← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) စွမ်းအားရှင်အဖြစ် နိုးထလာခြင်း

အဆောက်အအုံ (၁၂) ကိုးလွှာရှိ အခန်း (၂) တွင် ဖြစ်၏။

ဝမ်ရှီးသည် မှန်ထဲ၌ မိမိကိုယ်ကိုယ် ပြန်ကြည့်နေသည်။ သူမသည် အလွန် ပိန်လှီသွားသဖြင့် ရုတ်တရက် ကြည့်လျှင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေသော်လည်း မျက်နှာထက်တွင်မူ ကျေနပ်သော အပြုံးတစ်ခု ရှိနေ၏။

"ဟားဟား... နောက်ဆုံးတော့ ငါပိန်သွားပြီပဲ။ ရာသီဥတု နည်းနည်း ပူလာတာနဲ့ လှပတဲ့ ဂါဝန်တိုတွေ ဝယ်ဝတ်ပြီး စိတ်ကြိုက် လျှောက်သွားဦးမယ်။ အဲ့ဒီ ပုစွန်ဦးနှောက် ယောက်ျားတွေ ကြည့်ရုံပဲ ကြည့်ခွင့်ရှိပြီး ထိခွင့်မရအောင် လုပ်ပစ်မယ်။ ပြီးတော့ ချမ်းသာပြီး ချော‌မောတဲ့ ရည်းစားတစ်ယောက်လည်း ရှာရမယ်"

ဝမ်ရှီးသည် ဝမ်ပေါင်ထံမှ ခေါက်ဆွဲခြောက် ဆယ်ထုပ်ကို လိမ်လည် ယူငင်ခဲ့သော မိန်းကလေး ဖြစ်၏။

သူမသည် အစားအသောက် အလွန် မက်သူဖြစ်ပြီးသူမ၏ အိမ် မုန့်မျိုးစုံ စုဆောင်းထားသဖြင့်သာ ယခုအချိန်အထိ အသက်ရှင်နေခြင်း ဖြစ်၏။

သို့သော် ယခုအချိန်၌ သူမတွင်ရိက္ခာ များများစားစား မရှိတော့ပေ။ ခြစ်ခြုတ်စားလျှင်ပင် နောက်ထပ် တစ်လခန့်သာ အောင့်ခံနိုင်မည်ဟု သူမ ခန့်မှန်းထားသည်။

ဝမ်ရှီးကအအေးလှိုင်းသည်နောက် တစ်လအတွင်း ပြီးဆုံးသွားမည်ထင်မှတ်ထား၏။

ပုဟွေနှင့် သူ၏ လူမိုက်ဂိုဏ်းကိုလည်း ဝမ်ရှီးကမကြောက်ပေ။

အကြောင်းမှာ မဟာရှားနိုင်ငံအတွင်း မည်သူမျှ သေနတ် မကိုင်ဆောင်နိုင်ဟု သူမယုံကြည်နေခြင်းဖြစ်ပြီး ယခင်က ပုဟွေ တင်ခဲ့သော ဗီဒီယိုများသည်လည်း လူကြောက်အောင် လုပ်ထားသည့် အတုအယောင်များသာ ဖြစ်သည်ဟု သူမ ထင်မှတ်နေခြင်းဖြစ်သည်။

ယခုအချိန်တွင် ရဲစခန်း ဖုန်းလိုင်းများ မရသေးသော်လည်း ရာသီဥတု ပြန်ကောင်းလာ၍ ဖုန်းလိုင်းများ အဆင်ပြေသည်နှင့် ရဲတိုင်မည်ဟု ဝမ်ရှီး ဆုံးဖြတ်ထား၏။သူမသည် ထိုလူမိုက်များကို အဖမ်းခံရအောင် လုပ်မည် ဖြစ်သည်။

