အခန်း ၃၄
Vol. 4 Ch. 34
အခန်း (၃၄) ညှို့မှော်မယ် ကျူချမ်းချမ်း
မထွက်ခွာမီ ပုဟွေသည် အိမ်ပိုင်ရှင်များအဖွဲ့ထဲ၌ ယွမ်ချင်းမေ၊ ဖန်ချင်းယွီ၊ ယွဲ့ဟွာနှင့် ကျူချမ်းချမ်း တို့ကို တဂ်တွဲလိုက်၏။
သူကထိုလူနည်းစုသည် အစားအစာ လာရောက်မအပ်နှံသဖြင့် ယခုအခါ ၎င်းတို့၏ အိမ်တံခါးဝအထိ လာရောက်သိမ်းဆည်းတော့မည်ဖြစ်ကြောင်းနှင့် အသင့်ပြင်ထားကြရန် ပြောဆိုလိုက်သည်၊၊
အပြင်သို့ မထွက်မီ ပုဟွေသည် သူတို့ကို တစ်ယောက်ပြီးတစ်ယောက် တဂ်တွဲရန် ပြင်ဆင်လိုက်ရာ ပထမဆုံးအနေဖြင့် ယွဲ့ဟွာကို တဂ်တွဲလိုက်၏။
"ယွဲ့ဟွာ၊ မင်းရဲ့ အစ်ကိုကြီးက မင်းအိမ်ကို ရောက်တော့မယ်။ အသင့်ပြင်ထားလိုက်တော့"
ပုဟွေသည် လူတို့၏ စိတ်ပညာကို ကောင်းစွာ နားလည်ထားသူ ဖြစ်ရာ ဤကဲ့သို့သော ရောက်ရှိလာတော့မည့် ထိတ်လန့်ခြောက်ခြားမှုက အကြောက်စရာကောင်းဆုံး ဖြစ်ကြောင်းသိထား၍ထိုသို့ပြောခြင်းဖြစ်၏။
ပုဟွေသည် ထိုနည်းလမ်းကို သုံး၍ အလှပဂေးများ၏ စိတ်ဓာတ်ကို ရိုက်ချိုးကာ နောက်ပိုင်းတွင် သူတို့ကို ထိန်းချုပ်ကျွန်ပြုလိုခြင်း ဖြစ်သည်၊၊
သို့သော်လည်း ပုဟွေ မသိရှိသည်ကယွဲ့ဟွာသည် သူမ၏ နေအိမ်တွင် မရှိတော့ခြင်း ဖြစ်၏။
ရှောင်ဖန်းသည် ပုဟွေက အိမ်ပိုင်ရှင်များအဖွဲ့ထဲသို့ ပို့လိုက်သော စာများကို ကြည့်လိုက်ပြီးနောက် ပုဟွေက ဘာကြောင့် သူမတို့၏နာမည်အနည်းငယ်ကိုသာ ရွေးထုတ်ခေါ်ဆိုရတာလဲဟူသောအချက်ကို အမြန် ခွဲခြမ်းစိတ်ဖြာ၏။
ယွမ်ချင်းမေ၊ ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့က သူ့ထံတွင် ရောက်ရှိနေသဖြင့် နာမည်ခေါ်ခံရခြင်းက ပုံမှန်ပင် ဖြစ်သည်၊၊
သို့သော်လည်း ကျန်ရှိသော လူများထဲတွင် သူကကျူချမ်းချမ်းကိုပါခေါ်ထားပြီးချန်ကျားဟွီနှင့်ကျန်းမုံရုံတို့မပါခြင်းကစဉ်းစားစရာဖြစ်၏။
ချန်ကျားဟွီနှင့် ကျန်းမုန်းရုံတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားက ပုဟွေကို မဆွဲဆောင်နိုင်၍လား။
ပုဟွေကဲ့သို့သော လူစားမျိုးကသူတို့ကိုစိတ်မဝင်စားဘူးဆိုတာ မဖြစ်နိုင်ချေ၊၊ သူ စိတ်မဝင်စားလျှင်တောင် သူ့လက်အောက်ရှိ လူမိုက်များက စိတ်ဝင်စားကြလိမ့်မည်ဖြစ်သည်၊၊
