← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အခန်း (၃၀) ထူးခြားသောစွမ်းရည်များ နိုးထလာခြင်း

အစပိုင်းတွင် ပြန်ပေးဆွဲခံရသော အမျိုးသမီးများသည် ပုဟွေနှင့်သူ့လက်ပါးစေများ၏စကားကိုနာခံခြင်းမရှိကြပေ။

သို့သော် ခြိမ်းခြောက်ခြင်း၊ ငတ်မွတ်ခြင်းနှင့် ရိုက်နှက်ခြင်း ဒဏ်များအလူးအလှိမ့်ခံရပြီး‌ နောက်ထိုအမျိုးသမီးများသည်အပေါ် ‌အလွန်ကြောက်ရွံ့မှီခိုလာကြတော့သည်။

ထိုအထဲတွင် ချန်ကျားဟွီနှင့် ကျန်မုန့်ရုံတို့လည်း ပါဝင်၏။

ယခုအခါ ထိုအမျိုးသမီးနှစ်ဦးသည် ပုဟွေအပေါ် လုံးဝ နာခံကြပြီး သူ့ကို အလွန် မှီခိုနေကြပြီ ဖြစ်သည်။

"ယောကျာ်း ရေ... ဟိုဝက်ခေါင်း ဝမ်ပေါင်က ငါနဲ့ မုန့်ရုံကို တဂ်ခေါ်ထားတာ ကြည့်ဦး။ ခေါက်ဆွဲခြောက်နဲ့ ပေါင်မုန့် နည်းနည်းထုတ်ပြီး အမျိုးသမီးတွေကို ရှာလို့ရမယ် ထင်နေတာ အဲဒီဝက်ခေါင်း ဘာတွေ တွေးနေလဲ မသိဘူး"

ချန်ကျားဟွီသည် သူမ၏ ဖုန်းကို ပုဟွေ၏ ရှေ့တွင် ကိုင်ထားပြီး အိမ်ပိုင်ရှင်များအုပ်စုထဲရှိ စကားပြောမှတ်တမ်းကို ပြသလိုက်၏။

"ဟုတ်တယ် ယောကျာ်း... ဒီဝမ်ပေါင်က တအား ရွံစရာကောင်းတာပဲ ။ငါတို့ သူ့ကို သင်ခန်းစာတစ်ခု သွားပေးရမလား"

ကျန်မုန့်ရုံကလည်း ဘေးမှ ဝင်ပြောလိုက်သည်။

ပုဟွေသည် ဖုန်းကို ယူကြည့်လိုက်ပြီး စဥ်းစားလိုက်၏။

"ဝမ်ပေါင်က ခေါက်ဆွဲခြောက်ရယ်၊ ပေါင်မုန့်နည်းနည်းနဲ့ အမျိုးသမီးတွေကို ဖျားယောင်းဖို့ ဘယ်က သတ္တိတွေ ရနေလဲ မသိဘူး"

ပုဟွေက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ထို့နောက် ပုဟွေသည် တိုးညှင်းသော အသံဖြင့် ရေရွတ်လိုက်၏။

"ဒါပေမဲ့ အခု လူတိုင်း အစားအသောက် ပြတ်လပ်နေတော့ သူ အချို့သူ‌တွေကို ဖျားယောင်းနိုင်ကောင်း နိုင်လိမ့်မယ်။ ယွမ်ချင်းမေ၊ ဖန်ချင်းယွီ၊ ကျူချမ်းချမ်း နဲ့ ဟိုယွဲ့ဟွာတို့ကော ဘယ်လိုနေလဲ မသိဘူး"

ဝမ်ပေါင် တဂ်ခေါ်ထားသော အခြားလူများကို တွေးမိသောအခါ သူ၏ လည်ချောင်းသည် မသိမသာ လှုပ်ရှားသွား၏။

၎င်းတို့အားလုံးသည် အိမ်ရာဝင်းအတွင်းရှိ အလှပဂေးများ ဖြစ်ကြသည်။

အထူးသဖြင့် ဖန်ချင်းယွီ၏ လှပသော ခန္ဓာကိုယ်အချိုးအစားနှင့် အခြားသူများ၏ ချောမောသော မျက်နှာ၊ ဆွဲဆောင်မှုရှိသော ကိုယ်လုံးများသည် ပုဟွေကို ရုတ်တရက် စိတ်ရိုင်းဝင်လာစေသည်။

