← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အခန်း (၂၆) ဖန်ချင်းယွီနှင့် ယွဲ့ဟွာ ပြောင်းရွှေ့လာခြင်း

ရှောင်ဖန်းသည် ဖန်ချင်းယွီ၊ ယွဲ့ဟွာတို့နှင့်အတူ အိမ်သို့ ပြန်ရောက်လာသောအခါ ထိုအမျိုးသမီးနှစ်ဦးစလုံး ရှောင်ဖန်း၏ အိမ်ပတ်ဝန်းကျင်ကို ကြည့်ပြီး အံ့ဩသွားကြ၏။

ဆန်းပြားလှပသော အပြင်အဆင်များ၊ နွေးထွေးပြီး သက်တောင့်သက်သာရှိသော အငွေ့အသက်များနှင့် ကိုယ်ကျပ်အဝတ်အစားများ ဝတ်ဆင်ထားသည့် လှပသောအမျိုးသမီးတစ်ဦး။

ထိုအရာအားလုံးသည် နောက်မှရောက်လာသောအမျိုးသမီးနှစ်ဦးအတွက် လုံးဝ မယုံကြည်နိုင်စရာ ဖြစ်နေ၏။

"ဦးလေးရှောင် ဘာတွေဖြစ်နေတာလဲ ဒါ ငါ့တိုက်ခန်း ဟုတ်သေးရဲ့လား"

ဖန်ချင်းယွီသည် မယုံကြည်နိုင်သောအသံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။

"ဟားဟား မင်းတိုက်ခန်းပဲလေ ငါ နည်းလမ်းနည်းနည်းသုံးပြီး နည်းနည်း ပြောင်းလဲလိုက်တာ"

ရှောင်ဖန်းသည် ရယ်မောရင်း အနွေးထည်ကို ချွတ်ကာ ပြန်ပြောလိုက်၏။

"နည်းလမ်းနည်းနည်း ဟုတ်လား ဦးလေးရှောင်မှာ ဒီလောက် အရည်အချင်းတွေ ရှိနေမှန်း ငါ မသိခဲ့ဘူး"

ဖန်ချင်းယွီသည် ပြောရင်းနှင့် ယွမ်ချင်းမေကို လှမ်းကြည့်လိုက်ရာ သူမ၏စကားများထဲတွင် မနာလိုမှုများ ပြည့်နေသည်။

"ဟဲဟဲ ရပါတယ် မင်းတို့ ဒီမှာ ရေချိုးလို့ရတယ် အိပ်ခန်းတိုင်းမှာ ရေချိုးကန်ပါတဲ့ ကိုယ်ပိုင်ရေချိုးခန်း ရှိတယ် ရေစိမ်ချင်ရင် အခုပဲ သွားလို့ရတယ်"

ရှောင်ဖန်းသည် စကားလမ်းကြောင်းကို အမြန်လွှဲလိုက်၏။

ရေချိုးနိုင်ရုံသာမက ရေချိုးကန်ထဲတွင်ပါ ရေစိမ်နိုင်သည်ဟု ကြားလိုက်ရသဖြင့် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့၏ မျက်လုံးများ ချက်ချင်း တောက်ပသွားကြသည်။

လောလောဆယ်တွင် သယတို့သည် ရှောင်ဖန်းကို ဆက်ပြီး မမေးမြန်းနိုင်တော့ဘဲ အိပ်ခန်းတစ်ခန်းစီကို ရှာဖွေကာ ရေမိုးချိုးရန် ပြင်ဆင်ကြတော့၏။

အပူချိန် ကျဆင်းသွားကတည်းကသူတို့နှစ်ဦးစလုံး ရေမချိုးရသလောက် ဖြစ်နေခဲ့သည်။ရာသီဥတုက အလွန်အေးလွန်းပြီး အနွေးစက်ရှိသော်လည်း တိုက်ခန်းမှာ သိပ်မနွေးပေ။

ထို့အပြင် ရေပိုက်များ ခဲနေသောကြောင့် ရေပြတ်တောက်နေသည်မှာ ရက်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။ မျက်နှာသစ်၊သွားတိုက်ရန်အတွင်ပင်အဆင်မပြေဖြစ်နေရ၏။

