အခန်း (၆၅-၆၆)
Vol. 7 Ch. 65-66
အခန်း ၆၅ သေချင်းဆိုး
"မင်းက..."
"ငါ မဟုတ်ဘူး... ခင်ဗျား လူမှားနေပြီ..."
"မမှားနိုင်ပါဘူး... မင်းက ချောင်ဇီ ဖြစ်ရမယ်..."
"ခင်ဗျား တကယ် လူမှားနေတာပါ... ငါ့နာမည်က ကျန်းချောင်... ဝမ်ချောင် မဟုတ်ဘူး..."
"ငါက မင်းနာမည် ဝမ်ချောင်လို့ မပြောရသေးပါဘူး..."
စကားအနည်းငယ် ပြောဆိုပြီးနောက် ဟိုတယ် ဧည့်ခန်းမဆောင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး တောနက်ကြီးထဲသို့ ရောက်ရှိသွားသကဲ့သို့ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေသည်။
"ဟွန့်..."
"ထွက်ပြေးချင်နေတာလား..."
ရွှီရှန်းက ကျောပိုးအိတ်လွယ်ထားသူ၏ လက်မောင်းကို ဆွဲဖမ်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖော်ဆောင်လိုက်လေသည်။
လီရှန်း၏ မျက်နှာထားမှာ အနည်းငယ် တိတ်ဆိတ်သွားပြီး မည်းမှောင်နေသကဲ့သို့ ရှိသော်လည်း မျက်တောင်တစ်ချက် ခတ်လိုက်ချိန်တွင် အပြာရောင် သို့မဟုတ် အစိမ်းရောင်သို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရပေသည်။
ဧည့်ကြိုကောင်တာမှ ဝန်ထမ်းနှစ်ဦးမှာ ဤဘက်ကို တစ်လှည့် ဟိုဘက်ကို တစ်လှည့် ကြည့်နေကြပြီး မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြလေသည်။
"လူကြီးမင်းတို့... လူကြီးမင်းတို့... အခန်း ယူဦးမှာလား..."
ဧည့်ကြိုဝန်ထမ်းက သတိတကြီးဖြင့် မေးမြန်းလာလေသည်။
"ယူမယ်... တစ်ခန်း ယူမယ်..."
ရွှီရှန်းက မျက်စိရှေ့ရှိ အမျိုးသားကို ကြည့်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားဆိုလိုက်လေသည်။
"တပ်ခွဲမှူးလီ... နှစ်ယောက်က တစ်ယောက်ကို ကာကွယ်ပေးတာပဲ ကောင်းမယ်... ခင်ဗျား ဟိုတယ် ပြောင်းလိုက်ပါ... ဒီကောင်လေးနဲ့ ဝေးဝေးမှာ နေတာ ကောင်းမယ်... ဒီညတော့ ကျွန်တော် သူနဲ့ အတူတူ အိပ်လိုက်တော့မယ်... မနက်ဖြန်ကျရင် ကျွန်တော့်ကို လာနှိုးဖို့ မမေ့နဲ့ဦး..."
လီရှန်းက လူနှစ်ဦးကို ကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
"ကောင်းပြီလေ..."
ထိုသို့ ပြောဆိုပြီးနောက် သူက ဟိုတယ်ထဲမှနေ၍ ဖြည်းညင်းစွာ ထွက်ခွာသွားပြီး ကားပေါ်သို့ တက်သွားခဲ့လေသည်။
ရွှီရှန်းက မျက်စိရှေ့တွင် ကြောက်လန့်တကြား တုန်ယင်နေသော ကျောပိုးအိတ်လွယ်ထားသူကို ကြည့်ကာ တစ်ဖက်လူ၏ နှာခေါင်းစည်းကို တိုက်ရိုက်ပင် ဆွဲဖြုတ်လိုက်လေသည်။ ရင်းနှီးကျွမ်းဝင်နေသော ခါးသက်သက် မျက်နှာထားလေး တစ်ခုက သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
"အစ်ကိုကြီး... ကျွန်တော် အစ်မကို သတိရလာလို့... ကျွန်တော့်ကို အိမ်ပြန်လွှတ်ပေးလို့ မရဘူးလား..."
ဝမ်ချောင်၏ မျက်နှာပေါ်ရှိ အစိတ်အပိုင်းများ အားလုံးက ရှုံ့မဲ့သွားပြီး သူ၏ တစ်ကိုယ်လုံးက အလွန်အမင်း ဝမ်းနည်းပူဆွေးနေသည့်ဟန် ပေါက်နေလေသည်။
'ဒီလူနဲ့ ထပ်ဆုံပြန်ပြီ...'
'သတင်းအမှားတွေ ပေးခဲ့တဲ့အပြင် ကြိုတင်ပြီးတော့တောင် ထွက်ပြေးခဲ့တာကို... မြို့လေးမြို့လောက် အဆက်မပြတ် လှည့်ပတ်ပြီး ရှောင်ပြေးခဲ့တာတောင်မှ...'
'ဘယ်လိုလုပ်ပြီး ထပ်ဆုံနိုင်ရတာလဲ... မဖြစ်နိုင်ပါဘူး...'
"ကောင်းပြီလေ..."
ရွှီရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။
မူလက ဟန်ဟိုင်မြို့ ရဲစခန်း၏ အစားအသောက်များ မည်သို့ရှိမည်ကို စတင် တွေးတောနေပြီဖြစ်သော ဝမ်ချောင်မှာ ထိုအချိန်တွင် ကြောင်အမ်းသွားခဲ့ပေသည်။ ထို့နောက် မျက်နှာတစ်ခုလုံး အံ့သြဝမ်းသာမှုများ ပြည့်နှက်လာခဲ့လေသည်။
"တကယ်လား..."
"တကယ်ပေါ့..."
ရွှီရှန်းက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်လူ ထပ်မံ မေးမြန်းမည်ကို မစောင့်တော့ဘဲ ဆက်လက် စကားဆိုလိုက်လေသည်။
"တကယ်လို့ မင်း ပြန်သွားမယ်ဆိုရင် ရထားလမ်းချော်တာမျိုး ဖြစ်နိုင်တယ်... ဒါမှမဟုတ်လည်း ကားဆယ့်ရှစ်စီး ဆင့်ကဲ တိုက်မိတာမျိုး ဖြစ်နိုင်သလို ဒီတံခါးပေါက်ကနေ ထွက်သွားတာနဲ့ ပေါက်ကွဲမှု တစ်ခုခုနဲ့ ကြုံတွေ့ရတာမျိုးလည်း ဖြစ်နိုင်တယ်..."
"အင်း... အားလုံးက ဖြစ်နိုင်ခြေ ရှိတာချည်းပဲ..."
