အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) သေဆုံးခြင်း
ထိုနေ့ညနေတွင် အနက်ရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားသော ရှောင်ဖန်းသည် ယွမ်ချင်းမေနှင့် ကျူချမ်းချမ်းတို့ကို ခေါ်ဆောင်ကာ ဝမ်ပေါင်ထံသို့ နောက်တစ်ကြိမ် လာရောက်ခဲ့၏။
သူသည် ဝမ်ပေါင်အတွက် ထူထဲသော ဂွမ်းဝတ်စုံအသစ်များနှင့် အိပ်ရာခင်းများကိုလည်း ယူဆောင်လာပေးခဲ့သည်။
ရှောင်ဖန်းသည် ဝမ်ပေါင် နွေးထွေးစွာ အိပ်စက်နိုင်ရန်အတွက် အိပ်ခန်းထဲတွင် မီးမွှေးပေးသည်အထိပင် အလေးထား လုပ်ဆောင်ပေးခဲ့၏။
ဤအရာအားလုံးကို လုပ်ဆောင်ပေးပြီးနောက် ရှောင်ဖန်းသည် အခြားသူများနှင့်အတူ ထွက်ခွာသွားတော့သည်။
နောက်ထပ် သုံးရက်တိုင်တိုင် ရှောင်ဖန်းသည် ညစဉ်ညတိုင်းနီးပါး လူခေါ်လာပြီး ဝမ်ပေါင်အတွက် အစားအသောက်များ လာရောက်ပေးပို့သည့်အပြင် အအေးဒဏ်ခံနိုင်ရန် မီးမွှေးမည့် ပစ္စည်းများကိုလည်း ကူညီပေးခဲ့၏။
မိမိသခင်မ၏ သခင်နှင့်ပတ်သက်၍ ဝမ်ပေါင်သည် အစပိုင်းတွင် သတိထား သံသယဝင်နေခဲ့သော်လည်း နောက်ပိုင်းတွင် ဇဝေဇဝါဖြစ်လာကာ နောက်ဆုံး၌ ကျေးဇူးတင်စိတ်ပင် အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
ဤကမ္ဘာပျက်ကပ်ကြီးထဲတွင်ပင် လူကောင်းများ ရှိနေသေးပါလားဟု ဝမ်ပေါင်သည် ရင်ထဲ၌ ချီးမွမ်းလိုက်မိ၏။
စတုတ္ထမြောက်နေ့ ညနေခင်းတွင် ဝမ်ပေါင်သည် မီးပုံဘေး၌ထိုင်ကာ ဆီများတရွှဲရွှဲနှင့် ကြက်ကင်တစ်ကောင်လုံးကို ကင်နေ၏။
သူ့ရင်ထဲတွင် ရှောင်ဖန်းအပေါ် ကျေးဇူးတင်စိတ်များ ပြည့်နှက်နေသည်မှာ ဤကြက်ကင်ကို ရှောင်ဖန်းက ပေးခဲ့သောကြောင့် ဖြစ်သည်။
ရင်ထဲတွင် စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးတင်စိတ်များ ရှိနေသော်လည်း ဝမ်ပေါင်သည် ရှောင်ဖန်းကို အထင်သေးနေဆဲပင်။
ရှောင်ဖန်းသည် 'သူတော်စင်ကြီး' ကဲ့သို့ စိတ်ထားလွန်းပြီး ပြတ်သားမှုမရှိသူဖြစ်ပြီးထိုကဲ့သို့သော 'သူတော်စင်' မျိုးသည် ကမ္ဘာပျက်ကပ်ထဲတွင် ကြာရှည်အသက်ရှင်မည်မဟုတ်ကြောင်း သူ ခံစားမိ၏။
သို့သော် 'သူတော်စင်' ဖြစ်နေခြင်းကလည်း ကောင်းသောအချက်ပင်။ အနည်းဆုံးတော့ မိမိအတွက် အခွင့်အရေး ရစေသည်။ မိမိသာ အသက်ရှင်နေသရွေ့ တစ်နေ့တွင် ပြန်လည် အခွင့်အရေး ရှိလာမည်သာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အာကာသစွမ်းရည်မှာ ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