အထူးသဖြင့် လွန်ခဲ့သော ရက်ပိုင်းက ရိက္ခာများ အတင်းအဓမ္မ တောင်းခံခဲ့ခြင်းနှင့် ယခုရက်ပိုင်းတွင် လူတိုင်းကို မြေအောက် ကားပါကင်သို့ ရွှေ့ပြောင်းခိုင်းနေခြင်းများအတွက် ဖြစ်၏။

ဝမ်ရှီးသည် အိမ်ပိုင်ရှင်များ အုပ်စုထဲရှိ စကားပြောမှတ်တမ်းအားလုံးကို သက်သေအဖြစ်ကူးယူ သိမ်းဆည်းထားပြီး ဖြစ်သည်။

ထိုအချက်ကို တွေးမိသောအခါ ဝမ်ရှီးသည် မိမိကိုယ်ကိုယ်အလွန် ဉာဏ်ကောင်းပြီး လှပသည့် မိန်းကလေးတစ်ဦး ဖြစ်သည်ဟုခံစားရပြီး ယုံကြည်ချက်များ ပြည့်နှက်နေသည်။

ဝမ်ရှီးတစ်ယောက် မိမိကိုယ်ကိုယ် သဘောကျနေစဉ်မှာပင် ရုတ်တရက် ဝရံတာ ပြတင်းပေါက်ဆီမှ တောက်တောက်တောက်နှင့် ခေါက်သံတစ်ခု ထွက်ပေါ်လာ၏။

ဝမ်ရှီး လန့်ဖျတ်သွားပြီး တုန်ရီသောအသံဖြင့် မေးလိုက်သည်။

"ဘယ်သူလဲ... အပြင်မှာ ဘယ်သူရှိတာလဲ"

ဝရံတာ မှန်ချပ်တွင် ထူထပ်သော နှင်းခဲများ ဖုံးလွှမ်းနေသော်လည်း အပြင်ဘက်တွင် အရိပ်မည်းတစ်ခု လှုပ်ရှားနေသည်ကို ဝမ်ရှီး မြင်လိုက်ရသည်။

ဝမ်ရှီး၏ အသံကို ကြားသွား၍ ဖြစ်နိုင်သည်၊ ထိုအရိပ်မည်းသည် ငြိမ်သက်သွားပြီး မလှုပ်မယှက် ရှိနေ၏။

ဝမ်ရှီးက မည်သည့်အရာ ဖြစ်ကြောင်း ကြည့်ရန် ရှေ့သို့ တိုးသွားမည် အလုပ်တွင်ပင်

"ခွမ်း..."

ဝရံတာ မှန်ချပ်သည် အပြင်ဘက်ရှိ အရိပ်မည်း၏ ရိုက်ခွဲခြင်းကို ခံလိုက်ရ၏။

ခြေလက် ရှည်လျားပြီး လည်ပင်းတွင် ကြီးမားသော ဒဏ်ရာကြီး ရှိနေသည့် ထူးဆန်းသောသတ္တဝါကြီးတစ်ကောင်သည် ဝရံတာမှတစ်ဆင့် အခန်းတွင်းသို့ တွားသွား ဝင်ရောက်လာသည်။

"အား..."

ဝမ်ရှီးသည် စူးစူးဝါးဝါး အော်ဟစ်ရင်း ကြမ်းပြင်ပေါ်သို့ လဲကျသွား၏။ သူမသည် ထွက်ပြေးချင်သော်လည်း တုန်ရီနေသော ခြေထောက်များကမူ ဦးနှောက်၏ အမိန့်ကို လုံးဝ မနာခံတော့ပေ။

"ဟား..."

