← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅ ပထမဆုံး သတ်ဖြတ်ခြင်း

ရှောင်ဖန်းသည် သူ၏ ဟင်းလင်းပြင်သိုလှောင်မှုထဲမှ မီးသတ်ပုဆိန်တစ်ချောင်းကို ထုတ်ယူလိုက်၏။

ထို့နောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထိုလူနှစ်ယောက်၏ နောက်သို့ တိတ်တဆိတ် ကပ်သွားခဲ့သည်။

ရှောင်ဖန်းသည် စိုးရိမ်စိတ်ကြောင့် မီးသတ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း လက်ဖဝါးများတွင် ချွေးများ စိုစွတ်နေ၏။

သူသည် တစ်ခါမျှ လူမသတ်ဖူးသဖြင့် စိုးရိမ်စိတ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။

သူသည် သူတို့အနီးသို့ ရောက်ရှိသွားပြီး ခုတ်ပစ်ရန် ပုဆိန်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည့် အချိန်မှာပင်တစ်ဦးသည်အန္တရာယ်အငွေ့အသက်ကြောင့်ရုတ်တရက် ခေါင်းလှည့်ကြည့်လာခဲ့၏။

"အစ်ကိုကြီး သတိထား"

ထိုလူသည် ပုဆိန်ကို ကိုင်ထားသည့် ရှောင်ဖန်းကို မြင်သောအခါ ထိတ်လန့်တကြား အော်ဟစ်တော့သည်။

ထိုအော်ဟစ်သံကြောင့် ရှောင်ဖန်း၏ ပုဆိန်ခုတ်ချက်သည် လွဲချော်သွားခဲ့ပြီး ဘေးမှ ကြမ်းပြင်ကိုသာ သွားရောက် ထိမှန်ခဲ့၏။

အခြားတစ်ယောက်သည်လည်း ရုတ်တရက် ဖြစ်ပွားလာသော အခြေအနေကြောင့် လန့်ဖျတ်ကာ လှည့်ကြည့်လာခဲ့သည်။

သို့သော်သူသည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူ၏ အဖော်နှင့်အတူ ရှောင်ဖန်းထံသို့ ပြိုင်တူပြေးဝင်လာကြ၏။

လုံးထွေးသတ်ဖြတ်ကျချိန်တွင်ရှောင်ဖန်း၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် သာမန်လူထက် ကျော်လွန်နေပြီ ဖြစ်၏။

သူ၏ ယခု အချက်အလက်များအရ ရှောင်ဖန်း၏ ခွန်အားနှင့် တုံ့ပြန်မှု အရှိန် အပါအဝင် ခန္ဓာကိုယ် စွမ်းဆောင်ရည်သည် သာမန် အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးထက် အနည်းဆုံး ၁.၅ ဆခန့် ပိုမို မြင့်မားနေသည်။

သူတို့သည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အောက်ထပ် လှေကားအတိုင်း လှိမ့်ဆင်းသွားကြသဖြင့် မီးသတ်ပုဆိန်သည် ရှောင်ဖန်း၏ လက်ထဲမှ လွတ်ထွက်သွားခဲ့၏။

"ညီလေး ဒီကောင်က သန်လွန်းတယ်၊ မင်းရဲ့ ဓားမြှောင်ကို ထုတ်ပြီး သူ့ကို အသေထိုးစမ်း"

၎င်းကို ကြားရသောအခါ ရှောင်ဖန်းသည် ထိတ်လန့်သွားရ၏။

သူတို့တွင် ဓားမြှောင်များ ရှိနေကြသည်။ သူ၏ ခန္ဓာကိုယ် အချက်အလက်များ မြင့်မားနေသော်လည်း သူသည် မသေနိုင်သော ခန္ဓာကိုယ် ရှိသည်မဟုတ်ချေ။ အရေးကြီးသော အင်္ဂါအစိတ်အပိုင်းကို အထိုးခံရပါက သေဆုံးနိုင်ပေသည်။

ထိုအခိုက်အတန့်တွင် ရှောင်ဖန်းသည် မိမိ ခန္ဓာကိုယ်၏ အစွမ်းကုန် စွမ်းရည်များကို လုံးဝ ထုတ်ဖော်လိုက်သည်။

သူ၏ သာလွန်သော ခွန်အားကို အားကိုးလျက် ရှောင်ဖန်းသည် ကိုယ်ကို လှည့်လိုက်ပြီး ထိုလူနှစ်ယောက်လုံးကို သူ့အောက်တွင် ဖိထားကာ ဓားမြှောင်များကို မထုတ်နိုင်အောင် တားဆီးလိုက်၏။

