← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း (၃၇) ကျွန်ပြုခံရခြင်း

မကြာမီ ဝမ်ပေါင်သည် ကျူချမ်းချမ်းနှင့် ဗီဒီယိုကော ချိတ်ဆက်မိသွား၏။

ကျူချမ်းချမ်းသည် သူမ၏ ဖုန်းကို မြှောက်ကာ လျှောက်လမ်းပတ်ပတ်လည်သို့ ကင်မရာ လှည့်ပြလိုက်၏။

ဝမ်ပေါင်သည် စခရင်ကိုအသေးစိတ်မျက်ခြည်မပြတ်ကြည့်ရှုလိုက်၏။

ထို့နောက်ကင်မရာကို ပတ်ပတ်လည် အနည်းငယ် ဖြည်းညှင်းစွာ ထပ်မံ လှည့်ပြခိုင်းပြီးနောက်တွင်မှဝမ်ပေါင်သည် သူမ၏ နောက်ကွယ်၌ မည်သူမျှ ပါမလာကြောင်း နောက်ဆုံးတွင် ယုံကြည်သွားတော့၏။

ထိုအခါမှသာ တံခါးကို သတိကြီးစွာဖြင့် အနည်းငယ် ဟလိုက်ပြီး ကျူချမ်းချမ်းကို အထဲသို့ ဆွဲသွင်းကာ တံခါးကို အလျင်အမြန် ပြန်ပိတ်လိုက်၏။

ထို့နောက် ဓားမြှောင်တစ်စင်းဖြင့် ကျူချမ်းချမ်း၏ လည်ပင်းကို ချိန်ရွယ်လိုက်၏။

ထိုအချိန်တွင် ဝမ်ပေါင်သည် စိတ်လှုပ်ရှားခြင်းနှင့်အတူ ရင်တုန်ပန်းတုန် ဖြစ်နေ၏။

သူ ရင်တုန်ရခြင်းမှာ အပြင်ဘက်တွင် မည်သူမျှမရှိကြောင်း ထပ်ခါတလဲလဲ အတည်ပြုခဲ့သော်လည်း တံခါးဖွင့်ခြင်းသည် အန္တရာယ် အလွန်များသော လုပ်ရပ် ဖြစ်သောကြောင့် ဖြစ်၏။

သူ စိတ်လှုပ်ရှားရခြင်းမှာမူ သူ့ရှေ့တွင် ရှိနေသော အလှပဂေးကို ယခုအခါသူ့စိတ်ကြိုက်ကစားရ‌တော့မည် ဖြစ်သောကြောင့် ဖြစ်၏။

သို့သော်လည်း ကျူချမ်းချမ်းတွင် သူ့ကို ခြိမ်းခြောက်နိုင်သော လက်နက်ပါမလာကြောင်း နောက်ဆုံးအဆင့်အနေဖြင့် ထပ်မံ စစ်ဆေးရန် လိုအပ်သေး၏။

"အလှလေး... ငါ့အိမ်က အရမ်းနွေးတယ်၊ နင် ဒီလောက် အကျီအထပ်ထပ် ဝတ်ထားဖို့ မလိုပါဘူး၊ လာပါ... နင့်အကျီတွေကို ဖြည်းဖြည်းချင်း ချွတ်လိုက်စမ်း"

ဝမ်ပေါင်သည် တဏှာရာဂစိတ်ဖြင့် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း တံတွေးကို အငမ်းမရ မြိုချလိုက်၏။

ကျူချမ်းချမ်း၏ မျက်ဝန်းထဲ၌ သတိမထားမိနိုင်သော စက်ဆုပ်ရွံရှာမှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

"အစ်ကိုဝမ်က တကယ်ကို သတိကြီးတာပဲနော်"

ထိုသို့ပြောပြီး ကျူချမ်းချမ်းသည် သူမ၏ ထူထဲသော အကျီပွကြီးကို ဖြည်းဖြည်းချင်း ချွတ်လိုက်၏။

ထိုအကျီကို ချွတ်လိုက်ပြီးနောက်တွင် ကျူချမ်းချမ်းသည် ကိုယ်ကျပ်အကျီကို ဝတ်ဆင်ထားသဖြင့် သူမ၏ ကောက်ကြောင်းအလှ အပြည့်ရှိသော ခန္ဓာကိုယ် အချိုးအစားကို လုံးဝ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

