အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အခန်း (၅၇) ထောင်ချောက်လား
နောက်ရက်အနည်းငယ်အတွင်း၌ရှောင်ဖန်းသည် အိပ်ချိန်မှလွဲ၍ နေ့ရောညပါ တိုက်ခိုက်ရေးလေ့ကျင့်မှုများဖြင့် အချိန်ကုန်ဆုံးခဲ့ရာ ကဏ္ဍစုံတွင် သူ၏ စွမ်းရည်များမှာ လျင်မြန်စွာ တိုးတက်လာခဲ့၏။
အထူးသဖြင့် သူ၏ ဓားသိုင်းစွမ်းရည်မှာ သိသိသာသာ ပြောင်းလဲလာခဲ့၏။
မူလက ယွမ်ချင်းမေ၏ တိုက်ခိုက်မှုကိုသာ ခံခဲ့ရသော်လည်း ယခုအခါတွင်မူ သူ၏ အားကောင်းသော အရည်အချင်းများကို အခြေခံ၍ သူမနှင့် အပြန်အလှန် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
သို့သော်လည်း ထိုအခြေအနေသည် မိမိ၏ အကန့်အသတ်ဖြစ်ကြောင်း ရှောင်ဖန်း ကောင်းစွာ သိရှိ၏။
ယွမ်ချင်းမေ၏ လက်နက်ကျွမ်းကျင်မှု အဆင့်မှာသူမ၏ ဖြစ်တည်မှုအမျိုးအစားနှင့်အတူ ပါလာသော ပင်ကိုယ်စွမ်းရည်တစ်ခု ဖြစ်သည်။
ရှောင်ဖန်းသည် မိမိကိုယ်တိုင် လေ့ကျင့်ရုံသာမက အမျိုးသမီးများကိုလည်း မြေအောက်ထပ်တွင် နေ့စဉ် အချိန်အတိုင်းအတာတစ်ခုအထိ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် တောင်းဆိုခဲ့၏။
ထိုသို့ ပြုလုပ်မှသာ ၎င်းတို့၏ ကြွက်သားများနှင့် ခန္ဓာကိုယ် ညှိနှိုင်းဆောင်ရွက်မှုများသည် တိုးတက်လာသော စွမ်းရည်များနှင့်အတူ နောက်ကျကျန်ခဲ့မည်မဟုတ်ပေ။
ထို့အပြင် ယွမ်ချင်းမေကို၎င်းတို့အားလက်နက်အသုံးပြုနည်း အချို့ကို သင်ကြားပေးရန်လည်း တာဝန်ပေးခဲ့သည်။
အချို့သော အခြေအနေများတွင် ပင်ကိုယ်စွမ်းရည်များကို အသုံးပြု၍ မရနိုင်ပါက အခြားသော အတတ်ပညာတစ်ခုခုကိုတတ်မြောက်ထားမှ ၎င်းတို့၏အသက်ကို ကယ်ဆယ်နိုင်မည် ဖြစ်သည်။
နေ့စဉ် စနစ်တကျ စီမံကိန်းချထားခြင်းကြောင့် ရှောင်ဖန်း၏ ဘဝသည် တစ်ရက်ထက်တစ်ရက် ပိုမို အဆင်ပြေချောမွေ့လာခဲ့၏။
ညတစ်ညတွင် ရှောင်ဖန်းသည် ကုတင်ပေါ်၌ မျက်လုံးမှိတ်၍ သက်တောင့်သက်သာနားနေရာမှရုတ်တရက်ထထိုင်လိုက်သဖြင့် အနီးနားတွင် အလုပ်ရှုပ်နေသော ဖန်ချင်းယွီနှင့် ကျူချမ်းချမ်းတို့ပင်လန့်ဖျပ်သွားကြ၏။
ထို့နောက်ရှောင်ဖန်းသည် ကုတင်ပေါ်မှ အမြန်ဆင်းကာ အောက်ထပ်သို့ ပြေးဆင်းသွားခဲ့သည်။
မကြာမီပင် သူသည် စံအိမ်၏ ပင်မတံခါးဝသို့ ရောက်ရှိသွား၏။
တံခါးနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အရာဝတ္ထုတစ်ခုက တံခါးကို ပြင်းထန်စွာ ရိုက်ခတ်မိသံ ကြားလိုက်ရသည်။
ထို့နောက် ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွား၏။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ရှောင်ဖန်းသည် တံခါးကို ဖွင့်လိုက်ပြီး မြေပြင်ပေါ်မှ ပလတ်စတစ်အိတ်တစ်အိတ်ကို ကောက်ယူလိုက်သည်။
တံခါးကို ပြန်ပိတ်ပြီးနောက် ရှောင်ဖန်းသည် ထိုပလတ်စတစ်အိတ်ကို ကိုင်ကာ အသေအချာ စစ်ဆေးကြည့်ရာ အတွင်း၌ စာသားအချို့ ရေးသားထားသော စာရွက်တစ်ရွက်ကို တွေ့ရှိရ၏။
သို့သော်လည်း ရှောင်ဖန်းသည် အိတ်ကို ဖွင့်မကြည့်ဘဲ ပလတ်စတစ်အိတ်ကို ဖြတ်၍သာ ဖတ်ရှုလိုက်သည်။
စာရွက်ပေါ်တွင် ရေးသားထားသည်မှာ အောက်ပါအတိုင်း ဖြစ်၏။
