အခန်း ၄၃
Vol. 5 Ch. 43
အခန်း (၄၃) ခိုလှုံရာစခန်း ရှာဖွေတွေ့ရှိခြင်း
နောက်တစ်နေ့တွင် အိမ်ရာဝင်း၏ ကင်းလှည့်အဖွဲ့ကို တရားဝင် ဖွဲ့စည်းလိုက်၏။
ကျူချမ်းချမ်း၏ ကျွန်ပြုခြင်းကို ခံထားရသော ပုဟွေနှင့် သူ၏ နောက်လိုက်များက အဓိကလူများဖြစ်ကြသည်။
၎င်းတို့သည် အိမ်ရာဝင်းအတွင်း ကျန်ရစ်သော သူများထဲမှ အရွယ်ရောက်ပြီးသူအမျိုးသား သုံးဆယ်ကျော်ကိုလည်း ရွေးချယ်ခဲ့ကြ၏။
ပုဟွေနှင့် သူ၏ နောက်လိုက်များ ဦးဆောင်ကာ ကင်းလှည့်အဖွဲ့ လေးဖွဲ့ ခွဲခြားလိုက်ပြီးအိမ်ရာဝင်းတစ်ခုလုံးရှိ အဆောက်အအုံများကို အကြီးအကျယ် ရှာဖွေရန် ပြင်ဆင်လိုက်ကြသည်။
"အားလုံးပဲ မိမိတို့ရဲ့ တာဝန်ကို ရှင်းရှင်းလင်းလင်း သိကြရဲ့လား။ အကယ်၍ ထူးဆန်းတာတစ်ခုခုနဲ့ တွေ့ရင် စိတ်မလောကြနဲ့။ သားကောင်ကို အရင် ပိတ်ဆို့ထားပြီးမှ စစ်ကူခေါ်ပါ"
မြေအောက်ကားပါကင်အတွင်း ပုဟွေသည် သစ်သားသေတ္တာတစ်လုံးပေါ်တွင် မတ်တတ်ရပ်ကာ လူလေးဆယ်ကျော်ကို ဝေ့ကြည့်ရင်း ပြောလိုက်၏။
"ရှင်းလင်းပါတယ်ဗျာ" အားလုံးက တညီတညွတ်တည်း ပြန်လည် ဖြေကြားကြသည်။
"ကောင်းပြီ... လှုပ်ရှားကြစို့"
ပုဟွေသည် လက်တစ်ချက် ယမ်းလိုက်ပြီး သစ်သားသေတ္တာပေါ်မှ ခုန်ဆင်းကာ ကင်းလှည့်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်၍ သတ်မှတ်ထားသော အဆောက်အအုံဆီသို့ ထွက်ခွာသွားတော့သည်။
လူအင်အား များပြားသဖြင့် အဆောက်အအုံများကို ရှာဖွေသည့် အရှိန်အဟုန်က သိသိသာသာ မြန်ဆန်လာ၏။
ရှာဖွေမှု ဆက်တိုက် လုပ်ဆောင်နေစဉ်အတွင်း ထျန်းကျဲ၏ လက်ချက်ဖြင့် သေဆုံးသွားရသော သားကောင်များကို ပိုမို ရှာဖွေတွေ့ရှိလာရသည်။
တစ်ချိန်တည်းမှာပင် အဆောက်အအုံ (၁၀) တစ်ဆယ့်ငါးလွှာရှိ ရှောင်ဖန်း၏ ခိုလှုံရာစခန်းကို ပုဟွေ၏ နောက်လိုက်တစ်ဦးဖြစ်သူ ကျူးကန်း ဦးဆောင်သော ကင်းလှည့်အဖွဲ့က ရှာဖွေတွေ့ရှိသွား၏။
"ခေါင်းဆောင်ကျူး... ဒီအခန်းရဲ့ တံခါးထူးဆန်းနေတယ်။ ဘာလို့ သော့ပေါက်လည်း မရှိ၊နှင်းခဲတွေလည်း မတင်နေတာလဲမသိဘူး"
သော့ဖွင့်ရန် တာဝန်ယူထားရသော အဖွဲ့ဝင်တစ်ဦးက မေးလိုက်သည်။
"ငါ ကြည့်ဦီးမယ်"
ကျူးကန်းက တံခါးအနားသို့ တိုးသွားပြီး အထက်အောက် သေချာ စစ်ဆေးကြည့်ရာ သော့ပေါက် လုံးဝမရှိသည်ကို တွေ့လိုက်ရ၏။
