← Chapters

အခန်း ၂၀၁၉

Vol. 135 Ch. 2019

အခန်း ၂၀၁၉

Vol. 135 Ch. 2019

အခန်း (၂၀၁၉ )

ခမ်းနားသော ကောင်းကင်ခန်းမ၏ အစီအစဉ်

နတ်သခင် ထျန်းဖုန်း၏ စကားများကို ကြားလျှင် အစည်းအဝေးခန်းမအတွင်းရှိ နတ်သခင်များအားလုံးသည် တစ်ပြိုင်နက်တည်း ခေါင်းလှည့်၍ သူ့ကို လှမ်းကြည့်လိုက်ကြ၏။

ဤနည်းလမ်းကို စမ်းသပ်ကြည့်ရန် ထိုက်တန်လှသည်ဟု အမှောင်ထဲတွင် မီးအိမ်ထွန်းလိုက်သကဲ့သို့ သူတို့ ရုတ်တရက် ခံစားလိုက်ရသည်။

လူတိုင်း သူကို ကြည့်နေကြသည်ကို တွေ့မြင်လျှင် နတ်သခင် ထျန်းဖုန်းက

“လုချန်းရဲ့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံဟာ လောကပြင်ပက သတ္တဝါဆန်းတွေကိုတောင် ချိပ်ပိတ်နိုင်ခဲ့တာပဲ။ ဒါကြောင့် နတ်ဧကရာဇ်တစ်ပါးကို ချိပ်မပိတ်နိုင်စရာ အကြောင်းမရှိပါဘူး” ဟု ဆက်ပြောလိုက်၏။

“လက်ရှိ အခြေအနေအရ ကျုပ်တို့ရဲ့ ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမဆီ အညံ့ခံဖို့ ရွေးချယ်ခဲ့ရင်တောင် သွေးလင်းယုန်ခန်းမဟာ ကျုပ်တို့ကို ခြိမ်းခြောက်မှုတစ်ခု အနေနှင့် မြင်နေဦးမှာပါပဲ။”

“အရမ်းအကောင်းမြင်ကြည့်မယ် ဆိုရင်တောင် ကျုပ်တို့ကို ခမ်းနားသော ကောင်းကင်ခန်းမ ဖျက်သိမ်းဖို့ တောင်းဆိုတာမျိုး ဖြစ်နိုင်ပြီး အဆိုးဆုံး ရလဒ်ကတော့ ခမ်းနားသော ကောင်းကင်ခန်းမ တစ်ခုလုံး လုံးဝ အမြစ်ပြတ် ချေမှုန်းခံရတာပဲ ဖြစ်လိမ့်မယ်။”

“ထိုင်ပြီး အသေခံမယ့်အစား သေရင်မြေကြီး ရှင်ရွှေထီးဆိုသလို တိုက်ခိုက်တာက ပိုကောင်းပါတယ်။”

“အကယ်၍ ကျုပ်တို့က အဲဒီ မိစ္ဆာနတ်ဧကရာဇ်ကို ချိပ်ပိတ်နိုင်မယ်ဆိုရင် ခမ်းနားသော ကောင်းကင်ခန်းမဟာ တောင်ပိုင်းနယ်ရဲ့ အရှင်သခင်အဖြစ် ရာသက်ပန် ဆက်ရှိနေမှာပါပဲ။”

ထိုစကားများကို ကြားလျှင် ရောက်ရှိနေသော နတ်သခင်များလည်း အကြံရခက်ကာ တွေးတောခြင်းထဲသို့ နစ်မြောသွားကြ၏။

သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမကို ချေမှုန်းပစ်နိုင်သည်ကို သူတို့ သဘာဝကျကျ သိထားသော်လည်း သူ တို့၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံက နတ်ဧကရာဇ်တစ်ပါးကို တကယ် ချိပ်ပိတ်နိုင်ခြင်း ရှိမရှိပင် ဖြစ်၏။