ထူးဆန်းသောသတ္တဝါကြီးသည် ဝမ်ရှီး၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီးမျက်နှာသို့လေဖြင့် မှုတ်ထုတ်လိုက်၏။

ပြင်းထန်လှသော အပုပ်နံ့ကြောင့် ဝမ်ရှီးတစ်ယောက် မူးမေ့လုနီးပါး ဖြစ်သွားသည်။

သူမသည် ကြောက်စိတ်ကိုထိန်းရင်းတုန်ရီစွာ ပြောလိုက်၏။

"အိမ်မှာ စားစရာတွေ ရှိပါသေးတယ်။ ကျွန်မကို မထိခိုက်ပါနဲ့"

"ဟဲဟဲ... မင်းအိမ်မှာ စားစရာရှိတာ ငါသိတာပေါ့၊ ငါမြင်ပြီးသား"

သတ္တဝါကြီးသည် ဝမ်ရှီးကို သားကောင်တစ်ကောင်ကဲ့သို့ စိုက်ကြည့်နေ၏။

သတ္တဝါကြီး၏ အက်ကွဲ ရှည်လျားသောအသံနှင့် စိုက်ကြည့်နေသော ပုံစံကြောင့် ဝမ်ရှီး၏ ကျောပြင်တစ်ခုလုံး စိမ့်တက်သွားသည်။

သတ္တဝါကြီး ပြောသော စားစရာဟူသည့် အဓိပ္ပာယ်ကို သူမ ရုတ်တရက် နားလည်သွား၏။၎င်းက သူမကို စားချင်နေခြင်း ဖြစ်သည်။

ဝမ်ရှီးသည် မိမိ၏ ပေါင်နှင့်တင်ပါးတစ်ဝိုက်ပူနွေးသွားသည်ကို ခံစားလိုက်ရ၏။

သူမသည် ကြောက်လန့်လွန်းသဖြင့် ဆီး၊ ဝမ်းများပင် မထိန်းနိုင်တော့ပေ။

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ရှင်ကျွန်မကို စိတ်ကြိုက် ကစားလို့ရပါတယ်၊ တောင်းပန်ပါတယ်... ကျွန်မကိုတော့ မစားပါနဲ့"

ဝမ်ရှီးက အသည်းအသန် တောင်းပန်တိုးလျှိုး နေတော့သည်။

ထိုစဉ် သတ္တဝါကြီးသည် နှာခေါင်းကို ရုတ်တရက် ရှုံ့လိုက်၏။

ထို့နောက် ဝမ်ရှီး၏ ဘောင်းဘီခွကြားကို ငုံ့ကြည့်ပြီး စက်ဆုပ်ရွံရှာသောပုံစံ ဖြစ်သွားသည်။

ဝမ်ရှီးသည် ၎င်းကို ချက်ချင်း သတိပြုမိပြီး အော်ပြောလိုက်၏။

"ငါ ဘောင်းဘီထဲ ဝမ်းသွားလိုက်ပြီ၊ ငါ့တစ်ကိုယ်လုံး ပေရေနေတာ၊ ညစ်ပတ်တယ်၊ အရသာမရှိဘူး၊ အိမ်ရာထဲက တခြားလူတွေကို သွားစားပါ"

သတ္တဝါကြီးသည် ဟဲခနဲ ရယ်မောလိုက်ပြီး လက်ထဲရှိ တူဖြင့် ဝမ်ရှီး၏ ဦးခေါင်းတည့်တည့်ကို ပြင်းထန်စွာ ထုနှက်လိုက်တော့သည်။

ချက်ချင်းပင် သွေးညှီနံ့များနှင့် ဦးနှောက်အစအနများ ပတ်ဝန်းကျင်သို့ လွင့်စင်သွား၏။

"ဟဲဟဲ... ဒီဦးနှောက်နဲ့ သွေးတွေကမှ တကယ့် အကောင်းဆုံး အစားအစာပဲ"

သတ္တဝါကြီးသည် ဝမ်း ခေါင်းသံကြီးဖြင့်ရယ်မောရင်း ပွင့်ထွက်သွားသော ဦးခေါင်းဆီသို့ တိုးကပ်ကာ အငမ်းမရ စုပ်ယူတော့သည်။

ထိုအချိန်တွင် လုံးဝ မသေသေးသော ဝမ်ရှီး၏ မျက်လုံးများမှာ အပေါ်သို့ လန်တက်နေပြီး ခြေလက်များမှာလည်း တုန်ရီနေ၏။