"မင်း စောင့်ကြည့်ခံနေရပြီ၊ ဘယ်သူလဲဆိုတာ သိချင်ရင် အစားအသောက်တွေကို စံအိမ်အမှတ် ၆ ဆီ ယူလာပြီး လဲလှယ်ပါ"
ရှောင်ဖန်းသည် မျက်မှောင်ကြုတ်လျက် လက်ထဲမှ ပလတ်စတစ်အိတ်ကို ဖြည်းညှင်းစွာ လှုပ်ခါနေမိသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က ရှောင်ဖန်းသည် စကားပြောဆိုလျက် ပျော်ရွှင်နေစဉ် စနစ်က ရုတ်တရက် စံအိမ်အနီးသို့ လူအချို့ ချဉ်းကပ်လာကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ရှောင်ဖန်းသည် စနစ်မှ ပံ့ပိုးပေးထားသော ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် စောင့်ကြည့်ကင်မရာကို အသုံးပြု၍ ပြင်ပအခြေအနေကို ချက်ချင်း စစ်ဆေးခဲ့၏။
သူသည် လုံခြုံအောင် ဝတ်ထားသော လူရိပ်နှစ်ခု မိမိစံအိမ်တံခါးဝသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ရှောင်ဖန်းသည် အပေါ်ထပ်မှ ချက်ချင်း ပြေးဆင်းလာခဲ့ခြင်း ဖြစ်သည်။
သူသည် တံခါးနောက်ကွယ်မှရပ်၍ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့၏။
ထိုလူနှစ်ဦးအနက် တစ်ဦးက တံခါးဝတွင် ပလတ်စတစ်အိတ်ကို ချထားခဲ့ပြီး ကျောက်ခဲကြီးတစ်လုံးဖြင့် တံခါးကို ထုရိုက်ကာ ချက်ချင်းပင် လှည့်ပြေးသွားကြသည်။
ရှောင်ဖန်းသည် ထိုစာပါအကြောင်းအရာကို စဉ်းစားနေစဉ်အတွင်း ယွမ်ချင်းမေနှင့် အခြားသူများသည်လည်း အောက်ထပ်သို့ ဆင်းလာကြ၏။
ဖန်ချင်းယွီသည် ရေချိုးတဘက်ကို ယူဆောင်လာပြီး ရှောင်ဖန်း၏ ပုခုံးပေါ်သို့ ခြုံပေးကာ စိတ်ပူပန်သော အသံဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
ရှောင်ဖန်းသည် ဆိုဖာဆီသို့ လျှောက်သွားကာ ထိုင်လိုက်ပြီး စာပွဲပေါ်သို့ ပလတ်စတစ်အိတ်ကို ပစ်တင်လိုက်ရင်း ပြော၏။
"မင်းတို့ဘာသာပဲ ကြည့်လိုက်ကြ"
ကျူချမ်းချမ်းက ထိုအိတ်ကို ပထမဆုံး ကောက်ယူဖတ်ရှုပြီးနောက် ဘေးနားရှိ ယွမ်ချင်းမေထံသို့ ကမ်းပေးလိုက်သည်။
မကြာမီပင် အမျိုးသမီးအားလုံး စာရွက်ထဲမှ အကြောင်းအရာကို သိရှိသွားကြ၏။
"အိုး... အဘိုးကြီးရှောင်၊ ရှင် မျက်နှာပျက်နေတာ ကြည့်ရတာ စိတ်ပျက်စရာကြီး၊ မနက်ဖြန်ကျရင် ကျွန်မတို့နှစ်ယောက် စံအိမ်အမှတ် ၆ ကို အတူတူသွားပြီး အဲဒီလူတွေကို ဖမ်းဆီးပြီးတော့ စစ်ဆေးမေးမြန်းကြတာပေါ့၊ ကျွန်မတို့ကို ဘယ်သူ စောင့်ကြည့်နေလဲဆိုတာ သိရတာပေါ့"
"ပြီးတော့...ကျွန်မတို့ကို စောင့်ကြည့်နေတဲ့သူတွေရဲ့ တံခါးဝအထိ လိုက်သွားပြီး အကုန်လုံးကို ဓားနဲ့ ခုတ်သတ်ပစ်မယ်" ဟု ယွမ်ချင်းမေက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
ရှောင်ဖန်းသည် လူသတ်ရန် အမြဲအဆင်သင့်ဖြစ်နေပြီး မဆင်မခြင် ပြုမူတတ်သော ယွမ်ချင်းမေကို ကြည့်ကာ စကားမဲ့သွားရသည်။
သူမသည်စွမ်းအားနိုးထလာပြီးနောက်ပိုင်း အရာရာကို ဓားဖြင့် ဖြေရှင်း ရန်သာ စဉ်းစားနေ၏။
အကယ်၍ အရာအားလုံးကို လက်နက်ဖြင့် ဖြေရှင်းနိုင်ပါက ဤကမ္ဘာပျက်ကပ်သည် ကနဦးကတည်းက ဖြစ်လာစရာ အကြောင်းမရှိပေ။