အကြောင်းတစ်ခုက သူတို့သည် ယခင်က ဤကဲ့သို့သောအရာမျိုးကို တစ်ခါမှ မလုပ်ခဲ့ဖူးသလို အခြားအချက်တစ်ခုကတော့ လုချန်းက သူတို့နှင့် ပူးပေါင်းဆောင်ရွက်ချင်မှ ဆောင်ရွက်မှာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ခမ်းနားသော ကောင်းကင်ခန်းမသည် ယခင်က လုချန်းကို ပစ်မှတ်ထားခဲ့ဖူးပြီး သူ့ကို ထျန်းရန် နတ်ဘုရား နယ်မြေမှပင် နှင်ထုတ်ခဲ့ကာ ကစဉ့်ကလျား ပင်လယ်အတွင်း နှစ်ပေါင်း ဆယ်ကုဋေကျော် လှည့်လည်သွားလာရန် ဖိအားပေးခဲ့ဖူးသည်။

လုချန်းအနေနှင့် ခမ်းနားသော ကောင်းကင်ခန်းမအပေါ် မကျေနပ်ချက် မရှိဟု ပြောရန်မှာ မဖြစ်နိုင်ပေ။

ယခု သူတို့ ပြန်လည်သင့်မြတ်သွားပုံရသော်လည်း မည်သူက ဤကဲ့သို့သော နာကျည်းမှုကို အလွယ်တကူ ဖြေဖျောက်နိုင်ပါမည်နည်း။

အကယ်၍ လုချန်းက သူတို့နှင့် ပူးပေါင်းရန် ဆန္ဒမရှိပါက သူတို့အနေနှင့် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသုံးပြုရန် နည်းလမ်းမရှိပေ။

ထို့ပြင် လုချန်းက အပေါ်ယံ၌ သဘောတူပြီး အရေးယူရမည့် အချိန်ရောက်မှ ရုတ်တရက် စိတ်ပြောင်းသွားနိုင်သည့် ဖြစ်နိုင်ခြေလည်း ရှိနေသေးသည်။

ထိုအချိန်ကျမှဆိုလျှင် သူတို့၌ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။

နတ်သခင်များထဲမှ မည်သူမှ စကားမပြောကြသည်ကို တွေ့မြင်လျှင် နတ်သခင် ထျန်းဖုန်းက

“အခု အကြီးမားဆုံး ပြဿနာက လုချန်းကို ကျုပ်တို့ဘက်က ရပ်တည်ပေးဖို့ ဘယ်လို စည်းရုံးရမလဲဆိုတာပါပဲ။”

“လုချန်းက ကျုပ်တို့ကို ကူညီဖို့ လိုလိုလားလား ရှိရင်တော့ ကျုပ်တို့မှာ အောင်မြင်နိုင်ခြေ အမြောက်အမြား ရှိပါတယ်။”

ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက သတိဝင်လာပြီး

“နတ်သခင် ထျန်းဖုန်း… ကျုပ်တို့ ရှုံးနိမ့်သွားရင် ဘာဖြစ်မလဲဆိုတာကိုရော ထည့်သွင်းစဉ်းစားဖူးလား။”

ထိုအရာကို ကြားလျှင် နတ်သခင် ထျန်းဖုန်းက ခပ်ဖွဖွရယ်မောကာ

“ခေါင်းမော့မော့ ခေါင်းငုံ့ငုံ့ ဓားကတော့ အတူတူပါပဲ။”

“ကျုပ်တို့က သွေးလင်းယုန်ခန်းမဆီ လိုလိုလားလား အညံ့ခံရုံနဲ့ သူတို့က ခမ်းနားသော ကောင်းကင်ခန်းမကို ချမ်းသာပေး လိမ့်မယ်လို့ ခင်ဗျား တကယ်ပဲ ထင်နေတာလား။”

အခြား နတ်သခင်တစ်ပါးက

“အကယ်၍ ကျုပ်တို့က သွေးလင်းယုန်ခန်းမရဲ့ လက်အောက်ခံအင်အားစု ဖြစ်လာဖို့ ရွေးချယ်မယ်ဆိုရင် သွေးလင်းယုန်ခန်းမက ခမ်းနားသော ကောင်းကင်ခန်းမကို ခြိမ်းခြောက်မှုတစ်ခု အနေနှင့် မြင်ရင်တောင် ကျုပ်တို့ကို အမြစ်ပြတ် ချေမှုန်းမှာ မဟုတ်ပါဘူး။”

