အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း ၆၉ ခိုးကြည့်တတ်သော စိတ်ရောဂါ
"ဒါက ကင်မရာလား..."
"ဘယ်သူ ထားခဲ့တာလဲ..."
နေရာတွင် ရှိနေကြသော ရဲတပ်ဖွဲ့ဝင် အချို့မှာ လက်ဖဝါးပေါ်ရှိ အရာကို သေချာစွာ မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ သူငယ်အိမ်များက အပ်ပေါက်လေး တစ်ပေါက်စာခန့် ရုတ်တရက် ကျုံ့ဝင်သွားခဲ့ကြလေသည်။
ပုံမှန် ကင်မရာများမှာ ကြည်လင်ပြတ်သားမှုကို အဓိကထားပြီး အဝေးကို ရိုက်ကူးနိုင်ရန်နှင့် စစ်ထုတ်မှုများ ပြုလုပ်နိုင်ရန်အတွက် ကင်မရာ အရွယ်အစားမှာ အမြောက်ဆန် တစ်ခုကဲ့သို့ ကြီးမားလေ့ရှိပေသည်။
သို့သော်လည်း ရိုးရှင်းစွာ မှတ်တမ်းတင်ရန် သက်သက်သာ ဆိုပါက...
လက်သန်း လက်သည်းခွံ အရွယ်အစားမှာ အပြည့်အဝ လုံလောက်နေပြီ ဖြစ်ချေသည်။
"ဒီအရာကလည်း ကင်မရာပဲလား..."
ရဲတပ်ဖွဲ့ဝင်ငယ် တစ်ဦး၏ မျက်ထောင့်များက တစ်ချက်မျှ တုန်ယင်သွားခဲ့လေသည်။
ပင်အပ်ပေါက် အရွယ် ကင်မရာ ဆိုသည်မှာ ၁၉၉၁ ခုနှစ်တွင် စတင် ပေါ်ပေါက်လာခဲ့ပြီး ယခုအချိန်အထိ သိရှိသူ အလွန် နည်းပါးသေးလေသည်။
အထူးသဖြင့် အရှေ့တိုင်း နိုင်ငံများတွင်ဖြစ်ပြီး ဗဟိုမြို့တော် တွင်ပင် ဤခေတ်ကာလ၌ ကင်မရာ အရေအတွက် အလွန် နည်းပါးလှပေသည်။
ရွှေကျီးကန်း စနစ် ပေါ်ပေါက်လာပြီးနောက်ပိုင်းမှသာ လမ်းမများပေါ်တွင် ကင်မရာများ တဖြည်းဖြည်း များပြားလာခဲ့ပြီး နောင်နှစ်များတွင် အခက်အခဲ ကြုံတွေ့ပါက စောင့်ကြည့်ကင်မရာကို ကြည့်ရှုလေ့ရှိသော အလေ့အထများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ချေသည်။
သို့သော် ယခုအချိန်တွင်မူ ပင်အပ်ပေါက် အရွယ် ကင်မရာများအကြောင်းကို သိရှိသူ အလွန် နည်းပါးနေသေးလေသည်။
"လက်ဗွေ မရှိဘူးလား..."
ရွှီရှန်း က မျက်မှောင်ကြုတ်လိုက်လေသည်။ သူက လက်အိတ် စွပ်ထားသဖြင့် သဘာဝကျစွာပင် လက်ဗွေ ထင်ကျန်ခဲ့မည် မဟုတ်ချေ။ သို့သော် ကင်မရာ ထားရှိသူမှာလည်း လက်ဗွေရာ လုံးဝ ချန်ထားခဲ့ခြင်း မရှိပေ။
'ဒီလောက်တောင် သတိထားနေတာလား...'
"ဒီကင်မရာကို လူသတ်သမား ထားခဲ့တာလား... ဒါမှမဟုတ် တခြား တစ်ယောက်ယောက်လား..." လီရှန်း ၏ မျက်မှောင်များက တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့လေသည်။
သူက ကင်မရာ မျက်နှာမူထားသော နေရာကို ကြည့်လိုက်ပေသည်။
ကုတင်နှင့် တည့်တည့်တွင် ဖြစ်လေသည်။
ကင်မရာက ဤနေရာတွင် အနည်းဆုံး တစ်ညလုံး မှတ်တမ်းတင်ထားခဲ့မည် ဖြစ်သည်။ အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင် မနေ့ညက သေဆုံးသူ ဝင်ရောက်လာချိန်မှစ၍ ကုတင်ပေါ်သို့ တက်သွားပြီး သေဆုံးသွားချိန်အထိ လှုပ်ရှားမှု အားလုံးကို ကင်မရာက မှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပေသည်။
"အပြင်ကို ယူသွားလိုက်... ကွန်ပျူတာ တစ်လုံးရှာပြီး မှတ်ဉာဏ်ကတ်ကို စစ်ဆေးကြည့်ရအောင်..."
ချန်လုံ က ကင်မရာကို လှမ်းယူလိုက်ပြီး ယခင်က ဤကင်မရာမှာ အမြဲတမ်း ပွင့်နေခဲ့ကြောင်း သေချာအောင် စစ်ဆေးပြီးနောက် မှတ်ဉာဏ်ကတ်ကို ထုတ်ယူကာ လက်အောက်ငယ်သားများထံသို့ မျက်နှာထား တင်းမာစွာဖြင့် ကမ်းပေးလိုက်လေသည်။
ပင်အပ်ပေါက် အရွယ် ကင်မရာ များကို နောက်နှစ်များတွင် ပုံစံအမျိုးမျိုးဖြင့် တွေ့ရှိနိုင်ပေသည်။
သို့သော် အကြမ်းဖျင်းအားဖြင့် ကြိုးတပ်၊ ကြိုးမဲ့ နှင့် ဘလူးတုသ် ဟူ၍ သုံးမျိုးသာ ရှိလေသည်။ မျက်စိရှေ့ရှိ ကင်မရာမှာ ကြိုးမဲ့ အမျိုးအစားဖြစ်ပြီး မှတ်ဉာဏ်ကတ်ကို အသုံးပြု၍ ဗီဒီယိုများကို သိမ်းဆည်းသည့် ပုံစံမျိုး ဖြစ်ချေသည်။
မကြာမီ သတင်းရရှိထားသော ရဲတပ်ဖွဲ့ဝင် တစ်ဦးက လေးလံသော မှတ်စုကွန်ပျူတာ တစ်လုံးကို သယ်ဆောင်လျက် အခန်းတွင်းသို့ ရောက်ရှိလာခဲ့ပေသည်။
သူက မှတ်ဉာဏ်ကတ်ကို ယူ၍ စတင် စစ်ဆေးကြည့်ရှုလိုက်လေသည်။
"ခိုးကြည့်သူလား... သေဆုံးသူလား... ဒါမှမဟုတ် လူသတ်သမား ကိုယ်တိုင်လား..."
