အခန်း ၄၂
Vol. 5 Ch. 42
အခန်း (၄၂) အမြန်ဆုံး ရှင်းလင်းရမည်
ယွမ်ချင်းမေ၏ မူလတိုက်ခန်း ဧည့်ခန်းအတွင်း ဖြစ်၏။
ယွမ်ချင်းမေသည် အဖြူရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး မီးသတ်ပုဆိန်တစ်လက်ကို အားပါးတရ လွှဲခုတ်နေသည်။ သူ၏ လှုပ်ရှားမှုများက သန်မာပြီး ဖျတ်လတ်လှ၏။
ခဏမျှ လွှဲခုတ်ပြီးနောက် ယွမ်ချင်းမေသည် မီးသတ်ပုဆိန်ကို ရှောင်ဖန်းထံ လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် အနီးနားရှိ ကြမ်းပြင်ပေါ်မှ အဝတ်လှန်းတံကို ခြေထောက်ဖြင့် မြှောက်တင်ကာ ဖမ်းကိုင်လိုက်၏။
ထို့နောက်သူမသည် တုတ်သိုင်းတစ်ကွက်နှင့် လှံသိုင်းတစ်ကွက်ကို ဆက်တိုက် လေ့ကျင့်လေသည်။ တုတ်သိုင်း လေ့ကျင့်နေစဉ် တုတ်ရိပ်များသည် မြွေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး လှုပ်ရှားမှုတိုင်းက အဆင်ပြေချောမွေ့လှ၏။
လှံသိုင်း လေ့ကျင့်ရာတွင်လည်း လှံရိပ်များသည် သည်းထန်စွာ ရွာသွန်းနေသော မိုးရေစက်များကဲ့သို့ဖြစ်နေပြီးအစစ်နှင့် အတုကို ခွဲခြားရန် ခက်ခဲလှသည်။
ဘေးမှ ကြည့်နေသော ရှောင်ဖန်းသည် လက်ခုပ်တီးကာ အားပေးလိုက်၏။ သူ၏ မျက်လုံးများထဲတွင် အားကျစိတ်များ ပြည့်နှက်နေသည်။
"ဝါး... ချင်းမေ... နင် တကယ် တော်တာပဲ၊ ကောင်းတယ်"
ယွမ်ချင်းမေ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်များ ပြည့်နှက်နေသည်။ သူမသည် အဝတ်လှန်းတံကို လှံတစ်စင်းကဲ့သို့ လှည့်ပတ်ပြီးနောက် အဆုံးသတ်လိုက်၏။
"ဘယ်လိုလဲ... အထင်ကြီးဖို့ ကောင်းတယ်မလား"
ယွမ်ချင်းမေသည် ရှောင်ဖန်းအနားသို့ လျှောက်လာရင်း လူကြီးထံမှ ချီးကျူးစကား မျှော်လင့်နေသော ကလေးငယ်တစ်ဦးကဲ့သို့ ချိုသာသော အသံဖြင့် မေးလိုက်သည်။
"အင်း... မဆိုးပါဘူး။ အခု နင့်ရဲ့ စွမ်းအားအမျိုးအစားကို စမ်းသပ်ကြည့်ရအောင်။ ချင်းမေ. ရင်ရှင်းရဲ့ စွမ်းအားကို သုံးလိုက်စမ်း"
ရှောင်ဖန်းက အော်ပြောလိုက်ရင်း မီးသတ်ပုဆိန်ကို ယွမ်ချင်းမေထံသို့ ပြင်းထန်စွာ လွှဲခုတ်လိုက်၏။
မီးသတ်ပုဆိန်က သူမ၏ ဦးခေါင်းပေါ်သို့ ကျရောက်တော့မည်ကို မြင်သောအခါ ယွမ်ချင်းမေက "အား" ဟု အော်ဟစ်ရင်း ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာကာ ထိုင်ချလိုက်သည်။
