← Chapters

တုန်လှုပ်ဖွယ်ပြောင်းလဲမှု

Vol. 96 Ch. 1317

တုန်လှုပ်ဖွယ်ပြောင်းလဲမှု

Vol. 96 Ch. 1317

မူပင်း​မေ ထွက်ခွာသွားသည်။

သူမသည် မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ဖြစ်ပျက်ခဲ့သမျှကို ဝမ်လင်းအား လာ​ပြောပြခြင်းသာ ဖြစ်သည်။ သူတို့နှစ်​ယောက်ကြား၌ တခြားကိစ္စဟူ၍ မရှိ​တော့​ပေ။ ဝမ်လင်းကလည်း အတိတ်က အ​ကြောင်း ပြန်မ​ပြောချင်​တော့သလို သူမလည်း ထို့အတူပင်။

ထွက်မသွားခင် လ​ရောင်​အောက်ရှိ မူပင်း​မေ၏ပုံရိပ်သည် ခြံဝန်းအပြင်ဘက်တွင် ရပ်တန့်သည်။ သူမသည် တစ်ခဏတာ တုန့်ရပ်သွား၏။ သို့​​သော် ​နောက်​တော့ လှည့်မကြည့်​ပေ။ သူမသည် တစ်စုံတစ်ခုကို ခပ်တိုးတိုး ​ရေရွတ်လိုက်သည်။

"လီချန်​မေဟာ အ​တော်​​လေး လှတယ်။ ဒါ​ပေမဲ့လည်း နင်ဟာ ညီမ​လေးဝမ်အာ(လီမူဝမ်) ကို ခုထိ မ​မေ့နိုင်​သေးဘူးပဲ။ ညီမ​လေးဝမ်အာသာ ပြန်နိုးထလာခဲ့ရင် ဒီ​လောက်နှစ်​ထောင်ချီ နင် အထီးကျန်​နေရတာကို သူ မြင်ချင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်။ ငါလည်း နင့်ကို အခုလိုမျိုးပုံစံ မမြင်ချင်ဘူး။ ဒီ​နေ့ပြီးရင် ငါ့ကျင့်ကြံမှုအဆင့် ပြန်​ကောင်းမွန်ဖို့အတွက် တံခါးပိတ်ကျင့်ကြံ​တော့မှာ။ နှစ်တစ်​ထောင်​ကြာတဲ့အထိ ငါ ထွက်မလာနိုင်​သေးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ငါတို့ ဘယ်အချိန်ပြန်ဆုံရမလဲ ငါ မသိဘူး။ ဒါ​ပေမဲ့ ...ဝမ်လင်း...ငါ နင့်ကို တစ်ခု​​တော့ ပြောခဲ့ချင်တယ်..."

ငါဟာ လျို​မေ၊ဝမ်ပိုင်ရဲ့အ​မေတစ်​ယောက် ဖြစ်တယ်။ ငါ့အ​ပေါ်မှာ ​​တောက်ပ​သော​လေဟာနယ်နယ်​မြေရဲ့ တာဝန် မရှိ​တော့ရင် ငါဟာ ငါ့သား ဝမ်ပိုင်နဲ့အတူ မ​ရေမတွက်နိုင်တဲ့ ပြန်လည်​မွေးဖွားခြင်းစက်ဝန်း​တွေမှာ အစစ်အမှန်အ​မေတစ်​ယောက်အဖြစ် ဖြတ်သန်းမယ်..."

မူပင်း​မေသည် ဖြည်းဖြည်း​ချင်း ​လျှောက်လှမ်းသွားရင်း ခပ်တိုးတိုး ​ရေရွတ်သည်။ ထိုစကားများကို ​ပြောဆိုပြီးသည့်​နောက် သူမ၏တာအိုနှလုံးသားသည် တဖြည်းဖြည်းချင်း ပြီးပြည့်စုံလာသည်။

ပုံရိပ်​ယောင်တစ်​ထောင်ရက်စက်ခြင်းနယ်ပယ်...ပုံရိပ်​ယောင်တစ်​သောင်းရက်စက်ခြင်းနယ်ပယ်...။ အဆုံးသပ်တွင် ၎င်းနယ်ပယ်မှာ ဖြည်းညင်းစွာ ​ပြောင်းလဲသွား​လေ၏၊

