အခန်း ၂၀၁၃
Vol. 135 Ch. 2013
အခန်း (၂၀၁၃ )
လျှို့ဝှက်လဝန်း ကျောင်းတော်ထဲရှိ အစွမ်းထက်သော ရန်သူတစ်ဦး
သူမ၏ စိတ်ထဲတွင် လုချန်းကို လူယုတ်မာဟု ကျိန်ဆဲကာ မုန်းတီးနေသော်လည်း နတ်ဧကရာဇ် ရှီယွဲ့သည် ရေငုံနှုတ်ပိတ်ကာ လုချန်းပြောသော စကားများကို စိတ်မပါပဲ လက်ခံလိုက်ရသည်။
သူမအနေနှင့် အသာစီး ရယူထားနိုင်ပါက ဘာမှ ဆုံးရှုံးမှုမှ ရှိလိမ့်မည်မဟုတ်ကြောင်း သူမ စိတ်ထဲတွင် တွေးလိုက်မိ၏။
သူမနှင့် လုချန်းသည် စုံတွဲကျင့်စဉ်ကို နှစ်ပေါင်းများစွာ အတူတူ ကျင့်ကြံခဲ့ကြဖူးသဖြင့် ထိုခံစားချက်ကို သူမ ကောင်းကောင်း သိနေသည်။
မကြာသေးမီက သူမသည် ပျင်းရိငြီးငွေ့နေပြီး စိတ်လေလွင့်ကာ မည်သည့်စိတ်ဓာတ်မှ မမွေးမြူနိုင်ဖြစ်နေရာ စုံတွဲကျင့်စဉ်ဖြင့် အချိန်ဖြုန်းခြင်းကလည်း မဖြစ်နိုင်စရာ မရှိပေ။
ထိုသို့ တွေးတောရင်း နတ်ဧကရာဇ် ရှီယွဲ့၏ ပတ်ပတ်လည်ရှိ အရှိန်အဝါများ ရုတ်ချည်းပင် လှိုင်းထလာပြီး သူမ၏ အမြီးကို ဆုပ်ကိုင်ထားသော လုချန်း၏ လက်ကို ခါထုတ်လိုက်၏။
ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ် ရှီယွဲ့သည် ဉာဏ်အလင်းပွင့်သကဲ့သို့ ရုတ်တရက် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို တွေးမိသွားသည်။
သူမ၏ အမြီးလေးချောင်းမှာ ချက်ချင်းပင် နွယ်ပင်များကဲ့သို့ ရှည်ထွက်သွားပြီး လုချန်း၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ လေထဲသို့ မြှောက်တင်လိုက်၏။
လုချန်း ဆွံ့အမှင်တက်သွား၏။ သူမ လုံးဝ ဒေါသထွက်သွားကာ သူကို အပြင်သို့ လွှင့်ပစ်တော့မည်ဟု ထင်မှတ်လိုက်မိသည်။
သို့သော် နတ်ဧကရာဇ် ရှီယွဲ့သည် သူ့ကို လွှင့်မပစ်လိုက်ပေ။
သူမ၏ အမြီးများက လုချန်း၏ လက်မောင်းများကို ပတ်ချည်လျက် လေထဲသို့ မြှောက်ထားပြီးနောက် အခြားအမြီးနှစ်ခုကလည်း သူ၏ ခြေထောက်များကို ဆွဲဖြဲကာ လေထဲတွင် စာလုံးပုံသဏ္ဌာန်တစ်ခု အဖြစ်ဖြန့်ကားထားလိုက်၏။
နတ်ဧကရာဇ် ရှီယွဲ့သည် ကုတင်ပေါ်တွင် လဲလျောင်းရင်း သူမ၏ လက်ကို မြှောက်လိုက်ရာ သူမ၏ လက်ချောင်းထိပ်များမှ နတ်စွမ်းအားတစ်မျှင် ထွက်ပေါ်လာပြီး လုချန်း၏ အဝတ်အစားများကို နှင်းခဲအရည်ပျော်သကဲ့သို့ အလင်းစက်များအဖြစ် အရည်ပျော်ကာ ပျောက်ကွယ်သွားစေ၏။
