အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇ ရိုက်နှက်ကာ ရာနှုန်းပြည့် ရယူခြင်း
တစ်နာရီ ကြာပြီးနောက် ။
ရှောင်ဖန်းသည် အပြင်သို့ အရင်ဆုံးထွက်လာပြီး ကျူချမ်းချမ်းက သူ၏နောက်ကွယ်မှ ရိုကျိုးစွာဖြင့် လိုက်ပါလာ၏။
ယခုအချိန်၌ ကျူချမ်းချမ်း၏ နှစ်သက်မှုအဆင့်သည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီဖြစ်၏ ။
ယွမ်ချင်းမေသည် ရှောင်ဖန်းက ကျူချမ်းချမ်းအားခေါ်ထုတ်လာသည်ကို မြင်လိုက်ရချိန်တွင်သူမသည် အရင်ဆုံး ကျူချမ်းချမ်းကို သံသယမျက်လုံးဖြင့် စိုက်ကြည့်လိုက်ပြီးနောက် ရှောင်ဖန်း၏ အနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်၏ ။
"အခု သူမကိုသတ်ခိုင်းစေချင်တာလား"
"အဟမ်း ချင်းမေ ။ ရှောင်ကျူက အခု ငါတို့အဖွဲ့ဝင် ဖြစ်သွားပြီ ။ အရင်ကဟာတွေက နားလည်မှုလွဲတာပါ"
ရှောင်ဖန်းက အလျင်အမြန် ပြောလိုက်၏ ။
"အဖွဲ့ဝင် ဟုတ်လား ။ သူအရင်က ငါတို့ကို ရန်သူလို ဆက်ဆံခဲ့တာလေ ။ ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် အဖွဲ့ဝင် ဖြစ်သွားရတာလဲ"
ယွမ်ချင်းမေက မကျေမနပ်ဖြင့်အံကြိတ်ကာ မေးလိုက်၏။
"အာ စောစောက ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ ရှောင်ကျူက သူမရဲ့ အမှားတွေကို သဘောပေါက်သွားပြီး အပြစ်တွေကို ဝန်ခံသွားလို့ပါ"
ရှောင်ဖန်းက လိမ်ညာလှည့်ပတ်ကာပြောလိုက်ရ၏ ။
ယွမ်ချင်းမေက ထပ်မံမေးမြန်းချင်နေသည်ကို မြင်သဖြင့် စကားလမ်းကြောင်းအမြန်လွှဲကာ တံခါးအပြင်ဘက်တွင် လဲကျနေသော ပုဟွေနှင့် အခြားသူများကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏ ။
"ချင်းမေ နင် ပထမဆုံးအကြိမ် လုပ်တာမဆိုးဘူးပဲ"
"ဟီးဟီး ဒါပေါ့ ။ ဒါပေမဲ့ ငါ သူတို့ကို မသတ်ခဲ့ပါဘူး ။ သူတို့ တိုက်ခိုက်ရေးစွမ်းရည် ဆုံးရှုံးသွားအောင် လက်ခြေတွေကိုပဲ ဖြတ်ပစ်လိုက်တာ"
ယွမ်ချင်းမေက ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။
ရှောင်ဖန်းက ထပ်မံစစ်ဆေးကြည့်ရာ အမှန်ပင်ဖြစ်၏။လူအားလုံးနီးပါးသည် လက် နှင့်ခြေထောက်များ ဖြတ်တောက်ခံထားရ၏ ။
ယွမ်ချင်းမေသည်အသက်ရှင်လျက်ရှိသောသေမင်းပင်ဖြစ်သည် ။
အပြင်ဘက်၏အေးစိမ့်သော ရာသီဥတု၌ သူတို့ကိုချက်ချင်းသတ်ပစ်လိုက်ခြင်းကပိုကောင်းပေလိမ့်မည်။
အခုကသူတို့၏ အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ပြီး အသက်ရှင်လျက် ခဲပြီးသေစေရန် ပစ်ထားခြင်းသည် ရိုးရိုးလေးနှင့် အလွန်ပင် ရက်စက်လွန်းလှ၏ ။