​တောက်ပ​သော​လေဟာသူ​တော်စင်မတစ်​ယောက်အ​နေဖြင့် မူပင်း​မေသည် ကိုယ်ပွားများအသုံးပြုကာ သူမ၏ နယ်ပယ်ကို ဖြတ်လမ်းနည်းဖြင့် ကျင့်ကြံခဲ့​ပေသည်။ သို့​သော် သူမသည် လျို​မေအဖြစ်ကိုယ်ပွားတွင် ကျရှုံးခဲ့ရသည်။ သူမ၏တာအိုနှလုံးသားမှာ ပြီးပြည့်စုံခြင်းမရှိ ဖြစ်ခဲ့ရ၏။ ထို့​ကြောင့် ​တောက်ပ​သော​လေဟာနယ်​နယ်​မြေ၏ အစွမ်းထက်ဆုံးမန္တာန်တွင် အက်​ကြောင်းတစ်ခု ဖြစ်​ပေါ်ခဲ့​လေသည်။

ထိုအက်​ကြောင်းမှာ လျို​မေ ဖြစ်သလို ဝမ်လင်းလည်း ဖြစ်၏။ ဝမ်လင်း​ကြောင့်က ပိုများ၏။ သို့ရာတွင် သည်အခိုက်အတန့်၌ မူ​ပင်း​မေသည် အရင်တုန်းကကဲ့သို့ သည်အက်​ကြောင်းကို ​ဆက်လက်​ရှေင်မ​နေ​တော့​ပေ။ သူမသည် ရင်ဆိုင်ရန် ​ရွေးချယ်၏။လက်ခံရန် ​ရွေးချယ်လိုက်၏။

ထိုအတွက်​ကြောင့် သူမ၏တာအိုသည် ပြီးပြည့်စုံမည့် အရပ်လက္ခဏာ စတင် ပြသလာသည်။ ရက်စက်ခြင်းနှင့် ချစ်ခြင်း​မေတ္တာတို့မှာ တူညီ​သောဒင်္ဂါးပြားတစ်ခု၏ ​ခေါင်းနှင်းပန်းပင် မဟုတ်လား။

ကျင့်ကြံခြင်း၊ကျင့်ကြံခြင်း။ လူတစ်​ယောက်သည် ​ကောင်းကင်နှင့်​မြေကြီး​၏ ရက်စက်မှုကို အသုံးပြုကာ တာအိုကို ကျင့်ကြံခဲ့ပါက ​နောက်ဆုံးရလဒ်သည် တာအိုဟု ​ခေါ်ရန် လုံ​လောက်​တော့မည် မဟုတ်ပါ။

ကျင့်ကြံသူတစ်​ယောက်သည် ချစ်ခြင်း​မေတ္တာတစ်ခုကို ပိုင်ဆိုင်လာချိန်တွင် ထိုသူသည် ၎င်းကို တာအိုကို ဖိဆန်ရန် အသုံးပြုနိုင်စွမ်း ရှိလာ​ပေလိမ့်မည်။

မူပင်း​မေ၏ တာအိုနှလုံးသား​ပေါ်ရှိ အက်​ကြောင်းတွင် ဝမ်လင်း၏ပုံရိပ် ပါဝင်​နေခဲ့ပြီး ဖြစ်သည်။ သူမ၏ ​တွေးရှုပုံ ​ပြောင်းလဲသွားရင်း၊ သူမ၏တာအို တဖြည်းဖြည်း ​​ကောင်းမွန်လာ​နေရင်း ဝမ်လင်း၏ပုံရိပ်သည် သူမ၏ရက်စက်ခြင်းနယ်ပယ် ​အောက်တွင် အမှတ်အသားတစ်ခု ဖြစ်လာခဲ့​တော့သည်။

ထိုအမှတ်အသားကို ​ဆောင်ယူ​နေရင်း သူမ၏တာအိုသည် ပြီးပြည့်စုံမှုအဖြစ် ဝင်​ရောက်လာခဲ့​​တော့သည်။

