← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း ၅၅ စွမ်းအားရှင်ကျွန်

လီတာကျွမ်း။

သူသည် ယွန်းကျဲရွာမှ ဆင်းရဲနွမ်းပါးသော လူတစ်ဦးဖြစ်၏။

ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက် အေးခဲ၍ သေလုမတတ် ဖြစ်နေသော လီတာကျွမ်းသည် မြေကြီးကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို မထင်မှတ်ဘဲ နိုးထစေခဲ့သည်။

ထိုစွမ်းအားကြောင့် သူကိုယ်တိုင်အသက်ရှင်သန်ခွင့် ရခဲ့ရုံမျှမက ရွာသူရွာသားများ အေးဒဏ်ကို ခံနိုင်ရန်အတွက် ရွှံ့အိမ်များ ဆောက်လုပ်ပေးရာ၌လည်း ကူညီပေးနိုင်ခဲ့၏။

အချိန်ကြာလာသည်နှင့်အမျှ လီတာကျွမ်းသည်အလွန်အမင်းအေးစက်သော ကမ္ဘာပျက်ကပ်ကြီးက ကမ္ဘာလောကတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်ပြီဖြစ်ကြောင်း သဘောပေါက်လာသည်။

ဥပဒေမဲ့ဖြစ်လာသည့်အတွက်လီတာကျွမ်းသည် ပိုမိုရဲတင်းလာခဲ့၏။

အင်အားကြီးမားသော စွမ်းအားရှင်တစ်ဦးအနေဖြင့် သူသည် သာမန်လူများ၏ အမိန့်ပေးမှုကို မခံယူလိုတော့ပေ။

သူသည် မူလရွာလူကြီးနှင့် မိမိကို ဆန့်ကျင်ရန် ကြိုးပမ်းသူများကို သတ်ဖြတ်ကာ ယွန်းကျဲရွာ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။

ထို့နောက် ယွန်းကျဲရွာတစ်ခုလုံးကို မိမိပိုင်နယ်နက်တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်၏။

ယနေ့တွင်မူ လီတာကျွမ်းသည် မိမိကိုယ်ကို အလွန်ကံကောင်းသည်ဟု ခံစားနေရသည်။

အဝေးမှ အမျိုးသမီးများသည် ယွန်းကျဲရွာတွင် အလှဆုံးဆိုသော မိန်းမများထက်ပင် အဆပေါင်းများစွာ ပိုမိုလှပနေကြ၏။ ၎င်းတို့၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကို ကြည့်ကာ လီတာကျွမ်းတစ်ယောက် သွားရည်တမြှားမြှား ကျနေမိသည်။

"အားဂေါင်...မင်းပြန်ရောက်ရင် ငါ့အခန်းထဲက မိန်းမကို မင်းကိုပေးမယ်။ ပြီးတော့ မင်းကို ဒုတိယအဖွဲ့ရဲ့ အဖွဲ့မှူးအဖြစ် ရာထူးတိုးပေးမယ်"

လီတာကျွမ်းသည် ဝမ်အားကော်၏ ပုခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်၏။

"ရာထူးတိုးပေးလို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်"

ဝမ်အား‌ဂေါင်သည် မြှောက်ပင့်သော အမူအရာဖြင့် ဦးညွှတ်ပြောဆိုလိုက်သည်။

"သွား။ သူတို့ကို ဝိုင်းထားလိုက်စမ်း"

လီတာကျွမ်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အမျိုးသားအတော်များများသည် အနီးအနားရှိ တောင်ကုန်းပေါ်မှ ပြေးဆင်းလာပြီး ရှောင်ဖန်းနှင့် အခြားသူများဆီသို့ ဦးတည်ပြေးဝင်သွားကြ၏။

တကယ်တော့ ရှောင်ဖန်းနှင့် သူ၏အဖွဲ့သည် လီတာကျွမ်းတို့လူစုကို စောစီးစွာကပင် သတိပြုမိထားပြီးဖြစ်သည်။

၎င်းတို့ဘက်မှ လူတိုင်းသည် စွမ်းအားရှင်များ ဖြစ်ကြပြီး ထိုတောထဲတွင်ထွက်ပြေးလိုပါကအလွယ်တကူထွက်‌ ပြေးနိုင်သောကြောင့် ရှောင်ဖန်းသည် ထိတ်လန့်ခြင်းမရှိပေ။

ထို့အပြင် ပြေးဝင်လာသူများသည် ထူးဆန်းသော သတ္တဝါများမဟုတ်ဘဲ လူသားများသာ ဖြစ်ကြသည်။

"အဘိုးကြီးရှောင်... ကျွန်မ ရှေ့ထွက်ပြီး သူတို့ကို အကုန်ခုတ်သတ်ပစ်ရမလား"

ယွမ်ချင်းမေသည် ရွာသားများ ပြေးဝင်လာသည်ကို ကြည့်ကာ ရှောင်ဖန်း၏ ဘေးနားသို့ လျှောက်လာပြီး ခက်ထန်စွာ ပြောလိုက်၏။

ရှောင်ဖန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ ယွမ်ချင်းမေသည် အလွန်အမင်း အကြမ်းဖက်တတ်ပြီး အခွင့်ကြုံတိုင်း လူကို ခုတ်သတ်ချင်နေတော့၏။

"ချင်းမေ အဲဒီလောက် အကြမ်းမဖက်ပါနဲ့။ အခြေအနေကို အရင်ကြည့်ရအောင်"

"အော်။ ကောင်းပါပြီ"

ယွန်းချင်းမေက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်ပြောသည်။

မကြာမီပင် ပြေးဝင်လာသော ရွာသားများသည် ရှောင်ဖန်းတို့အဖွဲ့ကို ဝိုင်းရံမိသွားကြ၏။

ထိုအချိန်တွင် လီတာကျွမ်းသည်ဝင့်ကြွားစွာလျှောက်လာသည်။

လီတာကျွမ်းသည် ယွန်းချင်းမေနှင့် အခြားအမျိုးသမီးများကို ခြေဆုံးခေါင်းဆုံး အရင်ဆုံး စူးစမ်းကြည့်ရှုပြီးနောက် သူ၏ အကြည့်က ရှောင်ဖန်းထံ ကျရောက်သွား၏။

"သွား။ အဲဒီကောင်ကို သတ်ပစ်လိုက်။ မိန်းမတွေကိုတော့ ငါ့ဆီ ခေါ်ခဲ့"

လီတာကျွမ်က လှောင်ပြောင်သရော်ရင်း အမိန့်ပေးသည်။

ရွာသားများ ရှေ့သို့ ပြေးဝင်တော့မည့် အချိန်တွင် ကျူချမ်းချမ်းက ရုတ်တရက် စကားဆိုလိုက်၏။

"ခဏစောင့်ဦး"

ညှို့မှော်မယ်အဖြစ် နိုးထလာခဲ့သော ကျူချမ်းချမ်းသည် သဘာဝအတိုင်းပင် ညှို့ဓာတ်အပြည့် ရှိနေသူဖြစ်သည်။

သူမ၏ စကားလုံးများနှင့် အမူအရာများက ပို၍ပင် ဆွဲဆောင်မှုရှိနေသဖြင့် ကျူချမ်းချမ်း စကားပြောလိုက်သည်နှင့် ရှေ့သို့ တိုးလာမည့် ရွာသားများသည် ခြေလှမ်းများ တုံ့ဆိုင်းသွားကြ၏။

လီတာကျွမ်း၏ မျက်ဝန်းထဲတွင်မူ ရမ္မက်ဇောများ ပိုမိုပြည့်နှက်သွားရသည်။

"အလှလေး ဘာပြောချင်လို့လဲ"

"ရှင်က သူတို့ရဲ့‌ ခေါင်း‌ဆောင်ထင်တယ်။ ရှင်က စွမ်းအားရှင်တစ်ယောက်မလား"

