အခန်း (၅၁-၅၂)
Vol. 6 Ch. 51-52
အခန်း ၅၁ စွန့်ခွာတော့မည်
သူတို့ အပေါ်ထပ်မှ ငါးလွှာသို့ ဆင်းလာခဲ့ကြ၏။
ငါးလွှာသို့ရောက်လျှင်ရှောင်ဖန်းသည် ပြတင်းပေါက်မှ ခုန်ချကာ နှင်းမျက်နှာပြင်ကို စမ်းသပ်ကြည့်လိုက်၏။
အလွန်အမင်း အေးစက်လှသော ရာသီဥတုနှင့် စုပုံနေသော နှင်းများ ဖိသိပ်မှုကြောင့် နှင်းမျက်နှာပြင်သည် သိပ်မပျော့တော့ပေ။
ရှောင်ဖန်းက လက်ဖြင့်အချက်ပြလိုက်ရာ ယွမ်ချင်းမေနှင့် အခြားသူများလည်း ပြတင်းပေါက်မှ ခုန်ချလာကြ၏။
သူတို့ အိမ်ရာဝင်းထဲမှ ထွက်လာသည်နှင့် ရှောင်ဖန်းသည် လမ်းကြမ်းမောင်း အော့ဖ်ရုတ်ကားကြီးကို သူ၏ဟင်းလင်းပြင်ထဲမှထုတ်လိုက်သည်။
ကြီးမားလှသော အော့ဖ်ရုတ်ကားကြီး ရုတ်တရက် ပေါ်လာခြင်းကြောင့် အမျိုးသမီးများ အံ့သြတုန်လှုပ်ကာ အော်ဟစ်လိုက်ကြ၏။
"ဝိုး၊ ဒါကြီးက တကယ့်ကို မိုက်တာပဲ"
ယွမ်ချင်းမေကပထမဆုံး ရှေ့သို့ ပြေးထွက်သွားပြီး ကားကို ကလေးတစ်ယောက်လိုရှေ့နောက်လှည့်ပတ်ကြည့် နေ၏။
ရှောင်ဖန်းကအားလုံးကိုလောဆော်လိုက်၏။
"သွားကြစို့၊ ကားပေါ်တက်"
ကားအတွင်းခန်းသည် အတော်လေး ကျယ်ဝန်း၏။ ခုံနှစ်တန်းအပြင် အနောက်ဘက်တွင် အိပ်ရာကြီးတစ်ခုနှင့် ရေချိုးခန်းပင် ပါရှိသေး၏။
ထို့အပြင် ကားတွင် ကျည်ကာ၊ ဗုံးကာနှင့် အပြင်က လှမ်းမမြင်နိုင်သော စနစ်များလည်း ပါရှိ၏။
ရှောင်ဖန်း ကားစက်နှိုးလိုက်ပြီးနောက် ဒက်ရှ်ဘုတ်နှင့် အယ်လ်စီဒီ မျက်နှာပြင် အများအပြား လင်းထိန်လာရာ ကားအတွင်းခန်းတစ်ခုလုံး နည်းပညာမြင့်မားသော အငွေ့အသက်များဖြင့် ပြည့်နှက်သွား၏။
"သခင်၊ ဒီလိုအရာမျိုးကို ရအောင်ယူနိုင်တာ တကယ့်ကို စွမ်းဆောင်ရည် ရှိတာပဲ"
ကျူချမ်းချမ်းက ကားအတွင်းခန်းကို လှည့်ပတ်ကြည့်ရင်း ချီးမွမ်းလိုက်၏။
"ဒါပေါ့၊ အဘိုးကြီးရှောင်က တကယ့်ကို စွမ်းတယ်၊ ဟုတ်တယ်မလား အဘိုးကြီးရှောင်"
ယွမ်ချင်းမေက ဘေးမှ ဝင်ပြောလိုက်ရာရှောင်ဖန်းက ပြုံးရုံသာ ပြုံးပြီး ဘာမှမပြောပေ။
"ကျွန်မတို့ ဘယ်ကို သွားကြမှာလဲ"
ဖန်ချင်းယွီက ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ရင်း မေးလိုက်၏။
အပြင်ဘက်တွင် နှင်းများဖြင့်ဖုံးလွှမ်း နေသောကမ္ဘာကြီးသာ ရှိပြီး အဆောက်အများစုမှာ အမိုးများသာ ပေါ်နေသဖြင့် မူလလမ်းများနှင့် ဦးတည်ချက်များကို ရှာဖွေရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် ရှောင်ဖန်းသည်ကား၏အယ်လ်စီဒီ မျက်နှာပြင်ကို နှိပ်လိုက်သည်သရီးဒီ ပုံရိပ်ယောင် မြေပုံတစ်ခုမျက်နှာပြင်တွင် ပေါ်လာ၏။
