← Chapters

အခန်း ၂၀၁၇

Vol. 135 Ch. 2017

အခန်း ၂၀၁၇

Vol. 135 Ch. 2017

အခန်း (၂၀၁၇)

သွေးလင်းယုန်ခန်းမ၏ အခက်အခဲ

အရှေ့ပိုင်းနယ်။

ထျန်းရှီနန်းတော်။

ရှေးဆန်ပြီး ခန့်ညားထည်ဝါသော အိပ်ဆောင်အတွင်း၌ နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ စိုစွတ်နေသည့် အမြီးကို မနှစ်မြို့သော အကြည့်ဖြင့် စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်၏။

ထို့နောက် သူမက လုချန်းကို မုန်းတီးရွံရှာစွာဖြင့်

“စနောက်တာကို နည်းနည်းမှ မခံနိုင်ဘူး။ တကယ့်ကို ရွံစရာကောင်းတဲ့ ခွေးပဲ”

သူမသည် အစက လုချန်းကို စနောက်ရန်သာ ရည်ရွယ်ခဲ့သော်လည်း သူက အနည်းငယ်ပင် မခံနိုင်ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ နတ်စွမ်းအားကို လျှပ်တပြက် အသုံးပြု၍ အမြီးကို ဆေးကြောသန့်စင်လိုက်ရာ မျက်စိတစ်မှိတ်အတွင်း၌ပင် ပြန်လည်တောက်ပလာသွားတော့သည်။

နတ်ဧကရာဇ် ရှီယွဲ့ လုချန်းကို ဆက်လက်အရှက်ခွဲရန် ပြင်ဆင်လိုက်စဉ်မှာပဲ သူက ဖယောင်းရုပ်တုတစ်ခုလို လှုပ်ရှားမှုမရှိပဲ ငြိမ်သက်နေသည်ကို သတိပြုမိသွား၏။

နတ်ဧကရာဇ် ရှီယွဲ့ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိ၏။

ဒီလိုတော့ မဖြစ်ပေ။

လုချန်းက သူမ၏ ဆွဲဆောင်မှုများကို ခုခံရန်အတွက် သူ၏ အာရုံကို လွှဲပြောင်းကာ သူ၏ သိစိတ်ကို အခြားသော ခန္ဓာကိုယ်များဆီသို့ ရွှေ့ပြောင်းနိုင်မှန်း သူမ သိထား၏။

နတ်ဧကရာဇ် ရှီယွဲ့ စိတ်ထဲ မတွေးပဲ မနေနိုင်ဖြစ်သွား၏။

‘ဒီခွေးကောင်က တခြားမိန်းမဆီသွားဖို့ အခြားခန္ဓာကိုယ်တစ်ခုကို ထိန်းချုပ်နေတာများလား’

ထိုအရာကို သူမ လုံးဝ သည်းညည်းမခံနိုင်ပေ။

သူသည် ခွေးတစ်ကောင် ဖြစ်နေလင့်ကစား ယခုအခါ သူမနှင့် ကံပါလာသူ ဖြစ်လာခဲ့ပြီဖြစ်ရာ သူမ၏ အပိုင်ခွေးသာ ဖြစ်ရပေမည်။

နတ်ဧကရာဇ် ရှီယွဲ့က လုချန်းကို အေးစက်စွာ သတိပေးလိုက်၏။

“ရှင် သတိပြန်မဝင်လာရင် ကျွန်မ ရှင့်ကို သင်းကွပ်ပစ်မယ်”

နတ်ဧကရာဇ် ရှီယွဲ့၏ အသံကို ကြားလျှင် လုချန်း ချက်ချင်းပင် သတိပြန်ဝင်လာ၏။ သူသည် သွေးဘိုးဘေး၏ ကိုယ်ပွားကို ချိပ်ပိတ်ရန် အာရုံစိုက်နေခဲ့ခြင်းကြောင့် အာရုံ သိပ်မစုစည်းနိုင်ပဲ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။

အဆုံးစွန်၌တော့ ခန္ဓာကိုယ်အားလုံးကို နတ်ဝိညာဉ်တစ်ခုတည်းက ထိန်းချုပ်နေခြင်းဖြစ်ရာ သူမည်မျှ အစွမ်းထက်စေကာမူ ကိုယ်ပွားများသည် တစ်ခါတစ်ရံတွင် အာရုံလွတ်သွားတတ်စမြဲပင်။