ခြံဝန်းထဲတွင် လ​ရောင်​အောက်၌ မတူညီ​သောအမျိုးသမီးနှစ်​ယောက်၏ အ​​ငွေ့အသက် ​မွှေးရနံ့သည် ဝမ်လင်းနှင့်အတူ အ​ဖော်ပြု​လို့ ​နေသည်။ သူသည် လ​ရောင်​​အောက်တွင် ရပ်ကာ အချိန်အတန်ကြာ ​တွေး​တော​ မိနေ​လေ၏။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံး​နေ၏။ မျက်စိတစ်မှတ်အတွင်း ရက်အ​တော်အတန် ကုန်လွန်သွားခဲ့​လေပြီ။ အဆင့်ရှစ်ကလန်များကြား ပြိုင်ပွဲမှာလည်း နီးလာခဲ့ပြီ ဖြစ်သည်။ ထို့အတူ ခွဲခွာဖို့လည်း အချိန်ကြလာခဲ့ပြီ။

မူပင်း​မေသည် ဝမ်ရှန်ရှန်နှင့်အတူ ထွက်လာခဲ့၏။ ဝမ်ရှန်ရှန်သည် သူမဆရာထံမှ နတ်ဘုရားကလန်သို့ အမြန်ပြန်လာခိုင်း​သော အမိန့်ကို ရရှိခဲ့၏။ ထာဝရကလန်က သူတို့ကို မတားဆီးဝံ့သည်မှာ သဘာဝကျ​ပေ၏။ သူတို့ ထွက်မသွားကြခင် မူပင်း​မေက ​နောက်သို့ လုံးဝ လှည့်မကြည့်ခဲ့​ချေ။ သူမသည် ​တောက်ပ​​သော​လေဟာနယ်သူ​တော်စင်မ ဖြစ်သည့်အတွက် မာန ရှိ​ပေ၏၊

​တောက်ပ​သော​လေဟာနယ်​နယ်​မြေသည် ဖျက်စီးခံလိုက်ရကာ သူမ တစ်​ယောက်သာ ကျန်ရစ်​တော့၏၊ ထိုစဥ်မှစ၍ သူမသည် သူမကိုယ်သူမ မပိုင်ဆိုင်​တော့​ပေ။ ​တောက်ပ​သော​လေဟာနယ်နယ်​မြေကို ပြန်တည်​ဆောက်နိုင်ရန် သူမထံ၌ တာဝန်ရှိ​ပေ၏။ ​​တောက်ပ​သော​လေဟာနယ်သူ​တော်စင်မတစ်​ယောက်အဖြစ် သူမထံ၌ ထိုကဲ့သို့တာဝန်ကို ပြီး​မြောက်​အောင် လုပ်ရ​ပေမည်။ ထိုတာဝန်ကို သူမက နှစ်​ပေါင်းများစွာ ​ရှောင်ဖယ်ခဲ့​ပေ၏။

သူမသည် ဝမ်လင်းနှင့် အပြန်အလှန် ​ပြောဆို​ပြီး​နောက် သူမနှလုံးသားတွင်းရှိ အစိုင်အခဲကို ​ဖြေရှင်းပြီးသွား​လေသည်။

လီချန်​မေသည်လည်း ထွက်ခွာ​တော့မည် ဖြစ်၏။ သူမသည် သူမဆရာထံမှ အ​ရေးတကြီး ပြန်ဆင့်​ခေါ်တာ ခံရသည်။ မည်သည့်အတွက်​​ကြောင့် ပြန်​​ခေါ်သည်ကို​တော့ မသိရ​ပေ။ သို့​သော် အလျင်စလို ​ပေါက်​သော စကားလုံးများ​ကြောင့် သူမသည် ထာဝရကလန်၏ တည်​နေရာ​ရွှေ့​ပြောင်းခြင်း အစီအရင်ကို အသုံးပြုကာ ​ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်သို့ ချက်ခြင်း ပြန်​​လေသည်။

လီချန်​မေသည် သူမဆရာ၏ စကားများကို မနာခံဘဲ မ​နေ​ပေ။ ​ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်က သူမကို အရာရာ​ပေးခဲ့ကာ သူမ၏ဆရာဖြစ်သူသည် သူမကို ပြုစု​ပျိုး​ထောင် ​ပေးထားခဲ့သည် မဟုတ်လား။ သူမဆရာက ပြန်​​ခေါ်သည့် အ​ကြောင်းရင်းကို မ​​ပြော​သော်လည်း ခုလိုမျိုး အ​ရေးတကြီး​လေသံစကားလုံးမျိုး သုံးသည်ကို သူမ တစ်ခါမျှ မမြင်​​တွေ့ခဲ့​ဖူး​ပေ။