"သေချာတာပေါ့... တကယ်လို့ မင်းက ဒီမှာ ဆက်နေဖို့ ရွေးချယ်မယ်ဆိုရင် ပြဿနာ တစ်ခုခု ကြုံလာခဲ့ရင်တောင် အနည်းဆုံးတော့ ရဲနှစ်ယောက်နဲ့ အတူတူ ရင်ဆိုင်လို့ ရတာပေါ့..."
ဝမ်ချောင်မှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"...."
"ကျွန်တော်လည်း ရုတ်တရက်ကြီး အစ်မကို အဲဒီလောက် မလွမ်းတော့ပါဘူး..."
ဝမ်ချောင်က လည်ပင်းကို ပုလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် သတ္တိကြောင်ခြင်း ဆိုသော စကားလုံးကို အကြီးကြီး ရေးသားထားသကဲ့သို့ ရှိနေလေသည်။ သူ၏ မျက်နှာပြောင်းလဲမှု အရှိန်မှာ အလွန် မြန်ဆန်လွန်းလှရာ ဝါရင့် သရုပ်ဆောင်ကြီး တစ်ဦးဟု ခေါ်ဆိုမည်ဆိုလျှင်ပင် လွန်ကဲမည် မဟုတ်ချေ။
"ဟက်... ဘာသွားကြောက်နေရတာလဲ... အတွေ့အကြုံတောင် ရှိနေပြီပဲကို ကြောက်နေသေးတာလား..."
ရွှီရှန်းက လမ်းလျှောက်ရင်း ဝမ်ချောင်အား လှေကားဆီသို့ ဆွဲခေါ်သွားလေသည်။ ဝမ်ချောင်မှာ သေရွာသို့ သွားရမည့်သူ တစ်ဦးကဲ့သို့ အမူအရာမျိုး ဖြစ်နေပေသည်။
'အတွေ့အကြုံ...'
'ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စကားလုံး နှစ်လုံးလဲ...'
'ဘယ်သူကများ လူသတ်မှု ဖြစ်ပွားရာ နေရာတွေနဲ့ ကြုံတွေ့ရလွန်းလို့ အတွေ့အကြုံတောင် ရနေရတာလဲ...'
'ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် အချုပ်ခန်းထဲမှာလည်း စားစရာ သောက်စရာ မလိုပါဘူးလေ...'
'ကိုယ်ပိုင် ပိုက်ဆံတောင် ကုန်ခံစရာ မလိုသေးဘူး...'
'ကြုံလာရင်လည်း ကြုံလာပါစေတော့...'
“ဂျလောက်…”
ရွှီရှန်းထံတွင် ဝမ်ချောင်ကဲ့သို့ တွေးတောပူပန်မှုများ မရှိချေ။ သူက သော့ပေါက်ထဲသို့ သော့ကို ထည့်သွင်းလိုက်ပြီးနောက် အခန်းတံခါးကို လှည့်ဖွင့်လိုက်လေသည်။ ယခုခေတ်ကာလရှိ ဟိုတယ် အများစုမှာ အီလက်ထရောနစ် သော့ခလောက်များကို အသုံးမပြုကြသေးဘဲ သံလိုက်ကတ်ပြားများအစား သာမန် သော့တံများကိုသာ အများဆုံး အသုံးပြုလေ့ရှိကြပေသည်။ နောက်ထပ် ဆယ်နှစ်အကြာတွင်မှ အီလက်ထရောနစ် သော့ခလောက်များ များပြားလာပြီး ဟိုတယ်ကြီးများ အားလုံးတွင် ထိုနည်းပညာကို အသုံးပြုလာကြခြင်း ဖြစ်လေသည်။
"ဝင်သွားလေ..."
ရွှီရှန်းက တံခါးကို တွန်းဖွင့်လိုက်ပြီး အဝတ်အစားများကို အဝတ်ချိတ်ပေါ်သို့ ပေါ့ပေါ့ပါးပါး ချိတ်ဆွဲလိုက်ပေသည်။ ဝမ်ချောင်ကမူ မျက်နှာတစ်ခုလုံး သတိထားနေသည့် အမူအရာများ ပြည့်နှက်နေလေသည်။
သူက သူခိုးတစ်ယောက်ကဲ့သို့ တိတ်တဆိတ် ဝင်ရောက်သွားပြီး မြေပြင်ပေါ်တွင် မှောက်လျက် အရင်ဆုံး ကုတင်အောက်ကို ကြည့်လိုက်ပေသည်။ ထို့နောက် မွေ့ရာကို လှန်ကာ အတွင်းဘက်တွင် တစ်စုံတစ်ခု ပုန်းကွယ်နေခြင်း ရှိမရှိ စစ်ဆေးလိုက်လေသည်။
ထိုမှတစ်ဆင့် ရေချိုးခန်း အဝတ်ဘီရိုနှင့် ကုတင်ဘေးရှိ ဗီရိုငယ်လေးများကိုပါ ဆက်လက် စစ်ဆေးနေပေသည်။ ထောင့်တိုင်း နေရာတိုင်းကို အလွန် သေချာစွာ အကဲခတ်နေပြီး နေရာတိုင်းကို လှန်လှော ကြည့်ရှုနေကာ သူ၏ အမူအရာမှာ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော စစ်သားတစ်ဦးနှင့်ပင် တူညီနေလေသည်။
ရွှီရှန်းမှာ ဤမြင်ကွင်းကို ကြည့်ရင်း ကြောင်အမ်းသွားခဲ့လေသည်။
"မင်းက ဘာသဘောလဲ..."
"ဘာမှမဟုတ်ပါဘူး... ဒီအခန်းထဲမှာ အလောင်း တစ်ခုခုများ ရှိနေမလားလို့ ကြည့်ကြည့်တာပါ..."
ရွှီရှန်းမှာ စကားတစ်ခွန်းမျှ မဟနိုင်တော့ချေ။
"...."
'ဘယ်သူကများ ဟိုတယ်မှာ တည်းတဲ့အချိန် ပထမဆုံး လုပ်ရမယ့် အဆင့်အနေနဲ့ အခန်းထဲမှာ အလောင်း ရှိမရှိ အရင် ရှာကြည့်ရတာလဲ...'
'ချောင်ဇီ ဟုတ်လား...'
'အဲဒါဆိုရင်တော့ ကိစ္စမရှိပါဘူးလေ...'
ရွှီရှန်းမှာ ဘာပြောရမှန်းပင် မသိတော့ချေ။ သူက တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် ကုတင်ပေါ်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်လေသည်။ ဝမ်ချောင်မှာ အတော်လေး ရှက်ရွံ့နေသည့်ဟန် ရှိပြီး အချိန်အတော်ကြာအောင် တွန့်ဆုတ်နေပြီးမှသာ အဝတ်အစားများကို ချွတ်ကာ ကုတင်ပေါ်သို့ တက်သွားခဲ့ပေသည်။
ရွှီရှန်းမှာ ထပ်မံ၍ တိတ်ဆိတ်သွားခဲ့ပြန်လေသည်။
"မင်းကောင်လေး... ဇာတ်တွေ လာမခင်းနေနဲ့..."