သတိပြန်ဝင်လာပြီးနောက် လုချန်းက နတ်ဧကရာဇ် ရှီယွဲ့ကို စိုက်ကြည့်လိုက်ရာ ထိုဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းလှသော မျက်နှာထက်၌ ဒေါသနှင့် မကျေနပ်မှု အရိပ်အယောင်အချို့ ရှိနေသည်ကို တွေ့ရ၏။

လုချန်းက ပြုံးလျက်

“ခင်ဗျား ဘာလို့ စိတ်ဆိုးနေတာလဲ”

နတ်ဧကရာဇ် ရှီယွဲ့က အေးစက်စွာဖြင့်

“ကျွန်မကို လာပြီး အရွှန်းမဖောက်နဲ့”

“ရှင် ခုနက ဘာလုပ်နေတာလဲ”

နတ်ဧကရာဇ် ရှီယွဲ့၏ လေသံမှာ ပြတ်သားလွန်းလှပြီး နတ်ဧကရာဇ်တစ်ပါး၏ ဖိအားများလည်း အနည်းငယ် ထွက်ပေါ်လာကာ သူမ၏ အမြီးဖြင့် လုချန်းကို တင်းကျပ်စွာ ချုပ်ထားလိုက်၏။

သူသာ အမှန်အတိုင်း မဖြေပါက ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲဆိုးကျိုးများနှင့် ရင်ဆိုင်ရတော့မည့်အတိုင်းပင်။

နတ်ဧကရာဇ် ရှီယွဲ့ အမြီး၏ ပိုတင်းကျပ်လာသော ရစ်ပတ်မှုကို ခံစားလိုက်ရသဖြင့် လုချန်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။

ထိုအမြီးသည် အလွန် နွေးထွေးလှ၏။

လုချန်းက ဖုံးကွယ်ထားခြင်းမရှိပဲ ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်၏။

“လောကပြင်ပက သတ္တဝါတစ်ကောင်ရဲ့ ကိုယ်ပွားကို ချိပ်ပိတ်ဖို့ ကျုပ် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကူညီပေးနေတာပါ။”

“ဟင်...”

ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။

လောကပြင်ပက သတ္တဝါလား။

သူမ၏ ဒေါသများ နှင်းပျောက်သလို ချက်ချင်းပင် လွင့်ပျယ်သွားပြီး ယင်းအစား စုံစမ်းလိုစိတ်များ ဝင်ရောက်လာကာ

“ဒီလောကထဲမှာ အခြားလောကပြင်ပ သတ္တဝါတွေ ရှိနေသေးတာလား”

လုချန်းက

“ရှိတယ်... ကျုပ် ခန့်မှန်းရသလောက်တော့ တစ်ကောင်တည်းတင် မဟုတ်ဘူး။ ဒါပေမဲ့ အများစုကတော့ ချိပ်ပိတ်ထားတဲ့ အခြေအနေမှာပဲ ရှိနေသင့်တယ်။”

နတ်ဧကရာဇ် ရှီယွဲ့ တိတ်ဆိတ်သွားပြီး သူမ၏ ချောမောသော မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်သွား၏။ သူမ နတ်ဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် နတ်ဆိုးဧကရာဇ်ကို သွားမဆွပါက ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း မည်သူမှ သူမကို ခြိမ်းခြောက်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထျန်းရန်နတ်ဘုရားနယ်မြေအတွင်း၌ ကောင်းကင်ဘုံလမ်းစဉ်၏ ကန့်သတ်ချက်များကို အလွယ်တကူ ချိုးဖျက်နိုင်ပြီး နတ်ဧကရာဇ်များထက် ကျော်လွန်သော ကျင့်စဉ်အဆင့်နှင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် လောကပြင်ပ သတ္တဝါများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ထိုအရာက နတ်ဧကရာဇ် ရှီယွဲ့ကို ပြင်းထန်သော အန္တရာယ် အသိကို ပေးစွမ်းလိုက်ပြီး သူမ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် ပြင်းပြသော ဆန္ဒတစ်ခု တစ်ကျော့ပြန် တောက်လောင် ပေါ်ပေါက်လာစေခဲ့၏။