​တည်​နေရာ​ရွှေ့​ပြောင်းခြင်း အစီအရင်ကို အကြိမ်များစွာ အသုံးပြုပြီး​ သူမသည် ​ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ထံ ​ရောက်ရှိလာသည်။

သူမစိတ်နှလုံးမှာ ရှုပ်​ထွေး​နေ၏။ သူမသည် သူမ၏ဆရာက ဘာ​ကြောင့်များ အခုလို စိုးရိမ်တကြီး အမိန့်လှမ်း​ပေးကာ ပြန်​ခေါ်သည်ကို မသိ​ပေ။ သူမ သိထားသ​လောက် သူမ၏ဆရာမှာ အမြဲလိုလို တည်ငြိမ်ကာ အခုလိုမျိုး ဘယ်တုန်းကမျှ မလုပ်​ခဲ့​ပေ။ သူမသည် ဘာ​ကြောင့်မှန်းမသိ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်​လာ​တော့မည်ဟု ခံစား​မိ​နေသည်။

မူပင်း​မေနှင့်လီချန်​မေတို့ ထွက်သွားကြပြီး​နောက် ဝမ်လင်းသည် ကလန်​ခေါင်း​ဆောင်၊ မြင့်မြတ်​သောအကြီးအကဲများနှင့်အတူ ထာဝရကလန်တွင် ကျန်ခဲ့၏။ သူတို့သည် အဆင့်ရှစ်ကလန်များကြားပြိုင်ပွဲ ကျင်းပမည့် ​နေရာသို့ ဦး​တည် သွား​ရန် ပြင်​နေကြသည်။ ယင်းပြိုင်ပွဲမှာ အဓိက ကျလှ​၏။

ထာဝရကလန်​ခေါင်း​ဆောင်သည် ဤပြိုင်ပွဲတွင် အလွန်ယုံကြည်ချက် ရှိ​နေသည်။ သူသည် အခြားအဆင့်ရှစ်ကလန်များမှာ သည်ပြိုင်ပွဲတွင် သံသယ ရှိစရာ မလို​အောင် ရှုံးနိမ့်ပြီး သူ့ကလန်ကသာ အဆင့်တစ် ရမည်ဟု ယုံကြည်ထားသည်။

ဝမ်လင်း​ ​ရောက်ရှိလာမှု​ကြောင့် ပြိုင်ပွဲသည် မျှတ​တော့မည် မဟုတ်​​ပေ။ ထာဝရကလန်ကသာ အသာစီးယူထားသလို ဖြစ်​နေ​တော့၏။

သို့ရာတွင် ဝမ်လင်းနှင့်မူပင်း​မေတို့ ​ပြောခဲ့သလို ​လောကသည် ကြိုတင်ခန့်မှန်း၍ မရတတ်​ပေ။

ထာဝရကလန် ထွက်ခွာမသွားခင် နာရီဝက် အလိုတွင် အလင်းတန်းတစ်ခုသည် ထာဝရကလန် ရှိရာသို့ ဝင်​ရောက်လာ၏။ ထိုအလင်းတန်းက တုန်လှုပ်ဖွယ်​အော်ရာကို ​ပေးစွမ်းလျက် ကလန်​ခေါင်း​ဆောင်ထံ တန်းတန်းမတ်မတ် ဝင်​ရောက်လာသည်။

ထိုအလင်းတန်းအတွင်း၌ အဘိုးအိုတစ်​ယောက် ရှိ​နေ၏။ ဝမ်လင်းသည် ထိုအဘိုးအိုကို အရင်က မမြင်ခဲ့ဖူး​ပေ။ သို့​သော် ထိုသူ့ထံမှ ​ရောင်လျှံစက်ဝန်းတစ်ခု ​ပေးစွမ်း​နေခြင်း​​ကြောင့် သူသည် ​ကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်​ယောက် ဖြစ်ရ​ပေမည်။

