← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အခန်း (၃၃) တွင်းအောင်းနေသောဝံပုလွေလှုပ်ရှားလာပြီ

တစ်နာရီ ကြာပြီးနောက်။

ပုဟွေသည် အိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ ဗီဒီယိုတစ်ခု ပို့လိုက်၏။

ဗီဒီယိုထဲတွင် အမျိုးသားတစ်ဦးသည် လူတစ်စု၏ တိုက်ခိုက်ခြင်းကို ခံနေရပြီးမကြာမီတွင် သူသည် တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက်မြေပြင်၌လဲနေ၏။ ထိုအမျိုးသားက အခြားသူမဟုတ်ဘဲ ကျန်းတုန်းပင် ဖြစ်သည်၊၊

နေထိုင်သူများ အံ့အားသင့်နေဆဲမှာပင် ပုဟွေထံမှ ရောက်လာသော စာတစ်စောင်က သူတို့ကိုပို၍ကြောက်ရွံ့သွားစေ၏။

"နောက်တစ်နာရီကြာရင် မြေအောက်ကားပါကင်မှာ နေထိုင်သူအားလုံး အစားအစာတွေ ယူလာပြီး အပ်ရမယ်။ တကယ်လို့ မအပ်ရင် ငါကိုယ်တိုင် အိမ်တံခါးဝအထိလာလုမှာ။အကျိုးဆက်ကဘာဖြစ်မလဲဆိုတာမင်းတို့သိကြမှာပါ"

နေထိုင်သူများ ဘာလုပ်ရမှန်း မသိဖြစ်နေသည့် အချိန်မှာပင်ဝမ်ပေါင်ထံမှ စာတစ်စောင် ပို့လာ၏။

"မင်းတို့က ဘာကို ကြောက်နေကြတာလဲ။ အိမ်ရာဝင်းထဲမှာ လူတွေ ဒီလောက်အများကြီး ရှိတာကို။ ပုဟွေနောက်မှာ လူမိုက် နည်းနည်းပဲ ရှိတာ။ မင်းတို့အိမ်မှာ ဟင်းချက်ဓားတွေ မရှိဘူးလား။ သူနဲ့ ချလိုက်လေ"

စာပို့ပြီးနောက် ဝမ်ပေါင်၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်၊၊

ပုဟွေတွင် သေနတ်ရှိကြောင်းသူ မသိ၍မဟုတ်၊၊ တခြားသူများပုဟွေနဲ့ အသေအလဲ တိုက်ခိုက်ကြတာကို မြင်ချင်တာကြောင့်တမင်တကာ လုပ်ခြင်း ဖြစ်၏။

ဝမ်ပေါင်၏ အမြင်တွင် နေထိုင်သူအားလုံးက သေသင့်သောသူများ ဖြစ်ကြသည်၊၊ အလှပဂေး အနည်းငယ်သာ ကျန်ရစ်ပြီး အားလုံး သေဆုံးသွားကြပါက အကောင်းဆုံး ဖြစ်၏။

ပုဟွေသည် ဝမ်ပေါင်၏ စာကို မြင်သောအခါ မုန်းတီးလွန်းသဖြင့် သွားကြိတ်လိုက်မိသည်၊၊

လောလောဆယ် ဝမ်ပေါင်၏ အိမ်ရှေ့တံခါးကို သူ မဖျက်ဆီးနိုင်သဖြင့် လက်ရှိတွင်ဘာမှ မတတ်နိုင်ချေ။

သို့သော်လည်း ပုဟွေတွင် သူ့ကိုဖြေရှင်းရန် နည်းလမ်းများစွာ ရှိ၏၊၊

မကြာမီ မှာပင် အိမ်ရာဝင်းထဲ၌ သေနတ်သံအချို့ ထွက်ပေါ်လာပြီးနောက် အဖွဲ့ထဲသို့ နောက်ထပ် ဗီဒီယိုတစ်ခု ရောက်ရှိလာပြန်၏။