ကျင့်စဉ်မြှင့်တင်ရန် အတွေးများ ပေါ်လာသည်နှင့်အမျှ နတ်ဧကရာဇ် ရှီယွဲ့၏ လှပသော မျက်ဝန်းများက လုချန်းထံသို့ ရောက်ရှိသွား၏။

အဆင့် ထပ်တက်လှမ်းရန်အတွက် သူမအနေနှင့် သူမ၏ ကံပါလာသူကိုသာ အားကိုးနိုင်ပေသည်။

သို့သော် ထိုခွေးကောင် သူမအပေါ် ပြုမူခဲ့သည်များကို ပြန်လည်တွေးတောမိသောအခါ သူမ၏ ရင်ထဲ၌ မနှစ်မြို့မှုများ လှိုင်းထလာရပြန်၏။

နတ်ဧကရာဇ် ရှီယွဲ့ တိတ်ဆိတ်စွာဖြင့် သူ၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်းက ရယ်မောလျက်

“ဘာလဲ... ခင်ဗျား တစ်ခုခု ကြံစည်နေတာလား”

ထိုအရာကို ကြားလျှင် နတ်ဧကရာဇ် ရှီယွဲ့၏ မျက်နှာအမူအရာ ချက်ချင်းပင် ရေခဲလို အေးစက်သွားတော့၏။ သူမတွင် အစီအစဉ်များ တကယ် ရှိနေသော်လည်း လုချန်းက တိုက်ရိုက်ထောက်ပြလိုက်ခြင်းကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရပြီး သူမကို လုချန်းက လုံးဝထိုးဖောက်မြင်နေသည်ဟု ခံစားလိုက်ရသောကြောင့် ဖြစ်သည်။

နတ်ဧကရာဇ် ရှီယွဲ့က အေးစက်စွာဖြင့်

“ကျွန်မရဲ့ အစေခံတစ်ယောက်အနေနှင့် ရှင့်ရဲ့ အတွေးတွေက ကျွန်မအပေါ်မှာပဲ အာရုံစိုက်နေရမယ်။ အပြင်မှာ လျှောက်ပြီး သောင်းကျန်းမနေနဲ့။”

ထိုသို့ပြောပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ အမြီးဖြင့် လုချန်းကို သူမထံသို့ တိုက်ရိုက် ရစ်ပတ်ဆွဲ‌ခေါ်လိုက်၏။

သူမအနေနှင့် လုချန်းအပေါ် ခံစားချက်အချို့ ရှိနေသည့်အပြင် သူမနှင့် ကံပါလာသူနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းက နယ်ပယ်ကန့်သတ်ချက်များကို ချိုးဖျက်နိုင်မလားဆိုသည်ကို သိရန်အတွက် သူနှင့် စုံတွဲကျင့်စဉ် စမ်းသပ်ကျင့်ကြည့်ရန် စဉ်းစားထားခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ သူမသည် ထိုခွေးကောင်၏ ဖျက်ဆီးခြင်းကို ခံထားရပြီး ဖြစ်သည့်အပြင် သူ၏ ရင်သွေးကိုပင် လွယ်ထားရပြီဖြစ်ရာ နောက်တစ်ကြိမ် လိုက်လျောပေးလိုက်ခြင်းက အကြောင်းမဟုတ်တော့ပေ။

လုချန်းကို သူမထံသို့ ဆွဲခေါ်ပြီးနောက် နတ်ဧကရာဇ် ရှီယွဲ့သည် သူမ၏ အမြီးကို ညင်သာစွာ ပြန်ရုပ်သိမ်းလိုက်ပြီး ဧကရာဇ်၏ အရှိန်အဝါများကိုလည်း ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်၏။

ထိုခွေးကောင်က သူမကို အရင်စတင်စေချင်နေတာ မဖြစ်နိုင်ပေ။

သူကသာ သူမကို အလုပ်အကျွေးပြုရမည့်သူဖြစ်ပြီး သူမက အရင်စတင်ပါက သူမက သူ့ကို ပြန်လည်အလုပ်အကျွေးပြုသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

နတ်ဧကရာဇ်တစ်ပါးက သူ့ကို အလုပ်အကျွေးပြုရမှာလား။

ရဲတင်းလှချည်လား။

နတ်ဧကရာဇ် ရှီယွဲ့ လုချန်းကို အမြီးအတွင်းမှ လွှတ်ပေးလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်လာပြီး သူမကို သူ၏အောက်တွင် ဖိနှိပ်ထားလိုက်တော့၏။