မီးသတ်ပုဆိန်သည် ယွမ်ချင်းမေ၏ ခေါင်းနှင့် ဆယ်စင်တီမီတာပင် မကွာဝေးသော နေရာရှိ မမြင်နိုင်သော အကာအကွယ်တစ်ခုကြောင့် တားဆီးခံလိုက်ရပြီး ပြင်းထန်စွာ ပြန်ကန်ထွက်သွား၏။ ထိုတွန်းကန်အားက အလွန် ပြင်းထန်သဖြင့် ရှောင်ဖန်း၏ လက်ထဲမှ မီးသတ်ပုဆိန်ပင် လွတ်ထွက်လုနီးပါး ဖြစ်သွားသည်။
ရှောင်ဖန်း၏ မျက်နှာအမူအရာသည် ခဏမျှ တုန်လှုပ်သွားသော်လည်း မီးသတ်ပုဆိန်ဖြင့် ယွမ်ချင်းမေကို ဆက်တိုက် ခုတ်လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှောင်ဖန်း၏ လက်ထဲမှ ပုဆိန်က မိမိကို မထိခိုက်နိုင်ကြောင်း ယွမ်ချင်းမေ သိသွားပြီး ပြုံးရွှင်စွာ မတ်တတ်ထရပ်လိုက်၏။ သူမသည် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ပုံစံအမျိုးမျိုး ပြောင်းလဲရင်း ရှောင်ဖန်းကို အကြိုက်ခုတ်ခိုင်းနေသည်။
ရှောင်ဖန်းသည် နောက်ထပ် စက္ကန့်သုံးဆယ်ခန့် ဆက်တိုက် ခုတ်လိုက်သဖြင့် နဖူးတွင် ချွေးစများ စို့လာသော်လည်း ယွမ်ချင်းမေ ပတ်လည်ရှိ ဒိုင်းကို မဖျက်ဆီးနိုင်သေးပေ။ နောက်ဆုံးတွင် ရှောင်ဖန်းသည် မီးသတ်ပုဆိန်ကို ချလိုက်ပြီး ယွမ်ချင်းမေထံသို့ လက်သီးများဖြင့် ပြင်းထန်စွာ ထိုးနှက်လေသည်။
သူ၏ လက်သီးများက ယွမ်ချင်းမေ၏ ခန္ဓာကိုယ်နှင့် ဆယ်စင်တီမီတာ အကွာအဝေးသို့ ရောက်တိုင်း မမြင်နိုင်သော အတားအဆီးတစ်ခုက ကာကွယ်ပြီး ပြန်ကန်ထွက်စေ၏။ ယခုအခါ စွမ်းအားသက်ရောက်နေစဉ်အတွင်း ယွမ်ချင်းမေ၏ ဒိုင်းကို မမည်သို့မျှ မဖျက်ဆီးနိုင်ကြောင်း ရှောင်ဖန်း အသေအချာ သိသွားပြီ ဖြစ်သည်။
"ချင်းမေ... ဒါက တကယ် အံ့ဩဖို့ ကောင်းတယ်"
ရှောင်ဖန်းက ယွမ်ချင်းမေကို လက်မထောင်ပြလိုက်၏။ ယွမ်ချင်းမေက ပြုံးရွှင်စွာဖြင့် ရှောင်ဖန်းအနားသို့ လျှောက်လာပြီး သူ၏ လက်မောင်းကို တင်းကျပ်စွာ ဖက်တွဲလိုက်သည်။
"ဒါတွေအားလုံးက ရှင့်ကြောင့် ဖြစ်ရတာပါ။ ဘယ်လိုလဲ... ကျွန်မရဲ့ စွမ်းဆောင်ရည်ကို သဘောကျရဲ့လား"
"သဘောကျတာပေါ့... တအားသဘောကျတယ်"
ရှောင်ဖန်းက ယွမ်ချင်းမေ၏ ပါးကို လက်ဖြင့်လိမ်ဆွဲလိုက်၏။
"သဘောကျတယ်ဆိုရင် ကျွန်မကို ဘာဆုချမှာလဲ"
ယွမ်ချင်းမေက ရှောင်ဖန်းကို စိုက်ကြည့်ရင်း မေးလိုက်ချိန် သူမ၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"နင် ဘာဆုမျိုး လိုချင်လို့လဲ။ ငါ ဖြည့်ဆည်းပေးနိုင်ရင် အသေအချာ ပေးမှာပေါ့"
"ကျွန်မက... ရှင်နှင့်အတူအိပ်ချင်တာ" ဟု ဖြေလိုက်ပြီးယွမ်ချင်းမေ၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။
"ဒါပဲလား။ ဒါဆိုရင် အိမ်ကို မြန်မြန် ပြန်ကြစို့"