အလှအပကို ဂရုစိုက်သော အမျိုးသမီးများအတွက်ထိုအချက်သည်ငရဲကျ‌ နေရသလိုဖြစ်ပြီးနွေးထွေးသော အခန်းထဲတွင် ကောင်းကောင်းမွန်မွန် ရေချိုးနိုင်ခြင်းသည် အခုအချိန်တွင် အရေးကြီးဆုံးအရာ ဖြစ်လာသည်။

ထိုနှစ်ဦး ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ရှောင်ဖန်းသည် အတွင်းခံအသစ်နှင့် ညအိပ်ဝတ်စုံအသစ်ကို ယူကာ တံခါးအပြင်ဘက်တွင် ထားပေးလိုက်၏။ ရေချိုးပြီးဝတ်ရန်သန့်ရှင်းသော အဝတ်အစားများ အဆင်သင့်ရှိကြောင်းလည်း လှမ်းပြောလိုက်သည်။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ယွမ်ချင်းမေသည် သူ့ကို တည်ငြိမ်စွာအဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် ကြည့်နေသည်ကို ရှောင်ဖန်း တွေ့လိုက်သဖြင့် ရှောင်ဖန်းခေါင်းကို ကုတ်လိုက်သည်။

ယွမ်ချင်းမေသည် အနားသို့ လျှောက်လာပြီး ရှောင်ဖန်း၏ လက်မောင်းကို တွဲကာ ကျီစယ်လိုက်၏။

"အဘိုးကြီးရှောင် ရှင်ကဒီ‌လောက်ရှုပ်ပွေတတ်မှန်း ငါ မသိခဲ့ဘူး စကားတစ်ခွန်းမှ မပြောဘဲ အလှပဂေးနှစ်ယောက်ကို အိမ်ခေါ်လာတယ်ပေါ့"

"အာ ဒါက ကမ္ဘာပျက်ကပ် ရောက်နေပြီလေ၊ လူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီတာက ကောင်းတယ်"

"ဟွန့်... အိမ်ရာဝင်းထဲမှာ လူတွေအများကြီး ရှိတာကို ရှင်က ဘာလို့ သူတို့ကို မကူညီဘဲ အလှပဂေးတွေကိုပဲ ရွေးပြီး ကူညီရတာလဲ"

ယွမ်ချင်းမေသည် နှာခေါင်းရှုံ့ကာ ရှောင်ဖန်း၏ ခန္ဓာကိုယ်နားသို့ ပို၍ တိုးကပ်လိုက်သည်။

"ဒါက..."

ရှောင်ဖန်းသည် မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်သွား၏။

ရှောင်ဖန်း၏ အနေရခက်မှုကို မြင်သောအခါ ယွမ်ချင်းမေသည် ရုတ်တရက် ရယ်မောလိုက်သည်။

"ကဲပါ ရှင့်ကို ကျီစယ်နေတာပါ။ ရှင်က အရည်အချင်းရှိတဲ့ အမျိုးသားတစ်ယောက်ဆိုတာ ငါ သိပါတယ်။ အခု ကမ္ဘာပျက်ကပ် ရောက်နေပြီဆိုတော့ ရှင့်လိုလူမျိုးရဲ့ ဘေးနားမှာ အမျိုးသမီးတွေ ပိုရှိနေတာက သဘာဝကျပါတယ် ငါ့ကိုပဲ ပစ်မထားပါနဲ့"

ပြောပြီးနောက် ယွမ်ချင်းမေသည် ရှောင်ဖန်းကို မော့ကြည့်လိုက်၏။

သူမ၏ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေသော်လည်း မျက်လုံးများတွင် မျက်ရည်များ ဝဲနေသည်ကို ရှောင်ဖန်း သတိပြုမိလိုက်သည်။

"မိန်းမလှလေး ငါ မင်းကို ဘယ်လိုလုပ် ပစ်ထားနိုင်မှာလဲ ။မင်းကို ပိုပြီး တန်ဖိုးထားရမှာပေါ့"

