အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း ၇၁ အခွင့်ကောင်းယူ ဝင်ရောက်ခြင်း
အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု ဆိုသည်မှာ အဘယ်အရာနည်း ဟု တွေးတောစရာ ဖြစ်လာပေသည်။
ဤအရာမှာ မာဖီ၏ နိယာမ ထဲမှ အခန်းကဏ္ဍ တစ်ခုဖြစ်ပြီး အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု ဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။
အခွင့်ကောင်းယူ ဝင်ရောက်ခြင်း၏ အားနည်းချက် ဟုလည်း နားလည်နိုင်ပေသည်။
ဤအရာကို ယေဘုယျအားဖြင့် သူတစ်ပါး၏ ဆက်ဆံရေးကို ဖြိုခွဲရာတွင် အသုံးပြုလေ့ရှိချေသည်။ ဥပမာအားဖြင့် ချစ်သူနှစ်ဦး ကိစ္စသေးသေးလေးဖြင့် ရန်ဖြစ်ကြချိန်တွင် အခြား ကြားလူ တစ်ဦးက ဝင်ရောက်၍ နွေးထွေးစွာ ဂရုစိုက်ပေးခြင်းမျိုး ဖြစ်လေသည်။
အချုပ်အားဖြင့် ဆိုရလျှင် ဤအကျိုးသက်ရောက်မှု ဆိုသည်မှာ လူတစ်ဦး၏ စိတ်ခံစားချက်များ ကျဆင်းနေပြီး အဆိုးမြင် စိတ်ခံစားချက်များ လွှမ်းမိုးနေချိန်၌ အပြုသဘောဆောင်သော စိတ်ခံစားချက် တစ်ခုက အချိန်ကိုက် ဝင်ရောက်လာကာ နွေးထွေးစွာ ဂရုစိုက်ပေးခြင်းပင် ဖြစ်ချေသည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် တစ်ဖက်လူ၏ စိတ်ပိုင်းဆိုင်ရာကို အလွယ်တကူပင် ကြိုးကိုင်ခြယ်လှယ်နိုင်မည်သာ ဖြစ်ပေသည်။
"လတ်တလော အခြေအနေအရ ကြည့်မယ်ဆိုရင် လီရွှယ်ရဲ့ မိသားစု အခြေအနေက တကယ်ကို ဖိအားများလွန်းတယ်..."
လီရှန်း မှာ တိတ်ဆိတ်သွားခဲ့လေသည်။
အမှန်တကယ်ပင် ခုနက စကားပြောဆိုမှုများအရ လီရွှယ် မိခင်၏ မောက်မာပြီး မိမိကိုယ်ကို ဗဟိုပြုတတ်သော စရိုက်လက္ခဏာကို သူ ကောင်းကောင်း သတိထားမိခဲ့ပြီး ဖြစ်ချေသည်။
ထိုကဲ့သို့သော လူမျိုးက ကလေးကို ပညာပေးရာတွင် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားသော ပညာပေးစနစ် မျိုးကိုသာ အသုံးပြုလေ့ရှိပေသည်။
သွန်သင်ဆုံးမသည့် လေသံများမှာလည်း မိမိကိုယ်တိုင် ပင်ပန်းဆင်းရဲခံကာ သားသမီးအတွက် အနစ်နာခံခဲ့ရကြောင်းနှင့် သားသမီးဖြစ်သူက ကျေးဇူးကန်းကြောင်း စသည့် အသုံးအနှုန်းမျိုးသာ ဖြစ်လေ့ရှိလေသည်။
ဤကဲ့သို့သော စကားများမှာ မိမိကိုယ်ကို ဗဟိုပြုလွန်းလှပေသည်။ မိမိ၏ ဆင်းရဲဒုက္ခများကို တစ်ဖက်လူအပေါ် အတင်းအကျပ် ပုံချကာ ပတ်ဝန်းကျင်ရှိ လူများ၏ ဒုက္ခများမှာ မိမိကြောင့် ဖြစ်ရသည်ဟု ထင်မြင်လာစေပြီး စိတ်ပိုင်းဆိုင်ရာ ဖိအားများ ပေးစွမ်းလေ့ရှိချေသည်။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် ဤကဲ့သို့သော ပညာပေးစနစ်ဖြင့် ကြီးပြင်းလာရသော ကလေးများမှာ ယေဘုယျအားဖြင့် မိမိကိုယ်ကို ယုံကြည်မှု ကင်းမဲ့ခြင်း ၏ သယ်ဆောင်သူများသာ ဖြစ်လာတတ်ပေသည်။
"ဒါပေမဲ့ လီရွှယ်ရဲ့ မိခင်က ဒီသဘောတရားကို လုံးဝ မသိထားဘူး ဆိုတာ သိသာတယ်... သူမက သူမရဲ့ ကောင်းမွန်မှုတွေက ကလေးရဲ့ မျက်လုံးထဲမှာလည်း ကောင်းမွန်နေလိမ့်မယ်လို့ ထင်နေတာ... တစ်ဖက်လူက သူမကို နားလည်ပေးလိမ့်မယ်လို့ ထင်မှတ်ပြီး ကလေး တစ်ယောက်ကို သူမထက်တောင် ပိုပြီး ဖိအားများတဲ့ ဘဝမျိုးမှာ ရှင်သန်စေခဲ့တာပဲ..."
"ဒီလို အခြေအနေမျိုးမှာ အမှား နည်းနည်းလေး လုပ်မိတာနဲ့ လီရွှယ်ရဲ့ ရင်ထဲမှာ အရမ်းကို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး စိတ်ဆင်းရဲမှုတွေကို ပြင်းပြင်းထန်ထန် ခံစားရမှာပဲ..."
ရွှီရှန်း က အသက်ရှူကျပ်လုမတတ် ဖြစ်စေသော ထို အချိန်စာရင်း ဇယားကို ပြန်လည် တွေးတောရင်း သက်ပြင်းချလိုက်လေသည်။
"ဒီလိုနဲ့ အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု ပေါ်လာတော့တာပဲ... လီရွှယ်က သူ့ကိုယ်သူ စိတ်ကျေနပ်မှု ရစေမယ့် အချိန်လေးတောင် ဖန်တီးနိုင်စွမ်း မရှိတော့ သူမရဲ့ ရင်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အခြေအနေမျိုးကို ကျရောက်သွားတော့တာပေါ့..."