လီရှန်း က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဦးနှောက်ထဲတွင် ကင်မရာ ထားရှိနိုင်မည့် ဖြစ်နိုင်ခြေ သုံးခုကို ချက်ချင်း စဉ်းစားတွက်ချက်လိုက်ပေသည်။
"ရုတ်တရက် သေဆုံးသွားသူတော့ မဖြစ်နိုင်ဘူး... အရင်က ခန့်မှန်းချက်တွေအရ သူက ဒါကို အရုပ်လို့ပဲ ထင်ထားပြီး အလောင်းမှန်း မသိခဲ့ဖို့ ရာခိုင်နှုန်း များတယ်လေ..."
"ဒါက အရုပ်မှန်း သိနေရင် ကင်မရာကို ဖွက်ထားစရာ အကြောင်းမရှိဘူး... ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးလို့ ရတာပဲ..."
ဒုတိယ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ချန်လုံ က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်ကို ပြောဆိုလိုက်လေသည်။
"အဲဒီလိုဆိုရင် ခိုးကြည့်သူ ဒါမှမဟုတ် လူသတ်သမား ကိုယ်တိုင် ဆိုတဲ့ ဖြစ်နိုင်ခြေ နှစ်ခုပဲ ကျန်တော့တာပေါ့..."
"အဲဒီ နှစ်ယောက်ထဲက ဘယ်သူဖြစ်မလဲ..." လီရှန်း ၏ မျက်မှောင်များ ပိုမို တင်းကျပ်သွားခဲ့ပေသည်။
စကားသံ ဆုံးသွားသည့် ထိုခဏ၌...
ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရုပ်ပုံများ ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်းက ငြိမ်သက်သွားကြပြီး ဆွေးနွေးမှုများကို ရပ်တန့်ကာ အားလုံး၏ အကြည့်များက မျက်နှာပြင်ပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားခဲ့ကြပေသည်။
ဗီဒီယို စတင်ချိန်တွင် လှုပ်ခါမှုတချို့ ရှိနေလေသည်။
ကြည့်ရသည်မှာ တစ်ဖက်လူက ယခုလေးတင်မှ တပ်ဆင်ပြီးသွားပုံရကာ ရာဘာလက်အိတ် စွပ်ထားသော လက်တစ်ဖက်သာ ဗီဒီယိုထဲတွင် ပေါ်လာပြီး ကင်မရာပိုင်ရှင်နှင့် ပတ်သက်သည့် အခြား မြင်ကွင်းများ လုံးဝ မရှိခဲ့ချေ။
ထို့နောက်တွင် တစ်ဖက်လူ ထွက်ခွာသွားသော ခြေသံများကိုသာ ကြားရပြီး ဗီဒီယိုမှာ တိတ်ဆိတ်သွားခဲ့လေသည်။
ထို့နောက် ဗီဒီယိုကို အရှိန်မြှင့်ကြည့်လိုက်ရာ မကြာမီမှာပင် အမျိုးသား တစ်ဦး ထွက်ပေါ်လာခဲ့ပေသည်။
အမျိုးသားမှာ ဝဖြိုးသော ခန္ဓာကိုယ် ရှိပြီး ၎င်းမှာ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားသော အမျိုးသား ဖြစ်ကြောင်း သိသာလှလေသည်။
တစ်ဖက်လူက အခန်းထဲသို့ ဝင်လာပြီးနောက် တံခါးကို ပိတ်လိုက်ကာ မျက်နှာထားအရ အလွန် စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပုံ ရပေသည်။
သူက အခန်းထဲသို့ ရောက်သည်နှင့် အဝတ်ဘီရိုကို ချက်ချင်း ဖွင့်လိုက်ပြီး အတွင်းဘက်မှ ယခုအကြိမ် အမှု၏ နစ်နာသူဖြစ်သော အရုပ်အဖြစ် ဖန်တီးခံထားရသည့် အလောင်းကို ထုတ်ယူလိုက်လေသည်။
အမျိုးသားက အရုပ်ကို ကုတင်ပေါ်သို့ ပွေ့ချီသွားပြီးနောက် ချက်ချင်းပင် ကာမစပ်ယှက်မှုများကို စတင်တော့သည်။
ထို့နောက် ဒုတိယအကြိမ် ပြုလုပ်နေစဉ်မှာပင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး နောက်တစ်ခဏ၌ ကုတင်ပေါ်သို့ လဲကျသွားခဲ့လေသည်။
ညဘက်ရောက်သည်အထိ အမျိုးသား တစ်ဦးက တံခါးဖွင့်၍ ဝင်လာခဲ့ပေသည်။
ထို့နောက် ထိုအမျိုးသားက စောင်ထဲသို့ ဝင်သွားလေသည်။
ထိုလူမှာ မည်သူဖြစ်ကြောင်းကို မျက်နှာ ရှင်းလင်းစွာ မမြင်ရလျှင်ပင် လီရှန်း ကောင်းကောင်း သိရှိထားလေသည်။
"သံသယဖြစ်စရာ သုံးခု ရှိတယ်..."
"ပထမအချက်... ကင်မရာ ပိုင်ရှင်က လူသတ်သမား ကိုယ်တိုင် ဟုတ် မဟုတ် ဆိုတာပဲ..."
"ဒုတိယအချက်... ကင်မရာ ထားရစ်ခဲ့ပြီး ဗီဒီယို ရိုက်ကူးရတဲ့ ရည်ရွယ်ချက်..."
"တတိယအချက်... လူသတ်သမား၊ သေဆုံးသူ နဲ့ နစ်နာသူတို့ ကြားက ဆက်ဆံရေး..."
ရဲများ ဝင်ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် ဗီဒီယိုကို ဆက်လက် ကြည့်ရှုရန် အဓိပ္ပာယ် မရှိတော့ချေ။
ရွှီရှန်း က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဗီဒီယိုမှ ရရှိသော သဲလွန်စ သုံးခုကို အကျဉ်းချုံး ပြောပြလိုက်လေသည်။
"ပထမ မေးခွန်းအတွက်ကတော့... ရဲတပ်ဖွဲ့က ဒီအခန်းကို အရင်ငှားခဲ့တဲ့ ဧည့်သည်ကို စုံစမ်းပြီးသွားပြီ... သူက ဘီရိုကို ဖွင့်ကြည့်ခဲ့ပေမဲ့ ဘာထူးခြားမှုမှ မတွေ့ခဲ့ရဘူး... ဆိုလိုတာက အရင်လူ အခန်းအပ်သွားပြီး သေဆုံးသူ အခန်းထဲ မဝင်ခင် အချိန်လေး အတွင်းမှာ လူသတ်သမားက နစ်နာသူကို လာထားသွားတာ ဖြစ်နိုင်တယ်..."