ကျူချမ်းချမ်းက ပြုံးရွှင်စွာ မေးလိုက်၏။

ထိုစကားကို ကြားသောအခါ လီတာကျွမ်းသည် ရင်ဘတ်ကို‌ကော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"မင်း မျက်လုံးက တော်တော်စူးရှတာပဲ အလှလေး။ ငါ့နောက်ကို လိုက်ခဲ့စမ်းပါ။ မင်း ဗိုက်ဝဝလင်လင် စားသောက်ရစေရမယ်"

"အော်။ အဲဒီ ရွှံ့တွေက ရှင့်ရဲ့ စွမ်းအားနဲ့ လုပ်ထားတာလား"

ကျူချမ်းချမ်းက ပြုံးလျက် ထပ်မံမေးမြန်း၏။

"ဒါပေါ့။ ငါက မြေကြီးကို ထိန်းချုပ်နိုင်တာ"

ထိုသို့ပြောပြီးမှ လီတာကျွမ်းသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရုတ်တရက် သဘောပေါက်သွားပြီး ကျူချမ်းချမ်းကို သံသယစိတ်ဖြင့် ကြည့်လိုက်သည်။

"မင်း ဒါတွေအားလုံးကို ဘာလို့ လာမေးနေတာလဲ"

သို့သော် ကျူချမ်းချမ်းသည် သူ့ကို ဂရုမစိုက်တော့ဘဲ ရှောင်ဖန်းကို ကြည့်ကာ ချိုသာနွဲ့နှောင်းသော လေသံဖြင့် တောင်းဆိုလိုက်၏။

"သခင်.. ကျွန်မ လိုချင်တယ်"

ကျူချမ်းချမ်း၏ ပြာလဲ့သော အသံကြောင့် ရှောင်ဖန်းတစ်ယောက် ကြက်သီးများပင် ထသွားရသည်။ ထိုနေရာရှိ အခြားအမျိုးသားများလည်း ထို့အတူပင် ဖြစ်ကြ၏။

ယွမ်ချင်းမေက ဘေးနားမှနေ၍ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

"မြေခွေးမ"

ရှောင်ဖန်းသည် ကျူချမ်းချမ်း၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်းနားလည်သွားပြီး သူမကို ယူဟူသည့်သဘောဖြင့်ခေါင်းဆတ်ပြလိုက်၏။

လီတာကျွမ်းတစ်ယောက် ဇဝေဇဝါ ဖြစ်နေစဥ်တွင် သူ၏လည်ပင်းကို တစ်စုံတစ်ခုက ဖမ်းဆုပ်လိုက်သလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရှောင်ဖန်းဆီသို့ ရောက်ရှိသွားတော့သည်။ရှောင်ဖန်းကသူ၏ ဟင်းလင်းပြင်လက်ဝါးစွမ်းရည်ကိုသုံး၍ဆွဲခေါ်လိုက်ခြင်းဖြစ်သည်။

လီတာကျွမ်းသည်ရုန်းကန်ရင်း သူ၏ စွမ်းအားကို ထုတ်ဖော်ရန် ကြိုးပမ်း‌ နေစဉ်သူ၏ နဖူး၌အေးစက်သော အထိအတွေ့တစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။

"ထပ်လှုပ်ရင် သတ်ပစ်မယ်"

ရှောင်ဖန်းက သေနတ်ဖြင့် လီတာကျွမ်း၏ နဖူးကို ထောက်ကာ အေးစက်စွာ ပြောလိုက်၏။

၎င်းတို့၏ ခေါင်းဆောင် ဖမ်းဆီးခံလိုက်ရသဖြင့် ရွာသားများမှာ ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။

ထိုအချိန်တွင် ဝမ်အား ဂေါင်က အော်ဟစ်လိုက်၏။

"ညီအစ်ကိုတို့ တက်ကြစို့။ ခေါင်းဆောင်ကို ပြန်လုကြမယ်"

"တောက်။ ဝမ်အားဂေါင်..မင်း ငါ့ကို သေအောင် လုပ်နေတာလား"

လီတာကျွမ်းသည် ထိုအခြေအနေကို မြင်သောအခါ ဒေါသတကြီး ဆဲရေးတော့သည်။

" ခေါင်းဆောင်... ကျွန်တော်တို့က ခေါင်းဆောင်ကို ကယ်မလို့ပါ။ ခေါင်းဆောင်က ဘာလို့ အဲဒီလို ပြောရတာလဲ"

ဝမ်အားဂေါင်၏ မျက်နှာတွင် ကောက်ကျစ်သော အရိပ်အယောင်များ ရှိနေ၏။

ရှောင်ဖန်းက လှောင်ပြောင်လိုက်သည်။

"မင်း ခေါင်းဆောင်လုပ်ရတာ သိပ်ပြီး အခြေအနေမကောင်းဘူး ထင်တယ်"

"တက်ကြစို့ ညီအစ်ကိုတို့။ အဲဒီ ကောင်ကို သတ်ပြီး မိန်းမတွေကို လုကြမယ်။ ငါတို့အားလုံး အလှည့်ကျ စံစားရမှာ"

ဝမ်အားဂေါင်က ဆက်လက် လှုံ့ဆော်နေ၏။

အမျိုးသမီးများကို အလှည့်ကျ စံစားရမည်ဟူသော စကားကို ကြားသောအခါ တုံ့ဆိုင်းနေကြသော ရွာသားများသည် စိတ်လှုပ်ရှားလာကြသည်။

၎င်းတို့သည် ငါးမျှားချိတ်များနှင့် လယ်ယာသုံး ကိရိယာများကို ကိုင်ဆောင်ကာ ရှောင်ဖန်းတို့ဆီသို့ တဖြည်းဖြည်း တိုးကပ်လာကြ၏။

ရှောင်ဖန်းသည် မိမိတို့ကို အရင်ဆုံး ပစ်ခတ်မည်မဟုတ်ဟု လူတိုင်းကထင်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ဖန်း၏သေနတ်ကလီတာကျွမ်းကိုချိန်ထားသောကြောင့်ဖြစ်၏။

"ဒိုင်း..."

ထိုအချိန်တွင် ရုတ်တရက် သေနတ်သံတစ်ချက် မြည်ဟည်းသွားသည်။

လူအုပ်၏ နောက်နားတွင် ရပ်နေသော ဝမ်အားဂေါင်သည် နဖူးတွင် သေနတ်ဒဏ်ရာကြောင့် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားပြီး ချက်ချင်းလဲကျသေဆုံးသွား၏။

ရွာသားအားလုံးသည် ချက်ချင်း ထိတ်လန့်အံ့ဩသွားကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လီတာကျွမ်း၏ ဦးခေါင်းကို သေနတ်ဖြင့် ထောက်ထားသော ရှောင်ဖန်း၏ လက်ကိုသာ စိုက်ကြည့်နေခဲ့ကြ၍ ဖြစ်၏။

ထိုလက်သည် လုံးဝ လှုပ်ရှားခြင်းမရှိသော်လည်း ဝမ်အား‌ဂေါင်မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

"ဘယ်သူမဆို နောက်တစ်လှမ်း ထပ်တိုးရင် သေရမယ်"

ရှောင်ဖန်းက အော်လိုက်ပြီး သူ၏ အေးစက်သော မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ရှိ ရွာသားများကို ဝေ့ကြည့်လိုက်၏။

ထို့နောက် ရှောင်ဖန်းက ယွမ်ချင်းမေကို ပြောလိုက်သည်။

"ချင်းမေ... သူတို့ ရှေ့တိုးလာရင် နင့်ရဲ့ စွမ်းအားကို ချက်ချင်းသုံးပြီး အကုန်သတ်ပစ်လိုက်"

ထိုစကားကို ကြားသောအခါ ယွမ်ချင်းမေသည် သူမ၏ မီးသတ်ပုဆိန်ကို ကိုင်ကာ ရှေ့သို့ တစ်လှမ်း တက်လိုက်၏။ ရှေ့တွင်ရှိသော ရွာသားများသည် ယွန်းချင်းမေ၏ ကိုယ်ရောင်ကိုယ်ဝါကြောင့် ကြောက်လန့်တကြား နောက်သို့ တစ်လှမ်း ဆုတ်သွားကြသည်။

