← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆ ရူးနေပြီ

သွားပြီ သွားပြီ သွားပြီ ။

ယခုအချိန်၌ ရှောင်ဖန်းသည် သေလောက်အောင် နောင်တရမိ၏။

ကျူချမ်းချမ်းသည် ဆွဲဆောင်ညှို့ယူ၍ ကျွန်ပြုနိုင်သော စွမ်းရည်မျိုး နိုးထလာလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ ။

သို့သော် သူ၌ ရွေးချယ်စရာမရှိတော့ ။ သူသည် ယခုအခါ ကျူချမ်းချမ်း၏ လုံးဝထိန်းချုပ်မှုကို ခံထားရပြီး ဘယ်လိုမှ မရုန်းကန်နိုင်တော့ပေ။

ရှောင်ဖန်း၏ လက်ရှိအသိစိတ်သည် စိတ်ဝေဒနာရှင်တစ်ဦးလို နှစ်ခြမ်းကွဲနေ၏ ။

တစ်ဖက်တွင် မည်သို့ရုန်းထွက်ရမည်ကို စဉ်းစားနေပြီး အခြားတစ်ဖက်တွင်မူ ကျူချမ်းချမ်း၏ အမိန့်မှန်သမျှကို သစ္စာရှိရှိ လုပ်ဆောင်နေကာ သူမ၏ရှုထောင့်မှပင် အရာရာကို တွေးတောပေးနေမိ၏။

ရှေ့ကအသိစိတ်သည် ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ရန် အလွန်အားနည်းလွန်းလှ၏ ။

ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ သနားညှာတာမှုမရှိသော ကြာပွတ်ဒဏ်ကို ခံနေရစဉ် တံခါးအပြင်ဘက်မှ သေနတ်သံများနှင့် တိုက်ခိုက်သံများ ရုတ်တရက် ထွက်ပေါ်လာ၏။

ထိုအသံများကို ကြားရသောအခါ ကျူချမ်းချမ်းသည် လက်ထဲမှ ကြာပွတ်ရပ်လိုက်ပြီး ရှောင်ဖန်း၏ နောက်ကျောဘက်သို့ ဖြည်းညှင်းစွာ လျှောက်သွား၏ ။ သူ၏ခန္ဓာကိုယ်ပေါ်မှ ကြာပွတ်ရာများကို ပွတ်သပ်ရင်း သူမက သူ၏နားနားတွင် တိုးတိုးလေး ပြောလိုက်၏ ။

"မင်းက တော်တော်ပါးနပ်ပြီး နောက်ထပ်အစီအစဉ် ချန်ထားခဲ့လိမ့်မယ်လို့ ငါမထင်ထားဘူး ။ ဒါပေမဲ့ ငါလည်း ချန်ထားခဲ့တာပဲ ။ မင်းရဲ့အစီအစဉ်က မင်းအိမ်က မိန်းမတွေလား"

"ဒါပေမဲ့ အဲဒီမိန်းမတွေက ပုဟွေနဲ့ သူရဲ့အသက်စွန့်ရဲတဲ့ လူဆိုးအုပ်စုကို ယှဉ်နိုင်မှာမဟုတ်ဘူး ။ မင်းရဲ့မိန်းမတွေတော့ ဒုက္ခရောက်တော့မယ် ဟီးဟီး"

မကြာမီ အပြင်ဘက်မှ တိုက်ခိုက်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး လူအချို့၏ နာကျင်စွာ ညည်းတွားသံများ၊အော်ဟစ်ငိုကြွေးသံများဖြင့် အစားထိုးဝင်ရောက်လာ၏ ။

"ဟွန့် ဒီအသုံးမကျတဲ့ အမှိုက်တွေ မိန်းမအနည်းငယ်ကို ရှင်းတာတောင် ဒဏ်ရာရလာကြတယ် ။ ဒါပေမဲ့ ဒဏ်ရာတွေက သူတို့ရဲ့ တိရစ္ဆာန်ဗီဇကို ပိုဆွပေးလိမ့်မယ် ။ မင်းရဲ့မိန်းမတွေတော့ အလွန်ဒုက္ခရောက်ရတော့မယ် ဟားဟားဟား"

