← Chapters

အခန်း ၄၈

Vol. 5 Ch. 48

အခန်း ၄၈

Vol. 5 Ch. 48

အခန်း (၄၈) အသုံးဝင်သေး၏

အိမ်ရာဝင်းအတွင်း အမြင့်ဆုံးအဆောက်အအုံ၏ ခေါင်းမိုးထပ်ပေါ်တွင် ဖြစ်၏။

ထျန်းကျဲသည် ဆီးနှင်းများဖြင့် ဆောက်လုပ်ထားသော နှင်းအိမ်လေးထဲ၌ ထိုင်ကာ ပြင်ပတွင် သည်းထန်စွာ ရွာသွန်းနေသော နှင်းများကို ကြည့်ရင်း ပြုံးဖြဲဖြဲ လုပ်နေ၏။

ကမ္ဘာပျက်ကပ်မတိုင်မီက တိရစ္ဆာန်လေးများကို ခိုးကြောင်ခိုးဝှက် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ရသော ရက်စွဲများနှင့် နှိုင်းယှဉ်လျှင် သူသည် ယခုကမ္ဘာပျက်ကပ်ကြီးကို အလွန်အမင်း သဘောကျမိ၏။

အဘယ်ကြောင့်ဆိုသော် သူသည် လူများကို နှိပ်စက်ညှင်းပန်းသတ်ဖြတ်နိုင်ပြီး ၎င်းတို့၏အသားကို စားနိုင်သောကြောင့် ဖြစ်သည်။

ကမ္ဘာပျက်ကပ်မတိုင်မီက သူ နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသော တိရစ္ဆာန်ငယ်လေးများ၏ အသားနှင့်နှိုင်းယှဉ်လျှင် လူသားတို့၏အသားမှာ အလွန်အရသာရှိလှ၏။

အထူးသဖြင့် နူးညံ့သောဦးနှောက်နှင့် ချိုမြိန်သောသွေးများမှာ ထျန်းကျဲ အကြိုက်ဆုံးအရာများ ဖြစ်ကြ၏။

ကမ္ဘာပျက်ကပ်ကြီး စတင်ပြီး တစ်လနီးပါးအကြာတွင် ထျန်းကျဲသည် ကြောက်လန့်တုန်လှုပ်နေသော မိခင်ဖြစ်သူ၏ ရှေ့မှောက်၌ပင် ဖခင်ဖြစ်သူကို သတ်ဖြတ်ခဲ့၏။

ထို့နောက် တောင်းပန်တိုးလျှိုးနေသော မိခင်ဖြစ်သူကိုလည်း ဂရုမစိုက်ဘဲ သတ်ပစ်ခဲ့ပြန်သည်။

ထိုအကြိမ်သည် ထျန်းကျဲ ပထမဆုံးအကြိမ် လူသားအသားကို မြည်းစမ်းဖူးခြင်းဖြစ်ပြီး သူသည် ထိုခံစားချက်ကို စွဲလန်းသွားခဲ့၏။

အထူးသဖြင့် ဦးနှောက်နှင့်သွေးကို မြည်းစမ်းရသည့်အခါတွင် ထျန်းကျဲသည် မိမိခန္ဓာကိုယ်တစ်ခုလုံး စိတ်ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်ဟု ခံစားရ၏။

တဖြည်းဖြည်းနှင့် ထျန်းကျဲသည် မိမိကိုယ်ကိုယ် ပြောင်းလဲလာသည်ကို သတိပြုမိလာ၏။ သူသည် အအေးဒဏ်ကို မကြောက်တော့ဘဲ ခွန်အားများ တိုးပွားလာကာ မြင့်မားသောအဆောက်အအုံများကို မြေပြင်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လွယ်ကူစွာ တက်နိုင်လာသည်။

ဤအရာသည် လူသားများကို စားသုံးခြင်းက ပေးစွမ်းသော စွမ်းအားဖြစ်မှန်း ထျန်းကျဲ သိရှိသွား၏။

ထို့ကြောင့် သူသည် အိမ်နီးနားချင်းများကို တိတ်တဆိတ် အမဲလိုက်ကာ စားသောက်တော့သည်။

အစပိုင်းတွင် သူသည် သတိကြီးစွာ ထားခဲ့သော်လည်း နောက်ပိုင်းတွင် အိမ်ရာဝင်းအတွင်းရှိ လူများသည် မိမိကို ရင်ဆိုင်ရသည့်အခါ ခုခံနိုင်စွမ်း လုံးဝမရှိကြကြောင်း သိလိုက်ရ၏။