သို့သော် သတ္တဝါကြီးက ဦးနှောက်များကို ဆက်တိုက် စုပ်ယူနေသဖြင့် ဝမ်ရှီး၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ဦးနှောက်များကို စားသုံးပြီးနောက် ထိုသတ္တဝါသည် ဝမ်ရှီး၏ လည်ပင်း သွေးလွှတ်ကြောကို သွားဖြင့် ကိုက်ဖြတ်ကာ ပန်းထွက်လာသော သွေးပူများကို အငန်းမရ သောက်သုံးပြန်၏။

သွေးများ ကုန်စင်သွားသောအခါမှသာ သတ္တဝါကြီးသည် စားသုံးခြင်းကို ရပ်လိုက်သည်။

ထိုအချိန်တွင်သတ္တဝါကြီး၏ လည်ပင်းရှိ ကြောက်မက်ဖွယ် ဒဏ်ရာကြီးမှ အသားနုလေးများ ဖြည်းညှင်းစွာ ပြန်လည် ထွက်ပေါ်လာ‌ နေ၏။

သတ္တဝါကြီးသည် တဖြည်းဖြည်း အနာကျက်လာသော ဒဏ်ရာကို စမ်းသပ်ရင်း ဝရံတာ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

မိမိကို ဒဏ်ရာရအောင် လုပ်ခဲ့သော ထိုလူကို သူ ပိုမို သန်မာလာသည့်အခါ သွားရောက် စားသုံးပစ်မည် ဖြစ်၏။

ထို့ပြင် ထိုအခန်းထဲတွင် ပိုမို ကောင်းမွန်သော အရသာရှိသည့် သားကောင် ရှိနေသည်ကိုလည်း သူ ခံစားသိရှိနေသည်။

ရှောင်ဖန်းသည် သန့်ရှင်း သပ်ရပ်သော မျက်နှာကျက်ကို ကြည့်ရင်း နိုးလာသည်။ သူသည် မိမိ၏ ခိုလှုံရာစခန်းက အပြည့်အစုံ မကောင်းသေးဟု ရုတ်တရက် ခံစားလိုက်ရ၏။

မျက်နှာကျက်နှင့် နံရံများကို မှန်အချို့ဖြင့် အလှဆင်နိုင်မလားဟူ၍ စနစ်နှင့် ဆက်သွယ်ရန် ရှောင်ဖန်း တွေးတောနေစဉ် စနစ်၏ အကြောင်းကြားသံ ချက်ချင်း ထွက်ပေါ်လာသည်။

[ဂုဏ်ယူပါတယ်၊ အလှပဂေး ယွမ်ချင်းမေ၏ ပင်ကိုယ်အရည်အချင်း အမှတ် ၂၀ သို့ ရောက်ရှိသွားသဖြင့် စွမ်းအားရှင်အဖြစ် နိုးထလာပါပြီ]

ရှောင်ဖန်း အံ့ဩသွား၏။

ဒါက ဘယ်လိုဖြစ်တာလဲ။

ယွမ်ချင်းမေက ဘာလို့ ရုတ်တရက်ကြီး စွမ်းအားရှင် ဖြစ်သွားတာလဲ။

မနေ့ညက သူတို့နှစ်ဦး အတူရှိစဉ် သူ အားသွန်ခွန်စိုက် ကြိုးစားခဲ့သဖြင့် ယွမ်ချင်းမေ၏ အရည်အချင်းများ မြင့်တက်သွားခြင်းလား။

ရှောင်ဖန်းသည် နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သော ယွမ်ချင်းမေကို တစ်ချက် ကြည့်လိုက်၏။

"ယွမ်ချင်းမေရဲ့ အရည်အချင်းပြကွက်ကို ဖွင့်ပေးပါ"

[ယွမ်ချင်းမေ၊ ကျား/မ: မ၊ အသက်: ၂၅ နှစ် (သက်တမ်း ၅၅ နှစ်)]