"နှစ်ယောက်အိပ်ခန်းမှာ ကုတင်နှစ်လုံး ရှိတာကို... မင်းက ဘယ်သူ့ကို သွားပြီး ရှက်ပြနေတာလဲ..."
လက်သီးများ တင်းကျပ်သွားပြီး ရွှီရှန်းမှာ သူ၏ လက်များ ယားယံလာသည်ဟုသာ ခံစားလိုက်ရပေသည်။ လက်ရှိ ချောင်ဇီ၏ သရုပ်ဆောင်စွမ်းရည်အရ ကြည့်မည်ဆိုပါက တစ်ဖက်လူမှာ ရုပ်ရှင်ရိုက်ကွင်းများသို့ သွားရောက်ကာ သရုပ်ဆောင် လုပ်ရန် အမှန်တကယ်ပင် သင့်တော်သည်ဟု သူ တွေးတောမိလိုက်လေသည်။
"ဪ... ကောင်းပါပြီဗျာ..."
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် မျက်နှာသစ် သွားတိုက်ပြီးသည်နှင့် ကုတင်ပေါ်တွင် ဝင်အိပ်လိုက်လေသည်။
ရွှီရှန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် မီးပိတ်လိုက်ပေသည်။
အခန်းတွင်း၌ ရုတ်တရက် အမှောင်ကျသွားခဲ့လေသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းသို့ ရောက်ရှိလာလေသည်။
လီရှန်းက ရွှီရှန်းထံသို့ ဖုန်းဆက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ဟိုတယ်သို့ လာရောက် ကြည့်ရှုကာ တစ်ညလုံး မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်ပွားခဲ့ကြောင်း သေချာအောင် စစ်ဆေးပြီးနောက်မှသာ စိတ်အေးသွားခဲ့ပေသည်။
"ဘယ်ကလေးက နေ့တိုင်း ငိုနေမှာလဲ... ဘယ်လောင်းကစားသမားကကော နေ့တိုင်း ရှုံးနေမှာလဲ..."
"မင်းတို့ နှစ်ယောက်လုံး စိတ်ချလက်ချ နေကြပါ... ကံဆိုးတယ် ဆိုရင်တောင် ဒီလောက်ကြီး ဆက်တိုက် ကံဆိုးနေမှာ မဟုတ်ပါဘူး..."
မထွက်ခွာမီ လီရှန်းက ချောင်ဇီအား ပြုံးကာ စကားဆိုလိုက်လေသည်။
ဝမ်ချောင်က သက်ပြင်းချလိုက်ပြီး အပြင်ဘက်ရှိ ကောင်းကင်ယံကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်တောင့်တမှု အချို့ ထွက်ပေါ်နေပေသည်။
"ဇာတ်တွေ လာမခင်းနေနဲ့တော့..."
ရွှီရှန်းက ချောင်ဇီ၏ တင်ပါးကို ပုတ်လိုက်ပြီးနောက် အဝတ်အစားများကို သပ်ရပ်စွာ ဝတ်ဆင်ကာ အပြင်ဘက်သို့ လျှောက်သွားလိုက်လေသည်။
"အပြင်ထွက်ပြီး ထမင်းသွားစားမယ်... မင်း ဘာစားချင်လဲ ဆိုတာကို အခုကတည်းက မြန်မြန် စဉ်းစားထားတာ အကောင်းဆုံးပဲ..."
"အပြင်ထွက်မယ် ဟုတ်လား... မထွက်လို့ မရဘူးလား... ကျွန်တော်က ဒီနေရာလေးမှာပဲ အေးအေးဆေးဆေး ပုန်းနေချင်တာ..."
ဝမ်ချောင်က လည်ပင်းကို ပုလိုက်ကာ စကားဆိုလေသည်။
"ရပါတယ်... တကယ်လို့ လူသတ်သမားနဲ့ ကြုံလာရရင် အချိန်နည်းနည်းလောက် ဆွဲထားပြီး မင်းကို လာကယ်ဖို့ ငါ့ဆီ ဖုန်းဆက်ဖို့တော့ မမေ့နဲ့ပေါ့..."
ရွှီရှန်းက ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်တော် ရုတ်တရက်ကြီး ဗိုက်ဆာလာပြီ..."
ဝမ်ချောင်၏ မျက်နှာပေါ်တွင် အလွန် လေးနက်သော အမူအရာများ ပြည့်နှက်နေပြီး ရွှီရှန်း၏ အနောက်သို့ အလွန် လျင်မြန်စွာ လိုက်ပါသွားခဲ့ပေသည်။
"မိုက်တယ်..."
ရွှီရှန်းက မှတ်ချက်တစ်ခုကို ဖြည်းညင်းစွာ ပေးလိုက်ပြီးနောက် အပြင်ဘက်သို့ လျှောက်သွားလိုက်လေသည်။
ဟိုတယ်က နေ့လယ်စာနှင့် ညစာများကို ထောက်ပံ့ပေးခြင်း မရှိသလို ယခုခေတ်ကာလတွင် အစားအသောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများလည်း မရှိသေးရာ ဗိုက်မဆာချင်ပါက အပြင်ထွက်၍ စားသောက်ရမည်သာ ဖြစ်ချေသည်။
ည ၇ နာရီ အချိန်သို့ ရောက်ရှိလာလေသည်။
ဟန်ဟိုင်မြို့၏ ဈေးသည်များက ညဈေးတန်း လမ်းဘေးတွင် ဆိုင်ခန်းများကို စတင် ဖွင့်လှစ်နေကြပြီ ဖြစ်ပေသည်။
မုန့်ပဲသရေစာ အနံ့များ၊ ပူငွေ့များ ထွက်ပေါ်နေသော လမ်းဘေး ဟင်းကြော်များ သို့မဟုတ် အသားကင်ဆိုင်များမှ ဆူညံသံများက ရွှီရှန်းတို့ နှစ်ဦးကို ချက်ချင်းပင် လွှမ်းခြုံသွားခဲ့လေသည်။
အသားကင်ဆိုင် တစ်ဆိုင်တွင်မူ ဝမ်ချောင်က အသားကင်များကို သေမတတ် စားသောက်နေပေသည်။
"ဟေ့... ဘာလို့ ဒီလောက် အများကြီး စားနေရတာလဲ..."
"ညဘက်ကျရင် ဝမ်းလျှောနေဦးမယ်... သတိထားဦး..."