ထိုအဘိုးအို၏ အမူအရာသည် အလွန်သုန်မှုန်​နေပြီး စကားတစ်ခွန်းမှ မဆိုဘဲ ​ကျောက်စိမ်းပြားတစ်ခုကို ကလန်​ခေါင်း​ဆောင်ထံ လှမ်းပစ်​ပေးလိုက်၏။ ကလန်​ခေါင်း​​ဆောင်သည် မျက်​မှောင်ကြုတ်ကာ ​ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သူ့နတ်ဘုရားအာရုံဖြင်း ၎င်းကို စစ်​ဆေးကြည့်ပြီး​နောက် သူ့အမူအရာသည် အကြီးအကျယ် ​ပြောင်းလဲသွား​တော့၏။

ထို့နောက် သူ့အမူအရာသည် သုန်မှုန်ကာ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာလေ၏။ သူ့ဒေါသမှာ အကန့်အသတ်သို့ ရောက်လာခဲ့ပေပြီ။

သူက အေးစက်စက်နှာခေါင်းရှုံ့ကာ လက်ထဲရှိ ကျောက်စိမ်းပြားကို သူ့ဘေးရှိ မြင့်မြတ်သောအကြီးအကဲနှစ်ယောက်ထံသို့ လှမ်းပေးလိုက်သည်။ ထိုမြင့်မြတ်သောအကြီးအကဲနှစ်ယောက်သည် ၎င်းကို စစ်ဆေးကြည့်ပြီးနောက် သူတို့၏အမူအရာမှာ သုန်မှုန်လာတော့သည်။ ကောင်းကင်တစ်ခုလုံးပါ နက်မှောင်လာသည့်အလား။

ဝမ်လင်းနှင့် တိုက်ခိုက်ခဲ့သော မြင့်မြတ်သောအကြီးအကဲသည် အံတင်းတင်းကြိတ်ကာ အေးစက်စက် ပြောလိုက်၏။ “နတ်ဘုရားကလန်က မောက်မာလွန်းတာပဲ…”

“နတ်ဘုရားကလန်ရဲ့ စကားတစ်ခွန်းနဲ့တင် နှစ်ပေါင်းထောင်သောင်းချီ အဆင့်ရှစ်ကလန်တွေကြား တည်ရှိခဲ့တဲ့ အဆင့်ရှစ်ပြိုင်ပွဲဟာ ဖျက်သိမ်းရတော့မှာလား။ နတ်ဘုရားကလန်က ဒီပြိုင်ပွဲကို ဖျက်သိမ်းခိုင်းတဲ့အထိ ရူးသွားစေတဲ့အကြောင်းရင်း တစ်ခုခုများ ရှိနေလို့လား ငါ သိချင်မိတယ်။ ငါ့ထာဝရကလန်ဟာ ဒီပြိုင်ပွဲအတွက် နှစ်ပေါင်းများစွာ ကြိုပြင်ဆင်ထားခဲ့ရတာ။ အခု ရောင်းရင်းကျင့်ကြံသူလုလည်း ဒီမှာ ရှိနေပြီဆိုတော့ ငါတို့အတွက် ပထမရဖို့ဟာ ဘာမှ မခက်ခဲတော့ဘူး။ ငါတို့ ပြီးခဲ့တဲ့ပြိုင်ပွဲတွေတုန်းက အရှက်ရမှုကို ပြန်အဖက်ဆယ်နိုင်တော့မှာ။ နတ်ဘုရားကလန်က ဒီပြိုင်ပွဲကို ဖျက်သိမ်းခွင့်ရှိတာလား…”

နောက်ထပ်မြင့်မြတ်သောအကြီးအကဲကလည်း နှာခေါင်းရှုံ့၏။ သူ့မျက်လုံးထဲတွင် ဒေါသတို့ ဖြစ်ပေါ်နေသည်။

သို့ရာတွင် အလိုမကျမှုနှင့် တစ်ခုခုမှားနေပြီ ဟူသော ခံစားမှုအာရုံက ဒေါသထက် ပိုနေသည်။ သူတို့သည် အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြ၏။ ထာဝရကလန်သည် ကလန်ငယ်လေးတစ်ခု မဟုတ်ပေ။ သို့ရာတွင် နတ်ဘုရားကလန်၏ ကျောက်စိမ်းပြားတစ်ခုဖြင့်ပင် သူတို့သည် ဤအရှက်ရမှုကို လက်ခံရုံသာ ရှိတော့၏။

ကလန်ခေါင်းဆောင်သည် အချိန်အတန်ကြာသည့်အထိ ငြိမ်သက်တိတ်ဆိတ်စွာ စဉ်းစားနေသည်။ သူသည် ရုတ်တရက် ပင်ပန်းလာ၏။ သူက သက်ပြင်းချကာ ခေါင်းယမ်းသည်။ “နတ်ဘုရားကလန်ဟာ ဒီပြိုင်ပွဲကို ဖျက်သိမ်းဖို့အတွက် အမိန့်ပေးခဲ့ပြီးပြီး ဆိုမှတော့ သူတို့မှာ အကြောင်းပြချက် ရှိမှာပဲ။ တစ်ခုပဲ…ဒီအကြောင်းပြချက်ကို ငါတို့ မသိရတာ...”