ကျူချမ်းချမ်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သည်နှင့် သူသည် ထွက်ပြေးရန် နည်းလမ်းရှာမည်ဖြစ်၏။
ထို့နောက် တိတ်တဆိတ် အင်အားမွေးမြူကာ တစ်နေ့အစွမ်းထက်လာသောအခါ အရာအားလုံးကို ပြန်လည် သိမ်းပိုက်မည် ဖြစ်သည်။
ရှောင်ဖန်း၏ 'သူတော်စင်' ဆန်သော အပြုအမူအတွက် ဆုလာဘ်အနေဖြင့် သူ သေဆုံးချိန်တွင် သက်သာအောင် လုပ်ပေးမည်ဟုပင် တွေးနေမိသေး၏။
ကြက်ကင်မှ ထွက်ပေါ်လာသော မွှေးပျံ့သည့် အနံ့အသက်များက နှာခေါင်းထဲသို့ တိုးဝင်လာသောအခါ ဝမ်ပေါင်၏ အတွေးများ ပြတ်တောက်သွားသည်။
"ရပြီ။ စားလို့ရပြီ"
ကြက်ကင်ကို ကြည့်ရင်း ဝမ်ပေါင် သွားရည်ကျလာမိ၏။
သူသည် အပူဒဏ်ကို ဂရုမစိုက်ဘဲ ကြက်ပေါင်တစ်ချောင်းကိုချက်ချင်းဆွဲဖြတ်ကာ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။
ထိုအချိန်၌ ဧည့်ခန်းထဲမှ အသံအချို့ ထွက်ပေါ်လာ၏။ ရှောင်ဖန်းနှင့် အခြားသူများ ထပ်မံရောက်ရှိလာခြင်း ဖြစ်လိမ့်မည်ဟု ဝမ်ပေါင် ထင်မှတ်လိုက်သည်။
ထို့ကြောင့် သူသည် ပြုံးရွှင်သော မျက်နှာဖြင့် ကြိုဆိုရန် အနောက်သို့ လှည့်ကြည့်လိုက်၏။
အတွင်းသို့ ဝင်ရောက်လာသော အရာကို မြင်လိုက်ရသည့်အခါမှသာ ရှောင်ဖန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က အဘယ်ကြောင့် ဤသို့ လုပ်ဆောင်ခဲ့သည်ကို သူ ချက်ချင်း သဘောပေါက်သွားတော့သည်။
သောက်ကျိုးနည်း သူတော်စင် စိတ်ဓာတ်။
သူသည် ရှောင်ဖန်းကို လူကောင်းတစ်ယောက်ဟု အမှန်တကယ် ထင်မှတ်ခဲ့မိသည်။
ထိုလူက အလွန် စဉ်းလဲလွန်းလှ၏။
သူသည် မိမိကို လူသားစားသတ္တဝါကို ဆွဲဆောင်ရန် သားကောင်အဖြစ် အမြဲတမ်း အသုံးချနေခဲ့ခြင်း ဖြစ်ပါလား။
မိမိဦးနှောက်မရှိခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ထျန်းကျဲ မိမိပေါ်သို့ ခုန်အုပ်မလာမီ ဝမ်ပေါင်၏နောက်ဆုံး အတွေးများ ဖြစ်ကြ၏။
ဝမ်ပေါင် သေဆုံးသွားပြီ ဖြစ်သည်။
သူသည် ထျန်းကျဲ၏ လက်ထဲရှိ သံတူရွင်းအောက်တွင် သေဆုံးသွားခဲ့ရ၏။
ဝမ်ပေါင်ကို သတ်ဖြတ်ပြီးနောက် ထျန်းကျဲသည် သူ၏ဦးနှောက်ကို ချက်ချင်းမစုပ်ယူသေးဘဲ ကြက်ကင်ကို ကောက်ယူကာ တစ်ကိုက် ကိုက်လိုက်ပြီးနောက် ချက်ချင်း ပြန်ထွေးထုတ်လိုက်သည်။
"ရွံ---စ---ရာ---ကြီး---"
ထျန်းကျဲ၏ လည်ချောင်းထဲမှ လူသားနှင့်မတူသော အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ထျန်းကျဲသည် ဝမ်ပေါင်၏ ခေါင်းကို ဖက်တွယ်လိုက်ပြီး သူ၏ လျှာရှည်ကြီးကို ခေါင်းထိပ်ရှိ အပေါက်ထဲသို့ ထိုးထည့်ကာ ဦးနှောက်များကို ရူးသွပ်စွာ စုပ်ယူတော့သည်။
