← Chapters

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပျောက်ကွယ်သွားခြင်း

Vol. 96 Ch. 1310

ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ပျောက်ကွယ်သွားခြင်း

Vol. 96 Ch. 1310

ဤအခိုက်အတန့်တွင် လောကတစ်ခုလုံးသည် ဝမ်လင်း ဖြန့်ကြဲလိုက်သော မရေမတွက်နိုင်သည့်အတားအဆီးများဖြင့် ပြည့်နှက်သွားသည်။ ၎င်းမှာ စက်ဝန်းတစ်ခုအဖြစ်သို့ ချဲ့ကားပြီး မြန်ဆန်စွာ သိပ်သည်းသည်။

ကျောက်စိမ်းပြားထဲရှိ အဘိုးအိုလျိုကျင်းပျောင်သည် မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင် ဖြစ်ပေါ်နေသည်။ သို့သော် သည်အခိုက်တွင် ကျောက်စိမ်းပြားထံမှ ခပ်စူးစူးအသံတစ်ခု ထွက်ပေါ်လာသည်။ ကျောက်စိမ်းပြားထံမှ အနက်ရောင်မြူများ ထွက်ပေါ်လာပြီး ပေတစ်ထောင်နီးပါး ကင်းခြေများကြီးတစ်ခုအဖြစ် ဖြစ်ပေါ်သည်။

ထိုကင်းခြေများသည် လုံးဝ နက်မှောင်နေပြီး ၎င်း၏ကျောပေါ်တွင်တော့ ရွှေရောင်အရေးအကြောင်းတစ်ခု ရှိသည်။ ၎င်းမှာ အလွန်အမင်းကြမ်းကြုတ်ဟန် ပေါ်သည်။

၎င်း ပေါ်လာသည့်နောက် ယင်းကင်းခြေများသည် ဝမ်လင်းထံ ပါးစပ်အပြည့်ဖြင့် အဆိပ်များ ထွေးထုတ်လိုက်သည်။ ထိုအဆိပ်သည် အလွန်ပြင်းသည်။ ၎င်းနှင့် ထိတွေ့မိသည့် တိုးဝင်လာသော အတားအဆီးများမှာ ရုတ်တရက် ပျက်စီးကုန်ကြသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ သူသည် တစ်စက်လေးပင် မရပ်တန့်ဘဲ ရှေ့သို့ ဆက်တိုးသည်။ သူက သူ့ညာလက်ကို ကောင်းကင်ထက်သို့ ညွှန်ကာ လှမ်းအော်သည်။ “လောကရဲ့မိုးကြိုး၊ ငါ့အမိန့်ကို နားထောင်စေ…”

သူ ထိုသို့ ဆိုလိုက်သည့်နောက် မရေမတွက်နိုင်သောမိုးကြိုးတန်းများသည် မိုလျိုကုန်းမြေအထက်ရှိ ကောင်းကင်ယံတွင် ပေါ်လာလေသည်။ ယင်းမိုးကြိုးအားလုံးသည် ဧရာမကင်းခြေများထံသို့ သက်ဆင်းကျလာ၏။

ကင်းခြေများသည် စူးရှရှ ဟစ်အော်ရာ ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာသည်။ မိုးကြိုးများ နီးကပ်လာချိန်တွင် ထူးဆန်းသောမြင်ကွင်းတစ်ခု ဖြစ်ပွားလာလေသည်။ ကျောက်စိမ်းပြားထံမှ ပိုများပြားသောအနက်ရောင်မြူများ ထွက်ပေါ်လာကာ ပေတစ်ထောင်ကျော်ကင်းခြေများ ခြောက်ကောင် ပေါ်လာသည်။

စုစုပေါင်း ကင်းခြေများ ခုနစ်ကောင်သည် အရူးအမူး ခပ်စူးစူး ဟစ်အော်ရာ ၎င်းတို့၏ အဆိပ်များကို ထွေးထုတ်ပြီး မိုးကြိုးကို တိုက်ခိုက်သည်။