ထို့နောက် ရှောင်ဖန်းသည်တစ်ဦး၏ ဆံပင်ကို ဆွဲကိုင်ကာ ကြမ်းပြင်နှင့် ပြင်းထန်စွာ ဆောင့်ပစ်လိုက်သည်။

သူ၏ သာမန်ထက်ထူးကဲသော ခွန်အားကြောင့် အနည်းငယ်မျှ ဆောင့်ပစ်လိုက်ရုံဖြင့် ထိုလူကို သတိမေ့မြောသွားစေခဲ့၏။

တစ်ယောက်တည်းသာ ကျန်ရှိသောလူသည် ရှောင်ဖန်း၏ ပြိုင်ဘက် မဟုတ်တော့ချေ။ရှောင်ဖန်းသည် သူ့ကို အလွယ်တကူပင် လည်ပင်းညှစ်၍ သတိမေ့သွားအောင် ပြုလုပ်လိုက်သည်။

ထိုနှစ်ယောက်ကို ဖြေရှင်းပြီးနောက် ရှောင်ဖန်းသည် လူးလဲထရပ်ခဲ့၏။ သူ၏ ခန္ဓာကိုယ်သည် အသက်လုတိုက်ခိုက်ထားရသောကြောင့်မောဟိုက် တုန်ရင်နေဆဲ ဖြစ်သည်။

ခေတ္တမျှ အမောဖြေပြီးနောက် ရှောင်ဖန်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူတို့ ဝတ်ဆင်ထားသော နှာခေါင်းစည်းများကို ဖယ်ရှားလိုက်ရာသူတို့သည် ဖန်ချင်းယွီ နေထိုင်သော အဆောက်အအုံ၏ ငါးထပ်တွင် နေထိုင်ကြသည့် ဝူလျန်နှင့် ဝူတယ် ညီအစ်ကိုနှစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ပုံမှန်အချိန်တွင် အလွန် ရိုးသားအေးဆေးပုံရသော ဤညီအစ်ကိုနှစ်ဦးက ထိုအမှုကို ပြုလုပ်ဝံ့ကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ သိပ်မကြာသေးသော်လည်းလူတို့၏ ပင်ကိုယ်စရိုက်သည် ပေါ်ထွက်လာပြီဖြစ်သည်။

ရှောင်ဖန်းသည် မတ်တတ်ရပ်လိုက်ပြီး ကျနေသော မီးသတ်ပုဆိန်ကို ကောက်ကိုင်လိုက်ကာသူတို့ကို အဆုံးစီရင်ရန် ပုဆိန်ကို မြှောက်လိုက်စဉ်မှာပင်

ဘေးနားရှိ ပြတင်းပေါက်မှ အေးစက်သော လေပြင်းများ လှေကားထောင့်ထဲသို့တိုက်ခတ်နေသည်ကို မြင်လိုက်ရသဖြင့် သူသည် လက်မောင်းကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်သည်။

အနညငယ်တုံ့ဆိုင်းပြီးနောက် ရှောင်ဖန်းသည် ထိုလူနှစ်ယောက် နိုးမလာစေရန် လည်ပင်းနောက်ဘက်ကို လက်ဝါးစောင်းဖြင့် တစ်ချက်စီ ရိုက်လိုက်ပြီးနောက် သူတို့နှစ်ဦးလုံးကို ပြတင်းပေါက်အပြင်ဘက်သို့ လွှင့်ပစ်လိုက်၏။

အပြင်ဘက်တွင်နှင်းများ သည်းထန်စွာ ကျဆင်းနေသည်။ အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူ အများစုသည် စောင်ထဲတွင် ပုန်းအောင်းနေကြသဖြင့် အရွယ်ရောက်ပြီး အမျိုးသားနှစ်ဦး အဆောက်အအုံပေါ်မှ လွှင့်ပစ်ခံလိုက်ရသည်ကို မည်သူမျှ သတိမပြုမိကြချေ။

ထိုနှစ်ဦးသည် ထူထဲသော နှင်းတောထဲသို့ ကျရောက်သွားပြီး မည်သည့် အသံမျှ မထွက်ပေါ်ဘဲ ကျင်းကြီးနှစ်ခုသာ ဖြစ်ပေါ်သွားခဲ့သည်။

မကြာမီ ထိုကျင်းများသည် ဆက်တိုက် ကျဆင်းနေသော နှင်းများဖြင့် လုံးဝ ဖုံးလွှမ်းသွားခဲ့၏။

ရှောင်ဖန်း သူတို့ကို ပုဆိန်ဖြင့် မသတ်ခဲ့ခြင်းမှာ သူသည် တစ်ခါမျှ လူမသတ်ဖူးသဖြင့် ပုဆိန်ဖြင့် မခုတ်ရဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူသည် ၎င်းနည်းလမ်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်းအေးခဲနေသော ရာသီဥတုတွင် နှင်းတောထဲသို့ လွှင့်ပစ်ခံရခြင်းသည် သေခိုင်းခြင်းနှင့် အတူတူပင် ဖြစ်သည်။