"ချင်းမေ... အခြေအနေက အဲဒီလောက် မရိုးရှင်းဘူး၊ ပထမဆုံးအနေနဲ့ ဒီဟာက ထောင်ချောက်တစ်ခု ဖြစ်နိုင်မလားဆိုတာ စဉ်းစားရမယ်၊ အဲဒီနောက်မှ စာထဲက အကြောင်းအရာ မှန်၊ မမှန်ကို ဆုံးဖြတ်ရမယ်" ဟု ယွဲ့ဟွာက တည်ငြိမ်စွာ ပြောလိုက်၏။
"ဟုတ်တယ်၊ သူတို့မှာ အစီအစဉ်တစ်ခုခု ရှိနေတာ သေချာတယ်၊ သတင်းပို့တဲ့သူ နှစ်ယောက်ကို ဒီဘက်ရောက်လာအောင် လှည့်စားဖို့ နည်းလမ်းရှာရင် မကောင်းဘူးလား၊ ကျွန်မ သူတို့ကို ထိန်းချုပ်လိုက်တာနဲ့ အမှန်အတိုင်း အကုန် ဝန်ခံလာလိမ့်မယ်" ဟု ကျူချမ်းချမ်းက ဘေးမှ အကြံပြုသည်။
"ဒါက ဘယ်လို အကြံဉာဏ်လဲ၊ သူတို့မှာ အစီအစဉ် ရှိနေရင် မင်းရဲ့ လှည့်စားမှုကို ဒီလောက် အလွယ်တကူ ခံပါ့မလား" ဟု ယွမ်ချင်းမေက မကျေမနပ်ဖြင့် ပြန်ပြော၏။
အခြားသူများ ငြင်းခုံနေကြသည်ကို မြင်သော်လည်း ဖန်ချင်းယွီသည် စကားမပြောဘဲ မီးဖိုချောင်သို့ သွားကာ သစ်သီးအချို့ကို လှီး၍ ယူဆောင်လာခဲ့သည်။
"ကျွန်မကတော့ အဘိုးကြီးရှောင် ပြောတာကို နားထောင်သင့်တယ်လို့ ထင်တယ်" ဟု ဖန်ချင်းယွီက ပြောပြီးနောက် သစ်သီးတစ်စိပ်ကို ရှောင်ဖန်း၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်၏။
ရှောင်ဖန်းသည် သစ်သီးကို စားပြီးနောက် ပြောလိုက်သည်။
"ဒီစာထဲက အချက်အလက်တွေကို သုံးသပ်ရရင် ဒီနယ်မြေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ အများကြီး ရှိနေတာ သေချာတယ်၊ အနည်းဆုံးတော့ အုပ်စုတစ်စု၊ အဲဒီထက်မက ရှိနိုင်တယ်"
"ဒီစာက ထောင်ချောက်တစ်ခုတော့မဖြစ်နိုင်ဘူးလို့ ငါထင်တယ်"
"တကယ်လို့ မင်းက တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချင်ရင် ရန်သူကို ကြိုတင် သတိပေးပါ့မလား"
ထိုစကားကို ကြားသောအခါ အမျိုးသမီးများအားလုံး ခေါင်းခါပြကြ၏။
ရှောင်ဖန်း ဤသို့ ဆုံးဖြတ်ရခြင်းမှာ သူ၏ အပန်းဖြေစံအိမ်သည် ပြုပြင်မွမ်းမံထားသည်ကိုအခြားသူများ မသိရှိနိုင်သောကြောင့် ဖြစ်သည်။
သူ့ကို အမှန်တကယ် တိုက်ခိုက်လိုသူဖြစ်ပါကတိတ်တဆိတ် ဝင်ရောက်ပြီး အလစ်အငိုက် တိုက်ခိုက်ရမည် ဖြစ်ပြီး ဤကဲ့သို့စာပေးပို့ပြီး ထောင်ချောက်ဆင်ခြင်းမျိုး ပြုလုပ်မည် မဟုတ်ပေ။
ထို့ကြောင့် ရှောင်ဖန်းသည် ထိုလူနှစ်ဦးမှာ အစားအစာရရှိရန်အတွက်သာအချက်အလက်များကို လာရောက် လဲလှယ်ခြင်း ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
"မနက်ဖြန်မနက်ကျရင် ချင်းမေနဲ့ငါစံအိမ်အမှတ် ၆ ကို သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ စစ်ဆေးမယ်" ဟု ရှောင်ဖန်းက ပြတ်သားသော လေသံဖြင့် ပြောလိုက်၏။
နောက်တစ်နေ့ နံနက်စောစောတွင်ရှောင်ဖန်းသည် အိပ်ရာမှထကာ နံနက်စာ သုံးဆောင်ပြီးနောက်ယွမ်ချင်းမေကို ခေါ်ဆောင်၍ စံအိမ်အမှတ် ၆ တွင် အခြေအနေ မည်သို့ရှိသည်ကို သွားရောက် စစ်ဆေးရန် ပြင်ဆင်လိုက်၏။
သို့သော်အပြင်သို့ မထွက်ခွာမီ ရှောင်ဖန်းသည် ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွားသည်။
ထို့ကြောင့် သူသည် စနစ်အရောင်းဆိုင်ကို ဖွင့်လှစ်ကာ ပိုလီမာ တိုက်ခိုက်ရေးဝတ်စုံ နှစ်စုံကို လဲလှယ်လိုက်၏။