နတ်ဧကရာဇ် ရှီယွဲ့၏ အမြီးသည် လုချန်း၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ထိတွေ့သွားပြီး အမြီးများက သူ၏ အရေပြားပေါ်တွင် လေပြေညင်းကဲ့သို့ ညင်သာစွာ လျှောတိုက်သွားရာ လုချန်းကို အလွန် သက်တောင့်သက်သာ ရှိစေ၏။
လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို
“ခင်ဗျား ဘာလုပ်နေတာလဲ”
ဟု မေးလိုက်၏။
နတ်ဧကရာဇ် ရှီယွဲ့က သူမ၏ ဝတ်စုံအနားသတ်ကို မကာ သူမ၏ သွယ်လျသော ခြေထောက်ကို အသာအယာ မြှောက်လျက် ပျားသကာကဲ့သို့ ဆွဲဆောင်မှုရှိသော လေသံဖြင့်
“လိုချင်လား”
ဟု မေးလိုက်၏။
သူမ၏ သွယ်လျသော ခြေထောက်များ၊ နုနယ်သော ခြေဖဝါးများနှင့် ချောမွေ့သော အရေပြားတို့ကို မြင်လိုက်ရသဖြင့် လုချန်း၏ ရာဂစိတ်များ တယချက်ချင်းပင် ထိုးတက်လာခဲ့၏။
သူမ၏ စနောက်ကျီစယ်မှုကြောင့် လုချန်း စိတ်လှုပ်ရှားလာသည်ကို မြင်လျှင် နတ်ဧကရာဇ် ရှီယွဲ့က လုချန်းကို
“ကျွန်မကို သခင်မကြီး လို့ခေါ်စမ်း... ဒါဆိုရင် ရှင့်ရဲ့ ရာဂဆန္ဒဆိုးတွေကို ကျွန်မ ဖယ်ရှားပေးကောင်း ပေးနိုင်လိမ့်မယ်။”
လုချန်းလည်း အိပ်မက်မှ လန့်နိုးသကဲ့သို့ ချက်ချင်းပင် သတိပြန်ဝင်လာ၏။
သူသည် အမြဲတမ်း သူတစ်ပါး၏ သခင်ဟု အခေါ်ခံရသူဖြစ်ပြီး မည်သည့်အခါမှ သူတစ်ပါးကို သခင်ဟု မခေါ်ခဲ့ဖူးပေ။ ယခု နတ်ဧကရာဇ် ရှီယွဲ့က ထိုထုံးစံကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။
လုချန်း၏ မျက်နှာတစ်ခုလုံး ခရမ်းချဉ်သီးပမာ နီမြန်းလျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး စကားပြောရန် ငြင်းဆန်နေ၏။
လုချန်း တိတ်ဆိတ်နေသည်ကို တွေ့မြင်လျှင် နတ်ဧကရာဇ် ရှီယွဲ့၏ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး သူမ၏ မျက်လုံးများက လုချန်းကို အပေါ်အောက် ဝေ့ကြည့်လိုက်သည်။
သူမသည် စိတ်ဝင်စားစရာကောင်းသော အရာတစ်ခုကို ရှာတွေ့လိုက်ရ သကဲ့သို့ပင်။
နောက်တစ်ခဏ၌ သူမ၏ အခြားအမြီးတစ်ခု ထပ်မံ ရှည်ထွက်လာပြီး လုချန်း၏ ရှေ့သို့ ရောက်လာကာ သူ့ကို စတင် စနောက်ကျီစယ်တော့၏။
နတ်ဧကရာဇ် ရှီယွဲ့၏ အမြီး အငြိမ်မနေပဲ မဖွယ်မရာ လုပ်နေသည်ကို မြင်လိုက်ရသဖြင့် လုချန်း ဆွံ့အမှင်တက်သွားပြန်သည်။
နောက်တစ်ခဏတွင် ထိုအမြီးက သူ၏ ရင်ထဲရှိ ရာဂဆန္ဒများကို အရှိန်အဟုန်ဖြင့် အတားအဆီးမဲ့ ကြီးထွားလာစေရန် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
…..