“သွေးလင်းယုန်ခန်းမက တကယ်ပဲ အဲဒီလို လုပ်ခဲ့ရင် ဒါဟာ တခြားအင်အားစုတွေကြားထဲမှာ ဧကန်မုချ ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေပါလိမ့်မယ်။”

“အဲဒီလိုဆိုရင် သွေးလင်းယုန်ခန်းမက တောင်ပိုင်းနယ်ကို ဘယ်လို အုပ်ချုပ်တော့မှာလဲ။”

ဤနတ်သခင်၏ အမြင်အရ ခမ်းနားသော ကောင်းကင်ခန်းမက အညံ့ခံရန် ရွေးချယ်ခဲ့ပြီး သွေးလင်းယုန်ခန်းမက ၎င်းတို့ကို ချေမှုန်းပစ်ဦးမည်ဆိုလျှင်ပင် အခြားအင်အားစုများသည် သွေးလင်းယုန်ခန်းမ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ပြီးနောက် ၎င်းတို့၏ အနာဂတ်အတွက် ဧကန်မုချ စိုးရိမ်ပူပန်ကြလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော အတွေးများ ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် သွေးလင်းယုန်ခန်းမ၏ အုပ်ချုပ်မှုသည် အင်အားစုအသီးသီး၏ ပြင်းထန်သော တွန်းလှန်မှုကို ခံရနိုင်ပေသည်။

အရှေ့ပိုင်းနယ်ရှိ သားရဲမဟာမိတ်နှင့် ချင်းယွမ်ကျောင်းတော်တို့သည် ထောင်ပေါင်းများစွာသော ခေတ်ကာလများစွာ တိုက်ခိုက်ခဲ့ကြသော်လည်း နတ်ဧကရာဇ် ရှီယွဲ့ အဆင့်တက်ရောက်ပြီးနောက်တွင် သူမသည် ချင်းယွမ်ကျောင်းတော်မှ လူများကို သုတ်သင်ပယ်ရှင်းခြင်း မပြုခဲ့ဘဲ ချင်းယွမ်ကျောင်းတော်ကိုသာ ဖျက်သိမ်းခဲ့သည်။

နတ်သခင် ထျန်းဖုန်းနှင့် အခြားနတ်သခင်တစ်ပါးတို့၏ စကားများကို နားထောင်ပြီးနောက် နတ်သခင်ထိုက်ဟွာသည် ရောက်ရှိနေသော နတ်သခင်များကို ကြည့်ရှုလိုက်ပြီး

“ခင်ဗျားတို့ထဲက ဘယ်နှစ်ယောက်က လောင်းကြေးထပ်ဖို့ ထောက်ခံကြလဲ”

ဟု မေးလိုက်၏။

ထိုမေးခွန်းကို ကြားလျှင် နတ်သခင်များ တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ကြည့်လိုက်ကြ၏။

နတ်သခင် ထျန်းဖုန်းက ပထမဆုံး မတ်တပ်ရပ်ပြီး

“ကျုပ် ထောက်ခံပါတယ်”

နတ်သခင် ထျန်းဖုန်း စကားပြောပြီးသည်နှင့် အခြားနတ်သခင်တစ်ပါးက ထရပ်ကာ

“ကျုပ်လည်း ထောက်ခံပါတယ်”

ထို့နောက် နောက်ထပ် နတ်သခင်အချို့ ထပ်မံ မတ်တပ်ရပ်လာကြပြီး လောင်းကြေးထပ်မည့် စိတ်ကူးကို ထောက်ခံခဲ့ကြသည်။

အကယ်၍ ပြိုင်ဘက်သည် မိစ္ဆာနတ်ဧကရာဇ်တစ်ပါး မဟုတ်ပဲ သူတို့ကို အညံ့ခံရန်သာ ရိုးရိုးရှင်းရှင်း တောင်းဆိုခဲ့ပါက သူတို့ သဘောတူခဲ့ကြပေလိမ့်မည်။