ရှောင်ဖန်းသည် ပြောရင်း သူမ၏ နဖူးကို မိမိနဖူးနှင့် အသာအယာ တိုက်လိုက်၏။

ခဏမျှ နွေးထွေးစွာ‌ နေပြီးနောက် ၎င်းတို့သည် အစားအသောက် ပြင်ဆင်လိုက်ကြသည်။

လူသစ်နှစ်ဦး ရောက်လာသောကြောင့် ရှောင်ဖန်းသည် ကောင်းမွန်သောအရာများစွာကို ထုတ်ယူလိုက်၏။ ဟင်းပွဲမျိုးစုံ၊ အချိုရည်များ၊ ဟော့ပေါ့နှင့် အမြည်းမျိုးစုံသည် စားပွဲတစ်ခုလုံးတွင် ပြည့်နှက်သွားသည်။

ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ ရေချိုးပြီးနောက် စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများကို မြင်သောအခါ အံ့ဩသွားကြ၏။

"အဘိုးကြီးရှောင် ငါတို့ အနာဂတ်အတွက် အစီအစဥ် မရှိတော့ဘူးလား ။ဒီလောက် စည်းစိမ်ရှိရှိ စားနေတာ"

ဖန်ချင်းယွီသည် ပထမဆုံး ပြောလိုက်သည်။

"ဟုတ်တယ် အခု အပြင်တောင် ထွက်လို့မရဘူးလေ။ ငါတို့ နည်းနည်း ချွေတာသင့်တယ် မဟုတ်ဘူးလား"

ယွဲ့ဟွာကလည်း ထပ်ပြော၏။

ရှောင်ဖန်းသည် ယုံကြည်မှုရှိစွာ ပြုံးလိုက်သည်။

"မစိုးရိမ်ပါနဲ့ ငါတို့မှာ အစားအစာ မပြတ်လပ်ပါဘူး ။ကြိုက်သလောက် စားပါ ။လာလာ အားလုံး ထိုင်ကြ"

ထိုစကားကို ကြားသောအခါ ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့သည် မယုံတဝက် ယုံတဝက် မျက်နှာထားများဖြင့် ထိုင်လိုက်ကြ၏။

အားလုံး ထိုင်ပြီးနောက် ရှောင်ဖန်းကသူ၏အခြေအနေများကို စတင် ပြောပြလိုက်သည်။

ရှောင်ဖန်းသည် ရုတ်တရက် အပူချိန် ကျဆင်းသွားခြင်းအကြောင်းကို ပထမဆုံး ပြောပြပြီး ဤအေးခဲမှုသည် ကမ္ဘာပျက်ကပ် ရောက်လာခြင်း ဖြစ်ကြောင်း ရှင်းပြ၏။

ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့သည် လူအများမဟုတ်ကြပေ။ ရှောင်ဖန်း ပြောပြသည့်အရာများနှင့် ကမ္ဘာ့အပူချိန် ကျဆင်းမှုအကြောင်း အွန်လိုင်း သတင်းများကို အခြေခံ၍ ၎င်းတို့သည် အခြေအနေကို ကောင်းစွာ နားလည်ထားကြပြီး ဖြစ်သည်။

ခဏမျှ လက်ခံရန် ခက်ခဲနေခြင်းသာ ဖြစ်၏။ ကောင်းမွန်စွာ နေထိုင်နေရသော မည်သူမဆို ကမ္ဘာပျက်ကပ် ရုတ်တရက် ရောက်လာခြင်းကို လက်ခံရန် ခက်ခဲပေလိမ့်မည်။

ထို့နောက် ရှောင်ဖန်းသည် ယနေ့ ဖန်ချင်းယွီ၏ တံခါးအပြင်ဘက်တွင် ဝူလျန်၊ ဝူတယ် ဆိုသော ညီအစ်ကိုနှစ်ဦးနှင့် တွေ့ဆုံခဲ့ပုံနှင့် ၎င်းတို့က ဖန်ချင်းယွီကို ရန်ပြုရန် ကြိုးစားခဲ့ပုံများကို ပြန်ပြောပြ၏။