ဆန့်ကျင်ဘက် လိင်ကို လိုက်လံ ပိုးပန်းရာတွင် နောက်ခံ အခြေအနေကို အဆင့်သုံးဆင့် ခွဲခြားနိုင်ပြီး ၎င်းတို့မှာ အလွန် ကောင်းမွန်သော မိသားစု၊ သာမန် မိသားစု နှင့် အခြေခံ လူတန်းစား မိသားစု တို့ပင် ဖြစ်လေသည်။ ဤမိသားစု သုံးမျိုးမှ ကြီးပြင်းလာသူများအနက် အခြေခံ လူတန်းစား မိသားစုမှ ကလေးများမှာ ယေဘုယျအားဖြင့် လိုက်လံ ပိုးပန်းရန် အလွယ်ကူဆုံး ဖြစ်တတ်ချေသည်။
အဘယ်ကြောင့်နည်း ဆိုရသော် လူတန်းစား နိမ့်ကျလေလေ စိတ်ပိုင်းဆိုင်ရာ ဖိအားက ပိုမို ကြီးမားလေလေ ဖြစ်သောကြောင့်ပင် ဖြစ်ပေသည်။
စိတ်ပိုင်းဆိုင်ရာ ဖိအားများလေလေ စိတ်ခံစားချက်အပေါ် လိုအပ်ချက်က ပိုမို ကြီးမားလေလေ ဖြစ်ရာ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျောင်းတက်နေစဉ်အတွင်း တစ်စုံတစ်ရာ၏ မြူဆွယ်သွေးဆောင်မှုကို ခံရပါက အလွန် လျင်မြန်စွာ လမ်းမှားသို့ ရောက်ရှိသွားတတ်ပေသည်။ အထူးသဖြင့် လှပသော အမျိုးသမီးငယ်များပင် ဖြစ်ချေသည်။
ဥပမာအားဖြင့် အလယ်တန်း ကျောင်းသူများပင် ဖြစ်လေသည်။ အလယ်တန်း ကျောင်းများတွင် ရည်းစား ခဏခဏ ထားတတ်သော သို့မဟုတ် ပညာရေးတွင် အလယ်အလတ်အောက် ရောက်နေသော်လည်း ရုပ်ရည် ပြေပြစ်သော မိန်းကလေးများ အများအပြား ရှိတတ်ပေသည်။ သူတို့သည် အခြေအနေမဲ့ မိန်းကလေးများ မဟုတ်နိုင်သော်လည်း သေချာပေါက် ပျော်ပါးခြင်းကို နှစ်သက်ကြသူများ ဖြစ်လေသည်။
ဤအရာမှာ ရုပ်ရည်ကြောင့် သွေးဆောင်ခံရခြင်း သို့မဟုတ် မိသားစု အခြေအနေကြောင့် စိတ်ပိုင်းဆိုင်ရာ ဟာလာဟင်းလင်း ဖြစ်နေသဖြင့် အလွယ်တကူ မြူဆွယ်ခံရကာ လမ်းမှားသို့ ရောက်ရှိသွားရသည့် မြင်ကွင်းမျိုးပင် ဖြစ်ချေသည်။
"မင်း ဆိုလိုတာက... နစ်နာသူက ရင်ထဲမှာ အလွန်အမင်း ဟာလာဟင်းလင်း ဖြစ်နေပြီးတော့ တစ်ယောက်ယောက်က အခွင့်ကောင်းယူ ဝင်ရောက်လာတယ် ဆိုတဲ့ သဘောလား..."
လီရှန်း က တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားခဲ့ပေသည်။ အမှားဝင်ရောက်ခြင်း အကျိုးသက်ရောက်မှု ကို သူ မသိသော်လည်း အခွင့်ကောင်းယူ ဝင်ရောက်ခြင်း ကိုမူ သူ ကောင်းကောင်း နားလည်လေသည်။
"ဒါက အမှုနဲ့ ဘာများ သက်ဆိုင်နေလို့လဲ..."
"သက်ဆိုင်တာပေါ့... သေချာပေါက် သက်ဆိုင်တာပေါ့..."
ရွှီရှန်း ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပြည့်နှက်နေပြီး ခေါင်းညိတ်ပြလိုက်လေသည်။
"လွန်ခဲ့တဲ့ ၄ ရက်က လီရွှယ်က အိမ်ကနေ အကြောင်းပြချက် မရှိဘဲ ထွက်သွားခဲ့တယ်... အဲဒီနောက် ပြန်တွေ့တဲ့ အချိန်မှာတော့ အလောင်း တစ်လောင်း ဖြစ်နေခဲ့ပြီ... တစ်ဖက်လူက ချိန်းဆိုခံရလို့ ထွက်သွားတာ သိသာတယ်... အဲဒီတော့ ပြဿနာက ဘယ်သူက ချိန်းဆိုလိုက်တာလဲ... ဒါမှမဟုတ် သူမကို ချိန်းဆိုနိုင်လောက်တဲ့ အရည်အချင်း ရှိသူက ဘယ်သူလဲ ဆိုတာပဲ..."
အကယ်၍ တစ်ဖက်လူသာ လီရွှယ်၏ အတန်းထဲမှ လူတစ်ဦး ဖြစ်မည်ဆိုပါက ထိုသူမှာ ဒုတိယ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရလောက်ပြီ ဖြစ်ချေသည်။ ချန်လုံ က ခေါင်းဆောင် ဖြစ်လာနိုင်ခြင်းမှာ သူ၏ ထက်မြက်သော အမြင်အာရုံကြောင့်ပင် ဖြစ်လေသည်။ မေးခွန်း တစ်ခွန်းမျှ မေးလိုက်ရုံဖြင့် ဤအသက်အရွယ်ရှိ ကလေးငယ်များမှာ မည်သူကမျှ တောင့်ခံနိုင်မည် မဟုတ်ပေ။ အရေးအကြီးဆုံး အချက်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
"ပြီးတော့ နစ်နာသူရဲ့ ခန္ဓာကိုယ်မှာ ခြေလက်တွေ ပျောက်ဆုံးနေပြီး အရေခွံ ဆုတ်ခံထားရတဲ့ ခန္ဓာကိုယ် တစ်ခုတည်းသာ အတွင်းဘက်မှာ ပုန်းကွယ်နေတာ... တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ် မျက်နှာပြင်ကိုလည်း ပုပ်သိုးခြင်းကနေ ကာကွယ်ဖို့ အစီအမံတချို့ ပြုလုပ်ထားသေးတယ်... နောက်ဆုံးတော့ နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးသွားသူကို ဆက်သွယ်ခဲ့ပြီး ပင်အပ်ပေါက် အရွယ် ကင်မရာ နဲ့ပါ ခိုးရိုက်ထားသေးတယ်... ဒီကိစ္စတွေ အားလုံးကို တစ်ရက်တည်းနဲ့ ပြီးမြောက်အောင် လုပ်နိုင်ပါ့မလား..."