ရွှီရှန်းက ဖြည်းညင်းစွာ ဝါးစားရင်း စကားဆိုလိုက်လေသည်။
"မဖြစ်ပါဘူး... ဒီတစ်နပ်က ကျွန်တော့်အတွက် နောက်လဝက်လောက်အတွင်း အကောင်းဆုံး စားရတဲ့ အစားအစာ ဖြစ်သွားနိုင်တယ်လေ..."
ဝမ်ချောင်က အငမ်းမရ စားသောက်နေပြီး မိမိ အများကြီး စားလိုက်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းများ ခံနိုင်ရည် ရှိမရှိကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
ထိုစကားကို ကြားသောအခါ ရွှီရှန်းကလည်း ဆက်လက်၍ မတားမြစ်တော့ချေ။
အခန်းသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင်ပင် သူက ဝမ်ချောင်၏ အပေါ်သို့ အာရုံစိုက်မနေတော့ဘဲ သူ၏ ဦးနှောက်ထဲတွင် မှုခင်းနှင့် ပတ်သက်သည့် အကြောင်းအရာများသာ ပြည့်နှက်နေခဲ့လေသည်။
'လူသားအရေခွံ အရုပ်... တာဝန် ထုတ်ပြန်တဲ့ စနစ်အရ ယေဘုယျအားဖြင့် အမှုပေါ်ပေါက်လာမှသာ စနစ်က လက်ခံဖို့ အသိပေးချက် ပေါ်လာလေ့ရှိတယ်... ဒါမှမဟုတ် သေဆုံးပြီး ရက်အတော်ကြာမှ သတင်းပို့တာမျိုးလည်း ဖြစ်နိုင်သေးတယ်...'
'မနေ့ညက တာဝန်ကို လက်ခံခဲ့တဲ့ အချိန်ကစပြီး အခုချိန်ထိ အနည်းဆုံး တစ်ရက်လောက် ကြာနေပြီ... တစ်ရက်လုံးလုံး ရဲကို ဖုန်းဆက်တိုင်တဲ့သူ မရှိဘူးလား...'
ရွှီရှန်းက နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားခဲ့ပေသည်။ တာဝန်ကို လက်ခံရန် လိုအပ်နေသေးသည် ဆိုခြင်းမှာ အမှုကို ရှာမတွေ့သေးကြောင်း ဆိုလိုခြင်းပင် ဖြစ်လေသည်။ လူသတ်ပြီးချိန်မှ ယခုအချိန်အထိ အနည်းဆုံး နှစ်ဆယ့်လေးနာရီ ကြာမြင့်နေပြီဖြစ်ကာ ငါးရက် ခြောက်ရက်ခန့်ပင် ကြာမြင့်နိုင်သေးသည် ဖြစ်ပေသည်။ ထိုမျှ ကြာမြင့်နေသည်ကိုပင် မည်သူကမျှ ရှာမတွေ့သေးဘူး ဟုတ်လားဟု သူ တွေးတောမိလိုက်လေသည်။
"ဒါဆိုရင် ဒီလူသားအရေခွံ အရုပ်က ဘယ်လို ပုံစံမျိုးနဲ့ ပေါ်လာမှာလဲ..."
ရွှီရှန်းက အနည်းငယ် တွေးတောလိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။
"ထားလိုက်ပါတော့... ကြုံလာမှပဲ ရှင်းကြတာပေါ့..."
ရွှီရှန်းက သက်ပြင်းချလိုက်ပြီး ဘေးဘက်တွင် ဟောက်သံကြီးများဖြင့် အိပ်မောကျနေသော ဝမ်ချောင်ကို တစ်ချက် ကြည့်လိုက်ပေသည်။
ထို့နောက် သူက မီးပိတ်လိုက်ပြီး အသိစိတ်များ တဖြည်းဖြည်း ဝေဝါးသွားကာ အိပ်မောကျသွားခဲ့လေတော့သည်။
မိုးသောက်ယံ နှစ်နာရီခွဲ အချိန်သို့ ရောက်ရှိလာလေသည်။
အမှောင်ထုထဲတွင် အရိပ်တစ်ခုက အဆက်မပြတ် လှုပ်ရှားနေပြီး နောက်ဆုံးတွင် ဝမ်ချောင်က ကုတင်ပေါ်မှ တောင့်တင်းနေသော အလောင်း တစ်လောင်းကဲ့သို့ ရုတ်တရက် ထလာခဲ့ပေသည်။
ထလာသော ချောင်ဇီမှာ အသိစိတ်များ ဝေဝါးနေသေးသော်လည်း ခန္ဓာကိုယ်ကမူ အနည်းငယ်မျှ တွေဝေနေခြင်း မရှိချေ။
သူက ရေချိုးခန်းဆီသို့ အရူးအမူး ပြေးသွားလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ဝမ်ချောင်က နာကျင်နေသော မျက်နှာဖြင့် ဗိုက်ကို ဖိကိုင်ကာ တံခါးကို ဆွဲဖွင့်၍ အပြင်ဘက်သို့ ထွက်သွားခဲ့ပေသည်။
အခြားကြောင့် မဟုတ်ဘဲ ရေသာအိမ် ပိတ်ဆို့နေသောကြောင့်ပင် ဖြစ်ချေသည်။ ကံကောင်းထောက်မစွာဖြင့် အထပ်တိုင်းတွင် အများသုံး အိမ်သာ တစ်လုံးစီ ရှိနေသဖြင့် သူ ဖြေရှင်းရန် လုံလောက်နေပေသည်။
အချိန်အတော်ကြာပြီးနောက် သူ၏ ခြေထောက်များ ထုံကျဉ်လာချိန်တွင် ယောင်ဝါးဝါးဖြင့် အိမ်သာထဲမှ ထွက်လာကာ အခန်းတံခါးကို တွန်းဖွင့်ပြီး ကုတင်ပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချကာ အိပ်မောကျသွားခဲ့လေတော့သည်။
သို့သော်လည်း...
ယောင်ဝါးဝါး အိပ်မက်ထဲတွင် ဝမ်ချောင်က တစ်ဖက်သို့ လှည့်လိုက်ချိန်၌ သူ၏ ဘေးဘက်တွင် လူတစ်ယောက်က သူ့အား လာရောက် ထိုးဆွနေသကဲ့သို့ ခံစားလိုက်ရပေသည်။
သူက မှေးစင်းနေသော မျက်လုံးများကို ဖွင့်ကာ တစ်ချက်မျှ အကဲခတ်လိုက်လေသည်။
သူ၏ ဘေးဘက်တွင် လူရိပ်တစ်ခု လဲလျောင်းနေပေသည်။
သူက မျက်လုံးများကို ပြန်လည် မှိတ်လိုက်လေသည်။
"အင်း..."
"အစ်ကိုရွှီ... နောက်မနေပါနဲ့..."
