမ ဖန်က လူကောင်းတစ်ယောက်ပါ။ သူမအပေါ် ဒီလိုလုပ်တာက နည်းနည်း မှားနေသလိုပဲ၊ ဒါ့အပြင် လူတိုင်းက မုဆိုးမ ဖန်ဟာ အမျိုးသားတွေရဲ့ စွမ်းအင်ကို စုပ်ယူတဲ့ မြေခွေးဝိညာဉ် ဝင်စားတာလို့ ပြောကြတယ်၊ ကျွန်တော် နည်းနည်း ကြောက်တယ်"

"မင်းက အဲဒါကို ယုံနေတာလား၊ မုဆိုးမ ဖန်ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို စဉ်းစားကြည့်စမ်း၊ မင်း သူမကို မလိုချင်ဘူးလား၊ ကမ္ဘာပျက်ကပ်ထဲမှာ ဘယ်သူမှ မနက်ဖြန်အထိ အသက်ရှင်မယ်ဆိုတာ မသိနိုင်ဘူး၊ အသက်ရှင်တုန်း ပျော်ပျော်နေရမယ်"

"ဒါပေမဲ့ အစ်ကိုကြီး ..."

"ဒါပေမဲ့တွေ လုပ်မနေနဲ့၊ ခဏနေရင် ငါတို့ မုဆိုးမ ဖန်ရဲ့ အိမ်ထဲကို လှည့်စားဝင်ရောက်ပြီး သူမကို ဖမ်းဆီး ခေါ်ဆောင်သွားမယ်၊ သူမအိမ်က အစားအသောက်တွေနဲ့ဆိုရင် ငါတို့ ခေတ္တမျှ ပျော်ပါးဖို့ လုံလောက်တယ်၊ အဆိုးဆုံး ဖြစ်လာရင် ငါ မင်းကို အရင် ခွင့်ပြုမယ်"

"ဒါဆို သဘောတူပြီနော်၊ အစ်ကိုကြီး ကျွန်တော့်ကို အရင် ပေးရမယ်"

"ညီလေးစိတ်မပူပါနဲ့၊မင်းရဲ့ အစ်ကိုကြီးက မင်းကို ဘယ်တုန်းက ညာဖူးလို့လဲ"

သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ရှောင်ဖန်း၏ သတ်ဖြတ်လိုစိတ်သည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

ထိုလူမိုက်နှစ်ယောက်သည် သူ အောင်မြင်စွာ သိမ်းပိုက်ထားသော အလှပဂေးအပေါ် ယုတ်မာသော အကြံ ကြံစည်ဝံ့ကြသည်။

သေစမ်း။သူတို့နှစ်ယောက်သေကိုသေရမည်။

*********

All Chapters