ထို့ပြင် သူတို့ ရှိနေသည်ကို ပုဟွေ မသိရှိရန်လည်း မဖြစ်နိုင်ချေ၊၊ ဝမ်ပေါင်ပင် သိရှိပါက ပုဟွေကဲ့သို့သော လူက သေချာပေါက် သိရှိမည်ဖြစ်၏။
ထို့ကြောင့် ဖြစ်နိုင်ခြေ နှစ်ခုသာ ကျန်ရှိတော့သည်၊၊
ပုဟွေသည် ထိုအမျိုးသမီးနှစ်ဦးကို သတ်ပစ်လိုက်ပြီ သို့မဟုတ် သူတို့သည် ပုဟွေ၏ ဘေးနားသို့ ရောက်ရှိနေပြီ ဖြစ်၏။
ရှောင်ဖန်းသည် ထိုအမျိုးသမီးများ ပုဟွေနှင့်အတူ ရှိနေမည့် ဖြစ်နိုင်ခြေဘက်သို့ ပိုမို တွေးတောလိုက်၏။
ဖိအားပေးမှုကြောင့်ဖြစ်စေ သို့မဟုတ် အစားအစာကြောင့်ဖြစ်စေ ပုဟွေအနေဖြင့် အလှပဂေးများကို သတ်ပစ်ရန် နှမြောမှာ သေချာသည်၊၊
သို့ဆိုလျှင် သူသည် ကျူချမ်းချမ်းကို သွားရောက် ကယ်တင်သင့်သလားဟုကိုယ့်ဘာသာပြန်မေးလိုက်၏။
အကျိုးအမြတ်ကို ခဏမျှ ချိန်ဆပြီးနောက် ရှောင်ဖန်းသည် လှုပ်ရှားရန် ဆုံးဖြတ်လိုက်၏။
နောက်ထပ် သူမကို အောင်မြင်စွာ သိမ်းဆည်းနိုင်ပါက သူ့နေ့စဉ် ဆိုင်းအင်ဝင်ခြင်း ရမှတ်များက တိုးပွားလာမည် ဖြစ်သည်၊၊
နေ့စဉ်ရမှတ်များ ပိုမိုရရှိပါက သူ့ခွန်အားက ပိုမို မြန်ဆန်စွာ ကြီးထွားလာမည်ဖြစ်သည်၊၊
ကမ္ဘာပျက်ကပ်ဘေးကြီး အတွင်း၌အေးအေးဆေးဆေး နေထိုင်လိုပါကအာမခံချက်တစ်ခုအဖြစ်သူ့၌ခွန်အားအဆင့်အတန်း ရှိရန် လိုအပ်၏။ မဟုတ်ပါက တစ်နေ့တွင် မိမိ မဆန့်ကျင်နိုင်သော တည်ရှိမှုတစ်ခုနှင့် ကြုံတွေ့ရလျှင် မိမိပိုင်ဆိုင်သမျှ အားလုံးက ရေပူဖောင်းကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်၊၊
အချိန်ကြာလာသည်နှင့်အမျှ သိမ်းပိုက်ရရှိနိုင်မည့် ဤကဲ့သို့သော အဆင့်မြင့်အမျိုးသမီးများက ပိုမို နည်းပါးလာလိမ့်မည် ဖြစ်၏။
လူအများအပြားသည် ပြင်းထန်သော အအေးဒဏ်နှင့် ငတ်မွတ်မှုကြောင့် အသက်ဆုံးရှုံးသွားကြပြီ ဖြစ်ရာ ၎င်းတို့အထဲတွင် အဆင့်မြင့်အမျိုးသမီး အများအပြားလည်း ပါဝင်နေနိုင်သည်၊၊
ပြင်းထန်သောအအေးဒဏ်နှင့် ငတ်မွတ်မှုတွင်သဘာဝတရားကြီးက အမျိုးသမီးတစ်ဦး လှသည် မလှသည်ကို ဂရုစိုက်မည်မဟုတ်ချေ။
အချို့ ရှင်သန်နေဦးလျှင်တောင် အခြားလူများ၏ သိမ်းပိုက်ခြင်းကို ခံထားရလောက်ပြီ ဖြစ်၏။