သို့သော် ပြိုင်ဘက်မှာ မိစ္ဆာနတ်တစ်ပါး ဖြစ်နေသဖြင့် သူတို့ကို စိတ်မသက်မသာ ဖြစ်စေပြီး အခြားတစ်ဖက်က၌လည်း သူတို့ကို သုတ်သင်ရှင်းလင်းပစ်မည်ကို စိုးရိမ်ပူပန်နေစေသည်။

ပြိုင်ဘက်က အရေးယူလုပ်ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေမည့်အစား သူတို့က ဦးအောင် စတင်တိုက်ခိုက်ခြင်းက ပို၍ ကောင်းပေသည်။

ဟုတ်ပါသည်။ အရေးအကြီးဆုံးအချက်ကတော့ သူတို့သည် ခမ်းနားသော ကောင်းကင်ခန်းမ၏ အရှင်သခင်အဆင့် ရာထူးနေရာကို လက်လွှတ်မခံလိုခြင်းပင် ဖြစ်သည်။

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမသည် ဤရာထူးနေရာကို ဆုံးရှုံးသွားပါက ၎င်း၏ ကံစွမ်းအား သိသိသာသာ ကျဆင်းသွားမည်မှာ မလွဲဧကန် ဖြစ်သည်။

ထို့ပြင် စတင်တည်ထောင်ချိန်မှစ၍ ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးကို ဖိနှိပ်ချုပ်ချယ်ခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၏ ကံစွမ်းအား ကျဆင်းသွားသည်နှင့်အမျှ သွေးလင်းယုန်ခန်းမက ခမ်းနားသော ကောင်းကင်ခန်းမကို ပစ်မှတ်မထားလျှင်တောင် တောင်ပိုင်းနယ်ရှိ အခြားအင်အားစုများသည် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသကဲ့သို့ သူတို့ကို ပြဿနာရှာကြပေလိမ့်မည်။

ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမသည် ၎င်း၏ အရှင်သခင်အဆင့် ရာထူးနေရာကို မဖြစ်မနေ ထိန်းသိမ်းထားရမည် ဖြစ်သည်။

ဤမျှများပြားသော နတ်သခင်များက လောင်းကြေးထပ်ရန် စဉ်းစားနေကြသည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာ တစ်ယောက် တစ်ဖန်ပြန်၍ တွေးတောခြင်းထဲသို့ နစ်မြောသွားပြန်သည်။

သူသည် လက်ရှိတွင် အလွန် စိတ်ဒွိဟဖြစ်နေ၏။ သူတို့အနေနှင့် နတ်ဧကရာဇ်ကို ယှဉ်နိုင်မည်မဟုတ်ကြောင်း စိုးရိမ်မိသလို သွေးလင်းယုန်ခန်းမထံ အညံ့ခံပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမ ကွယ်ပျောက်သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။

ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ဖြစ်လာသည်မှာ မကြာသေးခင်မှာပင် ခန်းမတစ်ခုလုံးကို လက်လွှတ်လိုက်ရမည်ဟူသောအချက်ကို သူ လက်ခံရန် ဆန္ဒမရှိပေ။

နတ်သခင်ထိုက်ဟွာ၏ တွေဝေတုံ့ဆိုင်းမှုကို သတိပြုမိသဖြင့် နတ်သခင် ထျန်းဖုန်းက

“အဲဒီ မိစ္ဆာနတ်ဧကရာဇ်ကို ချိပ်မပိတ်နိုင်ခဲ့ရင်တောင် ကျုပ်တို့ တောင်ပိုင်းနယ်ကနေ ထွက်ခွာသွားလို့ ရပါတယ်။”

“အရှေ့ပိုင်းနယ်ရော မြောက်ပိုင်းနယ်မှာပါ နတ်ဧကရာဇ်တွေ ရှိနေတာပဲ။ အဲဒီ မိစ္ဆာနတ်ဧကရာဇ်က အဲဒီအထိ ကျုပ်တို့နောက်ကို လိုက်ရဲလိမ့်မယ်လို့ ကျုပ် မယုံဘူး။”