ပုဟွေက အခြားအမျိုးသမီးများအကြောင်း ပြောသည်ကို ကြားရသဖြင့် ကျန်မုန့်ရုံသည် ချက်ချင်းပင်ပုဟွေ၏ လက်မောင်းကိုဖက်တွယ်၍ချွဲ့နွဲ့လိုက်၏။

"ယောကျာ်း... ရှင့်အတွက် ငါနဲ့ ကျားဟွီ နှစ်ယောက်တည်းနဲ့ မလုံလောက်ဘူးလားဟင်..."

ကျန်မုန့်ရုံ ထိုသို့ ပြောသည်ကို ကြားသောအခါ ပုဟွေ၏ မျက်နှာသည် ချက်ချင်း မာထန်သွားပြီးလက်ကို မြှောက်ကာ ကျန်မုန့်ရုံ၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။

"နင်က ငါ့ကိုလာသင်ပြနေတာလား"

အရိုက်ခံလိုက်ရသော ကျန်မုန့်ရုံသည် မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်လျက် တောင်းပန်တော့သည်။

"ယောကျာ်း... မှားသွားပါတယ်။ ကျွန်မကို ခွင့်လွှတ်ပါ"

ထိုအချိန်တွင်ချန်ကျားဟွီ၏ မျက်လုံးထဲ၌မူ သူတပါး ဒုက္ခရောက်သည်ကို ဝမ်းသာသော အရိပ်အယောင်များ ပြည့်နှက်နေ၏။

"ဟွန်း နင်တို့ ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ် ငါ့ကို ဘာလုပ်ရမလဲ လာပြောရဲတယ်ပေါ့"

ပုဟွေသည် အေးစက်စွာ ပြောလိုက်သည်။

ထို့နောက်ပုဟွေသည် ခဏနေလျှင် သူ၏ လက်ပါးစေများကို ခေါ်ကာ ထိုအလှပဂေးများကိုပါ သွားရောက် ပြန်ပေးဆွဲရန် ဆုံးဖြတ်လိုက်တော့၏။

မကြာမီ အချိန်သည် အောက်တိုဘာလကုန်သို့ ရောက်ရှိလာပြီး ကမ္ဘာပျက်ကပ် စတင်ခဲ့သည်မှာ တစ်လနီးပါး ရှိသွားပြီ ဖြစ်သည်။

အပြင်ဘက် အပူချိန်သည် အနှုတ် နှစ်ဆယ့်ငါးဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိနေပြီဖြစ်ရာ လူများ ရှင်သန်ရန် ပိုမို ခက်ခဲလာ၏။

တရားဝင် သတင်းထုတ်ပြန်ချက်များ ပို၍ ရှားပါးလာပြီး သတင်းရှိလျှင်ပင် လူများကို အောင့်အီးသည်းခံရန် အားပေးသည့် ထပ်တလဲလဲ အကြောင်းအရာများသာ ဖြစ်ကာ အခြား လက်တွေ့ကျသော ထောက်ပံ့မှုမျိုး မရှိပေ။

တစ်နေ့လျှင် နှစ်နာရီ မီးပေးဝေမှုသာ မရှိလျှင် လူများသည် တာဝန်ရှိသူများ ရှိနေသေးသည်ကိုပင် မေ့လျော့သွားကြပေလိမ့်မည်။

ရှောင်ဖန်း နေထိုင်သော အိမ်ရာဝင်း၏ အိမ်ပိုင်ရှင်များအုပ်စုထဲတွင် ယခင်က လူအများအပြား အစားအစာ ဝယ်ယူရန် ကြိုးစားခဲ့ကြသော်လည်း ယခုအခါ တဖြည်းဖြည်း တိတ်ဆိတ်သွားကြပြီ ဖြစ်၏။ ယခုအချိန်တွင် မည်သူမျှ မိမိတို့၏ အစားအစာကို အခြားသူများကို ပေးမည်မဟုတ်ကြောင်း လူတိုင်း သိထားကြသည်။