ထိုပစ္စည်းသည် စနစ်အရောင်းဆိုင်စတင်ပေါ်ပေါက်ကတည်းက ရှောင်ဖန်းသည် အရေးပေါ်အခြေအနေများအတွက် စနစ်မှတ်များကို စုဆောင်းထားလိုသဖြင့် လဲလှယ်ရန် ဝန်လေးနေခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်မူ သူ၌ စနစ်မှတ်များစွာ ရှိနေပြီဖြစ်သောကြောင့် ၎င်း၏ စွမ်းဆောင်ရည်ကို စစ်ဆေးရန်အတွက် နှစ်စုံကို လဲလှယ်လိုက်ခြင်း ဖြစ်၏။
မကြာမီပင် အနက်ရောင် တိုက်ခိုက်ရေးဝတ်စုံ နှစ်စုံသည် ရှောင်ဖန်း၏ လက်ထဲသို့ ရောက်ရှိလာသည်။
ရှောင်ဖန်းသည် ၎င်းတို့ကို လက်ဖြင့် ကိုင်တွယ်ကြည့်ရာ အလွန်ပေါ့ပါးပြီး အလေးချိန် လုံးဝမရှိသလောက် ဖြစ်နေသည်ကို တွေ့ရ၏။
ထို့နောက် ရှောင်ဖန်းသည် စနစ်အား ထိုတိုက်ခိုက်ရေးဝတ်စုံ၏ လုပ်ဆောင်ချက်များနှင့် အာနိသင်များကို ရှင်းပြခိုင်းလိုက်သည်။
ရှင်းလင်းချက်ကို ကြားရသောအခါ ရှောင်ဖန်းသည် အလွန်အမင်း အံ့အားသင့်သွားပြီး ၎င်းတို့ကို စောစောစီးစီး မလဲလှယ်ခဲ့မိခြင်းအတွက် နောင်တရမိသွား၏။
ဤတိုက်ခိုက်ရေးဝတ်စုံ နှစ်စုံသည် ဝတ်ဆင်သူ၏ ခန္ဓာကိုယ်အချိုးအစားအလိုက် အရွယ်အစားကို အလိုအလျောက် ညှိနှိုင်းပေးနိုင်ပြီး ခြောက်သွေ့ကာ အပူချိန်ကို အမြဲတမ်း ထိန်းသိမ်းပေးသဖြင့် ဝတ်ဆင်သူအား သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
ထိုအချက်ထက် ပိုမို အရေးကြီးသည်မှာ ပိုလီမာပစ္စည်းဖြင့် ပြုလုပ်ထားသော တိုက်ခိုက်ရေးဝတ်စုံများသည် ကျည်ကာစနစ်နှင့် ဓားဒဏ်ခံစနစ်များ ပါဝင်ခြင်း ဖြစ်၏။
ကျည်ကာစနစ်သည် အဝေးပစ် စနိုက်ပါရိုင်ဖယ်ကဲ့သို့ ပြင်းထန်သော ကျည်ဆန်များကို မတားဆီးနိုင်သော်လည်း ရှောင်ဖန်းကိုမူ အလွန် ဝမ်းမြောက်စေခဲ့သည်။
"ရော့... ချင်းမေ၊ ဒါကို ဝတ်ဆင်လိုက်"
ရှောင်ဖန်းကဝတ်စုံတစ်စုံကို ယွမ်ချင်းမေထံသို့ ကမ်းပေးလိုက်၏။
ယွမ်ချင်းမေသည် ပေါ့ပါးလွန်းသောလက်ထဲမှ ဝတ်စုံကို ကြည့်ကာ သံသယစိတ်ဖြင့် မေးလိုက်သည်။
"အဘိုးကြီးရှောင်... ကျွန်မတို့ အပြင်သွားကြမလို့ မဟုတ်ဘူးလား၊ ရှင်က ဘာလို့ ကျွန်မကို ကော့စပလေး ဝတ်ခိုင်းပြန်တာလဲ"
"ဘာကော့စပလေးလဲ၊ မင်း ဘာတွေ လျှောက်တွေးနေတာလဲ၊ ဒါက တိုက်ခိုက်ရေးဝတ်စုံ"
ရှောင်ဖန်းက ယွမ်ချင်းမေ၏ နဖူးကို လက်ဖြင့်ဖြည်းညှင်းစွာ တောက်လိုက်ရင်း ပြောလိုက်၏။
ယွမ်ချင်းမေ ဝတ်ဆင်ပြီးနောက် ပိုလီမာ တိုက်ခိုက်ရေးဝတ်စုံသည် ခန္ဓာကိုယ်အချိုးအစားအလိုက် လျင်မြန်စွာ ကျုံ့သွားပြီး သူမ၏ ခန္ဓာကိုယ်နှင့်ကွက်တိဖြစ်သွား၏။
ခဏချင်းအတွင်းမှာပင် သူမ၏ ကိုယ်လုံးကိုယ်ထည် အလှတရားသည် အထင်အရှား ပေါ်ထွက်လာသဖြင့် ရှောင်ဖန်းပင် စိတ်အာရုံ အနည်းငယ် လွင့်ပျံ့သွားရ၏။
၎င်းက တိုက်ခိုက်ရေးဝတ်စုံပဲလား။ဤမျှအထိ ဆွဲဆောင်မှုရှိနေရန် လိုအပ်သလောဟု သူ တွေးလိုက်မိသည်။
"ချင်းမေ... မင်း ဝတ်ရတာ အဆင်မပြေဘူးလား၊ အရမ်းကျပ်နေသလား"
ရှောင်ဖန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
ယွမ်ချင်းမေသည် မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးရင်း ခန္ဓာကိုယ်ကို လှုပ်ခါကာ ပြန်ပြောသည်။