"ချင်းချမ်း... ဒီကိုလာပြီး နင့်ရဲ့ စွမ်းအားရှင်ကျွန်ကို လက်ခံလိုက်ဦး"

ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်၏။

"သခင်... ကျွန်မ လာပါပြီ"

ကျူချမ်းချမ်းသည် သူမ၏ တင်ပါးများကို လှုပ်ခါရင်း ရှောင်ဖန်းထံသို့ လျှောက်လာစဉ် သူမ၏ ရုပ်သွင်က စတင်ပြောင်းလဲလာ၏။

ရှောင်ဖန်း၏ အနီးသို့ ရောက်ရှိလာသောအခါပြင်ဆင်ထားသော ညှို့မှော်မယ် ပုံစံကျူချမ်းချမ်းဖြစ်နေခဲ့၏။

သူမသည် ကြပ်ထုတ်နေသော စကတ်တို၊ ခြေအိတ်အနက်ရောင်နှင့် ဒေါက်မြင့်သားရေဖိနပ်ကို ဝတ်ဆင်ထားပြီး လက်ထဲတွင်မူကြာပွတ်တစ်ချောင်းကို ကိုင်ဆောင်ထားသည်။

"ကျေးဇူးတင်ပါတယ်သခင်"

ကျူချမ်းချမ်းသည် ရှောင်ဖန်း၏ ပါးကို အရင်ဆုံး နမ်းလိုက်၏။

ထို့နောက် ရှောင်ဖန်း၏ ဖိအားပေးမှုကြောင့် ဒူးထောက်နေရသော လီတာကျွမ်းကို ငုံ့ကြည့်လိုက်သည်။

"ဟားဟားဟား။ ကောင်လေး... မင်း ကံကောင်းတာပဲ။ မင်းက ဒီသခင်မရဲ့ သစ္စာအရှိဆုံး ကျွန်ဖြစ်လာတော့မှာ"

လီတာကျွမ်သည် ရူးသွပ်သလို ဖြစ်နေသော ကျူချမ်းချမ်းကို ကြည့်ကာ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။အလွန်အမင်း လှပသောအမျိုးသမီးက မိမိကို ဘာလုပ်မည်ကို သူ မသိပေ။

သို့သော်သူ သိရန်မလိုတော့ပေ။ လီတာကျွမ်း၏ မျက်ဝန်းထဲတွင် နီရဲသော အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက်သူသည် ကျူချမ်းချမ်း၏ ရှေ့မှောက်တွင် ဝပ်စင်းကာ ဦးချလိုက်၏။

"သခင်မ"

"ဟားဟားဟား။ သိပ်ကောင်းတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းတော့ လုပ်ရဦးမယ်။ သခင်မရဲ့ ရိုက်နှက်မှုကို ခံယူစမ်း"

ကျူချမ်းချမ်းက ရူးသွပ်စွာ ရယ်မောရင်း သူမ၏ ကြာပွတ်ဖြင့် လီတာကျွမ်းကို အဆက်မပြတ် ရိုက်နှက်တော့၏။

ဤမြင်ကွင်းကို မြင်သောအခါ ရှောင်ဖန်းအလိုမကျမှုဖြင့်မျက်‌မှောင်ကုပ်သွားရ၏။

ကျူချမ်းချမ်းသည် တစ်ဖက်လူကို ကျွန်အဖြစ် အောင်မြင်စွာ သိမ်းသွင်းပြီး‌သော်လည်းဘာလို့ ရိုက်နှက်နေသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ ၎င်းက သူမ၏ဝါသနာ ဖြစ်နိုင်၏။

ထိုရိုက်နှက်မှုကိုမြင်ရချိန်တွင်သူကိုယ်တိုင် အရိုက်ခံခဲ့ရဖူးသော အတိတ်မှတ်ဉာဏ်များက ပြန်လည်နိုးထလာခဲ့သည်။

ယနေ့ညတွင်ကျူချမ်းချမ်းကို ကောင်းကောင်း အပြစ်ပေးရမည်ဟု သူ တွေးလိုက်တော့၏။

*********

အခန်း (၅၅) ချင်းယွင်တောင်အပန်း‌ ဖြေစခန်း

ယွန်းကျဲကျေးရွာအတွင်း၌ ဖြစ်၏။

ရှောင်ဖန်းတို့အဖွဲ့သည် လီတာကျွမ်း၏ လမ်းပြမှုဖြင့် ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုနေကြသည်။

"သူ့ရဲ့စွမ်းရည်က တော်တော်လေး အသုံးဝင်တာပဲ။ ဒီရွှံ့အိမ်တွေက တော်တော်လေး ထူထူထဲထဲ ဆောက်ထားတာဆိုတော့ အပူဒဏ်ကို ကောင်းကောင်း ထိန်းထားနိုင်တယ်"

ယွဲ့ဟွာက ယွန်းကျဲကျေးရွာရှိ အရွယ်အစားအမျိုးမျိုးရှိသော ရွှံ့အိမ်များကို ကြည့်ရှုရင်းချီးမွမ်းလိုက်၏။

"ဟုတ်တယ် မြေကြီးရဲ့ အပူထိန်းနိုင်စွမ်းက မြို့ပေါ်က တိုက်မြင့်ကြီးတွေထက် အများကြီး ပိုကောင်းတယ်။ အပြင်မှာ နှင်းတွေ ဖုံးနေတာတောင် အခန်းထဲမှာသိပ်မအေးဘူး"

ရှောင်ဖန်းကလည်း ထပ်လောင်းပြောကြားလိုက်သည်။

"ပြီးတော့ ဒီရွာက တကယ်ပဲ ကံကောင်းလွန်းတယ်။ ယွန်းကျဲအိုင်ရဲ့ ဘေးနားမှာတင် ရှိနေတာလေ။ ရွာသားတွေက များသောအားဖြင့် ငါးဖမ်းပြီး အသက်မွေးကြတာဆိုတော့ အိမ်တိုင်းမှာ ငါးခြောက်တွေ အများကြီး ရှိကြတယ်။မဟုတ်ရင် သူတို့တွေ အခုအချိန်ထိ တောင့်ခံနိုင်ကြမှာ မဟုတ်ဘူး"

ဖန်ချင်းယွီက စိတ်လှုပ်ရှားစွာဖြင့် မှတ်ချက်ချလိုက်၏။

ဤကဲ့သို့ အလွန်အမင်းအေးစက်သော သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ရချိန်တွင် အပူရှိန်ရရှိရန် ပြဿနာကို ဖြေရှင်းနိုင်သောကျေးလက်တောရွာများသည် မြို့ပြထက် ပိုမိုအခြေအနေကောင်းမွန်ပေသည်။

လယ်သမားအများစုသည် ကောက်ပဲသီးနှံများကို သိုလှောင်ထားလေ့ရှိသော်လည်း မြို့ပြရှိ လူများသည် လတ်ဆတ်မှုကို ဦးစားပေးကာ ဆန်ကို အိတ်ငယ်များဖြင့်လည်းကောင်း၊ ဟင်းသီးဟင်းရွက်များကို တစ်နပ်စာချင်းလည်းကောင်း ဝယ်ယူလေ့ရှိကြသည်။

လတ်ဆတ်မှုအတွက် အာမခံချက်ရှိသော်လည်း အကျပ်အတည်းကာလတွင် အားနည်းချက်များက ထင်ရှားလာ၏။

"လီတာကျွမ်း မင်းတို့အားလုံး အခု အဲဒီငါးခြောက်တွေကိုပဲ စားပြီး အသက်ဆက်နေကြတာလား"