ဝမ်ပေါင်သည် ထိုမြင်ကွင်းကို ကြည့်ရင်း သွားရည်ကျမတတ် ဖြစ်သွားရ၏။

ကျူချမ်းချမ်း၏ ကိုယ်လုံးကိုယ်ပေါက်က ယခုကဲ့သို့ အမိုက်စား ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။ သူ တကယ်ကို ကံထူးသွားချေပြီ။

ဝမ်ပေါင် တံတွေးကို အတင်းမြိုချရင်း ပြောလိုက်၏။

"ငါက နင့်ကို မယုံလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီလို ကမ္ဘာပျက်ကပ်ထဲမှာ လူတွေရဲ့ စိတ်က ခန့်မှန်းရခက်တယ်လေ"

ထိုသို့ပြောပြီး ဝမ်ပေါင်သည် ကြိုးတစ်ချောင်းကို ထုတ်ကာ ကျူချမ်းချမ်းထံ ပစ်ပေးလိုက်၏။

"ဒီကြိုးနဲ့ နင့်ခြေထောက်တွေကို နင့်ဘာသာနင် တုပ်နှောင်လိုက်"

ကျူချမ်းချမ်းသည် လက်ထဲရှိ ကြိုးကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် ညွှန်ကြားသည့်အတိုင်း သူမ၏ ခြေထောက်များကို တုပ်နှောင်လိုက်၏။

"ချမ်းချမ်း... ငါတို့ အတူတူ နေသွားလို့ အချိန်နည်းနည်း ကြာသွားရင် ငါ နင့်ကို ဒီလို ဆက်ဆံတော့မှာ မဟုတ်ပါဘူး"

ကျူချမ်းချမ်းသည် ခြေထောက်များကို တုပ်နှောင်ပြီးနောက် သူ့ကို အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ကြည့်နေသည်ကို မြင်သောအခါ ဝမ်ပေါင်သည် စိတ်ကို ဆက်မထိန်းနိုင်တော့ပေ။

သူ၏ဓားမြှောင်ကို ဘေးသို့ ပစ်ချလိုက်ပြီးကျူချမ်းချမ်းထံသို့ ခုန်အုပ်လိုက်တော့၏။

ဝမ်ပေါင် သူမကို ထိခါနီး ဆဲဆဲမှာပင် ကျူချမ်းချမ်း၏ ရုပ်သွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။

ခဏချင်းမှာပင် ကိုယ်ကျပ်အကျီ ဝတ်ထားသော ကျူချမ်းချမ်း၏ မျက်နှာပေါ်၌ အလွန် ညှို့ဓာတ်ပြင်းသော မိတ်ကပ်များ ရောက်ရှိလာ၏။

သူမ၏ ဝတ်စုံသည်လည်း ကြိုးသိုင်းပါသော ခြေအိတ်ရှည် အနက်ရောင်နှင့် တွဲဖက်ထားသည့် ကျပ်ထုပ်နေသော သားရေစကတ်တို အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး လက်ထဲတွင်လည်း သားရေကြာပွတ် အနက်ရောင်တစ်ချောင်းကို ကိုင်ဆောင်ထား၏။

ဝမ်ပေါင်သည် ရုတ်တရက် ပြောင်းလဲမှုကြောင့် လန့်ဖျတ်သွား၏။ ကျူချမ်းချမ်းသည် ပိုမို ဆွဲဆောင်မှု ရှိလာသည်တိုင် ဝမ်ပေါင်သည် ဂရုမစိုက်နိုင်တော့ဘဲ ဓားမြှောင်ရှိရာသို့ပြန်လှည့် ပြေး‌တော့၏။

သို့သော်လည်း ဝမ်ပေါင်သည် ဓားမြှောင်ကို လှမ်းအဆွဲတွင် သူ၏ မျက်ဝန်းများထဲ၌ နီမြန်းသော အလင်းတန်းများ ထွက်ပေါ်လာခဲ့၏။

ထို့နောက် သူသည် ရုပ်သေးရုပ်ကဲ့သို့ တောင့်တောင့်ကြီး ပြန်လှည့်လာပြီး ကျူချမ်းချမ်း၏ ခြေရင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းကာ ဒူးထောက်ချလိုက်၏။

