အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) ငါးစာချခြင်း
ရှောင်ဖန်းသည် သူ၏ လူငယ်ဘဝကို ပြန်လည်ရရှိပြီးကတည်းကယွမ်ချင်းမေတို့အုပ်စုသည် နုပျိုမှုကို ထိန်းသိမ်းပြီး သက်တမ်းတိုးနိုင်သည့် နည်းလမ်းကို သိရှိသွားကြပြီးနောက်တွင်သူတို့သုံးဦးစလုံးသည် ရှောင်ဖန်းအပေါ် ပို၍ ဂရုစိုက်လာကြပြီး ပိုမို တက်ကြွလာကြ၏။
၎င်းသည် ရှောင်ဖန်းကို ရှေးခေတ် ဧကရာဇ်တစ်ပါးထက်ပင် ပိုမို သက်တောင့်သက်သာရှိသော ဘဝကို ဖြတ်သန်းခွင့် ရစေသည်။
တစ်စုံတစ်ယောက်က သက်တောင့်သက်သာ နေထိုင်နေရချိန်တွင် အခြားတစ်စုံတစ်ယောက်ကမူ ဒုက္ခရောက်နေရ၏။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် တာဝူမြို့တော်၏ တာဝန်ရှိသူများသည် လွန်ခဲ့သော နှစ်ရက်ကပင် လျှပ်စစ်မီးကို တစ်နေ့လျှင် အချိန်အကန့်အသတ်ဖြင့်သာ ပေးဝေမည်ဖြစ်ကြောင်း ကြေညာခဲ့၏။ထိုအချက်သည် ကမ္ဘာပျက်ကပ်ထဲတွင် ရုန်းကန်နေရသူများအတွက် ရှင်သန်ရန် ပိုမို ခက်ခဲလာစေသည်။
အပြင်ဘက် အပူချိန်သည် ယခုအခါ အနှုတ်ဆယ့်ငါးဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းသွားပြီ ဖြစ်၏။ မီးပြတ်သွားပြီးနောက် အပူချိန်ကို ထိန်းသိမ်းရန် အနွေးပေးစက် မရှိတော့သဖြင့် အခန်းတွင်း အပူချိန်သည်လည်း အနှုတ် ဆယ်ဒီဂရီ မှအနှစ် နှစ်ဆယ်ဒီဂရီနီးပါးအထိ ကျဆင်းသွားသည်။
အိမ်ရာဝင်းအတွင်းရှိ နေထိုင်သူအများစုသည် တစ်နေ့လုံး စောင်ပုံထဲ၌သာ ကပ်နေကြရတော့၏။ပို၍ ကြောက်စရာကောင်းသည်မှာ လူအများအပြားမှာ အိမ်၌ အစားအစာများ ပြတ်လပ်နေပြီ ဖြစ်သည်။
အပြင်ဘက်ရှိ နှင်းများသည် ဒုတိယထပ် အမြင့်အထိ ရောက်ရှိနေသဖြင့် အေးခဲပြီး သေဆုံးမည့်အန္တရာယ်ကိုမ ကြောက်ဘဲအပြင်ထွက်၍ အစားအစာ ရှာဖွေရန် စိတ်ကူးများကို လုံးဝ ဖျက်ဆီးပစ်လိုက်သကဲ့သို့ ရှိနေ၏။
ထို့ကြောင့် အိမ်ပိုင်ရှင်များအုပ်စုထဲတွင် လူအများအပြားက အစားအစာများမျှပေးရန် တောင်းပန်နေကြ၏။
သို့သော် ရှောင်ဖန်းသည် မီးပြတ်တောက်မှုဒဏ်ကို မခံရပေ။ အခြေခံခိုလှုံရာမွမ်းမံမှုစနစ်ဖြင့် ပြုပြင်ထားသော သူ၏အိမ်သည် ပြင်ပလျှပ်စစ်မီးကို မလိုအပ်သည်မှာ ကြာပြီ ဖြစ်သည်။
