← Chapters

အခန်း ၂၀၁၁

Vol. 135 Ch. 2011

အခန်း ၂၀၁၁

Vol. 135 Ch. 2011

အခန်း (၂၀၁၁ )

သဝန်တိုနေတာလား

အရှေ့ပိုင်းနယ်။

ထျန်းရှီနန်းတော်။

နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ အမြီးကိုးခုကို ဖြန့်ကျက်ကာ ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးအလား ကုတင်ပေါ်တွင် ပျင်းရိစွာ မှီလဲလျောင်းနေ၏။

ကိုယ်ဝန်ရှိနေခြင်းကြောင့်လားမသိ သူမသည် ပို၍ပို၍ စွမ်းအားကုန်ခမ်းလာသလို ခံစားရပြီး အချိန်ပြည့် လဲလျောင်းနေချင်ရုံသာ ရှိတော့သည်။

ထိုအခိုက်အတန့်တွင်ဧကရာဇ်၏ ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာသဖြင့် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ မျက်ခုံးအစုံကို အနည်းငယ် တွန့်လိုက်မိပြီး မြောက်ပိုင်းနယ်ဘက်သို့ ကြည့်ကာ

“ဒီမိစ္ဆာမက ဘာတွေ ရူးသွပ်နေပြန်တာလဲ”

ဟု ရေရွတ်လိုက်သည်။

နတ်ဧကရာဇ်များ ဖြစ်ကြသည့်အတိုင်း နတ်ဧကရာဇ် ရှီယွဲ့သည် ရွှမ်ချင်းယွမ် ထုတ်ဖော်လိုက်သော ဧကရာဇ်၏ ဖိအားအတွင်းရှိ တဟုန်းဟုန်းတောက်လောင်နေသော ဒေါသတရားများကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။

၎င်းက ရွှမ်ချင်းယွမ်အား ဒေါသထွက်အောင် လုပ်ဝံ့သည့် သတ္တိရှိသူ မည်သူနည်းဟု နတ်ဧကရာဇ် ရှီယွဲ့ကို သိချင်စိတ် ဖြစ်ပေါ်စေခဲ့သည်။

အကြောင်းမှာ သူမသည် နတ်ဆိုးဧကရာဇ် ဖြစ်သဖြင့် မည်သူမှ မဆွဝံ့သောကြောင့် ဖြစ်၏။ နတ်ဧကရာဇ်တစ်ပါး ဖြစ်သည့် သူမကိုယ်တိုင်ပင်လျှင် မဆွဝံ့ပေ။

ထိုသို့ မကြောက်မရွံ့တတ်သူအကြောင်းကို တွေးတောလိုက်မိစဉ် နတ်ဧကရာဇ် ရှီယဲ့၏ စိတ်ထဲ၌ လူတစ်ဦး၏ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

ထိုလူကို တွေးမိတိုင်း နတ်ဧကရာဇ် ရှီယွဲ့၏ မျက်ခုံးအစုံ အနည်းငယ် တွန့်သွားတတ်စမြဲ ဖြစ်၏။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ထိုသူသည် ပြုပြင်၍ မရအောင် ဆိုးသွမ်းသော သားရဲတစ်ကောင် ဖြစ်သည်ဟု သူမ အမြဲ ခံစားနေရသည်။

ထိုမည်သူ့ကိုမှ မကြောက်တတ်သော သားရဲတစ်ကောင်သာ ရွှမ်ချင်းယွမ်ကို ရန်စဝံ့လိမ့်မည်ဖြစ်သည်။

ထိုသားရဲ လုချန်းအကြောင်းကို တွေးတောရင်း နတ်ဧကရာဇ် ရှီယွဲ့ အနည်းငယ် စိတ်လှုပ်ရှားလာကာ သူမ၏ စိတ်ထဲ သူမ စိတ်လှုပ်ရှားခဲ့ရသည့် မြင်ကွင်းများကို ပြန်လည် မြင်ယောင်လာခဲ့သည်။

နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ စိတ်ခံစားချက်များကို ချက်ချင်း တည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။

ထို့နောက် သူမသည် လုချန်း၏ တည်နေရာကို စစ်ဆေးရန်အတွက် သူမ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သည်။

ထိုအချိန်တွင် လုချန်း၏ ကိုယ်ပွားသည် ထျန်းရှီနန်းတော်အတွင်းရှိ အခန်းတစ်ခန်း၌ ကျောက်ရုပ်တစ်ရုပ်အလား တရားထိုင်နေသည်။