ဤကာလအတွင်း ရှောင်ဖန်း၏ လက်ထဲတွင် စနစ်အမှတ် လေးဆယ့်ရှစ်မှတ် ရှိနေပြီ ဖြစ်၏။

ပထမဆုံး နှစ်သက်မှုအဆင့် တစ်ရာရာခိုင်နှုန်း ပြည့်သွားသော ယွမ်ချင်းမေသည်လည်း သူမ၏ အရည်အချင်းများ သိသာစွာ တိုးတက်လာသည်ကို တွေ့ရသည်။

ယခု ယွမ်ချင်းမေ၏ အရည်အချင်း အခြေအနေများသည် အောက်ပါအတိုင်း ဖြစ်လာ၏။

[ယွမ်ချင်းမေ၊ ကျား/မ - မ၊ အသက် - ၂၅ နှစ် (သက်တမ်း - ၅၁ နှစ်)]

[ဘက်စုံစွမ်းအား - အီးအဆင့်]

[ခွန်အား - ၉ မှတ် (၂%)]

[လျင်မြန်မှု - ၁၀ မှတ် (၁%)]

[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ၁၁ မှတ် (၈%)]

[စိတ်စွမ်းအား - ၁၁ မှတ် (၁%)]

[သက်စောင့်အား - ၅၁ မှတ် (၆%)]

[သံယောဇဉ်အဆင့် - ၁၁၀ ရာခိုင်နှုန်း]

[စွမ်းရည် - မရှိပါ။]

ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ အရည်အချင်းများကို ကြည့်လိုက်၏။ သူမ၏ သက်စောင့်အား တိုးတက်လာသည်နှင့်အမျှ သက်တမ်းသည်လည်း တစ်နှစ် တိုးလာရာ ဤအရာသည် သူ မိမိကိုယ်ကိုယ် အမှတ်တိုးမြှင့်စဥ်က အကျိုးသက်ရောက်မှုနှင့် ထပ်တူပင် ဖြစ်သည်။

ထိုအချက်သည် ရှောင်ဖန်းကို အလွန် ပျော်ရွှင်စေ၏။ မည်သို့ပင်ဆိုစေထို အကျိုးသက်ရောက်မှု ရှိနေသရွေ့ သူ အောင်မြင်စွာ သိမ်းပိုက်ထားသော အလှပဂေး သည်သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် သူ့ဘေး၌ ထာဝရ ရှိနေနိုင်သဖြင့် ကောင်းသောအချက် ဖြစ်သည်။

ယွမ်ချင်းမေ၏ အရည်အချင်းပြကွက်ကို ပိတ်ပြီးနောက် ရှောင်ဖန်းသည် ပထမဆုံး အလွန်အမင်းဖိသိပ်ထားသော စွမ်းအင်ထုပ်တစ်ခုကို လဲလှယ်လိုက်၏။

သူ့တွင် အမှတ်သုံးဆယ့်ရှစ်မှတ် ကျန်ရှိတော့သည်။

ရှောင်ဖန်းသည် ခွန်အား၊ လျင်မြန်မှု၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် စိတ်စွမ်းအားတို့ထဲသို့ ငါးမှတ်စီခွဲဝေထည့်သွင်းလိုက်၏။

သူသည် ထိုအရည်အချင်းအားလုံးကို အမှတ်နှစ်ဆယ်အထိ တိုးမြှင့်လိုက်ပြီဖြစ်သည်။

ရှောင်ဖန်း အမှတ်များ ထည့်သွင်းပြီးသည်နှင့် တပြိုင်နက် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖော်ပြ၍မရသော စွမ်းအင်တစ်ခု ရုတ်တရက် တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။

ရှောင်ဖန်းသည်သူ၌ထူးခြားသော စွမ်းအားဆန်းတစ်ခု နိုးထတော့မည်ကို သိလိုက်သည်။

မကြာမီ ရှောင်ဖန်း၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ငြိမ်သက်သွားသောအခါစနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာ၏။