ထို့ကြောင့် သူသည် ပိုမိုရဲတင်းလာပြီး လူနေအိမ်ရာဝင်းတစ်ခုလုံးရှိ လူများကို အမဲလိုက်ရန် ပစ်မှတ်ထားလိုက်တော့သည်။

ထျန်းကျဲသည် လူများကို ပိုမိုစားသုံးလာသည်နှင့်အမျှ သူ၏ခွန်အားသည်လည်း တဖြည်းဖြည်း တိုးပွားလာ၏။

မကြာသေးမီက သူ၏ပါးစပ်ထဲတွင် စူးရှသောအစွယ်များပင် ထွက်ပေါ်လာပြီး လျှာသည်လည်း တဖြည်းဖြည်း ရှည်လျားလာကာ လက်သည်းခြေသည်းများသည် ထက်မြက်သော လက်သည်းအဖြစ်သို့ ပြောင်းလဲလာ၏။

သူ့အရေပြားသည် ပိုမိုကြမ်းတမ်းလာပြီး ဆံပင်များလည်း တဖြည်းဖြည်း ကျွတ်လာကာ စကားပြောနိုင်စွမ်းပင် တဖြည်းဖြည်း ဆုံးရှုံးလာခဲ့သည်။

ဤပြောင်းလဲမှုများနှင့် ရင်ဆိုင်ရသော်လည်း ထျန်းကျဲသည် အနည်းငယ်မျှ ထိတ်လန့်ခြင်းမရှိပေ။ အပြန်အလှန်အားဖြင့် သူသည် အလွန်စိတ်လှုပ်ရှားနေပြီး ဤအရာသည် မိမိပိုမိုသန်မာလာသည့် လက္ခဏာဟု ယုံကြည်နေ၏။

အိမ်ရာဝင်းထဲတွင် လူအချို့ ကျန်ရှိနေသေးရာ ထျန်းကျဲသည် ၎င်းတို့အားလုံးကို စားပစ်ရန် ဆုံးဖြတ်လိုက်၏။ အထူးသဖြင့် သူ ပြတင်းပေါက်များကို ရိုက်ခွဲကာ မဝင်ရောက်ရသေးသည့် တိုက်ခန်းနှစ်ခန်းထဲက လူများကို ဖြစ်သည်။

ထိုတိုက်ခန်းများထဲတွင် ပိုမိုအရသာရှိသော အရာများ ရှိနေသည်ဟု ထျန်းကျဲ ခံစားမိ၏။

ဒီနေရာကလူအားလုံးကို စားပြီးလျှင် သူသည် အခြားလူသားများ စုဝေးရာနေရာများကို ရှာဖွေရန် ပြင်ပသို့ ထွက်ခွာမည်ဖြစ်၏။

သူသည် ကမ္ဘာပေါ်တွင် အင်အားအရှိဆုံးသူအဖြစ်သို့ ရောက်ရှိသည်အထိ ဆက်တိုက်စားသောက်နေမည်သာ ဖြစ်သည်။

ကျူချမ်းချမ်း၏ လမ်းပြမှုဖြင့် ရှောင်ဖန်းသည် ဝမ်ပေါင်၏ လုံခြုံရေးအိမ်နှင့် ကပ်လျက်ရှိသော တိုက်ခန်းတစ်ခုအတွင်း ကုတင်ပေါ်တွင် ကွေးကွေးလေးဖြစ်နေသော ဝမ်ပေါင်ကို ရှာတွေ့သွား၏။

ဤအချိန်တွင် ဝမ်ပေါင်၏ဆံပင်များမှာ ရှုပ်ပွနေပြီး အရေပြားနှင့် အရိုးသာ ကျန်တော့၏။

ကျူချမ်းချမ်း ဝင်လာသည်ကို မြင်သောအခါ သူသည် ကုတင်ပေါ်မှ ကမန်းကတန်း ဆင်းလာပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်၏။

"အရှင် အရိုအ‌သေ‌ပေးပါတယ်"

"ချမ်းချမ်း။ သူက ဘာလို့ ဒီလောက်တောင် ပိန်လှီနေရတာလဲ။ မင်းဆီမှာ အစားအစာ မပြတ်လပ်ဘူး မဟုတ်လား"

ရှောင်ဖန်းသည် ဝမ်ပေါင်၏အခြေအနေကို ကြည့်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်ကာ မေးလိုက်၏။

"ဟွန့်။ ဒီလို တဏှာရူးက အာကာသသိုလှောင်ရုံအဖြစ် သုံးလို့ရနေလို့သာပေါ့။ မဟုတ်ရင် သေတာ ကြာလှပြီ"

