← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း ၅၃ ယွန်းကျဲရွာ

ထူထပ်သော နှင်းထုနှင့်နျူးကလီးယားဓာတ်အား‌ပေးစက်ရုံကို ရှောင်၍မောင်းခဲ့ရခြင်းကြောင့်သူတို့သည် နေဝင်ရိုးရီအချိန်ရောက်မှသာ မြို့ထဲမှ ခက်ခက်ခဲခဲ ထွက်ခွာနိုင်ခဲ့ကြ၏။

ကုန်လှောင်ရုံကြီးတစ်ခုနှင့် တူသော နေရာတစ်ခုသို့ ချဉ်းကပ်လာစဉ် ကျူချမ်းချမ်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"အဘိုးကြီးရှောင်၊ ဒါက ဟိုဝတုတ် ဝမ်ပေါင် အရင်က အလုပ်လုပ်ခဲ့တဲ့နေရာပဲ၊ သူပြောတာတော့ ဒီမှာ ရိက္ခာတွေ အများကြီး သိုလှောင်ထားတယ်တဲ့၊ ငါတို့ သွားပြီး အကုန်လုံး သိမ်းကြရအောင်"

ထိုအချက်ကိုရှောင်ဖန်း စိတ်ဝင်စားသွား၏။

စနစ်ဆိုင်ကြီး အဆင့် ၃ သို့ မြှင့်တင်ပြီးကတည်းကသူ၏ သိုလှောင်မှုဟင်းလင်းပြင်သည် ကုဗမီတာ တစ်သန်းအထိ ရှိလာခဲ့ပြီ ဖြစ်၏။ ဤသိုလှောင်မှုစင်တာရှိ ရိက္ခာများကို သိမ်းဆည်းရန်မှာ ဘာမှမခဲယဉ်းပေ။

"ကောင်းပြီ၊ ဒီနေ့တော့ ဆက်မသွားကြတော့ဘူး၊ ဒီမှာပဲ ညအိပ်ပြီး ရိက္ခာသိမ်းရ‌အောင်။အတွင်းထဲ သွားကြည့်ကြစို့"

ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်ပြီးကားကို သိုလှောင်မှုစင်တာ ဘေးတွင် ရပ်လိုက်၏။

ယခုတစ်ကြိမ်တွင် ရှောင်ဖန်းသည် အမျိုးသမီးများ အားလုံးကို ကားပေါ်မှ ခေါ်ထုတ်ခဲ့သည်။

ထူထပ်သော နှင်းထုကြောင့် ကုန်လှောင်ရုံ အများစုမှာ အမိုးများသာ ပေါ်နေသဖြင့် ရှောင်ဖန်းနှင့် အမျိုးသမီးများသည် တစ်ခုချင်းစီ လိုက်လံစစ်ဆေးကြတော့၏။

ကုန်လှောင်ရုံ အများစုမှာ ဗလာဖြစ်နေပြီး ရှောင်ဖန်းသည် အရက်၊ ဆေးလိပ်၊ အာဟာရဖြည့်စွက်စာများ၊ အဝတ်အထည်များနှင့် နေ့စဉ်သုံးပစ္စည်းများကိုသာ သိမ်းဆည်းနိုင်ခဲ့သည်။

သူသည် လျှပ်စစ်ပစ္စည်းများကိုလုံးဝမသိမ်းဆည်းပေ။

သူ၏ ခိုလှုံရာနေရာ ပြုပြင်မွမ်းမံမှုစနစ်ကို ဖြန့်ကျက်ပြီးသည်နှင့် သူလိုအပ်သော မည်သည့်လျှပ်စစ်ပစ္စည်းမဆို အိမ်တွင် ထုတ်လုပ်နိုင်သဖြင့် ဤအရာများသည် လုံးဝ မလိုအပ်ပေ။

"ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက တစ် ယောက်ယောက်က အဓိကရိက္ခာတွေနဲ့ အသားတွေကို သယ်ထုတ်သွားပုံရတယ်"

ကျူချမ်းချမ်းက မျက်မှောင်ကြုတ်ရင်း မကျေမနပ်ပြောလိုက်၏။

"မရှိတော့ရင်လည်း ထားလိုက်ပါ၊ ငါတို့မှာ စားစရာ သောက်စရာ မပြတ်ပါဘူး"