ကျူချမ်းချမ်းသည် သူမ၏ ခြေရင်း၌ ဒူးထောက်နေသော ဝမ်ပေါင်ကို အထင်သေးစွာ တစ်ချက် ကြည့်လိုက်ပြီး သူ၏ ခေါင်းကို ခြေထောက်ဖြင့်ဖြင့်ကန်ချလိုက်၏။

"နင့်လို အမှိုက်ကောင်က ....ငါ့ကို ပိုင်ဆိုင်ချင်တယ် ဟုတ်လား၊ နင့်ရဲ့ အပြုအမူတွေက ငါ့ကို ပျို့အန်ချင်အောင် လုပ်နေတာပဲ"

ထိုသို့ပြောပြီးနောက် သူမ၏လက်ထဲမှ ကြာပွတ်ဖြင့် ဝမ်ပေါင်၏ ကျောပြင်ကို အားဖြင့်လွှဲ၍ ရိုက်နှက်လိုက်၏။

"အား"

ဝမ်ပေါင်သည် ကျူချမ်းချမ်း၏ ကျွန်ပြု ထိန်းချုပ်ခံထားရသော်လည်း နာကျင်မှုကို ခံစားနေရဖြစ်၏။

ထိုကြာပွတ် တစ်ချက်ကြောင့် ဝမ်ပေါင်မှာငယ်သံပါအောင် အော်လိုက်၏။

"ဟားဟားဟား... ဒါတင် မကသေးဘူး"

ကျူချမ်းချမ်းသည် ရူးသွပ်စွာ ရယ်မောရင်း ကြာပွတ်ကို အထက်အောက် လွှဲကာ ဝမ်ပေါင်ကို တရစပ် ရိုက်နှက်တော့၏။

"အား" "အား" "အား"

ခဏမျှ တခန်းလုံးတွင် ဝမ်ပေါင်၏ ခန္ဓာကိုယ်ကို ကြာပွတ်ဖြင့် ရိုက်ခတ်သံများနှင့် သူ၏ အော်ဟစ်ညည်းတွားသံများသာ ဆူညံနေတော့၏။

အချိန်အတော်ကြာပြီးနောက် ကျူချမ်းချမ်းသည် ထိုင်ခုံတစ်ခုပေါ်တွင် ခြေထောက်ချိတ်ထိုင်ကာ သူမ၏ ရှေ့တွင် ကုန်းကုန်းကွကွ ဖြစ်နေသော ဝမ်ပေါင်ကို ရှုပ်ထွေးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

"နင့်လို နှာဘူး ရုပ်ဆိုးကောင်မှာ အာကာသ စွမ်းအား ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး၊ ဒါက စွမ်းအား အမျိုးအစားတစ်ခုလို့ သတ်မှတ်လို့ ရတာပေါ့"

"နင့်မှာ အာကာသ စွမ်းအား ရှိနေတဲ့အတွက် နင် အသက်ရှင်နေလို့ ရတယ်၊ ပြီးတော့ ငါ့ရဲ့ ရေရှည် အစေခံ လုပ်ရမယ်၊ ငါ့ရဲ့ ပစ္စည်းသိုလှောင်တဲ့ ဂိုဒေါင် ဖြစ်ရမယ်"

"ကဲ... အခု ဒီအခန်းထဲကနေ ထွက်သွားတော့"

"ဟုတ်ကဲ့... သခင်"

ဝမ်ပေါင်သည် ကြမ်းပြင်ပေါ်တွင် ခေါင်းတိုက်ကာ အရိုအ‌သေပြုပြီးနောက်အတင်းရုန်းထကာတံခါးကို ဖွင့်၍ သူ၏ ဘေးကင်းလုံခြုံသောအိမ်ထဲမှ ထွက်ခွာသွားတော့၏။

ဝမ်ပေါင်၏ အိမ်သည် တိုက်အဆောက်အအုံ၏ အပေါ်ဆုံးအလွှာတွင် ရှိ၏။ ဤအလွှာရှိ အခြား အခန်းများကိုမူ ပုဟွေနှင့် သူ၏ လူများက လူရှင်းထားခဲ့သည်မှာ ကြာပြီ ဖြစ်၏။