ရှောင်ဖန်းက လီတာကျွမ်းကို ကြည့်ကာ မေးမြန်းလိုက်သည်။

"သခင်ကြီးတင်ပြရရင် ရေကန်အောက်ထဲမှာ ငါးဖမ်းဖို့အတွက် စီစဥ်နေတုန်းမို့ လတ်ဆတ်တဲ့ငါးတွေ ရဖို့ကလည်း ပြဿနာမရှိပါဘူး"

လီတာကျွမ်းက ရိုသေစွာ ပြန်လည်ဖြေကြားလာ၏။

"ရေကန်မျက်နှာပြင်က ခဲနေတာကို မင်းတို့ ဘယ်လိုငါးဖမ်းလဲ"

ရှောင်ဖန်းက စိတ်ဝင်တစား‌ မေးလိုက်သည်။

"မြောက်ပိုင်းက ဒါကန်းရေကန်မှာ ဆောင်းရာသီ ငါးဖမ်းလုပ်ငန်း လုပ်ဖူးတဲ့ ရွာသားတွေ ရှိနေလို့ သူတို့က နည်းစနစ်ကိုကို သိကြပါတယ်။ ကျွန်တော်တို့က ပိုက်ကွန်ချဖို့ ရေခဲလွှာကို အပေါက်ဖောက်လိုက်ရုံပါပဲ။ ဖမ်းမိတဲ့ပမာဏကလည်း အကြိမ်တိုင်း တော်တော်လေး များတယ်"

ဒါကန်းရေကန်သည် မဟာရှားနိုင်ငံ မြောက်ပိုင်းတွင် လူသိများသော ရေကန်ကြီးတစ်ခု ဖြစ်ပြီး နှစ်စဥ် ဆောင်းရာသီ ငါးဖမ်းပွဲများ ကျင်းပလေ့ရှိသည်။

ရွာထဲတွင် ခေတ္တမျှ ထပ်မံနေထိုင်ပြီးနောက် ရှောင်ဖန်းသည် ကျူချမ်းချမ်းကို သန်မာသော ရွာသားလေးဦးအား ထပ်မံကျွန်ပြုစေပြီး လီတာကျွမ်း၏ လက်အောက်ခံအဖြစ် ထားရှိစေခဲ့၏။

ထို့နောက် သူသည် လီတာကျွမ်းထံသို့ နေ့စဥ်သုံးပစ္စည်း အမြောက်အမြား ပေးကမ်းလိုက်သည်။ ၎င်းတို့တွင် သူကိုယ်တိုင် မစားသော ပေါင်မုန့်များ၊ အသင့်စားခေါက်ဆွဲများနှင့် အခြားအရာများအပြင် ဆီ၊ ဆား၊ ပဲငါးပိရည်နှင့် ဗနီဂါတို့ ပါဝင်သည်။

လက်ရှိတွင် ဖုန်းလိုင်းလုံးဝ မရှိတော့သောကြောင့်ဆက်သွယ်ရန်အတွက် ရှောင်ဖန်းကလီတာကျွမ်းထံသို့ စွမ်းအားမြင့် ကြိုးမဲ့စကားပြောစက်တစ်ခုနှင့် ဘက္ထရီအထုပ်ကြီးတစ်ထုပ်ကို ပေးလိုက်၏။ ထိုပစ္စည်းများကို ရှောင်ဖန်းမနေ့က သိုလှောင်ရုံဗဟိုဌာနမှ စုဆောင်းရရှိခဲ့သော ထောက်ပံ့ရေးပစ္စည်းများထဲမှ ထုတ်ယူခဲ့ခြင်း ဖြစ်သည်။

သူက လီတာကျွမ်းအား ၎င်း၏စွမ်းရည်ကို အသုံးပြု၍ ရွာအတွက် ကာကွယ်ရေးတံတိုင်းတစ်ခု တည်ဆောက်ရန်လည်း မှာကြားခဲ့၏။

၎င်းနောက်ရှောင်ဖန်းသည် အမျိုးသမီးများကို ခေါ်ဆောင်ကာ ယွန်းကျဲကျေးရွာမှ ထွက်ခွာခဲ့တော့သည်။

လမ်းခရီးတွင် ကျူချမ်းချမ်းက နှုတ်ခမ်းကို စေ့ထားပြီးတစ်ခုခုကိုစိတ်တိုင်းမကျသကဲ့သို့ ဖြစ်နေ၏။

"သခင်ရာ အဲဒီကျွန်ကို တိုက်ခိုက်ရေးအင်အားအဖြစ် ကျွန်မ ခေါ်လာချင်တာကို သခင်က ဒီမှာ ထားခဲ့တယ်"

ရှောင်ဖန်းက ကားမောင်းနေရင်း ရှင်းပြလိုက်၏။

"ငါ ကြည့်လိုက်တော့ ဒီယွန်းကျဲကျေးရွာက ချင်းယွင်တောင်အပန်း‌ဖြေနယ်မြေကို သွားတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ။ လီတာကျွမ်းကို ဒီမှာ ထားခဲ့တာက ငါတို့အတွက် ကြိုတင်သတိပေးချက် ရနိုင်အောင်လို့ပဲ။ဒါမှ တစ်ယောက်ယောက် ဒီဘက်ကို လာရင် ငါတို့ ကြိုသိနိုင်မှာ"

"ဟား ရှင့်စိတ်က တော်တော်လေး ကောက်ကျစ်တာပဲ။ ဒါပေမဲ့ ကျွန်မ သဘောကျတယ်"

ယွမ်ချင်းမေက တိုးတိုးလေး ပြော၏။

"ဒါကို သင်ယူထား။ လူတွေကို တွေ့တိုင်း လိုက်သတ်ဖို့ပဲ မစဥ်းစားနဲ့။ အသုံးပြုနိုင်တဲ့ အရာအားလုံးနဲ့ လူတိုင်းကို အသုံးချတတ်အောင် သင်ယူပါ"

ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်သည်။

"ကျွန်မ နားလည်ပါပြီ။ ဒါပေမဲ့ နောင်ကျရင် ရှင်တို့ တိုက်ခိုက်တဲ့အခါ ကျွန်မ ကူညီနိုင်မှာ မဟုတ်ဘူးလို့ ခံစားရတယ်"

ကျူချမ်းချမ်းကစိတ်မပါလက်မပါဖြင့် ပြော၏။

"စိတ်မပူပါနဲ့။ နောင်ကျရင် စွမ်းအားရှင်တွေ အများကြီး ရှိလာဦးမှာ။ အဲဒီအချိန်ကျရင် မင်းအတွက် ပိုပြီးစွမ်းအားကြီးတဲ့သူကို ကျွန်ပြုနိုင်ဖို့ ငါတို့ နည်းလမ်းရှာကြတာပေါ့"

ရှောင်ဖန်းက သူမအား နှစ်သိမ့်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်"

ကျူချမ်းချမ်းက ရှေ့သို့ တိုးလာပြီး ရှောင်ဖန်း၏ ပါးကို နမ်းလိုက်၏။

"နင်က ဘယ်လိုလုပ် အဲလိုလုပ်နိုင်ရတာလဲ။ မရဘူး။ ငါလည်း သူ့ကို နမ်းချင်တယ်"

ယွမ်ချင်းမေသည် ကျူချမ်းချမ်း၏ လုပ်ရပ်ကို မကျေမနပ်ဖြစ်ကာ ရှေ့သို့ တိုး၍ ရှောင်ဖန်းကို နမ်းလိုက်ပြန်သည်။

ယွမ်ချင်းမေ၏ လုပ်ရပ်ကြောင့် ဖန်ချင်းယွီနှင့် ယွဲ့ဟွာတို့သည် ငြိမ်သက်စွာ မထိုင်နိုင်တော့ပေ။ မူလက တည်ငြိမ်သော ထိုအမျိုးသမီးနှစ်ဦးသည်လည်း ရှေ့သို့ တိုးလာပြီး ရှောင်ဖန်းကို တစ်ယောက်တစ်ချက်စီ နမ်းလိုက်ကြ၏။

"ကဲပါ တော်ကြပါတော့။ မနမ်းကြနဲ့တော့ ငါ ကားမောင်းနေတယ်"

