← Chapters

အခန်း ၂၀၁၂

Vol. 135 Ch. 2012

အခန်း ၂၀၁၂

Vol. 135 Ch. 2012

အခန်း (၂၀၁၂ )

လုချန်း၏ သွေးဆောင်မှု

နတ်ဧကရာဇ် ရှီယွဲ့၏ အနောက်ရှိ ဖွေးဖွေးလှုပ်နေသော အမွှေးပွ အမြီးဖြူကိုးခုကို မြင်လိုက်ရလျှင် လုချန်းလည်း လက်လှမ်း၍ ပွတ်သပ်ချင်စိတ်ကို မအောင့်နိုင်တော့ပေ။

ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ် ရှီယွဲ့က

“ရှင့်မှာ ဒီလို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

လုချန်းဟူသော ဤယောက်ျား အချစ်တော် သည် တကယ်ပင် အရည်အချင်းအချို့ ရှိသည်ဟု ဆိုရပေမည်။ သူ နှိပ်နယ်ပေးသည့် နည်းစနစ်က တော်တော်လေး ကောင်းလှသည်။

သူ စတင်နှိပ်နယ်ပေးလိုက်သည်နှင့် သူမ၏ တစ်ကိုယ်လုံး ပြေလျော့သွားပြီး သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအားများလည်း လုံးဝ တည်ငြိမ်သွားခဲ့သည်။

“ဒါနဲ့... ရှင့်ရဲ့ ကိုယ်ပွားတစ်ခုက တောင်ပိုင်းနယ်မှာ ရှိနေတာဆိုတော့ အဲဒီမှာ ချောက်နက်ကြီးတစ်ခု ရှိနေတာကို သိမှာပေါ့။”

လုချန်းက

“ကျုပ်သိတာပေါ့... ကျုပ်ကိုယ်တိုင်တောင် သွားကြည့်ခဲ့သေးတယ်။”

နတ်ဧကရာဇ် ရှီယွဲ့က ဆက်လက်မေးမြန်းသည်။

“အဲဒီချောက်နက်ကြီးက ရှင်တစ်ချိန်က နေခဲ့ဖူးတဲ့ ထျန်းရှနတ်ဘုရားနိုင်ငံထဲမှာ ပေါ်လာတာလို့ ကြားတယ်။ ကျွန်မ သိချင်တာက အဲဒီချောက်နက်ကြီး ပေါ်လာတာက ရှင်နဲ့ ဘာပတ်သက်မှု ရှိလဲ။”

လုချန်းက ပြုံးလျက်

“ဘာလို့ အရာအားလုံးက ကျုပ်နဲ့ ပတ်သက်နေတယ်လို့ ခင်ဗျား ထင်ရတာလဲ”

ဟု မေးလိုက်သည်။

နတ်ဧကရာဇ် ရှီယွဲ့က ပျင်းရိစွာဖြင့်

“အဲဒီချောက်နက်ကြီးက ရှင်မွေးဖွားခဲ့တဲ့ နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတာလေ။ အဲဒါက ရှင်နဲ့ မပတ်သက်ဘူးဆိုတာကို ကျွန်မ မယုံနိုင်ဘူး။”

လုချန်းက

“ကျုပ်မှာ အဲဒီလို စွမ်းဆောင်ရည်မျိုး မရှိပါဘူး။ အဲဒီချောက်နက်ကြီးက ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ဖြတ်သန်းသွားတာလေ။ ပြီးတော့ ကျုပ်က အခုမှ နတ်ဘုရင် အဆင့်ပဲ ရှိသေးတာ။ ဒီလောက် ကြီးမားတဲ့ ဖျက်ဆီးမှုကို ကျုပ် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။”

အမှန်တော့ လုချန်းကိုယ်တိုင်လည်း ထိုချောက်နက်ကြီး သူကြောင့် ဖြစ်ပေါ်လာရခြင်း ဟုတ်မဟုတ် သံသယဝင်နေမိသည်။ ထိုနတ်မြို့တော်များကို သူ ရွှေ့ပြောင်းလိုက်ခြင်းက နည်းဗျူဟာပုံစံ တစ်ခုခု သို့မဟုတ် ချိပ်ပိတ်ကန့်သတ်ချက် တစ်မျိုးမျိုးကို ပျက်စီးစေခဲ့ပြီး ထျန်းရှနတ်ဘုရားနိုင်ငံ အစက ရှိခဲ့သော နေရာကို ချောက်နက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့သည်ဟု သူ ခံစားနေရသည်။ သို့သော် ဤအရာအားလုံးမှာ တွေးဆချက်သက်သက်သာ ဖြစ်သည်။