ထို့ကြောင့် ရှောင်ဖန်းသည်အခွင့်အရေးကို လက်လွတ်မခံဘဲပထမဆုံးအနေဖြင့် ကျူချမ်းချမ်းထံသို့ ဖုန်းစာတိုတစ်စောင် ပို့လိုက်သည်၊၊
ထို့နောက် အနက်ရောင် အားကစားဝတ်စုံကို အမြန်လဲလှယ်ကာ အိမ်ရှိ အမျိုးသမီးများကို အကျိုးအကြောင်း အမြန်ပြောပြပြီးနောက် အိမ်မှ ထွက်ခွာခဲ့၏။
ရှောင်ဖန်းအနေဖြင့်အနွေးအကျီများမဝတ်ဆင်ရခြင်း အကြောင်းရင်းကမှာသူ့တွင်စွမ်းရည် နိုးထလာပြီးနောက် အအေးဒဏ် ခံနိုင်ရည်က အလွန် မြင့်မားလာပြီး၎င်းတို့ကို မဝတ်ဆင်လျှင်တောင် မအေးတော့ခြင်းကြောင့် ဖြစ်သည်၊၊
၎င်းအပြင် သူသည် ယခုတစ်ကြိမ် နှင်းထဲတွင် လှုပ်ရှားမည် မဟုတ်သဖြင့်သူ့တွင်ရှိသောအနွေးထည်များက အနက်ရောင် အားကစားဝတ်စုံထက် သူ့ကို ပိုမို ပေါ်လွင်စေနိုင်သောကြောင့်ဖြစ်၏။
ထိုအချိန်တွင် ကျူချမ်းချမ်း၏ အိမ်၌
အနက်ရောင် ကိုယ်ကျပ် သားရေ ဂါဝန်တိုနှင့် ဒူးဆစ်အထက်အထိ ရှည်သော အနက်ရောင် ဒေါက်မြင့်ဖိနပ်ရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကုလားထိုင်ပေါ်တွင် ခြေတင်လွှဲလျက် ထိုင်နေ၏။ပါးလွှာပြီး ဆွဲဆောင်မှုရှိသော အဝတ်အစားများက အခန်းတွင်းရှိ အအေးဒဏ်ကို ဂရုမစိုက်သကဲ့သို့ ရှိနေသည်၊၊
ခြေထောက်တစ်ဖက်ကို အသာအယာ လွှဲနေရင်း သူမသည် ဖုန်းထဲမှ စာများကို ကြည့်ကာ မထီမဲ့မြင် ပြုံးလိုက်၏။
"ဟွန်း၊ သူတို့ထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူး။ အားလုံးက ငါ့ခန္ဓာကိုယ်ကိုပဲ လိုချင်နေကြတာ။ မင်းတို့အားလုံး သေသင့်တယ်"
ထိုအမျိုးသမီးမှာ ကျူချမ်းချမ်းပင် ဖြစ်သည်၊၊အတိအကျ ပြောရလျှင် ၎င်းက စွမ်းရည် နိုးထလာပြီးနောက် အသွင်ပြောင်းလဲထားသော ကျူချမ်းချမ်း ဖြစ်၏။
ကျူချမ်းချမ်း နိုးထလာသော စွမ်းရည်မှာညှို့မှော်မယ်ဟုခေါ် သောစွမ်းရည်ဖြစ်သည်။
သူမ၏ အဓိက စွမ်းရည်မှာ ဆွဲဆောင်မှု ရှိလှသော ညှို့မှော်မယ်အဖြစ် အသွင်ပြောင်းလဲနိုင်ခြင်း ဖြစ်ပြီး ရန်သူများကို ညှို့ယူထိန်းချုပ်နိုင်ခြင်း ဖြစ်၏။