ဗီဒီယိုထဲတွင် သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် ပခုံးကို ဖိနှိပ်ချုပ်ကိုင်ခံထားရသည်၊၊ ပုဟွေသည် ထိုလူ၏ ခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ကာ ရက်စက်စွာ မောင်းဖြုတ်လိုက်၏။ သေနတ်သံနှင့်အတူ ထိုလူ၏ ဦးနှောက်များနှင့် သွေးများက မြေပြင်အနှံ့ လွင့်စင်သွားတော့သည်၊၊

သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသော သူက ကျန်းတုန်း၏ မျက်နှာချင်းဆိုင် အခန်းမှဝမ်လင်း ဖြစ်၏။

"မင်းတို့မှာ ဟင်းချက်ဓားတွေ ရှိတယ် ဟုတ်လား။ မင်းတို့ရဲ့ ဓားတွေက ငါ့သေနတ်ထက် မြန်မလားဆိုတာ စမ်းကြည့်လို့ရတယ်။ နောက်တစ်နာရီကြာရင် မြေအောက်ကားပါကင်မှာ လူတိုင်း အစားအစာ လာအပ်တာကို ငါ မြင်ချင်တယ်။မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့"

ထိုစာက နေထိုင်သူများ၏ မျှော်လင့်ချက်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်၊၊

ပုဟွေတွင် သေနတ်ရှိနေသဖြင့် သူတို့အနေဖြင့် ခုခံရန် မဖြစ်နိုင်တော့ချေ။ သေနတ်ထဲတွင် ကျည်ဆန်အနည်းငယ်သာ ရှိပြီး နေထိုင်သူ အများအပြား ရှိသော်လည်း မည်သူမျှအသေခံမည်မဟုတ်ချေ။

ထိုအချိန်တွင် ရှောင်ဖန်း၏အိမ်၌ယွမ်ချင်းမေနှင့် အခြားအမျိုးသမီးနှစ်ဦးသည် အဖွဲ့ထဲမှ စာများကို ကြည့်ရင်း သူတို့၏ မျက်နှာအမူအရာက အလွန် လေးနက်သွားသည်၊၊

အတော်ကြာပြီးနောက် ဖန်ချင်းယွီက စိုးရိမ်တကြီးဖြင့် အရင်ဆုံး ပြောလာ၏။

"အဘိုးကြီးရှောင်၊ ကျွန်မတို့ ဘာလုပ်ကြမလဲ"

ယွမ်ချင်းမေနှင့် ယွဲ့ဟွာတို့သည်လည်း စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ရှောင်ဖန်းကို ကြည့်လိုက်ကြသည်၊၊

သူတို့အားလုံး ပုဟွေ၏ နာမည်ဆိုးကို သိကြသည်၊၊ တကယ်လို့ ပုဟွေက သူတို့အိမ်တံခါးကို ဖျက်ဆီးပြီး ဝင်လာပါက မည်ကဲ့သို့သော ကံကြမ္မာနှင့် ရင်ဆိုင်ရမည်ကို ထိုအမျိုးသမီးသုံးဦး မတွေးရဲအောင် ဖြစ်နေ၏။

အမျိုးသမီးသုံးဦး၏ စိုးရိမ်နေသော မျက်နှာများကို ကြည့်ပြီး ရှောင်ဖန်းပြုံးလိုက်မိ၏။

"မလန့်ကြနဲ့။ ပုဟွေအထဲကို ဝင်လို့မရပါဘူး။ ငါ ရှိနေသရွေ့ သူ မင်းတို့ကို နာကျင်အောင် လုပ်လို့ရမှာ မဟုတ်ဘူး"

ရှောင်ဖန်းက ထိုသို့ ပြောသည်ကို ကြားရသဖြင့် အမျိုးသမီးသုံးဦး၏ စိတ်ထဲမှ ထိတ်လန့်မှုက နည်းနည်း လျော့နည်းသွား၏။