[အဆင့်အတန်း: D]

[ခွန်အား: ၁၆ မှတ် (၂%)]

[လျင်မြန်မှု: ၁၅ မှတ် (၁%)]

[ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု: ၂၀ မှတ် (၀%)]

[စိတ်စွမ်းအား: ၁၂ မှတ် (၁%)]

[သက်စောင့်အား: ၅၅ မှတ် (၅%)]

[နှစ်သက်မှု: ၁၀၀%]

[စွမ်းအားအမျိုးအစား: ရင်ရှင်း]

[ရင်ရှင်း: အသုံးပြုနိုင်စွမ်း - ခန္ဓာကိုယ်ပတ်လည်တွင် မည်သည့် တိုက်ခိုက်မှုကိုမဆို စုပ်ယူနိုင်သော မမြင်နိုင်သည့် ဒိုင်းတစ်ခုကို ဖန်တီးပေးသည်။ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၏ ခွန်အားနှင့် လျင်မြန်မှု အရည်အချင်းကို နှစ်ဆ မြှင့်တင်ပေးမည် ဖြစ်သည်။ ကြာချိန် ၁ မိနစ်၊ နောက်တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်ရန် စောင့်ဆိုင်းချိန် ၃၀ မိနစ် ဖြစ်၏။ အလိုအလျောက် စွမ်းဆောင်ရည် - အနီးကပ်တိုက်ခိုက်ရေး လက်နက်မျိုးစုံကို ကျွမ်းကျင်စွာ အသုံးပြုနိုင်စွမ်း ရှိသည်။]

"ဒါက တကယ်ကို အစွမ်းထက်လွန်းတယ်"

မည်သည့် တိုက်ခိုက်မှုကိုမဆို စုပ်ယူနိုင်သည့် မမြင်နိုင်သော ဒိုင်းအပြင်၊ တစ်မိနစ်အတွင်း ခွန်အားနှင့် လျင်မြန်မှုကိုပါ နှစ်ဆ ရရှိမည် ဖြစ်သည်။

ဒါက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။ စာသားထဲတွင် ဒိုင်းက မည်မျှအထိ စုပ်ယူနိုင်သည်ကို ဖော်ပြမထားသဖြင့် စွမ်းအား သက်ရောက်နေစဉ်အတွင်း ယွမ်ချင်းမေသည် မည်သည့် တိုက်ခိုက်မှုမှ မထိခိုက်နိုင်သည့်အပြင် ခွန်အားနှင့် လျင်မြန်မှုပါ နှစ်ဆ ဖြစ်နေမည် ဖြစ်၏။

၎င်းစွမ်းအား၏ အဓိကအချက်မှာ အလိုအလျောက် စွမ်းဆောင်ရည် ဖြစ်သော လက်နက်မျိုးစုံကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခြင်းပင် ဖြစ်သည်။

ဒါက ယွမ်ချင်းမေကို စစ်သည်တော်တစ်ဦး ဖြစ်လာစေရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ယွမ်ချင်းမေတစ်ယောက် လက်နက်မျိုးစုံကို ကိုင်ဆောင်ကာ ရဲရဲတောက် တိုက်ခိုက်နေမည့် ပုံစံကို တွေးမိရင်း ရှောင်ဖန်း စိတ်လှုပ်ရှားလာသည်။

ထို့ကြောင့် သူသည် အိပ်ပျော်နေဆဲဖြစ်သော ယွမ်ချင်းမေကို နှိုးလိုက်၏။

ယွမ်ချင်းမေသည် အိပ်ချင်မူးတူးဖြင့် မျက်လုံးပွင့်လာပြီး ရှောင်ဖန်းကို ကြည့်ကာ မေးလိုက်သည်။

"စောစောစီးစီး ဘာဖြစ်လို့လဲဟင်"

"မြန်မြန်ထတော့၊ အရေးကြီးတဲ့ ကိစ္စရှိတယ်"

*********

All Chapters