လုချန်း၏ လက်များက တဖြည်းဖြည်းနှင့် အားစိုက်ကာ နှိပ်နယ်ပေးနေစဉ် နတ်ဧကရာဇ် ရှီယွဲ့သည် နှုတ်ဆိတ်နေခဲ့ပြီး အလွန် သက်တောင့်သက်သာဖြစ်မှုကို သူမ ခံစားနေရသည်။

လုချန်းသည် နတ်ဧကရာဇ် ရှီယွဲ့၏ ချောမွေ့လှပသော ကဲ့သို့ ကျောပြင်ကို ဆုပ်နယ်ပေးနေရင်း သူ၏ အတွေးများကို တဖြည်းဖြည်း ပုံဖော်လာကာ သူ၏ လက်များက ခါးဆီသို့ ဦးတည်၍ စတင် စမ်းသပ်လာခဲ့သည်။ နတ်ဧကရာဇ် ရှီယွဲ့ကတော့ နှိပ်နယ်ပေးခြင်းထဲတွင် စီးမျောနေပုံရပြီး လုချန်း၏ ကောက်ကျစ်သော လှုပ်ရှားမှုများကို ချက်ချင်း သတိမထားမိခဲ့ပေ။

ခဏအကြာတွင် လုချန်း၏လက်က မတော်တဆပင် နတ်ဧကရာဇ် ရှီယွဲ့၏ အမြီးတစ်ချောင်းကို ဖမ်းဆုပ်မိသွားရာ သူမသည် ရုတ်တရက် ခန္ဓာကိုယ်ထဲသို့ လျှပ်စစ်စီးဆင်းသွားသလို ခံစားလိုက်ရပြီး အနည်းငယ် တုန်ရင်သွားသည်။ သူမက ခေါင်းကို ဆတ်ခနဲ လှည့်ကာ လုချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး နတ်ဧကရာဇ် တစ်ပါး၏ ဖိအားများကို ထုတ်လွှတ်လိုက်ရာ သူမအမြီး၏ အမွှေးဖြူများပင် ထောင်ထလာခဲ့သည်။

“ရှင် ဘာလုပ်နေတာလဲ”

လုချန်းက ချက်ချင်း လက်မလွှတ်လိုက်ပေ။ နတ်ဧကရာဇ် ရှီယွဲ့၏ အမွှေးပွအမြီးသည် ကိုင်လို့ အလွန်ကောင်းလှပြီး သက်တောင့်သက်သာ ရှိလွန်းလှသည်။

လုချန်းက ပြုံးလျက်

“ကျုပ် ခင်ဗျားရဲ့ အမြီးတွေပေါ်က အမွှေးတွေကို ဖြီးပေးဖို့ လုပ်ပေးနေတာပါ”

နတ်ဧကရာဇ် ရှီယွဲ့က အေးစက်စွာဖြင့်

“မလိုဘူး။ အခုချက်ချင်း ကျွန်မကို လွှတ်စမ်း”

နတ်ဧကရာဇ် ရှီယွဲ့က စကားပြောပြီးသော်လည်း လုချန်းသည် သူ၏ လက်ကို မလွှတ်လိုက်ရုံသာမက ညင်သာစွာ စတင် ဆုပ်နယ်လိုက်ရာ သူ၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝင်လာခဲ့သည်။

ယေဘုယျအားဖြင့် တိရစ္ဆာန်များသည် ကိုယ်ဝန်ရှိလာလျှင် သွေးသားဆူပွက်ခြင်း မရှိတော့သော်လည်း နတ်ဆိုးမျိုးနွယ်မှ အချို့ကတော့ ကွဲပြားသည်။ ၎င်းတို့သည် သန္ဓေတည်နေသည့်တိုင်အောင် သွေးသားဆူပွက်ခြင်း ဖြစ်ပေါ်ရန် ဖြစ်နိုင်ခြေ ရှိသေးသည်။

အမြီးကိုးခု မြေခွေးများသည်လည်း ထိုသို့ပင် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ သွေးသားဆူပွက်သည့် ကာလမှာ မျိုးပွားရန်အတွက် သက်သက်သာ မဟုတ်ပဲ ၎င်းတို့အတွက် သတ်မှတ်ထားသော ကံပါသူနှင့် သံယောဇဉ် ပျိုးထောင်ရန်အတွက်လည်း ဖြစ်သောကြောင့် ဖြစ်သည်။