သူမ၏ နတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့ ဘာမှလုပ်ရန် မရည်ရွယ်ခဲ့ပေ။ သူမသည် လုချန်းကို ရုတ်တရက် သတိရမိရုံမျှသာ ဖြစ်သဖြင့် သူ့ကိုယ်ပွားကို စစ်ဆေးရန် နတ်အာရုံကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ထို့နောက် နတ်ဧကရာဇ် ရှီယွဲ့သည် ခေါင်းကို အနည်းငယ် ငုံ့ကာ သူမ၏ ဝမ်းဗိုက်ကို ကြည့်လိုက်သည်။

သူမ၏ ကလေး ကြီးထွားမှုမှာ လိပ်သွားသကဲ့သို့ အတန်ငယ် နှေးကွေးလှသည်။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင်အောင် ၎င်းက အပြည့်အဝ ပုံမပေါ်သေးပေ။

ဤကလေးက လုချန်း၏ ကလေးဖြစ်ကြောင်း တွေးမိလျှင် နတ်ဧကရာဇ် ရှီယွဲ့ စိတ်ထဲ မီးတောင်ပေါက်ကွဲသကဲ့သို့ ဒေါသလှိုင်းလုံးများ တရဟော ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။

နတ်ဧကရာဇ် ရှီယွဲ့ ဒေါသထွက်လာသည်နှင့်တစ်ပြိုင်နက် သူမသည် မကြာသေးမီက လုချန်းအကြောင်းကို မကြာမကြာ တွေးတောမိနေပုံရပြီး သူ့ကို တွေးမိတိုင်း ဒေါသထွက်ရသည်ကို ချက်ချင်း သတိပြုမိသွားခဲ့သည်။

၎င်းက သူမ ကိုယ်ဝန်ရှိနေခြင်းကြောင့် ဖြစ်နိုင်မလား။

လူသားဖြစ်စေ၊ နတ်ဖြစ်စေ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးသည် စိတ်ခံစားချက် မတည်ငြိမ်မှု ဖြစ်လွယ်တတ်သည်။

နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားလိုက်၏။ ဒေါသထွက်ခြင်းက ဝမ်းဗိုက်ထဲရှိ ကလေးကို ထိခိုက်စေနိုင်သောကြောင့် ဒေါသမထွက်ရန် သူမကိုယ်သူမ သတိပေးလိုက်သည်။

နတ်ဧကရာဇ်တစ်ပါးအနေနှင့် သူမ ဒေါသထွက်ပါက သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများ အလွန် သောင်းကျန်းလာမည် ဖြစ်သည်။

အကယ်၍ လှုပ်ရှားနေသော နတ်စွမ်းအားများက ကလေးကို မတော်တဆ ထိခိုက်မိပါက အပြည့်အဝပင် ပုံမပေါ်သေးသည့် ‌ကလေးက ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

နတ်ဧကရာဇ် ရှီယွဲ့ ထိုသို့ တွေးတောနေစဉ် သူမ၏ စိတ်များ ရုတ်တရက် ရေခဲတမျှ အေးခဲသွားခဲ့သည်။

သိက္ခာကြီးမားလှသော နတ်ဧကရာဇ်တစ်ပါး ဖြစ်သည့် သူမက အဘယ်ကြောင့် ထိုလုချန်း၏ ကလေးကို လွယ်ထားရသနည်း။

ယခုအခါ ကလေးကို အမြဲတစေ တွေးတောနေရကာ ထိခိုက်မိမည်ကို စိုးရိမ်သဖြင့် ဒေါသပင် မထွက်ရဲအောင် ရှိနေရ၏။

ထိုသားရဲ လုချန်းကတော့ သူမနှင့် အတူအိပ်ပြီးနောက် လေကဲ့သို့ ထွက်ခွာသွားခဲ့လေပြီ။

လုချန်း မည်မျှ ပေါ့ပေါ့ပါးပါး နေနိုင်သည်ကို တွေးတောမိလျှင် နတ်ဧကရာဇ် ရှီယွဲ့၏ စိတ်ခံစားချက်များသည် ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ထပ်မံ၍ လှုပ်ခတ်လာပြန်သည်။

နတ်ဧကရာဇ် ရှီယွဲ့ သူမဘာသာ ရေရွတ်လိုက်၏။

“မဖြစ်ဘူး... ငါ အဲ့ဒီကောင်ကို ဒီလောက်လွယ်လွယ်နဲ့ လွတ်မြောက်ခွင့် မပေးနိုင်ဘူး”