ကျူချမ်းချမ်းသည် ဝမ်ပေါင်ကို ရွံရှာမုန်းတီးသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။

ရှောင်ဖန်းသည် ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေသော သနားစရာကောင်းလှသည့် ဝမ်ပေါင်ကို ကြည့်ကာ မေးစေ့ကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလိုက်၏။

"ချမ်းချမ်း။ သူ့ကို သူ့အာကာသထဲက ပစ္စည်းတွေအကုန် ထုတ်ခိုင်းလိုက်"

"အရှင်။ ဒီကောင်ရဲ့ အာကာသထဲမှာ ပစ္စည်းတွေ အတော်များများ ရှိတယ်။ တကယ်လို့ အကုန်ထုတ်လိုက်ရင် ဒီအခန်းထဲမှာ ဆံ့မှာမဟုတ်ဘူး ထင်တယ်"

"ရတယ်။ လုပ်ခိုင်းလိုက်ပါ" ရှောင်ဖန်းက ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။

"ကောင်းပါပြီ"

ကျူချမ်းချမ်း ခေါင်းညိတ်လိုက်ပြီး ဝမ်ပေါင်ဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်၏။

"နင့်အာကာသထဲက ပစ္စည်းတွေအကုန် ထုတ်စမ်း"

ကျူချမ်းချမ်း၏ အမိန့်ကို ရရှိပြီးနောက် ဝမ်ပေါင်သည် သူ၏အာကာသထဲမှ ပစ္စည်းများကို စတင်ထုတ်ယူတော့၏။

မကြာမီအချိန်အတွင်းမှာပင် ပစ္စည်းပုံကြီးမှာ မြင့်တက်လာပြီး အခန်းထဲတွင် ဆံ့တော့မည့်ပုံမပေါ်တော့ပေ။

ရှောင်ဖန်းသည် ရှေ့သို့ တက်လှမ်းလိုက်ပြီး ပစ္စည်းပုံပေါ်သို့ သူ့လက်ကို တင်လိုက်ရာ တစ်ခဏအတွင်းမှာပင် ထိုပစ္စည်းများမှာ သဲလွန်စမကျန် ပျောက်ကွယ်သွားတော့၏။

ဤအခိုက်အတန့်တွင် ဝမ်ပေါင်သည် ထိတ်လန့်တုန်လှုပ်သော မျက်ဝန်းများဖြင့် ရှောင်ဖန်းကို ကြည့်နေမိသည်။

တစ်ဖက်တွင် ရပ်နေသော ကျူချမ်းချမ်းသည်လည်း အံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွား၏။

"ဝါး။ အရှင်။ အရှင့်မှာလည်း သိုလှောင်နိုင်တဲ့အာကာသဟင်းလငအးပြင် ရှိတာပဲ။ သိပ်ကောင်းတာပဲ"

ဤသို့ပြောပြီးနောက် ကျူချမ်းချမ်းသည် ရှောင်ဖန်း၏ လက်မောင်းကို ဖက်တွယ်ကာ ပါးပြင်ကို နမ်းလိုက်၏။

ထို့နောက် ကျူချမ်းချမ်းသည် ဝမ်ပေါင်ကို လှမ်းကြည့်ကာ မထီမဲ့မြင် ပြုလိုက်၏။

"အရှင့်မှာ သိုလှောင်နိုင်တဲ့အာကာသ ဟင်းလင်းပြင်ရှိနေမှတော့ ဒီအမှိုက်ကောင် ရှိနေဖို့ မလိုတော့ဘူးပေါ့"

ဤအခိုက်အတန့်တွင် ဝမ်ပေါင်သည် ကြောက်ရွံ့ခြင်းနှင့် ဝေခွဲမရခြင်းများ ပြည့်နှက်နေသော မျက်နှာဖြင့် ရှောင်ဖန်းကို ကြည့် နေကာ "မင်းက ဘယ်သူလဲ" ဟု မေးမြန်းနေသကဲ့သို့ ရှိ၏။

ရှောင်ဖန်းသည် ဝမ်ပေါင်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။

"မင်းမှာ မေးခွန်းတွေ အများကြီး ရှိနေမှန်း ငါသိတယ်။ ဒါပေမဲ့ ငါ မင်းကို ပြောပြမှာ မဟုတ်ဘူး။ မင်းဘာသာမင်း စဉ်းစားကြည့်ပေါ့။ ဟားဟား"