သို့သော် မကြာမီ ကျူချမ်းချမ်း၏ အပြုံးများ ပျောက်ကွယ်သွား၏ ။

ယွမ်ချင်းမေသည် ဒေါသအပြည့်ရှိသော မျက်နှာဖြင့် သွေးများပေကျံနေရင်း ပုဆိန်နှစ်လက်ကို ကိုင်ကာ တံခါးဝတွင် ရပ်နေပြီး ကျူချမ်းချမ်းကို စိုက်ကြည့်နေ၏ ။

ယွမ်ချင်းမေသည် ကျူချမ်းချမ်း၏ရှေ့တွင် ရပ်နေသော ရှောင်ဖန်းကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်၏ ။

"အဘိုးကြီးရှောင် နင် ဘာဖြစ်နေတာလဲ"

ယခုအချိန်၌ ရှောင်ဖန်းသည် ယွမ်ချင်းမေကို ထွက်ပြေးရန် ပြောချင်သော်လည်း စကားလုံးဝမပြောနိုင် ။

ယွမ်ချင်းမေကို မြင်သောအခါ ကျူချမ်းချမ်း၏မျက်နှာတွင် အံ့ဩသွားသော အရိပ်အယောင်ပေါ်လာ၏ ။

"ယွမ်ချင်းမေ နင်လား ။ နင်က မိန်းမတစ်ယောက်ဖြစ်ပြီး အပြင်က ယောက်ျားတွေအကုန်လုံးကို ရှင်းပစ်လိုက်တာလား ။ နင်က စွမ်းအားရှင်တစ်ယောက်လား"

"ဟားဟားဟား အံ့ဩဖို့ကောင်းလိုက်တာ ။ ရှောင်ဖန်း မင်းက ငါ့ရဲ့ကံကောင်းစေတဲ့ ကြယ်ပွင့်ပဲ ။ နောက်မှ မင်းကို ငါ ကောင်းကောင်းဆုချမယ်"

"ကဲ ရှောင်ဖန်း မင်းရဲ့စွမ်းရည်ကိုသုံးပြီး ယွမ်ချင်းမေကို ငါ့အတွက် ဖမ်းပေးစမ်း"

ကျူချမ်းချမ်း၏ အမိန့်ကို ရရှိသည်နှင့် ရှောင်ဖန်းသည် ရုတ်တရက် ရှေ့သို့ ပြင်းထန်စွာ တစ်လှမ်းတက်လိုက်၏ ။ သူသည် လေဟာနယ်လက်ဝါး စွမ်းရည်ကို ထုတ်ဖော်ကာ ယွမ်ချင်းမေ၏ လည်ပင်းကို နောက်ကနေ ချက်ချင်းညှစ်ပြီး လေထဲသို့ မြှောက်လိုက်၏ ။

လည်ပင်းညှစ်ခံရသဖြင့် ယွမ်ချင်းမေသည် အတင်းအကြပ် ရုန်းကန်ရင်း ဆက်တိုက်အော်ဟစ်တော့၏ ။

"အဘိုးကြီးရှောင် ငါ့ကိုလွှတ်ပါဦး ။ ငါပါ ချင်းမေပါ"

သို့သော် ယွမ်ချင်းမေ မည်သို့ပင် သတိ ပေးနေပါစေ ရှောင်ဖန်းသည် တိတ်ဆိတ်နေဆဲဖြစ်၏ ။

ထိုအချိန်တွင် ကျူချမ်းချမ်းသည် ရှောင်ဖန်း၏နောက်ကွယ်မှ ခါးကိုနွဲ့ကာ ဖြည်းညှင်းစွာ လျှောက်ထွက်လာပြီး လက်ခုပ်တီးကာ ရယ်မောလိုက်၏ ။

