အခန်း ၃၂
Vol. 4 Ch. 32
အခန်း (၃၂) စံပြဖြစ်သွားခြင်း
ယွဲ့ဟွာ၏ စကားတစ်ခွန်းကြောင့် လူတိုင်း ချက်ချင်းပင် နှုတ်ဆိတ်သွားကြ၏။
"ယွဲ့ဟွာ၊ နင် ဘာပြောလိုက်တာလဲ၊ ထျန်းကျဲရဲ့ အသားတွေက လူအသားတွေ ဟုတ်လား၊ အော့"
ဖန်ချင်းယွီသည် ၎င်းကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားပြီး ပြင်းထန်သော ပျို့အန်ချင်စိတ်က ချက်ချင်း တိုးဝေ့တက်လာ၏။
ဖန်ချင်းယွီသည် ပါးစပ်ကို အမြန်ပိတ်ကာ ရေချိုးခန်းဆီသို့ ပြေးသွားပြီးသူမ၏ နောက်မှ ယွမ်ချင်းမေကလည်း ထပ်ကြပ်မကွာ လိုက်သွား၏။
ရှောင်ဖန်းသည် မူလကပင် ထူးဆန်းသည်ဟု ထင်ပြီးသားဖြစ်သည်၊၊ ဝမ်ပေါင်တွင် အစားအစာ ရှိနေသည်မှာ သူ့၌ ဟင်းလင်းပြင် သိုလှောင်မှု ရှိနေသောကြောင့် ဖြစ်၏။
သို့သော်လည်း ထျန်းကျဲက ဘယ်ကနေ အစားအစာ ရလာတာလဲ။ ယွဲ့ဟွာ ပြောလိုက်မှ ရှောင်ဖန်း နားလည်သွားတော့၏။
"ယွဲ့ဟွာ၊ နင် ဒါကို ဘယ်လို သိတာလဲ"
ရှောင်ဖန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်၊၊
"ကျွန်မ ဘာအလုပ်လုပ်လဲဆိုတာ ရှင်မေ့သွားပြီလား"
ယွဲ့ဟွာက ရှောင်ဖန်း၏ အနားသို့ ပိုမို တိုးကပ်ရင်း ပြောလိုက်၏။
ယွဲ့ဟွာ ပြောလိုက်မှရှောင်ဖန်းသည် သူမကခွဲစိတ်ဆရာဝန်တစ်ဦး ဖြစ်ကြောင်းကို သတိရသွားတော့သည်၊၊
၎င်းတို့နှစ်ဦး စကားပြောနေစဉ် ဖန်ချင်းယွီနှင့် ယွမ်ချင်းမေတို့သည်ရေချိုးခန်းထဲမှ ထွက်လာကြ၏။
ထွက်လာသည်နှင့် ယွမ်ချင်းမေက ညည်းတွားလိုက်သည်၊၊
"တကယ်ကို ရွံစရာကောင်းလွန်းတယ်၊ အဲဒီထျန်းကျဲက အမှန်တကယ်ပဲ လူ့အသားတွေကို စားနေပြီးတော့ အဲဒီဓာတ်ပုံတွေကို သုံးပြီး လူတွေကို သူ့အိမ်မှာ အတူတူ နေထိုင်ဖို့ ဆွဲဆောင်နေတာပဲ"
"ဟဲဟဲ၊ ထျန်းကျဲက လူတွေကို အတူတူ နေထိုင်ဖို့ ဆွဲဆောင်နေတာ မဟုတ်ဘဲ အရေးပေါ် အရန်ရိက္ခာအဖြစ် သုံးဖို့အတွက် ဆွဲဆောင်နေတာ ဖြစ်လိမ့်မယ်"
ရှောင်ဖန်း၏ စကားကို ကြားလိုက်ရချိန်တွင် အမျိုးသမီးသုံးဦးစလုံး တစ်ကိုယ်လုံး ကြက်သီးများ ထသွားကြ၏၊၊အလွန် ကြောက်စရာ ကောင်းလှသည်၊၊
ရှောင်ဖန်းသည် ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲမှ တစ်ခုကိုသတိရလိုက်သည်၊၊ ထျန်းကျဲသည် ယခင်က ပုဟွေ၏ ဖိအားပေးမှုကြောင့် ဝမ်ပေါင်၏ အိမ်ကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ဖူးပြီး နောက်ဆုံး၌ ဝမ်ပေါင်၏ ပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်၏။