အကယ်၍ လူသတ်သမားသာ ကျောင်းထဲမှ လူဖြစ်မည်ဆိုပါက တစ်ဖက်လူမှာ ဆရာ သို့မဟုတ် ကျောင်းသား ဖြစ်နိုင်ပေသည်။ သို့သော် ထိုလူများမှာ အလုပ်ဆင်းရခြင်း သို့မဟုတ် ကျောင်းတက် ကျောင်းအိပ် ပြုလုပ်ရသူများသာ ဖြစ်ချေသည်။ မည်သူ မရှိကြောင်း သို့မဟုတ် မည်သူ၏ အချိန်ဇယားက ပုံမှန် မဟုတ်ကြောင်းကို ရဲတပ်ဖွဲ့က တစ်ချက် ကြည့်လိုက်ရုံဖြင့် သိမြင်နိုင်လေသည်။ ဤမျှ စုံစမ်းရ လွယ်ကူသော အရာမျိုးကို ယခုအချိန်အထိ မည်သည့် အကြောင်းကြားချက်မျှ မရရှိသေးသဖြင့် အတန်းဖော်များနှင့် ဆရာများမှာ အပြစ်ကင်းစင်ကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။
"ဒါကြောင့်... နစ်နာသူမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက် ချစ်သူ တစ်ယောက် ရှိနေတယ်လို့ မင်း သံသယ ဝင်နေတာလား... ပြီးတော့ အဲဒီ ချစ်သူက ကျောင်းထဲမှာလည်း မရှိဘူးပေါ့..."
လီရှန်း မှာ သတိပြန်ဝင်လာပြီး သူက ရွှီရှန်း ကို ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့လေသည်။ သို့သော်လည်း သေချာစွာ စဉ်းစား သုံးသပ်ကြည့်ပြီးနောက် သူ၏ မျက်မှောင်များက တစ်ဖန် ပြန်လည် ကျုံ့ဝင်သွားခဲ့ပေသည်။
"မဟုတ်သေးဘူးလေ... နစ်နာသူရဲ့ အချိန်တွေက အရမ်း တင်းကျပ်လွန်းတယ်... သူမရဲ့ သွားလာလှုပ်ရှားမှု လမ်းကြောင်းတွေအရ ကြည့်ရင် ကျောင်းမှာ စာသင်နေတာ မဟုတ်ရင် တစ်လကို ၃ ရက် ၄ ရက်လောက် အိမ်ပြန် အနားယူတာပဲ ရှိတယ်... နေရာ နှစ်ခုကို မျဉ်းတစ်ကြောင်းတည်း သွားနေရတာ... ဘဝက အလုပ်သမားတွေထက်တောင် ပိုပြီး ရိုးရှင်းနေသေးတယ်... သူမ ဆက်သွယ်လို့ ရနိုင်တဲ့လူတွေက ဒီလောက်ပဲ ရှိတာ... ဒါပေမဲ့ ဒီလူတွေကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးသွားပြီလေ..."
ဖိအားများသော ဘဝတစ်ခု ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် လွတ်လပ်ခွင့်များ ကန့်သတ်ခံထားရကြောင်းကိုလည်း ကိုယ်စားပြုနေပေသည်။ အက လေ့ကျင့်ခြင်းနှင့် စာကျက်ခြင်း၊ လီရွှယ် အသက်ရှင်နေစဉ် အတွေးအခေါ်များ ရှင်းလင်းလာပြီးနောက် ၁၀ နှစ်တာ ကာလအတွင်း ဤကိစ္စ နှစ်ခုဖြင့်သာ ချုပ်နှောင်ခံထားရခြင်း ဖြစ်ချေသည်။ သူမသည် ဤကိစ္စ နှစ်ခုမှလွဲ၍ အခြား မည်သူနှင့်မျှ အဆက်အသွယ် မရှိနိုင်ချေ။
ရုတ်တရက် လီရှန်း က တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ ဖြစ်သွားလေသည်။
"သယ်ယူပို့ဆောင်ရေး လုပ်ငန်းလား..."
ဩဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သော ခွေးကိုယ်လူခေါင်း အမှုကို သူ ပြန်လည် တွေးတောမိလိုက်ပေသည်။ နစ်နာသူနှင့် လူသတ်သမား လုံးဝ အဆက်အစပ် မရှိသော လူများက ဘတ်စ်ကား တစ်စီးကြောင့် တစ်ယောက်နှင့်တစ်ယောက် ဆက်စပ်သွားခဲ့ရသည်သာ ဖြစ်ပေသည်။
"မဟုတ်သေးဘူး... သယ်ယူပို့ဆောင်ရေး လုပ်ငန်းက အလျင်စလို ဖြစ်ပွားတဲ့ ကိစ္စတွေကိုပဲ ဖန်တီးနိုင်တာ... သံယောဇဉ် ဆိုတာကတော့ ယေဘုယျအားဖြင့် အချိန်ယူ တည်ဆောက်မှသာ အကျိုးသက်ရောက်မှု ရှိနိုင်တာလေ... ဘတ်စ်ကား ဒါမှမဟုတ် အငှားယာဉ် ဆိုတဲ့ ဒီလို လျင်မြန်လွန်းတဲ့ ယာဉ်တွေက လိုအပ်ချက်နဲ့ မကိုက်ညီဘူး..."
လီရှန်း က ခေါင်းခါယမ်းလိုက်ပြီး ထိုအတွေးကို ဖယ်ရှားပစ်လိုက်လေသည်။
"အဲဒီလောက်တင် မဟုတ်ဘူး... တပ်ခွဲမှူးလီ... တကယ်လို့များ ငါတို့ ခန့်မှန်းထားတဲ့ ဒီ လျှို့ဝှက် ချစ်သူက တကယ် ရှိနေတယ်လို့ သဘောထားကြည့်လိုက်... အဲဒီလိုဆိုရင် တစ်ဖက်လူက လူသတ်သမား ဖြစ်နေမလား..."
'လူသတ်သမား ဖြစ်နေမလား... ချစ်သူက လူသတ်သမား ဖြစ်နေနိုင်လို့လား...'