နောက်တစ်ခဏ၌ နတ်ဧကရာဇ် ရှီယွဲ့သည် ကုတင်ပေါ်မှ ထလိုက်ပြီး လျှပ်စီးလက်သကဲ့သို့ပင် တည်နေရာရွှေ့ပြောင်းခြင်းဖြင့် လုချန်း၏ အခန်းထဲသို့ ရောက်ရှိသွားခဲ့သည်။

လုချန်း၏ ကိုယ်ပွားသည် အရန်သင့် အခြေအနေတွင် ရှိနေပြီး ဆက်သွယ်ထားသော သိစိတ် အစအနတစ်ခု ရှိနေဆဲဖြစ်သည်။

အခန်းထဲ၌ ပန်းရနံ့အလား မွှေးပျံ့သော ရနံ့တစ်ခု ရုတ်တရက် ရရှိလိုက်သဖြင့် သူ ချက်ချင်း မျက်လုံးဖွင့်လိုက်၏။

မျက်လုံးဖွင့်လိုက်သည်နှင့် နတ်ဧကရာဇ် ရှီယွဲ့၏ မျက်လုံးများက သူ့ထံသို့ စိုက်ကြည့်နေသည်ကို တွေ့မြင်လိုက်ရသဖြင့် လုချန်းက ပြုံးလျက်

“နတ်ဧကရာဇ် ရှီယွဲ့က ဘာကိစ္စများ ရှိလို့ ကျုပ်ဆီကို ကြွလာရတာလဲ”

ဟု မေးလိုက်သည်။

နတ်ဧကရာဇ် ရှီယွဲ့က နှုတ်ဖြင့် ပြန်လည်မတုံ့ပြန်ခဲ့ပေ။

ထိုသို့ပြုမည့်အစား သူမသည် လေပွေအလား လက်ကို ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏ၌ သူတို့နှစ်ဦး ထိုနေရာမှ ပျောက်ကွယ်သွားပြီး နတ်ဧကရာဇ် ရှီယွဲ့၏ အနားယူရာ နန်းဆောင်သို့ ရောက်ရှိသွားခဲ့သည်။

လုချန်း၏ ကိုယ်ပွားကို သူမ အနားယူရာ နန်းဆောင်သို့ ခေါ်ဆောင်လာပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့သည် ကုတင်ပေါ်တွင် တစ်ဖန် ဘေးစောင်းလဲလျောင်းလျက် လုချန်းကို ကြည့်ပြီး

“ရှင်က တော်တော်လေး အားယားနေပုံပဲ”

ဟု ပြောလိုက်သည်။

အကြောင်းရင်းတစ်စုံတစ်ရာကြောင့် နတ်ဧကရာဇ် ရှီယွဲ့၏ စကားများထဲတွင် မကျေနပ်ချက်များ ပါဝင်နေသည်ဟု လုချန်း ခံစားလိုက်ရသည်။

လုချန်း၏ အာရုံစိုက်မှုက သူမအပေါ်တွင် မရှိသဖြင့် သူ၏ အခြားကိုယ်ပွားများသည် နေ့တိုင်း မတူညီသော အမျိုးသမီးများနှင့် အချိန်ဖြုန်းနေလိမ့်မည်ဟု နတ်ဧကရာဇ် ရှီယွဲ့ စိတ်ထဲ တွေးနေမိသည်။

သူမကိုယ်တိုင်ကတော့ သူ၏ ကလေးကို လွယ်ထားရပြီး ထိခိုက်မည် စိုး၍ စိတ်ခံစားချက်များကိုပင် ထုတ်ဖော်ခွင့် မရှိပဲ ဖြစ်နေချိန်တွင် ဤသားရဲကတော့ အပြင်၌ အချိန်ကောင်းများ ခံစားနေသည်ကို တွေးမိကာ သူမ အလွန် စိတ်မသက်မသာ ဖြစ်မိသည်။

သူမ၏ စိတ်ထဲတွင်လည်း သူမ အဘယ်ကြောင့် ထိုသို့ ခံစားရသည်ကို နတ်ဧကရာဇ် ရှီယွဲ့ နားလည်ထားသည်။ အကြောင်းမှာ သူမ၏ အမွေဆက်ခံထားသော မှတ်ဉာဏ်များအရ အမြီးကိုးခု မြေခွေးတစ်ကောင်သည် ၎င်းတို့၏ ဘဝသက်တမ်းတစ်လျှောက်တွင် အဖော်တစ်ဦးတည်းသာ ရှိတတ်ပြီး ကိုယ်ဝန်ဆောင်စဉ်အတွင်း ၎င်းတို့၏ အဖော်အပေါ် အထူး မှီခိုတတ်သောကြောင့် ဖြစ်၏။