ရှောင်ဖန်းသည် ယွမ်ချင်းမေနှင့် ကျူချမ်းချမ်းတို့ကို ခေါ်ဆောင်၍ ပြန်ရန် ပြင်ဆင်နေစဉ် သေနတ်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားဆဲဖြစ်သော ဖြတ်တောက်ခံထားရသည့် လက်တစ်ဖက်ကို တွေ့ရှိလိုက်၏ ။
ထိုအရာသည် ပုဟွေ၏လက်ဖြစ်ရပေမည်။ ရှောင်ဖန်းကထိုလက်ပြတ်ကို ကောက်ယူပြီး လက်ချောင်းများကို ဆွဲဖြဲကာသေနတ်ကိုယူလိုက်၏ ။
ခဏမျှ စမ်းသပ်ကြည့်ပြီးနောက် သူသည် ပစ္စတိုသေနတ် အလုပ်လုပ်ပုံကို နားလည်သွား၏။ယင်းနောကါ ကျည်အိမ်ကို ထုတ်လိုက်သောအခါ အတွင်း၌ ကျည်ဆန်သုံးတောင့် ကျန်ရှိနေသေးသည်ကို တွေ့ရ၏ ။ ပုဟွေသည် ၎င်းတို့ကို ကုန်အောင် ပစ်ခတ်ရန် အချိန်မရခဲ့ခြင်း ဖြစ်ရမည် ။
ရှောင်ဖန်းကကျည်ဆန်များ ထပ်မံရှိမရှိ ပုဟွေ၏ ခန္ဓာကိုယ်ကို ထပ်မံရှာဖွေရန် ပြင်ဆင်နေစဉ်သူ၏နောက်တွင် ရပ်နေသော ကျူချမ်းချမ်းက စကားဆိုလာ၏။
"သခင် ရှာမနေပါနဲ့တော့ ။ ပုဟွေဆီမှာ ကျည်ဆန်က ဒီတစ်အိမ်ပဲ ရှိတာ"
ကျူချမ်းချမ်း၏ "သခင်" ဟူသော စကားလုံးကြောင့် ယွမ်ချင်းမေသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကျူချမ်းချမ်းကို ကြည့်လိုက်ပြီးနောက် ရှောင်ဖန်းကို ကြည့်လိုက်၏ ။
ထို့နောက် သူမက တိုးတိုးလေး ရေရွတ်လိုက်၏ ။
"မြေခွေးမ"
"အဟမ်း.. ကဲ ပြန်ကြစို့"
ရှောင်ဖန်းက အနည်းငယ်ရှက်ရွံ့သည့်ဟန်ဖြင့် ပြောလိုက်၏။
သူတို့အိမ်သို့ ပြန်ရောက်သောအခါ ကျူချမ်းချမ်းသည်ထိုနေရာ၏အနေအထားကြောင့် အနည်းငယ် တုန်လှုပ်သွား၏။
အခန်းသည် သန့်ရှင်းသပ်ရပ်နေပြီး အပူချိန်က မျှတကာ အသုံးအဆောင်ပစ္စည်း အားလုံး စုံလင်လှ၏ ။
ရှောင်ဖန်း၏ နေရာနှင့် နှိုင်းယှဉ်လျှင် သူမ အရင်က နေထိုင်ခဲ့သော ဝမ်ပေါင်၏ ခိုလှုံရာအိမ်သည် ခွေးအိမ်သာသာဖြစ်၏။
"ဟိုဘက်မှာ ရေချိုးခန်းရှိတယ် ။ နင် အရင်ဆုံးရေသွားချိုးလိုက်။ ပြီးတော့ နင့်ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ကုသလိုက်ပါ"
ရှောင်ဖန်းက ထိတ်လန့်နေဆဲဖြစ်သော ကျူချမ်းချမ်းကို ပြုံးလျက် ပြောလိုက်၏။
"ကျေးဇူးတင်ပါတယ် သခင်"
ကျူချမ်းချမ်းသည် အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏ ။
အရင်က ဝမ်ပေါင်၏ အိမ်တွင် နေထိုင်စဉ်က သူမသည် နေ့တိုင်း နှင်းများဖြင့်သာ ခန္ဓာကိုယ်ကို သုတ်ခဲ့ရ၏ ။ ယခုမူ သူမသည် အမှန်တကယ် ရေချိုးနိုင်ပြီဖြစ်၏။