"အရမ်း ကောင်းတယ်၊ လုံးဝ မကျပ်ဘူး၊ တော်တော်လေး သက်တောင့်သက်သာ ရှိတယ်"
ရှောင်ဖန်းသည် မိမိကိုယ်တိုင် ဝတ်ဆင်ရန်အွက် ဝေခွဲမရ ဖြစ်နေ၏။ အကယ်၍ သူ၏ ကိုယ်လုံးကိုယ်ထည်သည်လည်း ဤကဲ့သို့ ပေါ်ထွက်နေမည်ဆိုပါက သူ ဝတ်ဆင်လိုစိတ် မရှိပေ။အ ကြောင်းမှာအမျိုးသားတစ်ဦးအတွက် ဤကဲ့သို့ ဖြစ်နေခြင်းသည် ကြည့်ရဆိုးစေနိုင်သည်သူထင်သောကြောင့်ဖြစ်သည်။
သို့သော်လည်း တိုက်ခိုက်ရေးဝတ်စုံ၏ ထူးကဲသော စွမ်းဆောင်ရည်များကြောင့် ရှောင်ဖန်းသည် နောက်ဆုံးတွင် ဝတ်ဆင်ရန် ဆုံးဖြတ်လိုက်၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်ဖန်း ဝတ်ဆင်လိုက်ချိန်ယွမ်ချင်းမေကဲ့သို့ ကျပ်မနေဘဲ သင့်တော်ရုံသာ လျော့ရဲနေသဖြင့် ရှောင်ဖန်းအား ပိုမို ရဲရင့်ထက်မြက်သော ပုံစံ ပေါက်စေသည်။
ထို့နောက် ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့သည် တိုက်ခိုက်ရေးဝတ်စုံအပေါ်မှ ဖွေးဆွတ်နေသောအအေးဒဏ်ခံဝတ်စုံများကို ထပ်ဝတ်ကာ အပြင်သို့ထွက်လာခဲ့ကြ၏။
*********
အခန်း (၅၈) မျှော်လင့်သလိုမဟုတ်ခြင်း
အပန်းဖြေအိမ်အမှတ် ၆ သည် ရှောင်ဖန်းတို့ နေထိုင်သော အိမ်နှင့် သိပ်မဝေးဘဲ မီတာငါးဆယ်ခန့်သာ ကွာဝေး၏။
ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့သည်အိမ်အမှတ် ၆ ၏ တံခါးဝသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
တံခါးဝရှိ ဆီးနှင်းများကို အကြမ်းဖျင်း ဖယ်ရှားထားသည်ကို မြင်ရသဖြင့် အတွင်း၌ လူနေထိုင်ကြောင်း သိရှိလိုက်၏။
တံခါးဝရှိ စောင့်ကြည့်ကင်မရာကို တစ်ချက်ကြည့်ပြီးနောက်ဟင်းလင်းပြင်လက်ဝါး စွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ အတွင်းမှ တံခါးကို ဖွင့်လိုက်သည်။
တံခါးပွင့်သွားသောအခါ ရှောင်ဖန်းသည် ထိုအိမ်၏ တံခါးဝပုံစံကို အတော်လေး စိတ်ဝင်စားသွား၏။ သာမန်ဟု ထင်ရသော တံခါးကြီးမှာ အထူးပြုလုပ်ထားခြင်း ဖြစ်ပြီး ယင်း၏ အထူမှာ သာမန်တံခါးများထက် များစွာ ထူထဲသည်။
၎င်းသည် ဝမ်ပေါင်၏ လုံခြုံသော အိမ်တံခါးနှင့် အနည်းငယ် ဆင်တူသော်လည်း အရည်အသွေးမှာ ဝမ်ပေါင်၏ တံခါးထက် များစွာ သာလွန်၏။ထိုအိမ်သည်လည်း လုံခြုံသောအိမ်တစ်ခု ဖြစ်နိုင်မလားဟု ရှောင်ဖန်း စိတ်ထဲမှ တွေးတောနေမိသည်။
စံအိမ်အတွင်းသို့ ဝင်ရောက်လိုက်သောအခါ အလင်းရောင် အနည်းငယ်မျှ မရှိဘဲ မှောင်မည်းနေ၏။
"အဘိုးကြီးရှောင်... အတွင်းကလူတွေ အခုထိ အိပ်နေတုန်း ထင်တယ်"
ယွမ်ချင်းမေက သူမ၏ လက်နှိပ်ဓာတ်မီးဖြင့် ပတ်ဝန်းကျင်ကို ထိုးကြည့်ရင်း ပြောလိုက်သည်။
"ဒီလောက် အေးနေတာ အိပ်တာကလွဲလို့ ဘာလုပ်နိုင်ဦးမှာလဲ" ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်၏။
ပထမထပ် ဧည့်ခန်းကို စစ်ဆေးပြီးနောက် ရှောင်ဖန်းသည် ယွမ်ချင်းမေကို ခေါ်ဆောင်ကာ ဒုတိယထပ်သို့ တက်လာခဲ့သည်။
ဒုတိယထပ်တွင်လည်း ရှောင်ဖန်းတို့သည် လူတစ်ဦးတစ်ယောက်ကိုမျှ ရှာမတွေ့ခဲ့ကြချေ။
"အဘိုးကြီးရှောင်... ကျွန်မတို့ လှည့်စားခံလိုက်ရတာလား"