အဆင့်နိမ့်ခိုလှုံရာစခန်း မွမ်းမံမှုစနစ်ဖြင့် ပြုပြင်မွမ်းမံထားသဖြင့် ဤအိမ်၏ တံခါးသည် အလိုအလျောက် စနစ်ဖြင့်သာ အလုပ်လုပ်ပြီး ရှောင်ဖန်း၏ ခွင့်ပြုချက်သာ လိုအပ်ကာ သော့ခလောက် လုံးဝ မလိုပေ။
ထို့ကြောင့် ထိုလူစု သော့ပေါက် ရှာမတွေ့ခြင်းဖြစ်သည်။
"တစ်ခုခုတော့ မဟုတ်ဘူး။ တံခါးကိုရိုက်ခွဲစမ်း"
ကျူးကန်းက အသံနှိမ့်၍ ပြောလိုက်၏။
ထိုအခါ တူကြီးတစ်လက်ကို ကိုင်ထားသော ကင်းလှည့်အဖွဲ့ဝင်တစ်ဦးက ရှေ့သို့ တိုးလာပြီး တူကို မြှောက်ကာ တံခါးကို ပြင်းထန်စွာ စတင် ထုနှက်တော့သည်။
ဆယ်ချက်ထက်မနည်း ထုနှက်လိုက်သော်လည်း တံခါးသည် ပုံစံ ပျက်ယွင်းမသွားသည့်အပြင် အစင်းရာတစ်ခုပင် မထင်ကျန်ရစ်ပေ။
"ခေါင်းဆောင်ကျူး... ဒါက မဟုတ်သေးပါဘူး။ ဒီတံခါးကို ဘာနဲ့ လုပ်ထားတာလဲမသိဘူး၊ တအားမာတာပဲ"
တူကို ကိုင်ထားသော ကင်းလှည့်အဖွဲ့ဝင်က ပြင်းထန်စွာ အသက်ရှူရင်း ပြောလိုက်၏။
"အဲဒီ လူသားစား သတ္တဝါက အထဲမှာ ရှိနေတာ ဖြစ်မလား"
အခြား ကင်းလှည့်အဖွဲ့ဝင်တစ်ဦးက ရုတ်တရက် မေးလိုက်သည်။
ထိုစကား ထွက်လာသည်နှင့် တံခါးနားတွင် စုဝေးနေသော လူစုမှာ လန့်ဖျတ်သွားပြီး တံခါးဝမှ အဝေးသို့ အလုအယက် ဆုတ်ခွာသွားကြ၏။
ကျူးကန်း၏ မျက်နှာတွင်လည်း စိုးရိမ်စိတ်များ ပေါ်လာသဖြင့် ဖုန်းကို အမြန် ထုတ်ယူကာ ပုဟွေထံသို့ သတင်းစကား ပို့လိုက်သည်။
မကြာမီမှာပင် ပုဟွေထံမှ ပြန်ကြားစာ ရရှိပြီး တံခါးကို ပိတ်ဆို့ထားကာ သူ လူစုခေါ်ပြီး လာခဲ့သည့်တိုင်အောင် စောင့်ဆိုင်းရန် ညွှန်ကြားလာ၏။
မကြာခင်မှာပင် ပုဟွေသည် အသက်ပြင်းပြင်းရှူရင်း လူအုပ်ကြီးကို ဦးဆောင်ကာ ရောက်ရှိလာသည်။
ချက်ချင်းပင် လူလေးဆယ်ကျော်သည် လှေကားထစ်တစ်ခုလုံးတွင် ပြည့်နှက်သွား၏။
"အစ်ကိုကြီး... ဘာဆက်လုပ်ကြမလဲ၊ ကျွန်တော်တို့ စမ်းပြီး ထုကြည့်ပေမဲ့ တံခါးကို ရိုက်ခွဲလို့ မရဘူး"
ကျူးကန်းက ပုဟွေအနားသို့ တိုးကာ ပြောလိုက်သည်။
ပုဟွေသည် သတိကြီးစွာဖြင့် ရှေ့သို့ လျှောက်လှမ်းပြီး လက်အိတ်ကို ချွတ်ကာ တံခါးကို စမ်းသပ်ကြည့်၏။ ၎င်းသည် ထိတွေ့ရသည်မှာ ထူးခြားမှု မရှိဘဲ သာမန်တံခါးနှင့် ဆင်တူသော်လည်း အေးစက်သော ခံစားချက်ကိုမူ မပေးပေ။
ပြင်ပအပူချိန်က အနုတ်ခြောက်ဆယ် ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနေသဖြင့် အဆောက်အအုံပြင်ပရှိ မည်သည့်အရာမဆို ထိတွေ့လိုက်လျှင် အရိုးထဲအထိ စိမ့်အောင် အေးစက်ရမည် ဖြစ်ကြောင်း သတိပြုရမည်။