ကျူချမ်းချမ်း ရေချိုးခန်းထဲသို့ ဝင်သွားပြီးနောက် ယွမ်ချင်းမေသည် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့ကို ဆွဲခေါ်ကာ တီးတိုးတီးတိုးပြောတော့၏။
ထိုမိန်းမသုံးယောက်သည် စကားပြောနေစဉ် ရှောင်ဖန်းကိုလည်း မကြာခဏ လှည့်ကြည့်နေကြ၏။
ရှောင်ဖန်း ဘာမှမတတ်နိုင်ဘဲ ခေါင်းသာယမ်းမိ၏။ ယွမ်ချင်းမေတို့သူ့ကို နားလည်မှုလွဲနေပြီဖြစ်သည်။
သူမသည် သူနှင့် ကျူချမ်းချမ်းတို့ စောစောက အခန်းထဲတွင် ပြောမပြသာသော အရာတစ်ခုခုကို ပြုလုပ်ခဲ့သည်ဟု ထင်နေလောက်၏ ။
သူသည် ယခုအချိန်တွင်မိမိအလိုရှိရာကို လုပ်ဆောင်ရန်သူတို့ကိုမဆို ရှောင်ကွင်းပြီး ခိုးကြောင်ခိုးဝှက်လုပ်ဖို့လိုအပ်နေသေးတာလား။
ရှောင်ဖန်းသည်ဆိုဖာပေါ်တွင် မှီရင်း သူ၏ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိသော အနေအထားသို့ ပြင်လိုက်၏။
ထို့နောက် သူသည် ကျူချမ်းချမ်း၏ အရည်အချင်း မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်၏ ။
[ ကျူချမ်းချမ်း ၊ ကျား/မ: မ ၊ အသက်: ၂၅ နှစ် (သက်တမ်း: ၅၃ နှစ်) ။ ]
[ အလုံးစုံအင်အား:D ]
[ ခွန်အား: ၁၁ မှတ် (၂ ရာခိုင်နှုန်း) ]
[ လျင်မြန်မှု: ၁၂ မှတ် (၁ ရာခိုင်နှုန်း) ]
[ သက်လုံ: ၁၆ မှတ် (၁ ရာခိုင်နှုန်း) ]
[ စိတ်စွမ်းအား: ၂၁ မှတ် (၁ ရာခိုင်နှုန်း) ]
[ သက်စောင့်အား: ၅၃ မှတ် (၂ ရာခိုင်နှုန်း) ]
[ နှစ်သက်မှု: ၁၀၀ ရာခိုင်နှုန်း ။ ]
[ စွမ်းရည်အမျိုးအစား: ညှို့မှော်မိစ္ဆာ ]
ဖတ်ရှုပြီးနောက် ရှောင်ဖန်း စိတ်သက်သာရာရသွား၏ ။ ကျူချမ်းချမ်း၏ စိတ်စွမ်းအား၂၁ မှတ်သာ ရှိခြင်းကသူ့အတွက်ကံကောင်းခြင်းဖြစ်၏။ မဟုတ်ပါကယနေ့ သူ သွားပြီဖြစ်၏။
ထို့နောက် ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ စွမ်းရည်အမျိုးအစား မိတ်ဆက်ကို စစ်ဆေးလိုက်၏ ။
[ ညှို့မှော်မိစ္ဆာအသုံးပြုနိုင်သောအကျိုးသက်ရောက်မှု: ညှို့မှော်မိစ္ဆာအဖြစ် ပြောင်းလဲကာ ဆန့်ကျင်ဘက်လူကို ထိန်းချုပ်ကျွန်ပြုရန် ညှို့မှော်အတတ်ကို ထုတ်ဖော်နိုင်သည် ။ မိမိထက် စိတ်စွမ်းအား နိမ့်ကျသော ပစ်မှတ်များအပေါ်တွင်သာ အလုပ်လုပ်သည် ။
အလိုအလျောက်အကျိုးသက်ရောက်မှု: ညှို့မှော်မိစ္ဆာခန္ဓာကိုယ်သည် ရရှိသော ထိခိုက်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချပေးပြီး ဒဏ်ရာပျောက်ကင်းမှုနှုန်းကို မြှင့်တင်ပေးသည် ]