ညအမှောင်ထုက အလွန် တိတ်ဆိတ်လှပေသည်။
ဟိုတယ် အခန်းကလည်း အလွန် တိတ်ဆိတ်နေလေသည်။
ဝမ်ချောင်မှာ ခေါင်းများ မူးဝေနေပြီး အိပ်မောကျလုဆဲဆဲ အချိန်တွင်...
သူ၏ ဦးနှောက်ထဲ၌ ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားခဲ့ပေသည်။
သူ၏ အခန်းမှာ နှစ်ယောက်ခန်း မဟုတ်ပါလော။
ကုတင် နှစ်လုံးရှိပြီး တစ်ယောက် တစ်လုံးစီ အိပ်ရသဖြင့် တစ်ယောက်နှင့် တစ်ယောက် လုံးဝ ထိတွေ့မိနိုင်မည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် သူ၏ ဘေးဘက်တွင် ရှိနေသော သူမှာ မည်သူနည်းဟု တွေးမိလိုက်လေသည်။
“ဝုန်း…”
ထိုခဏတွင် ဝမ်ချောင်မှာ ရုတ်တရက် လန့်နိုးသွားပြီး ဓာတ်လိုက်သွားသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။ ဤအချိန်ထက် ပို၍ အသိစိတ် ကြည်လင်နေသော အချိန်မျိုး လုံးဝ မရှိနိုင်တော့ချေ။
သူ ဘာကို မြင်လိုက်ရသနည်း။
အမျိုးသား တစ်ဦး၏ မျက်နှာကိုပင် ဖြစ်လေသည်။
အမျိုးသား တစ်ဦးက သူ၏ ဘေးဘက်တွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံး ဗလာကျင်းနေကာ သူငယ်အိမ်များက ဖြူရော်နေပြီး သူ၏ ဘေးဘက်တွင် မှောက်လျက် မျက်နှာချင်းဆိုင်ကာ သူ့အား စိုက်ကြည့်နေပေသည်။
ဤအရာမှာ... အလောင်း တစ်လောင်းပင် ဖြစ်ချေသည်။
"ချီး... ချီးပဲ..."
ကြက်ဖကြီး တစ်ကောင် အော်ဟစ်လိုက်သကဲ့သို့ စူးရှသော အသံကြီး တစ်သံက ဟိုတယ် တစ်ခုလုံးသို့ ပဲ့တင်ထပ်သွားခဲ့လေတော့သည်။
အခန်း ၆၆ အစစ်အမှန် လူသားအရေခွံ အရုပ်
"ချီးပဲ... ချီးပဲ..."
"အစ်ကိုရွှီ... ကယ်ပါဦး..."
အမှောင်ထုထဲတွင် အလွန်ကျယ်လောင်သော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
ရွှီရှန်းက အမြန်ဆုံးအရှိန်ဖြင့် မျက်လုံးများကို ဖွင့်လိုက်ပြီး အလိုအလျောက် တုံ့ပြန်မှုတစ်ခုကဲ့သို့ သူ၏အဝတ်အစားများကို ကောက်ယူကာ တံခါးကိုဖွင့်၍ ဘေးခန်းဆီသို့ ပြေးသွားခဲ့ပေသည်။
တံခါးမှာ သော့ခတ်မထားဘဲ ရွှီရှန်းက ဖွဖွလေး တွန်းလိုက်ရုံဖြင့် အထဲသို့ ဝင်ရောက်သွားနိုင်ခဲ့လေသည်။
"ဘာဖြစ်လို့လဲ..."
"အစ်ကိုရွှီ... ကယ်ပါဦး..."
"ကယ်ကြပါဦး..."
အမှောင်ထဲတွင် ဝမ်ချောင်က မြေပြင်ပေါ်၌ ထိုင်ကာ အိပ်ရာခင်းကို ဆုပ်ကိုင်ထားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်မှုများ ပြည့်နှက်နေလျက် ထိုအိပ်ရာခင်းဖြင့် သူ၏ကိုယ်ကို ရစ်ပတ်ထားသည်ကို မြင်တွေ့လိုက်ရပေသည်။
ကုတင်ပေါ်တွင်မူ အလွန်တရာ ကြီးမားထူထဲသော အရိပ်မည်းကြီးတစ်ခုက လဲလျောင်းနေလေသည်။
သူတို့နှစ်ဦး၏ အသံများက ဤမျှ ကျယ်လောင်နေသော်လည်း တစ်ဖက်လူမှာ နိုးလာမည့် အရိပ်အယောင် လုံးဝ မရှိချေ။
ရွှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး မီးခလုတ်ကို နှိပ်လိုက်လေသည်။
"ကလစ်..."
နောက်တစ်ခဏတွင် တိကျပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
မီးရောင် ပွင့်လာပြီးနောက် စူးရှသော အလင်းရောင်ကြောင့် လူနှစ်ဦး၏ မျက်လုံးများက မသိစိတ်အရ တစ်ချက်မျှ တုန်ယင်သွားခဲ့လေသည်။
ရွှီရှန်းက ကုတင်အနီးသို့ ချဉ်းကပ်ကာ ကြည့်လိုက်ပေသည်။
အမျိုးသားတစ်ဦး ဖြစ်လေသည်။
ဝဖြိုးသော ခန္ဓာကိုယ်နှင့် နာကျင်နေသော မျက်နှာထားရှိကာ သူငယ်အိမ်များ ဖြူရော်နေသော အလောင်းတစ်လောင်းက ကုတင်ပေါ်တွင် မှောက်လျက်သား အနေအထားဖြင့် မလှုပ်မယှက် ရှိနေခြင်းပင် ဖြစ်ချေသည်။
သေဆုံးခြင်း၏ တိတ်ဆိတ်မှုများ ပြည့်နှက်နေသော ထိုမျက်လုံးအစုံက ဝမ်ချောင်နှင့် အနေတော်ပင် အကြည့်ချင်း ဆုံတွေ့နေလေသည်။
"အလောင်းလား..."
"သိသာတဲ့ အလောင်းနံ့ မရှိဘူး... ပုပ်ပွနေတာလည်း မရှိဘူးဆိုတော့ သေဆုံးသွားတာ သိပ်မကြာသေးဘူး ထင်တယ်..."
"ခန္ဓာကိုယ် အပြင်ပိုင်းမှာလည်း သိသာတဲ့ ဒဏ်ရာတွေ မရှိဘူး... ဘယ်လို သေသွားတာလဲ..."