ထိုစကားကို ကြားလျှင် နတ်သခင်ထိုက်ဟွာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။

“အားလုံးက လောင်းကြေးထပ်ဖို့ ရွေးချယ်ကြမှတော့ လုချန်း ကျုပ်တို့ဘက်က ရပ်တည်ပေးနိုင်မလားဆိုတာ သွားရောက်ဆွေးနွေးကြည့်ပါ့မယ်။”

ယခု အရေးကြီးသော အချက်မှာ လုချန်းက သူတို့ကို ကူညီရန် လိုလားခြင်း ရှိမရှိအပေါ်တွင် တည်ရှိနေသည်။

အကယ်၍ မလိုလားပါက ခမ်းနားသော ကောင်းကင်ခန်းမ ဘာမှ တတ်နိုင်မည်မဟုတ်ပေ။

သူတို့ သိထားသည်မှာ လုချန်း၏ ကိုယ်ပွားသာ ဖြစ်ပြီး သူ၏ ပင်မကိုယ် မည်သည့်နေရာတွင် ရှိသည်ကို မသိကြသလို သူ့ကို ခြိမ်းခြောက်နိုင်ခြင်းလည်း မရှိရာ အကျိုးအမြတ် အလဲအလှယ်လုပ်သည့် နည်းလမ်းကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။

လုချန်း မည်သည့်အရာကို အလိုရှိသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

…..

အရိုင်းနယ်မြေ။

ချင် နတ်ဘုရား နိုင်ငံ။

လုချန်းသည် နန်းတွင်းစာကြည့်ဆောင်အတွင်း၌ ရှိနေပြီး ချင် နတ်ဘုရား နိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်အချို့ကို စစ်ဆေးသုံးသပ်နေ၏။

လက်ရှိတွင် ချင် နတ်ဘုရား နိုင်ငံ၌ နတ်မြို့ ဆယ်မြို့နှင့် လူသားမြို့ပေါင်း ငါးသိန်းခန့် ရှိနေသည်။

သာမန် ကျင့်ကြံသူများနှင့် နတ်များသည် စားသောက်ခြင်းမရှိပဲ အစာရှောင်နိုင်ကြပြီး ဝိညာဉ်စွမ်းအား သို့မဟုတ် နတ်စွမ်းအားကိုသာ အားကိုး၍ ရှင်သန်နိုင်ကြ၏။

ထိုသို့ဖြစ်လင့်ကစား လူသားလူဦးရေသည် ကုဋေနှင့်ချီ၍ ရှိနေသောကြောင့် ချင် နတ်ဘုရား နိုင်ငံသည် ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ကျင့်ကြံသူများနှင့် နတ်များသည် အစားအသောက်ကို စွန့်လွှတ်နိုင်သော်လည်း လူသားများကတော့ စားသောက်မှ ရှင်သန်မည် ဖြစ်သည့်အတွက် မဖြစ်မနေ စားသောက်ကြရမည် ဖြစ်သည်။

လက်ရှိတွင် အရိုင်းနယ်မြေ၌ နတ်စွမ်းအားများ ပြန်လည် နိုးထလာခဲ့သော်လည်း နေရာအများစုမှာ သဲကန္တာရများနှင့် သဲပြင်များသာ ဖြစ်နေဆဲဖြစ်၍ ကောက်ပဲသီးနှံ စိုက်ပျိုးရန်အတွက် လုံးဝ မသင့်တော်ပေ။

လုချန်း ထျန်းရှ နတ်ဘုရား နိုင်ငံမှ ပြည်သူလူထုကို ချင် နတ်ဘုရား နိုင်ငံသို့ ပြောင်းရွှေ့ပေးခဲ့ကတည်းက ချင်နိုင်ငံ၏ လူသားလောကတွင် မိုးခေါင်ရေရှားမှုကပ်ကြီး ကျရောက်လာခဲ့သည်။

အကယ်၍ ဤပြဿနာကို မဖြေရှင်းနိုင်ပါက ချင် နတ်ဘုရား နိုင်ငံ၏ ကံစွမ်းအား သိသိသာသာ ကျဆင်းသွားခြင်းကို ရှောင်လွှဲ၍ မရပေ။