ရှောင်ဖန်း ကူးပြောင်းလာမှု၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်သည်၊၊ ဖြစ်ရပ်များစွာ၏ လမ်းကြောင်းက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်၊၊
ဝမ်ပေါင်သည် ရိက္ခာအမြောက်အများကိုမရရှိခဲ့သည့်အပြင်အိမ်ရာဝင်း အတွင်း၌ လူသားစားသူတစ်ဦး ပေါ်လာပြီဖြစ်သည်။
သို့သော်လည်း ဝမ်ပေါင်က ရုတ်တရက် အစားအစာ အမြောက်အမြားကို ထုတ်ပြလိုက်သဖြင့် ပုဟွေသည် သေချာပေါက် လှုပ်ရှားလာလိမ့်မည်ဟု ရှောင်ဖန်း တွေးတောလိုက်သည်၊၊
ရှောင်ဖန်း၏ ခန့်မှန်းချက်ကသေချာပေါက်ကို မှန်ကန်နေ၏။
ပုဟွေသည် ဝမ်ပေါင်၌ အစားအစာ အမြောက်အမြား ရှိနေသည်ကို မြင်သောအခါ သူ့စိတ်ထဲတွင်ကောက်ကျစ်သော အကြံအစည်များချက်ချင်း ပေါ်လာတော့သည်၊၊
ပုဟွေသည် ဝမ်ပေါင်၏ အိမ်သို့ သွားရောက်ကာ အစားအစာ အားလုံးကို လုယူရန်အတွက် သူ့လက်အောက်ငယ်သားများကို အမြန် စုစည်းလိုက်၏။
သို့သော်လည်း ပုဟွေ၏ ပထမဆုံးအကြိမ် ကြိုးပမ်းမှုက လုံးဝ ကျရှုံးသွားခဲ့သည်၊၊ ဝမ်ပေါင်၏ တံခါးက ထိုမျှလောက် ခိုင်ခံ့လိမ့်မည်ဟု သူတို့ မထင်ထားကြချေ။
သူတို့သည် တံခါးကိုမဖျက်ဆီးနိုင်ရုံသာမကဝမ်ပေါင်၏ ရေနွေးပူ လောင်းချခြင်းကိုပါ ခံလိုက်ရ၏။
၎င်းကြောင့် ပုဟွေ၏ လူမိုက်အချို့မှာ တစ်ကိုယ်လုံး ရေစိုရွှဲသွားပြီး အပြင်ဘက်တွင် အေးခဲသေဆုံးလုနီးပါး ဖြစ်ကာ အရှက်ပြီး အမြန် ပြန်ပြေးခဲ့ကြရသည်၊၊
ပုဟွေသည် ထိုသို့တိုက်ခိုက်၍ မရနိုင်ကြောင်း သိလိုက်ပြီးအကြံတစ်ခုထပ် ထုတ်လိုက်၏။
ဝမ်ပေါင်က အမျိုးသမီးတစ်ဦးကို လိုချင်နေသလို သူ့လက်ထဲတွင်လည်း အမျိုးသမီး အချို့ ရှိနေသည်၊၊
ထို့ကြောင့် ပုဟွေသည် ချန်ကျားဟွီကို ဝမ်ပေါင်ထံသို့ စာပို့ခိုင်းလိုက်သည်၊၊ ထိုစာပို့ရန်ချန်ကျားဟွီသည် သူ၏အရှက်သိက္ခာကိုစွန့်လွှတ်ပြီးကိုယ်လုံးတီး ဓာတ်ပုံကို ရှုထောင့်ပေါင်းစုံမှ ရိုက်လိုက်ရ၏။
ဝမ်ပေါင်က ချက်ချင်းပင် ပြန်စာပို့ပြီး ချန်ကျားဟွီကို ညဘက်တွင် သူ့အိမ်တံခါးဝသို့ တစ်ယောက်တည်း လာခဲ့ရန် ပြောလိုက်သည်၊၊
ငါးမျှားချိတ်တွင်ငါးဟပ်မိသွားသည်ကို မြင်ရသဖြင့် ပုဟွေသည် သူ့လူများနှင့်အတူ အစီအစဉ် တစ်ခုချက်ချင်းဆွဲတော့သည်၊၊