ရွှီရှန်းက တစ်ဖက်လူ၏ ခန္ဓာကိုယ် အပြင်ပိုင်းကို မသိစိတ်အရ တစ်ချက် ဝေ့ကြည့်လိုက်သော်လည်း နောက်တစ်ခဏတွင် သူ တစ်ကိုယ်လုံး ကြောင်အမ်းသွားခဲ့ပေသည်။
အလင်းရောင်၏ စူးရှမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားချိန်တွင် ယခုအခါ၌ သူ သတိထားမိလိုက်သည်မှာ ဤအလောင်း မှောက်လျက် ရှိနေသော ခန္ဓာကိုယ် ပုံစံက အနည်းငယ် ထူထဲလွန်းနေကြောင်းပင် ဖြစ်လေသည်။
ဟုတ်ပေသည်။ အနည်းငယ် ထူထဲလွန်းနေခြင်းပင် ဖြစ်ချေသည်။
တစ်ဖက်လူ၏ ခန္ဓာကိုယ် အခြေအနေအရ ဤသို့ မဖြစ်သင့်ပေ။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုသာ ရှိတော့လေသည်။
ရွှီရှန်းက တစ်ဖက်လူ၏ ကိုယ်အောက်ရှိ စောင်ဆီသို့ အကြည့်များကို ရွှေ့လိုက်ပေသည်။
သူက စောင်ကို အနည်းငယ် ဆွဲလှန်လိုက်လေသည်။
အမျိုးသမီးတစ်ဦး၏ ခြေထောက်တစ်စုံကို မြင်တွေ့လိုက်ရပေသည်။
'နောက်ထပ် လူတစ်ယောက် ရှိနေသေးတာလား...'
"စောင်ကို လွှတ်လိုက်..."
ရွှီရှန်းက မျက်ခုံးပင့်ကာ ဝမ်ချောင်အား သတိပေးလိုက်ရာ တစ်ဖက်လူက ချက်ချင်းပင် လက်ကို လွှတ်လိုက်လေသည်။
သူက တစ်ဖက်လူ၏ ပခုံးကို ဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်ပေသည်။
အေးစက်မှုကို ခံစားလိုက်ရသော်လည်း တောင့်တင်းနေသည်အထိတော့ မဖြစ်သေးချေ။ အလောင်း၏ တောင့်တင်းမှုက အပြည့်အဝ မဖြစ်ပေါ်သေးသဖြင့် သေဆုံးချိန် အလွန် မကြာမြင့်နိုင်ကြောင်း သူ၏ ရင်ထဲတွင် သတင်းအချက်အလက်များကို တိတ်ဆိတ်စွာ စုဆောင်းလိုက်လေသည်။
နောက်တစ်ခဏတွင် သူက လက်ဖြင့် ရုတ်တရက် အားကုန်သုံးကာ လှန်ချလိုက်ပေသည်။
ဝဖြိုးသော အမျိုးသား အလောင်းမှာ ဘေးဘက်သို့ လိမ့်ကျသွားပြီး ကိုယ်အောက်ရှိ အရာဝတ္ထု ထွက်ပေါ်လာခဲ့လေသည်။
ဤအရာက လူတစ်ဦး ဖြစ်လေသည်။
မဟုတ်သေးပေ။ ဤအရာကို လူတစ်ဦးဟု မခေါ်ဆိုသင့်ချေ။
လူပုံစံ ရှိသောအရာ ဟုသာ ခေါ်ဆိုသင့်ပေသည်။
ဝမ်ချောင်က ခေါင်းမာမာဖြင့် ထလာကာ တစ်ချက် ကြည့်လိုက်လေသည်။
ကုတင်ပေါ်တွင် ရှိနေသည်မှာ လူနှင့် အရွယ်အစားတူ အရုပ်တစ်ရုပ်ပင် ဖြစ်ချေသည်။
ထိုအရာ၏ ခန္ဓာကိုယ်ကို ဖွဖွလေး ထိတွေ့ကြည့်လိုက်ပါက အိစက်အိစက် ခံစားမှုကို ရရှိနိုင်ပေသည်။
ရွှီရှန်းမှာ နေရာတွင်ပင် တိတ်ဆိတ်သွားခဲ့လေသည်။
ဝမ်ချောင်က စိုးရိမ်တကြီးဖြင့် တံတွေးမျိုချလိုက်ပြီးနောက် သူ၏ အခန်းဆီသို့ ကမန်းကတန်း ပြန်သွားကာ လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်ပေသည်။
ရွှီရှန်း၏ ဘေးသို့ ပြန်ရောက်လာပြီးနောက် သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သွားကိုကြိတ်ကာ မိမိ၏ လိပ်စာနှင့် တိုင်ကြားမည့် အကြောင်းအရာများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အစီရင်ခံလိုက်လေသည်။
"ဟယ်လို... ရဲစခန်းကလား..."
"ကျွန်တော် အခု နန်ဟူလမ်းက ဖျင်အန်း ဟိုတယ်မှာပါ..."
"အခန်းနံပါတ် ၄၀၁၂ ထဲမှာ အလောင်းတစ်လောင်းကို တွေ့လို့ပါ..."
ဝမ်ချောင်က စိုးရိမ်တကြီးဖြင့် ရဲကို ဖုန်းဆက်နေပြီး စိတ်ခံစားချက်များ အလွန် ဆိုးရွားနေသော်လည်း ထွက်ပေါ်လာသော စကားများတွင်မူ ယုတ္တိဗေဒ အမှားအယွင်း တစ်စုံတစ်ရာ မရှိခဲ့ချေ။
"မဟုတ်ဘူး..."
ရုတ်တရက် ကုတင်ကို တိတ်ဆိတ်စွာ ကြည့်နေသော ရွှီရှန်းက ဝမ်ချောင်၏ စကားကို ဖြတ်ပြောလိုက်လေသည်။
"အလောင်း နှစ်လောင်းပါ..."
'နှစ်လောင်း ဟုတ်လား...'
ဝမ်ချောင်မှာ ကြောင်အမ်းသွားပြီး မသိစိတ်အရ ထို လူအရွယ်အစား အရုပ် ကို လှမ်းကြည့်လိုက်ပေသည်။
အရုပ်၏ အတွင်းပိုင်းတွင် ထောက်ကန်ထားသော ဖွဲ့စည်းပုံများ ရှိနေသော်လည်း အလွန် နူးညံ့နေဆဲဖြစ်ကာ မျက်နှာပေါ်ရှိ အစိတ်အပိုင်းများမှာ လူသားများနှင့် တူညီနေခြင်း မရှိဘဲ အန်နီမေးရှင်း ဇာတ်ကောင်များနှင့် ပိုမို ဆင်တူနေသော်လည်း သာမန် လူသားများ၏ အချိုးအစားများကိုလည်း ထိန်းသိမ်းထားလေသည်။
ရွှီရှန်းက တစ်ဖက်လူ၏ ရင်ဘတ်နှင့် ခန္ဓာကိုယ် အောက်ပိုင်းကို တစ်ချက် ကြည့်လိုက်ပေသည်။
မည်သို့မျှ ယုံမှားသံသယဖြစ်ဖွယ် မရှိဘဲ ဤအရာက အလွန် စံမီသော သို့မဟုတ် အလွန် ထူးချွန်သော လူအရွယ်အစား အဖော်အရုပ်တစ်ရုပ် ဖြစ်ကြောင်း သိသာလှပေသည်။
သို့သော်လည်း...