နာကျင်ထိတ်လန့်သံများနှင့်အတူ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကုန်၏။ ကင်းခြေများခုနစ်ကောင်ထဲမှ သုံးကောင်သည် ပျက်စီးကာ ပျောက်ကွယ်သွားတော့၏။ ကျန်သည်လေးကောင်ကတော့ နောက်သို့ အလျင်အမြန် ဆုတ်ကြသည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာပြီး သူ ရှေ့သို့ လှမ်းသည်။ သူက မိုးကြိုးထံ တိုးဝင်ကာ သူ့ညာလက်ဖြင့် တိုက်ခိုက်သည်။ ပေါက်ကွဲ၏။ နောက်ထပ်ကင်းခြေများနှစ်ကောင် ပျက်စီးသွားပြန်သည်။

နောက်ဆုံးနှစ်ကောင်လည်း စူးရှရှအော်ဟစ်ကာ နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။ ၎င်းတို့သည် ကျောက်စိမ်းပြားအတွင်းသို့ ပြန်ဝင်ရောက်ခါနီး ဖြစ်သွား၏။

သို့ရာတွင် ဝမ်လင်းက မည်သို့ ခွင့်ပြုပါ့မည်နည်း။ သူက သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ဓားတိုနှစ်လက်သည် ထိုကင်းခြေများနှစ်ကောင်ထံ ပျံသန်းဝင်ရောက်သွားတော့၏။

ဓားစွမ်းအင်များ ရိုက်ခတ်လာကာ တဝီဝီအသံများ ပဲ့တင်ထပ်၍ နောက်ဆုတ်နေသော ကင်းခြေများနှစ်ကောင်လည်း ပျက်စီးသွားကြသည်။

ကင်းခြေများခုနစ်ကောင်လုံးသည် သေဆုံးသွားခဲ့လေပြီ။ ဝမ်လင်း၏အတားအဆီးများသည် အနားရောက်လာသည်။ ခုချိန်တွင် ၎င်းအတားအဆီးများကို ပိတ်ဆို့တားဆီးသောအရာ ဘာမှ မရှိတော့ချေ။ ထို့ကြောင့် အတားအဆီးများသည် ကျောက်စိမ်းပြားကို လွှမ်းခြုံသွားပြီး ထပ်မံ ထွက်မပြေးနိုင်အောင် ပြုလုပ်သည်။

ဝမ်လင်း၏မန္တာန်များသည် နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူများကို သတ်ပစ်ဖို့အတွက် လုံလောက်ပေသည်။ သူက ကင်းခြေများခုနစ်ကောင်ကို သတ်ပစ်နိုင်ခဲ့သော်လည်း ကျောက်စိမ်းပြားကမူ တစ်စက်လေးပင် ထိခိုက်ပျက်စီးသွားတာ မရှိပေ။

ဝမ်လင်းသည် ကျောက်စိမ်းပြားကို ပို၍ ကြည့်မိလေလေ ၎င်းမှာ သာမန်မဟုတ်တာ ပိုပေါ်လွင်လေပင်။ ယင်းကျောက်စိမ်းပြားသည် အစွမ်းထက်ရတနာတစ်ခု ဖြစ်ရပေမည်။ သူသည် သူအသက်ရှင်နိုင်မည့်လမ်းကြောင်းကို ရှာဖွေခဲ့ချိန်က သူ နောက်ဆုံးတွေ့မြင်ခဲ့ရသည်မှာ ဒီလျိုကျင်းပျောင် ဖြစ်နေ၏။ ခုချိန်တွင်မူ သူသည် ဤကျောက်စိမ်းပြားကြောင့်သာ ရှင်သန်နိုင်လိမ့်မည်ဟု သေချာသွားပေပြီ။

အတားအဆီးများ နီးကပ်လာနေရင်း ဝမ်လင်းသည်လည်း ကျောက်စိမ်းပြား အနားရောက်လာကာ သူ့ညာလက်ကို ၎င်းထံ ဆန့်တန်းလိုက်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ကျောက်စိမ်းပြားအတွင်းမှ ကြမ်းကြုတ်သောအော်ရာတစ်ခု ထွက်ပေါ်လာသည်။

ကျောက်စိမ်းပြားအတွင်းမှ အနက်ရောင်မြူများ ထပ်မံ ထွက်ပေါ်လာကာ ပေတစ်သောင်းရှိသော ကင်းခြေများတစ်ကောင် ပေါ်လာသည်။ ဝမ်လင်းသည် နီးကပ်လွန်းနေသဖြင့် ထိုကင်းခြေများသည် သူ့ဘေးနားတွင် ဖြစ်နေပေသည်။ ၎င်းက ပါးစပ်ဟကာ အဆိပ်များကို ထွေးထုတ်၍ ဝမ်လင်းကို ဝါးမြိုပစ်ရန် ကြိုးစားလိုက်သည်။