[ပိုင်ရှင်၌ စွမ်းအားအသစ်ဖြစ်သော လေဟာနယ်လက်ဝါးစွမ်းအားနိုးထလာသည့်အတွက် ဂုဏ်ယူပါသည်။]

ရှောင်ဖန်းသည် စိတ်လှုပ်ရှားစွာဖြင့် သူ၏ အရည်အချင်းပြကွက်ကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။

[ပိုင်ရှင် - ရှောင်ဖန်း၊ ကျား/မ - ကျား၊ အသက် - ၇၂ နှစ် (သက်တမ်း - ၄၅ နှစ်)]

[ဘက်စုံစွမ်းအား - Dအဆင့်]

[ခွန်အား - ၂၀ မှတ် (၀/၂)]

[လျင်မြန်မှု - ၂၀ မှတ် (၀/၂)]

[ခန္ဓာကိုယ်ဖွဲ့စည်းပုံ - ၂၀ မှတ် (၀/၂)]

[စိတ်စွမ်းအား - ၂၀ မှတ် (၀/၂)]

[သက်စောင့်အား - ၄၅ မှတ်]

[မှတ်ချက် - သက်စောင့်အားမှလွဲ၍ သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်း အရည်အချင်းမှာ ၁၀ မှတ် ဖြစ်သည်။]

[စွမ်းရည် - လေဟာနယ်လက်ဝါး]

[စနစ်အမှတ် - ၁၈ မှတ်]

ရှောင်ဖန်းသည် အရည်အချင်းတစ်ခုခု အမှတ်နှစ်ဆယ်သို့ ရောက်ရှိပြီးနောက် အမှတ်တစ်မှတ် ထပ်တိုးတိုင်း စနစ်အမှတ် နှစ်မှတ် ကုန်ကျမည် ဖြစ်ကြောင်း သတိပြုမိလိုက်၏။

သို့သော်၎င်းသည် ရှောင်ဖန်းအတွက် အရေးမကြီးပေ။ သူသည် ယခု နိုးထလာသော လေဟာနယ်လက်ဝါးစွမ်းရည် က မည်သို့ လုပ်ဆောင်နိုင်သည်ကိုသာ သိလိုသည်။

[ဟင်းလင်းပြင်လက်ဝါး - အသုံးပြုသူ၏ ပတ်ဝန်းကျင် နှစ်မီတာအတွင်းရှိ မည်သည့်နေရာတွင်မဆို မမြင်ရသော လက်တစ်ဖက်ကို ဖန်တီးနိုင်သည်။ ဤလက်သည် အသုံးပြုသူ၏လက်မောင်းကဲ့သို့ပင်ဖြစ်သည်။]

ရှောင်ဖန်းသည် လေဟာနယ်လက်ဝါး၏ ရှင်းလင်းချက်ကိုကြားပြီးနောက်ခေါင်းကုတ်လိုက်မိ၏။

သူ ဘာစွမ်းရည်ကို နိုးထစေခဲ့တာလဲ။

သူ့ပတ်ဝန်းကျင်မှာ မမြင်ရတဲ့ လက်တစ်ဖက် ဖန်တီးတာ ဟုတ်လား။ ဒီအရာက တိုက်ခိုက်နိုင်စွမ်း ရှိရဲ့လား။

ပြီးတော့ အကွာအဝေးကလည်း နှစ်မီတာပဲ ရှိတယ်။ငါ့ကို နောက်နေတာလား။

"စနစ်... ဒီစွမ်းရည်က နည်းနည်း အားနည်းပုံရတယ် ငါ ထပ်ပြီး နိုးထလို့ရမလား"

[မရပါ။ စွမ်းအားတစ်ခု ထပ်မံနိုးထရန် ပိုင်ရှင်၏ ဘက်စုံစွမ်းအားသည် စီအဆင့်သို့ ကျော်လွန်ရမည် ဖြစ်သည်။]

"ဒါပေမဲ့ ဒီဟင်းလင်းပြင်လက်ဝါးက သိပ်ပြီး သန်မာပုံမရဘူး"