ထိုအကြောင်းကို ကြားသောအခါ ရှောင်ဖန်း၏ မျက်နှာတွင် နားလည်မှုရှိသော အပြုံးတစ်ခု ပေါ်လာ၏။
"ဟင့်အင်း... ဒီမှာပဲ လုပ်ချင်တယ်"
ယွမ်ချင်းမေက မိမိ၏ အိမ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဒီမှာလား။ ဒီမှာက တအားအေးမနေဘူးလား"
ရှောင်ဖန်းက ခေါင်းကို ကုတ်ရင်း အခန်းနံရံတစ်ခုလုံးတွင် တွဲလောင်းကျနေသော နှင်းခဲများကို ကြည့်လိုက်၏။
"ဟွန်း... ကျွန်မက စွမ်းအား နိုးထလာပြီးကတည်းက ဒီလောက် မအေးတော့ပါဘူး။ ရှင်က အအေးကြောက်လို့လားဟင်"
ထိုသို့ ပြောပြီးနောက် ယွမ်ချင်းမေသည် ရှောင်ဖန်းအားဖက်တွယ်နမ်းရှုံ့လေတော့သည်။
ရှောင်ဖန်းကမနိုင်ဘူးဟူသည့်ပုံစံဖြင့်ယွမ်ချင်းမေ၏အိစက်နေသောကိုယ်လုံးလေးအသာပြန်ဖက်လိုက်ရင်းသူမ၏ဦးဆောင်မှုနောက်သို့ရင်တခုန်ခုန်လိုက်ပါစီးမျောသွားတော့၏။
ထိုအချိန်တွင်အဆောက်အအုံ (၅) တစ်ဆယ့်သုံးလွှာရှိ အခန်း (၀၂) အတွင်း ဖြစ်၏။ ပုဟွေသည် နောက်လိုက်လေးယောက်နှင့်အတူ ဧည့်ခန်းအတွင်းမှ ချလိုက်သော အလောင်းနှစ်လောင်းကို ကြည့်ရင်း ကျောချမ်းသွားရသည်။
အလောင်းနှစ်လောင်းလုံးမှာ အဝတ်အစားများ ချွတ်ပစ်ခြင်း ခံထားရပြီး ဧည့်ခန်းအတွင်း ချိတ်ဆွဲထားခြင်း ဖြစ်၏။ ၎င်းတို့၏ ပေါင်သားများမှာလည်း တစ်ဖက်စီ ဖဲ့ယူခြင်း ခံထားရသည်။ သူ့ကို အကြောက်ဆုံး ဖြစ်စေသည့်အချက်မှာ အလောင်းများ၏ ဦးခေါင်းများ ပွင့်ထွက်နေပြီး အတွင်းရှိ ဦးနှောက်များလည်း လုံးဝ မရှိတော့ခြင်းပင် ဖြစ်၏။
ထို့ပြင် လည်ပင်းများတွင် အကိုက်ခံထားရသော ဒဏ်ရာများ ရှိနေပြီး သွေးလွှတ်ကြောများ ကိုက်ဖြတ်ခံထားရကာ ခန္ဓာကိုယ်တွင်းရှိ သွေးများအားလုံး စုပ်ယူခံထားရသည့် ပုံစံ ဖြစ်နေ၏။ ဒါက ပုဟွေအနေဖြင့် အဆောက်အအုံ (၅) အတွင်း ရှာဖွေတွေ့ရှိခဲ့သော တတိယမြောက် တိုက်ခန်း ဖြစ်သည်။
ပုဟွေက ဤအခြေအနေသည် ထျန်းကျဲ လူသားစားသည့် ရိုးရိုးရှင်းရှင်း ကိစ္စမဟုတ်တော့ဘဲသူ၏ပျော်ရွှင်မှုအတွက်လူသားများကိုအမဲလိုက်နေသော သွေးဆာနေသည့် သတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဟု သံသယဝင်မိသည်။
ဤအချက်ကို တွေးမိသောအခါ ပုဟွေသည် ဖုန်းကို ချက်ချင်း ထုတ်ယူကာ ဓာတ်ပုံအချို့ ရိုက်ပြီး ကျူချမ်းချမ်းထံသို့ ပေးပို့လိုက်၏။ သူသည် အခြေအနေများနှင့် သူ၏ အမြင်ကိုလည်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။