“တစ်ချိန်တည်းမှာပင် လျိုကျင်းပျောင်က လှမ်းအော်၏။ ကျောက်စိမ်းပြား…သူ့ကို ဝါးမြိုလိုက်။ သူဟာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်မွန်းစတားအိုတစ်ယောက်ပဲ။ ဒါ့ကြောင့် သူ့မှာ ရတနာတွေနဲ့ မူလသလင်းကျောက် အများကြီး ပိုင်ဆိုင်ထားမှာ သေချာတယ်။ သူ့ကို ဝါးမြိုလိုက်။ ငါ ဘာတစ်ခုမှ မလိုချင်ဘူး။ အားလုံး မင်းကိုပဲ ပေးမယ်…”

ကင်းခြေများ နီးကပ်လာချိန်တွင် ဝမ်လင်း၏အမူအရာသည် လုံးဝ ပြောင်းလဲမသွားခဲ့ပေ။ ကင်းခြေများ အနားရောက်လာသည့်အခါ ဝမ်လင်းသည် ပါးစပ်ဟ၍ မာန်သွင်းသံ ပြု၏။

၎င်းမာန်သွင်းအော်ဟစ်သံသည် ကျင့်ကြံသူတစ်ယောက်၏ အသံမဟုတ်၊ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ဟိန်းသံ မည်၏။ ထိုဟိန်းသံသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်စွမ်း ရှိသည်။

မြေပြင်သည် တုန်ခါကာ အကွာအဝေးတစ်ခုရှိ တောင်တန်းများစွာ ပြိုလဲပျက်စီးကုန်၏။ မြစ်များသည် ပြောင်းပြန်စီးဆင်းကုန်သည်။

ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ဟိန်းသံနှင့်အတူ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကိုပါ ထည့်ပေါင်းတွက်ပါက မည်သည့်နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကိုမဆို တစစီ ဖြစ်သွားနိုင်သည်။ နိဗ္ဗာနဖြိုခွဲခြင်းအစောပိုင်းအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖျက်စီးနိုင်သည်။ နိဗ္ဗာနဖြိုခွဲခြင်းအလယ်အဆင့်ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို ထိခိုက်သွားစေနိုင်သည်။

နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများပင် ယင်းအော်သံကြောင့် သူတို့၏အာရုံခံစားနိုင်မှုများ ဆုံးရှုံးသွားနိုင်၏။ နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် ဤမျှ နီးကပ်သောအကွာအဝေးတွင် ဒဏ်ရာ ရသွားနိုင်ကာ မျက်လုံးမျက်ဆန် ပြူးသွားနိုင်သည်။

ပေတစ်သောင်းကင်းခြေများသည် မဝါးမြိုနိုင်ခင်မှာပင် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရ၏။ လေပြင်းတစ်ခုက ၎င်းကို ရိုက်ချသွားသည့်အလား။

ဘန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ထိုကင်းခြေများ၏ခန္ဓာကိုယ်သည် ပျက်စီးကာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ထိုကင်းခြေများကို ဆုံးရှုံးသွားပြီးနောက် ကျောက်စိမ်းပြားထံမှ အလင်းသည် လွင့်ပါး၏။ သို့သော် ခပ်ဖျော့ဖျော့အလင်းတစ်ခုကတော့ ၎င်းကို လွှမ်းခြုံထားဆဲပင်။ ၎င်းအလင်းသည် မထင်မှတ်စွာဖြင့် လောကရှိ အခြားအလင်းများနှင့် ရောယှက်ခြင်း မရှိဘဲ ဤလောကသည် ထိုအလင်းကို မပိုင်ဆိုင်သည့်အလားပင်။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်ကာ ကျောက်စိမ်းပြားကို ဖမ်းယူ၏။

သူသည် ကျောက်စိမ်းပြားကို ယူလိုက်သည့်အခိုက်တွင် သူ့စိတ်ထဲ၌ ဟိန်းသံတစ်ခု ဖြစ်ပေါ်သည်။ ကျောက်စိမ်းပြားထံမှ ဖော်ပြနိုင်စွမ်းမဲ့သောအားတစ်ခု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်သည်။ ၎င်းအားသည် သူ့မူလစိတ်ဝိညာဉ်ထိ ဖြတ်သန်းသွားပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် အလင်းတစ်ခုကို ထုတ်လွှတ်လေ၏။ ၎င်းပုတီးစေ့မှာ သည်ကျောက်စိမ်းပြားနှင့်အတူ ဟိန်းမြည်သံ ပြုသည်ဟု ထင်မှတ်ရသည်။