ယခုအခိုက်အတန့်တွင် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ တစ်ကိုယ်လုံး ပူလောင်လာသလို ခံစားလိုက်ရပြီး လုချန်းကို တစ်ချက်တည်း တွန်းလှဲပစ်ချင်စိတ်ကို အသည်းအသန် အောင့်အည်းနေရ၏။ သူမက အံကြိတ်လျက် အေးစက်စွာ ပြောလိုက်သည်။

“ရှင့်ကို ကျွန်မ ဘာမှ မလုပ်ရဲဘူးလို့ တကယ် ထင်နေတာလား”

လုချန်းသည် သူမအနေဖြင့် သူ့ကို ပြန်လည် လက်တုံ့ပြန်ဝံ့မည်မဟုတ်ဟု မှတ်ယူထားပုံရကြောင်း သူမ သဘောပေါက်လိုက်၏။ ထို့ကြောင့်ပင် သူက ဤမျှအထိ သတ္တိကောင်းနေခြင်း ဖြစ်သည်။

အကယ်၍ သူမသာ သူ့အတွက် စည်းကမ်းချက်များ မသတ်မှတ်ပေးထားပါက နောင်တွင် သူမ၏ ဘေးနား၌ ရှိနေစဉ် သူက သူမအပေါ် ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် စိတ်ကြိုက် လာရောက် စော်ကားနေတော့မည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် သူမ၏ အဆင့်အတန်း မည်သို့ ဖြစ်သွားမည်နည်း။

လုချန်းက ပြုံးလျက်

“စိတ်မလှုပ်ရှားပါနဲ့ဦး။ ကျုပ်ပြောတာကို ခဏလောက် နားထောင်ပါဦး။”

နတ်ဧကရာဇ် ရှီယွဲ့က ဒေါသဖြင့်

“ဘာကို နားထောင်ရမှာလဲ။ ရှင်ရဲ့ ပါးစပ်ထဲက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ထွက်လာဦးမလဲဆိုတာ ကျွန်မ ကြည့်ရသေးတာပေါ့။”

လုချန်းက

“ခင်ဗျားအတွက် ယောက်ျားနဲ့ မိန်းမကြားက ကိစ္စက ဘာမှ မဟုတ်ဘူး မဟုတ်လား။”

လုချန်း၏ မေးခွန်းကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့ အတန်ငယ် မှင်တက်သွားပြီးနောက် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းကာ အေးစက်စွာ မေးလိုက်သည်။

“ရှင် ဘာပြောချင်တာလဲ”

ယောက်ျားနှင့် မိန်းမကြားက ကိစ္စသည် သူမအတွက် အရေးမကြီးလှတာတော့ အမှန်ပင်။

ယခုအခါ သူမသည် နတ်ဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ကျင့်ကြံခြင်းတွင် ထပ်မံတိုးတက်ရန် အလွန်ပင် ခက်ခဲလှပြီး ယခင် ကျင့်ကြံခြင်း နည်းလမ်းများကိုလည်း ဆက်လက် အားကိုး၍ မရတော့ပေ။

ထို့ကြောင့် ယောက်ျားမိန်းမ ကိစ္စရပ်များက သူမ၏ ကျင့်ကြံခြင်းကို ထိခိုက်စေမည် မဟုတ်ပေ။

လုချန်းက ဆက်လက်၍

“ခင်ဗျားက ကျုပ်ကို ယောကျ်ား အချစ်တော်တစ်ယောက်အနေနှင့် သတ်မှတ်ပြီး ခင်ဗျားကို အလုပ်အကျွေးပြုခွင့် ပေးထားတာဆိုတော့ ခင်ဗျားကို စိတ်အေးချမ်းပြီး ပျော်ရွှင်အောင် ထားဖို့ကလည်း ကျုပ်ရဲ့ တာဝန်ပဲလေ။ ဒါကြောင့်...”

လုချန်း စကားမဆုံးခင်မှာပင် နတ်ဧကရာဇ် ရှီယွဲ့၏ ဖြတ်တောက် နှောင့်ယှက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

“ပါးစပ်ပိတ်ထား”

စကားအဖြတ်ခံလိုက်ရသော်လည်း လုချန်းက ချက်ချင်း ပါးစပ်ပိတ်မသွားပဲ ဆက်ပြောလိုက်သည်။

“ခင်ဗျား ဒီအယူအဆကို ဒီလောက်အထိ တွန်းလှန်နေဖို့ မလိုပါဘူး။ စဉ်းစားကြည့်လေ... အခု ခင်ဗျားက နတ်ဧကရာဇ် ဖြစ်နေပြီဆိုတော့ ကျင့်ကြံခြင်းမှာ ပိုပြီး တိုးတက်ဖို့က အရမ်း ခက်ခဲသွားပြီ။ အကယ်၍ ခင်ဗျားက ဆက်ပြီး အဆင့်တက်ရောက်ချင်တယ်...ဒီလောကရဲ့ ကောင်းကင်လမ်းစဉ် ကန့်သတ်ချက်တွေကို ကျော်ဖြတ်ချင်တယ်ဆိုရင် တခြားနည်းလမ်းတွေကိုပဲ အားကိုးလို့ ရတော့မယ်။”