ရှောင်ယွန်းမြို့သည် တာဝူမြို့၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ရှောင်ဖန်းသည် မြေပုံပေါ်တွင် လမ်းကြောင်းကို လျင်မြန်စွာ ဆွဲလိုက်၏။
" ကဲ... သွားကြမယ် "
ရှောင်ဖန်း လီဗာကို နင်းလိုက်ရာ ကားကြီးသည် နှင်းထုထဲတွင် အသံတိတ် ရွေ့လျားသွားတော့သည်။
"ဝါး၊ ဒီနှင်းကျနေတဲ့ရှုခင်းက တကယ့်ကို လှတာပဲ၊ ဒါပေမဲ့ ကမ္ဘာပျက်ကပ်ကြီးအတွင်း ဖြစ်နေတာကတော့ နှမြောစရာပဲ"
ယွမ်ချင်းမေသည် အပြင်ဘက်က ပြောင်းလဲနေသော ရှုခင်းများကို ကြည့်ရင်း သက်ပြင်းချရင်းညည်းညူလိုက်၏။
"နှမြောစရာကောင်းတာ အမှန်ပဲ၊ ချင်းမေ၊ လာလေ၊ ဖဲကစားရအောင်"
ကျူချမ်းချမ်းက အနောက်ဘက်မှ လှမ်းခေါ်လိုက်၏။
"လာပြီ၊ အဘိုးကြီးရှောင်၊ ပင်ပန်းသွားပြီ၊ ဒီညတော့ ရှင့်ကို ကျွန်မတို့အားလုံး အတူတူ ဆုချမယ်"
ယွမ်ချင်းမေသည် ရှောင်ဖန်း၏ ပုခုံးကို ပုတ်ကာ ဘေးခုံမှ အနောက်ဘက်သို့ ကူးသွားလိုက်၏။
"ဟွင်း၊ ဘယ်သူက ဘယ်သူ့ကို ဆုချမှာလဲမသိဘူး"
ရှောင်ဖန်းသည် မိမိဘာသာ ရေရွတ်ရင်း နောက်သို့ လှည့်ကြည့်လိုက်သည်။
အမျိုးသမီးများ အားလုံး အိပ်ရာပေါ်သို့ တက်ကာ ဖဲကစားနေကြပြီး အလွန် သဟဇာတ ဖြစ်နေသည်ကို သူ မြင်လိုက်ရ၏။
၎င်းကို မြင်ရသောအခါရှောင်ဖန်းစိတ်လှုပ်ရှား သွားပြီး ကားကို အော်တိုစနစ် ပြောင်းကာ သူတို့နှင့်အတူ သွားရောက် ပူးပေါင်းချင်စိတ် ပေါ်လာ၏။
သို့သော် ထိုဆန္ဒကို ထိန်းချုပ်လိုက်သည် ၏။ သူတို့၏ ပထမဆုံး ခရီးစဉ် ဖြစ်သောကြောင့် အရေးပေါ် အခြေအနေများကို တုံ့ပြန်နိုင်ရန် ကိုယ်တိုင် မောင်းနှင်ခြင်းက ပို၍ စိတ်ချရသည်ဟု သူ ခံစားရ၍ဖြစ်သည်။
တာဝူမြို့သည် မြစ်တစ်စင်းဖြတ်သန်းစီးဆင်းနေသော မြို့ဖြစ်ရာရှောင်ယွန်းမြို့သို့ သွားရန် အတိုဆုံးလမ်းမှာ မြစ်ကို ဖြတ်ကျော်ပြီး မြို့လယ်ခေါင်ကို ဖြတ်ကာ တစ်ဖက်မှ ထွက်ရမည် ဖြစ်၏။
သို့သော် နျူကလီးယား ဓာတ်အားပေးစက်ရုံသည် မြစ်တစ်ဖက်ကမ်းရှိ မြို့ပြဧရိယာ၏ အစွန်တွင် တည်ရှိ၏။ နျူကလီးယား ရေဒီယိုသတ္တိကြွမှုကို ရှောင်ရှားရန် ရှောင်ဖန်းကမြို့ဘက်အခြမ်းမှသာ ပတ်သွားရန် ဆုံးဖြတ်လိုက်သည်။
၎င်းလမ်းကြောင်းသည်ပိုဝေးသော်လည်း သူတို့အတွက်ပို၍ ဘေးကင်း၏။
တစ်နာရီနီးပါး မောင်းနှင်ပြီးနောက် သူ၏ မြင်ကွင်းထဲတွင် မိုးမျှော်တိုက်များ တဖြည်းဖြည်း နည်းပါးသွား၏။
ရှောင်ဖန်း အနည်းငယ် ငိုက်မြည်းလာစဉ် နှင်းထဲမှ ပေါ်ထွက်နေသော အဆောက်အအုံ အမိုးတစ်ခုပေါ်ရှိ စာလုံးကြီးအချို့က သူ့မျက်စိထဲ ဝင်လာ၏။
(တာဝူမြို့ ကျန်းပေ့ခရိုင် ရဲစခန်း)
ရဲစခန်းတစ်ခုလား။
အတွင်းထဲတွင် သေနတ်များနှင့် ကျည်ဆန်များ ရှိနေမလားဟု သူ တွေးမိလိုက်ပြီးကားကို ရဲစခန်းဆီသို့ ချက်ချင်း မောင်းနှင်လိုက်၏။