[စနစ် အသိပေးချက်... တာဝန်လက်ခံရယူမည့် နေရာသို့ ရောက်ရှိလာပါပြီ...]
[လူသားအရေခွံ အရုပ် တာဝန်ကို လက်ခံမည်လား...]
'လက်ခံမယ်...'
[တာဝန်ကို လက်ခံပြီးပါပြီ... ပိုင်ရှင်အနေဖြင့် အမှုကို အမြန်ဆုံး ဖော်ထုတ်ပေးပါ...]
ဤအချိန်တွင် ရွှီရှန်းမှာ လူသားအရေခွံ အရုပ် ဆိုသည်မှာ မည်သည့် အရုပ်မျိုးဖြစ်ကြောင်းကို သဘောပေါက်သွားခဲ့လေပြီ။
"အရုပ်က အတော်လေး ကောင်းတယ်... အရမ်းလည်း နူးညံ့ပြီး ဆန်းသစ်တဲ့ အဖော်အရုပ် တစ်ရုပ်ပဲ... သေချာတာပေါ့..."
ရွှီရှန်းက တိတ်ဆိတ်စွာ စကားဆိုရင်း အရုပ်၏ အရေပြားကို အားစိုက်၍ ဖိနှိပ်ကြည့်လိုက်ပေသည်။
သူသည် အတွင်းပိုင်းနှင့် အပြင်ပိုင်းကြားရှိ အလွှာကွဲပြားမှုကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။
"ဒါပေမဲ့... အတွင်းပိုင်းမှာ လူသားရဲ့ အသားတွေ မပါဝင်ဘူး ဆိုရင်တော့ ကောင်းမှာပဲ..."
"ပိုပြီးတော့တောင် ကောင်းသေးတယ်..."
'လူသားအသား အရုပ် ဟုတ်လား...'
ဝမ်ချောင်မှာ ကြောင်အမ်းသွားပြီး နောက်တစ်ခဏတွင် သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော ပျော့တွဲနေသည့် ထိုခန္ဓာကိုယ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလေသည်။
စောစောက ဝဖြိုးသော အလောင်းမှာ အရုပ်ပေါ်တွင် မှောက်လျက်သား ရှိနေခဲ့ရာ ဤအပြုအမူက ဤအရုပ်မှာ မည်သည့် အမျိုးအစားဖြစ်ကြောင်းကို အပြည့်အဝ ခန့်မှန်းနိုင်စေပေသည်။
အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် ဤအရာက လူသားကို အသုံးပြု၍ ပြုလုပ်ထားသော အဖော်အရုပ်တစ်ရုပ် ဖြစ်နေသည် မဟုတ်ပါလော။
ရွှီရှန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်လေသည်။
"ရဲတွေ လာတဲ့အထိ စောင့်ကြတာပေါ့..."
နံနက်စောစော အချိန်သို့ ရောက်ရှိလာလေသည်။
လီရှန်းက အလွန်အမင်း ဆွံ့အစရာကောင်းသော ကိစ္စတစ်ခုကို တွေ့ရှိလိုက်ရပေသည်။
သူ ရွှီရှန်းကို ဆက်သွယ်၍ မရတော့ချေ။
"ဟူး..."
ယခုအချိန်တွင် ပြည်နယ်ရဲဌာနချုပ် ဧည့်ခန်းမဆောင် အပြင်ဘက်၌ လီရှန်းမှာ ခေါင်းပူလောင်နေပြီး လက်ကိုင်ဖုန်းကို အရူးအမူး နှိပ်နေလေသည်။
သူက ဖုန်းကို တစ်ခေါက်ပြီးတစ်ခေါက် အကြိမ်ကြိမ် ခေါ်ဆိုနေပေသည်။
"ရှောင်လီ... မင်း ဘယ်လိုတွေ လုပ်နေတာလဲ..."
"လူကို ဆက်သွယ်လို့ ရသေးရဲ့လား..."
ထိုအချိန်တွင် ဆူးချန်က လီရှန်းကို ကြည့်ရင်း မျက်နှာမှာ တစ်ခဏ ပြာနှမ်းသွားလိုက် တစ်ခဏ နီရဲသွားလိုက် ဖြစ်နေလေသည်။
ယခုအကြိမ် ဆုချီးမြှင့်ပွဲ၏ အဓိက ဇာတ်လိုက်များမှာ အများအားဖြင့် ကျန်ဆန်းမြို့မှ လူများပင် ဖြစ်ချေသည်။
အဓိက ဇာတ်လိုက်များထဲမှ အဓိက ဇာတ်လိုက်မှာ ရွှီရှန်းပင် ဖြစ်ပေသည်။
သို့သော်လည်း နှမြောစရာ ကောင်းလှလေသည်။
ယနေ့နံနက်တွင် လီရှန်းက ဆူးချန်ထံသို့ လာရောက်၍ ရွှီရှန်းအား ဖုန်းဆက်ကာ မြန်မြန် လာရောက်ရန် ပြောဆိုမည်ဟု ပြင်ဆင်နေချိန်၌ ဖုန်းမှာ စက်ပိတ်ထားကြောင်းသာ ပြသနေခဲ့ပေသည်။
"ကျစ်... ဘယ်လိုဖြစ်ရတာလဲ..."
ဆူးချန်မှာ အနည်းငယ် စိုးရိမ်လာပြီး အလျင်စလို နှုတ်မှ စကားဆိုလာလေသည်။
ယခုအကြိမ် လာရောက်ကြသူများမှာ အာဏာရှိပြီး ရာထူးကြီးမားသော ပုဂ္ဂိုလ်ကြီးများ ချည်းသာ ဖြစ်ပေသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက အထင်အမြင် မှတ်မှတ်သားသားများစွာ ကျဆင်းသွားမည်မှာ အသေအချာပင် ဖြစ်ချေသည်။
"အဘိုးကြီးဆူး... မင်းတို့ဘက်မှာ ဘာပြဿနာတွေ တက်နေလို့လဲ..."
ရဲဝတ်စုံများကို ဝတ်ဆင်ထားပြီး ရဲမှူးချုပ် ရာထူးတံဆိပ်များကို တပ်ဆင်ထားသော ရဲအရာရှိကြီး အချို့က ဆူးချန်၏ အနီးသို့ ပျော်ရွှင်စွာဖြင့် လျှောက်လာကြလေသည်။
"ဒီနေ့က မင်းတို့ရဲ့ ပွဲလေ... ဘာလို့ မျက်နှာကြီး ရှုံ့မဲ့နေရတာလဲ..."