နောက်ဆုံးတွင် ကျူချမ်းချမ်း၏ အမိန့်ပေးမှုအောက်၌ ဝမ်ပေါင်သည် သူ၏အာကာသထဲမှ ပစ္စည်းအားလုံးကို ထုတ်ပေးလိုက်ရ၏။

ပစ္စည်းများ မရှိတော့သည်ကို မြင်သောအခါ ကျူချမ်းချမ်းက မေးလိုက်၏။

"အရှင်။ သူ့ကို အခုပဲ သတ်ပစ်လိုက်ရမလား။ သတ်ချင်ရင် သူ့အဝတ်အစားတွေကို ချွတ်ခိုင်းပြီး အပြင်ကို လွှတ်လိုက်မယ်။ မိနစ်ပိုင်းအတွင်း အေးခဲပြီး နှင်းရုပ်ထု ဖြစ်သွားလိမ့်မယ်"

ဤစကားကို ကြားသောအခါ ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ တင်ပါးကို ပုတ်လိုက်ပြီး စိတ်ဆိုးချင်ယောင်ဆောင်ကာ ပြောလိုက်၏။

"မင်းကလည်း ချင်းမေလိုပဲ။ ဘာဖြစ်ဖြစ် သတ်ဖို့ပဲ စဉ်းစားနေတာပဲ။ မင်းတို့က ငရဲမင်းတွေလား။ အဲဒီလောက် မရက်စက်စမ်းပါနဲ့။ ဝမ်ပေါင်က အမှိုက်မဟုတ်ပါဘူး။ သူက အသုံးဝင်သေးတယ်"

ရှောင်ဖန်းက ဝမ်ပေါင်ကို မသတ်ရန် ပြောသောကြောင့် ကျူချမ်းချမ်းသည်လည်း နာခံလိုက်၏။

မထွက်ခွာမီ ရှောင်ဖန်းသည် ဝမ်ပေါင်ထံသို့ ခေါက်ဆွဲခြောက်တစ်ဖာနှင့် မီးမွှေးရန် လောင်စာအချို့ကို ပစ်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"တစ်ခုခုစားရအောင်လုပ်။ မင်း ဘယ်လောက်တောင် ပိန်သွားပြီလဲ ကြည့်ဦး"

ထို့နောက် သူသည် ကျူချမ်းချမ်းကို ခေါ်ဆောင်ကာ အခန်းထဲမှ ထွက်ခွာခဲ့၏။

ပြင်ပသို့ ရောက်ရှိပြီးနောက် ရှောင်ဖန်းသည် ဝမ်ပေါင်က ဤတိုက်ခန်းမှ မိမိသဘောဖြင့် ထွက်ခွာသွားနိုင်သလားဟု ကျူချမ်းချမ်းကို မေးလိုက်၏။

ကျူချမ်းချမ်းက သူမ၏အမိန့်မရှိဘဲ ဝမ်ပေါင်သည် ဤတိုက်ခန်းမှ လုံးဝထွက်ခွာမည်မဟုတ်ကြောင်း အသေအချာ ဖြေကြားခဲ့သည်။

ရှောင်ဖန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

ထိုအချိန်တွင် ကျူချမ်းချမ်းကဇဝေဇဝါဖြင့် မေးလိုက်၏။

"အရှင်။ဝမ်ပေါင်က တကယ်ပဲ ဘာအတွက် အသုံးဝင်လို့လဲ"

"ဘာလို့ အသုံးမဝင်ရမှာလဲ။ ဒီအိမ်ရာဝင်းထဲမှာ လူသားစားတဲ့ ထျန်းကျဲ ရှိနေသေးတာကို မင်းမေ့သွားပြီလား"

ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်သည်။ဤအခိုက်အတန့်ကျမှ ကျူချမ်းချမ်းသည် သဘောပေါက်သွားပြီး ညုတုတုလေသံဖြင့် ပြောလိုက်၏။

"အရှင်က တကယ်ပဲ လူဆိုးကြီးပဲ။ ညီမကို ငရဲမင်းလို့ ပြောပြီး အရှင်ကမှ တကယ့်ငရဲမင်းကြီးပါလား"

ဤအချိန်တွင် ရှောင်ဖန်းသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး

"ချမ်းချမ်း။ ငါ့ကို ခေါ်တဲ့ပုံစံ ပြောင်းလို့ရမလား။ အမြဲတမ်း 'အရှင်' 'အရှင်' နဲ့ ခေါ်နေတော့ ငါ အနည်းငယ် ထူးဆန်းနေသလိုပဲ"