"မဟုတ်ဘူး... အပေါ်ထပ်က အိပ်ခန်းတွေကို ကြည့်လိုက်ဦး... ဘာပြဿနာတွေ တွေ့လဲ" ရှောင်ဖန်းက အိပ်ခန်းတစ်ခုအတွင်းသို့ လက်ညှိုးထိုးပြ၏။
"ဒီအိမ်က ဓားပြတိုက်ခံထားရတဲ့အတိုင်းပဲ... အလှဆင်ထားတာတွေလည်း ပျက်စီးနေပြီး ပရိဘောဂတွေလည်း မရှိတော့ဘူး... ကုတင်ဆိုရင်လည်း မမှတ်မိအောင်ကို ဖြုတ်ပစ်ထားတာပဲ" ဟု ယွမ်ချင်းမေက ခေါင်းယမ်းလျက် ပြောလိုက်သည်။
ထို့နောက် ယွမ်ချင်းမေ၏ မျက်လုံးများ တောက်ပသွား၏။
"ဝါး... ကျွန်မ သဘောပေါက်သွားပြီ... ဒီအိမ်ကလူတွေ ပြင်းထန်တဲ့ အချစ်ပွဲ ဆင်နွှဲခဲ့ကြတာ ထင်တယ်... လန်းလိုက်တာ... အိပ်ခန်းကြီး ဒီလိုဖြစ်သွားတဲ့အထိ အားရပါးရလုပ်ခဲ့ကြပုံပဲ"
ထိုစကားကို ကြားသောအခါ ရှောင်ဖန်းမှာ မနိုင် တော့ဘူးဟူသည့်ပုံဖြင့် ခေါင်းသာယမ်းနေမိတော့သည်။ယွမ်ချင်းမေ၏ ခေါင်းထဲတွင်ညစ်ညမ်းမှုများဖြင့်သာ ပြည့်နှက်နေသဖြင့် သူမအား ကယ်ဆယ်ရန် မဖြစ်နိုင်တော့ပေ။
"သွားကြစို့"
"ဘယ်လဲ"
ယွမ်ချင်းမေက သူ၏နောက်သို့ အမီလိုက်ရင်း မေးသည်။
"လူရှာမလို့"
ရှောင်ဖန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
နောက်ဆုံးတွင် ရှောင်ဖန်းသည် အိမ်အမှတ် ၆ ၏ မြေအောက်ဒုတိယထပ်၌ တော်ရုံလူသတိမထားမိနိုင်သော တံခါးတစ်ခုကို ရှာတွေ့ခဲ့၏။ဟင်းလင်းပြင်လက်ဝါး စွမ်းရည်ကို အသုံးပြု၍ တံခါးကို ဖွင့်လိုက်သောအခါ အောက်ထပ်သို့ ဆင်းသွားသော လှေကားထစ်တစ်ခု ပေါ်လာ၏။
လှေကားအောက်ခြေမှ မှိန်ပျပျအလင်းရောင်နှင့် နွေးထွေးမှုအချို့ လွင့်ပျံ့လာ၏။
"ချင်းမေ... လမ်းပြဦး... သတိထားနော်... ။အန္တရာယ်ရှိရင် မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကို ချက်ချင်းသုံး"
ရှောင်ဖန်းက သူ၏နောက်ရှိ ယွမ်ချင်းမေကို လက်ဖြင့်အချက်ပြရင်း ပြောလိုက်သည်။
"သိပြီ"
ယွမ်ချင်းမေက လက်တစ်ဖက်တွင် အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းကို ကိုင်ဆောင်ကာ အခြားလက်တစ်ဖက်တွင် မီးသတ်ပုဆိန်ကို ကိုင်လျက် လှေကားအတိုင်း ဖြည်းညှင်းစွာ ဆင်းသွားပြီး ရှောင်ဖန်းကလည်း သူမ၏နောက်မှ ကပ်လျက် လိုက်ပါလာ၏။
လှေကားအောက်ခြေသို့ ရောက်သောအခါ ရှောင်ဖန်းသည် တော်သင့်ရုံအခန်းတစ်ခန်းကို တွေ့ရှိရသည်။
မီးလင်းဖိုအသေးစားလေးတစ်ခုအတွင်း၌ ထင်းအနည်းငယ် လောင်ကျွမ်းနေပြီး ဘေးနားရှိ မွေ့ရာကြီးတစ်ခုပေါ်တွင် လူနှစ်ဦး နှစ်ခြိုက်စွာ အိပ်ပျော်နေကြ၏။
"ဟား... ဒီလူနှစ်ယောက်ကတော့ တကယ်ကို သတ္တိခဲတွေပဲ"
ယွမ်ချင်းမေက ၎င်းတို့၏ မျက်နှာများပေါ်သို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုးပြလိုက်သည်။
ရှောင်ဖန်း လျှောက်သွားစဉ်အတွင်းမှာပင် စနစ်၏ သတိပေးသံ ထွက်ပေါ်လာ၏။
[ အမှတ်မြင့်မားသော အမျိုးသမီးကို တွေ့ရှိရသည်။ ခြုံငုံအမှတ် - ၉.၅။ သိမ်းဆည်းရန် သင့်တော်သည်။ ]
[ အမှတ်မြင့်မားသော အမျိုးသမီးကို တွေ့ရှိရသည်။ ခြုံငုံအမှတ် - ၉.၂။ သိမ်းဆည်းရန် သင့်တော်သည်။ ]
ရှောင်ဖန်း အံ့အားသင့်သွား၏။ အမျိုးသမီးနှစ်ယောက်လား။