"သန့်ရှင်းရေး လုပ်တဲ့ ဝန်ထမ်းကိုလည်း စစ်ဆေးပြီးသွားပြီ... အရင်လူ အခန်းအပ်သွားပြီးနောက် သူ သန့်ရှင်းရေး လုပ်ချိန်မှာလည်း မရှိသေးဘူး..."
"ဒီကြားထဲမှာ ဗီဒီယို အစပိုင်းလေးပဲ ရှိတယ်ဆိုတော့... ကင်မရာ ပိုင်ရှင်က လူသတ်သမား ဖြစ်ဖို့ ရာခိုင်နှုန်း အများဆုံးပဲ..."
လီရှန်း က ပြောဆိုလာလေသည်။
"အဲဒီလိုဆိုရင်... လူသတ်သမားက လူသတ်ပြီးနောက် နစ်နာသူကို ဆီလီကွန် အရုပ်အဖြစ် ဖန်တီးကာ အဝတ်ဘီရိုထဲမှာ ထားခဲ့ပြီး ကင်မရာကိုပါ တပ်ဆင်သွားတာပေါ့လေ..."
ချန်လုံ ၏ မျက်မှောင်များ ကျုံ့ဝင်သွားပြီး အတွင်းပိုင်းရှိ ယုတ္တိဗေဒကို သူ ရှင်းလင်းစွာ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ..."
"လူသတ်သမားက လူသတ်ပြီးနောက် အလောင်းကို အရုပ်အဖြစ် ဖန်တီးကာ တခြားသူကို လာအိပ်ခိုင်းတယ် ဟုတ်လား... ပြီးတော့ ကင်မရာ ထားခဲ့ပြီး ခိုးရိုက်သေးတယ်..."
"ဒါက ဘယ်လို စိတ်ရောဂါမျိုးလဲ..."
လီရှန်း မှာလည်း အကြောင်းရင်းကို စဉ်းစား၍ မရတော့ချေ။ သူ၏ မျက်နှာတစ်ခုလုံး နားမလည်နိုင်မှုများ ပြည့်နှက်နေပြီး ဤအမှုမှ လူသတ်သမားနှင့် ရုတ်တရက် သေဆုံးသွားသူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှာ အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သူ အမြဲတမ်း ခံစားနေရပေသည်။
သို့သော်လည်း ယခင်က ကြုံတွေ့ခဲ့ရသော အမှုသုံးခုကို ပြန်လည် တွေးတောမိလိုက်ချိန်တွင် သူ သက်သာရာ ရသွားခဲ့လေသည်။
"ဒါက ဒုတိယ မေးခွန်းရဲ့ အဖြေပဲ..."
ထိုစဉ် ရွှီရှန်း က ရုတ်တရက် စကားဆိုလာခဲ့ပေသည်။
"လူသတ်သမားက ကင်မရာ ထားခဲ့တဲ့ ရည်ရွယ်ချက်က ဘာလဲ... သေချာပေါက် ဗီဒီယို ရိုက်ကူးဖို့ပဲ... ဗီဒီယိုမှာက ကြည့်ရှုခံရခြင်း ဆိုတဲ့ အသုံးဝင်မှု တစ်ခုတည်းပဲ ရှိတယ်လေ..."
"မင်း ဆိုလိုတာက... လူသတ်သမားက သေဆုံးသူနဲ့ အရုပ် ကာမစပ်ယှက်တာကို ခိုးကြည့်ချင်နေတာလား..."
လီရှန်း ၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားခဲ့လေသည်။ သူက သွေးရောင် ကြွက်သားများ ထွက်ပေါ်နေသော အရုပ်ကို ကြည့်လိုက်ရာ ရွံရှာဖွယ် ခံစားချက် တစ်ခုက ရင်ထဲသို့ တိုးဝင်လာခဲ့ပေသည်။
"ဒီလိုအရာမျိုးကို ခိုးကြည့်တယ် ဟုတ်လား..."
"ဘာဖြစ်လို့လဲ..."
"ဘယ်သူ သိမှာလဲ..."
ရွှီရှန်း က လက်ကို ဝှေ့ယမ်းပြလိုက်ပြီးနောက် ခေတ္တမျှ စဉ်းစားလိုက်ကာ စကားဆိုလေသည်။
"တပ်ခွဲမှူးလီ... ကွန်ပျူတာ ပေါ်လာပြီးနောက်ပိုင်း အင်တာနက်ပေါ်မှာ ညစ်ညမ်း ဗီဒီယို တချို့ ပြန့်နှံ့လာတယ် ဆိုတာကို ခင်ဗျား သိမှာပါ..."
"အဲဒီတော့... အဲဒီလို ဗီဒီယိုတွေကို ခိုးရိုက်တဲ့လူတွေနဲ့ ဝင်ကြည့်တဲ့ လူတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ ကွာခြားချက် ဘာရှိလဲ ဆိုတာ ခင်ဗျား ပြောပြနိုင်မလား..."
ကြည့်ရှုနေသည်မှာ တူညီသော ဗီဒီယို တစ်ခုတည်း ဖြစ်နေရာ ကွာခြားချက် ရှိနိုင်မည်လား ဟု တွေးတောမိလေသည်။
ရှိပေသည်။
ကင်မရာ တပ်ဆင်ကာ ခိုးရိုက်သူများမှာ ပိုမို စိတ်လှုပ်ရှားမှုကို ခံစားရပြီး ပိုမို သွေးဆူကြလေသည်။
ထိုသို့ သွေးဆူကြခြင်းမှာ စကားလုံး သုံးလုံးကြောင့်ပင် ဖြစ်ချေသည်။
'ခိုးကြည့်တတ်သော စိတ်ရောဂါ'
သူတို့သည် ကာမစပ်ယှက်ခြင်းကို မနှစ်သက်ကောင်း မနှစ်သက်နိုင်သော်လည်း ကာမစပ်ယှက်ခြင်းကို ခိုးကြည့်ရန်မူ အလွန် စွဲလမ်းနှစ်သက်ကြလေသည်။ ဤကဲ့သို့သော ခိုးကြောင်ခိုးဝှက် လုပ်ရပ်များက ထိုလူများကို အလွန် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုများ ပေးစွမ်းနိုင်ပေသည်။
ဥပမာအားဖြင့်...