သူကားရပ်လိုက်ချိန်တွင်ယွမ်ချင်းမေ ရှေ့သို့ တက်လာ၏။
"အဘိုးကြီးရှောင်၊ ဘာလို့ ရပ်လိုက်တာလဲ"
ရှောင်ဖန်းက အပြင်ဘက်ရှိ ရဲစခန်းအမိုးကို ညွှန်ပြလိုက်ပြီး
"အဲ့ဒီမှာ လက်နက်နဲ့ ခဲယမ်းတွေ ရှာလို့ရမလား သွားကြည့်ရအောင်"
"မိုက်တယ်"
ရဲစခန်းတွင် သေနတ်နှင့် ခဲယမ်းများ သွားရှာမည်ဟု သိလိုက်ရသဖြင့် ယွမ်ချင်းမေ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။
ထို့နောက် ယွဲ့ဟွာသည်လည်း အနောက်ဘက်မှ ခေါင်းပြူထွက်လာပြီး ပြောလိုက်၏။
"ကျွန်မလည်း အတူ လိုက်ခဲ့မယ်"
ယွဲ့ဟွာသည် စွမ်းရည် နိုးထလာခဲ့ပြီဖြစ်သဖြင့် ၎င်းကို စမ်းသပ်ရန် အခွင့်အရေး ရှာဖွေနေသူဖြစ်သည်။
"ယွဲ့ဟွာ၊ မင်း ကားထဲမှာပဲ နေခဲ့ပါ၊ ဖန်ချင်းယွီနဲ့ ချမ်းချမ်းတို့က အခုလောလောဆယ် တိုက်ခိုက်ရေးစွမ်းရည် မရှိသေးဘူး၊ မင်း ရှိနေရင် ငါ ပိုစိတ်အေးရမယ်" ရှောင်ဖန်းက ခေါင်းလှည့်ကာ ပြောလိုက်၏။
"ဟုတ်ကဲ့" ယွဲ့ဟွာက ခေါင်းညိတ်ပြသည်။
"ဟူး..... သခင်၊ ကျွန်မအတွက် စွမ်းအားကြီးတဲ့ လက်အောက်ငယ်သားတွေ ဘယ်တော့ ရှာပေးမှာလဲ၊ မဟုတ်ရင် ကျွန်မက တကယ့်ကို အသုံးမဝင်သလို ခံစားရတယ်"
ကျူချမ်းချမ်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ အခွင့်အရေးရှိရင် မင်း ကျွန်ပြုဖို့ လူအချို့ကို ငါ ရှာပေးမယ်"
"ဒီကားက ကျည်ကာ၊ ဗုံးကာပါတယ်၊ တံခါးတွေဖွင့်ပြီး အပြင်မထွက်သရွေ့ မင်းတို့ ဘေးကင်းပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် မပြာကြနဲ့၊ ချင်းမေနဲ့ ငါ ပြန်လာတာကိုပဲ စောင့်နေကြ"
ဖန်ချင်းယွီနှင့် အခြားသူများက သဘောတူကြောင်း နာခံမှုရှိစွာ ခေါင်းညိတ်ကြလိုက်ကြသည်။
"သွားကြစို့၊ ချင်းမေ"
ရှောင်ဖန်း စကားပြောပြီး ကားပေါ်မှ ပထမဆုံး ခုန်ချလိုက်၏။
ကျန်းပေ့ခရိုင် ရဲစခန်း အဆောက်အအုံသည် သိပ်မမြင့်လှဘဲ ငါးလွှာသာ ရှိသည်။
ယခုအခါ ၎င်းသည် ထူထပ်သော နှင်းထုအောက်တွင် လုံးဝ နစ်မြုပ်နေပြီး အပေါ်ဆုံး အမိုးသာ ပေါ်နေခဲ့၏။
ရှောင်ဖန်းသည် ယွမ်ချင်းမေကို ခေါ်ဆောင်ကာ အမိုးပေါ်သို့ တက်ခဲ့ပြီး ဝင်ပေါက်ကို ရှာကာ တံခါးဖွင့်လိုက်ရာ မှောင်မည်းနေသော လှေကားထစ်ကို တွေ့လိုက်ရ၏။
ရှောင်ဖန်းသည် သူ၏ ဟင်းလင်းပြင်သိုလှောင်မှုထဲမှ ဓာတ်မီးနှစ်လက် ထုတ်ကာ တစ်လက်ကို ယွမ်ချင်းမေထံ ပေးလိုက်သည်။
"ရှင်က ဒါတွေတောင် ပြင်ဆင်ထားတာလား"
ယွမ်ချင်းမေကဓာတ်မီးကို ယူရင်းအံ့သြစွာ မေးလိုက်၏။
"ဟဲဟဲ၊ မင်းရဲ့ အဲ့ဒီအဝတ်အစားတွေတောင် ငါ့မှာ အများကြီး ရှိသေးတာပဲ၊ ဒီလိုအရာမျိုးကတော့ ပြောနေစရာ မလိုပါဘူး"