"ကောင်းတယ် ကောင်းတယ် ကောင်းတယ် ။ ရှောင်ဖန်း မင်းရဲ့ဒီစွမ်းရည်က တော်တော်ကောင်းတာပဲ ။ ငါ အလွန်သဘောကျတယ် ဟားဟားဟား"

"ကောင်မစုတ် နင် အဘိုးကြီးရှောင်ကို ဘာလုပ်လိုက်တာလဲ"

ယွမ်ချင်းမေသည် ကျူချမ်းချမ်းကို စိုက်ကြည့်ကာ အော်လိုက်၏ ။

"မလောပါနဲ့ ။ ခဏနေရင် နင်လည်း သူလိုပဲ ငါ့ရဲ့ သစ္စာရှိကျွန် ဖြစ်လာမှာပါ ။ အဲဒီအချိန်ကျရင် ငါက မင်းတို့အားလုံးကို ဦးဆောင်ပြီး ဒီကမ္ဘာပျက်ကပ်ထဲမှာ ကြီးကျယ်တဲ့ နိုင်ငံတော်တစ်ခု တည်ထောင်မယ် ။ ငါ့ပိုင်တဲ့ နိုင်ငံတော်ပေါ့"

ကျူချမ်းချမ်းသည် ယခုအခါ အလွန်စိတ်လှုပ်ရှားနေ၏ ။ ဤစွန့်စားမှုက သူမအတွက် စွမ်းရည်ရှင် ကျွန်နှစ်ယောက်ကို ယူဆောင်လာပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ ။

သူမသည် ခန္ဓာကိုယ်ထဲမှ ဆဲလ်တိုင်းက ကြီးကျယ်သော အောင်ပွဲအတွက် အောင်ပွဲခံနေသကဲ့သို့ ပျော်ရွှင်မှုကို ခံစားနေရ၏ ။

ကျူချမ်းချမ်းသည် ယွမ်ချင်းမေထံသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်ကို ကြည့်ရင်း ရှောင်ဖန်းသည် စိတ်ထဲတွင် အလွန်ပင် ပူပန်နေမိ၏ ။

"စနစ် ငါ ဒီထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ နည်းလမ်းရှိလား"

[ နည်းလမ်းမရှိပါ ။ သင်၏စိတ်စွမ်းအား အရည်အချင်းက တစ်ဖက်လူထက် ပိုမမြင့်မားပါက ဤအကျိုးသက်ရောက်မှုကို ပျက်ပြယ်စေမည့် အခြားနည်းလမ်းမရှိပါ ]

"စိတ်စွမ်းအားက တစ်ဖက်လူထက် ပိုမြင့်ရမယ် ဟုတ်လား"

ရှောင်ဖန်းသည် သူ၏အရည်အချင်းများကို အမြန်စစ်ဆေးလိုက်ရာ သူ၌ လက်ရှိစိတ်စွမ်းအား ၂၀ မှတ် ရှိနေ၏။

ကျူချမ်းချမ်း၌ မည်မျှရှိသည်ကိုမူ သူ မသိ ။ ကျူချမ်းချမ်းသည် မကြာသေးမီကမှ နိုးထလာသူဖြစ်သဖြင့် သူမ၏ စိတ်စွမ်းအား အရည်အချင်းသည် အလွန်မမြင့်မားနိုင်ကြောင်း သူ တွေးမိ၏ ။

ဤအရာကို တွေးမိသည်နှင့် ရှောင်ဖန်းသည် တွေဝေမနေတော့ဘဲ သူ၏အမှတ်အားလုံးကို စိတ်စွမ်းအားထဲသို့ အမြန်ပေါင်းထည့်လိုက်၏ ။

၁၄ မှတ် ပေါင်းထည့်လိုက်သဖြင့် သူ၏ စိတ်စွမ်းအား အရည်အချင်းသည် ၇ မှတ် ချက်ချင်း တိုးသွားကာ ရှောင်ဖန်း၏ စိတ်စွမ်းအားသည် ချက်ချင်း ၂၇ မှတ် ဖြစ်သွားတော့၏ ။