"တပ်ခွဲမှူးလီ... ခင်ဗျားတို့ရဲ့ တပ်ဖွဲ့နဲ့ ရဲစခန်းက အတူတူ ရှိနေတာဆိုတော့... တချို့လူတွေက တကယ်ပဲ ပိုက်ဆံ အများကြီး ရှိပေမဲ့ တန်ဖိုးနည်း ပစ္စည်းလေးတွေကို ခိုးယူတတ်တဲ့ အမှုတွေကို မြင်ဖူးမှာပါ..."
ရွှီရှန်း က ဥပမာတစ်ခုကို ပေးလိုက်လေသည်။
ဤကမ္ဘာလောကတွင်ဖြစ်စေ သူ၏ ယခင်ဘဝတွင်ဖြစ်စေ ထိုကဲ့သို့သော မှုခင်း ဥပမာ အများအပြား ရှိနေခဲ့ပေသည်။
ထိုလူများမှာ ကိုယ်တိုင်က ငွေကြေး ချမ်းသာသူများ ဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ သို့မဟုတ် ကျောက်မီးသွေး သူဌေး၏ သားသမီးများ သူဌေးသားများ ဖြစ်နိုင်လေသည်။
သို့သော်လည်း ထိုလူများက စူပါမားကတ်များသို့ သွားရောက်သည့်အခါ ယွမ်အနည်းငယ်မျှသာ တန်သော ပစ္စည်းလေးများကို ခိုးယူတတ်ကြပြီး ထိုသို့ လုပ်ဆောင်ရခြင်းအတွက် အလွန်အမင်း စိတ်လှုပ်ရှား ပျော်ရွှင်နေတတ်ကြပေသည်။
သူတို့က ထိုပစ္စည်းလေးများကို မဝယ်နိုင်၍လား ဟု တွေးမိလေသည်။
မဟုတ်ချေ။ ထိုလူများ၏ အမှိုက်ပုံးထဲရှိ အမှိုက်များကပင် ထိုငွေပမာဏထက် ပိုမို တန်ဖိုးရှိနိုင်သေးလေသည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့်နည်း။
ရိုးရှင်းစွာပင် ခိုးကြောင်ခိုးဝှက် လုပ်ရခြင်း၏ အရသာကို ခံစားနေခြင်း သက်သက်သာ ဖြစ်ချေသည်။
ရယ်စရာ မကောင်းပါသလော။
ချမ်းသာကြွယ်ဝသူများက ယွမ်အနည်းငယ်တန် ပစ္စည်းလေးများကို ခိုးယူရသည့် အရသာကို ခံစားနေကြခြင်းပင် ဖြစ်ပေသည်။
"ဒါပေမဲ့ ခိုးကြည့်တတ်တဲ့ စိတ်ရောဂါ ဆိုတာလည်း အမျိုးအစား ခွဲခြားလို့ ရသေးတယ်..."
ရွှီရှန်း က သက်ပြင်းချလိုက်ပြီး ခေါင်းခါယမ်းကာ နှုတ်ခမ်းသပ်ရင်း စကားဆိုလိုက်လေသည်။
"တချို့လူတွေက ခိုးကြောင်ခိုးဝှက်နဲ့ သာမန် ခိုးကြည့်ရတာကိုပဲ သဘောကျတယ်... ဥပမာ တံခါးကြားကနေ တခြားသူတွေ အလုပ်လုပ်နေတာကို ခိုးကြည့်တာမျိုးပေါ့..."
"တချို့လူတွေကကျတော့ တခြားသူတွေရဲ့ လျှို့ဝှက်ချက်တွေကို ခိုးကြည့်ရတာ သဘောကျတယ်... တခြားသူတွေ စကားပြောနေတာကို ခိုးနားထောင်တာမျိုးပေါ့..."
"နောက်ထပ် တချို့ကျတော့ နောက်ကွယ်ကနေ တခြားသူတွေကို ကြိုးကိုင်ခြယ်လှယ်ရတဲ့ အရသာကို ခံစားချင်ကြတာမျိုးလည်း ရှိတယ်..."
"ဒါတွေ အားလုံးက ခိုးကြည့်တတ်တဲ့ စိတ်ရောဂါ ထဲမှာ အကျုံးဝင်ပေမဲ့ သေချာ လေ့လာကြည့်ရင်တော့ သူတို့က မတူညီကြဘူး ဆိုတာ တွေ့ရလိမ့်မယ်..."
ပတ်ဝန်းကျင်ရှိ ရဲတပ်ဖွဲ့ဝင်များ အားလုံး စဉ်းစားခန်း ဝင်သွားကြလေသည်။
အမှန်တကယ်ပင် ဤကဲ့သို့သော လူများကို သူတို့လည်း ဖမ်းဆီးဖူးခဲ့ကြပြီး အလွန် ယုတ္တိမတန်သော စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်ရပ် ဖြစ်သော်လည်း တကယ်တမ်း တည်ရှိနေကာ အရေအတွက်အားဖြင့်လည်း အလွန် များပြားလှပေသည်။
"လူသတ်ပြီးတော့ အဲဒီလူကို ဆီလီကွန် အရုပ်ထဲ ထည့်ကာ တခြားလူ တစ်ယောက်ကို ဟိုတယ်မှာ ကာမစပ်ယှက်ခိုင်းတယ်... ပြီးတော့..."
ရွှီရှန်း ၏ မျက်မှောင်များ ကျုံ့ဝင်သွားပြီး သူ၏ ရင်ထဲတွင် အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားလိုက်ရပေသည်။
သူက အဖြေကို သိရှိနေသော်လည်း ထိုအဖြေမှာ မမြင်ရသော အလွှာပါးလေး တစ်ခုဖြင့် ဖုံးအုပ်ခံထားရပြီး ရှင်းလင်းစွာ ဖော်ထုတ်၍ မရနိုင်သကဲ့သို့ ခံစားနေရလေသည်။
"ပြီးတော့ ကာမစပ်ယှက်နေတဲ့ မြင်ကွင်းကို ခိုးရိုက်ထားတယ်..."
"ဒါက ဘယ်လို စိတ်ရောဂါမျိုးလဲ..."
"ပြီးတော့ နစ်နာသူနဲ့ လူသတ်သမားက ဘယ်လို ဆက်ဆံရေးမျိုး ရှိနေတာလဲ... သူတို့ နှစ်ယောက်ကြားမှာ ရန်ငြိုးရန်စတွေ ရှိနေတာလား…”
အခန်း ၇၀ အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု
'ရန်ငြိုးရန်စ ရှိနေသလား...'