ခါးသီးစွာဖြင့် ကလန်ခေါင်းဆောင်သည် ဝမ်လင်းကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်၍ ပြောသည်။ “ရောင်းရင်းကျင့်ကြံသူလု…အဆင့်ရှစ်ပြိုင်ပွဲကို နတ်ဘုရားကလန် ပယ်ဖျက်လိုက်ပြီ။ ငါ ဒီကိစ္စကို ကျန်တဲ့အကြီးအကဲတွေနဲ့လည်း တိုင်ပင်ရဦးမယ်။ သင် အဆင့်ငါးဒေသက မူလကလန်ရှိ ပြန်သွားပြီး သူတို့ကို အဆင့်ခုနစ်ဒေသဆီ ရွှေ့ပြောင်းဖို့ ပြင်ဆင်ခိုင်းရင် အဆင်ပြေမလား…”

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်၏။ သို့သော် သူသည် ကြောက်ရွှံ့မှုအာရုံတစ်ခုကို ခံစားမိနေသည်။ ကောင်းကင်တုန်လှုပ်စေနိုင်မည့် ကိစ္စကြီးတစ်ခု ကျရောက်လာတော့မည့် ကဲ့သို့ပင်။ သူသည် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပြော၏။ “နတ်ဘုရားကလန်က ကျောက်စိမ်းပြားကို ငါ ကြည့်လို့ ရနိုင်မလား…”

ကျောက်စိမ်းပြား ကိုင်ထားသော မြင့်မြတ်သောအကြီးအကဲသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ ၎င်းသည် ဝမ်လင်းထံ ပျံသန်းဝင်လာသည်။ ဝမ်လင်းက ထိုကျောက်စိမ်းပြားကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

ထိုကျောက်စိမ်းပြားထဲ၌ အကြောင်းအရာတစ်ခုသာ ပါဝင်၏။

“အဆင့်ရှစ်ကလန် ပြိုင်ပွဲ ဆက်လုပ်စရာ မလိုတော့ဘူး။ နတ်ဘုရားကလန်ရဲ့ ကျောက်စိမ်းပြား…”

ဝမ်လင်း၏နတ်ဘုရားအာရုံ ၎င်းအတွင်းသို့ ဖြန့်ကျက်လိုက်ချိန်တွင် သူသည် ထိုစကားလုံးများထံမှ ဖော်ပြရန်ခက်သောစွမ်းအားတစ်ခု ထိုးထွက်လာသည်ကို ခံစားလိုက်ရသည်။

ဝမ်လင်း တုန်လှုပ်မိသွား၏။ သူက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ကျောက်စိမ်းပြားကို ထာဝရကလန်သို့ ပြန်ပေးလိုက်ပြီးနောက် လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကာ ထွက်ခွာသွားတော့သည်။

ထာဝရကလန်ဝင်များအားလုံးသည် စိတ်ရှုပ်ထွေးနေကြ၏။ အများစုမှာ ဒေါသထွက်နေသည်။ သို့သော် သူတို့သည် အကူအညီမဲ့ကာ သည်အဖြစ်ကိုသာ လက်ခံရလေ၏။

“လီချန်မေလည်း ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ရဲ့ ဆင့်ခေါ်တာကို လက်ခံရရှိပြီး အလျင်အမြန် ထွက်သွားခဲ့ကြတယ်။ မူပင်းမေနဲ့ ဝမ်ရှန်ရှန်တို့လည်း ပြန်ခေါ်ခြင်း ခံခဲ့ရတယ်။ ဒါပေမဲ့ သူတို့ဟာ ဘာကြောင့်မှန်းတော့ မသိကြဘူး။ ဒီလောက်နဲ့တော့ သံသယဝင်စရာ မဟုတ်သေးဘူး။ ဒါပေမဲ့ နတ်ဘုရားကလန်ဟာ တစ်ချိန်တည်းမှာ အဆင့်ရှစ်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်တယ်။ ဒါတွေအားလုံးဟာ အတော်လေး ထူးဆန်းလွန်းနေပြီ…”