ရှောင်ဖန်း၏ စိတ်ထဲတွင် ရုတ်တရက် ဝမ်းမြောက်မှုများ ပြည့်နှက်သွားပြီး ကောင်းကင်ဘုံက သူ့အပေါ် တကယ်ကို ကြင်နာလွန်းသည်ဟု ခံစားလိုက်ရသည်။
ကမ္ဘာပျက်ကပ် ရောက်ရှိလာကတည်းက ကမ္ဘာပေါ်တွင် လူမည်မျှ အသက်ရှင်ကျန်ရစ်သည်ဟူသည်မှာ မသေချာသော အခြေအနေဖြစ်သည်။ယနေ့တွင် သူသည် တစ်ပြိုင်နက်တည်း နှစ်ဦးတောင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် အိပ်ပျော်နေသော လူနှစ်ဦးသည်လည်း ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့ကို သတိပြုမိသွားကြ၏။
"ရှင်တို့က ဘယ်သူတွေလဲ"
အသက်ပိုကြီးပုံရသော အမျိုးသမီးက ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
ရှောင်ဖန်းသည် မွေ့ရာအနီးသို့ လျှောက်သွားကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြောက်လန့်တကြား ပူးကပ်နေသော အမျိုးသမီးနှစ်ဦးကို အသေအချာ ကြည့်လိုက်၏။
အသက်ကြီးသူမှာ နှစ်ဆယ့်ခြောက်၊ နှစ်ဆယ့်ခုနစ်နှစ်ခန့် ရှိပုံရပြီး ငယ်သူမှာမူ တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်ခန့်ရှိသော မိန်းကလေးတစ်ဦး ဖြစ်ပုံရသည်။
စနစ်၏ သတ်မှတ်ချက်အတိုင်း ၎င်းတို့နှစ်ဦးစလုံး၏ ရုပ်ရည်မှာ အပြစ်ပြောစရာမရှိအောင် လှပကြ၏။ ခန္ဓာကိုယ်အချိုးအစားကိုမူ စောင်များဖြင့် ခြုံထားသဖြင့် မသိရသေးပေ။
ရှောင်ဖန်းသည် ၎င်းတို့၏ မျက်နှာကျများဆင်တူနေသည်ကိုလည်း သတိပြုမိလိုက်သည်။ ဤအချက်က ရှောင်ဖန်းအား ၎င်းတို့၏ အသက်အရွယ်ကို သံသယဝင်စေခဲ့၏။
သားအမိများ ဖြစ်နေမလား။ ဤသို့ တွေးမိသောအခါ ရှောင်ဖန်းသည် တစ်ခုခုကို တွေးမိပြီးအနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
"မင်းတို့ပဲ ငါ့ကို အစားအသောက် ယူလာခိုင်းတာ မဟုတ်ဘူးလား"
ရှောင်ဖန်းက ပြုံးလျက် သူ၏လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်ကို ပြလိုက်သည်။
"ရှင်ပဲလား... ဘယ်လိုလုပ် အတွင်းထဲ ရောက်လာတာလဲ"
အသက်ကြီးသူ အမျိုးသမီးက ထိတ်လန့်မှုမှ ပြန်လည် တည်ငြိမ်သွားပြီး မေးလိုက်၏။
"မင်းတို့တံခါးက သေချာ သော့မခတ်ထားလို့ ငါတို့ ဒီအတိုင်း ဝင်လာတာပါ" ရှောင်ဖန်းက ပြုံးရင်း ပြောလိုက်သည်။
"မဖြစ်နိုင်တာ... ရှင် တကယ်ပဲ ဘာနည်းလမ်း သုံးလိုက်တာလဲ"
အသက်ကြီးသူ အမျိုးသမီးက တည်ငြိမ်စွာမေးလိုက်သည်။
"ငါတို့ ဘယ်လိုဝင်လာလဲဆိုတာက အရေးမကြီးပါဘူး... ။မင်းတို့ အခုလက်ရှိ အခြေအနေကိုပဲ ပိုပြီး စိတ်ပူသင့်တယ်"
ရှောင်ဖန်းက ၎င်းတို့ကို ခြုံထားသော စောင်ကို ဆွဲကိုင်ကာ ရုတ်တရက် မတ်တပ်ရပ်လျက် လှန်ပစ်လိုက်၏။
"ဘာလုပ်တာလဲ... ဒီလောက် အေးနေတာကို... ကျွန်မတို့ကို အေးခဲပြီး သေအောင် လုပ်မလို့လား... ရုပ်ချောရုံနဲ့ စိတ်ကြိုက် လုပ်လို့ရတယ်လို့ မထင်နဲ့နော်"
စောင်ကို လှန်ပစ်လိုက်သောအခါ ငယ်ရွယ်သော အမျိုးသမီးက မကျေမနပ်ဖြင့် ချက်ချင်း အော်ဟစ်လိုက်၏။
သို့သော်လည်း သူမ ရှောင်ဖန်းကို ကြည့်သော အကြည့်တွင်မူ မကျေနပ်သည့် အရိပ်အယောင် လုံးဝမရှိပေ။