ရှောင်ဖန်း စိတ်ပျက်စွာ ညည်းညူလိုက်၏။

သူ့တွင် အနည်းဆုံး တိုက်ခိုက်ရေးစွမ်းရည်တစ်ခု နိုးထသင့်သည်ဟု တွေးခဲ့ဖူးသော်လည်းယခုနိုးထလာသောစွမ်းရည်ကသူ့ကိုအလိုမကျ ဖြစ်‌စေခဲ့သည်။

[သတိပေးချက် -ဟင်းလင်းပြင်လက်ဝါး စွမ်းရည်ဖြင့် ဖန်တီးထားသော မမြင်ရသော လက်သည် ပိုင်ရှင်၏ လက်ပင်ဖြစ်ပြီး ပိုင်ရှင်၏ စွမ်းအား တိုးတက်လာသည်နှင့်အမျှ အကွာအဝေးသည်လည်း တိုးပွားလာမည် ဖြစ်သည်။]

စနစ်၏ ရုတ်တရက် သတိပေးချက်ကို ကြားသောရှောင်ဖန်းသည် တစ်စုံတစ်ခုကို တွေးမိသွား၏။

သူ၏ လက်နှင့် ထပ်တူဖြစ်သည် ဆိုပါက... ထိုမမြင်ရသော လက်သည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုဟု နားလည်လိုက်၏။

ဒါဆိုလျှင်သူ၏ခန္ဓာကိုယ်ခွန်အားသည်လည်းထိုလက်ပေါ်တွင်သက်‌ရောက်နေမည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဟင်းလင်းပြင်လက်ဝါး၏ တိုက်ခိုက်နိုင်စွမ်းသည် သူ၏ ခန္ဓာကိုယ်နှင့် ဆက်စပ်နေ၏။ သူ သန်မာလေလေ ဟင်းလင်းပြင်လက်ဝါး ပို၍ သန်မာလေလေ ဖြစ်ပေလိမ့်မည်။

ပြီးတော့ ၎င်းသည် သူ၏ ခန္ဓာကိုယ်နှင့် ထပ်တူဖြစ်သည်ဆိုပါက သူ၏ သိုလှောင်မှုဟင်းလင်းပြင်နှင့် ပေါင်းစပ်ပြီး သုံးစွဲနိုင်မည်ဖြစ်သည်။

ရှောင်ဖန်းသည်တွေးမိသည်ကို ချက်ချင်း စမ်းသပ်ရန် ဆုံးဖြတ်လိုက်၏။

ထိုအချိန်တွင် ဖန်ချင်းယွီသည် ဆေးကြောထားသော သစ်သီးပန်းကန်ကို ကိုင်ကာ လျှောက်လာနေသည်။ ရှောင်ဖန်း၏ စိတ်ကူးနှင့်အတူ ဟင်းလင်းပြင်လက်ဝါးသည် စတင် လှုပ်ရှားသွား၏။

တစ်မီတာခန့် အကွာအဝေးမှနေ၍ သူသည် ဖန်ချင်းယွီ၏ လက်ထဲရှိ သစ်သီးပန်းကန်ကို သူ၏ သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်သည်။

ဖန်ချင်းယွီသည် သူမ ကောင်းမွန်စွာ ကိုင်ထားသော သစ်သီးပန်းကန် ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၍ကြောက်လန့်တကြားအော်ဟစ်လိုက်၏"

အား... အဘိုးကြီးရှောင် သရဲ ရှိတယ်"

ပြောပြီးနောက် သူမသည် ရှောင်ဖန်းကို တင်းကျပ်စွာ ဖက်ထားတော့သည်။

ဖန်ချင်းယွီ၏ အော်သံကြောင့် အိပ်ခန်းထဲရှိ ယွမ်ချင်းမေနှင့် ယွဲ့ဟွာတို့လည်း လန့်သွားကြ၏။

ထိုအမျိုးသမီးနှစ်ဦးသည်လည်း ပျာပျာသလဲ ပြေးထွက်လာကြပြီး စိုးရိမ်တကြီး မေးကြတော့သည်။

"ဘယ်မှာလဲ...သရဲက"

*********

All Chapters