နတ်ဧကရာဇ် ရှီယွဲ့ ချက်ချင်း တုံ့ပြန်ရန် အချိန်မရလိုက်ပေ။ ထိုအခိုက်အတန့်တွင် တစ်ကိုယ်လုံး နီရဲနေပြီး မျက်ဝန်းများထဲ၌ သူမအပေါ် တပ်မက်မှုများ ပြည့်နှက်နေသော လုချန်းကို စိုက်ကြည့်နေမိ၏။

နတ်ဧကရာဇ် ရှီယွဲ့သည် လုချန်း၏ ရုတ်တရက် လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားသော်လည်း အလျင်အမြန်ပင် ပြန်လည်သတိဝင်လာကာ လုချန်းကို ဒေါသတကြီး စိုက်ကြည့်လျက်

“ရှင့်မှာ သတ္တိတွေ ဘယ်ကရနေတာလဲ။ ကျွန်မ ရှင့်ကို ခွင့်မပြုသေး... အင့်”

နတ်ဧကရာဇ် ရှီယွဲ့ စကားပင် မဆုံးသေးမီ လုချန်းက ရှေ့သို့ ငုံ့ကာ သူမ၏ နှုတ်ခမ်းများကို ပိတ်ဆို့ပစ်လိုက်၏။

နတ်ဧကရာဇ် ရှီယွဲ့ ချက်ချင်းပင် ဒေါသထွက်သွား၏။ ထိုခွေးကောင်သည် အတင့်ရဲလွန်းလှသည်။ သူမ၏ ခွင့်ပြုချက်မရပဲ လက်ရဲဇက်ရဲ ပြုမူဝံ့သည်။

မကျေနပ်မှုများ ရှိနေလင့်ကစား နတ်ဧကရာဇ် ရှီယွဲ့က သူ့ကို တွန်းဖယ်ပစ်ခြင်း မပြုခဲ့ပေ။ သူမ၏ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ဖြင့် လုချန်းကို တားဆီးရန်က အလွန်လွယ်ကူလှပေသည်။

ယခင်က နတ်ဧကရာဇ် ရှီယွဲ့၏ မြေခွေးအမြီးဖြင့် စနောက်ခြင်းကို ခံထားရသဖြင့် လုချန်းသည် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာပြီဖြစ်ရာ မကြာမီမှာပင် နှစ်ဦးသား အတူတကွ နစ်မြောသွားကြတော့၏။

လုချန်း၏ စိတ်မရှည်ပဲ ပြင်းပြနေသည့် အမူအရာကို တွေ့မြင်လျှင် နတ်ဧကရာဇ် ရှီယွဲ့ စိတ်ထဲ ရုတ်တရက် အောင်မြင်မှု အသိတစ်ခုကို ခံစားလိုက်ရ၏။

ထိုခွေးကောင်သည် သူမ၏ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ပေ။ သူမ၏ ထိန်းချုပ်မှုအောက်တွင် သူသည် သူမ၏ ခြေဖဝါးအောက်တွင် လုံးဝကျိုးနွံသွားကာ သူမ၏ သီးသန့်အိမ်မွေးတိရစ္ဆာန်လေး ဖြစ်လာနိုင်သည်။

……

သွေးလင်းယုန်ခန်းမ။

ကမ္ဘာငယ်လေးအတွင်း၌။

သွေးဘိုးဘေး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာ၏။

မျက်စိတစ်မှိတ်အတွင်း၌ပင် ပြင်းထန်သော ဒေါသများ မီးတောင်ပေါက်ကွဲသလို ပေါ်ထွက်လာပြီး ကျယ်ပြောလှသော သွေးအငွေ့အသက်များ ကမ္ဘာငယ်လေးအတွင်းမှ ပေါက်ကွဲထွက်လာကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားများကို တောင်ပိုင်းနယ်တစ်ခုလုံး ခံစားလိုက်ရ၏။

“လုချန်း... လုချန်း... တစ်နေ့ကျရင် ခင်ဗျားကို ကျုပ်ကိုယ်တိုင် သတ်ပစ်မယ်...”