ထို့နောက်ချက်ချင်းပင် ရှောင်ဖန်းသည် ခန္ဓာကိုယ်ထဲမှ ထူးဆန်းသော စွမ်းအားများ လျင်မြန်စွာ ကွယ်ပျောက်သွားသည်ကို ခံစားလိုက်ရပြီး ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့၏ ။

တစ်ချိန်တည်းမှာပင် အောင်နိုင်သူအဖြစ် အောင်ပွဲခံနေသော ကျူချမ်းချမ်းသည် ရုတ်တရက် နောက်သို့ လှည့်ကြည့်ကာ ရှောင်ဖန်းကို တုန်လှုပ်ချောက်ချားသော မျက်နှာထားဖြင့် ကြည့်လိုက်၏ ။

ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားသည်သူမ ချက်ချင်း သိလိုက်၏ ။ ဤအရာသည် သူမ စွမ်းရည်၏ ထူးခြားချက်ဖြစ်ပြီး သူမ၏ လက်အောက်ခံများ တည်ရှိမှုကို အချိန်မရွေး ခံစားသိရှိနိုင်ခြင်း ဖြစ်၏ ။

"နင်—နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"

ကျူချမ်းချမ်းသည် ထိတ်လန့်တကြား နောက်သို့ တစ်လှမ်းဆုတ်လိုက်၏ ။

ရှောင်ဖန်းသည် ယွမ်ချင်းမေကို လွှတ်ပေးပြီးနောက် ချက်ချင်း ပြောလိုက်၏ ။

"ချင်းမေ ဒီမိန်းမနဲ့ ဝေးဝေးမှာနေ ။ သူမက လူတွေကို ဆွဲဆောင်ပြီး ကျွန်ပြုနိုင်တယ်"

ဤသို့ပြောပြီးနောက် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ သူမထံသို့ တစ်လှမ်းချင်းလျှောက်သွား၏။

"ငါ့ကိုမသတ်ပါနဲ့ ငါ့ကိုမသတ်ပါနဲ့ ကျေးဇူးပြုပြီး ငါ့ကိုမသတ်ပါနဲ့"

ကျူချမ်းချမ်း ပျာယာခတ်သွား၏ ။ တကယ်လို့ သူမသည် အခြားသူများကို မထိန်းချုပ်နိုင်ပါက သူမ၏ ကိုယ်ပိုင်တိုက်ခိုက်ရေး စွမ်းရည်သည် သာမန်လူထက် ပိုမသန်မာပေ ။

"နင့်ကို သတ်ရမှာလား ။ အဲဒါက နင်တို့အတွက် သက်သာလွန်းတာပေါ့"

ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ လက်ထဲမှ အမည်းရောင် ကြာပွတ်အရှည်ကို လုယူလိုက်၏ ။

ထို့နောက် သူသည် လေဟာနယ်လက်ဝါး စွမ်းရည်ကို တိုက်ရိုက်ထုတ်ဖော်ကာ ကျူချမ်းချမ်း၏ လက်များကို ဖမ်းဆွဲပြီး လေထဲသို့ မြှောက်လိုက်၏ ။

"နင်က ဘုရင်မ ဟုတ်လား"

"ရွှမ်း.."

ကြာပွတ်သံ တဖြန်းဖြန်း ထွက်ပေါ်လာပြီး ကျူချမ်းချမ်း၏ အော်ဟစ်သံနှင့်အတူ ဒွန်တွဲနေ၏ ။

"လူတွေကို ရိုက်ရတာ သဘောကျတယ် ဟုတ်လား"

"ရွှမ်း.."