ထိုအလင်းဟိန်းသံ ဖြစ်ပေါ်လာရင်း ဝမ်လင်းလက်ထဲရှိ ကျောက်စိမ်းပြားသည် ရုတ်တရက် ပျောက်ကွယ်ကာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ ၎င်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဘေးနားရှိ သူ့မူလစိတ်ဝိညာဉ်ထံတွင် ပေါ်လာသည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ၎င်းကျောက်စိမ်းပြားကို စုပ်ယူသွင်းလိုက်၏။

ဤအခိုက်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ရုတ်တရက် ဝမ်လင်း၏မူလစိတ်ဝိညာဉ်အတွင်းတွင် ပျောက်ကွယ်သွားတော့သည်။ သို့သော် ဝမ်လင်းက ထိုပုတီးစေ့၏တည်ရှိမှုကို ကောင်းစွာ ခံစားမိရသည်။ သည်အခိုက်တွင် သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ဖြစ်လာသကဲ့သို့ပင် ခံစားလိုက်ရ၏။

ထိုခံစားချက်မှာ အလွန်တရာ မသိသာလှပေ။ သို့သော် ဝမ်လင်းက ၎င်းခံစားမှုနှင့် ပတ်သတ်၍ စဉ်းစားနေရန် အချိန် မရှိပေ။ အကြောင်းမှာ ၎င်းပုတီးစေ့ ပျောက်ကွယ်သွားချိန်၌ သူ့စိတ်သည် တုန်ယင်သွားခဲ့ခြင်းကြောင်းတည်း။ သူ မပိုင်ဆိုင်ထားသော မှတ်ဉာဏ်များ ပေါ်လာလေ၏။

ထိုမှတ်ဉာဏ်များထဲ၌ လုံးဝနက်မှောင်နေသော မြေကြီးအတွင်း၌ ကျောက်စိမ်းပြားတစ်ခု မြှုပ်နေ၏။ မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ ကြာမြင့်သည့်အထိ ပြောင်းလဲမှု ရှိမလာခဲ့ပေ။ တစ်နေ့တွင်တော့ ထိုမြေကြီးသည် ပြိုဆင်းကျကာ ယင်းကျောက်စိမ်းပြားဘေး၌ ကင်းခြေများပေါက်ရှစ်ကောင် ရောက်ရှိလာကြ၏။ထိုကျောက်စိမ်းပြားက ၎င်းတို့ကို ဉာဏ်ရည်ပေးလိုက်သည့်အလား ထိုကင်းခြေများရှစ်ကောင်သည် ကျောက်စိမ်းပြား၏အော်ရာကို စုပ်ယူကြတော့သည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးနေကာ နောက်ထပ်နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့သည်။ ကင်းခြေများရှစ်ကောင်က ကျောက်စိမ်းပြား၏အော်ရာကို စုပ်ယူနေရင်း ၎င်းတို့၏ခန္ဓာကိုယ်များသည် တုန်ယင်ကာ သေဆုံးသွားခဲ့ကြသည်။ သို့သော် ၎င်းတို့၏မူလစိတ်ဝိညာဉ်များကတော့ ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားကြ၏။ ၎င်းတို့သည် ရတနာစိတ်ဝိညာဉ်များကဲ့သို့ တည်ရှိမှုမျိုး ဖြစ်လာခဲ့တော့သည်။

သို့ရာတွင် ၎င်းတို့သည် ပြင်ပအားတစ်ဖြင့်သာ ပြုလုပ်ထားသည့်အတွက် ကျောက်စိမ်းပြားကို မထိန်းချုပ်နိုင်ပေ။ ယင်းတို့က ကျောက်စိမ်းပြားစွမ်းအား၏ အပုံတစ်ထောင်ပုံ တစ်ပုံကိုသာ အသုံးပြုနိုင်သည်။

မရေမတွက်နိုင်သော နှစ်များ ကုန်လွန်လာခဲ့ပြန်သည်။ မြေပြင်ထုသည် ထပ်မံ တုန်ခါကာ မူလက မြေအောက်တွင် နစ်မြုပ်နေသော ကျောက်စိမ်းပြားဟာ မြေမျက်နှာပြင်ထက် ပေါ်လာလေ၏။