ထိုအမျိုးသမီး သုံးဦးစလုံးသည် စကားကို ကြားရသောအခါ မျက်နှာများ ဖြူလျော်သွားကြသည်။ ၎င်းတို့သည် လိမ္မာပါးနပ်ကြသဖြင့် ရှောင်ဖန်းသာ မရှိလျှင် ယနေ့ ဖန်ချင်းယွီ ဘာဖြစ်သွားနိုင်သည်ကို သိကြ၏။

၎င်းတို့အားလုံးသည် အမျိုးသမီးများ ဖြစ်ကြသည်။ ဖန်ချင်းယွီတွင် ထိုသို့သော အရာမျိုး ဖြစ်ပျက်နိုင်လျှင် ၎င်းတို့ထဲမှ မည်သူမဆို ဖြစ်ပျက်နိုင်သည်။

ထို့ကြောင့် သုံးဦးစလုံးသည် နောက်ဆက်တွဲ ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ရှောင်ဖန်းနှင့် တွေ့ဆုံရခြင်းကို ကျေးဇူးတင်မိကြ၏။

ဥပဒေ စည်းမျဉ်းများမရှိသော ကမ္ဘာပျက်ကပ်တွင် အမျိုးသမီးများ၊ အထူးသဖြင့် လှပသောအမျိုးသမီးများသည် အများဆုံး ဒုက္ခရောက်တတ်ကြသည်။

၎င်းတို့၏ကြောက်ရွံ့သော မျက်နှာထားများကို မြင်သောအခါ ရှောင်ဖန်းသည် ၎င်းတို့ စိတ်အေးစေရန် စကားပြောရမည့်အချိန် ဖြစ်ကြောင်း သိလိုက်၏။

ရှောင်ဖန်းသည် သူတို့ရှိနေသော တိုက်ခန်းသည် အလွန် ဘေးကင်းကြောင်းနှင့် အတွင်းပိုင်းတွင် သက်တောင့်သက်သာရှိသော အပူချိန်ကို အမြဲ ထိန်းသိမ်းထားမည် ဖြစ်ကြောင်း ပြောပြသည်။

ထို့အပြင် သူ့ထံတွင် အစားအစာနှင့် ရေလည်း အလုံအလောက်ရှိပြီးသူမတို့သည် ယခုမှစ၍ သူနှင့်အတူ ဘေးကင်းစွာ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ကြောင်းရှင်းပြလိုက်၏။

တိုက်ခန်းအကြောင်း ရှောင်ဖန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။

၎င်းသည် ဒီလောက် ကောင်းတဲ့ ပတ်ဝန်းကျင် ရှိနေတာကို ငါတို့ကို ဘာလို့ စောစော မခေါ်တာလဲဟု ပြောနေသကဲ့သို့ ဖြစ်၏။

ရှောင်ဖန်းသည် ၎င်းတို့၏ မကျေနပ်မှုကို မြင်သောအခါ ရယ်မောရုံသာ တတ်နိုင်ပြီး အားလုံးကို အစားအသောက်စားရန်တိုက်တွန်းလိုက်သည်။

သောက်စားပြီးနောက် အနည်းငယ် မူးဝေနေသော ယွဲ့ဟွာကရုတ်တရက် စကားစလိုက်သည်။

"ငါတို့ အတူတူ နေကြပြီဆိုတော့ ငါတို့ရဲ့ ဆက်ဆံရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် ။ဘာတွေ ဖြစ်နေလဲဆိုတာ ငါတို့ အားလုံး သိကြတာပဲ။ အဘိုးကြီးရှောင်ကို ဘယ်လို ခွဲဝေကြမလဲဆိုတာ ငါ မေးချင်တယ်"

ယွဲ့ဟွာ၏ စကားသည် ရှောင်ဖန်းကို လုံးဝ အံ့အားသင့်သွားစေ၏။ယွဲ့ဟွာ၏ပွင့်လင်းမှုကြောင့်ဖြစ်သည်။

ရှောင်ဖန်း စကားပြောရန် ပြင်လိုက်စဥ်မှာပင် ပတ်ဝန်းကျင်ရှိအငွေ့အသက်များ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်၏။