အဖော်က အနားတွင် မရှိလျှင် အမြီးကိုးခု မြေခွေးသည် စိုးရိမ်ပူပန်ကာ ရေမရှိသော ငါးအလား ဂနာမငြိမ် ဖြစ်လာတတ်သည်။

နတ်ဧကရာဇ် ရှီယွဲ့က ဆက်လက်၍

“ရှင် အခု တခြားအမျိုးသမီးတွေနဲ့ အလုပ်ရှုပ်နေတာ နေမှာပေါ့ ဟုတ်လား။”

ထိုအရာကို ကြားလျှင် လုချန်း မပြုံးပဲ မနေနိုင် ဖြစ်သွားပြီး

“ခင်ဗျား သဝန်တိုနေတာလား သခင်မ”

ဟု မေးလိုက်သည်။

နတ်ဧကရာဇ် ရှီယွဲ့၏ မျက်နှာ ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားပြီး လုချန်းကို စိုက်ကြည့်ကာ

“သဝန်တိုတယ် ဟုတ်လား။ ရယ်စရာပဲ... ကျွန်မက ရှင့်ရဲ့ လုပ်ရပ်တွေကို သဘောမတူရုံသက်သက်ပါပဲ။”

“ဒီနေ့ကစပြီး ရှင် ကျွန်မအနားမှာ ရှိနေပြီး ကျွန်မကို အလုပ်အကျွေးပြုရမယ်။”

ဒါက...

လုချန်း မှင်တက်သွားသည်ကို တွေ့မြင်လျှင် နတ်ဧကရာဇ် ရှီယွဲ့၏ ခန္ဓာကိုယ်မှ ဧကရာဇ်၏ ဖိအားများ ရုတ်တရက် ထွက်ပေါ်လာပြီးနောက်

“ဘာလဲ... ရှင်က စိတ်မပါဘူးလား”

လုချန်းက သတိပြန်ဝင်လာပြီး ပြုံးလျက်

“ကျုပ် ဘယ်လိုလုပ် စိတ်မပါပဲ နေမလဲ။ သခင်မကို ပြုစုရတာက ကျုပ်ရဲ့ အကြီးမားဆုံး ဆန္ဒပဲလေ”

ဟု တုံ့ပြန်လိုက်၏။

နတ်ဧကရာဇ် ရှီယွဲ့က

“ကောင်းပြီ ... ဒီကိုလာပြီး ကျွန်မ ပုခုံးကို နှိပ်ပေးစမ်း။”

လုချန်းက စမ်းသပ်သည့်အနေနှင့်

“ခင်ဗျား သေချာလား”

နတ်ဧကရာဇ် ရှီယွဲ့က ဘာမှမပြောပဲ လုချန်းကို စိုက်ကြည့်လိုက်သည်။

လုချန်းက ကသိကအောက် ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။

နတ်ဧကရာဇ် ရှီယွဲ့တွင် ကိုယ်ဝန်ရှိနေသည်ကို ထည့်သွင်းစဉ်းစားပြီး သူမကို ထပ်မံ ရန်မစရန် လုချန်း ဆုံးဖြတ်လိုက်သည်။

ထို့နောက် ကုတင်ဆီသို့ သူတိုးသွားလိုက်၏။

ထိုအချိန်တွင် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ ခန္ဓာကိုယ်ကို လှည့်ကာ လုချန်းကို ကျောခိုင်းလိုက်သည်။

လုချန်းသည် သူ၏လက်ကို ညင်သာစွာ မြှောက်ကာ နတ်ဧကရာဇ် ရှီယွဲ့၏ မွှေးပျံ့သော ပုခုံးပေါ်သို့ တင်လိုက်ပြီး ဖြည်းညှင်းစွာ နှိပ်နယ်ပေးလိုက်၏။ တစ်ပြိုင်နက်တည်းမှာပင် ဖန်တီးခြင်း လမ်းစဉ် စွမ်းအားကိုလည်း လှည့်ပတ်ပေးလိုက်သည်။

ဖန်တီးခြင်း လမ်းစဉ် စွမ်းအားသည် ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို ပြေလျော့စေရန် အလွန် ကောင်းလှသဖြင့် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ ပုခုံးထက် ချက်ချင်းပင် ရေနွေးပူပူ လောင်းလိုက်သကဲ့သို့ အလွန် သက်တောင့်သက်သာ ရှိသွားကာ တင်းမာမှုများ သိသိသာသာ လျော့ပါးသွားပြီး ယခင်က ဂနာမငြိမ် ဖြစ်နေသော စိတ်ခံစားချက်များမှာလည်း ယာယီအားဖြင့် ပျောက်ကွယ်သွားခဲ့သည်။