ဤကိစ္စသည် နတ်များအတွက်တော့ မြေဆီလွှာကို အဆင့်မြှင့်တင်ပေးခြင်းနှင့် ကောက်ပဲသီးနှံများကို ရေသွင်းရန် နတ်ပညာများကို အသုံးပြုနိုင်ခြင်းတို့ကြောင့် တကယ်ပင် ဖြေရှင်းရန် လွယ်ကူလှသည်။

ဝိညာဉ်စွမ်းအားနှင့် နတ်စွမ်းအားတို့သည် စွမ်းအင်တစ်မျိုးအဖြစ် သတ်မှတ်နိုင်သဖြင့် နတ်များကို မစားမသောက်ပဲ ရှင်သန်စေနိုင်ရုံသာမက ကောက်ပဲသီးနှံများ လိုအပ်သော အာဟာရဓာတ်များအဖြစ်သို့လည်း ပြောင်းလဲပေးနိုင်သည်။

ယေဘုယျအားဖြင့် ကျင့်ကြံခြင်းလောကရှိ လူသားများသည် နတ်များက ၎င်းတို့၏ သေခြင်းရှင်ခြင်းအပေါ် မျက်ကွယ်ပြုလျက် ဂရုမစိုက်ကြခြင်းကြောင့်သာ ဆင်းရဲဒုက္ခ ခံစားနေကြရကာ ကြမ်းတမ်းစွာ ရှင်သန်နေကြရခြင်း ဖြစ်၏။

နတ်များအတွက်တော့ စားနပ်ရိက္ခာ လုံလောက်စွာ ရရှိစေရန် ပြုလုပ်ပေးခြင်းက ရိုးရှင်းသော အလုပ်တစ်ခုသာ ဖြစ်သည်။

စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဖတ်ရှုပြီးနောက် လုချန်းသည် လုကျန့်ကျီနှင့် ရွှမ်ကျန့်နတ်ဘုရင်တို့ကို ချက်ချင်း ဆင့်ခေါ်လိုက်ပြီး ချင်နိုင်ငံရှိ လူသားများ၏ ရှင်သန်မှုနှင့် ရိက္ခာထောက်ပံ့မှုကို အာမခံနိုင်ရန် လူသားလောကတွင် စိုက်ပျိုးရေးဝန်ကြီးဌာနတစ်ခု တည်ထောင်ရန် ညွှန်ကြားလိုက်၏။

နတ်များက လူသားများကို ရိက္ခာပံ့ပိုးပေးခြင်းသည် ထျန်းရန် နတ်ဘုရား နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ဖြစ်သော်လည်း ၎င်းမှာ လုချန်း၏ အမိန့်ဖြစ်သောကြောင့် ထိုနှစ်ယောက်က ငြင်းခုံခြင်း လုံးဝမပြုခဲ့ကြပေ။

ရိက္ခာဖူလုံရေးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် လုချန်းသည် ဤခန္ဓာကိုယ်ကို ခဏခန့် သူ့အလိုလို လည်ပတ်နေစေရန် ရည်ရွယ်ထားလိုက်သည်။

ထိုမိန်းမယုတ် နတ်ဧကရာဇ် ရှီယွဲ့သည် အလွန် ဆွဲဆောင်မှုရှိလွန်းလှရာ သူ၏ အားကောင်းလှသော နတ်ဝိညာဉ်ဖြင့်ပင် ခုခံရန် ခက်ခဲနေသဖြင့် နတ်ဧကရာဇ် ရှီယွဲ့အပေါ်သို့ ခဏအာရုံစိုက်ရန် စဉ်းစားနေခြင်း ဖြစ်၏။

သို့သော် ထိုအခိုက်အတန့်တွင် ကောင်းကင်ထက် မြင့်မားသောနေရာမှ အသံတစ်သံသည် ပဲ့တင်ထွက်ပေါ်လာခဲ့သည်။

“ချင်ဘုရင် ဘယ်မှာလဲ။”

--

………….

All Chapters