အရာအားလုံးကို ပြီးဆုံးအောင် ပြုလုပ်ပြီးနောက် ရှောင်ဖန်းသည် နံရံကို မှီ၍ ထိုင်ချလိုက်၏။

သူသည် ၎င်းနည်းလမ်းကို အသုံးပြုခဲ့သော်လည်း စိတ်ထဲတွင် ချက်ချင်း လက်ခံနိုင်ခြင်း မရှိသေးချေ။

သူသည် မကောင်းသော စိတ်ခံစားချက်များကို လျော့ပါးသက်သာအောင် ပြုလုပ်ရန် လိုအပ်‌နေ‌သေးသည်။

ကမ္ဘာပျက်ကပ်အတွင်းတွင် ထိုအခြေအနေနှင့် ရင်ဆိုင်ရမည်ဟုသူ မတွေးထားဖူးပေ။

လူတစ်ယောက်သည် မွေးရာပါ စိတ်ဝေဒနာရှင် မဟုတ်ပါလူတစ်ယောက်ကို သတ်ပြီးနောက် မည်သည့် ခံစားချက်မျှ မရှိဘဲ ချက်ချင်း နေသားတကျ ဖြစ်ရန်မှာမဖြစ်နိုင်ချေ။

ဆယ်မိနစ်ခန့် ထိုင်ပြီးနောက် ရှောင်ဖန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်၏။

ထို့နောက်အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သူသည် ဖန်ချင်းယွီ၏ အိမ်ဆီသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့သည်။

ယခုအဖြစ်အပျက်‌ကြောင့်ရှောင်ဖန်းသည် သူ၏ အစီအစဉ်ကို ပြောင်းလဲလိုက်ပြီ ဖြစ်၏၊ သူသည် ယနေ့တွင် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ကို သူ့အိမ်သို့ ခေါ်ဆောင်သွားတော့မည် ဖြစ်သည်။

ကမ္ဘာပျက်ကပ်အတွင်း လူတို့၏ စရိုက်များ ပျက်စီးသွားမည်ကို သိသော်လည်း ဤမျှ မြန်ဆန်လိမ့်မည်ဟု ရှောင်ဖန်း မမျှော်လင့်ထားခဲ့ချေ။

ကမ္ဘာပျက်ကပ် မတိုင်မီက လူများစွာသည်ထိုအမျိုးသမီးနှစ်ဦး၏ အလှအပကို မက်မောခဲ့ကြသော်လည်း ဥပ‌ဒေကို‌ ကြောက်ရွံ့မှုကြောင့်သာသူတို့နောက်ဆုတ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ယခုအခါ အပူချိန် ရုတ်တရက် ကျဆင်းသွားခြင်းနှင့် ဆက်တိုက် သည်းထန်စွာ နှင်းကျခြင်းတို့က အိမ်ရာများကို အထီးကျန် ကျွန်းများအဖြစ် ပြောင်းလဲပစ်လိုက်ရာအခြားလူများလည်းဝူညီအစ်ကိုများကဲ့သို့ ယုတ်မာသော အကြံ စည်မလာနိုင်ဟု မည်သူမျှ အာမမခံနိုင်ချေ။

သူသည် ဖန်ချင်းယွီ၏ အိမ်တံခါးကို ခေါက်လိုက်ရာ ခဏအကြာတွင် အတွင်းဘက်မှ သူမ၏ အသံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

"ငါပါ ရှောင်ဖန်းပါ"

တံခါးသည် လျင်မြန်စွာ ပွင့်လာခဲ့ပြီး ဖန်ချင်းယွီသည် ရှောင်ဖန်းကို အပြုံးဖြင့် ကြည့်ရှုလာသည်။

"မြန်မြန် ဝင်ခဲ့ပါ၊ အပြင်မှာ အရမ်း အေးနေမှာပဲ"

သူမသည် ရှောင်ဖန်းကို အတွင်းသို့ ပေးဝင်ရင်း သူ၏ အဝတ်အစားများပေါ်မှ မရှိသော နှင်းပွင့်များကို အသာအယာ ခါထုတ်ပေးလိုက်၏။

အတွင်းသို့ ရောက်သောအခါ ရှောင်ဖန်းသည် အချိန်ဆွဲမနေဘဲ ပြောလိုက်သည်။

"ချင်းမေ ငါနဲ့အတူ လိုက်ခဲ့၊ ငါ့အိမ်ကို ပြောင်းရအောင်"