ဝိုး ။ အံ့ဩစရာကောင်းလိုက်တာ။ထိုစွမ်းရည်အမျိုးအစားသည် ယွမ်ချင်းမေ၏ စွမ်းရည်ကဲ့သို့ပင် အသုံးပြုနိုင်သော အကျိုးသက်ရောက်မှုနှင့် အလိုအလျောက် အကျိုးသက်ရောက်မှု နှစ်ခုလုံး ရှိနေ၏ ။
သို့သော် အလိုအလျောက် အကျိုးသက်ရောက်မှုသည် မည်သို့ကြည့်ကြည့် မမှန်ကန်သလို ဖြစ်နေ၏။
ကျူချမ်းချမ်းသည် စိတ်ပိုင်းဆိုင်ရာ စွမ်းရည်မျိုး နိုးထလာသူဖြစ်ပြီး အနီးကပ်တိုက်ခိုက်ရေးသမား မဟုတ်ပါဘဲ သူမ၏ အလိုအလျောက် အကျိုးသက်ရောက်မှုက ထိခိုက်မှုလျှော့ချရေးနှင့် ဒဏ်ရာပြန်လည်ကောင်းမွန်ရေး ဖြစ်နေ၏ ။
စွမ်းရည်အမျိုးအစား၏ နာမည်နှင့် ပေါင်းစပ်လိုက်လျှင်အလိုအလျောက် အကျိုးသက်ရောက်မှုက သင့်တော်ရဲ့လား ။ဘာပဲဖြစ်ဖြစ် ရှောင်ဖန်းကတော့ ၎င်းသည် လုံးဝမသင့်တော်ဟု တွေးလိုက်မိသည်။
ကျူချမ်းချမ်း ရေချိုးပြီးနောက် ထွက်လာသောအခါ ဟင်းပွဲများစွာ ပြည့်နှက်နေသော စားပွဲကြီးတစ်လုံးနှင့်အတူ အငွေ့တထောင်းထောင်း ထွက်နေသောဟော့ပေါ့အိုးတစ်လုံးကို တွေ့လိုက်ရသည်။
ရှောင်ဖန်းကကျူချမ်းချမ်းကို မြင်သောအခါ လက်လှမ်းပြလိုက်၏။
"ရှောင်ကျူ လာပြီး အမြန်စား"
"ဟုတ်ကဲ့ သခင်"
စားပွဲပေါ်ရှိ စားစရာအမျိုးမျိုးကို ကြည့်ရင်း ကျူချမ်းချမ်း စိတ်လှုပ်ရှားသွား၏။ သူမ အဖွဲ့ထဲသို့ ဝင်ရောက်လာရုံမျှဖြင့် ရှောင်ဖန်းက ဤမျှ ကောင်းမွန်သော အစားအစာများကို ပြင်ဆင်ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ထို့ကြောင့် သူမက ပြောလိုက်၏ ။
"သခင်ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ် ။ အမှန်တော့ ဒီလောက်အထိ အကုန်အကျခံဖို့ မလိုပါဘူး"
"ဟီးဟီး နင် အတွေးလွန်နေပြီ ။ ဒါက ငါတို့ရဲ့ ပုံမှန်စားသောက်မှုပဲ"
ယွမ်ချင်းမေက ဘေးမှနေ၍ မထီမဲ့မြင် ပြောလိုက် လေသည်။
ယွမ်ချင်းမေ၏ စကားက ကျူချမ်းချမ်းကို ပို၍ပင် တုန်လှုပ်သွားစေ၏ ။
မူလက သူမသည် သူမ၏ လူသားကုန်လှောင်ရုံဖြစ်သော ဝမ်ပေါင်၏ နေရာတွင် အစားအစာ အတော်အတန် ရှိသေးသဖြင့် အချိန်တန်လျှင် ၎င်းတို့ကို ရှောင်ဖန်းထံ ယူဆောင်လာပေးရန် စဉ်းစားနေခဲ့ခြင်းဖြစ်ပြီးရှောင်ဖန်း အလွန်ဝမ်းသာလိမ့်မည်ဟု သူမ ထင်နေခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့က ယခုလိုဟင်းပွဲများကို ပုံမှန် စားသုံးနေကြလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ ။ သူမ၏ အလွန်ရိုးရှင်းသော အစားအစာများကတန်ဖိုးမရှိသလို ဖြစ်သွားရ၏ ။