ရှောင်ဖန်း၏ ဟင်းလင်းပြင်သိုလှောင်မှုထဲတွင် အမျိုးမျိုးသော နေ့စဉ်သုံးပစ္စည်းများ အမြောက်အမြား ရှိနေ၏။
"စိတ်တိုစရာပဲ၊ အော် ဒါနဲ့ ကျွန်မကို မီးသတ်ပုဆိန်တစ်လက် ပေးပါဦး"
ရှောင်ဖန်းသည် မီးသတ်ပုဆိန်တစ်လက် ထုတ်ကာ ယွမ်ချင်းမေထံ ပေးလိုက်ပြီး မိမိအတွက်လည်း တစ်လက် ယူကာ လှေကားအတိုင်း တဖြည်းဖြည်း ဆင်းခဲ့ကြသည်။
ငါးလွှာသို့ ရောက်သောအခါ သူလှည့်ပတ်ကြည့်ရှုကြရာ အားလုံးမှာ ရုံးခန်းများသာ ဖြစ်နေသည်ကို တွေ့ရ၏။
ရုံးခန်းတိုင်းကို စစ်ဆေးပြီးနောက် သူတို့ ဘာမှ ရှာမတွေ့ပေ။
ထို့နောက် လေးလွှာ၊ သုံးလွှာနှင့် နှစ်လွှာသို့ ရောက်ခဲ့ကြ၏။
ဆွဲဆန့်၍ရသော နံပါတ်တုတ် အနည်းငယ် ရှာတွေ့သည်မှလွဲ၍ တန်ဖိုးရှိသော အရာတစ်ခုမျှ မတွေ့ရပေ။
ပထမထပ်တွင်မူ ကြမ်းပြင်ပေါ်ရှိ ရှုပ်ပွနေသော ခြေရာအချို့မှလွဲ၍ တန်ဖိုးရှိသောအရာ ဘာမှမရှိပေ။
"ဒါ ထူးဆန်းတယ်၊ အတွင်းထဲမှာ အလောင်းတစ်လောင်းမှ မရှိဘူး၊ သူတို့ ကြိုတင်ပြီး ဆုတ်ခွာသွားကြတာလား၊ မဖြစ်နိုင်တာ..."
ရှောင်ဖန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
ထုံးစံအရစခန်းတွင် တာဝန်ကျဝန်ထမ်းများ ရှိနေသင့်သော်လည်း သူတို့ လူတစ်ယောက်မျှ ရှာမတွေ့ခဲ့ပေ။
"အောက်မှာ နောက်ထပ် နှစ်ထပ် ရှိသေးတယ်" ယွမ်ချင်းမေက ပြောလိုက်၏။
"မင်း ဘယ်လိုသိတာလဲ"
"ငါ အားကစားရုံမှာ အလုပ်လုပ်တုန်းက လူရမ်းကားတစ်ယောက် ငါ့ကို လာနှောက်ယှက်လို့ ငါ သူနဲ့ ရန်ဖြစ်ပြီးသူ့ခေါင်းကို ရိုက်ခွဲလိုက်ဖူးတယ်၊ ရဲတွေ ရောက်လာပြီး ငါ့ကို ဒီခေါ်လာခဲ့တာ၊ အောက်ထပ်မှာ အကျဉ်းခန်းတွေ ရှိတယ်"
ယွမ်ချင်းမေက ရှက်ပြုံးလေးဖြင့် ရှင်းပြလာသည်။
ထိုစကားကြောင့် ရှောင်ဖန်း၏ နှုတ်ခမ်းများ တွန့်သွား၏။ ယွမ်ချင်းမေ ဤမျှ အကြမ်းပတမ်း နိုင်ရခြင်းမှာ မဆန်းတော့ပေ၊ သူမသည် ရန်ဖြစ်မှုကြောင့် စခန်းသို့ပင် ရောက်ဖူးခဲ့သူဖြစ်သည်။
"သွားကြစို့၊ နင် ရှေ့ကလမ်းပြဦး"
ရှောင်ဖန်းက ယွမ်ချင်းမေ၏ တင်ပါးကို ရိုက်ရင်းပြောလိုက်၏။
"တော်စမ်းပါ"
********
အခန်း ၅၂ ထရပ်လာသောအလောင်း
ယွမ်ချင်းမေ၏ လမ်းပြမှုဖြင့် ရှောင်ဖန်းသည် ပထမမြေအောက်ထပ်သို့ ဆင်းသည့် လှေကားဝင်ပေါက်သို့ ရောက်လာခဲ့၏။
လှေကားထစ်များသည် အရံလမ်း၏ အခြားတစ်ဖက်စွန်းတွင် တည်ရှိရာ လမ်းပြမည့်သူမရှိပါက မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် လုံးဝ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။
ပထမမြေအောက်ထပ်သို့ ဆင်းပြီးနောက် အေးခဲသေဆုံးနေသော အမျိုးသားအလောင်း ခြောက်လောင်းကို တွေ့လိုက်ရသည်။