ကျူချမ်းချမ်းတွင်စွမ်းအင်နိုးထလာခြင်းမှာ သူမ၏ အဆောက်အအုံရှိ အမျိုးသားအချို့ကြောင့်ဖြစ်သည်။သူမအနေဖြင့်ထိုသူများကို ကျေးဇူးတင်ရမည် ဖြစ်သည်၊၊
ကမ္ဘာပျက်ကပ်ဘေးကြီး မတိုင်မီက ကျူချမ်းချမ်း၏ ဖခင်ဖြစ်သူ ကျူတာကျွန်းသည် ဇာတိမြေမှ သူမထံသို့ လာရောက်လည်ပတ်ခဲ့၏။
သမီးဖြစ်သူ မြို့ကြီးတွင် တစ်ယောက်တည်း ရုန်းကန်နေရသည်မှာ မလွယ်ကူကြောင်း စဉ်းစားကာ ကျူတာကျွန်းသည် လာရောက်စဉ်က အသားခြောက်များ၊ ဝက်အူချောင်းများနှင့် ကိုယ်တိုင်စိုက်ပျိုးထားသော ဆန်အမြောက်အမြားကို သယ်ဆောင်လာခဲ့ခြင်း ဖြစ်သည်၊၊
ကျူတာကျွန်း ရောက်ရှိလာပြီးနောက် ဒုတိယမြောက်နေ့တွင် ကမ္ဘာပျက်ကပ်ဘေးကြီး စတင်ခဲ့၏။ မူလကတော့ သူသည် ရာသီဥတု ကောင်းမွန်လာပါက ပြန်ပါမည်ဟု တွေးထားခြင်း ဖြစ်သည်၊၊
ရာသီဥတုက ပို၍အေးစက်လာလိမ့်မည်ဟု မည်သူမှထင်မှတ်မထားချေ။ ကံကောင်းထောက်မစွာဖြင့် ကျူတာကျွန်း သယ်ဆောင်လာသော ရိက္ခာများက သူမတို့သားအဖကိုငတ်မွတ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့၏။
သို့သော်လည်းထိုအရာကပင် ကျူတာကျွန်းနှင့် ကျူချမ်းချမ်းတို့ကို ပစ်မှတ် ဖြစ်လာစေခဲ့သည်၊၊
ကျူတာကျွန်း ရောက်ရှိလာစဉ်က သယ်ဆောင်လာသော ရိက္ခာအိတ်ကြီးများကို ကျူချမ်းချမ်း၏ အိမ်နီးနားချင်းများက မြင်တွေ့ခဲ့ကြခြင်း ဖြစ်၏။
ကျူတာကျွန်း သယ်လာသော ပစ္စည်းများသည် ပုံမှန်အချိန်များတွင် အရေးမပါသော်လည်း ကမ္ဘာပျက်ကပ်ဘေးကြီး အတွင်း၌ အိမ်နီးနားချင်းများက ချက်ချင်းပင် လောဘတက်လာကြတော့သည်၊၊
အစပိုင်းတွင် အစားအစာ ပြတ်လပ်နေသဖြင့် အိမ်နီးနားချင်းများက ကျူချမ်းချမ်းထံမှ အချို့ကို လာရောက်ချေးငှားခဲ့ကြ၏။
ကျူချမ်းချမ်းသည် အစက အများကြီး မတွေးဘဲ သူတို့ကို အချို့ မျှဝေပေးခဲ့သည်၊၊ အဘယ်ကြောင့်ဆိုသော် အပူချိန် ကျဆင်းမှုနှင့် နှင်းကျမှုက ထာဝရ ကြာမြင့်လိမ့်မည်ဟု သူမမမျှော်လင့်ထားခြင်းကြောင့် ဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ကျူချမ်းချမ်းသည် အခြေအနေ၏ ပြင်းထန်မှုကို သတိပြုမိလာတော့သည်၊၊ အိမ်နီးနားချင်းများ ထပ်မံ လာရောက်ချေးငှားသောအခါ သူမက ငြင်းပယ်လိုက်၏။