ရှောင်ဖန်းသည် ထိုအနမ်းများကြောင့် စိတ်တည်ငြိမ်မှု မရှိတော့ဘဲ ခရီးကြမ်းမောင်းကားကိုဆက်မမောင်းချင်တော့ဘဲ သူတို့နှင့်သာချစ်ပွဲဝင်ပြီးစိတ်အပန်း‌ ဖြေချင်စိတ် ပေါ်ပေါက်လာခဲ့၏။

ရှောင်ဖန်းက အော်ဟစ်လိုက်ပြီးနောက်မှသာ အမျိုးသမီးငယ်များသည် ငြိမ်သက်သွားကြတော့၏။

သို့သော် ခေတ္တမျှသာ တိတ်ဆိတ်သွားခြင်းဖြစ်ပြီးယွမ်ချင်းမေက ဖဲကစားရန် ပြောလာသဖြင့်ကားအတွင်း၌ ပြန်လည်သက်ဝင်လှုပ်ရှားလာခဲ့သည်။

နှစ်နာရီကြာပြီးနောက် ရှောင်ဖန်းတို့လူစုသည် ချင်းယွင်တောင်အပန်း‌ဖြေစခန်းရောက်ရှိလာကြ၏။

အဝင်ဝတွင် ရှောင်ဖန်းသည် အမျိုးသမီးများနှင့်အတူ ကားပေါ်မှ ဆင်းလိုက်ပြီးခရီးကြမ်းမောင်းကားကို ဟင်းလင်းပြင်အတွင်းသို့ အရင်ဆုံး ပြန်လည်သိမ်းဆည်းလိုက်သည်။

"ချင်းမေ ပုံမှန်အတိုင်းပဲ မင်း လမ်းပြပါ။ သတိထားဦး။ ဒီမှာ လူတွေ ရှိနေသေးမှာကို ငါ စိုးရိမ်တယ်"

"စိတ်ချပါ"

ယွမ်ချင်းမေက ဒိုင်းလွှားနှင့် ပုဆိန်ကို ကိုင်ဆောင်ကာ အရှေ့ဆုံးမှ လျှောက်လှမ်းသွား၏။

ရှောင်ဖန်းက နောက်မှ လိုက်ပါလာပြီး ကျန်အမျိုးသမီးသုံးဦးက ဘေးတစ်ဖက်တစ်ချက်စီမှ ခြံရံလျက်အပန်း ဖြေနယ်မြေ၏ အထဲဆီသို့ သတိကြီးစွာဖြင့် လျှောက်လှမ်းသွားကြ၏။

"ချမ်းချမ်း မင်း ဒီနေရာကို အရင်က ရောက်ဖူးတယ်မလား။ ဘယ်စံအိမ်က အသင့်တော်ဆုံး ဖြစ်မလဲ"

ရှောင်ဖန်းက သူ၏အရှေ့တွင် လျှောက်လှမ်းနေသော ကျူချမ်းချမ်းအား မေးမြန်းလိုက်သည်။

"အင်း အပြင်ဘက်က စံအိမ်တွေရဲ့ ပုံစံက သိပ်မကြီးဘူး။ အတွင်းထဲမှာ တော်တော်လေး ကောင်းတဲ့ အိမ်တွေရှိတယ်။ အဲဒီထဲက တစ်ခုကတော့ ဒီနယ်မြေရဲ့ အဆောက်အအုံဘုရင်လို့ သတ်မှတ်လို့ရတယ်။ မြေပေါ်မှာ နှစ်ထပ်ရှိပြီး မြေအောက်မှာ နှစ်ထပ်ရှိတယ် အားလုံးပေါင်း စတုရန်းမီတာ နှစ်ထောင်လောက် ရှိတယ်။ အထဲမှာ လူရှိ၊ မရှိတော့ ကျွန်မ မသိဘူး"

ကျူချမ်းချမ်းက လျှောက်လှမ်းရင်း ပြောလိုက်၏။

"ကောင်းပြီ ငါတို့ အဲဒီစံအ်ိမ်ကိုသွားကြမယ်။ တကယ်လို့လူရှိနေရင် အပြင်ကို ဆွဲထုတ်လိုက်ရုံပဲ"

ဆယ်မိနစ်ခန့် လမ်း‌လျှောက်ပြီးနောက် ရှောင်ဖန်းတို့သည် ကျူချမ်းချမ်း ပြောပြသော အပန်းဖြေစံအိမ်အရှေ့သို့ရောက်ရှိလာကြ၏။

သို့သော် အပြင်ဘက်မြင်ကွင်းက ရှင်းလင်းစွာ မမြင်ရတော့ပေ။ ထူထပ်သော နှင်းများကစံအိမ်ကြီးတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းထားပြီး ဒုတိယထပ်ရှိ ပြတင်းပေါက်အချို့သာ ပေါ်နေတော့သည်။

ပင်မအဝင်ပေါက်တွင် နှင်းထုကြီးပိတ်ဆို့နေ၏။

ရှောင်ဖန်းက ရှေ့သို့ လှမ်းလိုက်ပြီး နှင်းထုပေါ်သို့ သူ၏လက်ကို တင်လိုက်သည်။ သူ၏အရှေ့တွင် ရှိနေသော နှင်းများသည် ဟင်းလင်းပြင်အတွင်းသို့ ဆက်တိုက်ဆွဲသွင်းခြင်း ခံလိုက်ရသဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွား၏။

ခေတ္တမျှ ကြာပြီးနောက် စံအိမ်၏ ပင်မတံခါးကြီး ပေါ်ထွက်လာခဲ့သည်။

ဟင်းလင်းပြင်လက်ဝါးကို အသုံးပြု၍ တံခါးကို အတွင်းဘက်မှ ဖွင့်လှစ်လိုက်ပြီးနောက် ရှောင်ဖန်းသည် အမျိုးသမီးများကို ခေါ်ဆောင်ကာ စံအိမ်အတွင်းသို့ ဝင်ရောက်ခဲ့၏။

အပန်းဖြေစံအိမ်ကြီး၏အတွင်းပိုင်းသည် မှောင်မည်းနေသဖြင့် ရှောင်ဖန်းက အမျိုးသမီးတစ်ဦးစီအား ဓာတ်မီးတစ်လက်စီ ပေးလိုက်၏။

"ချင်းမေ ငါနဲ့အတူ လိုက်ခဲ့၊ ပတ်ဝန်းကျင်ကို စစ်ဆေးရအောင်။ မင်းတို့ သုံးယောက်ကတော့ ဒီမှာပဲ နေခဲ့ကြဘယ်မှလျှောက်မသွားနဲ့"

ပြောပြီးနောက် ရှောင်ဖန်းသည် ယွမ်ချင်းမေကို ခေါ်ဆောင်ကာ စံအိမ်၏ အတွင်းပိုင်းဆီသို့ ပြေးဝင်သွားသည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ရှောင်ဖန်းတ်ိာ့သည် စံအိမ်ကြီးတစ်ခုလုံးကို လှည့်လည်ကြည့်ရှုပြီး ဖြစ်၏။မည်သည့်အရာကိုမှမတွေ့ရသဖြင့်ရှောင်ဖန်းစိတ်သက်သာရာရသွား၏။

စံအိမ်အဝင်ဝသို့ ပြန်လည်ရောက်ရှိချိန်တွင် ရှောင်ဖန်းသည် အဆင့်မြင့် ခိုလှုံရာမွမ်းမံမှုပုံစံငယ်ကို သူ၏သိုလှောင်မှုဟင်းလင်းပြင်ထဲမှ ထုတ်ယူကာ မြေပြင်ပေါ်တွင် တင်လိုက်၏။

[စနစ်အမိန့် ထုတ်ပြန်လိုက်သည်နှင့်အမျှ အဆင့်မြင့် ခိုလှုံရာမွမ်းမံမှုပုံစံငယ်သည် စတင်လှုပ်ရှားလာသည်]