တံခါးသည် သော့ပေါက် မရှိရုံတင်မက နှင်းခဲများလည်း မတင်ဘဲ အေးစက်မှုကိုလည်း မခံစားရသဖြင့် ထူးဆန်းလှသည်။
ပုဟွေသည် လက်အိတ်ကို ပြန်ဝတ်လိုက်ရင်း ခဏမျှ တွေးတောကာအမိန့် ပေးလိုက်၏။
"ဆက်ပြီး ထုစမ်း။ မိနစ်အနည်းငယ်ကြာတိုင်း လူပြောင်းပြီး ထု။ ငါကတော့ ဒါကို မဖျက်ဆီးနိုင်ဘူးလို့ မယုံဘူး"
တံခါးကို ထုနှက်ရန် လူအင်အား စီစဉ်ပြီးနောက် အခြားလူများအားလုံးက ဘေးဘက်သို့ သို့မဟုတ် အောက်ထပ်ရှိ တိုက်ခန်းများအတွင်းသို့ ထွက်ခွာသွားကြသည်။
အပြင်ဘက်အပူချိန်က အလွန် အေးစက်လှ၏။ တိုက်ခန်းများအတွင်းရှိ အပူချိန်ကလည်း သိပ်မထူးခြားသော်လည်း အပြင်ထက်စာလျှင်နည်းနည်း ပိုကောင်းပေသည်။
ရှောင်ဖန်း၏ ခိုလှုံရာစခန်းအတွင်း၌ အပြင်ဘက်မှ တံခါးထုသံကို ကြားရသောအခါယွမ်ချင်းမေက စိတ်မရှည်စွာဖြင့် ပြောလိုက်၏။
"အဘိုးကြီးရှောင်... ကျွန်မတို့ အပြင်ထွက်ပြီး ဒီကောင်တွေကို သတ်လိုက်ရအောင်။ ကျွန်မ အရင်ဆုံး သွားမယ်"
ရှောင်ဖန်းက ယွမ်ချင်းမေကို တစ်ချက် ကြည့်လိုက်ရင်း စိတ်ထဲမှ မြည်တမ်းလိုက်မိသည်။
ယွမ်ချင်းမေသည် စွမ်းအား နိုးထလာပြီးကတည်းက လူချင်း တွေ့ပြီး တိုက်ခိုက်ချင်နေခြင်း ဖြစ်၏။
သူမက လူသတ်ရန် အမြဲ အော်ဟစ်နေသည်။ ဒါက စွမ်းအား နိုးထလာတာ မဟုတ်ဘဲ လူသတ်နတ်ဆိုးတစ်ကောင်အဖြစ် နိုးထလာသည့်အတိုင်း ဖြစ်နေ၏။
"မလောနဲ့။ သူတို့ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။ နင် စိတ်ညစ်နေရင် အိပ်ခန်းထဲ သွားကစားနေလိုက်၊ အဲဒီမှာ အသံလုံတယ်" ရှောင်ဖန်းက ပြုံးရင်း ပြောလိုက်သည်။
ရှောင်ဖန်း ထိုသို့ ပြောသည်ကို မြင်သောအခါ ယွမ်ချင်းမေသည် မတ်တတ်ထရပ်ပြီး ခြေဆောင့်ကာ စိတ်ဆိုးပြလေသည်။ ထို့နောက် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ကို အိပ်ခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။
သို့သော် ခဏမျှ ကြာပြီးနောက် ယွမ်ချင်းမေသည် အပြင်သို့ ပြန်လည် ပြေးထွက်လာပြီး ရှောင်ဖန်းကို ဆိုဖာပေါ်မှ ဆွဲထူလိုက်၏။
"လာပါ... အတူတူ ကစားရအောင်။ ရှင်ကိုယ်တိုင်ပဲ ပြောတာလေ၊ သူတို့ ဘယ်လိုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူးဆို။ ဘာလို့ တစ်ယောက်တည်း ထိုင်နေတာလဲ"