ရှောင်ဖန်း၏ ရုတ်တရက် ဖိတ်ခေါ်မှုနှင့် ရင်ဆိုင်ရသဖြင့် ဖန်ချင်းယွီသည် အံ့ဩသွားပြီးနောက် သူမ၏ မျက်နှာသည် ရှက်သွေးဖြာကာ နီမြန်းသွားခဲ့၏။

သူမသည် ရာသီဥတု ပြန်ကောင်းလာလျှင် ရှောင်ဖန်းနှင့် သူတို့၏ ဆက်ဆံရေးအကြောင်း ပြောဆိုရန် တွေးတောထားခဲ့သော်လည်း ထိုကဲ့သို့မြန်မြန်ဆန်ဆန်ဖြစ်လာလိမ့်မည်ဟုထင်မထားချေ။

"ဒါက နည်းနည်း မြန်လွန်းမနေဘူးလား၊ ကျွန်မ အဆင်သင့် မဖြစ်သေးဘူး"

ဖန်ချင်းယွီကအလွန် တိုးညှင်းသော အသံဖြင့် ပြောလာ၏။

"ကျွန်မ သဘောမတူတာ မဟုတ်ပါဘူး၊ မြန်လွန်းတယ်လို့ ထင်လို့ပါ၊ တကယ်လို့ ရှင် အဲလို လိုလားတယ်ဆိုရင်လည်း ရပါတယ်၊ ဒါပေမဲ့ ရှင့်ရဲ့ အိမ်က ကျွန်မအိမ်လောက် ကောင်းပုံမရဘူး၊ ရှင့်ဘက်ကပဲ ဒီကို ပြောင်းလာရင် မကောင်းဘူးလား"

"ဖန်ချင်းယွီ ငါ့ကို ယုံကြည်ပြီး လိုက်ခဲ့ပါ၊ ငါ့အိမ်ရောက်ရင် အားလုံးကို ဖြည်းဖြည်းချင်း ရှင်းပြမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်း ယခုအချိန်မှာ ဒီမှာနေတာက မလုံခြုံဘူး"

ရှောင်ဖန်းက ပြတ်သားတည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။

သူ၏အမူအရာကိုမြင်ရသောအခါဖန်ချင်းယွီသည်တုံ့ဆိုင်းမ‌နေတော့ဘဲခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ကျွန်မ အဝတ်အစားနဲ့ ရိက္ခာအချို့ကို အရင် သိမ်းဆည်းပါရစေ"

"မလိုဘူး၊ အဲဒီ ပစ္စည်းတွေကို ထားခဲ့လိုက်၊ ဒါကို အရင် ဝတ်လိုက်ဦး" ထိုသို့ ပြောပြီးနောက် ရှောင်ဖန်းသည် အအေးဒဏ်ခံဝတ်စုံတစ်စုံကို ဖန်ချင်းယွီထံသို့ ကမ်းပေးလိုက်၏။

ဖန်ချင်းယွီသည် အအေးဒဏ်ခံဝတ်စုံကို ယူဆောင်ကာ သူမ၏ အိပ်ခန်းထဲသို့ ဝင်သွားခဲ့သည်။

ခဏအကြာတွင် သူမသည် အအေးဒဏ်ခံဝတ်စုံကို ဝတ်ဆင်လျက် အိပ်ခန်းထဲမှထွက်လာပြီးတန်ဖိုးရှိသော ပစ္စည်းအချို့ကို ယူဆောင်ရန် ပြင်ဆင်စဉ်မှာပင်ရှောင်ဖန်းကသူမကို တားဆီးလိုက်၏။

ရှောင်ဖန်း၏ အမူအရာက သူမအတွက် ထူးဆန်းနေသော်လည်း ဖန်ချင်းယွီသည် သူ့ကို ယုံကြည်ရန်သာ ရွေးချယ်ခဲ့၏။

နှစ်ဦးသားသည် သူမ၏ နေအိမ်မှ ထွက်ခွာခဲ့ကြပြီးယွဲ့ဟွာ နေထိုင်ရာ အဆောက်အအုံဆီသို့သွားခဲ့၏။

ထို့နောက် ရှောင်ဖန်းသည် ဖန်ချင်းယွီကို ယွဲ့ဟွာ၏ အိမ်ထဲသို့ ခေါ်ဆောင်လာခဲ့သည်။ အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မြင်တွေ့ရသောအခါ အလွန် အံ့ဩသွားကြ၏။

ရှောင်ဖန်းသည် ယွဲ့ဟွာကိုလည်း စကားအများကြီး မပြောခဲ့ဘဲ သူမသည်လည်း သူနှင့်အတူ အိမ်ထဲမှ လိုက်ပါ ထွက်ခွာလာခဲ့တော့သည်။

*********

`

All Chapters