အမျိုးသမီးများ၏ အံ့အားသင့်နေမှုများကြားတွင် အပန်းဖြေစံအိမ်ကြီး၏ အတွင်းပိုင်းသည် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

မွမ်းမံမှု ပြီးဆုံးသွားသောအခါ ခမ်းနားထည်ဝါပြီး လှပသော စံအိမ်ကြီးတစ်ခုသည် လူတိုင်း၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့၏။

"ဘယ်လို အရာတွေ ရှိလဲဆိုတာ သွားကြည့်ကြရအောင်"

ရှောင်ဖန်းက အမျိုးသမီးများကို ဦးဆောင်၍စံအ်ိမ်အတွင်းပိုင်းသို့ လှည့်လည်ကြည့်ရှုခဲ့သည်။

ဒုတိယထပ်တွင် ခမ်းနားသော ပင်မအိပ်ခန်းဆောင်အပြင် အဆင့်မြင့် အိပ်ခန်း ရှစ်ခန်း ရှိ၏။

ရှောင်ဖန်းသည် ပင်မအိပ်ခန်းရှိကြီးမားထည်ဝါသောကုတင်ကြီးကိုကြည့်ရင်း အထူးပင် စိတ်ကျေနပ်မှု ရှိနေသည်။

ပထမထပ်သည်ခန်းမကြီးဖြစ်ပြီး အလွန်ကြီးမားသော ဧည့်ခန်းနှင့် ထမင်းစားခန်းအပြင် သီးသန့်ရုပ်ရှင်ရုံငယ်တစ်ခုလည်း ပါဝင်သည်။

မြေအောက် ပထမထပ်တွင် ရေကူးကန်ငယ်တစ်ခုနှင့် ချွေးထုတ်ခန်းပါဝင်သော ခမ်းနားသည့် ရေချိုးခန်းတစ်ခု ရှိ၏။ ရေချိုးခန်းအတွင်းရှိ ဇိမ်ခံပစ္စည်းများကလည်းအမျိုးအစား စုံလင်လွန်းသဖြင့် ရှောင်ဖန်းပင်လျှင် တအံ့တသြ ဖြစ်နေရသည်။

အမျိုးသမီးများအတွက် သင်ယူစရာ အသစ်များ ရှိနေပုံရပေသည်။

မြေအောက် ဒုတိယထပ်တွင်ကြီးမားသော အားကစားခန်းမနှင့် အားကစားကွင်းငယ်တစ်ခု ရှိ၏။

ဟင်းလင်းပြင်ခေါက်ချိုးမှုနည်းပညာကြောင့် အပန်းဖြေစံအိမ်ကြီး၏အတွင်းပိုင်းဧရိယာသည် ယခင်ကထက် အများကြီး ပိုမိုကျယ်ဝန်းနေသည်။

"ဒါက တကယ်ကို ဇိမ်ကျတာပဲ"

ယွမ်ချင်းမေကတအံ့‌တအောချီးမွမ်းလိုက်၏။

"သခင် ရေချိုးခန်းထဲက အဲဒီအရာတွေက ဘာအတွက်လဲဟင်"

ကျူချမ်းချမ်းကရှက်ရွံ့နေသည့်အမူအရာဖြင့်မေးလိုက်၏။

"ဒီမြေခွေးမလေးကတော့"

ရှောင်ဖန်းက စိတ်ထဲတွင် တိုးတိုးလေး ရေရွတ်လိုက်၏။

"အားလုံးပဲ အရင်ဆုံးပစ္စည်းတွေ သွားသိမ်းကြဦး။ ပြီးမှ ငါတို့ ထမင်းစားကြမယ်။ ညစာစားပြီးရင် ရေကူးကန်ပါတီ လုပ်ကြတာပေါ့"

*********

`

အခန်း ၅၆ ပညာသင်မယ်

အန္တရာယ် လွတ်မြောက်လာခဲ့ကြသောကြောင့်လား စံအိမ်ကြီးထဲသို့ ပြောင်းရွှေ့နေထိုင်ရပြီး ပိုမိုသက်တောင့်သက်သာရှိလာကြသောကြောင့်လားမသိ မနေ့က ရှောင်ဖန်း အပါအဝင် လူတိုင်းသည် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စရာအချိန်များကို ဖြတ်သန်းခဲ့ကြ၏။

အိပ်ရာထရေချိုးပြီးနောက်ရိုးရှင်းသော မနက်စာကိုစားသောက်လိုက်ကြသည်။

ထို့နောက်ရှောင်ဖန်းသည် စံအိမ်ကြီးကို နေရာအနှံ့လိုက်ကြည့်ရာမှမကြာမီပင် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရ၏။

အလယ်အလတ်ခိုလှုံရာပြုပြင်မွမ်းမံမှုမော်ဂျူးဖြင့် ပြုပြင်ထားသော ထိုစံအိမ်ကြီး၌ နောက်ဖေးတံခါး မရှိချေ ။

မူလနောက်ဖေးတံခါးရှိမည့်နေရာသည် နံရံဖြစ်နေသဖြင့်အဆင်မပြေပေ ။

"စနစ်.. စံအိမ်အပြင်ဘက်ကို‌ ရောက်နိုင်တဲ့ လျှို့ဝှက်လမ်းတစ်ခု လုပ်ပေးလို့ရမလား"

[အိမ်ရဲ့ အဓိကတည်ဆောက်ပုံကို မပြောင်းလဲသရွေ့ အသေးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်နိုင်သည်]

"ကောင်းပြီ.. ငါ့အတွက် လျှို့ဝှက်လမ်းတစ်ခု လုပ်ပေးပါ ။ထွက်ပေါက်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထားပေး"

[ကျေးဇူးပြု၍ အိမ်တွင်းရှိ ဝင်ပေါက်နေရာကို သတ်မှတ်ပေးပါ]

ရှောင်ဖန်းသည် မြေအောက်ဒုတိယထပ်သို့ အမြန်ဆင်းသွားပြီး ပတ်ပတ်လည်ကို ကြည့်ရှုကာ ထောင့်တစ်နေရာကို ရွေးချယ်လိုက်သည်။

မကြာမီလျှို့ဝှက်လမ်းကြောင်း တည်ဆောက်ခြင်း ပြီးစီးသွား၏။ ရှောင်ဖန်းဝင်ရောက်ကြည့်ရှုရာ ထိုလမ်းသည် စံအိမ်အနောက်ဘက်ရှိ တောင်ကုန်းငယ်တစ်ခု၏ အနောက်ဘက်သို့ ရောက်ရှိသွားသည်။

ထို့ပြင်ထွက်ပေါက်တံခါးကို ကျောက်တုံးအဖြစ် အသွင်ပြောင်းလဲထားသဖြင့် ပိတ်ထားပါက အခြားသူများ သတိပြုမိနိုင်မည် မဟုတ်ချေ ။

အကယ်၍ တစ်ယောက်ယောက်က ဝင်ပေါက်ဖြစ်မှန်း သိရှိသွားလျှင်ပင် ပြင်ပလူများအနေဖြင့် တံခါးကို ဖျက်ဆီးပြီး ဥမင်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ ။

၎င်းက အလယ်အလတ်ခိုလှုံရာပြုပြင်မွမ်းမံမှုမော်ဂျူး၏ စွမ်းပကားကို ရှောင်ဖန်းအား အံ့ဩချီးကျူးမိစေသည် ။ ဤကဲ့သို့သော ပြုပြင်မွမ်းမံမှုမျိုးကိုပင် ပြုလုပ်နိုင်သည် မဟုတ်ပါလား ။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ရှောင်ဖန်းသည် ဆိုဖာပေါ်တွင် ထိုင်ပြီး အမှတ်များခွဲဝေရန်အတွက် အရည်အချင်းမျက်နှာပြင်ကို ဖွင့်လိုက်သည် ။