သူသည် အခါအားလျော်စွာ စနစ်အမှတ်များကို အလွန်အမင်းဖိသိပ်ထားသော စွမ်းအင်ထုပ်နှင့် လဲလှယ်ရန်သာ လိုအပ်၏။ အမှတ်၁၀မှတ်သည် အိမ်၏စွမ်းအင်ကို တစ်လစာ အာမခံချက် ပေးနိုင်သည်။
ရှောင်ဖန်းတွင် အစားအစာနှင့်ရေလည်း မပြတ်လပ်ပေ။ လက်ရှိတွင် အခြားနေထိုင်သူများသည် ငရဲတွင်းထဲ၌ နေထိုင်နေရသကဲ့သို့ ဖြစ်သော်လည်း ရှောင်ဖန်းကမူ ကောင်းကင်ဘုံကဲ့သို့သော ဘဝကို ဖြတ်သန်းနေရသည်။
ရှောင်ဖန်းအပြင် မီးပြတ်တောက်မှုဒဏ်ကိုသိပ်မခံရသော အခြားလူတစ်ဦးလည်း ရှိနေသေး၏။ ထိုသူမှာ ဝမ်ပေါင် ဖြစ်သည်။
သူ၏ ယခင်အစီအစဥ်များ ပျက်စီးသွားခဲ့သဖြင့် သူ၏ ဘေးကင်းလုံခြုံသောအိမ်သည် ပြီးပြည့်စုံခြင်း မရှိတော့သော်လည်း အခြားနေထိုင်သူများ၏ အိမ်များထက်များစွာ သာလွန်နေဆဲ ဖြစ်သည်။သူ၏ ဘေးကင်းလုံခြုံသောအိမ်တွင် မီးလင်းဖို ရှိနေသေးသောကြောင့် ဖြစ်၏။ ကြည့်ရသည်မှာ ရုပ်ဆိုးလှသော်လည်း အပူပေးရန်အတွက်လုံလောက်မှုရှိ၏။
ဖုန်းအားသွင်းခြင်းနှင့် အိမ်မီးလင်းစေခြင်းမှလွဲ၍ သူ သုံးစွဲစရာ အခြားလျှပ်စစ်ပစ္စည်း သိပ်မရှိပေ။
ရက်အနည်းငယ်အနားယူပြီးနောက် ဝမ်ပေါင်၏ တင်ပါးမှ ဒဏ်ရာသည် အတော်အတန် သက်သာသွားပြီ ဖြစ်သည်။ဒဏ်ရာ သက်သာသွားပြီဖြစ်သဖြင့် ဝမ်ပေါင်၏ စိတ်ကူးများသည် ထပ်မံ ပေါ်လာပြန်၏။
ကမ္ဘာပျက်ကပ်စတင်သည့်ကာလပတ်လုံး ဝမ်ပေါင်သည် အိမ်ရာဝင်းထဲတွင် အခြားသော ပြန်လည်မွေးဖွားလာသူ၏ အရိပ်အယောင်ကို မတွေ့ရပေ။ သူသည် မှားယွင်းတွေးတောမိခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်လိုက်သည်။
သူ ယခင်က ကြုံတွေ့ခဲ့ရသမျှအရာအားလုံးသည် ကံဆိုးခြင်းကြောင့်သာ ဖြစ်နိုင်သည်။ အပြင်ဘက်ရှိ ဆိုင်ငယ်လေးများနှင့် စူပါမားကတ်များ လုယက်ခံရခြင်းသည်လည်း သူခိုးများ၏လက်ချက် ဖြစ်နိုင်၏။
အဘယ်ကြောင့်ဆိုသော် ပြန်လည်မွေးဖွားလာခြင်းသည် အလွန် ရှားပါးလှသောအဖြစ်အပျက် ဖြစ်သည်။
အကယ်၍ အခြားသော ပြန်လည်မွေးဖွားလာသူရှိနေလျှင် လက်ရှိအခြေအနေရအိမ်ရာဝင်းအတွင်းရှိ ၎င်းတို့သည် အစားအစာများကို သုံးပြီး အလှပဂေးများကို ဆွဲဆောင်နေသည်မှာ ကြာ လောက်ပြီ ဖြစ်သည်။
၎င်းမှာပြန်လည်မွေးဖွားလာသူတစ်ဦး၏ အားသာချက် ဖြစ်သည်။ ကမ္ဘာပျက်ကပ်ထဲတွင် ထိုအားသာချက်ကို သုံးပြီးမပျော်ပါးလျှင်ထိုသူထက်မိုက်မဲသူရှိမည်မဟုတ်ပေ။