သူတို့သည် ညဉ့်နက်ချိန်၌ ဝမ်ပေါင်က ချန်ကျားဟွီအတွက် တံခါးဖွင့်ပေးမည့် အချိန်ကို စောင့်ဆိုင်းပြီးနောက် အထဲသို့ အတင်းဝင်ရောက်ကာ သူ့ကို သတ်ပြီး အစားအစာ အားလုံးကို လုယူရန် စီစဉ်လိုက်ကြ၏။
ပုဟွေက ယခုတစ်ကြိမ် အစီအစဉ်သည်သေချာပေါက် အောင်မြင်လိမ့်မည်ဟု ထင်နေချိန်တွင်ဖြစ်ရပ်တစ်ခုကသူ့ကို သေလုနီးပါးဖြစ်သွားစေသည်၊၊
ထိုညတွင် ချန်ကျားဟွီက တံခါးကို ဘယ်လောက်ပဲ ခေါက်ပြီး ခေါ်နေပါစေ ဝမ်ပေါင်က တံခါးကို လုံးဝ ဖွင့်မပေးခဲ့ချေ။
နာရီဝက်ခန့် အချိန်ဖြုန်းပြီးနောက် ချန်ကျားဟွီနှင့် ပုဟွေတို့အဖွဲ့ တစ်ကိုယ်လုံး အေးခဲတောင့်တင်းလုနီးပါး ဖြစ်နေချိန်တွင် ဝမ်ပေါင်သည် တံခါးကို ရုတ်တရက် အနည်းငယ် ဟလိုက်ပြီး ကျင်ကြီးကျင်ငယ်များ ပြည့်နေသော ပလတ်စတစ်အိတ်ကြီးတစ်အိတ်ဖြင့် သူတို့ဆီသို့ လှမ်းပစ်လိုက်ပြီးတံခါးကို ဝုန်းခနဲ ပြန်ပိတ်လိုက်၏။
သူတို့မှာဒေါသထွက်သော်လည်းဘာမှမတတ်နိုင်ဘဲနှင်းများကို သုံး၍ ကိုယ်ခန္ဓာကို သန့်စင်ကြရပြီး အအေးဒဏ်ကိုအောင့်ခံလိုက်ကြရသည်၊၊
ထိုအချိန်တွင် ပုဟွေ၏ တပည့်တစ်ဦးက အကြံပြုလိုက်သည်၊၊
"ဆရာ၊ ကျွန်တော်တို့ လောလောဆယ် ဝမ်ပေါင်ရဲ့ အိမ်ထဲကို ဝင်လို့မရဘူး ထင်တယ်၊ အဲဒီအစား ထျန်းကျဲဆီကို အရင်သွားကြရင် ဘယ်လိုလဲ၊ သူ့ဆီမှာ အသားတွေ အများကြီး ရှိနေသေးတာကို ကျွန်တော် မြင်ခဲ့တယ်"
၎င်းကို ကြားလိုက်ရသဖြင့် ပုဟွေက ထိုလူကို စူးစိုက်ကြည့်လိုက်၏။
"မင်းက လူအပဲ၊ အဲဒါ ဘာအသားလို့ မင်း ထင်နေတာလဲ၊ ငါတို့က အဲဒီအရာကို စားရမယ့် အခြေအနေအထိ မရောက်သေးဘူး"
ပုဟွေ၏ စကားကြောင့် လူမိုက်သည် ချက်ချင်းပင် နားလည်သွားပြီး သူ့မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားရသည်။
"လူ... လူအသားလား"
"ဟွန်း၊ မင်းက လုံးဝတော့ လူအ မဟုတ်သေးပါဘူး၊ အခုလို အချိန်မျိုးမှာ ဘယ်သူက အသားတွေ ရှိနေဦးမှာလဲ"
အစားအစာရှိ နေလျက်မည်သူမျှလူ့အသားကိုစားချင်မည်မဟုတ် ပေ။ တွေးကြည့်ရုံနှင့်ပင်ရွံစရာကောင်းလှသည်၊၊
ဝမ်ပေါင်ကို နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီးနောက် ပုဟွေ၏ စိတ်ထဲတွင် နောက်ထပ် အစီအစဉ်တစ်ခု ပေါ်လာပြန်၏။
တကယ်လို့ သူက ဝမ်ပေါင်ကို မဖြေရှင်းနိုင်ရင် တခြားလူတွေကို ဖြေရှင်းလို့ရ နိုင်သေး၏။