ရှောင်ဖန်း၌ လက်ရှိတွင် ၄၃ မှတ် ရှိနေသည် ။

ရှောင်ဖန်းသည် ပထမဆုံးအနေဖြင့် အမှတ် ၁၀ မှတ်ကို သုံးစွဲကာ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုအရည်အချင်းကို ၃၀ သို့ တိုးမြှင့်လိုက်သည် ။ ထို့နောက် နောက်ထပ် ၆ မှတ်ကို သုံးစွဲ၍ စိတ်ဝိညာဉ်စွမ်းအားကို ၃၀ သို့ တိုးမြှင့်လိုက်ပြန်သည်။

ထို့ကြောင့် ရှောင်ဖန်း၏ အရည်အချင်းများသည် အောက်ပါအတိုင်း ဖြစ်လာခဲ့သည် ။

[ပိုင်ရှင် - ရှောင်ဖန်း ၊ ကျား/မ - ကျား ၊ အသက် - ၇၂ နှစ် (သက်တမ်း - ၅၅ နှစ်)]

[အလုံးစုံအဆင့်အတန်း - D]

[ခွန်အား - ၃၀ မှတ် (၀/၂)]

[လျင်မြန်မှု - ၃၀ မှတ် (၀/၂)]

[ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၃၀ မှတ် (၀/၂)]

[စိတ်ဝိညာဉ်စွမ်းအား - ၃၀ မှတ် (၀/၂)]

[အသက်စွမ်းအား - ၅၅ မှတ်]

[သတိပြုရန် ။ အသက်စွမ်းအားမှလွဲ၍ ကျန်အရည်အချင်းများတွင် ၁၀ မှတ်သည် သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်းအရည်အချင်း ဖြစ်သည်]

[စွမ်းရည်အမျိုးအစား - ဟင်းလင်းပြင်လက်ဝါး]

[အမှတ် - ၂၇ မှတ်]

ကျန်ရှိသော ၂၇ မှတ်ထဲမှ ရှောင်ဖန်းသည် ၆ မှတ်ကို သုံးစွဲ၍ အစားအစာ ၁ တန်နှင့် ရေ ၂၀ တန်တို့ကို အသီးသီး လဲလှယ်လိုက်၏။

သူသည် နောက်ထပ် ၁၀ မှတ်ကို သုံးကာ အဆင့်မြင့်ဖိနှိပ်စွမ်းအင်ထုပ် (အသေး) တစ်ခုကို လဲလှယ်လိုက်ပြန်သည်။

ရှောင်ဖန်းအရာအားလုံးကို လုပ်ဆောင်ပြီးစီးသောအခါ ယွမ်ချင်းမေနှင့် အခြားသူများသည် အပေါ်ထပ်အိပ်ခန်းများမှ တစ်ယောက်ပြီးတစ်ယောက် ဆင်းလာကြ၏။

ယွမ်ချင်းမေသည် အောက်သို့ဆင်းလာသည်နှင့် ရှောင်ဖန်းထံသို့ အပြေးလာကာ မနေ့ညက သူသည် လူမဆန်ခဲ့ကြောင်း ပြစ်တင်ပြောဆိုတော့သည်။

ထိုအတောအတွင်း ကျူချမ်းချမ်းလည်း အနားသို့ ထပ်မံရောက်လာပြီး မနေ့ညက ရှောင်ဖန်းသည် အဆင်ပြေနေခဲ့ကာ ဘာမျှအများကြီးမလုပ်ခဲ့ကြောင်း ပြောပြန်၏။

"ဟွန့် မနေ့က အကျယ်ဆုံးအော်ပြီး အသနားခံခဲ့တာ နင်ပဲလေ။ အခုကျမှ လာပြောနေတယ်"

ယွမ်ချင်းမေက ကျူချမ်းချမ်းကို မျက်စောင်းထိုးရင်း ပြောလိုက်သည် ။

ကျူချမ်းချမ်းက ပြန်လည်ချေပရန် ပြင်လိုက်စဉ်မှာပင် ရှောင်ဖန်းက ကြားဖြတ်တားဆီးလိုက်၏။

"ချင်းမေ ...မနက်စာ မြန်မြန်သွားစား။ ပြီးရင် ငါနဲ့အတူ မြေအောက်ဒုတိယထပ်ကို လိုက်ခဲ့။ငါတို့ နည်းနည်းလောက် ထပ်လေ့ကျင့်ကြရအောင်"

ရှောင်ဖန်းက ပြုံးစစဖြင့် ပြောလိုက်ရာ

"လေ့ကျင့်မလို့လား။ကျွန်မတစ်ယောက်တည်းလား"

ယွမ်ချင်းမေ၏ မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်အယောင်အချို့ ဖြတ်ပြေးသွား၏။

ရှောင်ဖန်း၏ လက်ရှိခန္ဓာကိုယ်အရည်အချင်းများနှင့်ဆိုလျှင် သူမတစ်ယောက်တည်းဖြင့် သူ့ကို စိတ်ကျေနပ်အောင်လုပ်ပေးနိုင်စွမ်းရှိမည် မဟုတ်ချေ။

"နင် ဘာတွေတွေးနေတာလဲ ငါပြောတဲ့ လေ့ကျင့်တယ်ဆိုတာကလက်ရည်စမ်းတာကို ပြောတာ"

သူတို့၏ စိတ်ထဲတွင် မိမိသည်မည်ကဲ့သို့သောလူစားမျိုး ဖြစ်နေသနည်းဟု တွေးမိကာ ရှောင်ဖန်း အတော်လေး စိတ်ပျက်သွားရသည်။

"အဲဒါက အတူတူပဲ မဟုတ်ဘူးလား"

ယွမ်ချင်းမေက ဝေခွဲမရသကဲ့သို့ ကြည့်ရင်းပြန်‌ မေးလာ၏။

"သွားစားစရာရှိတာ သွားစားချေ။ငါ အရင်ဆင်းနှင့်မယ် ..စားပြီးရင် တန်းဆင်းလာခဲ့"

ရှောင်ဖန်းသည်ထပ်မံရှင်းပြမနေတော့ ဘဲအရင်ထွက်လာလိုက်၏။

ရှောင်ဖန်းသည် မြေအောက်ဒုတိယထပ်သို့ ရောက်ရှိလာပြီး ထိုနေရာပတ်ပတ်လည်ကို ဖြည်းဖြည်းချင်း အရှိန်မြှင့်ကာ ပြေးလွှားလေ့ကျင့်နေခဲ၏။

သူ၏ခန္ဓာကိုယ်အရည်အချင်းများ ၊ အထူးသဖြင့် ခွန်အားနှင့် လျင်မြန်မှုတို့သည် အလွန်တိုးတက်လာခဲ့သော်လည်း ရှောင်ဖန်းသည် ထိုအရာနှစ်ခုကြောင့် ပြောင်းလဲသွားသော သူ၏ခန္ဓာကိုယ်ကိုအသားမကျသေးဟု ခံစားနေရဆဲ ဖြစ်သည် ။

ထို့ကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မိမိခန္ဓာကိုယ်၏ဟန်ချက်ညီမှုကိုရှာနေခြင်း ဖြစ်၏။

နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ရှောင်ဖန်းသည် ဟင်းလင်းပြင်လက်ဝါးစွမ်းရည်မှလွဲ၍ မည်သည့်တိုက်ခိုက်ရေးပညာကိုမျှ မတတ်မြောက်သေးခြင်းကြောင့်လည်းဖြစ်သည်။

ထို့ကြောင့်လက်နက်ကိုင်၍တိုက်ခိုက်မှုကျွမ်းကျင်သူယွမ်ချင်း‌မေထံမှ အကွက်အချို့ကို သင်ယူလိုခြင်း ဖြစ်၏။

ခွန်အားနှင့် နည်းစနစ်ပေါင်းစပ်ခြင်းသည် အကောင်းဆုံးဖြစ်ပြီးကျွမ်းကျင်မှုများကို သင်ယူခြင်းက ရှောင်ဖန်းအား မိမိခန္ဓာကိုယ်ကို ပိုမိုထိန်းချုပ်နိုင်စေမည်ဖြစ်သည်။