လတ်တလော အခြေအနေအရ ကြည့်မည်ဆိုလျှင် သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စ ရှိမရှိကို မည်သူကမျှ တပ်အပ်သေချာ ပြောနိုင်မည် မဟုတ်ချေ။
'ရန်ငြိုးရန်စ မရှိဘဲနဲ့ လူသတ်မှာလား...'
ထိုသို့သော အဖြစ်အပျက်များ အများအပြား ရှိခဲ့ဖူးပြီး ဥပမာအားဖြင့် စိတ်ရောဂါသည်များ လူသတ်ခြင်း သို့မဟုတ် မိမိ၏ ကိုယ်ကျိုးအတ္တကို ဖြည့်ဆည်းရန်အတွက် သူတစ်ပါးကို ဒုက္ခပေးခြင်း စသည့် နမူနာပေါင်းစုံ ရှိနေသည်သာ ဖြစ်ချေ။
"မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းရမယ်..."
ရွှီရှန်း က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ၏ မျက်စိရှေ့တွင် အရေခွံ ဆုတ်ခံထားရပြီး အရုပ်အဖြစ် ဖန်တီးခံထားရသော နစ်နာသူကို ကြည့်လိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် အရင်ဆုံး နစ်နာသူရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းဖော်ထုတ်ရမယ်..."
"ကောင်းပြီ..."
လီရှန်း ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပြည့်နှက်နေပြီး ခေါင်းညိတ်ကာ ချက်ချင်းပင် စတင် စီစဉ်ညွှန်ကြားတော့သည်။
"အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ယောက် ၃ ရက်လောက် အဆက်အသွယ် ပြတ်တောက်သွားတာ တကယ်လို့ အထက်တန်းကျောင်းသူ ဒါမှမဟုတ် အလုပ်လုပ်နေသူသာ ဆိုရင် မိသားစုဝင်တွေက ရဲစခန်းကို ဖုန်းဆက်ပြီး မတိုင်ကြားဘဲ နေမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်... တကယ်လို့ တက္ကသိုလ်ကျောင်းသူသာ ဆိုရင်တော့ ဟိုတယ်ကို ဗဟိုပြုပြီး အနီးနား ပတ်ဝန်းကျင်က ပျောက်ဆုံးနေသူတွေကို တစ်ယောက်ချင်းစီ လိုက်လံ စစ်ဆေးရလိမ့်မယ်..."
ရွှီရှန်း က အလောင်းကို ကြည့်ရင်း ဖြည်းညင်းစွာ စကားဆိုလိုက်လေသည်။
'မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဖို့ လွယ်ကူရဲ့လား...'
လွယ်ကူသည်ဟု ပြောလျှင်လည်း လွယ်ကူနိုင်ပြီး ခက်ခဲသည်ဟု ပြောလျှင်လည်း ခက်ခဲနိုင်လေသည်။
လွယ်ကူရခြင်းမှာ အလောင်းတွင် အချက်အလက် များစွာ ကျန်ရစ်နေတတ်ပြီး ဥပမာအားဖြင့် အသက်အရွယ်၊ လိင်၊ သေဆုံးချိန်နှင့် သေဆုံးသည့် နည်းလမ်း စသည်တို့ ဖြစ်ချေ။
ခက်ခဲရခြင်းမှာမူ ပိုမို တိကျသော အချက်အလက်များ မရှိခြင်းကြောင့်ပင် ဖြစ်ပေသည်။
ဥပမာအားဖြင့် တစ်ကိုယ်ရည် မည်သူမည်ဝါဖြစ်ကြောင်းကို တိကျစွာ ကိုယ်စားပြုနိုင်သော အချက်အလက်မျိုး ဖြစ်လေသည်။
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှိနေသောအချက်မှာ ဤသို့ဖြစ်ပေသည်။
"ပုံတူပန်းချီဆွဲသူ ပေးလာတဲ့ သဲလွန်စတွေရယ် နစ်နာသူရဲ့ အသက်အရွယ်နဲ့ သေဆုံးသွားတဲ့ အချိန်တွေအရ..."
"နောက်ဆုံးတော့ ငါတို့က တိုင်ကြားထားတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကနေတစ်ဆင့် သေဆုံးသူ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီ..."
မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန်သို့ ရောက်ရှိလာလေသည်။
လီရှန်း က ဖိုင်တွဲတစ်ခုကို ကိုင်ဆောင်လျက် မှုခင်းဖြစ်ပွားရာ နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ပေသည်။
ထိုအချိန်တွင် မှုခင်းဖြစ်ပွားရာ နေရာရှိ အလောင်းကို သယ်ဆောင်သွားခဲ့ပြီ ဖြစ်လေသည်။
မှုခင်းဆရာဝန်က အလောင်းကို ခွဲစိတ်စစ်ဆေးခဲ့သော်လည်း ယခင်က ရလဒ်များနှင့် အတူတူပင် ဖြစ်နေရာ ယခုအကြိမ်တွင်မူ အခြေခံအားဖြင့် ပုံတူပန်းချီဆွဲသူ ထံသို့သာ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်ချေ။
'ပုံတူပန်းချီဆွဲသူ ဆိုတာ ဘာအလုပ်မျိုးလဲ...'
မှုခင်းဆရာဝန်ကဲ့သို့ပင် မှုခင်းစုံစမ်းထောက်လှမ်းရေးတွင် အလွန် ထူးခြားသော အသက်မွေးဝမ်းကျောင်း တစ်ခု ဖြစ်လေသည်။
ဤပညာရပ်မှာ အချို့သော အပြုအမူ အလေ့အထများ၊ စကားပြောဆိုပုံများ သို့မဟုတ် ဝေဝါးနေသော အရိပ်တစ်ခုမှနေ၍ တစ်ဖက်လူ၏ မျက်နှာအစစ်အမှန်ကို ရေးဆွဲပေးနိုင်စွမ်း ရှိပေသည်။
ဆွေမျိုးရှာဖွေနေသူများအတွက် အထူးသဖြင့် အလွန် ကြီးမားသော အကူအညီ ဖြစ်စေလေသည်။
သူတို့သည် အသက် ၃ နှစ်အရွယ် ကလေးငယ်၏ ရုပ်သွင်ကို အခြေခံ၍ အသက် ၂၀ အရွယ် ပုံစံကို ရေးဆွဲပေးနိုင်ပြီး ဆွေမျိုးရှာဖွေနေသော မိဘများကို ပင်လယ်ထဲ အပ်ကျသလို ရှာဖွေရသည့် ဒုက္ခမှ ကင်းဝေးစေနိုင်ပေသည်။
ယခုအခါတွင် အရေခွံ မရှိတော့သော အလောင်း တစ်လောင်းကို အခြေခံ၍ သူမ၏ ရုပ်သွင်ကို ရေးဆွဲရခြင်း ဖြစ်ချေသည်။
"မဆိုးဘူး... ၈၀ ရာခိုင်နှုန်းလောက် တူတယ်..."