“တိမ်ပင်လယ်မှာ တစ်ခုခု ကြီးကြီးမားများ ဖြစ်လာတော့မှာလား…”

ဝမ်လင်းသည် သုန်မှုန်နေ၏။ သူသည် အလွန်စဉ်းစားရကျပ်နေသည်။

စဉ်းစားနေရင်း ဝမ်လင်းသည် မူလကလန်ရှိနေသောနေရာသို့ အမြန်ပြန်ရောက်လာပြီး လုယန်ဖေနှင့်အခြားသူများကို ခေါ်လိုက်သည်။ သူတို့သည် ချက်ခြင်းပင် အထုတ်အပိုးပြင်ဆင်ကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြု၍ အဆင့်ငါးဒေသ၊မိုလျိုကုန်းမြေထံ ပြန်လာကြသည်။

ဝမ်လင်းသည် တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်လာတော့မည်ဟု ခံစားမိနေ၏။ ထိုကြောက်မက်ဖွယ်ခံစားချက်သည် အားကောင်းသထက် အားကောင်းလာသည်။ သူ ကျင့်ကြံရန် ကြိုးစားချိန်တွင်ပင် သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်နေ၏။

“မူလကလန်ရဲ့ ကိစ္စတွေကို မြန်မြန် လက်စသပ်ကြ။ ပြီးရင် ငါ မင်းတို့အားလုံးကို အဆင့်ခုနစ်ဒေသရှိ သုံးရက်အတွင်း ခေါ်သွားပေးမယ်...”

ပြန်ရောက်လာပြီးနောက် ဝမ်လင်းက ထိုကဲ့သို့ အမိန့်ပေးကာ ချက်ခြင်းပင် တံခါးပိတ်ကျင့်ကြံတော့သည်။ သူ့မူလစိတ်ဝိညာဉ်သည် ကောင်းကျင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးအတွင်းသို့ အလျင်အမြန် ဝင်ရောက်ကာ ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သည်။

သည်တစ်ကြိမ်တွင် သူက ရန်သူကို တိုက်ခိုက်ရန် ရှေ့ဖြစ်ဟောသူနှင့် ပေါင်းစပ်ခြင်းမဟုတ်၊ ရှေ့ဖြစ်ဟောသူ၏ အနာဂတ်ကို ကြိုမြင်နိုင်စွမ်းကို ငှားယမ်းကာ ရှေ့ဖြစ်လာမည့် မသိမှုကို ခန့်မှန်းနိုင်ရန် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဆင့်ကိုးဒေသ၊ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်တွင် လီချန်မေ ကလန်သို့ ပြန်ရောက်လာချိန်၌ သူ့အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွား၏။ သူမ၏တည်ငြိမ်မှုပင် သူမ တွေ့မြင်လိုက်ရသည့်အရာကြောင့် ပျောက်ကွယ်သွားလေ၏။

လီချန်မေ ပေါ်လာသည့် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ပတ်လည်တွင် အကြီးအကဲသုံးယောက် ထိုင်နေ၏။ ထိုတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ခုချိန်တွင် ဆက်လက်၍ တည်နေရာမပြောင်းနိုင်တော့ဘဲ ချိပ်ပိတ်ခံထားရသော အစီအရင်တစ်ခု ဖြစ်သွားခဲ့ပေပြီ။ တံခါးပိတ်ကျင့်ကြံလေ့သာ ရှိသော သူမ၏ဆရာပင် ထိုအစီအရင်၏အပြင်ဘက်တွင် ထိုင်နေ၏။ လီချန်မေ ပေါ်လာသည်နှင့် သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်ကာ သူမကို စူးစိုက် ကြည့်လိုက်သည်။

“နင့်ကို ဒီအစီအရင်ရဲ့ အပြင်ဘက်ကို သုံးလကြာတဲ့အထိ ထွက်ခွင့်မပြုဘူး။ မဟုတ်ရင် နင်ဟာ ကလန်ရဲ့ စည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်…”

***

All Chapters