သို့သော်လည်း တစ်ညတွင် အနီးနားရှိ အခန်းများမှ အိမ်နီးနားချင်း အချို့က သူမ၏ အိမ်တံခါးကို ဖျက်ဆီးကာ အတင်းဝင်ရောက်လာကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
သူတို့သည် သူမတို့၏ ရိက္ခာများကို လုယူရုံတင်မကဘဲ အမျိုးသား အိမ်နီးနားချင်း အချို့က သူမအပေါ်ကိုပါ မသမာသော စိတ်ကူးများ ရှိလာကြသည်၊၊
ရမ္မက်ဇော လွှမ်းမိုးနေသော အရွယ်ရောက်ပြီး အမျိုးသား အများအပြားနှင့် ရင်ဆိုင်ရသဖြင့် ကျူချမ်းချမ်းသည် အလွန် စိတ်ပျက်အားငယ်သွားရ၏။
နောက်ဆုံးတွင် ထိုအမျိုးသားများ သူမအားစော်ကားရန် ပြင်ဆင်နေချိန်တွင်ဖခင်ဖြစ်သူ ကျူတာကျွန်းသည် ရုတ်တရက် ရှေ့သို့ ပြေးထွက်ကာ သူတို့နှင့် လုံးထွေး သတ်ပုတ်တော့သည်၊၊
သို့သော်လည်း အားနည်းသော အဘိုးအိုတစ်ဦးက အရွယ်ရောက်ပြီး အမျိုးသား အများအပြားကိုမယှဥ်နိုင်သဖြင့်မကြာမီ အချိန်အတွင်းမှာပင် ကျူတာကျွန်းသည် သူတို့၏ အရိုက်အနှက်ဒဏ်ကြောင့် သေဆုံးသွားခဲ့ရရှာ၏။
ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရသော ဖခင်ဖြစ်သူကို ကြည့်ရင်းနှင့် မိမိကိုယ်တိုင်လည်း အစော်ကားခံရတော့မည့် အခြေအနေကြောင့် ကျူချမ်းချမ်းသည် ဝမ်းနည်းခြင်းနှင့် ထိတ်လန့်ခြင်းများကို တစ်ပြိုင်နက် ခံစားလိုက်ရသည်၊၊
အမျိုးသားတစ်ဦး သူမအပေါ်သို့ အတင်းခုန်အုပ်ရန် ပြင်ဆင်လိုက်စဉ်မှာပင် ကျူချမ်းချမ်းသည် သူမ၏ ကိုယ်ခန္ဓာအတွင်းမှ အပိတ်အဆို့တစ်ခုခု ပွင့်ထွက်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
သူမ၏ ကိုယ်ခန္ဓာက ပုံမှန်မဟုတ်ဘဲ မတ်တတ်ရပ်လာပြီး သူမ သတိလစ်လုနီးပါး ဖြစ်သွားချိန်၌ သူမ၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်က ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့လိုက်ရသည်၊၊
ခဏချင်းပင် ကျူချမ်းချမ်းသည် လုံးဝ အသွင်ပြောင်းလဲသွားတော့၏။ သူမ၏ ကိုယ်ခန္ဓာ အချိုးအစားက ပိုမို ပြည့်စုံကာ ထင်ရှားလာပြီး အနက်ရောင် ကိုယ်ကျပ် ဂါဝန်တိုနှင့် ဂါတာကြိုးပါသော အနက်ရောင် ပေါင်လယ်အထိ ရှည်သော ဖိနပ်ရှည်ကို ဝတ်ဆင်ထားလျက် ရှိနေသည်၊၊