ထို့နောက် နွေးထွေးပြီး သက်တောင့်သက်သာရှိပြီး အမြဲတမ်း လျှပ်စစ်မီး ရရှိနေသည့်အိမ်ကို ကြည့်ရင်းကျူချမ်းချမ်း၏ မျက်လုံးများသည် ရှောင်ဖန်းကို ကြည့်ကာ ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်သွားတော့သည်။
စားပွဲဝိုင်းတွင် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို မေးခွန်းများစွာ မေးမြန်းခဲ့၏ ။
ဥပမာအားဖြင့် သူမ၏ စွမ်းရည်က မည်သို့ နိုးထလာသနည်း ဟူသောအချက်ဖြစ်ပြီး ကျူချမ်းချမ်းက အမှန်အတိုင်း ဖြေကြားခဲ့၏ ။
ကျူချမ်းချမ်း၏ ဖခင်သည် သူမကို ကာကွယ်ရင်း ရက်ရက်စက်စက် သေဆုံးခဲ့ရပြီး သူမကိုယ်တိုင်လည်း ယောက်ျားအချို့၏ စောင့်ထိန်းမှု ကင်းမဲ့စွာ ပြုကျင့်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ရကြောင်း ကြားရသောအခါယွမ်ချင်းမေနှင့် အခြားသူများ၏ ကျူချမ်းချမ်းအပေါ် မကျေနပ်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး၎င်းတို့အားလုံးက သူမကို ဝိုင်းဝန်းနှစ်သိမ့်ကြတော့၏ ။
ကျူချမ်းချမ်း၏ ပြောပြချက်အရ၎င်းသည် လူသားခန္ဓာကိုယ်၏ အလားအလာကို လှုံ့ဆော်ပေးသော အလွန်ပြင်းထန်သော စိတ်လှုပ်ရှားမှု ဖြစ်ရမည် ။ သူမ၏ အရည်အချင်းတစ်ခုကို ရုတ်တရက် ထိုးတက်သွားစေပြီး စွမ်းရည်အမျိုးအစား နိုးထမှုကို ဖြစ်ပေါ်စေခြင်းဖြစ်၏ ။ နိုးထလာသော စွမ်းရည်အမျိုးအစားသည် တစ်ဦးနှင့်တစ်ဦး မတူညီကြ ။
သို့သော် ရှောင်ဖန်းထံတွင်မူ မည်သည့် ပြင်းထန်သော စိတ်လှုပ်ရှားမှုမျှ မလိုအပ် ။ ဆက်သွယ်ပြောဆိုရုံမျှဖြင့် လုံလောက်၏ ။
အရည်အချင်းများ မြင့်တက်လာသည်နှင့် သူ အောင်မြင်စွာ သိမ်းပိုက်ထားသော အလှပဂေးသည် သူမ၏ စွမ်းရည်အမျိုးအစားကို နိုးထစေလိမ့်မည်ဖြစ်၏ ။
နောက်ပိုင်း စကားဆက်ပြောရာတွင် ကျူချမ်းချမ်းကသူမ၏ အလှအပကို သုံး၍ ဝမ်ပေါင်ကို ခိုလှုံရာအိမ်တံခါး ဖွင့်ခိုင်းကာ ထိန်းချုပ်ခဲ့ကြောင်း ရှောင်ဖန်း သိလိုက်ရသောအခါ သူ အော်ရယ်မိလုနီးပါးဖြစ်ရ၏ ။
ဝမ်ပေါင်သည် တကယ်ပင် ကံဆိုးလွန်းလှ၏ ။
နောက်ဆုံးတွင် အားလုံးသည် ထျန်းကျဲကို မည်သို့ ရှာဖွေပြီး သတ်ပစ်ရမည်ကို ဆွေးနွေးကြ၏ ။
အဘယ်ကြောင့်ဆိုသော် ရှောင်ဖန်း၏ ခန့်မှန်းချက်အရ ထျန်းကျဲသည်လည်း စွမ်းရည်အမျိုးအစား တစ်ခုခု နိုးထထားရမည်ဖြစ်ပြီး ၎င်းကို မရှင်းလင်းပစ်ပါကသူတို့အတွက် အမြဲတမ်း ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သောကြောင့်ဖြစ်၏ ။
*********