နောက်ထပ်ကြာပွတ်သံတစ်ခု ထပ်မံထွက်ပေါ်လာပြီး ကျူချမ်းချမ်း၏ အော်ဟစ်သံ ထပ်မံ ထွက်ပေါ်လာပြန်၏ ။

ထို့နောက်တွင် ရှောင်ဖန်းသည်‌တစ်ခွန်းမေးလိုက်တစ်ချက်ရိုက်လိုက်ဖြင့်ကြာပွတ်ရိုက်သံအဆက်မပြတ်ထွက်ပေါ်လာတော့သည်။

ထို့အပြင် ရှောင်ဖန်းသည် သူ၏အင်အားကို တမင်တကာ ထိန်းထားရိုက်ခြင်းဖြစ်သည် ။ မဟုတ်ပါက သူ၏ လက်ရှိ ခွန်အား အရည်အချင်း ၃၀ မှတ်ဖြင့် ဆိုလျှင် အနည်းငယ် ရိုက်ရုံမျှဖြင့် ကျူချမ်းချမ်း သတိလစ်သွားပေလိမ့်မည် ။

ထိုအရာသည် ရှောင်ဖန်း အလိုရှိသောအရာ မဟုတ်ဘဲလက်စားချေလိုခြင်းသာဖြစ်သည်။

သူ၏ မြင့်မားသော သက်လုံ ၂၅ မှတ်ကြောင့် ကျူချမ်းချမ်း၏ အင်အားသည် သူ့ကို ကြီးမားသော ထိခိုက်မှု မဖြစ်စေသော်လည်း ဖြစ်ပေါ်လာသော အရှက်ရမှုနှင့် ကျန်ရှိနေသော ကြောက်ရွံ့မှုများကများလှ၏။

ထို့ကြောင့် ရှောင်ဖန်းသည် သူမကို စိတ်ကျေနပ်သည်အထိ တဖြည်းဖြည်းနှင့်အသေအချာပြန်လည်ပေးဆပ်ခ်ိုင်းမည်ဖြစ်သည်။

သူမကို ခေတ္တမျှ ရိုက်နှက်ပြီးနောက် ရှောင်ဖန်းသည် ရပ်တန့်လိုက်၏ ။ ဆက်ရိုက်နေရခြင်းမှာ စိတ်ဝင်စားစရာမကောင်းတော့သဖြင့် ကျူချမ်းချမ်းကို သတ်ပစ်ရန်သာ သူ ဆုံးဖြတ်လိုက်၏ ။

ချက်ချင်းပင် ရှောင်ဖန်းသည် နေရာတွင် ရပ်တန့်သွားရ၏ ။

အဘယ်ကြောင့်ဆိုသော် စနစ်သည် အလှပဂေးတစ်ဦးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သူ့ကို ရုတ်တရက် အကြောင်းကြားလာသောကြောင့် ဖြစ်၏။

[ သိမ်းပိုက်ရမည့်ပစ်မှတ်၏ နှစ်သက်မှုသည် ၃၂ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသဖြင့် သိမ်းပိုက်ခြင်း အောင်မြင်ပါသည် ]

[ ပိုင်ရှင် နောက်ထပ် အလှပဂေးတစ်ဦးကို ရရှိခဲ့သည့်အတွက် ဂုဏ်ယူပါသည် ]

ရှောင်ဖန်းတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွား၏ ။

ဒါ ဘာဖြစ်သွားတာလဲ။

သူ ကြာပွတ်ဖြင့် ရိုက်ပြီး အလှပဂေးတစ်ဦးကို သိမ်းလိုက်တာလား ။

ထို့ကြောင့် သူသည် ယွမ်ချင်းမေဘက်သို့ လှည့်ကာ ပြောလိုက်၏ ။

"ချင်းမေ ဒီကျူချမ်းချမ်းက မူမမှန်ဘူး ။ သူမ နောက်ထပ် လှည့်ကွက်တွေ သုံးမှာကို ငါစိုးရိမ်တယ် ။ နင် အရင်ဆုံး အပြင်ထွက်ပြီး တံခါးပိတ်ထားလိုက်ပါဦး ။ ငါ သူမကို ရှင်းလိုက်မယ်"

ယွမ်ချင်းမေသည် သံသယရှိပုံပေါ်သော်လည်း နာခံမှုရှိရှိဖြင့် အိမ်ထဲမှ ထွက်ခွာသွားတော့၏ ။

*********

All Chapters