ထိုအချိန်တွင် ကျူချမ်းချမ်းသည် မှန်ရှေ့၌ မိမိ၏ ပြည့်စုံသော ခန္ဓာကိုယ်ကို ကြည့်ကာ သဘောကျနေသည်။
ဖုန်းမြည်သံကို ကြားရသောအခါ သူမသည် အနည်းငယ် စိတ်ရှုပ်သွားပြီး အဝတ်တစ်ထည်ကို အမြန် ကောက်ဝတ်လိုက်၏။ ထို့နောက် ဖုန်းကို ဖွင့်ကြည့်ပြီး အကြောင်းအရာများကို မြင်လိုက်ရသောအခါ အလွန် ကြောက်လန့်သွားသဖြင့် ဖုန်းပင် လွတ်ကျလုနီးပါး ဖြစ်သွား၏။
"ဒါက ကြောက်ဖို့ အရမ်းကောင်းတာပဲ။ထျန်းကျဲက လူသား ဟုတ်သေးရဲ့လား။ သူလည်း စွမ်းအားတစ်ခုခု နိုးထလာတာ ဖြစ်နိုင်မလား"
ဓာတ်ပုံထဲရှိ အလောင်းများ၏ သနားစဖွယ် အခြေအနေကို ကြည့်ရင်း ကျူချမ်းချမ်း၏ ခန္ဓာကိုယ်သည်မသိမသာ တုန်ရီလာ၏။
"မဖြစ်ဘူး... ဒီကောင် ငါတို့အတွက်အန္တရာယ်များတယ်။ သူ့ကို အမြန်ဆုံး ရှင်းလင်းရမယ်"
ကျူချမ်းချမ်းသည် စွမ်းအားတစ်ခု နိုးထထားသော်လည်း အမျိုးသမီးတစ်ဦးသာ ဖြစ်သဖြင့် အမှောင်ထဲတွင် ပုန်းအောင်းနေသော ဤကဲ့သို့ စိတ်ဖောက်ပြန်နေသည့် သတ္တဝါမျိုးကို ကြောက်ရွံ့မိသည်။
ထို့ပြင် မိမိ၏ စွမ်းအားက လူသားများအပေါ်တွင်သာ သက်ရောက်မှုရှိကြောင်း ကျူချမ်းချမ်း သိထားပြီး ထျန်းကျဲကဲ့သို့ သတ္တဝါအပေါ် သက်ရောက်မှု ရှိ၊ မရှိကို သူမ မသိပေ။ ထို့ကြောင့် ထျန်းကျဲကို စောစောစီးစီး ရှင်းလင်းပစ်ခြင်းက ကျူချမ်းချမ်းအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ကျူချမ်းချမ်းသည် ဖုန်းကို ကိုင်ကာ ပုဟွေထံသို့ အမိန့်အချို့ ချက်ချင်း ပေးလိုက်၏။ သူမက အလောင်းများ၏ ဓာတ်ပုံကို အိမ်ပိုင်ရှင်များ အုပ်စုထဲသို့ ပို့ခိုင်းပြီး အိမ်ရာအတွင်း လူသားစား သတ္တဝါတစ်ကောင် ပေါ်နေကြောင်း အကြောင်းကြားခိုင်းလိုက်သည်။ မြေအောက်ကားပါကင်သို့ မရောက်သေးသော အိမ်ပိုင်ရှင်များကိုလည်း မြန်မြန် ဆင်းလာရန် သတိပေးခိုင်းလိုက်၏။
ထို့နောက် ကားပါကင်ရှိ လူများထဲမှ အရွယ်ရောက်ပြီးသူ အမျိုးသားများကို ရွေးချယ်ကာ ကင်းလှည့်အဖွဲ့ ဖွဲ့စည်းပြီး အဆောက်အအုံများကို ရှာဖွေကာ ထျန်းကျဲကို အမြန်ဆုံး ရှာဖွေရှင်းလင်းရန် ညွှန်ကြားလိုက်သည်။
သတင်းစကားများကို ပို့ပြီးနောက် ကျူချမ်းချမ်းသည် အိမ်ပိုင်ရှင်များ အုပ်စုကို လှန်လှောကြည့်ရှု၏။ သူမသည် ရှောင်ဖန်း၏ အမည်ကို ချက်ချင်း ရှာတွေ့သွားသည်။
ကိုယ်ပိုင်သတင်းစကား ပေးပို့ရန် အတွက်ဖုန်းပေါ်တွင် စာသားများကို အမြန် ရိုက်နှိပ်လိုက်၏။ သို့သော် မကြာမီမှာပင် ကျူချမ်းချမ်းသည် လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ရိုက်ထားသော စာသားများကို ပြန်ဖျက်ပစ်လိုက်သည်။