ရွှီရှန်း က လီရှန်း ကမ်းပေးလာသော ဓာတ်ပုံ တစ်ပုံနှင့် ပုံတူပန်းချီဆွဲသူ ရေးဆွဲထားသော ပုံတူပန်းချီကားကို ကြည့်ရင်း ချီးကျူးစကား ဆိုလိုက်လေသည်။
အလောင်း၏ မျက်နှာပေါ်ရှိ အစိတ်အပိုင်းများ ဖျက်ဆီးခံထားရသည်ကိုပင် ၈၀ ရာခိုင်နှုန်းခန့် တူညီအောင် ရေးဆွဲနိုင်စွမ်း ရှိသည်ကို ကြည့်လျှင် ဤသူမှာ ဟန်ဟိုင်မြို့ မြို့တော်ရဲစခန်း၏ တန်ဖိုးထားရသော ရတနာ တစ်ပါး ဖြစ်မည်ဟု ခန့်မှန်းရပေသည်။
"နစ်နာသူရဲ့ နာမည်က လီရွှယ် တဲ့... အသက် ၁၈ နှစ်... အမှုမဖြစ်ခင် ၄ ရက်အလိုက ပျောက်ဆုံးသွားခဲ့တာ... မိသားစုဝင်တွေက ပျောက်သွားတဲ့ ပထမဆုံး နေ့မှာတင် ရဲကို တိုင်ကြားခဲ့ပြီး ရဲတပ်ဖွဲ့ဘက်ကလည်း ပျောက်ဆုံးမှု အဖြစ် အမှုဖွင့်ထားခဲ့တယ်..."
"သူမက အထက်တန်း တတိယနှစ် ကျောင်းသူ တစ်ယောက်ဖြစ်ပြီး အမှတ်တွေကလည်း တော်တော်လေး ကောင်းကာ ထိပ်ဆုံးကနေ ပြေးနေသူပဲ... တစ်ချိန်တည်းမှာပဲ မိခင်ဖြစ်သူရဲ့ တောင်းဆိုချက်အရ အနုပညာ ကျောင်းသူ တစ်ယောက် ဖြစ်လာပြီး အက ပညာကို သင်ယူနေတာ..."
'ကျောင်းသူ ဟုတ်လား...'
ရွှီရှန်း က မျက်ခုံးပင့်လိုက်ပြီး ကျောင်းသူသာ ဖြစ်မည်ဆိုပါက ဖြေရှင်းရန် လွယ်ကူသွားပြီ ဖြစ်ကြောင်း တွေးတောလိုက်ပေသည်။
ကျောင်း ဆိုသည်မှာ လူအများဆုံး စုဝေးရာ နေရာပင် ဖြစ်ချေသည်။
သို့သော်လည်း စဉ်းစားစရာ တစ်ချက် ရှိနေလေသည်။
"ပျောက်သွားတဲ့နေ့က တနင်္ဂနွေနေ့ ဖြစ်ပြီး ကျောင်းပိတ်လို့ အိမ်ပြန်တဲ့ နေ့ပဲ... သူမက အိမ်ပြန်ရောက်ပြီးနောက် သူမရဲ့ သဘောဆန္ဒ အလျောက် အပြင်ထွက်သွားခဲ့ရာကနေ နောက်ပိုင်းမှာ ပျောက်သွားခဲ့တာ..."
လီရှန်း က ရွှီရှန်း ၏ ဆိုလိုရင်းကို ရိပ်မိသွားပြီး သက်ပြင်းတစ်ချက် ချကာ စကားဆိုလိုက်လေသည်။
"သူ့သဘောဆန္ဒ အလျောက် အပြင်ထွက်သွားတာ..."
ရွှီရှန်း မှာ ကြောင်အမ်းသွားပြီး စကားဆိုလာလေသည်။ "သူ့သဘောနဲ့သူ အပြင်ထွက်သွားတာ... ဘာဖြစ်လို့လဲ... တစ်ယောက်ယောက်က ချိန်းဆိုလိုက်လို့လား..."
"မသိရသေးဘူး..."
လီရှန်း က ခေါင်းခါယမ်းလိုက်ပေသည်။
"အချိန်က အရမ်းတိုလွန်းနေတယ်... လတ်တလောမှာ ငါတို့က ဒါတွေကိုပဲ စုံစမ်းရရှိထားသေးတယ်... အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က လူတွေက ကွင်းဆင်း စစ်ဆေးတာတွေတောင် မလုပ်နိုင်သေးဘဲ ကျောင်းနဲ့ နစ်နာသူရဲ့ အိမ်ကို လူလွှတ်ရုံလောက်ပဲ အချိန်မီသေးတာ..."
"ရုတ်တရက် သေဆုံးသွားသူရဲ့ မည်သူမည်ဝါဖြစ်ကြောင်း နဲ့ ပတ်သက်ပြီးတော့က..."
"အနီးနားက ပြည့်တန်ဆာတွေ ပေးတဲ့ သတင်းအချက်အလက်တွေအရ သူက မိန်းမ ခဏခဏ လိုက်စားတတ်တယ်... နောက်ခံ အခြေအနေကတော့ အတော်လေး ရှင်းလင်းပြီး နစ်နာသူနဲ့ ဘာအဆက်အသွယ်မှ မရှိဘူး... ငါတို့ သံသယရှိတာက သူက တစ်နေရာရာကနေ လူသတ်သမားနဲ့ အဆက်အသွယ် ရသွားပြီးနောက် လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက်နဲ့ ဒီအရုပ်ကို လာကစားရင်း ရုတ်တရက် သေဆုံးသွားတာ ဖြစ်နိုင်တယ်..."
"လတ်တလောမှာတော့ အဲဒီ လမ်းကြောင်းက ဘယ်လို ပုံစံမျိုးနဲ့ တည်ရှိနေသလဲ ဆိုတာကို ငါတို့ ရှာမတွေ့သေးဘူး..."