လီရှန်း မှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် မျက်မှောင်များ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ပေသည်။
မှုခင်း အများအပြားတွင် တိုင်ကြားသူကို သံသယရှိသူ အဖြစ် သတ်မှတ်ကာ တိုင်ကြားသူကို အရင်ဆုံး စစ်ဆေးလေ့ရှိကြပေသည်။ အဘယ်ကြောင့်နည်း ဆိုရသော် ဤအရာမှာ သူခိုးက လူဟစ်သော မှုခင်း အမြောက်အမြားမှနေ၍ သူတို့ ရရှိထားသော အတွေ့အကြုံများကြောင့်ပင် ဖြစ်ချေသည်။ ယေဘုယျအားဖြင့် သေဆုံးသူများမှာ ဇနီး၊ ခင်ပွန်း၊ ချစ်သူ စသည်တို့၏ သတ်ဖြတ်ခြင်းကို ခံရလေ့ရှိပြီး ထိုလူများက အလောင်းကို ရှင်းလင်းပြီးနောက် ရဲကို ဖုန်းဆက် တိုင်ကြားလေ့ရှိကြပေသည်။ သို့သော်လည်း ဤအမှုတွင်မူ ခြားနားနေလေသည်။
"လီရွှယ်က အိမ်ပြန်ရောက်ပြီးတဲ့နောက် တခြား ဘယ်သူနဲ့မှ အဆက်အသွယ် မရှိခဲ့ဘူး... အိမ်မှာလည်း ကွန်ပျူတာ မရှိဘူး... ဒါပေမဲ့ အပြင်ကို ထွက်သွားတယ် ဆိုတဲ့ အချက်ကနေ ကြည့်ရင် သူမ လက်ထဲမှာ လျှို့ဝှက် ချစ်သူနဲ့ ဆက်သွယ်ဖို့ ကိရိယာ တစ်ခုခု ရှိနေဖို့ ရာခိုင်နှုန်း အတော်များတယ်... ဥပမာ လက်ကိုင်ဖုန်းပေါ့... ဒါက ချစ်သူ ဖြစ်သူက လီရွှယ်ကို လက်ဆောင် ပေးထားတာလည်း ဖြစ်နိုင်တယ်..."
"တကယ်လို့ လက်ကိုင်ဖုန်းသာ ရှိတယ်ဆိုရင် ချစ်သူ ဘဝကို ရောက်နေတဲ့ မိန်းကလေးနဲ့ ယောက်ျားလေးတွေက အမြဲတမ်း အတူတူ နေချင်ကြမှာပဲလေ... လီရွှယ်ကို အမြဲတမ်း ဆက်သွယ်နေမှာ အသေအချာပဲ... ဒါပေမဲ့ လီရွှယ်က သေဆုံးသွားတာ ၄ ရက်တောင် ရှိနေပြီ... မဟုတ်ဘူး... ဒီနေ့ဆိုရင် ၅ ရက်မြောက်နေ့ပဲ... ၅ ရက်ဆိုတဲ့ အချိန်အတွင်းမှာ အလောင်းကတောင် ပုပ်ဟောင်နေပြီ... ဒါပေမဲ့ တစ်ဖက်လူဆီကနေ ဘာသတင်းမှ မထွက်ပေါ်လာဘူး... ဒါက ချစ်သူ တစ်ယောက်ရဲ့ ပုံမှန် တုံ့ပြန်မှုလို့ ခင်ဗျား ထင်နေသေးလား..."
အွန်လိုင်း ချစ်သူ ဖြစ်ရန် ကွန်ပျူတာ လိုအပ်သော်လည်း နစ်နာသူ၏ နေအိမ်တွင် ကွန်ပျူတာ မရှိသဖြင့် အွန်လိုင်း ချစ်သူ ဖြစ်နိုင်ခြေကို ဖယ်ရှားနိုင်ပေသည်။ ထိုသို့ဆိုလျှင် လက်တွေ့ဘဝမှ ချစ်သူသာ ဖြစ်ရမည် ဖြစ်ချေသည်။ လက်တွေ့ဘဝမှ ချစ်သူ ဆိုသည်မှာ လူချင်း တွေ့ဆုံနိုင်သူများပင် ဖြစ်လေသည်။ ဤအချက်က ခုနက ခန့်မှန်းချက်များနှင့်လည်း ကိုက်ညီနေပေသည်။ နစ်နာသူမှာ တင်းကျပ်လွန်းသော ပတ်ဝန်းကျင်မှနေ၍ တစ်နေရာရာတွင် ချစ်သူနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်မည်မှာ သေချာလှချေသည်။ အကယ်၍ ထိုသူ နှစ်ဦးသာ တွေ့ဆုံနိုင်ခဲ့မည် ဆိုပါက ၄ ရက်တိုင်တိုင် ပျောက်ဆုံးနေသည်ကို တစ်ဖက်လူက အဘယ်ကြောင့် သတင်းအစအနမျှ မရရှိရသနည်း ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်လေသည်။ ရဲတိုင်ခြင်းကို အသာထားဦးမည် ဖြစ်ပေသည်။
"တပ်ခွဲမှူးလီ... ခုနကလည်း ကျွန်တော်တို့ ပြောခဲ့ပြီးပြီလေ... လူသတ်သမားနဲ့ နစ်နာသူက နစ်နာသူရဲ့ နေရာနှစ်ခုကို မျဉ်းတစ်ကြောင်းတည်း သွားနေရတဲ့ အလွန် တင်းကျပ်လှတဲ့ ပတ်ဝန်းကျင်မှာ တွေ့ဆုံခဲ့ကြတာ သေချာတယ်... အဲဒီ ပတ်ဝန်းကျင် နှစ်ခုက တစ်ခုက ကျောင်းဖြစ်ပြီး နောက်တစ်ခုက အက လေ့ကျင့်တဲ့ နေရာပဲ..."
ရွှီရှန်း က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး လတ်တလော ရှာဖွေတွေ့ရှိထားသော သတင်းအချက်အလက်များကို ပေါင်းစပ်လိုက်လေသည်။
"ရဲတပ်ဖွဲ့က မွန်းလွဲပိုင်းမှာတင် ဒီနေရာ နှစ်ခုကို စုံစမ်းစစ်ဆေးပြီး လီရွှယ် သေဆုံးသွားတဲ့ သတင်းကို ဖြန့်ဝေပြီးသွားပြီလေ... ဒီလို အခြေအနေမျိုးမှာ ခင်ဗျားသာ လီရွှယ်ရဲ့ ချစ်သူ ဖြစ်ခဲ့ရင် သတင်းကို အတည်ပြုဖို့ ရဲတပ်ဖွဲ့ဆီ တိုက်ရိုက် သွားမှာ မဟုတ်ဘူးလား... အဆိုးဆုံး ဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားတာမျိုးတော့ ရှိသင့်တယ် မဟုတ်ဘူးလား... ဒါပေမဲ့ ရဲတပ်ဖွဲ့က ဒီလူ ရှိနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှ မရရှိခဲ့ဘူး... ဒါက ယုတ္တိတန်တယ်လို့ ခင်ဗျား ထင်နေသေးလား…”
အခန်း ၇၂ ခိုးကြည့်တတ်သော စိတ်ရောဂါနှင့် ဆင်တူသည့် အလေ့အထ
'ယုတ္တိတန်ပါသလား...'