“စုံတွဲကျင့်စဉ်က တကယ် ကောင်းတဲ့ ရွေးချယ်မှုတစ်ခုပါ။ ဒါ့အပြင် ကျုပ်က ခင်ဗျားရဲ့ ယောက်ျားအချစ်တော် သက်သက်ပဲဆိုတော့ ကျုပ်နဲ့အတူ စုံတွဲကျင့်စဉ် ကျင့်ကြံတာက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးရုံတင်မကပဲ ခင်ဗျားရဲ့ ကျင့်ကြံခြင်းကိုလည်း မြှင့်တင်ပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်။ ခင်ဗျားအတွက်လည်း ဘာမှ မနစ်နာဘူးလေ။ အဲဒါကို ဘာလို့ မလုပ်ရမှာလဲ။”

ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ မျိုးရိုးလိုက် မှတ်ဉာဏ်များထဲမှ အချို့သောအရာများကို ရုတ်တရက် သတိရသွားသည်။ နောင်အနာဂတ်တွင် သူမ၏ ကျင့်ကြံခြင်းကို မြှင့်တင်ရန်အတွက် သူမနှင့် ကံပါသူကို တကယ်ပင် အားကိုးရန် လိုအပ်ပုံရသော်လည်း သူမ၏ မျိုးရိုးလိုက်မှတ်ဉာဏ်များထဲတွင်တော့ ကျင့်စဉ်အဆင့် မြှင့်တင်ရန် ကံပါသူကို မည်သို့အသုံးပြုရမည်ကို ဖော်ပြထားခြင်း မရှိပေ။

ဖြစ်နိုင်သည်က စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက တကယ်ပဲ လိုအပ်နေခြင်း ဖြစ်လိမ့်မည်။

သို့သော်လည်း...

ဤခွေးကဲ့သို့သော လူစားမျိုး၏ အမျိုးမျိုး ကစားခြင်းကို ခံရမည့်အဖြစ်ကို တွေးမိသောအခါ သူမ အလွန် စိတ်တိုသွားရသည်။

ဘာပဲဖြစ်ဖြစ် သူမသည် နတ်ဧကရာဇ် တစ်ပါးဖြစ်သည်။

ဒီလို ယုတ်ညံ့တဲ့ လူစားမျိုးက သူမကို ဖိနှိပ်တာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။

နတ်ဧကရာဇ် ရှီယွဲ့က နှုတ်ဆိတ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရသည်ကို တွေ့မြင်လျှင် လုချန်းလည်း အခွင့်အရေးကို ချက်ချင်း မြင်လိုက်၏။ ထို့ကြောင့် သူမကို ဆက်လက် ဆွဲဆောင်သည့်အနေဖြင့် ပြောလိုက်သည်။

“အကယ်၍ ကျုပ်က အရမ်း အတင့်ရဲတယ်လို့ ခင်ဗျား ခံစားရရင် ခင်ဗျားဘက်ကပဲ ဦးဆောင်လိုက်လေ။ ဒါဆိုရင် ကျုပ် ခင်ဗျားအပေါ် အခွင့်ကောင်းယူနေတယ်လို့ ခင်ဗျား ခံစားရမှာ မဟုတ်တော့ဘူး။ “

“နတ်ဧကရာဇ်တွေမှာ ကုန်ဆုံးနိုင်စွမ်းမရှိတဲ့ သက်တမ်းတွေ ရှိကြတယ်။ ပြီးတော့ ခင်ဗျားရဲ့ ကျင့်စဉ်ကလည်း ထပ်ပြီး တိုးတက်မှာ မဟုတ်တော့ဘူး။ နောင်ကျရင် ခင်ဗျား ခဏခဏ ကျင့်ကြံနေမှာလည်း မဟုတ်တော့ဘူး။ ဒီလို ရှည်လျားတဲ့ ဘဝသက်တမ်းကြီးမှာ ခင်ဗျားကိုယ်ခင်ဗျားအတွက် ပျော်ရွှင်စရာတချို့ ရှာဖို့ မစဉ်းစားဘူးလား။ မဟုတ်ရင် နောင်လာမယ့် နှစ်ပေါင်းများစွာကို ခင်ဗျား ဘယ်လို ဖြတ်သန်းမလဲ။”