ယွမ်ချင်းမေနှင့် အခြားသူများ ဘာလုပ်ချင်သည်ကို ရှောင်ဖန်း အသေအချာ သိသော်လည်း ခုချိန်တွင်သူမလှုပ်ရှား ချင်ဘဲအနည်းငယ်တွန့်ဆုတ်နေ၏။
သူထိုင်နေခြင်းက ပုဟွေတို့အဖွဲ့တွင် မည်သည့် ဖဲချပ်များ ကျန်ရှိနေသေးသည်ကို ကြည့်ရှုလိုသောကြောင့် ဖြစ်သည်။
ကျူချမ်းချမ်းအကြောင်းသိလိုခြင်း လည်းဖြစ်၏။ သူမသည် ပုဟွေနှင့်အတူ လိုက်သွားပြီးကတည်းက မည်သည့် လှုပ်ရှားမှုမျှ မရှိသေးပေ။
ထို့ပြင် ပုဟွေ၏ နောက်ဆက်တွဲ လှုပ်ရှားမှုအချို့ကအလွန် ထူးဆန်းနေ၏။
၎င်းမှာ ကျူချမ်းချမ်းသည် ပုဟွေ၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်နိုင်သည်ဟု ရှောင်ဖန်းကိုသံသယဝင်စေ၏။ သူမသည် စွမ်းအား နိုးထထားသော အမျိုးသမီးတစ်ဦး ဖြစ်ရာ၎င်းကဖြစ်နိုင်ခြေများ၏။
ထို့ကြောင့် ရှောင်ဖန်းသည် ပုဟွေတို့အဖွဲ့ တံခါးကို မဖျက်ဆီးနိုင်သောအခါ ကျူချမ်းချမ်း ပေါ်လာမလားဟူ၍ စောင့်ဆိုင်းလိုခြင်း ဖြစ်သည်။
ကျူချမ်းချမ်း၏ အခြေအနေနှင့် သူမ မည်သည့် စွမ်းအားအမျိုးအစားကို နိုးထထားသည်ကို သေချာ မသိရသေးမီ ရှောင်ဖန်း လှုပ်ရှားမည် မဟုတ်ပေ။
မိမိကိုယ်ကိုသိပြီး ရန်သူကိုသိမှသာ တိုက်ပွဲတိုင်းတွင် အောင်နိုင်မည် ဖြစ်သည်။
ရှောင်ဖန်းကို ခေါ်မရသည်ကို မြင်သောအခါ ယွမ်ချင်းမေသည် လှည့်ထွက်သွားပြီး အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။
မကြာမီမှာပင် ယွမ်ချင်းမေနှင့် အခြားအမျိုးသမီးနှစ်ဦးသည် ထူးဆန်းသော ဝတ်စုံလေးများကို လဲလှယ်ဝတ်ဆင်ကာ အိပ်ခန်းတံခါးဝ၌ ဆွဲဆောင်မှုရှိသော ပုံစံများဖြင့် ရပ်နေကြ၏။
၎င်းတို့၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်များကြောင့် ရှောင်ဖန်း၏ သွေးများမှာ ဆူပွက်လာရပြီး ပုဟွေတို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် စိတ်မဝင်စားတော့ပေ။
သူသည် ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပြုံးလိုက်ရင်း အိပ်ခန်းထဲသို့ အပြေး ဝင်ရောက်သွားတော့သည်။
မကြာမီမှာပင်အခန်းတွင်းမှပြင်းထန်သောအသက်ရှူသံများ ၊အော်ဟစ်ညည်းညူသံများ၊တီးတိုးရယ်မောသံများပျံ့လွင့်လာ တော့သည်။
နှစ်နာရီ ကြာပြီးနောက် စိတ်ကျေနပ်သွားသော ရှောင်ဖန်းသည် အိပ်ခန်းထဲမှအောင်နိုင်သူအပြုံးဖြင့်ထွက်လာ၏။