ထိုအဓိကရိက္ခာများနှင့် အသားများရှိ‌ နေလျှင်ပင်သူ၏ ဟင်းလင်းပြင်ထဲတွင် အရန်အဖြစ်သာ သိမ်းဆည်းထားမည် ဖြစ်၏။

ရှောင်ဖန်းသည် အေးခဲနေသောအသားများကို စားချင်စိတ်မရှိပေ။သူ့ လတ်လတ်ဆတ်ဆတ် စားနိုင်သည့် နည်းလမ်းများ ရှိနေသည် မဟုတ်ပါလား။

နောက်တစ်နေ့မနက် နိုးလာသောအခါရှောင်ဖန်းက နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သော အမျိုးသမီးများကို လှမ်းကြည့်ကာ သူ၏ လက်ရှိတိုက်ခိုက်ရေးစွမ်းရည်ကို အလွန်ကျေနပ်‌နေမိသည်။

ကိုယ်လက်သန့်စင်၍အမြန်စားသောက်ပြီးနောက်ကားစက်နှိုးကာ ရှေ့သို့ခရီးဆက်ခဲ့၏။

ယွမ်ချင်းမေနှင့် အခြားသူများသည် လမ်းခရီးတွင် တစ်ယောက်ပြီးတစ်ယောက် နိုးလာကြ၏။

နှစ်နာရီကျော် မောင်းနှင်ပြီးနောက် ယွန်းကျဲကန်ဟု ခေါ်သော ကန်တစ်ခုအနီးသို့ ချဉ်းကပ်လာစဉ် ရှောင်ဖန်းသည် ပုံမှန်မဟုတ်သောအရာတစ်ခုကို သတိပြုမိလိုက်သည်။

ထိုနေရာတွင် မြေကြီးများကို ဗြောင်းဆန်အောင် တူးဆွထားပြီးတူးထားသည့်အရွယ်အစားမှာဧရိယာကြီးမားလှ၏။

ကားထဲရှိ အမျိုးသမီးများလည်း ဤအခြေအနေကို သတိပြုလိုက်မိကြသည်။

"အနီးအနားမှာ လူတွေ ရှိနေတာလား၊ ဒါကစက်ယန္တရားကြီးတွေနဲ့ တူးထားတဲ့ ပုံစံမျိုးပဲ"

ယွမ်ချင်းမေသည် ပြတင်းပေါက်ကို မှီကာ ပွစာကြဲနေသောမြေကြီးများကို ကြည့်ရင်း ပြောလိုက်သည် ၏။

"မဖြစ်နိုင်ဘူး၊ ဒီလိုအေးခဲနေတဲ့ ရာသီဥတုမှာ အထူးပြုလုပ်ထားတဲ့ အပူချိန်နိမ့် စက်ယန္တရားတွေကလွဲရင် ကျန်တဲ့အရာတွေက စက်နှိုးလို့တောင် ရမှာမဟုတ်ဘူး၊ ပတ်ပတ်လည်ကို ကြည့်ဦး၊ စက်ယန္တရားတွေ ရွေ့လျားထားတဲ့ ဘာဘီးရာမှ မရှိဘူး"

ကျူချမ်းချမ်းက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း ပြန်ပြောလိုက်သည် ၏။

"ဟွန်း၊ မင်းက သိပ်ပြီး တွေးတတ်နေတာပဲ"

ယွမ်ချင်းမေက ကျူချမ်းချမ်းကို မျက်နှာပြောင်ပြလိုက်၏။

မြေကျင်းကြီးများ ပိုမိုစိပ်လာသည်နှင့်အမျှ ရှေ့ရှိလမ်းမှာ ကားမောင်းရန် မသင့်တော်တော့ပေ။

ရွေးချယ်စရာမရှိတော့သဖြင့် ရှောင်ဖန်းကားကိုရပ်လိုက်ရသည်။

"ဒီလမ်းပိုင်းကိုတော့ ငါတို့ လမ်းလျှောက်သွားရမယ့် ပုံပဲ"