လုံးဝ ယုတ္တိမတန်ပေ။
အကယ်၍ တစ်ဖက်လူက သတ္တိကြောင်ပြီး ရဲတပ်ဖွဲ့ကို သွားမရှာခြင်း သက်သက်သာဆိုလျှင် အတော်လေး ယုတ္တိတန်နေသေးလေသည်။
သို့သော်လည်း လီရွှယ်တွင် သူငယ်ချင်း မရှိခြင်း မဟုတ်ပေ။
ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသူများမှာ အထီးကျန်ရောဂါ ခံစားနေရသူများ မဟုတ်ဘဲ သူတို့တွင်လည်း ကိုယ်ပိုင် သူငယ်ချင်းများ ရှိကြလေသည်။
'ချစ်သူ ရနေပြီဆိုရင် သူငယ်ချင်းတွေကို မပြောဘဲ နေမှာလား...'
မပြောဘဲ နေကောင်းနေနိုင်သော်လည်း ရင်ထဲတွင် အလွန်အမင်း ဟာလာဟင်းလင်း ဖြစ်နေပြီး ပြည့်စုံမှု တစ်ခုကို ရရှိသွားချိန်တွင် စိတ်ခံစားချက်များက ဖိသိပ်ထားသော စပရိန်တစ်ခုကဲ့သို့ လွှတ်လိုက်သည်နှင့် ပေါက်ကွဲထွက်သွားမည့် သူမျိုးကမူ သေချာပေါက် ပြောပြမည်သာ ဖြစ်ပေသည်။
တစ်ဖက်လူက သူမ၏ စိတ်ခံစားချက်များကို ဖွင့်ထုတ်ပြောပြမည် ဖြစ်လေသည်။
"ဒုတိယအဖွဲ့က အခုထိ သတင်း မပို့လာသေးဘူး... ဆိုလိုတာက လီရွှယ်ရဲ့ အတန်းဖော်တွေရော သူငယ်ချင်း အရင်းခေါက်ခေါက်တွေပါ ဒီလူ ရှိနေတယ် ဆိုတာကို မသိကြဘူး ဆိုတဲ့ သဘောပဲ..."
"အဲဒီတော့ ဘာအကြောင်းကြောင့် လီရွှယ်က မြိုသိပ်ထားပြီး မပြောဘဲ နေရတာလဲ..."
ရွှီရှန်း က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းမော့ကာ စကားဆိုလိုက်ပေသည်။
"ထုတ်ပြောလိုက်ရင် သူတို့ နှစ်ယောက်ထဲက တစ်ယောက်ယောက်ရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်လို့ပဲ ဖြစ်ရမယ်..."
"မင်း ဆိုလိုတာက သူ့ရဲ့ နောက်ခံ အခြေအနေက အထူးသီးသန့် ဖြစ်နေလို့လား..."
"အဲဒီလို ဖြစ်နိုင်တယ်..."
ရွှီရှန်း က သက်ပြင်းချလိုက်လေသည်။ ဤအမှုက လတ်တလောတွင် အနည်းငယ် ရှုပ်ထွေးနေပုံရပြီး သူက အတွေးများကို အားစိုက်၍ ရှင်းလင်းအောင် စုစည်းနေရပေသည်။
လီရှန်း ၏ မျက်မှောင်များ ကျုံ့ဝင်သွားခဲ့လေသည်။ သူ၏ ဦးနှောက်ထဲတွင် ရွှီရှန်း ထုတ်ပြလာသော ခန့်မှန်းချက်များကို အဆက်မပြတ် စဉ်းစားနေပြီးနောက် အချိန်အတော်ကြာမှ ဆေးလိပ်တစ်လိပ်ကို မီးညှိကာ လမ်းဘေးတွင် တွေဝေသော မျက်လုံးများဖြင့် သောက်နေပေသည်။
'ဒီလိုဆိုရင် နစ်နာသူမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက် ချစ်သူ တစ်ယောက် ရှိနေပြီပဲ...'
'တစ်ချိန်တည်းမှာပဲ အဲဒီချစ်သူရဲ့ နောက်ခံ အခြေအနေက အထူးသီးသန့် ဖြစ်ပြီး စီးပွားရေး အခြေအနေလည်း မဆိုးရွားလို့ လီရွှယ်ကို လက်ကိုင်ဖုန်း တစ်လုံး လက်ဆောင်ပေးနိုင်တာလား... အကယ်၍ အဲဒီလိုဆိုရင် တစ်ဖက်လူက အသက်ပြည့်ပြီးသူ ဖြစ်ဖို့ ရာခိုင်နှုန်း များပြားပြီး လွတ်လပ်တဲ့ စီးပွားရေး ရှိသူ ဖြစ်လိမ့်မယ်...'
'နောက်ခံ အခြေအနေ အထူးသီးသန့် ဖြစ်ပြီး ထုတ်ပြောလို့ မရနိုင်တာက ဆရာ ဖြစ်နေလို့လား...'
'မဟုတ်သေးဘူး... ဆရာ ဆိုတဲ့ အနေအထားက လူသိများပြီး အမှုကျူးလွန်ဖို့ လိုအပ်တဲ့ အချိန်နဲ့ ကိုက်ညီမှု မရှိလို့ အလွယ်တကူ ပေါ်လာနိုင်တယ်...'
'အဲဒီလိုဆိုရင် ဘယ်သူ ဖြစ်နိုင်မလဲ...'
အရေးအကြီးဆုံး အချက်မှာ အောက်ပါအတိုင်း ဖြစ်လေသည်။
"မင်းကောင်လေး... ငါ ပြောချင်တာက အကယ်၍... အကယ်၍များ လို့ ပြောတာပါ..."
လီရှန်း က ဆေးလိပ် ၃ လိပ်တိုင်တိုင် သောက်ပြီးသော်လည်း သူ တွေးမိသော ပြဿနာကို စဉ်းစား၍ မရနိုင်သေးပေ။
သူက အချိန်အတော်ကြာအောင် စဉ်းစားလိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ စကားဆိုလာလေသည်။
"အကယ်၍ ဒီ လျှို့ဝှက် ချစ်သူက တကယ်ပဲ လူသတ်သမား ဖြစ်နေတယ် ဆိုရင်..."
"ဘာဖြစ်လို့ သူက နစ်နာသူကို သတ်ခဲ့ရတာလဲ..."
"ပြီးတော့ သူက မှုခင်းဖြစ်ပွားရာ နေရာမှာ ပင်အပ်ပေါက် အရွယ် ကင်မရာ တစ်လုံးကို ချန်ထားခဲ့ပြီး အလောင်းရဲ့ ဗီဒီယိုကို သီးသန့် ရိုက်ကူးနေရသေးတာလဲ..."