သို့သော် သူတို့၏ အဝတ်အစားကို ကြည့်ရခြင်းအားဖြင့် ရဲဝန်ထမ်းများ မဖြစ်နိုင်ပေ။
ထိုအရံလမ်း၏ အဆုံး၌ လက်နက်တိုက်ကို ရှာတွေ့ခဲ့သော်လည်း တံခါးမှာ သော့ခတ်ထား၏။
ရှောင်ဖန်းအတွက်ကဟင်းလင်းပြင်လက်ဝါး စွမ်းရည်ကို အသုံးပြုပြီး လက်နက်တိုက်တံခါးကို အတွင်းမှ ဖွင့်လိုက်သည်။
တံခါးပွင့်သွားသည်နှင့် လက်နက်တိုက်အတွင်း ကုလားထိုင်ပေါ်တွင် ထိုင်လျက် အေးခဲသေဆုံးနေသော ရဲဝန်ထမ်းအလောင်းတစ်လောင်း ရှိနေသည်ကို တွေ့လိုက်ရ၏။
တစ်ချက်ကြည့်ပြီးနောက် လက်နက်တိုက်အတွင်းသို့ ဝင်ကာ သေနတ်နှင့် ခဲယမ်းများကို စတင်ရှာဖွေတော့၏။
အချိန်အတော်ကြာ ရှာဖွေပြီးနောက် နေရာအများစုမှာ လုံးဝ ဗလာဖြစ်နေသည်ကို ရှောင်ဖန်း တွေ့လိုက်ရသည်။
နောက်ဆုံးတွင် သူသည် ပစ္စတိုတစ်လက်၊ ကျည်ဆန်နှစ်သေတ္တာ၊ ဒိုင်းတစ်ခုနှင့် နှိမ်နင်းရေး လျှပ်စစ်တုတ်တစ်ချောင်းသာ ရှာတွေ့ခဲ့၏။
ကြီးမားသော လက်နက်တိုက်တွင် ဤမျှနည်းပါးစွာပဲရှိသည်ကထူးဆန်းနေ၏။တစ်ခုခု ကျန်ခဲ့မလားဟု ဆက်လက်ရှာဖွေနေစဉ်ယွမ်ချင်းမေက ရုတ်တရက် အော်ဟစ်လိုက်၏။
"အဘိုးကြီးရှောင်၊ လာကြည့်ဦး၊ ဒီမှာ တစ်ခုခု ရေးထားတဲ့ စာရွက်တစ်ရွက် ရှိတယ်"
ရှောင်ဖန်း လျင်မြန်စွာ လျှောက်သွားရာ ယွမ်ချင်းမေက စာပွဲပေါ်ရှိ သွေးကွက်များ ပေကျံနေသော စာရွက်တစ်ရွက်ကို ဓာတ်မီးဖြင့် ထိုးပြနေသည်ကို မြင်လိုက်ရ၏။
စာရွက်ပေါ်တွင် စာသားအချို့ ရေးသားထားသည်။
ရှောင်ဖန်း ထိုစာရွက်ကို ကောက်ယူကာ ကြည့်လိုက်ရာခပ်စောင်းစောင်း လက်ရေးဖြင့်ရေးထား သောစာများကိုတွေ့လိုက်ရ၏။
ကျန်းနန်လူနေအိမ်ရာတွင် ဆူပူသောင်းကျန်းမှု ဖြစ်ပွားသည်။ စခန်းတစ်ခုလုံး လက်နက်ကိုင် အင်အားဖြည့်တင်းရန် သွားရောက်ကြပြီး ငါသည် အစောင့်ကျန်ရစ်ခဲ့၏။
လူတစ်ယောက် စခန်းထဲသို့ အတင်းဝင်ရောက်လာပြီး ဓားဖြင့် ခြိမ်းခြောက်ကာ လက်နက်တိုက်ကို ဖွင့်ခိုင်းသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် ငါ ဓားဖြင့် ထိုးခံရပြီး လက်နက်တိုက်ထဲသို့ ဝင်ပြေးခဲ့ရ၏။
ဒုတိယမြေအောက်ထပ် ကားပါကင်ကို သတိထားပါ။
ချန်ယုံ၏ နောက်ဆုံးစကား။
ရှောင်ဖန်း စာကို ဖတ်ပြီးနောက် သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူသည် ဓာတ်မီးဖြင့် အလောင်းကို စစ်ဆေးရာ ဝမ်းဗိုက်တွင် နက်ရှိုင်းသော ဒဏ်ရာနှစ်ခုကို တွေ့ရသဖြင့်၎င်းမှာဓားဖြင့်ထိုးခံရသည့်နေရာ ဖြစ်ပေမည်။
သူသည်တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့သော ရဲကောင်းတစ်ဦး ဖြစ်ပုံရ၏။
ကျန်းနန်လူနေအိမ်ရာမှာဘယ်လိုဆူပူသောင်းကျန်းမှုမျိုး ဖြစ်ပွားခဲ့လို့ ကျန်းပေ့ဘက်မှပါ အင်အားကူညီပေးခဲ့ရတာလဲ။