ထိုအချက်ကို တွေးမိသောအခါ ဝမ်ပေါင်သည် ယခင်က မိမိကိုယ်ကိုယ် ခြောက်လှန့်နေခြင်း ဖြစ်ကြောင်း ပို၍ သေချာသွားတော့သည်။
သူ၏ ဘေးကင်းသော်လည်း ဗလာကျင်းနေသော အိမ်ကို ကြည့်ရင်း အနည်းငယ် အထီးကျန်မှုကို ခံစားလိုက်ရ၏။
သူသည် အလှပဂေးများကို လိုချင်သည်၊ ကလဲ့စားချေချင်သည်၊ ပြီးတော့ အိမ်ရာဝင်းထဲရှိ လူတိုင်းကို သတ်ရန် စီစဥ်ချင်သည်။
ထို့ကြောင့် သူသည် သူ၏ အစီအစဥ်ကို စတင်ရန် ပြင်ဆင်လိုက်၏။
ဝမ်ပေါင်သည် ဖုန်းကို ထုတ်လိုက်ပြီး စားပွဲပေါ်တွင် ခေါက်ဆွဲခြောက်အချို့နှင့် ပေါင်မုန့်များကို ပုံထားကာ ကောင်းမွန်သော ထောင့်များမှ ဓာတ်ပုံအချို့ ရိုက်လိုက်သည်။
ထို့နောက် သူသည် ထိုဓာတ်ပုံများကို အိမ်ပိုင်ရှင်များအုပ်စုထဲသို့ တင်လိုက်၏။
ထိုဓာတ်ပုံများ အုပ်စုထဲတွင် ပေါ်လာသည်နှင့် တပြိုင်နက် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေတော့သည်။
လူအများအပြားသည် ဝမ်ပေါင်၏ထံတွင် ရှိနေသော အစားအစာများကို ဝယ်ယူရန် မျှော်လင့်ချက်ဖြင့် သူ့ကို ရူးသွပ်စွာ ဖုန်းခေါ်ကြ၏။
ဝမ်ပေါင်သည် သူ့ကို ရူးသွပ်စွာဖုန်း ခေါ်နေကြသော လူများကို ကြည့်ကာ မျက်နှာတွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် သူသည် ချက်ချင်းပြန်လည်ဖြေကြားခြင်းမပြုပေ။ နာရီဝက်ခန့် စောင့်ဆိုင်းပြီးမှ အုပ်စုထဲသို့ စာတစ်စောင် ထပ်တင်လိုက်၏။
"ဒီအစားအစာတွေကို လိုချင်ရင် ရပါတယ်။ ငါ့ဆီကို မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးအစား ပါဝင်တဲ့ တစ်ကိုယ်လုံးပုံ ပို့ပေးပါ။ အဝတ်အစားတွေ ဖုံးကွယ်ထားတာမျိုး မရှိစေရဘူး ။ဓာတ်ပုံပြင်ထားတာမျိုးလည်း မဖြစ်စေရဘူး ပြီးတော့ ဒါကို ကိုယ်ပိုင်အကောင့်ကနေ ပို့ပေးပါ"
ဝမ်ပေါင်သည် အိမ်ရာဝင်းထဲရှိ အလှပဂေးအချို့ကို အထူးတလည် တက်ဂ် တွဲ၍ဖိတ်ခေါ်လိုက်ရာ ထိုအထဲတွင် ယွမ်ချင်းမေတို့လည်း ပါဝင်သည်။
ထို့နောက်ဝမ်ပေါင်က စာတစ်ကြောင်း ထပ်ဖြည့်လိုက်၏။
"ငါ တဂ်မတွဲထားတဲ့သူတွေလည်း ကိုယ့်ရဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်အချိုးအစားကို ယုံကြည်မှုရှိရင် ငါ့ဆီ စာတို ပို့နိုင်ပါတယ်"
