အခန်း ၂၇
Vol. 3 Ch. 27
အခန်း (၂၇) ပြန်လည်နုပျိုလာခြင်း
ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ ပြောင်းရွှေ့လာကတည်းက အိမ်ထဲတွင် ပို၍ စည်ကားလာ၏။
ဖန်ချင်းယွီ၏ ဟင်းချက်လက်ရာသည် အလွန်ကောင်းမွန်သဖြင့် သူမကနေ့စဥ် ထမင်းဟင်းချက်ပြုတ်မှုကို တာဝန်ယူလိုက်သည်။
ယွမ်ချင်းမေနှင့် ယွဲ့ဟွာတို့ကလည်း အလုပ်မအားကြပေ။ တစ်ယောက်က ဖန်ချင်းယွီကို ကူညီပေးပြီး နောက်တစ်ယောက်ကနေ့တိုင်း အိမ်သန့်ရှင်းရေး လုပ်၏။
တစ်ချိန်တည်းတွင် ရှောင်ဖန်းသည် ရှေးခေတ်က အဘိုးအိုကြီးတစ်ဦးကဲ့သို့ နေ့တိုင်းအေးအေးလူလူနေထိုင်နေရသည်။
သူ၏ နေ့စဥ် ထမင်းသုံးနပ်ကို အကောင်းဆုံး ပြင်ဆင်ပေးထားကြရုံသာမက သစ်သီးများကိုပင် အခွံနွှာ၍ ပါးစပ်ထဲသို့ လာကျွေးကြ၏။
ထိုအချက်ကရှောင်ဖန်းကို ဤကမ္ဘာသို့ ကူးပြောင်းလာရခြင်းအတွက် စိတ်ကျေနပ်အားရမှုကိုဖြစ် စေ၏။။ သို့မဟုတ်ပါက သူသည်ထို စည်းစိမ်များကို မည်သို့ ခံစားနိုင်ပါမည်နည်း။
ဆန်းပြားပြီး သက်တောင့်သက်သာရှိသောအိမ်၊အရသာရှိသည့် အစားအစာများနှင့်လိုချင်သလောက်ရနိုင်မည့် စပျစ်ဝိုင်များအပြင် ဘေးနားတွင်လည်း အလှပဂေးအချို့ ရှိနေသည့်အတွက် အမျိုးသားများစွာ စိတ်ကူးယဉ်ရသော ဘဝစည်းစိမ်ဖြစ် နေသည်။
ဤကဲ့သို့ ပျော်ရွှင်စရာကောင်းသော ဘဝကို ဖြတ်သန်းရင်း ဆယ်ရက်ခန့် ကုန်လွန်သွား၏။
ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့၏ နှစ်သက်မှုအဆင့်သည် တစ်ရာရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင်ယွမ်ချင်းမေ၏ အရည်အချင်းအချို့သည်လည်း အဆင့်တိုးတော့မည် ဖြစ်သည်။
တစ်ချိန်တည်းတွင် ရှောင်ဖန်း၏စနစ်အမှတ်များသည် လေးဆယ့်လေးမှတ်အထိ ရောက်ရှိလာ၏။
ရေတန်နှစ်ဆယ်နှင့် လဲလှယ်ရန် အမှတ်လေးမှတ်ကို သုံးစွဲပြီးနောက် ရှောင်ဖန်းသည် ခဏမျှ စဥ်းစားကာ အမှတ်သုံးဆယ်ကို သူ၏ သက်စောင့်အားအဆင့်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။
ထို့ကြောင့် ရှောင်ဖန်း၏ အရည်အချင်း အခြေအနေများသည် အောက်ပါအတိုင်း ဖြစ်လာ၏။
[ပိုင်ရှင် - ရှောင်ဖန်း၊ ကျား/မ - ကျား၊ အသက် - ၇၂ နှစ် (သက်တမ်း - ၄၅ နှစ်)]
[ဘက်စုံစွမ်းအား - Eအဆင့်]
[ခွန်အား - ၁၅ မှတ်]
[လျင်မြန်မှု - ၁၅ မှတ်]
[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ၁၅ မှတ်]
[စိတ်စွမ်းအား - ၁၅ မှတ်]
[သက်စောင့်အား - ၄၅ မှတ်]
[မှတ်ချက် - သက်စောင့်အားမှလွဲ၍ သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်း အရည်အချင်းမှာ ၁၀ မှတ် ဖြစ်သည်။]