ပြီးတော့ ဒုတိယမြေအောက်ထပ် ကားပါကင်ကို သတိထားပါဆိုသည့် သူ၏ နောက်ဆုံးသတိပေးချက်က ဘာကို ဆိုလိုတာလဲ။
"ကျွန်မတို့ ဒုတိယမြေအောက်ထပ် ကားပါကင်ကို သွားကြည့်ကြမလား"
ယွမ်ချင်းမေက မေးလိုက်ရာရှောင်ဖန်းက ခေါင်းခါလျက် ပြောလိုက်သည်။
"ဟင့်အင်း၊ ငါတို့ ဒီကနေ ချက်ချင်း ထွက်သွားကြမယ်"
ထိုသို့ပြောပြီးနောက် သူသည် ယွမ်ချင်းမေကို ခေါ်ကာ လက်နက်တိုက်ထဲမှ ထွက်လာခဲ့၏။
သူတို့ လက်နက်တိုက်ထဲမှ ထွက်လာသည်နှင့် ရှောင်ဖန်း ချက်ချင်း ရပ်တန့်သွားရာ နောက်မှ လိုက်လာသော ယွမ်ချင်းမေလည်း ထိုနေရာတွင်တင် ကြောင်အမ်းစွာရပ်တန့်သွားသည်။
ယွမ်ချင်းမေသည် သူမ၏ မီးသတ်ပုဆိန်ကို တိုက်ခိုက်ရန်အနေအထားသို့ ချက်ချင်း ပြောင်းလဲလိုက်၏။
စင်္ကြံလမ်းတွင် အရိပ်အချို့ ရုတ်တရက် ပေါ်လာပြီး မတ်တတ်ရပ်နေကြ၏။
ရှောင်ဖန်းသည် တည်ငြိမ်စွာဖြင့် သူတို့ဆီသို့ ဓာတ်မီး ထိုးလိုက်သည်။
ထိုသူများသည် စောစောက ကြမ်းပြင်ပေါ်တွင် အေးခဲနေခဲ့သော အလောင်းများ ဖြစ်နေသည်ကို တွေ့ရသဖြင့် သူ ထိတ်လန့်သွားပြီးခန္ဓာကိုယ်ပေါ်ရှိ အမွေးအမှင်များ ထောင်ထလာသလို ပင်ခံစားလိုက်ရ၏။
၎င်းမှာ အလွန်ဆန်းကြယ်လှ၏။ အလောင်းများက အမှန်တကယ်ပင် သူတို့ဘာသာ မတ်တတ်ရပ်လာကြခြင်းဖြစ်သည်။
ယွမ်ချင်းမေလည်းပြဿနာကို သဘောပေါက်သွားပြီး သူမ၏ အသံမှာ အနည်းငယ် တုန်ရင်လျက်
"အဘိုးကြီးရှောင်၊ ငါတို့ ဘာလုပ်ကြမလဲ"
ယွမ်ချင်းမေသည် အသက်ရှင်နေသောလူများ၊ စွမ်းအားနိုးထလာသူများ၊သားရဲများနှင့် ရင်ဆိုင်ရလျှင်ပင် ကြောက်ရွံ့မည်မဟုတ်သော်လည်း ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းများဆန်းကြယ်စွာ မတ်တတ်ရပ်လာသည်ကို မြင်ရသဖြင့် သူမ၏ ရင်ထဲတွင် ထိတ်လန့်သွား၏။
ရှောင်ဖန်းသည် စိတ်ကို တည်ငြိမ်အောင် ထားကာ တိုးညှင်းသော အသံဖြင့် နှစ်သိမ့်လိုက်သည်။
"ခဏလေး၊ အခြေအနေက ဘာလဲဆိုတာ အရင်ကြည့်ရအောင်"
"ဘယ်သူလဲ၊ ထွက်ခဲ့"
ရှောင်ဖန်းက အလောင်းများဆီသို့ကြည့်၍ အော်ဟစ်လိုက်၏။
အလောင်းများ အကြောင်းရင်းမရှိဘဲ မတ်တတ်ရပ်လာမည်ဟု သူ မယုံကြည်ပေ။
ဖုတ်ကောင်တွေလား။မဖြစ်နိုင်ပေ။ သူတို့သာ ဖုတ်ကောင်များ ဖြစ်ပါကအစပိုင်းတွင် ကြမ်းပြင်ပေါ်မှာဘာလို့လဲနေခဲ့ကြတာလဲ။
သူ့ကို ခြုံခိုတိုက်ခိုက်ရန်လား။
ဖုတ်ကောင်များတွင် ထိုသို့လုပ်ရန် ဦးနှောက်ရှိမည် မဟုတ်ပေ။
၎င်း၏ နောက်ကွယ်တွင် သူ မသိသေးသော အရာတစ်ခု ရှိနေရပေမည်။
ရှောင်ဖန်းသည် အလောင်းများကို ထိန်းချုပ်နိုင်စွမ်းရှိသောသူတစ်ဦး နောက်ကွယ်တွင် ပုန်းအောင်းကာ ပြဿနာရှာနေသည်တွေးထင်နေမိသည်။