ဝမ်ပေါင်၏ စာနှစ်စောင် တင်ပြီးသည်နှင့် တပြိုင်နက် အိမ်ပိုင်ရှင်များအုပ်စုသည် ပေါက်ကွဲသွားတော့သည်။
အိမ်ရာဝင်းထဲရှိ နာမည်ကြီးအလှပဂေးတစ်ဦးသည် ဝမ်ပေါင်ကို ချက်ချင်းပင်တဂ်တွဲ၍ဆဲဆိုတော့၏။
"နင်က နင့်ကိုယ်နင်ဘာကောင်ထင်နေတာလဲ နင်က ဝက်ခေါင်းလို ရုပ်မျိုးနဲ့ အစားအသောက် သုံးပြီး အမျိုးသမီးတွေကို ဖျားယောင်းချင်နေတာလား နင်ရေတွင်းပျက်ထဲ သွားကြည့်ပြီး ဝက်ခေါင်းလို ရုပ်ရည်ကို ပြန်ဆန်းစစ်ဦး"
ထိုဝတုတ်တုတ် ကောင်မလေးသည် ဝမ်ပေါင်ကို ပထမဆုံးထွက်ပြီး ဆဲဆိုခြင်း ဖြစ်သည်။ အဓိကမှာ ဝမ်ပေါင်က သူမကို တဂ် မတွဲခဲ့သောကြောင့် ဖြစ်၏။၎င်းက မိမိကိုယ်ကိုယ် အလွန်လှပသည်ဟု ထင်နေသော သူမကို အလွန် မကျေမနပ် ဖြစ်သွားစေသည်။
ထို့အပြင် သူမသည် လူမှုကွန်ရက်ပေါ်တွင် တရားမျှတမှုအတွက် အမြဲ တိုက်ပွဲဝင်လေ့ရှိသူ ဖြစ်သဖြင့် ဤအခြေအနေတွင် သတ္တိရှိရှိ ထွက်လာခြင်း ဖြစ်သည်။
ဝမ်ပေါင်သည် အိမ်ရာဝင်းထဲရှိ နာမည်ကြီး အလှပဂေးက သူ့ကို ဝက်ခေါင်းဟု ခေါ်ကာ တိုက်ခိုက်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့၏။
ဝမ်ပေါင် အမုန်းဆုံးအရာမှာ ဝက်ခေါင်းဟုအခေါ်ခံရခြင်းဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်သည် အုပ်စုထဲသို့ စာတစ်စောင် ထပ်တင်လိုက်သည်။
"ဘယ်သူမဆို သွားပြီး အဲဒီဝက်မကြီးကို ရိုက်ပေးရင် ငါ ခေါက်ဆွဲခြောက် နှစ်ထုပ် ပေးမယ်"
မည်သူမျှ ပြန်မဖြေနိုင်ခင်မှာပင် ထိုမိန်းကလေးက ဝမ်ပေါင်ကို ဒေါသတကြီးဆက်ပြီး ဆဲဆိုတော့၏။
"နင်က ဘယ်သူ့ကို ဝက်မကြီးလို့ ခေါ်တာလဲ နင့်တစ်မိသားစုလုံး ဝက်မကြီးတွေပဲ နင့်လို ဝက်ခေါင်းက အခြားလူကို ဝက်မကြီးလို့ ခေါ်ရဲသေးတယ်ပေါ့"
"ငါကနည်းနည်းပဲ ဝတာ။ နင်က နည်းနည်းဝတာ ဘာလဲဆိုတာ သိရဲ့လား ဒါက အမျိုးသမီးတစ်ယောက်အတွက် အပြည့်စုံဆုံး ခန္ဓာကိုယ်ပဲ အသိဉာဏ်မရှိတဲ့ကောင်ရဲ့"
"---"
"---"
ထို ကောင်မလေးသည် စကားစစ်ထိုးရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။
သူမ၏ ဆက်တိုက် ဆဲဆိုမှုများသည် ဝမ်ပေါင်ကို အသက်ရှူကျပ်သွားစေ၏။ ဝမ်ပေါင်သည် တွေးမိလေ ဒေါသထွက်လေ ဖြစ်သဖြင့် ဆုကြေးကို ချက်ချင်း တိုးမြှင့်လိုက်သည်။