[စွမ်းရည် - မရှိပါ။]
[စနစ်အမှတ် - ၁၀ မှတ်]
ရှောင်ဖန်းသည် သက်စောင့်အားကိုသာ တိုးမြှင့်ရခြင်းမှာသက်စောင့်အားသည် သူ၏ သက်တမ်းနှင့် ရုပ်ရည်ကို သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
သူသည် မိမိကိုယ်ကိုယ် အမြန်ဆုံး နုပျိုချင်နေ၏။ အဘိုးကြီးမျက်နှာဖြင့် အမြဲ နေရသည်ကို သူ သဘောမကျပေ။
အမျိုးသမီး သုံးဦးစလုံးက စကားတစ်ခွန်းမှ မပြောကြသော်လည်း သူတို့သည်လည်းနုပျိုချောမောသော အမျိုးသားကို သဘောကျ ကျပေမည်။ သူ နုပျိုလာလျှင်အမျိုးသမီး သုံးဦးစလုံး ပို၍ ပျော်ရွှင်ကြမည်ဖြစ်ပြီး ဆက်ဆံရေးများတွင်လည်း ပို၍ ဂရုစိုက်ကာ ပိုပြီး အားစိုက်ထုတ်ကြပေလိမ့်မည်။
အမှတ်များ ထည့်သွင်းပြီးနောက် ရှောင်ဖန်းသည် သူ၏ရုပ်ရည်ကို စစ်ဆေးရန် ရေချိုးခန်းဆီသို့ ချက်ချင်း ပြေးသွားရာ ရေချိုးခန်းထဲမှ ထွက်လာသော ဖန်ချင်းယွီနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးမိတော့၏။
ဖန်ချင်းယွီသည် ရှောင်ဖန်းကို နှုတ်ဆက်ပြီး တီဗီကြည့်ရန် အိပ်ခန်းသို့ ပြန်သွားရန်ပြင်ပြီးမှ ရုတ်တရက်ပြန်လှည့်ကြည့်ကာမျက်လုံးပြူးပြီးနှုတ်ခမ်းပင်ဝိုင်းသွားရ၏။
ဖန်ချင်းယွီသည် ရှောင်ဖန်း၏ ပုခုံးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး မျက်လုံးများထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်နှက်လျက် သူ့ကို ကြည့်လိုက်၏။
"အဘိုးကြီးရှောင် ရှင်... ရှင်က ဒါ တကယ်ပဲလား"
"ဘာဖြစ်လို့လဲ မင်းက ငါ့ကို မမှတ်မိတော့ဘူးလား ငါ အဝတ်အစားတွေချွတ်ပြီး ပြရမလား" ဟုရှောင်ဖန်းက ကျီစယ်လိုက်သည်။
ရှောင်ဖန်း၏ ကျီစယ်မှုကို ခံရသော်လည်း ဖန်ချင်းယွီကဘာမှမပြောဘဲအသက်သုံးဆယ်ခန့်အရွယ်သို့ ပြောင်းလဲသွား သောရှောင်ဖန်းကိုသာအံ့ဩတကြီးစိုက်ကြည့်နေ၏။
ယခု ရှောင်ဖန်းသည် ချောမောရုံသာမက ရင့်ကျက်သောအမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုများကိုပါ ထုတ်လွှတ်နေ၏။ ၎င်းသည် ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း၏ ကောင်းမွန်သော အခြေခံအုတ်မြစ်ကြောင့်လည်း ဖြစ်သည်။
ထိုအမျိုးသားသည် အမျိုးသမီးများအတွက် အလွန် ဆွဲဆောင်မှုရှိပေသည်။
ဖန်ချင်းယွီသည်ရှောင်ဖန်းကို ကြည့်ရင်း မျက်လုံးကို မလွှဲနိုင် ဖြစ်နေ၏။ ထိုသို့ကြည့်နေရင်းသူမ၏ မျက်နှာသည် ရှက်သွေးဖြာကာပန်းရောင်သန်းလာသည်။