ပြင်ပမှ တံခါးထုသံ ပြောင်းလဲသွားသည်ကို ကြားရသဖြင့် သူသည် စနစ်ကို အသုံးပြု၍ စောင့်ကြည့်ရေးမြင်ကွင်းကို ဖွင့်လိုက်သည်။
မကြာမီမှာပင် တံခါးအပြင်ဘက်ရှိ ပတ်ဝန်းကျင်တစ်ခုလုံး၏ သုံးရာ့ခြောက်ဆယ် ဒီဂရီ မြင်ကွင်းသည် ရှောင်ဖန်း၏ စိတ်ထဲတွင် ပေါ်လာ၏။
အပြင်ဘက်ရှိ လူများသည် တံခါးကို မထုတော့ဘဲ နံရံကို ပြောင်းလဲ ထုနှက်နေကြသော်လည်း အချည်းနှီးသာ ဖြစ်နေသည်ကို သူ မြင်လိုက်ရသည်။
အဆင့်နိမ့်ခိုလှုံရာစခန်း မွမ်းမံမှုစနစ်ဖြင့် ပြုပြင်ထားသော အိမ်သည် မည်သည့်ဘက်ကမဆို ခိုင်မာလှသဖြင့် ဤအိမ်၏ ခုခံနိုင်စွမ်း အကန့်အသတ်က မည်မျှရှိသည်ကို ရှောင်ဖန်းပင် မသိပေ။
သို့သော် ဤလူစု တူဖြင့် ထုရုံမျှဖြင့် ပွင့်သွားမည် မဟုတ်သည်မှာ အသေအချာ ဖြစ်၏။
"အစ်ကိုကြီး... ဒါက မဟုတ်သေးဘူး။ ဒီအိမ်က တကယ် ထူးဆန်းလွန်းတယ်။ တံခါးကို ထုလို့မရလို့ နံရံရဲ့ နေရာအတော်များများကို ပြောင်းထုကြည့်တာလည်း ဘယ်လိုမှ ဖျက်ဆီးလို့ မရဘူး" တူကို ကိုင်ထားသော ကင်းလှည့်အဖွဲ့ဝင်က မောဟိုက်စွာ ပြောလိုက်၏။
ပထမတွင် တံခါးကို ထု၍ မရသောအခါ တံခါးက မာကျောသော်လည်း နံရံကမူ ထိုမျှအထိ မာနိုင်မည်မဟုတ်ဟု သူ၏ နောက်လိုက်တစ်ဦးက အကြံပြုခဲ့ခြင်း ဖြစ်သည်။
နေရာအတော်များများကို ပြောင်းလဲ ထုနှက်ကြည့်သော်လည်း မည်သို့မျှ ဖျက်ဆီး၍ မရသည့်အပြင် နံရံတွင် အစင်းရာတစ်ခုပင် မထင်ကျန်ရစ်ပေ။
"ဒါ ဘယ်သူ့အိမ်လဲ၊ မင်းတို့ သိကြလား" ပုဟွေက မေးလိုက်၏။
"ဒါက ဖန်ချင်းယွီရဲ့ အလွတ်ထားတဲ့ အိမ်ဖြစ်ပုံရတယ်" တစ်ဦးက ပြန်လည် ဖြေကြားသည်။
ထိုအမည်ကို ကြားသောအခါ ပုဟွေ တစ်စုံတစ်ခုကို သတိရသွား၏။ သူသည် ဖန်ချင်းယွီကို ဖမ်းဆီးရန် သူမ၏ အိမ်သို့ သွားရောက်စဉ်က သူမ အိမ်တွင် မရှိသည်ကို သူ သတိရလိုက်သည်။
သူမသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။ သူမ ဤနေရာအတွင်း ရှိနေခြင်း ဖြစ်မလား။
ပုဟွေတစ်ယောက် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် နောက်လိုက်တစ်ဦးက သူ၏ အနားသို့ တိုးလာပြီး နားနား ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
"အစ်ကိုကြီး... အကယ်၍ အဆင်မပြေရင် ဒီအခြေအနေကို ကျွန်တော်တို့ရဲ့ သခင်ဆီ အရင်ဆုံး သတင်းပို့လိုက်ရင် မကောင်းဘူးလား"
*********