ဝမ်ပေါင်၏ အိမ်နှင့် ကပ်လျက် ရှိသော အခန်းနှစ်ခန်းမှာ ယခုအခါ ပုဟွေနှင့် သူ၏ လက်အောက်ခံ အသစ်များ နေထိုင်ရာနေရာ ဖြစ်နေ၏။

ဘယ်လိုပဲဖြစ်ဖြစ် ပုဟွေ အပါအဝင် သူ့လူများသည်လည်း ဝမ်ပေါင်ကဲ့သို့ပင် ကျူချမ်းချမ်း၏ကျွန်ပြုခြင်းကိုခံထားရပြီးဖြစ်ကာ သူမ၏ အစေခံများ ဖြစ်နေကြပြီ ဖြစ်၏။

လက်ရှိတွင် ကျူချမ်းချမ်း၏ စွမ်းအားအရ သူမသည် အများဆုံး လူဆယ်ယောက်ကိုသာ ရေရှည် အစေခံအဖြစ် ထိန်းချုပ်ထားနိုင်၏။

ဝမ်ပေါင် အပါအဝင်ဆိုလျှင် ကွက်တိ လူဆယ်ယောက် ပြည့်သွားပြီ ဖြစ်၏။

ဝမ်ပေါင် ထွက်ခွာသွားပြီးနောက် ကျူချမ်းချမ်းသည် မတ်တတ်ရပ်ကာ ပျင်းကြောဆန့်လိုက်ရာ သူမ၏ ရုပ်သွင်သည် သာမန်လူတစ်ယောက်ကဲ့သို့ ပြန်လည် ပြောင်းလဲသွား၏။

"ဟားဟား... မိုက်တယ်... နောက်ဆုံးတော့ ငါ့မှာ နွေးထွေးပြီး သက်တောင့်သက်သာ ရှိတဲ့ နေရာတစ်ခု ရပြီ"

သူမသည် စွမ်းအား နိုးထလာပြီးနောက် အအေးဒဏ် ခံနိုင်ရည် တိုးတက်လာခဲ့သော်လည်း နွေးထွေးပြီး သက်တောင့်သက်သာ ရှိသော နေရာများကို လိုအပ်နေသေး၏။

ကျူချမ်းချမ်းသည် မှန်ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားကာ မှန်ထဲရှိ သူမ၏ ပြည့်စုံသော ခန္ဓာကိုယ်ကို ကြည့်ရင်း ရင်ခုန် စိတ်လှုပ်ရှားမိသွား၏။

"ဒီလောက် ပြည့်စုံတဲ့ ခန္ဓာကိုယ်ကို နောင်ကျရင် ဘယ်သူက ခံစားခွင့် ရမလဲ မသိဘူး၊ ဒါပေမဲ့ ငါကတော့ အင်အားကြီးပြီး ရုပ်ချောတဲ့ အမျိုးသားတစ်ယောက်ကိုပဲ ရှာရမယ်"

ကျူချမ်းချမ်းသည် မိမိဘာသာ ရေရွတ်လိုက်ရင်းအိမ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီးနောက် ဝမ်ပေါင် ကလေးသေးခံများ၊အမျိုးသမီးသုံး ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကြီးမားပြီး အိစက်သော ဆိုဖာပေါ်တွင် မှီထိုင်လိုက်ရင်း ရှောင်ဖန်းနှင့် ဆုံတွေ့ခဲ့ရသော နေ့ကို ပြန်တွေးမိသွား၏။

"ဒီလုံခြုံရေးဝန်ထမ်း ဦးလေးရှောင်ကထူးဆန်းနေသလိုပဲ။ ဘာလို့ သူ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အဘိုးကြီးတစ်ယောက်နဲ့ မတူဘူးလို့ ငါ ခံစားနေရတာလဲ၊ သူက အမှန်တကယ် ဘယ်သူလဲ၊ ပြီးတော့ သူလည်း စွမ်းအား နိုးထထားတာ ထင်တယ်"

ကျူချမ်းချမ်းသည် ဆိုဖာပေါ်တွင် မှောက်လျက် နေကာ မေးစေ့ကို လက်ဖြင့် ထောက်ပြီး ဖြူဖွေးသော ခြေထောက်များကို အထက်အောက် လွှဲယမ်းနေသည်မှာ အပြစ်ကင်းစင်ပြီး အန္တရာယ်မရှိသော မိန်းကလေးငယ်တစ်ဦးဖြစ်၏။