ရှောင်ဖန်း ပုံရိပ်ယောင်မြေပုံကို လှမ်းကြည့်ကာ ဆက်ပြောလိုက်သည်။

"ယွန်းကျဲကန်ကို ဖြတ်ပြီးရင် ချင်းယွင်တောင်ပေါ်က အိမ်ရာဝင်းကို ရောက်ဖို့ နောက်ထပ် ကီလိုမီတာ နှစ်ဆယ်ပဲ လိုတော့တယ်"

"ဒါဆိုရင် အမြန်ထွက်ကြစို့၊ ဒီလမ်းပိုင်းကို ဖြတ်လျှောက်ပြီး မမှောင်ခင် အိမ်ရာကို ရောက်အောင် သွားကြမယ်၊ မနေ့ညက ကားထဲမှာ အိပ်ရတာ တကယ့်ကို ကျပ်ညပ်နေတာပဲ၊ ဒါကိုတစ်ယောက်ယောက်က လူဆင့်တမ်း ကစားချင်နေသေးတယ်"

ယွမ်ချင်းမေက ပြောရင်း ရှောင်ဖန်းကို လှမ်းကြည့်လိုက်၏။

"အဟမ်း၊ အပြင်ရောက်ရင် ချင်းမေနဲ့ ငါက ရှေ့နဲ့နောက်ကနေ နေမယ်၊ မင်းတို့ သုံးယောက်က အလယ်ကနေ လျှောက်"

ရှောင်ဖန်း ညွှန်ကြားပြီးနောက် တံခါးကို ပထမဆုံး ဖွင့်ကာ ခုန်ချလိုက်သည်။

အမျိုးသမီးများ အားလုံး အပြင်သို့ ရောက်သည်နှင့် ရှောင်ဖန်းသည် ခရီးကြမ်းမောင်းကားကြီးကို သူ၏ သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ ပြန်သိမ်းဆည်းလိုက်၏။

ထို့နောက် သူသည် ဗြောင်းဆန်နေသော မြေကျင်းကြီးများဆီသို့ လျှောက်သွားကာ အနီးကပ် ကြည့်ရှု‌နေ၏။

အနားသတ်များမှာ အလွန်သပ်ရပ်လှပြီး စက်ဖြင့် တူးထားသည့် လက္ခဏာမရှိပေ။ တစ်စုံတစ်ခုက မြေပြင်မှ တိုက်ရိုက် ပင့်မလိုက်သည့် ပုံစံမျိုး ဖြစ်နေသည်။

"ဒါ စွမ်းရည်အသုံးချသူတစ်ယောက်ရဲ့ လက်ချက် ဖြစ်နိုင်မလား"

ကျူချမ်းချမ်းက ရှောင်ဖန်း၏ ဘေးသို့ လျှောက်လာရင်း မေးလိုက်၏။

ရှောင်ဖန်း ပတ်ပတ်လည်ကို ကြည့်လိုက်ရင်း

"ဖြစ်နိုင်တယ်၊ သတိထားကြ၊ ချင်းမေ၊ ဒီနှစ်ခုကို ယူထား၊ မင်း ရှေ့ကနေ လမ်းပြ"

ပြောရင်းနှင့် ရှောင်ဖန်းသည် မီးသတ်ပုဆိန်တစ်လက်နှင့်ဒိုင်းတစ်ခုကို ယွမ်ချင်းမေထံ လှမ်းပစ်ပေးလိုက်သည်။

ယွမ်ချင်းမေသည် ဒိုင်းနှင့် ပုဆိန်ကို ဖမ်းယူကာ အနည်းငယ် ဝှေ့ယမ်းကြည့်လိုက်၏။

"သွားကြစို့၊ ငါ့နောက်က လိုက်ခဲ့"

ထို့နောက် အမျိုးသမီးများသည် ယွမ်ချင်းမေ၏ နောက်မှ လိုက်ကာ တဖြည်းဖြည်း ရှေ့သို့ သွားခဲ့ကြပြီး ရှောင်ဖန်းကမူ အနောက်မှနေ၍ ပတ်ဝန်းကျင်ကို သတိကြီးစွာ စောင့်ကြည့်ရင်းလိုက်လာ၏။