"ဒါပေမဲ့ ပုဟွေမှာ သေနတ်ရှိတယ်လေ"

ယွမ်ချင်းမေက စိတ်ပူစွာဖြင့် ပြောလာ၏၊၊

မဟာရှားနိုင်ငံသည်သေနတ်ကိုတင်းကျပ်စွာကန့်သတ်ထား၏။သာမန်လူအများစုသည် သူတို့တစ်သက်တွင် သေနတ်အစစ်က ဘယ်လိုပုံစံလဲဆိုတာကိုပင် မမြင်ဖူးကြချေ။

ပုဟွေ၏ လက်ထဲရှိ ပစ္စတိုအသေးလေးက သာမန်လူများအတွက်ခြိမ်းခြောက်မှု ဖြစ်စေ၏။

ရှောင်ဖန်းသည် သူ့ဘေးတွင် ထိုင်နေသော ယွမ်ချင်းမေ၏ ခေါင်းကိုအုပ်ကိုင်ရင်း ပြုံးလိုက်သည်၊၊

"သေနတ် ဟုတ်လား။ သူ အရင်ဆုံး အထဲဝင်နိုင်ဖို့ လိုတာပေါ့။ ဘာပဲဖြစ်ဖြစ် စိတ်မပူပါနဲ့။ စားစရာရှိတာ စား၊ သောက်စရာရှိတာ သောက်ကြ၊ ငါ အားလုံးကို ပြင်ဆင်ထားတယ်"

အမှန်တော့ ပုဟွေတွင် သေနတ်ရှိနေခြင်းကို ရှောင်ဖန်းလည်း အတော်လေး အံ့အားသင့်မိသည်၊၊

အကြောင်းမှာမူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များထဲတွင် ထိုကဲ့သို့သောအရာ မရှိခဲ့ခြင်းကြောင့် ဖြစ်၏။

သို့သော်လည်း ရှောင်ဖန်းက စိတ်မပူချေ၊၊ အဆိုးရွားဆုံး အခြေအနေက ပုဟွေသည် သူ့အသိုက်အမြုံလေးကို ရှာဖွေတွေ့ရှိပြီး သူ့ကို ပစ်မှတ်ထားလာခြင်းသာ ဖြစ်လိမ့်မည်၊၊

သူ ကြောက်မည် မဟုတ်ချေ၊၊ စနစ်စတိုးမှ လဲလှယ်ထားသော ပြုပြင်မွမ်းမံမှုစနစ်များဖြင့် ပြန်လည်ပြင်ဆင်ထားသော သူ့အိမ်၏ခိုင်ခံ့မှုကိုသူအသိဆုံးဖြစ်သည်။

အိမ်က ဝမ်ပေါင် ငွေအမြောက်အမြား အကုန်အကျခံ၍ ပြုပြင်ထားသောအိမ်ထက် ပိုမို ခိုင်ခံ့သည်၊၊ ပုဟွေအနေဖြင့် အထဲသို့ ဝင်ရောက်ရန် လုံးဝ မဖြစ်နိုင်ချေ။

ထို့အပြင် သူ့လက်ရှိ ကိုယ်ခန္ဓာ အရည်အသွေးက သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးထက် နှစ်ဆ ရှိနေပြီး စွမ်းရည်တစ်ခုပါ နိုးထထားပြီးဖြစ်သည်။ပုဟွေ၏ပစ္စတိုအသေးလေးကိုသူစိတ်ပင်မဝင်စားချေ။

အဆိုးဆုံး ဖြစ်လာပါက ပုဟွေကို သတ်လိုက်ပြီး ဝမ်ပေါင်ကိုပါ သွားသတ်ကာ ယခုနေရာတွင် အေးအေးဆေးဆေးနေရုံသာ ဖြစ်၏။