ထျန်ကျဲသည် သွေးများကို ဆက်လက်စုပ်ယူရန် ဝမ်ပေါင်၏ လည်ပင်းကို ကိုက်ဖြတ်တော့မည့် အချိန်မှာပင်။
တံခါးဝမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
"သတ်စမ်း"
မီးသတ်ပုဆိန်နှစ်လက်ကို ကိုင်ဆောင်ထားသော ယွမ်ချင်းမေသည် လေမုန်တိုင်းတစ်ခုကဲ့သို့ ပြေးဝင်လာခဲ့၏။
"အ---ရ---သာ---ရှိ---တယ်---"
ထျန်ကျဲသည် အော်ဟစ်ကာ ယွမ်ချင်းမေထံသို့ ပြေးဝင်သွားတော့သည်။
လူနှင့် သတ္တဝါတို့သည် ပြင်းထန်စွာ တိုက်မိပြီးနောက် နှစ်ဦးစလုံး အနောက်သို့ လွင့်စင်သွားကြ၏။
ချက်ချင်းပင် သူတို့သည် လျင်မြန်စွာ ပြန်လည်ထရပ်ကာ တစ်ယောက်ကိုတစ်ယောက် ထပ်မံ ပြေးဝင်တိုက်ခိုက်ကြပြန်သည်။
၎င်းတို့ ထပ်မံ တိုက်မိကြပြန်ပြီး အနောက်သို့ လွင့်စင်သွားကြပြန်၏။
ကွာခြားချက်မှာ ယွမ်ချင်းမေသည် ဒဏ်ရာအနာတရ မရှိသော်လည်း ထျန်းကျဲ၏ ခန္ဓာကိုယ်တွင်မူ နက်ရှိုင်းသော ဒဏ်ရာအနာတရများစွာ ရှိနေပြီ ဖြစ်ခြင်းပင်။
ထျန်းကျဲသည်လည်း ယခုအခါ ပြဿနာကို သတိပြုမိသွား၏။ သူ၏ ထက်မြက်သော လက်သည်းများဖြင့် ယွမ်ချင်းမေကို အကြိမ်ကြိမ် ကုတ်ခြစ်ခဲ့သော်လည်း သူမသည် အကောင်းပကတိ ရှိနေဆဲပင်။
ဤအရာက မဖြစ်နိုင်ပေ။
ထျန်ကျဲသည် အနောက်သို့ လှည့်ကာ ပြတင်းပေါက်ထံသို့ ပြေးသွားပြီး ပြတင်းပေါက်ကို ရိုက်ခွဲကာ ထွက်ပြေးရန် ပြင်ဆင်လိုက်၏။
သူ လေထဲသို့ ခုန်တက်လိုက်သည့် အချိန်မှာပင် သူ၏ခြေကျင်းဝတ်ကို တင်းကျပ်စွာ အဖမ်းခံလိုက်ရပြီး ကြီးမားသော ခွန်အားတစ်ခုက သူ့ကို အနောက်သို့ ဆွဲယူကာ အိပ်ခန်းကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
အတွင်းသို့ ပြေးဝင်လာပြီး ချက်ချင်းပင် ဟင်းလင်းပြင်လက်ဝါး စွမ်းရည်ကို အသုံးပြုကာ ထျန်းကျဲ၏ ဝါးလုံးကဲ့သို့ ပိန်လှီသော ခြေသလုံးကို ဖမ်းဆွဲလိုက်သူမှာ ရှောင်ဖန်း ဖြစ်၏။
ထျန်းကျဲသည် အသက်လုတိုက်ပွဲဝင်ရန် ခန္ဓာကိုယ်ကို လှန်လိုက်သည့်အချိန်၌ သူ၏နဖူးတည့်တည့်တွင် ပစ္စတိုသေနတ်တစ်လက်က ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒိုင်း"
သေနတ်သံတစ်ချက်နှင့်အတူ ထျန်းကျဲသည် ပြင်းထန်စွာ လဲကျသွားတော့၏။
လူသားစားသတ္တဝါ ထျန်းကျဲ သေဆုံးသွားပြီ ဖြစ်သည်။
"ဟွန်း။ သူ့ကို ကျွန်မ ပုဆိန်နဲ့ ခုတ်သတ်တာကို ဘာလို့ ခွင့်မပြုရတာလဲ။ သေနတ်ကျည်ဆံတစ်တောင့်တောင် အလဟဿ ဖြစ်သွားတယ်"
ယွမ်ချင်းမေသည် နှုတ်ခမ်းစူလျက် ရှောင်ဖန်း၏ ဘေးနားသို့ လျှောက်လာပြီး မကျေမနပ် ဖြစ်နေ၏။