ယွန်းကျဲရွာ။

ထူထဲသော မြေကြီးဖြင့်သာ လုံးဝ တည်ဆောက်ထားသည့် ဗုံးခိုကျင်းနှင့် တူသော အိမ်တစ်အိမ် အတွင်း၌ ဖြစ်၏။

လီတာကျွမ်းသည် မြေမီးဖို ဘေးတွင် ထိုင်ကာ အိုးထဲတွင် ဆူပွက်နေသော ငါးစွပ်ပြုတ်ကို ကြည့်ရင်း သွားရည်များထွက်ကျမတတ်ဖြစ်နေ၏။

"ငါ့ကို အမြန်ဆုံး တစ်ပန်းကန် ခတ်ပေး"

လီတာကျွမ်းသည် သူ၏ ဘေးရှိ အတော်လေး ကြည့်ကောင်းသော အမျိုးသမီးငယ်တစ်ဦးကို အော်ဟစ်အမိန့်‌ ပေးလိုက်သည်။

ထိုအမျိုးသမီးသည် တုန်လှုပ်သွားပြီး ပန်းကန်လုံးအကြီးကို အမြန်ကောက်ယူကာစွပ်ပြုတ် ခတ်၍ လီတာကျွမ်းထံ ပေးလိုက်၏။

"ဝါး၊အရမ်း လတ်ဆတ်တာပဲ"

လီတာကျွမ်းသည် ငါးစွပ်ပြုတ်ကို တစ်ငုံ သောက်လိုက်ပြီးနောက် စွပ်ပြုတ်ရည်များ ပေကျံနေသော သူ၏ နှုတ်ခမ်းဖြင့် ဘေးရှိ အမျိုးသမီးကို နမ်းလိုက်၏။

ထို့နောက် သူ ဆက်သောက်နေစဉ် အနမ်းခံရသည့်အမျိုးသမီးသည် သူ သတိမထားမိခိုက်တွင် သူ နမ်းသွားသည့် နေရာကို သူမ၏ အင်္ကျီလက်ဖြင့် အထပ်ထပ် အဖန်ဖန် သုတ်နေခဲ့သည်။

ငါးစွပ်ပြုတ်နှင့် အသား ပန်းကန်လုံးအကြီးကြီးကို လီတာကျွမ်း အငမ်းမရစားသောက်လိုက်၏။

စကားပုံ ရှိသည်မဟုတ်ပါလား၊ ဝပြောနွေးထွေးလာလျှင် ကာမရာဂစိတ် ပေါ်လာတတ်သည် ဟု။ ဝဝလင်လင် စားပြီးနောက် လီတာကျွမ်းသည် ထိုအမျိုးသမီးကို ဆွဲဖက်လိုက်ပြီး

"အိပ်ခန်းထဲ သွားကြစို့"

ထိုအချိန်တွင် အမျိုးသမီးသည် သိသိသာသာ ရုန်းကန်နေခဲ့၏။

သူမ၏ ရုန်းကန်နေမှုကြောင့်ဒေါသထွက်လာသော လီတာကျွမ်းသည် လသူမ၏ ပါးကိုလက်ဝါးဖြင့် ရိုက်ချလိုက်၏။

"မိန်းမယုတ်၊နင်ကဘာဖြစ်ချင်နေတာလဲ။ ငါသာ မရှိရင် မင်းတို့ ရွာက လူတွေအကုန်လုံး အေးခဲသေဆုံးကုန်ပြီ"

"ကျွန်မ... ကျွန်မ အခုလောလောဆယ် စိတ်မပါသေးလို့ပါ"

အမျိုးသမီးသည် ယောင်ကိုင်းလာသောသူမ၏ ပါးကို ကိုင်ရင်းရှက်ရွံ့နာကျင်စွာ‌ ပြောလိုက်သည်။

"ဟွန်း၊ စိတ်မပါဘူး ဟုတ်လား"

လီတာကျွမ်း နှာခေါင်းရှုံ့လျက် သူမ၏ ပါးကို နောက်တစ်ကြိမ် ရိုက်လိုက်ပြန်သည်။

"အခုရော စိတ်ပါပြီလား"

"ကျွန်မ.."