"ကိုယ့်ချစ်သူကို ကိုယ်တိုင် သတ်ပြီးတော့ အရုပ်အဖြစ် ဖန်တီးကာ တခြားလူနဲ့ ကာမစပ်ယှက်နေတဲ့ ဗီဒီယိုကို ရိုက်ကူးတယ် ဟုတ်လား..."
'ဒီအရာက ယုတ္တိတန်ရဲ့လား... ယုတ္တိဗေဒအရ လုံးဝ ကိုက်ညီမှု မရှိဘူး... စိတ်ရောဂါသည်တောင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး...'
သီးခြားစီ ကြည့်မည်ဆိုပါက ဤအရာများကို လီရှန်း က နားလည်နိုင်သော်လည်း အားလုံး ပေါင်းစပ်လိုက်ချိန်တွင်မူ လီရှန်း နားမလည်နိုင်အောင် ဖြစ်သွားခဲ့ရလေသည်။
"ဘာဖြစ်လို့လဲ..."
လီရှန်း က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်ပေသည်။
"သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ..."
"အဲဒီ ဗီဒီယို တစ်ခုတည်း အတွက်ပဲလား..."
'ဗီဒီယိုက ဘာလုပ်လို့ ရနိုင်ဦးမလဲ... ကြည့်ဖို့ သက်သက်သာ ဖြစ်တယ်...'
လီရှန်း မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် အမှုများကို သူ အများအပြား လက်ခံရရှိဖူးပေသည်။
မျိုးစုံ ရှိခဲ့ပြီး တိရစ္ဆာန်များနှင့် ကာမစပ်ယှက်ခြင်းကို နှစ်သက်သူများ သို့မဟုတ် လူ့ကျင့်ဝတ်နှင့် ဆန့်ကျင်သူများကိုလည်း သူ မြင်တွေ့ဖူးခဲ့လေသည်။
ထိုမျှမက ယခင်က အမျိုးသား တစ်ဦးက တစ်ရွာလုံးကို အဓမ္မပြုကျင့်သည့် အမှုမျိုးပင် ဖြစ်ပွားခဲ့ဖူးသေးလေသည်။
ပြစ်မှုကျူးလွန်သူက ရွာထဲရှိ ဆွေမျိုး မိတ်ဆွေများကို ၁၀ ကြိမ်ထက်မက အဓမ္မပြုကျင့်ခဲ့ပြီး အဓမ္မပြုကျင့်ခံရသူများထဲတွင် သူ၏ သူငယ်ချင်းများ သို့မဟုတ် လူကြီးများ ပါဝင်သလို သူနှင့် သွေးသားတော်စပ်သော ဆွေမျိုးများလည်း ပါဝင်လေသည်။
ထို့အပြင် အလွန် လွန်ကဲသောအချက်မှာ ထိုလူများ အဓမ္မပြုကျင့်ခံရပြီးနောက် အများစုမှာ ရဲကို မတိုင်ကြားခဲ့ကြဘဲ အချို့မှာ အဓမ္မပြုကျင့်ခံရပြီးနောက် ပြစ်မှုကျူးလွန်သူကို ကိုယ်တိုင် ပြန်လည် ဆက်သွယ်ကာ ထပ်မံ၍ ကာမစပ်ယှက်ခဲ့ကြသေးခြင်းပင် ဖြစ်ပေသည်။
လူ ၁၀ ဦးခန့်ကို အဓမ္မပြုကျင့်ပြီးနောက်မှသာ တစ်စုံတစ်ယောက်က ရဲကို တိုင်ကြားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်လေသည်။
အလွန် လွန်ကဲလှပေသည်။ လွန်ကဲလွန်းလှသဖြင့် လီရှန်း က သူတို့၏ ဦးခေါင်းခွံကို ခွဲ၍ ဦးနှောက်၏ ဖွဲ့စည်းပုံမှာ အညစ်အကြေးများ ဖြစ်နေသလား ဟုပင် ကြည့်ရှုချင်စိတ် ပေါက်ခဲ့လေသည်။
သို့သော်လည်း မည်မျှပင် လွန်ကဲစေကာမူ ယခု လက်ရှိ အမှုလောက်တော့ လွန်ကဲမည် မဟုတ်ပေ။
"အဲဒီ ဗီဒီယိုကို ကြည့်ရတာက သူ့အတွက် စိတ်လှုပ်ရှားမှု တစ်ခုခုကို ဖြစ်ပေါ်စေတာလည်း ဖြစ်နိုင်တာပဲ..."
ရွှီရှန်း က ရုတ်တရက် စကားဆိုလိုက်ပေသည်။
လီရှန်း ၏ မျက်နှာအမူအရာက တစ်ချက်မျှ တုန်ယင်သွားပြီး ရွှီရှန်း ကို ကမန်းကတန်း လှမ်းကြည့်လိုက်လေသည်။
"ဘာသဘောလဲ..."
"မင်း တစ်ခုခုကို တွေးမိသွားတာလား..."
ရွှီရှန်း က စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လီရှန်း ၏ လက်ကိုင်ဖုန်းမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပေသည်။
သူက ကောက်ကိုင်၍ ကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူ အမည်မှာ [ချန်လုံ] ဟု ပြသနေလေသည်။
ချက်ချင်းပင် နှိပ်၍ ဖုန်းလက်ခံလိုက်ပေသည်။
"တူ... တူ..."
"တပ်ခွဲမှူးလီ... ဒုတိယအဖွဲ့က ကျောင်းမှာ ကြီးမားတဲ့ တိုးတက်မှု တစ်ခု ရရှိခဲ့ပြီ..."
အလျင်စလို အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
'ကြီးမားတဲ့ တိုးတက်မှု ဟုတ်လား...'
လီရှန်း မှာ ကြောင်အမ်းသွားပြီး ရွှီရှန်း နှင့် အကြည့်ချင်း ဆုံလိုက်ကာ လက်ကိုင်ဖုန်း၏ အသံချဲ့စက်ကို ဖွင့်လိုက်ပြီး ကမန်းကတန်း ပြန်လည် မေးမြန်းလိုက်ပေသည်။
"ဘာတိုးတက်မှုလဲ..."
တစ်ဖက်မှ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး စကားဆိုလာသည်ကို ကြားလိုက်ရလေသည်။
"နစ်နာသူ လီရွှယ်က... အဓမ္မပြုကျင့် ခံခဲ့ရဖူးတယ်..."