သူမ၏ မျက်နှာပေါ်တွင် ဆွဲဆောင်မှု ရှိလှသော မိတ်ကပ်များ ရှိနေပြီး သူမ၏ အစိတ်အပိုင်းတိုင်းက သေစေနိုင်သော ဆွဲဆောင်မှုများကို ထုတ်လွှတ်နေ၏။
ကျူချမ်းချမ်း၏ ရုတ်တရက် ပြောင်းလဲမှုက သူမကို အဓ္ဓမကျင့်ရန် ကြံစည်နေသော အမျိုးသားများကို ကြောက်ရွံ့မသွားစေဘဲ ၎င်းအစား သူတို့ကို ပို၍ပင် စိတ်လှုပ်ရှားသွားစေသည်၊၊
သူတို့၏ မျက်ဝန်းများက နီရဲလာပြီး ကျူချမ်းချမ်းသည် လူ့လောက၏ အကောင်းဆုံးသော အရသာတစ်ခုကဲ့သို့လူတိုင်းက ပိုင်ဆိုင်လိုလာကြ၏။
ထို့နောက် ထိုအမျိုးသားများသည် အချင်းချင်း ပြန်လည် တိုက်ခိုက်ကြတော့သည်၊၊ သူတို့သည်သားရဲတိရိစ္ဆာန်များကဲ့သို့ အော်ဟစ်ရင်း လုံးထွေးသတ်ပုတ်ကုန်ကြ၏။
နောက်ဆုံးတွင်ထိုအမျိုးသားများ အားလုံး အချင်းချင်း တိုက်ခိုက်ရင်း လဲကျသွားကြသည်၊၊
သို့သော်လည်း ကျူချမ်းချမ်းက သူတို့ကို မသတ်ပစ်ခဲ့ချေ၊၊ ၎င်းအစား သူမသည် သူတို့အားလုံးကို ကျွန်ပြုလိုက်ခြင်း ဖြစ်၏။
ယနေ့တွင်တော့ ထိုအိမ်ရာဝင်းထဲမှ ပုဟွေ ဟု ခေါ်သော အမျိုးသားက သူမအပေါ် လှုပ်ရှားလိုနေသည်၊၊
ထို့ပြင် ရှောင်ဖန်း ဟု ခေါ်သော လုံခြုံရေးဝန်ထမ်း တစ်ဦးထံမှလည်း သူမကို အိမ်တွင် စောင့်ဆိုင်းနေရန်နှင့် သူမကို ဘေးကင်းသော နေရာသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဖုန်းစာတိုတစ်စောင် ရောက်ရှိလာ၏။
ကျူချမ်းချမ်း မတ်တတ်ရပ်လိုက်ပြီး သူမ၏ လျှာဖြင့် နီရဲသော နှုတ်ခမ်းများကို သပ်လိုက်သည်၊၊
"ဒီသောက်အမျိုးသားတွေ၊ ငါ မင်းတို့ကို ဘယ်လို ကစားပြီး သတ်ပစ်မလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့"
ထို့နောက် သူမလက်ထဲရှိ နှင်တံရှည်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ ဘေးနားတွင် ဒူးထောက်နေသော အမျိုးသားများ၏ ကျောပြင်ကို ရိုက်ခတ်သွား၏။ အရိုက်ခံလိုက်ရသော အမျိုးသားများ၏ မျက်ဝန်းထဲတွင် နီရဲသော အလင်းတန်းများ ပေါ်လာပြီး သူတို့သည် ဦးချကာ မတ်တတ်ရပ်လိုက်ကြပြီးနောက် တံခါးပြင်ပသို့ ထွက်ခွာလျက် ကျူချမ်းချမ်း၏ အိမ်မှ ထွက်သွားကြတော့သည်၊၊
*********