သို့သော် သူမကို ဆီးကြိုလိုက်သည်မှာ လီတာကျွမ်း၏ နောက်ထပ် ပါးရိုက်သံ ဖြစ်၏။

"အခုရော ဘယ်လိုလဲ"

"ပါပါပြီ၊ ပါပါပြီ..."

အမျိုးသမီးသည် အလောတကြီး ထရပ်ကာ အိပ်ခန်းဆီသို့ အမြန် လျှောက်သွားတော့၏။

လီတာကျွမ်းသည် သူမ၏ နောက်မှ အေးအေးလူလူ လိုက်သွားသည်။

"အောက်တန်းစားမ"

လီတာကျွမ်းသူမ၏ နောက်မှ အိပ်ခန်းထဲသို့ လိုက်ဝင်ခါနီးတွင် တံခါးကို အလောတကြီး ခေါက်သံ ပေါ်လာ၏။

"ခေါင်းဆောင်လီ၊ အခြေအနေတစ်ခု ရှိတယ်"

ဤသည်ကို ကြားရသဖြင့် လီတာကျွမ်း လုံးဝ စိတ်မရှည်တော့ပေ။

"ဘယ်မျက်စိမပါတဲ့ကောင်က ဒီလိုအချိန်မျိုးမှာ လာပြီး နှောင့်ယှက်နေတာလဲ"

တံခါးဝသို့ လျှောက်သွားကာ လီတာကျွမ်း တံခါးကို ဆွဲဖွင့်လိုက်ရာ ပုပုကွကွနှင့် သူခိုးရုပ်ပေါက်နေသော ကောင်တစ်‌ကောင်က မြှောက်ပင့်သော မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရ၏။

"ဝမ်အာဂေါင်၊ ဘာအခြေအနေလဲ။အရေးမကြီးတဲ့ ကိစ္စဆိုရင် မင်းရဲ့ အရေခွံကို ငါ အရှင်လတ်လတ် ဆွဲခွာပစ်မယ်"

ဝမ်အာဂေါင်ခန္ဓာကိုယ် တုန်ရင်သွားပြီး ပြောလိုက်၏။

"ခေါင်းဆောင်၊ ဒါ တကယ်ပဲ သတင်းအမှန်ပါ၊ ရွာဆီကို ဦးတည်လာနေတဲ့ လူငါးယောက်ကို ငါတို့ တွေ့ခဲ့တယ်"

"လူငါးယောက်လား၊ မင်းတို့ဘာသာ မရှင်းနိုင်ဘူးလား၊ ဒီလိုကိစ္စသေးသေးလေးနဲ့ ငါ့ကို လာနှောင့်ယှက်နေတယ်"

လီတာကျွမ်းက စားရခါနီးမှပုတ်ချခံရသဖြင့် ဒေါသတကြီးပြောလိုက်၏။

"မဟုတ်ဘူး ခေါင်းဆောင်၊ အဲ့ဒီလူငါးယောက်ထဲမှာ လေးယောက်က တကယ့်ကို အလှပဂေးတွေ၊ တီဗီထဲမှာပဲ မြင်ဖူးတဲ့ အလှပဂေးမျိုးတွေပါ"

ဝမ်အာဂေါင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"တကယ်လား"

လီတာကျွမ်း၏ မျက်လုံးထဲတွင် လက်ကနဲဖြစ်သွား၏။

"တကယ်ပါ ခေါင်းဆောင်၊ ငါ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာပါ"

ဝမ်အာဂေါင်က သူ့ရင်ဘတ်ကို ပုတ်ရင်း အာမခံလိုက်၏။

"မင်းပြောသလိုသာ မှန်ရင် ငါ အဲ့ဒီမိန်းမတွေကို ရပြီးတာနဲ့ အတွင်းထဲက တစ်ယောက်ကို မင်းကို ပေးမယ်"

လီတာကျွမ်း ရယ်မောရင်း ပြောလိုက်သည် ၏။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"

ဝမ်အာဂေါင်၏ စိတ်လှုပ်ရှားနေသော မျက်လုံးများသည် အိမ်ထဲသို့ လှမ်းကြည့်နေသေး ၏။

*********

All Chapters