လျှို့ဝှက်လဝန်း ကျောင်းတော်။
ကောင်းကင်တောင်ထိပ်။
လုချန်း၏ မျက်နှာတွင် သွေးကြောများ ထောင်လာပြီး ရုတ်တရက် ကြမ်းတမ်း ပြင်းထန်လာသည်ကို သတိပြုမိလိုက်သဖြင့် နတ်သခင် ကောင်းကင်လည်း တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း အာရုံရလိုက်၏။
သို့သော် သူမအနေနှင့် ယခုအခါတွင် လုံးဝ အညံ့ခံ အရှုံးပေးထားပြီးဖြစ်ရာ အလွန် စိတ်ပူမနေတော့ပေ။
ထိုစဉ် နတ်သခင် ယွမ်မုန့်က
“ အရေးကြီးကိစ္စဆွေးနွေးဖို့ ယွမ်မုန့်ခန်းမကို ချက်ချင်း လာခဲ့ကြပါ”
ဟု ရုတ်တရက် အသံလှိုင်း ပေးပို့လိုက်၏။
နတ်သခင် ယွမ်မုန့်၏ အသံလှိုင်း ပေးပို့ချက်ကို ကြားလျှင် နတ်သခင် ကောင်းကင်သည် ကြက်သေ သေ သကဲ့သို့ တုံ့ကနဲ ဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် လုချန်းက သူမ၏ ခန္ဓာကိုယ်ကို ပင့်မလိုက်ပြီး ပုံစံပြောင်းရန် ရည်ရွယ်နေပုံ ရသည်။
နတ်သခင် ကောင်းကင်သည် လုချန်း၏ ရင်ဘတ်ကို တားဆီးရန် သူမ၏ လက်ကို ချက်ချင်း ဆန့်ထုတ်လိုက်၏။
လုချန်းက ဇဝေဇဝါဖြစ်လျက်
“ဘာဖြစ်လို့လဲ”
ဟု မေးလိုက်၏။
ယခင်က နတ်သခင် ကောင်းကင်သည် သူ့ကို စိတ်ကြိုက် ပြုမူခွင့် ပေးထားခဲ့ပြီး တားဆီးခဲလှသည်။
နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်က ကျွန်မတို့ကို စုဝေးဖို့ ခေါ်နေတယ်။”
ထိုအရာကို ကြားလျှင် လုချန်း သဘောပေါက်သွားပြီး နတ်သခင် ကောင်းကင်ကို အခက်အခဲ မဖြစ်စေခဲ့ပေ။
ထို့နောက် လုချန်းသည် နတ်သခင် ကောင်းကင်နှင့် ခွဲခွာလိုက်၏။
သူမသည် အထက်သို့ ခုန်တက်၍ လေထဲတွင် ဝဲလှည့်လိုက်ရာ နောက်တစ်ခဏ၌ ခရမ်းရောင် နတ်ဝတ်စုံတစ်စုံက သူမ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်များက သူမ၏ ခါးထက်တွင် ကျနစွာ ကျဆင်းလာခဲ့၏။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် နတ်သခင် ကောင်းကင်သည် လုချန်းကို ရှုပ်ထွေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်မိပြီး ထိုအခိုက်အတန့်တွင် သူမ၏ ရင်ထဲ၌ ဖော်ပြ၍မရသော ဟာတာတာ ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သူမသည် သူမ၏ လက်သီးကို အနည်းငယ် တင်းတင်းဆုပ်လိုက်မိ၏။
ဤလူယုတ်မာသည် တကယ်ပင် ပြဿနာရှာလွန်းလှသည်။
သူက သူမ၏ လမ်းစဉ်နှလုံးသားကိုပင် လှုပ်ခတ်လုနီးပါး ဖြစ်စေခဲ့သည်။
နောက်တစ်ခဏတွင် သူမသည် ယွမ်မုန့်ခန်းမသို့ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို တိုက်ရိုက် အသုံးပြုလိုက်၏။
အကယ်၍ လုချန်းနှင့် အတူ ဆက်နေပါက သူမကိုယ်သူမ ထိန်းချုပ်နိုင်တော့မည်မဟုတ်မှာကို သူမ စိုးရိမ်မိသောကြောင့် ဖြစ်သည်။
နတ်သခင် ကောင်းကင် ယွမ်မုန့်ခန်းမသို့ ရောက်ရှိချိန်တွင် လျှို့ဝှက်လဝန်း ကျောင်းတော်ရှိ အခြားတောင်ထိပ်များမှ တောင်ထိပ်သခင်များလည်း အခြေခံအားဖြင့် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။