ဝမ်ပေါင်၏ ခိုလှုံရာအိမ်ကို အခြားလူများ မဖွင့်နိုင်ကြသော်လည်း ရှောင်ဖန်းက မဖွင့်နိုင်ဟု မဆိုလိုချေ။

သူ၏ဟင်းလင်းပြင် လက်ဝါး စွမ်းရည်က ထိုနေရာတွင် အလွန် အသုံးဝင်လှသည်၊၊

ထို့ကြောင့် ရှောင်ဖန်းသည် အနည်းငယ်မျှပင် စိတ်မပူချေ။

တစ်နာရီ ကြာပြီးနောက် မြေအောက်ကားပါကင်တွင် ဖြစ်၏။

အချို့သော နေထိုင်သူများသည် အစားအစာ အချို့ကို သယ်ဆောင်လျက် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြပြီ ဖြစ်သည်၊၊

ပုဟွေသည် စားပွဲတစ်ခုကိုပင် ဟန်ကိုယ်ဖို့ ချထားပြီး အစားအစာ လာအပ်သူများ၏ အမည်နှင့် အဆောက်အအုံ အချက်အလက်များကို မှတ်တမ်းတင်ရန် သူ့လူကို ခိုင်းထား၏။

သူသည် ထိုလူများကို နေ့တိုင်း သတ်မှတ်ထားသော အချိန်တွင် အစားအစာများ ပြန်လည် ခွဲဝေပေးမည်ဖြစ်ကြောင်းလည်း ပြောသည်၊၊

နောက်ဆုံးတွင်ပုဟွေသည် အစားအစာ အမြောက်အမြားကို စုဆောင်းရရှိသွား၏။

ထို့နောက် ပုဟွေက အစားအစာ အပ်နှံထားသူများသည် မနက်ဖြန် ထိုအချိန်တွင် မြေအောက်ကားပါကင်သို့ လာရောက်၍ အစားအစာ ထုတ်ယူနိုင်ကြောင်း အဖွဲ့ထဲတွင် ကြေညာလိုက်သည်၊၊

၎င်းသတင်းက အစားအစာ အပ်နှံထားသော နေထိုင်သူများကို အလွန် စိတ်လှုပ်ရှားသွားစေ၏။

"ငါပြောသားပဲ၊ အစ်ကိုပုက လူမှန်ပဲ။ သူက အစားအစာတွေကို စနစ်တကျ ခွဲဝေပေးဖို့ လူတိုင်းအတွက် တကယ် စဉ်းစားပေးတာ"

"ဟုတ်ပဟုတ်ပ၊ အစ်ကိုပု၊ ကျွန်တော်တို့ ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ဖို့က အစ်ကို့အပေါ်မှာပဲ မူတည်ပါတယ်"

ခဏမျှ အချိန်အတွင်းမှာပင် လူတစ်စုက အဖွဲ့ထဲတွင် ပုဟွေကို ဝိုင်းဝန်း မြှောက်ပင့်ကြတော့သည်၊၊

ထို့နောက် ပုဟွေက အဖွဲ့ထဲသို့ နောက်ထပ် စာတစ်စောင် ပို့ပြန်၏။

"ဒီနေ့ အစားအစာ လာမအပ်တဲ့လူတွေကတော့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက် ငါ မင်းတို့အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်ရှာမယ်။ အဲဒီအချိန်ကျရင်တော့ ငါ့ကို ရက်စက်တယ်လို့ မပြောနဲ့"

ပုဟွေက ထိုသို့ ပြောလိုက်သည်နှင့် အစားအစာ အပ်နှံထားသူများက လိုက်လံ၍ ထောက်ခံကြပြန်သည်၊၊

"ဟုတ်တယ်၊ ဒီလူတွေက အတ္တကြီးပြီး စည်းလုံးရမှန်း မသိဘူး။ အစ်ကိုပု၊ သူတို့ကို သနားမနေနဲ့။ သူတို့ကို သတ်ပြီး အစားအစာ အားလုံးကို လုယူလိုက်"