အချိန် အလွန် တိုတောင်းလွန်းနေခြင်းမှာ အမှန်တကယ်ပင် ပြဿနာ တစ်ရပ် ဖြစ်နေချေသည်။
အမှုဖွင့်ပြီးချိန်မှ ယခုအချိန်အထိ ရဲတပ်ဖွဲ့မှာ အစွမ်းကုန် ကြိုးစား လုပ်ဆောင်နေခဲ့ရာ ၁၂ နာရီမျှသာ ကြာမြင့်သေးသော အချိန်တိုလေး အတွင်းမှာပင် နစ်နာသူ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရုတ်တရက် သေဆုံးသွားသူ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းနိုင်ခဲ့သည့်အပြင် ထိုအတောအတွင်း နစ်နာသူ၏ အလောင်းကိုပင် ခွဲစိတ်စစ်ဆေးပြီးစီးခဲ့ပြီ ဖြစ်လေသည်။
"အခု အရင်ဆုံး ကျောင်းကို သွားမလား... ဒါမှမဟုတ် နစ်နာသူရဲ့ အိမ်ကို သွားမလား..."
လီရှန်း က မေးမြန်းလိုက်ပေသည်။
"မိသားစုဆီ သွားမယ်..."
ရွှီရှန်း က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ပြတ်သားစွာ စကားဆိုလိုက်လေသည်။
ဤကဲ့သို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်စပ်နေပုံရသော အမှုမျိုးတွင် ကြိုတင်သိရှိထားရန် လိုအပ်လေသည်။
အနည်းဆုံးတော့ နစ်နာသူက မည်သို့သော လူစားမျိုး ဖြစ်သည်ကို သိရှိမှသာ ဆက်လက်၍ စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်ချေသည်။
ထိုသို့မဟုတ်ဘဲ ကျောင်းသို့ ရမ်းသန်း သွားရောက်မည်ဆိုပါက သူက အရေးကြီးသော သဲလွန်စ အချို့ကို ကြားသိ မြင်တွေ့ရမည် ဆိုလျှင်ပင် ဂရုစိုက်မိမည် မဟုတ်ဘဲ လျစ်လျူရှုမိသွားနိုင်ခြေ ရှိလေသည်။
လူနှစ်ဦးက ကမန်းကတန်းပင် ရဲတပ်ဖွဲ့ဝင် အချို့ကို ခေါ်ဆောင်ကာ ရဲကားကို မောင်းနှင်လျက် ရုံးတွင်းဝန်ထမ်းများ ပေးလိုက်သော လိပ်စာအတိုင်း ထွက်ခွာသွားကြပေသည်။
လက်ရှိတွင် လှုပ်ရှားနေသော အဖွဲ့နှစ်ဖွဲ့မှာ အရင်းအမြစ်များကို အပြန်အလှန် အသုံးပြုနိုင်ပြီး ရဲတပ်ဖွဲ့ဝင်များ ကိုလည်း သဘာဝကျစွာပင် အပြန်အလှန် ခေါ်ယူ အသုံးပြုနိုင်လေသည်။
သူတို့သည် တာဝန် မရှိသေးသော လူများကို စိတ်ကြိုက် အမိန့်ပေး ညွှန်ကြားနိုင်စွမ်း ရှိပေသည်။
နစ်နာသူ လီရွှယ်၏ မိသားစု အခြေအနေမှာ သာမန်လူများနှင့် နှိုင်းယှဉ်ပါက အနည်းငယ် ပိုမို ဆင်းရဲနွမ်းပါးလှလေသည်။
နေအိမ်မှာ တစ်ထပ်တိုက်လေး တစ်လုံးဖြစ်ပြီး အိမ်တွင် မိခင် တစ်ဦးတည်းသာ ရှိကာ မိဘတစ်ပါးတည်းသာ ရှိသော မိသားစု ဖြစ်ချေသည်။
စီးပွားရေး အခြေအနေကလည်း သိပ်မကောင်းမွန်လှဘဲ အနည်းဆုံးတော့ ရွှီရှန်း အနေဖြင့် ကောင်းမွန်သည့် နေရာကို မတွေ့ရသေးချေ။
"ရဲအရာရှိကြီးတို့ စဉ်းစားကြည့်ပါ... ကျွန်မ သူ့ကို ပင်ပင်ပန်းပန်းနဲ့ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ခဲ့ရတာ လွယ်ကူပါ့မလား..."
"လီရွှယ် ဘာကြောင့် အပြင်ထွက်သွားတာလဲဆိုတာ အန်တီ သိပါသလား..."
"ဒီကောင်မလေး ဘယ်လို စဉ်းစားနေလဲဆိုတာ ဘယ်သူ သိမှာလဲ... တကယ်လို့ ကျွန်မ ပြောတဲ့အတိုင်းသာ လုပ်ခဲ့မယ်ဆိုရင် အခုလို ကိစ္စတွေ ဘယ်ပေါ်လာပါ့မလဲ..."
"အိမ်မှာ စန္ဒယား လေ့ကျင့်နေရင် မကောင်းဘူးလား... ဘာဖြစ်လို့ အချိန်တွေကို အပြင်ထွက်ပြီး ဖြုန်းတီးပစ်ချင်ရတာလဲ..."
"ကျွန်မက သူ့ကို ကျွေးမွေး ပြုစုထားတာကို သူက ဘယ်နေရာကို မကျေမနပ် ဖြစ်နေရတာလဲ..."
"...."
လီရွှယ်၏ အိမ်တွင် လီရှန်း က ဆိုဖာပေါ်၌ ထိုင်လျက် မျက်လုံးများ နီရဲကာ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုမတတ် ဖြစ်နေသော်လည်း ပါးစပ်မှ အဆက်မပြတ် မြည်တွန်တောက်တီးနေသော လီရွှယ်၏ မိခင်အား တစ်စုံတစ်ခုကို မေးမြန်းစစ်ဆေးနေလေသည်။
"ရဲအရာရှိကြီးတို့ စဉ်းစားကြည့်ပါဦး... ကျွန်မက ချွေတာ စားသောက်ပြီး သူ့ကို အကသင်တန်း အပ်ပေးတယ်... စန္ဒယား သင်ပေးတယ်... ငယ်ငယ်ကတည်းက အနုပညာ အထုံ ပါလာအောင် ပြုစုပျိုးထောင်ပေးခဲ့တာ..."
"ဒီကလေးက ဘယ်နေရာကို မကျေမနပ် ဖြစ်နေရတာလဲ..."