မျက်နှာတွင် ပွန်းရာပဲ့ရာများနှင့် အဘိုးအိုတစ်ယောက်သည် ကြောက်လန့်တကြား ထွက်ပြေးနေသည်။သူ့နောက်တွင် ‘လူလိမ်၊ သူခိုး’ ကဲ့သို့ ဆဲသံဆိုသံများ ကပ်ပါလာလေ၏။

ထိုအဘိုးအိုသည် ထွက်ပြေးနေရင်း သူ့ဒဏ်ရာများ ပိုဆိုးလာကာ သွေးအန်လိုက်ရသည်။ သူ့သွေးများက မြေမျက်နှာပြင်ထက်ရှိ ကျောက်စိမ်းပြားတစ်ခုပေါ်သို့ မတော်တဆ ကျရောက်သွားကာ တောက်ပသွားသဖြင့် ထိုအဘိုးအိုသည် ၎င်းကို သတိပြုမိသွားသည်။

အဘိုးအိုက ကျောက်စိမ်းပြားကို ကောက်ယူလိုက်၏။ တစ်ချက်ကြည့်လိုက်ပြီးနောက် သူသည် ချက်ခြင်း ထွက်ပြေးတော့သည်။

ဝမ်လင်းသည် ရုတ်တရက် အားနည်းသွား၏။ သူ့မှတ်ဉာဏ်မဟုတ်သော သည်မြင်ကွင်းများက ကြာမြင့်သည်ဟု ထင်ရသော်လည်း အမှန်တော့ အသက်ရှုချိန်တစ်ဝက်စာလောက်သာ ကြာမြင့်သည်။ သို့ရာတွင် အပြင်လူများသည် ဘာကိုမှ တွေ့မြင်ရလိမ့်မည် မဟုတ်ပါ။ လျိုကျင်းပျောင်က ဝမ်လင်းကို စူးစိုက်ကြည့်နေရာ ကျောက်စိမ်းပြား ဝမ်လင်းလက်ထဲတွင် ပျောက်ကွယ်သွားသည်ကို တွေ့မြင်လိုက်သ်ည။

သူနှင့်ကျောက်စိမ်းပြားတို့ကြားရှိ ဆက်နွှယ်မှုသည် ပြက်တောက်သွားကာ သူ့စိတ်သည် နာကျင်သွားမိ၏။

သို့ရာတွင် သူ့ဘဝနှင့် နှိုင်းယှဉ်ပါက သည်ကျောက်စိမ်းပြားမှာ ဘာမှ မဟုတ်တော့ပေ။ လျိုကျင်းပျောင်၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်ပြီး သူက ဒူးထောက်ချကာ ဦးညွတ်တောင်းပန်လိုက်သည်။

“စီနီယာ…ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ စီနီယာ ခွင့်လွှတ်ပေးပါ။ ဂျူနီယာက လူ လုံးဝ မသတ်ခဲ့ပါဘူး။ လှည့်စား ခြောက်လှန့်ရုံသာ လုပ်ခဲ့တာပါ။ အများဆုံးမှ သူများရဲ့ ပိုင်ဆိုင်မှုတွေကိုပဲ ယူဆောင်ခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ ဒီမကောင်းမှုဟာ သေဖို့မထိုက်တန်သေးပါဘူး။ သေဖို့ မထိုက်တန်သေးပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ စီနီယာ။ ဂျူနီယာ ဘယ်တော့မှ လူလိမ်မလုပ်တော့ပါဘူး။ လူကောင်းတစ်ယောက် ဖြစ်စေရပါ့မယ်။ ဘယ်တော့မှ ထပ်မလိမ်တော့ပါဘူး…”

လျိုကျင်းပျောင်သည် ဆက်တိုက် ဦးညွတ်နေ၏။ သူသည် ဝမ်လင်းကို အလွန်ကြောက်နေမိ၍ အသည်းအသန် တောင်းပန်နေလေ၏။