စစ်ပွဲအတွက် ပြင်ဆင်နေသော သွေးမိစ္တာ နတ်သခင်သည် သွေးဘိုးဘေး၏ ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရသဖြင့် မည်သည့်အရာက ယခုကဲ့သို့ သူ့ကို ဒေါသထွက်စေသနည်းဟု နားမလည်နိုင် ဖြစ်သွား၏။

သွေးမိစ္တာ နတ်သခင်သည် ကမ္ဘာငယ်လေးအတွင်းရှိ သွေးဘိုးဘေးထံသို့ အလျင်အမြန် ပြန်လာကာ

“သွေးဘိုးဘေးကို ဂါရဝပြုပါတယ်။ သွေးဘိုးဘေးမှာ ဘာအမိန့်များ ရှိပါသလဲ။”

သွေးမိစ္ဆာ နတ်သခင်၏ ရင်ထဲ၌ စိုးရိမ်ထိတ်လန့်နေပြီး မကြာသေးမီက သူ၏ နယ်မြေချဲ့ထွင်မှု လုပ်ငန်းများ ကောင်းစွာ မလည်ပတ်နိုင်ခြင်းကြောင့် သွေးဘိုးဘေးကို ဒေါသထွက်စေခဲ့ခြင်းလားဟု စိုးရိမ်နေ၏။

သွေးဘိုးဘေးသည် သူ၏ ရင်ထဲမှ ဒေါသများကို ခဏခန့် ဖိနှိပ်လိုက်ပြီး နေမင်းကဲ့သို့ ပူလောင်သော မျက်ဝန်းများဖြင့် သူ၏ရှေ့၌ ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည့် သွေးမိစ္ဆာ နတ်သခင်ကို စူးစိုက်ကြည့်လိုက်၏။

ထို့နောက် သွေးဘိုးဘေးက

“ကျုပ်ခိုင်းထားတဲ့ အလုပ်က ဘယ်လိုအခြေအနေရှိလဲ”

ထိုအရာကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင် အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ

“လက်ရှိမှာတော့ တောင်ပိုင်းနယ်ရဲ့ အင်အားစုတွေက သွေးလင်းယုန်ခန်းမအပေါ် သတိထားနေကြပါတယ်...”

သွေးမိစ္ဆာ နတ်သခင်သည် သူ၏ စကားကို အဆုံးမသတ်ပဲ ရပ်တန့်လိုက်၏။

အစက သွေးလင်းယုန်ခန်းမ၏ နယ်မြေချဲ့ထွင်မှုမှာ အလွန်ချောမွေ့ခဲ့သော်လည်း ထျန်းရှနတ်ဘုရားနိုင်ငံ၏ လူများကို လုချန်း ခေါ်ဆောင်သွားကတည်းက ထျန်းရှနတ်ဘုရားနိုင်ငံတွင် နက်ရှိုင်းသော ချောက်နက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး သွေးလင်းယုန်ခန်းမ၏ နယ်မြေချဲ့ထွင်မှု လမ်းကြောင်းကို ပိတ်ဆို့သွားခဲ့ခြင်း ဖြစ်သည်။

အရေးကြီးဆုံးမှာ ထိုချောက်နက်ကြီးကြောင့် တောင်ပိုင်းနယ် အင်အားစုများ၏ အာရုံစိုက်မှုက ဤနေရာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ အချို့က ထိုချောက်နက် ပေါ်ပေါက်လာမှုကို သွေးလင်းယုန်ခန်းမနှင့် ဆက်စပ်တွေးတောကာ သွေးလင်းယုန်ခန်းမနှင့် မိစ္ဆာနတ်များကို သတိထားရန် လှုံ့ဆော်သကဲ့သို့ ဖြစ်သွားသဖြင့် နယ်မြေချဲ့ထွင်မှုကို ပိုရှုပ်ထွေးသွားစေခဲ့သည်။

ယခင်ကတော့ အင်အားစုများသည် သွေးလင်းယုန်ခန်းမကို အခြားသူများ၏ စွမ်းအားကို လျှော့ချနိုင်စွမ်းရှိသည်ဟု ယူဆထားကြ၏။ အထူးသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမ၏ စွမ်းအားကို လျှော့ချရန်အတွက် သွေးလင်းယုန် ခန်းမကို မျက်ကွယ်ပြု လျစ်လျူရှုထားခဲ့ကြခြင်း ဖြစ်သည်။

--

All Chapters