"ဘယ်သူမဆို အဲဒီဝက်မကြီးကို သွားရိုက်ရင် ငါ ခေါက်ဆွဲခြောက် ဆယ်ထုပ် ပေးမယ်"
"မလောက်သေးဘူးလား ဒါဆို အထုပ် နှစ်ဆယ် ပေးမယ်"
ထိုအချိန်တွင် လူစိမ်းတစ်ဦးက ဝမ်ပေါင်ထံသို့ သီးသန့်စာတို ပို့လာပြီး ထို ကောင်မလေး၏ အိမ်တံခါးအထိ သွားရောက်ကာ ရိုက်နှက်ပေးရန် ဆန္ဒရှိကြောင်း၊ သို့သော် ဝမ်ပေါင်က စပေါ်ငွေအဖြစ် ဆယ်ထုပ် အရင်ပေးရန် လိုအပ်ကြောင်း ပြောလာ၏။
ဝမ်ပေါင်သည် ထိုသူ၏ ကိုယ်ရေးအကျဉ်းကို နှိပ်ကြည့်လိုက်ရာ ဘာမှမရှိသည်ကို တွေ့ရသည်။ ၎င်းတို့သည် မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း အခြားလူများကို မသိစေချင်ပုံရ၏။
သို့သော်ဒေါသထွက်နေသော ဝမ်ပေါင်သည် အများကြီး မတွေးတောနိုင်တော့ဘဲ သဘောတူလိုက်သည်။
နဝမ်ပေါင်သည် သူ၏အိမ်တံခါးအပြင်ဘက်တွင် ခေါက်ဆွဲခြောက် ဆယ်ထုပ်ကို ထားပေးရန်နှင့် အခြားတစ်ယောက်က လာယူရန် သဘောတူလိုက်ကြ၏။
ထိုကောင်မလေးကို ရိုက်နှက်ပြီးနောက် ထိုသူသည် ဝမ်ပေါင်အတွက် ဓာတ်ပုံရိုက်ပေးရမည်ဖြစ်ပြီး ကျန်ရှိသော ဆယ်ထုပ်ကို လာရောက် ယူဆောင်ရမည် ဖြစ်သည်။
သဘောတူညီချက် ရရှိပြီးနောက် ဝမ်ပေါင်သည် ခေါက်ဆွဲခြောက် ဆယ်ထုပ်ကို ယူကာ အိတ်တစ်အိတ်ထဲသို့ ထည့်လိုက်၏။
သို့သော် တံခါးမဖွင့်မီ ဝမ်ပေါင်သည် သူတပ်ဆင်ထားသော တံခါးကြည့်ပေါက်မှနေ၍ ဦးစွာ စစ်ဆေးလိုက်သည်။ မည်သူမျှမရှိသည်ကို မြင်ရမှ တံခါးကို အသာဟလိုက်ပြီး အိတ်ကို အပြင်သို့ ပစ်ချလိုက်၏။
ထို့နောက် ဝမ်ပေါင်သည် ထိုသူကို လာယူရန် စာပို့လိုက်သည်။ နာရီဝက်ခန့် ကြာသောအခါ တံခါးကြည့်ပေါက်မှတဆင့် ဝမ်ပေါင်သည် သိပ်မမြင့်မားဘဲ အဝတ်အစားများ အထပ်ထပ် ဝတ်ဆင်ထားသဖြင့် ဝတုတ်တုတ် ဖြစ်နေသော လူရိပ်တစ်ခုက တံခါးဝရှိ အိတ်ကို ကောက်ယူသွားသည်ကို တွေ့လိုက်ရ၏။
ထိုအရာကို မြင်သဖြင့် ဝမ်ပေါင်၏ မျက်နှာတွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ပေါ်လာတော့သည်။
ကောင်မ နင်စောင့်နေလိုက်။
ကမ္ဘာပျက်ကပ်မှာ အစားအသောက် ရှိတဲ့သူက ဆရာပဲ။ ခဏနေရင် နင် အရိုက်ခံရတဲ့အခါ နင့်ရဲ့ ငိုသံကို ဖြည်းဖြည်းပဲ ထွက်စေဖို့ မျှော်လင့်ပါတယ်။
*********