ရှောင်ဖန်း၏ အော်ဟစ်သံကို ဘာတုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ရှောင်ဖန်း ပစ္စတိုကို ထုတ်ကာ ကျည်ဆန်မောင်းတင်ပြီး အလောင်းတစ်လောင်းထံသို့ ကျည်ကတ်ကုန်သည်အထိ ပစ်ခတ်လိုက်၏။
ကျည်ဆန်ထိမှန်သော အလောင်းသည် အနည်းငယ် တုန်ခါသွားသည်မှလွဲ၍ အခြား ဘာတုံ့ပြန်မှုမျှ မရှိပေ။
ရှောင်ဖန်းသည် ယွမ်ချင်းမေကို ခေါ်ကာ အတင်းအကြပ် ဖြတ်ကျော်သွားရမလားဟု စဉ်းစားနေစဉ်ယွမ်ချင်းမေက ရုတ်တရက် အော်လိုက်၏။
"အဘိုးကြီးရှောင်၊ ကြည့်လိုက်ဦး၊ အဲ့ဒါ ဘာကြီးလဲ"
ယွမ်ချင်းမေ၏ ဓာတ်မီးရောင် အလင်းတန်းအတိုင်း ရှောင်ဖန်း လှမ်းကြည့်လိုက်ရာ ဦးရေပြား တဖျင်းဖျင်း ဖြစ်သွားစေမည့် မြင်ကွင်းကို မြင်လိုက်ရ၏။
နွယ်ပင်ငယ်လေးများကဲ့သို့သော အရာ အမြောက်အမြားသည် နံရံများနှင့် မျက်နှာကြက်များအတိုင်း သူတို့ရှိရာသို့တဖြည်းဖြည်း ပြန့်နှံ့လာနေ၏။
တစ်ချိန်တည်းမှာပင် လှုပ်ရှားမှုမရှိဘဲ မတ်တတ်ရပ်နေသော အလောင်းများသည်လည်း ရှောင်ဖန်းတို့ထံသို့ တဖြည်းဖြည်း ရွေ့လျားလာကြသည်ကိုတွေ့လိုက်ရသည်။
ဤအခြေအနေတွင် ရှောင်ဖန်း တွေးတောနေရန် အချိန်မရှိတော့ဘဲ ချက်ချင်းအော်ဟစ်လိုက်၏။
"ချင်းမေ၊ မင်းရဲ့ စွမ်းရည်ကို သုံးပြီး အပြင်ကို တိုးထွက်ကြစို့"
"ကောင်းပြီ၊ ကျွန်မနောက်ကနေ အနီးကပ် လိုက်ခဲ့"
ထို့နောက် ယွမ်ချင်းမေသည် သူမ၏ မီးသတ်ပုဆိန်ကို ဝှေ့ယမ်းကာ လေပွေတစ်ခုကဲ့သို့ ရှေ့သို့ တိုးထွက်သွားသည်။
ရှောင်ဖန်းသည် နောက်မှ လိုက်ပါရင်း လမ်းပိတ်နေသော အလောင်းများကို ဟင်းလင်းပြင်လက်ဝါး စွမ်းရည်ကို အဆက်မပြတ် သုံး၍ ဆွဲထုတ်ကာ လွှင့်ပစ်လိုက်၏။
ထို့နောက်သူတို့နှစ်ဦးသည် အပေါ်သို့ တက်သည့် လှေကားထစ်ဆီသို့ တစ်ဟုန်ထိုး ပြေးတက်ခဲ့ကြ၏။
ထိုအချိန်တွင် အောက်ထပ်လှေကားမှ အပေါ်သို့အဆက်မပြတ်တက်လာသော လိမ်တွန့်နေသော နွယ်ပင်ငယ်လေးများကဲ့သို့သော အရာများကို ရှောင်ဖန်း မြင်လိုက်ရ၏။
ထိုနွယ်ပင်ငယ်လေးများသည် လူသားတို့၏ တည်ရှိမှုကို အာရုံခံနိုင်ပုံရပြီး အားလုံးမှာ ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့ဆီသို့ ဦးတည်လာကြခြင်းဖြစ်သည်။
ဤသည်ကို မြင်လျှင် ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့ ပထမထပ်သို့ အမြန် ပြေးတက်ခဲ့ကြ၏။
ပထမထပ် လှေကားထစ်တွင် ရှောင်ဖန်းသည် သူ၏ဟင်းလင်းပြင်သိုလှောင်မှုထဲမှ တစ်ကိုယ်ရေသုံး ပစ္စည်းများ၊ အနှီးများနှင့် မီးလောင်လွယ်သော ပစ္စည်း အမြောက်အမြားကို ထုတ်ကာ အောက်သို့ ပစ်ချလိုက်သည်။