"ဟားဟား... ပထမတန်းစား ဂုဏ်ပြုဆု ဆိုတာ သာမန်မှ မဟုတ်တာ... မင်း အခု အထက်လူကြီးတွေရှေ့မှာ ငိုပြလိုက်ရင် ဘယ်လို အထောက်အပံ့မျိုးကိုမဆို ရနိုင်တယ် မဟုတ်ဘူးလား..."
"ဘာကိုရမှာလဲ..."
ဆူးချန်က တီးတိုး ညည်းတွား ဆဲရေးနေလေသည်။
"ပထမတန်းစား ဂုဏ်ပြုဆုရှင်ကို ဆက်သွယ်လို့ မရဘူး ဖြစ်နေတယ်... မတော်တဆ တစ်ခုခုများ..."
"ခေါင်းဆောင်... ပြဿနာ တက်ပြီ..."
ဆူးချန် စကားပြော၍ပင် မဆုံးသေးချေ။
ရဲမှူးချုပ် တစ်ဦး၏ စကားပြောစက်ထဲမှ ရုတ်တရက် အလွန် အရေးတကြီး အသံတစ်သံ ထွက်ပေါ်လာခဲ့ပေသည်။
နေရာတွင် ရှိနေကြသော လူအားလုံးမှာ ချက်ချင်းပင် ရပ်တန့်သွားကြပြီး စကားဆက်မပြောကြတော့ဘဲ ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
"နန်ဟူလမ်းက ဖျင်အန်း ဟိုတယ်မှာ ဒီနေ့ မနက် သုံးနာရီလောက်က တိုင်ကြားတဲ့ ဖုန်းတစ်ကော လက်ခံရရှိခဲ့ပါတယ်..."
"ဟိုတယ်ထဲမှာ လူသတ်မှု တစ်မှု ဖြစ်ပွားခဲ့ပါတယ်... မှုခင်းဆရာဝန်တွေရဲ့ စစ်ဆေးချက်အရ နစ်နာသူက နှလုံးသွေးကြော ပေါက်ပြဲပြီး ရုတ်တရက် သေဆုံးသွားတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်... သာမန် သေဆုံးမှုလို့ ဆိုနိုင်ပေမဲ့ ပုံမှန်မဟုတ်တာက..."
ဖုန်းထဲမှ အသံမှာ အလွန် အရေးကြီးနေပြီး လေသံထဲတွင် စိုးရိမ်တကြီး ဖြစ်နေမှုများ အပြည့်အဝ ပါဝင်နေပေသည်။
"မှုခင်းဖြစ်ပွားရာ နေရာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဆီလီကွန် အရုပ်တစ်ရုပ်ကို မှုခင်းဆရာဝန်တွေ ခွဲစိတ်စစ်ဆေးကြည့်လိုက်တဲ့ အခါမှာတော့ နောက်ဆုံး တွေ့ရှိခဲ့ရတာက..."
"ဒါက ဒုတိယမြောက် နစ်နာသူ ဖြစ်နေတာပါပဲ..."
"လူသတ်သမားက နစ်နာသူကို သတ်ဖြတ်ပြီး အရေခွံ ဆုတ်ထားပါတယ်... အဲဒီနောက်မှာ ဆီလီကွန် အလွှာတစ်ထပ်နဲ့ ဖုံးအုပ်ပြီး နောက်ဆုံးမှာတော့ ဆီလီကွန် အရုပ်တစ်ခု အဖြစ် ဖန်တီးထားခဲ့တာပါ..."
"ပထမအဆင့် ခန့်မှန်းချက်အရ ဒါက အလွန်အမင်း ဆိုးရွားယုတ်မာတဲ့ လူသတ်မှု ဖြစ်ပြီး ကြိုတင် ကြံစည်ထားတဲ့ လူသတ်မှု အမျိုးအစား ဖြစ်ပါတယ်..."
"မြို့တော် ရဲစခန်းက ဒီအမှုကို ကြိုတင် ကြံစည်ထားတဲ့ လူသတ်မှု အဖြစ် သတ်မှတ်လိုက်ပါပြီ... ခေါင်းဆောင်ရဲ့ အဲဒီဘက်မှာရော..."
အသံများက လူတိုင်း၏ နားထဲတွင် အဆက်မပြတ် ထွက်ပေါ်နေခဲ့လေသည်။
ရဲမှူးချုပ် အချို့မှာ တိတ်ဆိတ်သွားကြပေသည်။
ဤကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် အလွန်အမင်း ဆိုးရွားယုတ်မာသော ကြိုတင် ကြံစည် လူသတ်မှု တစ်မှု ပေါ်ပေါက်လာခြင်းမှာ...
လူတိုင်းမှာ စကားတစ်ခွန်းမျှ မဟနိုင်ဖြစ်သွားခဲ့လေသည်။
လီရှန်းတစ်ဦးတည်းသာ အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီး အရေးကြီးသော စကားလုံး အချို့ကို ကြားလိုက်ရသကဲ့သို့ ဖြစ်နေပေသည်။
'ဖျင်အန်း ဟိုတယ် ဟုတ်လား...'
'နန်ဟူလမ်း...'
သူက တစ်စုံတစ်ခုကို ပြောဆိုလိုသော်လည်း မျိုသိပ်ထားလိုက်ပြီးနောက် နောက်ဆုံးတွင် စမ်းသပ်သည့်ဟန်ဖြင့် စကားဆိုလိုက်လေသည်။
"ဟိုလေ... တိုင်ကြားတဲ့လူက..."
"တစ်ယောက်က မျိုးရိုးနာမည် ရွှီ... နောက်တစ်ယောက်က မျိုးရိုးနာမည် ဝမ်... မဟုတ်ဘူးလား..."
"ဘာသဘောလဲ..."
ရဲမှူးချုပ် အချို့မှာ ကြောင်အမ်းသွားကြပြီး ဆူးချန်မှာလည်း သဘောပေါက်သွားသကဲ့သို့ ဖြစ်ကာ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ၏ မျက်ထောင့်များက တစ်ချက်မျှ တုန်ယင်သွားခဲ့ပေသည်။
"အင်း... ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင်တော့..."
"ဒီတစ်ကြိမ် ပထမတန်းစား ဂုဏ်ပြုဆုရှင်က..."
"ထွက်ဆိုချက်ပေးဖို့ အခေါ်ခံလိုက်ရပြီ ထင်တယ်..."
ရဲမှူးချုပ် အချို့မှာ အနည်းငယ်မျှ တုံ့ဆိုင်းသွားခဲ့ကြလေသည်။
"ဟာ..."
"ဘာ…”