အမျိုးသမီး သုံးဦးစလုံး၏ မျက်နှာများသည် အလွန် တည်ကြည် လေးနက်သွားကြသည်။

ထို့ကြောင့် လိမ္မာပါးနပ်သော ရှောင်ဖန်းသည် ပါးစပ်ပိတ်ထားရန် ရွေးချယ်လိုက်၏။

အမျိုးသမီး သုံးယောက် ရှိလျှင် ပြဇာတ်တစ်ခု ဖြစ်နိုင်သဖြင့် ယခုအချိန်တွင်သူသည် စကားနည်းနည်းပြောပြီး ပိုမို နားထောင်၊ ကြည့်ရှုခြင်းက ပိုကောင်းပေမည်။

၎င်းတို့ သုံးဦး ပြင်းထန်စွာ ငြင်းခုံပြီးနောက်နှင့် အရက်အနည်းငယ် ထပ်သောက်ပြီးနောက် တစ်ပတ်လျှင် ခြောက်ရက်၌ ရှောင်ဖန်းသည် ၎င်းတို့ထံတွင် အလှည့်ကျ အချိန်ပေးရမည်ဟု တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။

တစ်ဦးလျှင် အတိအကျ နှစ်ရက်စီ ဖြစ်ပြီး ကျန်ရှိသော တစ်ရက်ကိုမူ သူ နားနေရန် သို့မဟုတ် စိတ်ကြိုက် လုပ်ဆောင်ရန် ချန်ထားသည်။

ရှောင်ဖန်းကို ခွဲဝေမှု ပြဿနာ ပြီးဆုံးသွားသောအခါ ထိုအမျိုးသမီး သုံးဦးစလုံးသည် ချက်ချင်းပင် ညီအစ်မ အရင်းအချာများကဲ့သို့ သင့်မြတ်သွားကြ၏။

ထိုအရာသည် ရှောင်ဖန်းကို စကားမဲ့သွားစေသည်။သူတို့သည် သူ့ကို မရှိသကဲ့သို့ သဘောထားနေကြခြင်းဖြစ်သည်။

သူက အားလုံးအတူတူ ဆက်ဆံရလျှင် အလွန် ကောင်းလိမ့်မည်ဟု တွေးနေမိသည်။ရှောင်ဖန်း စိတ်ထဲကသာ တွေးရဲခြင်း ဖြစ်၏။

လောလောဆယ်တွင် ယွမ်ချင်းမေမှလွဲ၍ ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ကအစုအဖွဲ့လိုက် နေထိုင်မှုကို သဘောတူမည် မဟုတ်သော်လည်း ကြာလာလျှင်သူတို့လည်းပြောင်းလဲသွားနိုင်ပေသည်။

သို့သော်သူတို့၏ နှစ်သစ်မှုအဆင့် တစ်ရာရာခိုင်နှုန်း ပြည့်သွားသောအခါ ရှောင်ဖန်း၏ စီစဥ်မှုများကိုသာ နာခံကြရမည်ဖြစ်သည်။

ရှောင်ဖန်းသည် အမျိုးသမီး သုံးဦးနှင့်အတူ စပျစ်ဝိုင် သောက်သုံးကာ စကားပြောနေချိန်တွင်သူအပေါ်ထပ်မှ ပစ်ချခဲ့သော ဝူလျန်နှင့် ဝူတယ် ညီအစ်ကိုနှစ်ဦးသည် နှင်းတောထဲမှ တွားသွားကာ ထွက်လာကြ၏။

ထိုညီအစ်ကိုနှစ်ဦး ထွက်လာပြီးနောက် အိမ်သို့ ပြန်မသွားကြပဲ ၎င်းအစား သည်းထန်စွာ ကျဆင်းနေသော နှင်းများကို အံတုရင်း အိမ်ရာဝင်း၏ ထွက်ပေါက်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားကြပြီး နောက်ဆုံးတွင် ကျယ်ပြောလှသော နှင်းတောကြီးထဲ၌ ပျောက်ကွယ်သွားကြတော့သည်။

**********

All Chapters