ပုဟွေ၏ သတင်းစကားသည် အိမ်ပိုင်ရှင်များ အုပ်စုထဲသို့ အမြန် ရောက်ရှိသွားပြီး ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်ပေါ်စေ၏။
"ဘုရားရေ... ဒါက တကယ်ပဲလား၊ အလွန် ကြောက်ဖို့ ကောင်းတာပဲ"
"လူသားစားတာလား... ငါတော့ ကြောက်တယ်၊ သူ ငါတို့ကို လာစားမလားမသိဘူး"
"ကင်းလှည့်အဖွဲ့လား... ကျွန်တော် စာရင်းပေးမယ်"
"ကျွန်တော့်ကိုလည်း ထည့်ပါဦး... ဒီစိတ်ဖောက်ပြန်တဲ့ သတ္တဝါကို အမိဖမ်းရမယ်"
သတင်းစကား ပို့ပြီးနောက် နာရီဝက်ပင် မပြည့်မီ အိမ်တွင် ပုန်းအောင်းနေသော အိမ်ပိုင်ရှင် ဆယ်ဂဏန်းခန့်သည် သူတို့အစီအစဉ်ဖြင့် မြေအောက်ကားပါကင်သို့ ရောက်ရှိလာကြသည်။
အိမ်ရာဝင်းအတွင်း စိတ်ဖောက်ပြန်သော လူသားစားသည့် သတ္တဝါပေါ်ပေါက်နေသဖြင့် ၎င်းတို့၏ အိမ်များသည် ဘေးမကင်းတော့ပေ။ လူများပြားသော နေရာတွင် ရှိနေခြင်းကသာ စိတ်အချရဆုံး ဖြစ်၏။
ရှောင်ဖန်း၏ အိမ်တွင် ဖြစ်၏။ ရှောင်ဖန်းသည် ဖုန်းကို တည်ငြိမ်စွာကိုင်ထားရင်း အိမ်ပိုင်ရှင်များ အုပ်စုထဲရှိ ဓာတ်ပုံများကို သေချာ ကြည့်နေသည်။
"အားလုံး ဘယ်လိုထင်လဲ။ ဒါက ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ခဲ့တဲ့ လူထူးဆန်းရဲ့ လက်ချက် ဖြစ်နိုင်မလား"
ရှောင်ဖန်းက ဖုန်းကြည့်နေကြသော အမျိုးသမီးများကို လှမ်းကြည့်ရင်း မေးလိုက်၏။
"ဖြစ်နိုင်တယ်"
ယွဲ့ဟွာက ရှောင်ဖန်းကို မော့ကြည့်ရင်း ဆက်ပြောလိုက်၏။
"အဲဒီလူထူးဆန်းက ဒီထျန်းကျဲ ဖြစ်နေမလား"
"အဘိုးကြီးရှောင်... ကျွန်မတို့ သွားပြီး အဲဒီထျန်းကျဲကို ရှာသတ်လိုက်ရင် မကောင်းဘူးလား။ ဒီလိုလူမျိုးကို ဒီအတိုင်း လွှတ်ထားတာက စိတ်ထဲမှာ တစ်မျိုးကြီးပဲ"
ယွမ်ချင်းမေက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်သည်။
ယွမ်ချင်းမေသည် စွမ်းအား နိုးထလာပြီးနောက် လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို စမ်းသပ်ရန် အခွင့်အရေး ရှာဖွေနေခြင်း ဖြစ်၏။ ယခုအခါ သူမသည် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။ ရှောင်ဖန်းက မျက်လုံးများကို မှေးလိုက်ရင်း ခဏမျှ တွေးတောလိုက်၏။
"မလောနဲ့။ ပုဟွေတို့အဖွဲ့ ရှိသေးတာပဲ မဟုတ်လား။ သူတို့ လှုပ်ရှားတာကို အရင်စောင့်ကြည့်ရအောင်"
*********