လုချန်း၏ လက်က ပိုအားစိုက်လာပြီး ခဏခန့်အကြာတွင် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ လည်ချောင်းထဲမှ

“အင်း”

ဟူသော အသံ ထွက်ပေါ်လာခြင်းကို မတားဆီးနိုင်ခဲ့ပေ။

လုချန်း၏ လက်သည် အောက်ဘက်သို့ ဆက်လက် ရွေ့လျားသွားပြီး သူမ၏ ကျောပြင်ထံသို့ တဖြည်းဖြည်း ရောက်ရှိသွားသည်။

လုချန်းက လိမ်ကကျစ်ကျရန် ပြင်လိုက်စဉ်မှာပင် နတ်ဧကရာဇ် ရှီယွဲ့က ရုတ်တရက်

“ရှင်လည်း နတ်ဆိုးဧကရာဇ်ရဲ့ ဧကရာဇ်ဖိအားကို ခံစားမိမှာပဲ မဟုတ်လား”

လုချန်းက

“ခံစားမိတာပေါ့”

နတ်ဧကရာဇ် ရှီယွဲ့က ဆက်လက်၍

“ရှင် သူ့ကို သွားပြီး ဆွလိုက်တာလား။”

လုချန်းက

“အဲဒါက ကျုပ်နဲ့ ဘာဆိုင်လို့လဲ”

“ကျုပ် သူ့ကို ဆွလိုက်တယ်လို့ ခင်ဗျားက ဘာလို့ ထင်ရတာလဲ။”

နတ်ဧကရာဇ် ရှီယွဲ့က

“ရှင် ကလွဲလို့ ထျန်းရန်နတ်ဘုရားနယ်မြေထဲမှာ နတ်ဆိုးဧကရာဇ်ကို ရန်စဝံ့မယ့်သူ ဘယ်သူရှိလဲဆိုတာ ကျွန်မ မတွေးနိုင်လို့ပဲ။”

လုချန်းက တဟားဟားရယ်ကာ

“ကျုပ်က ဘာအကြောင်းပြချက်မှမရှိပဲ သူ့ကို ဘာလို့ သွားပြီး ရန်စရမှာလဲ။”

နတ်ဧကရာဇ် ရှီယွဲ့က

“နတ်ဆိုးဧကရာဇ်က နတ်သမီး မဟုတ်လား။ သူ အရမ်းလှတယ်လို့ ကျွန်မ ကြားဖူးတယ်။”

လုချန်း အတန်ငယ် မှင်တက်သွားပြီး သူ၏လက်များ ရပ်တန့်သွားကာ

“ခင်ဗျား တကယ်ပဲ သဝန်တိုနေတာပဲ။”

နတ်ဧကရာဇ် ရှီယွဲ့က အေးစက်စွာဖြင့်

“ဆက်နှိပ်”

လုချန်းလည်း နတ်ဧကရာဇ် ရှီယွဲ့ကို ပြန်လည်၍ အားစိုက်ကာ နှိပ်ပေးလိုက်ပြီး ထိုအချိန်တွင် သူမက

“ရှင်ရဲ့ စိတ်ကူးတွေကို ရုပ်သိမ်းလိုက်။ ကျွန်မမှာ ရှင့်အပေါ် ဘာအာရုံမှမရှိဘူး။ ရှင်က ကျုပ်မွေးထားတဲ့ အချစ်တော်ယောကျာ်း သက်သက်ပဲ”

ဟု သတိပေးလိုက်သည်။

လုချန်း မရယ်ပဲ မနေနိုင်ခဲ့ပေ။ ဤစကားများက သူ့အတွက် ရိုးအီနေပြီဖြစ်ပြီး သူလည်း စိတ်ထဲ တကယ် မထားပေ။

ထိုစဉ် လုချန်း၏ လက်က ရုတ်တရက် အားစိုက်လိုက်ရာ နတ်ဧကရာဇ် ရှီယွဲ့လည်း သူမ၏ ကျောပြင်ပေါ်တွင် ချက်ချင်းပင်သက်တောင့်သက်သာရှိသော ခံစားချက်ကို ခံစားလိုက်ရသဖြင့် သူမ၏ လည်ချောင်းထဲမှ “အား”

ဟူသော အသံ ထွက်ပေါ်လာစေခဲ့သည်။

နောက်တစ်ခဏ၌ သူမ၏ အမြီးများနှင့် နားရွက်များမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့တော့သည်။

--

………..

All Chapters