ရှောင်ဖန်းက "မင်းမျက်လုံးတွေ ကပ်သွားပြီလား" ဟု နောက်ပြောင်လိုက်မှသာ ဖန်ချင်းယွီ သတိပြန်ဝင်လာတော့၏။ သူမ ပထမဆုံး လုပ်ဆောင်လိုက်သည့်အရာမှာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။
"ညီအစ်မတို့ အမြန်လာကြပါဦး အဘိုးကြီးရှောင် ပြောင်းလဲသွားပြီ"
ယွမ်ချင်းမေနှင့် ယွဲ့ဟွာတို့သည် ဖန်ချင်းယွီ၏ အော်သံကို ကြားသောအခါ အမြန် ပြေးလာကြ၏။
"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ အဘိုးကြီးရှောင် ဘာဖြစ်လို့လဲ"
ယွမ်ချင်းမေသည် ပြေးလာရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ယွဲ့ဟွာလည်း ပျာပျာသလဲ ဖြစ်နေ၏။
သို့သော် ထိုအမျိုးသမီးနှစ်ဦး ရှောင်ဖန်း၏ ရုပ်ရည်ကို မြင်လိုက်ရသောအခါ ၎င်းတို့၏ ပါးစပ်များ အံ့ဩတကြီးဟ သွားကြတော့သည်။
"ဒါ အဘိုးကြီးရှောင် ဟုတ်ရဲ့လား"
"ရှင် ဘယ်လိုလုပ်လိုက်တာလဲ"
သူမတို့နှစ်ဦးစလုံး သတိဝင်လာပြီးနောက် အလောတကြီး မေးကြ၏။
ရှောင်ဖန်းသည် အမျိုးသမီး သုံးဦးကို ကြည့်ကာ ပြုံးလိုက်ပြီးမှတည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"ငြိမ်ငြိမ်နေကြ။ ငါ ဘယ်လောက် ချောနေလဲဆိုတာ မှန်အရင်ကြည့်ပါရစေဦး။ ပြီးမှ မင်းတို့ကို ရှင်းပြမယ်"
ပြောပြီးနောက် ရှောင်ဖန်းသည် ရေချိုးခန်းထဲသို့ လျှောက်ဝင်သွား၏။
မှန်ထဲတွင် မိမိ၏ ပုံရိပ်ကို မြင်လိုက်ရသောအခါ ရှောင်ဖန်းသည် အဘိုးကြီးရှောင်၏ အခြေခံအုတ်မြစ်က တကယ်ကို ကောင်းမွန်လွန်းလှသည်ဟုစိတ်ထဲမှချီးကျူးလိုက်၏။
ထင်ရှားပြတ်သားသော မျက်နှာကျ၊ အချိုးအစားကျနသော မျက်နှာသွင်ပြင်နှင့် နက်ရှိုင်းသော မျက်လုံးများ။
၎င်းသည် တကယ်ကို ပြည့်စုံလွန်းလှသည်။ ရှောင်ဖန်းသာ အမျိုးသမီးတစ်ဦး ဖြစ်ပါက ထိုရုပ်ရည်ကို မြင်လျှင် ရင်ခွင်ထဲသို့ တိုးဝင်၍အားကိုးချင်စိတ်ကို အောင့်အီးနိုင်မည် မဟုတ်ပေ။
ရေချိုးခန်းထဲမှ ထွက်လာသောအခါ အမျိုးသမီး သုံးဦးစလုံး သူ့ကိုစိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသဖြင့်ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး
"ဟမ်း ဟမ်း"
ရှောင်ဖန်းချောင်းဟန့်လိုက်မှ ထိုအမျိုးသမီး သုံးဦးစလုံးလည်း သတိပြန်ဝင်လာကြ၏။
သို့သော် ထိုအမျိုးသမီး သုံးဦးစလုံးသည် ရှောင်ဖန်းထံတွင် ဘာတွေ ဖြစ်ပျက်နေသနည်းဆိုသည်ကို သိလိုစိတ်များဖြင့် မျှော်လင့်တကြီး ကြည့်နေကြသည်။
"တကယ်တော့ ငါဒီလို ဖြစ်လာတာက ကံကောင်းတဲ့ အရာတွေရှိခဲ့လို့ပဲ။ ဒါက ကမ္ဘာပျက်ကပ်မှာ အစားအသောက် မပြတ်လပ်စေရုံတင်မကဘူး ပြန်လည်နုပျိုစေနိုင်တယ် ပြီးတော့..."