ပုဟွေသည် အိပ်ခန်းထဲသို့ ဝင်သွားပြီး လုံခြုံရေးသေတ္တာထဲမှ ပစ္စတိုတစ်လက်ကို ထုတ်ယူလိုက်သည်၊၊
သူသည် ဤသေနတ်ကို ရရှိထားသည်မှာ ကြာပြီဖြစ်သော်လည်း မသုံးစွဲရဲခဲ့ချေ။ ယခုအခါ ကမ္ဘာပျက်ကပ်ဘေးကြီး ဖြစ်နေသဖြင့် ၎င်းကို အသုံးပြုနိုင်ပြီ ဖြစ်၏။
နောက်နေ့တွင် ပုဟွေသည် အိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ စာတစ်စောင် ပို့လိုက်သည်၊၊
"နေထိုင်သူတွေ ဒီအကျပ်အတည်းကို ပိုပြီး ကောင်းကောင်း ဖြတ်ကျော်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ရှိတဲ့ အစားအစာ အားလုံးကို စုစည်းပြီး စနစ်တကျ ခွဲဝေပေးဖို့ ကျွန်တော် အကြံပြုချင်ပါတယ်၊ ကျွန်တော်ကတော့ ပေါင်မုန့်တစ်သေတ္တာနဲ့ ခေါက်ဆွဲခြောက်တစ်သေတ္တာ အရင်ဆုံး လှူဒါန်းပါမယ်"
ပုဟွေ၏ စာ ပေါ်လာသည်နှင့် အိမ်ပိုင်ရှင်များအဖွဲ့သည် ချက်ချင်းပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတော့၏။
"အစ်ကိုပုရဲ့ အကြံပြုချက်ကို ကျွန်မ သဘောတူပါတယ်၊ ကျွန်မကတော့ ဆန်တစ်အိတ် လှူဒါန်းပါမယ်"
ချန်ကျားဟွီကလည်း စာတစ်စောင် ပို့လိုက်သည်၊၊
ထို့နောက် ကျန်းမုန်းရုံကလည်း သူမအနေဖြင့် ခေါက်ဆွဲခြောက် ဆယ်ထုပ် လှူဒါန်းမည်ဖြစ်ကြောင်း စာပို့လာ၏။
ထို့နောက် ပုဟွေ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော အခြားအမျိုးသမီးများကလည်း လိုက်လံ၍ အစားအစာ လှူဒါန်းမည့်အကြောင်း စာများ ပို့လာကြသည်၊၊
ထိုလူများက ဦးဆောင်လိုက်သဖြင့် အစားအစာ အနည်းငယ်သာ သိုလှောင်ထားရသော အချို့သော နေထိုင်သူများကလည်း လိုက်လံ၍ မိမိတို့၏ အစားအစာများကို လှူဒါန်းရန်တက်ကြွစွာ ပါဝင်လာကြ၏။
သို့သော် သူတို့၏ လှူဒါန်းမှုများမှာနည်းပါးလှကာ ခေါက်ဆွဲခြောက် အနည်းငယ်၊ ပေါင်မုန့် အနည်းငယ်နှင့် အချို့လူများက ဆန်တစ်ပန်းကန်အောက်ပင် နည်းပါးသော ပမာဏကို လှူဒါန်းကြခြင်းဖြစ်၏။
ပုဟွေသည် အဖွဲ့ထဲမှ စာများကို စူးစိုက်ကြည့်ရင်း စကားမပြောဘဲ လှူဒါန်းသူတိုင်းကို မှတ်သားထားလိုက်သည်၊၊
"လူတိုင်းက အစားအစာတွေကို စုစည်းစီမံဖို့ သဘောတူကြတဲ့အတွက် ဒါကို စီမံခန့်ခွဲပေးမယ့် လူတစ်ယောက်ကို ရှာဖို့ လိုအပ်ပါတယ်၊ ဒီလူက အများဆုံး လှူဒါန်းတဲ့လူ ဖြစ်ရမှာဖြစ်ပြီး မျှတပြီး တရားမျှတမှု ရှိရပါမယ်"