အချိန် ညနေ ၅ နာရီ အချိန် ဖြစ်လေသည်။
နေရာမှာ ဟန်ဟိုင်မြို့ တွင် ဖြစ်ပေသည်။
"အဲဒီတုန်းက ဆောင်းရာသီ ကျောင်းပိတ်ရက်လေ... ကျွန်မတို့ အနုပညာ ကျောင်းသူတွေက စခန်းမှာ စုပေါင်း လေ့ကျင့်ရတယ်... အားလပ်ချိန်တွေမှာတော့ ပုံမှန် အပြင်ထွက်ခွင့် ရှိတယ်... လီရွှယ်က အတန်းပြီးသွားတော့ အလှပြင်ပြီး အပြင်ထွက်သွားခဲ့တာ..."
"ကျွန်မတို့က သူ့မှာ ရည်းစား ရှိနေပြီလား ရည်းစားက ဘယ်သူလဲလို့ မေးတော့လည်း သူက ဘာမှ မပြောဘူး... နောက်တော့ သူ ထွက်သွားပြီးတဲ့နောက် ကျွန်မတို့လည်း ဘာမှ ဆက်မပြောဖြစ်တော့ဘူး..."
"မနက် ၂ နာရီလောက် ရောက်မှပဲ အဆောင်က လူတွေ အကုန် အိပ်ပျော်နေတဲ့ အချိန်ကျမှ သူ ပြန်ရောက်လာတာ..."
"ပြန်ရောက်ရောက်ချင်း ရေချိုးပြီး ရေချိုးပြီးတာနဲ့ စောင်ထဲ ဝင်ခွေပြီး ငိုနေခဲ့တာ..."
ကျောင်းထဲတွင် မိန်းကလေး တစ်ဦးက ရုံးခန်းထဲ၌ ရဲတပ်ဖွဲ့ဝင်များ၏ ဝိုင်းရံခြင်းကို ခံထားရပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပတ်ဝန်းကျင်ရှိ မျက်နှာထား တင်းမာနေသော ရဲတပ်ဖွဲ့ဝင်များကို ကြည့်ရင်း မျက်လုံးများထဲတွင် အလွန် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပြည့်နှက်နေပေသည်။
"သူမက အဓမ္မပြုကျင့် ခံခဲ့ရတာ သေချာလို့လား..."
လီရှန်း ၏ မျက်နှာထားမှာ အလွန် လေးနက်တည်ကြည်နေလေသည်။
"ကျွန်မ နိုးလာလို့ အောက်ဆင်းပြီး အိမ်သာသွားတဲ့ အချိန်မှာ သူ လဲထားတဲ့ အတွင်းခံ ဘောင်းဘီမှာ သွေးကွက်တွေ ပေနေတာကို တွေ့လိုက်ရတယ်... ပြီးတော့ သူ့ကိုယ်ပေါ်မှာလည်း အရက်နံ့တွေ ထွက်နေတယ်..."
မိန်းကလေးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် စကားဆိုလာလေသည်။
ကိုယ်ပေါ်တွင် အရက်နံ့ ထွက်နေပြီး ပေါင်ကြားရှိ အဝတ်အစားများတွင် သွေးကွက်များ ပေကျံနေကာ စိတ်ခံစားချက်များလည်း ကျဆင်းနေသည်ဆိုလျှင် ဤအချက်များက တစ်ဖက်လူမှာ အဓမ္မပြုကျင့် ခံခဲ့ရကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ ဖြစ်ပေသည်။
ပြင်းထန်သော အက လေ့ကျင့်မှုများ ပြုလုပ်သူ တစ်ဦးအနေဖြင့် အဘယ်ကြောင့် သွေးထွက်ရသေးသနည်း ဆိုရသော် အောက်ပါအတိုင်း ဖြစ်လေသည်။
ဤသို့ ပြောရပေမည်... ထို အမြှေးပါးလေးမှာ သင် ထင်မှတ်ထားသည်ထက် ပိုမို ခိုင်ခံ့လှလေသည်။
ကိုယ်ဝန်ဆောင်၍ ကိုယ်ဝန်လာပြချိန်တွင်ပင် ထိုအရာက တည်ရှိနေနိုင်သေးသည်သာ ဖြစ်ပေသည်။
ထို့ကြောင့် ပြင်းထန်သော လှုပ်ရှားမှုများကြောင့် အမြှေးပါး ပေါက်ပြဲသွားသည်ဟု ဖြေရှင်းချက် ပေးသူများမှာ... နမူနာ မရှိဘူးဟု မဆိုလိုသော်လည်း ထိုကဲ့သို့သော နမူနာမျိုး အလွန် ရှားပါးလှပေသည်။
"လီရွှယ်ကို ဘယ်သူ လိုက်ပို့တာလဲ..."
ချန်လုံက အချက်တစ်ချက်ကို ထက်မြက်စွာ ရိပ်မိသွားပြီး သူ၏ မျက်လုံးများက စူးရှသွားခဲ့လေသည်။
"ကျွန်မ မသိဘူး... သူက အငှားကား ငှားပြီး ပြန်လာတာလို့တော့ ထင်တယ်... ဒါပေမဲ့ သေချာတော့ မသိဘူး..."
ကျောင်းသူလေးက ခေါင်းခါယမ်းကာ စကားဆိုလာလေသည်။
လီရှန်း မှာ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်ပေသည်။
ချန်လုံက ကျောင်းကိုသာ စစ်ဆေးခဲ့ပြီး မိသားစုကို စစ်ဆေးခဲ့ခြင်း မရှိပေ။
အခြား သဲလွန်စများကို သိရှိထားသော လီရှန်း မှာ ယခုအခါတွင် ဆွံ့အလျက်သာ ရှိနေတော့သည်။
'နှစ်ကြိမ်တိုင်တိုင် ချိန်းဆိုခံရပြီး အပြင်ထွက်ခဲ့ရာ ပထမအကြိမ်တွင် အဓမ္မပြုကျင့်ခံခဲ့ရပြီး ဒုတိယအကြိမ်တွင် လူသတ်ခံခဲ့ရကာ ထို့နောက် ဗီဒီယို ရိုက်ကူးခံခဲ့ရတယ်...'
"လီရွှယ်မှာ လက်ကိုင်ဖုန်း ရှိလား..."
"လေ့ကျင့်ရေး စခန်းမှာ လီရွှယ်နဲ့ ဆက်ဆံရေး အရမ်းကောင်းတဲ့ ယောကျာ်းလေး တစ်ယောက်ယောက်များ ရှိနေလား..."
ချန်လုံက ထပ်မံ၍ မေးမြန်းလိုက်ပေသည်။
"ယောကျာ်းလေးတွေတော့ ရှိတယ်... ဒါပေမဲ့ ဘယ်သူကမှ လီရွှယ်နဲ့ ဆက်ဆံရေး သိပ်မကောင်းကြဘူး..."
"လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီးတော့က... ကျွန်မ ပြန်လာပြီး အိပ်တဲ့ အချိန်မှာ သူမက တစ်ယောက်ယောက်နဲ့ စကားပြောနေတာကို ယောင်ဝါးဝါး ကြားလိုက်ရတယ်... တစ်ဖက်လူက လီရွှယ်ကို နှစ်သိမ့်ပေးနေသလိုပဲ... ဒါပေမဲ့ အဲဒီအချိန်က ကျွန်မ အိပ်ပျော်လုဆဲဆဲ ဖြစ်နေတော့ နည်းနည်း ဝေဝါးနေပြီး သေချာတော့ မပြောတတ်ဘူး..."
"အဲဒီနောက်ပိုင်း လီရွှယ်ရဲ့ အမူအရာကို ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်နေတဲ့ ပုံပေါက်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့လည်း စိတ်ခံစားချက်တွေ ပြန်ပြီး တည်ငြိမ်သွားတော့ တခြားလူတွေက ဘာမှ ထူးခြားတာ မရိပ်မိလိုက်ကြဘူး..."
ချန်လုံမှာ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားခဲ့လေသည်။
"နှစ်ကြိမ် အပြင်ထွက်ခဲ့တာ... ပထမတစ်ကြိမ်က အဓမ္မပြုကျင့်ခံခဲ့ရပြီး ဒုတိယတစ်ကြိမ်က အသတ်ခံလိုက်ရတယ်... ပြီးတော့ ထပ်ပြီး အဓမ္မပြုကျင့်ခံရပြန်တယ်..."
လီရှန်း ၏ မျက်နှာမှာ ဒယ်အိုးမည်းကြီး တစ်ခုကဲ့သို့ မည်းမှောင်နေလေသည်။
'ဒါက တိုက်ဆိုင်မှုလား...'
'မဟုတ်ဘူး...'
မည်သည့် လူသတ်မှုမျိုးတွင်မဆို အမှုကို ရှေ့ဆက်သွားစေသော တိုက်ဆိုင်မှုများ အားလုံးမှာ မလွဲမသွေ ဖြစ်ပေါ်လာရမည့် အရာများသာ ဖြစ်ပေသည်။
အခြားတစ်နည်းဖြင့် ပြောရမည်ဆိုလျှင်...
'လီရွှယ် အပြင်ထွက်ပြီး အဓမ္မပြုကျင့် ခံရတာက အခြား သူတစ်ဦးက ကြိုတင် တွက်ချက်ထားတာ ဖြစ်နေမလား...'
'ဘယ်သူက တွက်ချက်ထားတာလဲ... ဖုန်းထဲက လူလား...'
"ဖုန်းဆက်တဲ့သူက ဘယ်သူလဲ..."
ချန်လုံ၏ မျက်မှောင်များမှာ အလွန်အမင်း ကျုံ့ဝင်နေပြီး စကားဆိုလာလေသည်။
"လီရွှယ်မှာ ဒီလို ချစ်သူ တစ်ယောက် ရှိတယ် ဆိုတာကို တခြား ကျောင်းသားတွေ ပြောတာ လုံးဝ မကြားဖူးပါဘူး..."
"အဲဒါ ချစ်သူပဲ..."
လီရှန်း က သက်ပြင်းချကာ စကားဆိုလိုက်ပေသည်။
အကယ်၍ ယခင်က ခန့်မှန်းချက်များသာ ရှိမည်ဆိုပါက လီရှန်း အနေဖြင့် တပ်အပ် မပြောရဲချေ။
သို့သော်လည်း ကျောင်းဘက်မှ ပေးလာသော သဲလွန်စများကိုပါ ပေါင်းစပ်လိုက်မည် ဆိုပါက...
ရာခိုင်နှုန်း ၈၀ သို့မဟုတ် ၉၀ ခန့် ယခင် ခန့်မှန်းချက်များက မှန်ကန်နေပြီ ဖြစ်လေသည်။
"ချစ်သူ ဟုတ်လား..."
ချန်လုံမှာ အံ့အားသင့်သွားခဲ့လေသည်။ တစ်ဖက်လူ၏ တွေးခေါ်နိုင်စွမ်းက မိမိထက် နောက်ကျနေသည်ဟု သူ မထင်မှတ်ထားသော်လည်း...
အကယ်၍ လီရွှယ်ကို အဓမ္မပြုကျင့်ခံရအောင် အကွက်ဆင်ခဲ့သူမှာ သူမ၏ ချစ်သူ ဖြစ်နေမည်ဆိုပါက...
"ဘာဖြစ်လို့လဲ..."
ချန်လုံ၏ ဦးနှောက်မှာ ရှုပ်ထွေးသွားသကဲ့သို့ ဖြစ်သွားခဲ့ပေသည်။
'ဘာဖြစ်လို့လဲ...'
'ပုံမှန်လူ တစ်ယောက်က မိမိရဲ့ ချစ်သူကို အခြားသူ အဓမ္မပြုကျင့်အောင် ခွင့်ပြုပေးမှာလား...'
'ဉာဏ်ရည်မမီသူတောင် ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး...'
သို့သော်လည်း...
"ဟို ခိုးကြည့်တတ်တဲ့ စိတ်ရောဂါသည်ကို မှတ်မိသေးလား..."
ရွှီရှန်း က ရုတ်တရက် စကားဆိုလာပြီး လီရှန်း နှင့် ချန်လုံတို့ကို ကြည့်လိုက်လေသည်။
'ခိုးကြည့်တတ်တဲ့ စိတ်ရောဂါ...'
လူနှစ်ဦးမှာ ကြောင်အမ်းသွားပြီး ချက်ချင်းပင် ဟိုတယ်ရှိ ပင်အပ်ပေါက် အရွယ် ကင်မရာကို ပြန်လည် သတိရသွားခဲ့ကြပေသည်။
"ခင်ဗျားတို့ စဉ်းစားကြည့်... လူသတ်သမားက ခိုးကြည့်တတ်တဲ့ စိတ်ရောဂါသည် မဟုတ်ဘဲ အပြုအမူချင်း အတော်လေး ဆင်တူတဲ့ တခြား စိတ်ရောဂါ တစ်မျိုးများ ဖြစ်နေနိုင်မလား..."
ရွှီရှန်း က လူနှစ်ဦး၏ မျက်လုံးများကို စိုက်ကြည့်ရင်း ရုတ်တရက် ထိုခေတ်ကာလက လူသိများခြင်း မရှိသေးသော စိတ်ရောဂါ တစ်မျိုးကို ထုတ်ဖော် ပြောဆိုလိုက်လေသည်။
"ဥပမာအားဖြင့်..."
"မိမိချစ်သူအား အခြားသူနှင့် အတူနေစေလိုသည့် စိတ်ရောဂါ မျိုးပေါ့…”