ထိုစဉ် စူးစမ်းလိုသော နတ်သခင်တစ်ပါးက
“ကျောင်းတော်သခင်... ကျုပ်တို့ကို ဘာလို့ အခုလို ခေါ်လိုက်ရတာလဲ။ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား”
ဟု မေးလိုက်၏။
“တောင်ပိုင်းနယ်က ချောက်နက်ကြောင့်လား။”
တောင်ပိုင်းနယ်ရှိ ချောက်နက်ကြီး၏ အကြောင်းကို နတ်သခင် ကောင်းကင်မှလွဲ၍ ရောက်ရှိနေသူအားလုံး သိကြပြီးဖြစ်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်သည် စုံစမ်းစစ်ဆေးရန်အတွက် လူများကိုပင် အထူးစေလွှတ်ထားခဲ့ခြင်း ဖြစ်သည်။
နတ်သခင် ယွမ်မုန့်က စကားမပြောပဲ လက်ကိုမြှောက်ကာ ယွမ်မုန့်ခန်းမတွင် သုံးထပ် အသံလုံနည်းဗျူဟာပုံစံကို တည်ဆောက်လိုက်ပြီးနောက် လေးနက်စွာဖြင့်
“ဒါက တောင်ပိုင်းနယ်အကြောင်း မဟုတ်ဘူး။ အခုလို စုဝေးရတာက အစွမ်းထက်တဲ့ ရန်သူတစ်ယောက် လျှို့ဝှက်လဝန်း ကျောင်းတော်ထဲကို ခိုးဝင်လာလို့ပဲ။”
နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် နတ်သခင်များလည်း ကြောင်အစွာ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
အစွမ်းထက်သော ရန်သူတစ်ဦးက လျှို့ဝှက်လဝန်း ကျောင်းတော်ထဲသို့ ခိုးဝင်လာခဲ့တယ်လား။
နတ်သခင် ယွမ်မုန့်ကပင် အစွမ်းထက်သည်ဟု ခေါ်ဆိုသော ရန်သူမှာ သာမန် နတ်သခင်တစ်ပါး မဖြစ်နိုင်ပေ။
အကယ်၍ နတ်သခင်တစ်ပါးသာ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ကျူးကျော်ဝင်ရောက်လာပါက သူတို့ဝင်ရောက်စွက်ဖက်ရန်ပင် မလိုပဲ ကျောင်းတော်၏ နည်းဗျူဟာပုံစံကပင် ထိုသူကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည် ဖြစ်သည်။
အကယ်၍ ထိုသူက နတ်သခင်တစ်ပါး မဟုတ်ပါက နတ်ဧကရာဇ်တစ်ပါး ဖြစ်ရပေလိမ့်မည်။ သို့သော် ထျန်းရန်နတ်ဘုရားနယ်မြေတွင် လက်ရှိ၌ နတ်ဧကရာဇ် နှစ်ပါးသာ ရှိသည်။
အကယ်၍ သူတို့က လျှို့ဝှက်လဝန်း ကျောင်းတော်ကို တိုက်ခိုက်လိုပါက ခိုးဝင်ရန်ပင် လိုအပ်မည် မဟုတ်ပေ။
သူတို့၏ ဘိုးဘေး ဒုတိယအကြိမ် အသက်ပြန်မရှင်ခင်အထိ လျှို့ဝှက်လဝန်း ကျောင်းတော်သည် နတ်ဧကရာဇ်တစ်ပါးကို မပြိုင်ဆိုင်နိုင်ပေ။
အကယ်၍ နတ်ဧကရာဇ်တစ်ပါးက လျှို့ဝှက်လဝန်း ကျောင်းတော်အပေါ် တစ်စုံတစ်ခုသော ရည်ရွယ်ချက်ရှိပါက တိတ်တဆိတ် လုပ်ဆောင်ရန် မလိုပေ။
နတ်သခင် ကောင်းကင်က
“ကျောင်းတော်သခင်... ရန်သူက ဘယ်သူလဲဆိုတာ သိလား။ နတ်ဆိုးဧကရာဇ်လား ဒါမှမဟုတ် နတ်ဧကရာဇ် ရှီယွဲ့လား”
ဟု မေးလိုက်၏။
နတ်သခင် ကောင်းကင်သည် နတ်သခင် ယွမ်မုန့်၏ အိပ်မက်နိမိတ် ဖတ်ကာ အနာဂတ်ကို ဟောကိန်းထုတ်နိုင်စွမ်းကို သိထားသည်။
သူမက လျှို့ဝှက်လဝန်း ကျောင်းတော်ထဲသို့ အစွမ်းထက်သော ရန်သူတစ်ဦး ခိုးဝင်လာသည်ဟု ပြောကတည်းက မဟာအင်အားစုကြီးတစ်ခု သို့မဟုတ် ကျင့်ကြံသူကြီးတစ်ဦး တိတ်တဆိတ် ဝင်ရောက်လာခြင်းကို ညွှန်ပြနေခြင်း ဖြစ်နိုင်၏။