"မင်းရဲ့ အသွင်ကူးပြောင်းချိန် ကုန်ဆုံးတော့မှာမို့လို့ ဒဏ်ရာရသွားမှာ စိုးရိမ်လို့ပါ"
ရှောင်ဖန်းက ရယ်မောရင်း ပြောလိုက်သည်။
ရှောင်ဖန်းက ဤသို့ပြောသည်ကို ကြားသောအခါ ယွမ်ချင်းမေ၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးများ ပြည့်နှက်သွားတော့၏။ သူမသည် ရှောင်ဖန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ သူ၏လည်ပင်းကို လက်မောင်းများဖြင့် ဖက်တွယ်ပြီး ပါးပြင်ကို အကြိမ်ကြိမ် အားရပါးရ နမ်းလိုက်တော့သည်။
ထိုအချိန်တွင် ကျူချမ်းချမ်းလည်း အတွင်းသို့ ဝင်ရောက်လာပြီး ကြမ်းပြင်ပေါ်ရှိ ထျန်ကျဲနှင့် ဝမ်ပေါင်တို့၏ အလောင်းများကို တစ်ချက်ကြည့်ကာ မေးလိုက်၏။
"သေပြီလား"
ရှောင်ဖန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"လုံးဝ သေသွားပြီ"
ပြောပြီးနောက် ရှောင်ဖန်းသည် မီးသတ်ပုဆိန်တစ်လက်ကို ကောက်ယူကာ ထျန်ကျဲ၏ အလောင်းထံသို့ လျှောက်သွားပြီး သူ၏ ရှည်လျားသော ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်လိုက်၏။
ထို့နောက် သူသည် ဝမ်ပေါင်၏ အလောင်းကိုပါ ဆွဲယူကာ တစ်နေရာတည်းတွင် စုပုံလိုက်သည်။
ဆက်လက်၍ သူသည် သူ၏ အာကာသဟင်းလင်းပြင်ထဲမှ အမျိုးသမီးလစဉ်သုံး ပစ္စည်းများနှင့် ကလေးသေးခံ အမြောက်အမြားကို ထုတ်ယူကာ အပေါ်မှ ပုံလိုက်ပြီး အရက်အချို့ကို လောင်းထည့်ကာ မီးခြစ်ဖြင့် မီးရှို့လိုက်တော့၏။
တစ်ခဏအတွင်းမှာပင် ပြင်းထန်သော မီးတောက်ကြီး တောက်လောင်လာခဲ့သည်။
ကျူချမ်းချမ်းသည် မီးပုံဘေးသို့ လျှောက်လာပြီး ရှောင်ဖန်း၏ လက်မောင်းကို ချိတ်ကာ ပြောလိုက်၏။
"သခင်က တကယ်ပဲ အမြော်အမြင် အရှိဆုံးပဲ။ ဝမ်ပေါင်ကို သုံးပြီး ထျန်းကျဲကို ဆွဲဆောင်လိုက်တာ။ သူ့ကို ဒီလောက်လွယ်လွယ်လေး ရှင်းပစ်နိုင်ခဲ့တယ်"
"ချင်းမေသာ မရှိရင် ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး"
ယွမ်ချင်းမေသည် ရှောင်ဖန်းက မိမိအားချီးမွမ်းသည်ကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားသော ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းကို မြင့်မြင့်မော့လိုက်၏။
ကျူချမ်းချမ်းကမူ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
"အင်း။ ညီမကတော့ အသုံးမကျပါဘူး။ သခင့်ကို ဘာမှ မကူညီနိုင်ခဲ့ဘူး"
"မဟုတ်တာ။ မင်းက အများကြီး ကူညီခဲ့တာပါ။ တကယ်လို့ မင်းသာ ဝမ်ပေါင်ကို ကျွန်မပြုထားရင် ဝမ်ပေါင်က ထျန်းကျဲကို ဆွဲဆောင်ဖို့ ဒီနေရာမှာ ဘယ်လိုလုပ် နေနေပါ့မလဲ"