ဤစကားကို ကြားသောအခါ ကျူချမ်းချမ်းသည် ညို့ဓာတ်ပြင်းပြင်းဖြင့် ပြုံးလိုက်ပြီး ရှောင်ဖန်း၏ နားနားသို့ ကပ်ကာ ဖျင်းခနဲဖြစ်သွားစေမည့် လေသံဖြင့် ပြောလိုက်၏။

"ညီမက ဒီလိုပဲ ခေါ်ရတာ ကြိုက်တာကိုး။ ဒီလိုခေါ်တာက ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ အရှင် မထင်ဘူးလား"

"မင်းကတော့ မြေခွေးမလေးပဲ။ မင်းကြိုက်ရင်လည်း ဆက်ခေါ်ပေါ့"

ဤသို့ပြောပြီးနောက် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို ခေါ်ကာ အခြားတိုက်ခန်းတစ်ခုဆီသို့ လျှောက်လှမ်းခဲ့၏။

ထိုတိုက်ခန်းအတွင်း၌မူ ထိုစဉ်က ပုဟွေနှင့် သူ၏လက်ပါးစေများ ပြန်ပေးဆွဲလာခဲ့သော အမျိုးသမီးများ ရှိနေကြ၏။

ကျူချမ်းချမ်းသည် ပုဟွေနှင့် သူ၏လူများကို ထိန်းချုပ်ပြီးနောက် ထိုအမျိုးသမီးများကို ပုဟွေနှင့် သူ၏လူများအတွက် ဆုလာဘ်အဖြစ် ချန်ထားပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအခါ ပုဟွေ သေဆုံးသွားပြီဖြစ်သော်လည်း ထိုအမျိုးသမီးများမှာ ရှိနေဆဲပင်။

ရှောင်ဖန်းသည် အခန်းထဲသို့ ဝင်ရောက်ကာ အိပ်ခန်းထဲသို့ လျှောက်လှမ်းသွားသောအခါ အမျိုးသမီးအချို့သည် ကုတင်ပေါ်တွင် တစ်ယောက်ကိုတစ်ယောက် ဖက်ထားပြီး အအေးဒဏ်ကို ခံနိုင်ရန် စောင်များကို တင်းကျပ်စွာ ခြုံထားကြသည်ကို တွေ့ရ၏။

အိပ်ခန်းအလယ် ကြမ်းပြင်ပေါ်တွင် မီးမွှေးထားရာမှ ကျန်ရှိနေသော သစ်သားစအကျိုးအပဲ့များ ရှိနေပြီး မျက်နှာကြက်မှာလည်း မီးခိုးများကြောင့် မည်းမှောင်နေ၏။

ဤအမျိုးသမီးအုပ်စုထဲတွင် ရှောင်ဖန်းသည် ချန်ကျားဟွီနှင့် ကျန်းမန်ရုန်တို့ကို တွေ့လိုက်ရ၏။

ယခင်က အလှပဂေးလေးများဖြစ်ခဲ့ကြသူနှစ်ဦးမှာ ယခုအခါ သရဲသရဲတစ္ဆေတစ္ဆေပုံစံ ဖြစ်နေကြပြီး ၎င်းတို့၏ဆံပင်များမှာ ညစ်ပတ်ရှုပ်ပွနေကာ မျက်နှာများမှာလည်း မှတ်မိနိုင်စွမ်းမရှိလောက်အောင် ပိန်လှီနေကြ၏။

ရှောင်ဖန်းသည် ၎င်းတို့အနီးသို့ လျှောက်သွားသော်လည်း စနစ်က မည်သည့်အချက်ပြမှုကိုမျှ မပေးခဲ့ပေ။ ၎င်းတို့သည် သိမ်းပိုက်ခြင်းခံရမည့် အရည်အချင်း လုံးဝဆုံးရှုံးသွားခဲ့ပြီဖြစ်ပုံရ၏။

သို့သော် စနစ်က သိမ်းပိုက်နိုင်ကြောင်း အချက်ပြခဲ့လျှင်ပင် ရှောင်ဖန်းသည် ၎င်းတို့အား သိမ်းပိုက်မည်မဟုတ်ပေ။

ရှောင်ဖန်းသည် ထိုအမျိုးသမီးများကို ဝမ်ပေါင်၏ လုံခြုံရေးအိမ်ဟောင်းသို့ ပြောင်းရွှေ့နေထိုင်စေပြီး ၎င်းတို့အတွက် အစားအစာနှင့် နွေးထွေးမှုရရှိရန် ထင်း အမြောက်အမြား ကိုချန်ထားပေးခဲ့လိုက်၏။

*********

All Chapters