ယခုမူ ရန်သူ မည်သူနည်း ဟူသည်ကိုသာ ဖော်ထုတ်ရန် ဖြစ်သည်။
အကယ်၍ နတ်ဆိုးဧကရာဇ် ဖြစ်ခဲ့ပါက သူတို့၏ ပူးပေါင်းအင်အားအားလုံးနှင့်ပင် မလုံလောက်နိုင်ပေ။ အတိတ်က မြောက်ပိုင်းနယ်မှ မြောက်မြားစွာသော နတ်သခင်များသည်ပင် နတ်ဆိုးဧကရာဇ်ကို အနိုင်မယူနိုင်ခဲ့ကြပေ။
ထိုစဉ်က နတ်ဆိုးဧကရာဇ်သည် သူမ၏ ကျင့်စဉ်အဆင့်ကိုပင် မပြန်လည်ရသေးပေ။
ယခုအခါ သူမ၏ ကျင့်စဉ် ပြန်လည်ကောင်းမွန်လာပြီဖြစ်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ဖျက်ဆီးပစ်ရန်က သူမအတွက် အလွန်လွယ်ကူပေလိမ့်မည်။
အကယ်၍ နတ်ဧကရာဇ် ရှီယွဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်လာပါက လုချန်း ရှိနေသဖြင့် သူမကို ပြဿနာမရှာရန် တားဆီးနိုင်ကောင်း တားဆီးနိုင်လိမ့်မည် ဖြစ်သည်။ လုချန်း ပြောပြသည်များကို ပြန်လည် အမှတ်ရမိသွားသောကြောင့် နတ်သခင် ကောင်းကင် ထိုသို့တွေးမိခြင်းဖြစ်သည်။
နတ်သခင် ကောင်းကင်၏ မေးခွန်းကို ကြားလျှင် နတ်သခင် ယွမ်မုန့်က လေးနကစွာဖြင့်
“နတ်ဆိုးဧကရာဇ်လည်း မဟုတ်ဘူး။ နတ်ဧကရာဇ် ရှီယွဲ့လည်း မဟုတ်ဘူး”
ဟု တုံ့ပြန်၏။
ဒါက...
နတ်သခင် ယွမ်မုန့်၏ အဖြေကို ကြားရလျှင် ရောက်ရှိနေသူများ မှင်တက်သွားကြ၏။
နတ်ဆိုးဧကရာဇ်လည်း မဟုတ် နတ်ဧကရာဇ် ရှီယွဲ့လည်း မဟုတ်ပဲ သူမက အစွမ်းထက်သည်ဟု သတ်မှတ်သည်ဆိုလျှင် ဤလောက၌ တတိယမြောက် နတ်ဧကရာဇ်တစ်ပါး တည်ရှိနေသည်ဟု ဆိုလိုခြင်းလား။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ဒီကာလအတွင်းမှာ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ ကံစွမ်းအားတွေ သိသိသာသာ ကျဆင်းသွားတာကို ရှင်တို့ ခံစားမိကြမှာပါ။ ကျွန်မလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေခဲ့တယ်။ ကျွန်မရဲ့ စုံစမ်းမှုအရ အဲဒီလို ထိုးကျသွားတာက နတ်သခင် ကောင်းကင်လင်းယုန် ပြန်ရောက်လာတဲ့ အချိန်နဲ့ ကွက်တိပဲ။”
သူမ၏ စကားကို ကြားမှသာ နတ်သခင် ကောင်းကင်လင်းယုန် ရောက်မနေသည်ကို သူတို့ သတိပြုမိလိုက်ကြပြီး နတ်သခင် ယွမ်မုန့်က နတ်သခင် ကောင်းကင်လင်းယုန်ကို အကြောင်းမကြားခဲ့ကြောင်း နားလည်လိုက်ကြ၏။
နတ်သခင် ယွမ်မုန့်က ဆက်လက်၍
“ကံစွမ်းအား ကျဆင်းမှုက သူနဲ့ ဆက်စပ်နေနိုင်တယ်လို့ ခံစားမိတာမို့ ကျွန်မ သူ့ကို စမ်းသပ်ပြီး မေးခွန်းတွေ မေးခဲ့တယ်။ အပေါ်ယံမှာ အပြစ်ပြောစရာမရှိပေမဲ့ သူ့ရဲ့ တုံ့ပြန်မှုက သူ့ကို သစ္စာဖောက်သွားခဲ့တယ်။ အဓိကကတော့ သူ့ရဲ့ သွေးအရှိန်အဝါက ပုံမှန်ထက် ထူးထူးခြားခြား ထူထပ်နေတာပဲ။”
“သူကတော့ ဖုံးကွယ်ထားနိုင်တယ်လို့ ထင်နေပေမဲ့ ကျွန်မကတော့ သူ့ရဲ့ နတ်ဝိညာဉ် မပြည့်စုံတာကို အာရုံခံမိတယ်။”
--
…………..