“ဒီကျောက်စိမ်းပြားဟာ တုန်လှုပ်ဖို့ ကောင်းတယ်။ သာမန်ကင်းခြေများရှစ်ကောင်ကိုတောင် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နီးပါး ကျင့်ကြံနိုင်စေခဲ့တယ်။ ဒီလျိုကျင်းပျောင်ဟာ ဒီကျောက်စိမ်းပြားကြောင့် တိမ်ပင်လယ်မှာ သူလုပ်ချင်တာ လုပ်နေခဲ့တာပဲ။ သူဟာ လူများစွာကို လှည့်စားခဲပေမဲ့ သူ့ကို ဘယ်သူ့မှ မသိခဲ့ကြဘူး…”

ဝမ်လင်းသည် အသက်ဝဝရှုသွင်း၏။ သူသည် လျိုကျင်းပျောင်၏စကားများကို နားမထောင်လိုပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သူ့သိုလှောင်နေရာလွတ်ထဲသို့ လျိုကျင်းပျောင်ကို ထည့်သွင်းလိုက်သည်။

“ဒီလူရဲ့ ပြစ်မှုဟာ တကယ့်ကို သေဒဏ် မပေးသင့်ဘူး။ သူဟာ နှစ်ပေါင်းများစွာ အခြားသူတွေကို လှည့်ဖျားခဲ့တယ်။ ဒါပေမဲ့ ဒါဟာ ငါနဲ့ ဘာမှ မဆိုင်ဘူး။ ဒါပေမဲ့ သူဟာ မူလကလန်ကို လှည့်ဖျားဖို့ ကြိုးစားခဲ့တဲ့အတွက်ကြောင့် ငါ သူ့ကို အပြစ်ပေးရမယ်။ ရှုလီကော မင်းက အမြဲတမ်း ပျင်းနေတယ်လို့ ဆင်ခြေပေးနေတတ်တယ်။ ဒါ့ကြောင့် ဒီလူ့ကို ငါ မင်းလက်ထဲ ထည့်လိုက်မယ်။ သူ့ကို သင်ခန်းစာ တစ်ခု၊နှစ်ခုလောက် ပေးလိုက်ပါ…”

ဝမ်လင်း၏ နတ်ဘုရားအာရုံသည် ထွက်မလာတာ ကြာပြီဖြစ်သော ရှုလီကောထံသို့ ကျရောက်သွားသည်။

ရှုလီကောသည် လွန်ခဲ့သောနှစ်ရာချီကတည်းက သူ့စိတ်ထဲတွင် ကျိန်ဆဲရင်း ဖြတ်သန်းခဲ့ပေ၏။ သူသည် အလှလေးများကိုလည်း လွဲခဲ့ရသေး၏။

အထီးကျန်မှုကို ခံစားနေရင်း သူသည် ဝမ်လင်း၏သတင်းစကားကို ရုတ်တရက် ကြားလိုက်ရပြီး လျှိုကျင်းပျောင် သိုလှောင်နေရာလွတ်ထဲ ကျရောက်လာသည်ကို တွေ့မြင်လိုက်သည်။ သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွား၏။

“သခင်…စိတ်ချနေပါ။ ဟားဟား…ဒီကောင်လေးရှုဟာ ဒီကောင့်ကို သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပါ့မယ်…”

ရှုလီကောသည် သူ့လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ပွတ်သတ်၍ မကောင်းဆိုးဝါးအပြုံးတစ်ခုကို ထုတ်ဖော်သည်။ သူသည် လျိုကျင်းပျောင်နားသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာလေ၏။ လျိုကျင်းပျောင်၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် ပိုအားကောင်းလာသည်။ ထိုအဖြစ်က ရှုလီကော၏ မျက်လုံးများကို တောက်ပသွားစေသည်။

“မကောင်းတဲ့ကောင်…မင်းရဲ့ ဘိုးဘိုးရှုဟာ အထီးကျန်စွာနဲ့ ဘယ်လောက်ကြာကြာ နေနေခဲ့ရလဲ မင်းသိလား။ ဒီနေ့…နတ်ဘုရားတွေဟာ ငါ့ကို သတိပြုမိခဲ့ပြီး မင်းကို ဒီမိစ္ဆာကောင်(ဝမ်လင်း) ကို သွားစော်ကားစေခဲ့တာပဲ။ ကောင်းတယ်…”

ရှုလီကောသည် ရယ်မောရင်း လျိုကျင်းပျောင်ထံ ခုန်အုပ်လိုက်သည်။ သူ့ရယ်သံမှာ မကောင်းဆိုးဝါးဆန်လှပေ၏။

***

All Chapters