"ထားလိုက်ပါတော့... မနက်ဖြန်ကစပြီး ပုဟွေကို တစ်ရပ်ကွက်လုံးက လူတွေရဲ့ အိမ်တွေကို ရှင်းခိုင်းပြီး မြေအောက်ကားပါကင်မှာ စုဝေးခိုင်းရမယ်"

"ဒီလို အချိန်ကျရင် ဦးလေးရှောင်က အမှန်တကယ် ဘယ်လိုလူလဲဆိုတာ ငါ သိရတာပေါ့"

နောက်တစ်နေ့။

အိမ်ပိုင်ရှင်များ အုပ်စုထဲ၌ ပုဟွေက မက်ဆေ့တစ်ခုပို့လာ၏။

သူသည် နေထိုင်သူ အားလုံးကို ၎င်းတို့၏ အိပ်ရာလိပ်များနှင့် နေ့စဉ်သုံး ပစ္စည်းများကို ယူဆောင်ကာ မြေအောက်ကားပါကင်၌ စုဝေးရန် အမိန့်ပေးထားပြီး အားလုံး မြေအောက်ကားပါကင်သို့ ပြောင်းရွှေ့ နေထိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထား၏။

ထိုသတင်းသည် ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေပြီး နေထိုင်သူ များ ကချက်ချင်း ငြင်းပယ်ကြ၏။

"ပုဟွေ... မင်း ဒါ ငါတို့ကို သေတွင်းထဲ တွန်းပို့နေတာ မဟုတ်ဘူးလား"

"ဟုတ်တယ်... အပြင်မှာ အရမ်းအေးနေတာကို ငါတို့ကို အပြင်ထွက်ခိုင်းတာ သေခိုင်းတာ မဟုတ်ရင် ဘာလဲ"

"ငါတို့လုံးဝသဘောမတူဘူး"

အသက်ရှင်ကျန်ရစ်သူ အများစုက သဘောမတူကြသော်လည်း အချို့ကမူ ကွဲပြားသော သဘောထားများကို ဖော်ပြကြ၏။

"တကယ်တော့ မြေအောက်ကားပါကင်ကလည်း မဆိုးပါဘူး၊ အခု ငါတို့ အိမ်တွေထက်စာရင် နည်းနည်း ပိုနွေးသေးတယ်"

"ဟုတ်တယ်... နှင်းတွေ အများကြီး ကျလို့ မြေအောက်ကားပါကင်ရဲ့ အဝင်အထွက် ပိတ်နေတာ၊ အဲဒါကို နည်းနည်း ပြုပြင်လိုက်ရင် ငါတို့ အိမ်တွေထက် ပိုနွေးမှာပါ"

အဆုံး၌ ပုဟွေက နောက်ထပ် မက်ဆေ့တစ်ခု ပို့လိုက်ပြန်၏။ အကယ်၍ ယနေ့အတွင်း မပြောင်းရွှေ့ပါက မနက်ဖြန်မှစ၍ သူသည် တစ်အိမ်တက်ဆင်း လိုက်လံ နှင်ထုတ်တော့မည် ဖြစ်ပြီး ထိုအချိန်ကျမှ သူ့ကို ရက်စက်သည်ဟု အပြစ်မတင်ရန် ဖော်ပြထား၏။

ရှောင်ဖန်းသည် မက်ဆေ့ကို မြင်သောအခါ သူသည် မကြာမီ ပုဟွေနှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် ဖြစ်ကြောင်း သိလိုက်၏။

သို့သော်လည်းရှောင်ဖန်းသည် ပုဟွေက ကျူချမ်းချမ်း၏ ထိန်းချုပ်မှုကို ခံထားရပြီး ဖြစ်ကြောင်းနှင့် သူ နောက်ဆုံး ရင်ဆိုင်ရမည့်သူမှစွမ်းအား နိုးထထားသော အလှပဂေး ကျူချမ်းချမ်း ဖြစ်နေသည်ကိုမူ ယခုအချိန်အထိ မသိရှိသေးပေ။

*********

All Chapters