သာမန်နတ်များအတွက်တော့ နှစ်ပေါင်း ကုဋေကုဋာသည် ရှည်လျားသည်ဟု မသတ်မှတ်နိုင်ပေ။ အကြောင်းမှာ နတ်များသည် ပုံမှန်အားဖြင့် တံခါးပိတ် ကျင့်စဉ်စခန်းထဲသို့ ဝင်ရောက်လေ့ရှိကြပြီး ၎င်းတို့ ကျင့်ကြံခြင်း အခြေအနေထဲသို့ ရောက်ရှိသွားသည်နှင့် အချိန်ကုန်ဆုံးသွားခြင်းကို မေ့လျော့သွားတတ်ကြသဖြင့် နှစ်ပေါင်း သောင်းချီ၊ ကုဋေချီသော အချိန်များသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားနိုင်သောကြောင့် ဖြစ်သည်။ ၎င်းသည် သာမန်လူသားများ တစ်ညတာ အိပ်ပျော်ရာမှ နိုးထလာခြင်းနှင့် ဆင်တူလှသည်။

သို့သော် ယခုအခါတွင် နတ်ဧကရာဇ် ရှီယွဲ့သည် နတ်ဧကရာဇ် ဖြစ်နေပြီဖြစ်ရာ အနာဂတ်တွင် သူမအနေနှင့် ရေရှည်တံခါးပိတ်ကျင့်စဉ်ထဲသို့ လုံးဝ ဝင်ရောက်တော့မည် မဟုတ်ပေ။ အကြောင်းမှာ ကျင့်ကြံခြင်းက သူမ၏ စွမ်းအားကို ထပ်မံ မြှင့်တင်ပေးနိုင်ရန် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ရှည်လျားသော ဘဝသက်တမ်းကြီးက သူမကို အလွန် ပျင်းရိ ငြီးငွေ့မှုကိုသာ ခံစားရစေပေလိမ့်မည်။

လုချန်း၏ စကားများကို နားထောင်ပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့လည်း ထိုအရာက အတန်ငယ် အကျိုးအကြောင်း ဆီလျော်သည်ဟု ခံစားလိုက်ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူမသည် မကြာသေးမီက ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ပျင်းရိငြီးငွေ့မှုကို တကယ် ခံစားနေရပြီဖြစ်သည်။

သူမ အဆင့် တက်ရောက်အောင်မြင်ခဲ့သည်မှာ နှစ်အနည်းငယ်မျှသာ ရှိသေးသော်လည်း ပျင်းရိမှုကို ခံစားနေရပြီ ဖြစ်သည်။ နတ်ဧကရာဇ် တစ်ပါး၏ သက်တမ်းအရ နှစ်ပေါင်း ဘီလီယံ ငါးဆယ်အထိ ရောက်ရှိရန် အတော်လေး ဖြစ်နိုင်ခြေ ရှိရာ နောင်အနာဂတ်တွင် သူမ ပို၍ပင် ပျင်းရိငြီးငွေ့လာရမည် မဟုတ်ပါလား။

ထိုသို့ တွေးမိသည်နှင့် နတ်ဧကရာဇ် ရှီယွဲ့၏ နီမြန်းသော မျက်ဝန်းများက လုချန်းဆီသို့ ဝေ့ဝိုက်ကြည့်လိုက်ရာ သူ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာကို မြင်ပြီး သူမ၏ နှာခေါင်း အနည်းငယ် ရှုံ့တွသွားခဲ့သည်။ ဤလူ သူမအား ဤကဲ့သို့သော စကားများ လာပြောနေခြင်း၌ မရိုးသားသော ရည်ရွယ်ချက်များ ရှိနေကြောင်း ထင်ရှားလှသည်။

အရိုးရှင်းဆုံး ပြောရလျှင် ဤခွေးကဲ့သို့သော လူစားမျိုးသည် သူမနှင့်အတူ အိပ်ချင်နေရုံသက်သက်သာ ဖြစ်သည်။ ဤယုတ်ညံ့သော လူစားသည် သူမ၏ ခန္ဓာကိုယ်ကိုသာ စူးစိုက်ကြည့်နေပြီး ထိုအရာအတွက် ယောက်ျားအချစ်တော် ဖြစ်ရသည်ကိုပင် လိုလိုလားလား ရှိနေ၏။ သူသည် တကယ်ပင် အရှက်မရှိသူ ဖြစ်သည်။

--

………………

All Chapters