ရှောင်ဖန်းက ကျူချမ်းချမ်းကို တည်ကြည်စွာ ပြောလိုက်၏။
ရှောင်ဖန်းက ဤသို့ပြောသည်ကို ကြားရသောအခါ ကျူချမ်းချမ်း၏ ရင်ထဲတွင် ဝမ်းသာပီတိများ လျှံတက်သွားတော့သည်။
ရှောင်ဖန်းသည် အိမ်ပိုင်ရှင်များအုပ်စုထဲတွင် ထျန်းကျဲကို သတ်ဖြတ်ခဲ့သည့်အကြောင်းကို ထည့်သွင်းမပြောခဲ့ပေ။
သူသည် ညဉ့်နက်သန်းခေါင်အချိန်ကို အခွင့်ကောင်းယူကာ မြေအောက်ကားပါကင်၏ ထောင့်တစ်နေရာတွင် အစားအစာပုံကြီးတစ်ပုံကို တိတ်တဆိတ် သွားရောက်ထားရှိခဲ့၏။
ဤအစားအစာများမှာ အခြေခံအားဖြင့် ခေါက်ဆွဲခြောက်များ၊ ပေါင်မုန့်များနှင့် ရှောင်ဖန်းတို့ မစားသုံးသော အလားတူ ပစ္စည်းများသာ ဖြစ်ကြသည်။
ဤအရာသည် ရှောင်ဖန်းက စိတ်ထားကောင်းလွန်း၍ မဟုတ်ဘဲ ပစ္စည်းများသည် သူ၏အာကာသဟင်းလင်းပြင်ထဲတွင် အမြင်ကတ်စရာ ဖြစ်နေသောကြောင့် သက်သက်သာ ဖြစ်၏။
နောင်တွင် ရှောင်ဖန်းသည် အမှတ်များဖြင့် အစားအစာများကို လဲလှယ်လာသည်နှင့်အမျှ ဤကဲ့သို့သော ပစ္စည်းများမှာ ပိုမိုတိုးပွားလာရုံသာ ရှိတော့မည်။ သူ၏ အာကာသမှာ ကြီးမားသော်လည်း အကန့်အသတ်မရှိသည် မဟုတ်ရာ ရှောင်ဖန်းအနေဖြင့် ဤအရာကို အာကာသ ရှင်းလင်းခြင်းဟုသာ သတ်မှတ်လိုက်၏။
နောက်တစ်နေ့တွင် မြေအောက်ကားပါကင်ရှိလူများသည် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
၎င်းတို့သည် ထောင့်တစ်နေရာတွင် လူအားလုံး အနည်းဆုံး နှစ်ဝက်ခန့် ပြဿနာမရှိဘဲ စားသုံးနိုင်မည့် အစားအစာ အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်၏။
တကယ်လို့ ခြိုးခြံချွေတာပြီး စားသုံးမည်ဆိုပါက ပိုမိုကြာရှည်သော အချိန်အထိ စားသုံးနိုင်မည် ဖြစ်သည်။
လူများသည်ထိုအစားအစာများနှင့် ပတ်သက်၍ အမျိုးမျိုး တွေးတောနေကြ၏။ အချို့က ဤအရာသည် ၎င်းတို့အား ဒုက္ခမှ ကယ်တင်ရန် နတ်ဘုရားများ ဖန်ဆင်းပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောကြသည်။
အချို့ကမူ ထိုအရာသည် ယခင်က လူတစ်ယောက်ယောက် ချန်ထားခဲ့ပြီး မတွေ့ရှိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြ၏။
အစားအစာများ ပေါ်ပေါက်လာခြင်းသည် မှောင်မိုက်နေသော အမှောင်ထုထဲတွင် ရုတ်တရက် အလင်းရောင်တစ်ချက် ပေါ်ထွက်လာသကဲ့သို့ ဖြစ်ပြီး ကမ္ဘာပျက်ကပ်ထဲတွင် ရုန်းကန်လှုပ်ရှားနေရသူများအတွက် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို ယူဆောင်လာပေးသလိုဖြစ်သွား၏။
*********