"အဝတ်အစားလဲဖို့ မင်းတို့ကို တစ်မိနစ် အချိန်ပေးမယ်... ပြီးရင် ငါတို့ရဲ့ သဘောတူညီချက်အကြောင်း ပြောကြတာပေါ့... ။အကယ်၍ မင်းတို့က ငါ့ကို စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ရင် ဘာဖြစ်မလဲဆိုတာ မင်းတို့ ကောင်းကောင်းသိမှာပါ"
ရှောင်ဖန်းသည် မီးလင်းဖိုဆီသို့ လျှောက်သွားကာ ကြမ်းပြင်ပေါ်ရှိ ထင်းအနည်းငယ်ကို တစ်ခုချင်းစီ ကောက်ထည့်လိုက်၏။
"ဟွန့်... ရှင်တစ်ယောက်တည်းကြောင့်လား... ကျွန်မတို့က ဘယ်သူတွေလဲဆိုတာ ရှင်သိလား"
မိန်းကလေးငယ်က နှာခေါင်းရှုံ့လျက် အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်ရင်း ပြောလိုက်သည်။
သူမ၏ စကားလုံးများက ရှောင်ဖန်းအပေါ် မကျေနပ်ပုံရသော်လည်း သူမ၏ မျက်လုံးများကမူ ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူမ၏ အကြည့်က ရှောင်ဖန်း၏ ခန္ဓာကိုယ်ထံမှ လုံးဝ မခွာပေ။
" ရှောင်ယွန်း... ပါးစပ်ပိတ်ပြီး အဝတ်အစား မြန်မြန်လဲစမ်း"
အသက်ကြီးသူ အမျိုးသမီးက အသံတိုးတိုးဖြင့် ဟောက်လိုက်၏။
"အော်... ဟုတ်ကဲ့ ဒေါ်လေး"
မိန်းကလေးက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
အဒေါ်လား။ သားအမိမဟုတ်ဘူးပေါ့။ ထိုစကားကို ကြားရသောအခါ ရှောင်ဖန်းသည် စိတ်ပျက်သွား၏။
မကြာမီပင် အမျိုးသမီးနှစ်ဦးစလုံး အဝတ်အစား ဝတ်ဆင်ပြီးသွားကြသည်။
ရှောင်ဖန်းသည် ၎င်းတို့ကို တစ်ချက် ကြည့်လိုက်၏။
မဆိုးပေ။
၎င်းတို့၏ ခန္ဓာကိုယ်အချိုးအစားမှာ အလွန်ကောင်းမွန်ပြီး ခြေတံရှည်သော်လည်း ပိန်လှီခြင်း မရှိပေ။
"ကဲ... ငါ အစားအသောက် ယူလာပြီ...။ မင်းတို့ဆီက အချက်အလက်တွေကို ပြောပြတော့... ။ဒါပေမဲ့ အဲဒီမတိုင်ခင် မင်းတို့ကိုယ်မင်းတို့ အရင် မိတ်ဆက်သင့်တယ် မဟုတ်ဘူးလား"
ရှောင်ဖန်းက လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်ကို လှုပ်ခါပြရင်း ပြောလိုက်သည်။
အသက်ကြီးသူ အမျိုးသမီးက ရှောင်ဖန်း၏ လက်ထဲမှ ခေါက်ဆွဲခြောက်ထုပ်ကို ကြည့်ကာ မကျေနပ်သောပုံစံဖြင့် ပြော၏။
"ကျွန်မက ဝေကျိချင်းပါ... ။သူကတော့ ကျွန်မရဲ့ တူမ ဝေလင်ယွန်းပါ"
"ဒီခေါက်ဆွဲခြောက်တစ်ထုပ်တည်းနဲ့တော့ အဲဒီအချက်အလက်တွေကို မလဲနိုင်ဘူး... ။ကျွန်မတို့က ခေါက်ဆွဲခြောက်တစ်ထုပ်တည်းနဲ့ မလုံလောက်ဘူး"
ထိုသို့ ပြောပြီးနောက် ဝေကျိချင်းသည် ထောင့်တစ်နေရာတွင် ပုံထားသော အစားအသောက်အချို့ကို လက်ညှိုးထိုးပြလိုက်သည်။
ရှောင်ဖန်းသည် ဝေကျိချင်း ညွှန်ပြရာ အရပ်သို့ ကြည့်လိုက်၏။ ထိုနေရာတွင် အသင့်စား အစားအစာအချို့၊ စည်သွပ်ဗူးများနှင့် ဘီစကစ်မုန့်အချို့ကို စုပုံထားသော်လည်း ပမာဏမှာ အများကြီးမရှိပေ။
"အင်း... မင်းတို့ဆီမှာ အခုတော့ ဒီခေါက်ဆွဲခြောက်ထုပ် မလိုသေးပေမဲ့ မကြာခင်မှာ အရမ်း လိုအပ်လာလိမ့်မယ်"
ရှောင်ဖန်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ... ရှင်က ကျွန်မတို့ရဲ့ အစားအသောက်တွေကို တကယ်ပဲ လုယူမလို့လား"
ဝေကျိချင်း၏ မျက်နှာတွင် ထိတ်လန့်သွားသော အမူအရာ ပေါ်လာ၏။
"အတိအကျပဲ... မင်း ထင်တဲ့အတိုင်းပဲ"
*********