"ဟုတ်ပ၊ ဒီလူတွေက အသက်ရှင်ဖို့ မတန်ဘူး။ အတ္တကြီးလွန်းတယ်။ အစ်ကိုပု၊ သူတို့ကို သတ်လိုက်၊ ကျွန်တော် ထောက်ခံတယ်"

အစားအစာ အပ်နှံထားသော လူများသည် ဒေါသတကြီးဖြင့် ပုဟွေကို ထိုလူများကို သတ်ရန် မြှောက်ပင့်နေကြ၏။

အစားအစာက အနည်းငယ်သာ ရှိ‌သေးသည်၊၊ အချို့လူများ သေဆုံးသွားပါက ကျန်ရှိသူများ ရှင်သန်ရန် မျှော်လင့်ချက်က ပိုမို ကြီးမားလာမည် ဖြစ်၏။

ရှောင်ဖန်းသည် သူ့ဖုန်းမှ နေထိုင်သူများ၏ စာများကို ကြည့်ကာ လှောင်ပြောင်လိုက်သည်၊၊

"လူအတွေ"

၎င်းမှာကမ္ဘာပျက်ကပ်ဘေးကြီး ဖြစ်ပြီး အခက်အခဲဆုံးအချိန်တွင်‌ ပေါ်လာတတ်သောလူ့သဘာဝပင် ဖြစ်၏။

ပုဟွေ သူ့နေရာသို့ ပြန်ရောက်ပြီးနောက် လူမိုက်တစ်ဦးက သတိထားကာ မေးလိုက်သည်၊၊

"ဆရာ၊ ကျွန်တော်တို့ အဲဒီလူတွေကို အစားအစာ တကယ်ပဲ ခွဲဝေပေးမှာလား။ ကျွန်တော်တို့မှာ ရှိတဲ့ ရိက္ခာတွေက အိမ်ရာဝင်းထဲက လူအများကြီးအတွက် မလောက်ဘူးလေ။ ဒါ့အပြင် လူအတော်များများကလည်း သူတို့အတွက် ချန်ထားကြမှာ သေချာတယ်"

ပုဟွေသည် စကားပြောသော လူမိုက်ကို စောင်းငဲ့ကြည့်လိုက်သည်၊

၊ "မင်းက လူအပဲ။ ငါ သူတို့ကို အများကြီး ပေးမယ်လို့ ပြောလို့လား။ မနက်ဖြန်ကျရင် အစားအစာ လာအပ်တဲ့လူတွေကို ပေါင်မုန့် အတုံးသေးသေးလေး တစ်ဝက်စီပဲ ပေးလိုက်။ ပြီးမှ သူတို့အပ်တဲ့ အစားအစာတွေက မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်ကို သုံးပြီး နောက်ထပ် အတင်းအပ်ခိုင်းမယ်"

၎င်းကို ပြောပြီးနောက် သူသည် အစားအစာ လာအပ်သူများ၏ စာရင်းကို လိုက်လံကြည့်ရှုရာ မိသားစု အတော်များများ လာမအပ်သည်ကို တွေ့လိုက်ရ၏။ ၎င်းတို့အထဲတွင် အိမ်ရာဝင်းအတွင်းလူသိများသော အလှပဂေးများဖြစ်သည့် ယွမ်ချင်းမေ၊ ဖန်ချင်းယွီ၊ ယွဲ့ဟွာနှင့် ကျူချမ်းချမ်း တို့ ပါဝင်နေသည်၊၊

စာရင်းပေါ်သို့ သူ့လက်ချောင်းဖြင့် ထောက်လိုက်ပြီးနောက် ပုဟွေက သူ့ဘေးရှိ လူမိုက်ကို ပြောလိုက်သည်၊၊

"ပြင်ဆင်ထားလိုက်။ အရင်ဆုံး လူအချို့ကို ပြန်ပေးဆွဲကြစို့"

*********

All Chapters