ပုဟွေ စကားပြောပြီးသည်နှင့် ချန်ကျားဟွီက ချက်ချင်းပင် ပြောလာ၏။
"ဒီလူက အစ်ကို ပုဟွေပဲ ဖြစ်ရမယ်လို့ ကျွန်မ ထင်ပါတယ်၊ အစ်ကို ပုဟွေရဲ့ စရိုက်ကို လူတိုင်း သိကြတာပဲ၊ သူက အရင်ကလည်း လူတိုင်းကို အများကြီး ကူညီခဲ့ဖူးပါတယ်၊ ဒီတစ်ကြိမ်မှာလည်း အစားအစာ အများဆုံး လှူဒါန်းထားတာဆိုတော့ သူ စီမံခန့်ခွဲတာကိုပဲ ကျွန်မတို့အားလုံး စိတ်ချရပါလိမ့်မယ်"
ပုဟွေ၏ ထိန်းချုပ်မှုအောက်ရှိ အမျိုးသမီးများကလည်း သူတို့၏ သဘောတူညီချက်ကို ဖော်ပြကြသည်၊၊
အစားအစာများကို ပုဟွေထံ အပ်နှံမည်ဟု ကြားလိုက်ရသောအခါ ကျန်းတုန်း ဟု ခေါ်သော နေထိုင်သူတစ်ဦးက ချက်ချင်းပင် ထွက်၍ သဘောမတူကြောင်း ပြောလာ၏။
"ဒီလို စုစည်းထားတဲ့ အစားအစာတွေကို လူအများအပြား အတူတူ စီမံခန့်ခွဲတာက ပိုကောင်းမယ်လို့ ကျွန်တော် ထင်ပါတယ်၊ ဒါမှသာ မျှတမှုနဲ့ တရားမျှတမှုကို အာမခံနိုင်မှာပါ၊ တကယ်လို့ လူတစ်ယောက်တည်း လက်ထဲ အပ်လိုက်ရင် တစ်စုံတစ်ယောက်က အလွဲသုံးစားလုပ်မှာကို ကျွန်တော် စိုးရိမ်မိတယ်"
တစ်ယောက်က ထွက်၍ ကန့်ကွက်သည်ကို မြင်ရသဖြင့် ပုဟွေသည် ချက်ချင်းပင် ဒေါသထွက်သွားရ၏။ သူသည် ခြိမ်းခြောက်သော စာတစ်စောင်ကို ချက်ချင်း ပို့လိုက်သည်၊၊
"မင်းပြောချင်တာက ငါ့အစား မင်းကိုပဲ စီမံခိုင်းရမှာလား"
ထိုအချိန်တွင်ကျန်းတုန်းသည် ပုဟွေ၏ သရုပ်မှန်ကိုမသိသလိုပုံစံဖြင့်ခေါင်းမာစွာပြန်ပြောလာ၏။
"တကယ်လို့ မင်းက ကောင်းကောင်း မစီမံနိုင်ဘူးထင်ရင် ကျွန်တော့်လက်ထဲ အပ်လိုက်လို့ ရပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းတစ်ယောက်တည်း စီမံလို့တော့ မရပါဘူး"
"ကောင်းပြီ၊ ကောင်းပြီ၊ မင်းက ငါ ပုဟွေရဲ့ နာမည်ကျော်ကြားမှုကို တကယ်ပဲ မသိသေးတဲ့ပုံပဲ၊ မင်းနာမည်က ကျန်းတုန်း မဟုတ်လား၊ အဆောက်အအုံ (၂)၊ (၁၀) လွှာ၊ အခန်း (၂) မှာ နေတာ မဟုတ်လား၊ ငါ မင်းဆီကို လာပြီး ကောင်းကောင်းမွန်မွန် စကားလာပြောပါ့မယ်"
စာပို့ပြီးနောက် ပုဟွေသည် ကျန်းတုန်းကို သွားရောက်ရှာဖွေရန် သူ့လူများနှင့်အတူပြင်ဆင်လိုက်တော့သည်၊၊ သူသည် တစ်စုံတစ်ယောက်ကို စံပြအဖြစ် မပြသပါက အသိုက်အဝန်း အတွင်းရှိ အခြားလူများက မိမိတို့၏ အစားအစာများကို သေချာပေါက် အပ်နှံကြမည် မဟုတ်ကြောင်းကို သိရှိနေခြင်း ဖြစ်၏။
**********