ထို့နောက် သူသည် အရက်ပုလင်း အများအပြားကို ထုတ်ကာ ၎င်းတို့အပေါ်သို့ ပက်ဖျန်း၍မီးရှို့ပြီးနောက် ရှောင်ဖန်းသည် ယွမ်ချင်းမေကို ခေါ်ကာ ငါးလွှာသို့ အမြန် တက်ခဲ့ကြ ၏။
ရဲစခန်းမှ ထွက်လာပြီးနောက်သူတို့သည်ခရီးကြမ်းမောင်း ကားကြီးဆီသို့ တစ်ဟုန်ထိုး ပြေးခဲ့ကြသည်။
ကားထဲသို့ ရောက်သောအခါမှသာ သူတို့နှစ်ဦး သက်ပြင်းချနိုင်တော၏။
သူတို့၏ ပုံစံကို မြင်လျှင် ကျူချမ်းချမ်းကထိတ်လန့်စွာမေးလိုက်၏။
"ဘာဖြစ်ခဲ့တာလဲ"
ရေသန့်တစ်ပုလင်း သောက်ပြီးနောက် ယွမ်ချင်းမေသည် သူတို့ ခုနက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို အသေးစိတ် ပြန်ပြောပြတော့၏။
၎င်းတို့ထဲတွင် ရှောင်ဖန်းပင် သတိမထားမိခဲ့သော အသေးစိတ် အချက်တစ်ခု ပါဝင်နေ၏။ ယွမ်ချင်းမေသည် ထိုအလောင်းများ၏ ခန္ဓာကိုယ်များက ထိုနွယ်ပင်ငယ်လေးများနှင့် ဆက်သွယ်နေ မြင်ခဲ့ရခြင်း ဖြစ်သည်။
"ချင်းမေ၊ မင်းပြောတာ တကယ်ပဲလား"
ရှောင်ဖန်းက သေချာအောင်ပြန်မေးလိုက်၏။
"ဟုတ်တယ်၊ ကျွန်မစွမ်းအားသုံးပြီး ရှေ့ကနေ ပြေးတုန်းက ရှင်လွှင့်ပစ်လိုက်တဲ့ အလောင်းတွေရဲ့ ခြေထောက်မှာ နွယ်ပင်အသေးလေးတစ်ပင်စီ ဆက်နေတာကို မြင်ခဲ့တယ်"
ယွမ်ချင်းမေက အတိအကျပင်ပြန် ပြောလိုက်၏။
"ဒါဆိုရင် ဒီနွယ်ပင်တွေက အလောင်းတွေကို ထိန်းချုပ်နေတာပေါ့၊ ဒါကဘယ်လိုဟာတွေလဲ"
ရှောင်ဖန်း မျက်မှောင်ကြုတ်ပြီးခေတ္တမျှ တိတ်ဆိတ်သွားချိန်တွင်ယွဲ့ဟွာက ရုတ်တရက် ပြောလိုက်၏။
"အဘိုးကြီးရှောင်၊ ကျွန်မအရင်က ပြောခဲ့တဲ့ ဖုတ်ကောင်မှို ကို မှတ်မိလား"
ရှောင်ဖန်းက ယွဲ့ဟွာကို မော့ကြည့်ကာ ပြောလိုက်သည်။
"မှတ်မိတာပေါ့၊ မင်းပြောချင်တာက ငါတို့ ဖုတ်ကောင်မှို နဲ့ တွေ့ခဲ့တာလား"
"မဟုတ်ဘူး၊ဖုတ်ကောင်မှိုက အသက်ရှင်နေတဲ့ ယုန်တွေကိုပဲ ထိန်းချုပ်နိုင်တာ၊ ပြီးတော့ မှိုမျှင်စုတွေနဲ့ ဆက်သွယ်ပြီး ထိန်းချုပ်ဖို့လည်း မလိုဘူး၊ ဒါက မျိုးဗီဇပြောင်းလဲမှုတစ်ခု ဖြစ်ရမယ်"
"ဒါဆိုရင် ဒီဟာက တကယ့်ကို ကြောက်စရာကောင်းတာပဲ၊ အကယ်၍ ဒါက ဆက်ပြီး ပြန့်နှံ့နေမယ်ဆိုရင် ကမ္ဘာမြေကြီးတစ်ခုလုံး ပျက်စီးသွားမှာ မဟုတ်ဘူးလား"
ဖန်ချင်းယွီက သူမ၏ ရင်ဘတ်ကိုဖိရင်း စိုးရိမ်တကြီး ပြောလိုက်၏။
"စိတ်မပူပါနဲ့၊ တကယ်လို့သူက ထိန်းချုပ်ဖို့ မှိုမျှင်စုတွေကို အားကိုးနေရတယ်ဆိုရင် သူ့ရဲ့ အတိုင်းအတာက သိပ်မကျယ်ပြန့်နိုင်ဘူး၊ အလွန်အမင်း စိုးရိမ်နေဖို့ မလိုပါဘူး၊ ငါ့အထင်တော့ သူ့ရဲ့ အတိုင်းအတာက အဲ့ဒီရဲစခန်း အတွင်းထဲမှာတင်ပဲ ဖြစ်လိမ့်မယ်"
"ထားလိုက်တော့၊ ဒါ ငါတို့နဲ့ မဆိုင်ဘူး၊ ငါတို့ ဒီကနေ ထွက်သွားဖို့ပဲ လိုတယ်"
ရှောင်ဖန်း ကားစက်နှိုးရင်း ပြောလိုက်၏။
*********