ထိုနေရာတွင် ရှောင်ဖန်းက တမင်တကာ စကားကို ဖြတ်လိုက်၏။၎င်းသည် အမျိုးသမီး သုံးဦးကို ချက်ချင်း စိုးရိမ်ပူပန်သွားစေသည်။
ယွမ်ချင်းမေက"ပြီးတော့ ဘာဖြစ်လဲ" ဟု အလောတကြီး မေးလိုက်၏။
အမျိုးသမီး သုံးဦး၏ စိုးရိမ်ပူပန်နေသော မျက်နှာထားများကို ကြည့်ကာ ရှောင်ဖန်းသည် ပြုံးလျက် ပြောလိုက်သည်။
"ငါက မင်းတို့ရဲ့နုပျိုမှုကိုလည်း ထိန်းသိမ်းပေးနိုင်ပြီး သက်တမ်းကိုလည်း တိုးစေနိုင်တယ်"
ရှောင်ဖန်း ထိုသို့ ပြောလိုက်သည်နှင့် တပြိုင်နက် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားပြီး ထိုအမျိုးသမီး သုံးဦး၏ တည်ငြိမ်နေသော နှလုံးသားများကို လှုပ်ခတ်သွားစေ၏။
နုပျိုမှုကို ထိန်းသိမ်းခြင်းနှင့် သက်တမ်းတိုးခြင်း။အထူးသဖြင့် နုပျိုမှုကို ထိန်းသိမ်းခြင်းသည် အမျိုးသမီးများ၊ အထူးသဖြင့် လှပသောအမျိုးသမီးများအတွက် အလွန်ကြီးမားသော ဆွဲဆောင်မှု ဖြစ်သည်။
"ဒါ... ဒါ တကယ်ပဲလား"
ဖန်ချင်းယွီသည် အနည်းငယ် မြန်ဆန်နေသောအသက်ရှူသံဖြင့် မေးလိုက်၏။
ယွမ်ချင်းမေနှင့် ယွဲ့ဟွာတို့သည်လည်း ရှောင်ဖန်း၏ အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
"ဒါပေါ့ တကယ်ပေါ့" ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်၏။
အမှန်လည်းရှောင်ဖန်းသည်ထိုကိစ္စနှင့်ပတ်သက်၍ လိမ်ညာနေခြင်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖြည်းဖြည်းချင်း တိုးတက်လာသော အရည်အချင်းများထဲတွင် သက်စောင့်အား ပါဝင်နေပြီး သက်စောင့်အားသည် သက်တမ်းနှင့် ရုပ်ရည်ကို တိုက်ရိုက် သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် နုပျိုမှုကို ထိန်းသိမ်းပေးနိုင်ပြီး သက်တမ်းတိုးပေးနိုင်သည်ဟု ပြောခြင်းဖြသ်သည်။
"ဒါဆို ငါတို့ ဘာလုပ်ဖို့ လိုလဲ"
ယွဲ့ဟွာက အရေးကြီးသော မေးခွန်းကို မေးလိုက်၏။
"ဟဲဟဲ တကယ်တော့ မင်းတို့ အမြဲတမ်း လုပ်ဆောင်နေတဲ့ အရာပဲလေ ။အဲဒါက ငါ့နှင့်အတူ အချစ်ပွဲတွေနွှဲနေဖို့ပဲ"
ရှောင်ဖန်းက ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်သည်။
"အို အဘိုးကြီးရှောင် နောက်မနေပါနဲ့ ။ငါတို့က ဘာလုပ်ရမလဲဆိုတာကို တကယ် သိချင်လို့ မေးနေတာပါ"
ယွမ်ချင်းမေသည် ခြေဆောင့်ကာ နှုတ်ခမ်းစူ၍ ပြောလိုက်၏။
"ငါ နောက်နေတာ မဟုတ်ဘူး ။ဒါ အမှန်ပဲ"
ရှောင်ဖန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။
ရှောင်ဖန်း၏ မျက်နှာထားကို မြင်သောအခါမှသာ သုံးဦးစလုံးက ၎င်းသည် အမှန်တရား ဖြစ်ကြောင်း ယုံကြည်သွားကြ၏။
*********