ရွှီရှန်း က လီရွှယ်၏ မိခင်ကို တစ်ချက် အကဲခတ်လိုက်ပေသည်။
တစ်ဖက်လူ မိခင်မှာ ယခင်က အက လေ့ကျင့်ခဲ့ဖူးသူ ဖြစ်သော်လည်း ဤလူ့အဖွဲ့အစည်းတွင် လတ်တလော၌ ထိုအရာကို ဂရုစိုက်သူ အလွန် နည်းပါးလှသဖြင့် လူနေမှုဘဝက အတော်လေး ကျပ်တည်းကာ ကြုံရာကျပန်း အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေရပုံ ပေါ်လေသည်။
ဖခင်ဖြစ်သူမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး လျော်ကြေးငွေ အနည်းငယ် ရရှိခဲ့ချေသည်။
ရွှီရှန်း က အကြည့်များကို ရုပ်သိမ်းလိုက်ပြီး သူ၏ မျက်စိရှေ့တွင် ရှိနေသော လီရွှယ် နေထိုင်သည့် အခန်းကို ကြည့်ရှုလိုက်ပေသည်။
အခန်းမှာ အလွန် ရိုးရှင်းလှပြီး ကုတင်တစ်လုံး၊ စားပွဲတစ်လုံး နှင့် အဝတ်ဘီရို တစ်လုံးသာ ရှိလေသည်။
သူက ဗီရိုကို ဖွင့်လိုက်ရာ ဗီရိုထဲတွင် နှင်းဆီပန်း အိုးတစ်ပန်းကို ဖွက်ထားပြီး နှင်းဆီပန်းများမှာ ညှိုးနွမ်းနေပြီ ဖြစ်ချေသည်။
ရွှီရှန်း က မှတ်စုစာအုပ် တစ်အုပ်ကို ဆွဲထုတ်လိုက်ပြီး လှန်ကြည့်လိုက်လေသည်။
'ဆုတ်ဖြဲခံထားရတာလား...'
သူက မျက်ခုံးပင့်လိုက်ပြီး မျက်စိရှေ့ရှိ စာအုပ်မှာ စာမျက်နှာ အများအပြား ဆုတ်ဖြဲခံထားရကြောင်း တွေ့ရှိလိုက်ပေသည်။
သူက ဘေးဘက်ရှိ ဖန်ပုလင်းကို တစ်ချက် ကြည့်လိုက်ပြန်လေသည်။
ဖန်ပုလင်းထဲတွင် စက္ကူစ အနည်းငယ် ကျန်ရှိနေသေးချေသည်။
ထိုအရာများမှလွဲ၍ အခြား ဘာမျှမရှိတော့ချေ။
သေချာပေါက် စာအုပ်များနှင့် ထို အချိန်စာရင်း ဇယားကို ထည့်တွက်မည်ဆိုပါက ထိုအရာများ ရှိနေသေးသည်သာ ဖြစ်လေသည်။
ရွှီရှန်း က ခေါင်းငုံ့ကာ စားပွဲပေါ်ရှိ အချိန်စာရင်း ဇယားကို တစ်ချက် ကြည့်လိုက်ပေသည်။
အချိန်စာရင်း ဇယားကို လီရွှယ်၏ မိခင်က စီစဉ်ပေးထားခြင်း ဖြစ်ပြီး ကျောင်းမှသည် အိမ်အထိ အချိန်များကို အလွန် တင်းကျပ်စွာ စီစဉ်ထားလေသည်။
အခြေခံအားဖြင့် လွတ်လပ်သော အချိန်ဟူ၍ လုံးဝ မရှိသလောက်ပင် ဖြစ်ပြီး စာကျက်နေခြင်း မဟုတ်ပါက အက လေ့ကျင့်နေရခြင်းသာ ဖြစ်ချေသည်။
"ကျစ်..."
ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရွှီရှန်း က သက်ပြင်းတစ်ချက် ချလိုက်ကာ လီရှန်း အား မျက်ရိပ်ပြလိုက်လေသည်။
တစ်ဖက်လူက ချက်ချင်း သဘောပေါက်သွားပြီး မတ်တတ်ရပ်လိုက်ပေသည်။
"ကောင်းပါပြီ အန်တီကျန်း... နောက်ပိုင်းမှာ အခြေအနေ တစ်ခုခု ရှိလာခဲ့ရင် ကျွန်တော်တို့ အန်တီ့ကို ဆက်သွယ်ပါ့မယ်... ဖုန်းကို အမြဲတမ်း ဖွင့်ထားပေးပါဦး..."
"ရဲအရာရှိကြီးတို့... ကျွန်မ သမီးကို သတ်သွားတဲ့ အဲဒီ တိရစ္ဆာန်ကောင်ကို မဖြစ်မနေ ဖမ်းပေးကြပါနော်..."
လီရွှယ်၏ မိခင်က မျက်နှာကို လက်ဖြင့် အုပ်ထားပြီး မျက်ရည်များက လက်ချောင်း ကြားများမှနေ၍ စီးကျလာခဲ့လေသည်။
ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အိမ်ထဲတွင် ချန်ရစ်ခဲ့ပြီးနောက် လီရှန်း က ရွှီရှန်း ၏ အနောက်သို့ အမြန် လိုက်သွားခဲ့ပေသည်။
"ဘယ်လိုလဲ... အသုံးဝင်မယ့် အရာ တစ်ခုခုများ ရှာတွေ့ခဲ့လား..."
'အသုံးဝင်မယ့် အရာ...'
"လီရွှယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ နည်းနည်းကိုတော့ နားလည်သွားပြီ..."
"စိတ်ပိုင်းဆိုင်ရာ အခြေအနေ..."
လီရှန်း မှာ ကြောင်အမ်းသွားခဲ့ပေသည်။
"တပ်ခွဲမှူးလီ... ဒီမိသားစုရဲ့ ဖိအားက လူကို အသက်ရှူကျပ်လောက်အောင် ဖြစ်စေတယ်လို့ ခင်ဗျား မခံစားရဘူးလား..."
ရွှီရှန်း က လီရှန်း ကို ကြည့်ကာ သက်ပြင်းချလိုက်လေသည်။
"ကျွန်တော် ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ လီရွှယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက..."
"အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ တစ်မျိုးနဲ့ ကိုက်ညီဖို့ ရာခိုင်နှုန်း တော်တော် များတယ်..."
"အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု ဆိုတာ ဘာအရာကြီးလဲ..."
လီရှန်း မှာ ထပ်မံ၍ ကြောင်အမ်းသွားခဲ့ပြန်ပေသည်။
"အမှုနဲ့ ဘာများ သက်ဆိုင်နေလို့လဲ..."
"လူသတ်သမားနဲ့ ပတ်သက်တဲ့ သဲလွန်စများ စဉ်းစားမိတာ ရှိလား..."
"အဲဒီ ခိုးကြည့်တတ်တဲ့ စိတ်ရောဂါသည်ကရော လီရွှယ်နဲ့ အတိအကျ ဘာဆက်စပ်မှုတွေ ရှိနေတာလဲ…”