မကြာမီယွမ်ချင်းမေရောက်လာခဲ့၏။

သို့သော် ယွမ်ချင်းမေ၏ ဝတ်စုံကို မြင်လိုက်ရသောအခါ ရှောင်ဖန်းသည် အံ့အားသင့်ကာစကားပင်မထွက်နိုင်ဖြစ်သွားရသည်။

သူမသည်ကိုယ်လုံးအလှကိုအသားပေးဖော်ပြနိုင်သည့် ဝတ်စုံတိုလေးကို ဝတ်ဆင်၍ ဆင်းလာသောကြောင့် ဖြစ်၏။

"ဘယ်လိုလဲ သဘောကျရဲ့လား စကြစို့လေ"

ယွမ်ချင်းမေသည် ရှောင်ဖန်း၏ အနားသို့ ပြေးလွှား၍ ရောက်ရှိလာကာညုတုတုကြည့်ရင်း‌ ပြောလာသည်။

"ငါ လေ့ကျင့်မယ်ပြောတာက တကယ့်တိုက်ခိုက်ရေးလေ့ကျင့်မှုကို ပြောတာ နင်တွေးနေတဲ့အရာ မဟုတ်ဘူး"

ရှောင်ဖန်းက သက်ပြင်းချရင်း စိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်၏။

"ကျွန်မ သိပါတယ်။ အဖိုးကြီးက ဘာတွေတွေးနေတာလဲ ။ကျွန်မက တိုက်ခိုက်ရေးဝတ်စုံကိုတောင် လဲဝတ်လာခဲ့တာလေ"

ယွမ်ချင်းမေက ပြုံးလျက် ရှောင်ဖန်းကို မျက်ခုံးပင့်ပြကာ ပြောသည်။

ယွမ်ချင်းမေ ။နင်ကတော့ တကယ်ကို ပြုပြင်လို့မရတော့ဘူးပဲ နင့်ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ ။

ရှောင်ဖန်းသည် စိတ်ထဲတွင်သာ ညည်းတွားလိုက်မိတော့သည်။

နောက်ဆုံးတွင် ရှောင်ဖန်းသည် ဟင်းလင်းပြင်သ်ို‌ လှောင်မှုထဲမှ သစ်သားတုတ်နှစ်ချောင်းကို ထုတ်ယူကာ တစ်ချောင်းကို ယွမ်ချင်းမေထံသို့ လှမ်းပစ်ပေးပြီး ပြောလိုက်၏။

"ငါပြောတာ တကယ့်တိုက်ပွဲကို ပြောတာ"

ထိုသို့ပြောပြီးနောက် သူသည် သစ်သားတုတ်ကို ကိုင်ကာ ယွမ်ချင်းမေ၏ ဦးခေါင်းထံသို့ လွှဲရိုက်လိုက်သည် ။

ထိုအခါမှ ယွမ်ချင်းမေသည် ရှောင်ဖန်း ပြောသည်မှာ တကယ့်တိုက်ခိုက်ရေးလေ့ကျင့်မှုဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။

ယွမ်ချင်းမေသည် တိုက်ပွဲအခြေအနေထဲသို့ ချက်ချင်းဝင်ရောက်သွားသည် ။ ရှောင်ဖန်းသည် သူ၏စွမ်းရည်များကို မသုံးဘဲ လက်နက်ကိုသာ ကိုင်စွဲထားချိန်တွင် သူမကို လုံးဝမယှဉ်နိုင်ချေ။

သူသည် ယွမ်ချင်းမေ၏အဝတ်စကိုပင် မထိနိုင်ရုံမျှမကသူမတုတ်ရိုက်ချက်အချို့ကို ပင်ခံလိုက်ရသည်။

ရှောင်ဖန်း၏ လျင်မြန်မှုအရည်အချင်းသည် ယွမ်ချင်းမေထက် မြင့်မားနေသော်လည်း အကြိမ်ပေါင်းများစွာသူမကို ထိတော့မည့်အချိန်တိုင်း၌ သူမသည် လက်ထဲရှိ တုတ်ရှည်ဖြင့် ကျွမ်းကျင်စွာ ခုခံကာကွယ်သွားနိုင်ခဲ့၏။

ခဏမျှ လက်ရည်စမ်းပြီးနောက် ရှောင်ဖန်းက လက်နက်မဲ့ တိုက်ခိုက်ကြည့်ရန် အကြံပြုလိုက်သည်။

လက်နက်မဲ့တိုက်ခိုက်ရာတွင် ယွမ်ချင်းမေ၏ တိုက်ခိုက်နိုင်စွမ်းသည် သိသိသာသာ သွားသော်လည်း နည်းစနစ်ပိုင်းတွင်မူ သူ့ထက် သာလွန်နေသေးကြောင်း သူ သတိပြုမိလိုက်၏။

သို့သော် ရှောင်ဖန်းသည် သူ၏ မြင့်မားလှသော ခန္ဓာကိုယ်အရည်အချင်းများကို အသုံးချကာ ယွမ်ချင်းမေကို အလျင်အမြန်ပင် ဖမ်းချုပ်လိုက်နိုင်သည်။

"အဘိုးကြီး မတရားလုပ်တာပဲ။ရှင့်ရဲ့ ခွန်အားနဲ့ အရှိန်က ကျွန်မထက် အများကြီး သာနေတာကို။ လက်နက်မပါရင် ကျွန်မ ဘယ်လိုမှ မနိုင်ဘူး ။မဆော့တော့ဘူး"

ရှောင်ဖန်း၏ အကြိမ်ကြိမ် ဖမ်းချုပ်ခြင်းကို ခံရပြီးနောက် ယွမ်ချင်းမေက မကျေမနပ်မျက်စောင်းထိုးကာ ပြောလိုက်၏။

"ဟဲဟဲ ငါတို့က ပျော်ရုံတင် ဆော့တာပဲဟာကို။ ဘာလို့ အတည်ကြီး လုပ်နေတာလဲ ။နင်က မူလကတည်းက လက်နက်မဲ့တိုက်ခိုက်ရေးမှာ အားနည်းတာပဲ ။ငါ့ကို ဒီလောက်အထိ ယှဉ်နိုင်တာတင် တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ ။နင် တော်ပါတယ်"

ရှောင်ဖန်းက ချီးကျူးစကား ဆိုလိုက်သည်။

"ဟွန့်..... သိရင်ပြီးတာပဲ"

ရှောင်ဖန်း၏ ချီးကျူးစကားကို ကြားရသောအခါ ယွမ်ချင်းမေသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လိုက်သည်။

"ဒါနဲ့ ချင်းမေ ...အချိန်ရရင် ငါ့ကို နင့်ရဲ့ လက်နက်ကိုင်တဲ့အကွက်တွေ သင်ပေးပါဦး"

"ရတာပေါ့ ...ကျွန်မတတ်တာတွေ အများကြီးပဲ ။ဘယ်လိုလက်နက်မျိုး သင်ချင်တာလဲ"

ယွမ်ချင်းမေက စိတ်လှုပ်ရှားစွာ မေးလာသည် ။

"အင်း ဓားအကွက်ပဲ သင်တော့မယ်"

ရှောင်ဖန်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ကောင်းပြီ။ ဒါဆိုရင် တကယ့်တိုက်ပွဲကို အခုပဲ စကြစို့ ..."

"ယား...."

ထိုသို့ပြောပြီးသည်နှင့် ယွမ်ချင်းမေသည် ရှေ့သို့ အဟုန်ပြင်းစွာ တိုးဝင်ကာ ရှောင်ဖန်းကို မြေပြင်ပေါ်သို့ လှဲသိပ်ချလိုက်တော့သည်။

ယွမ်ချင်းမေသည် ရှောင်ဖန်းကို တစ်ယောက်တည်း ရင်မဆိုင်ရဲသော်လည်း မိမိကိုယ်မိမိ မြှင့်တင်ရန် အခွင့်အရေးကိုမူ လက်လွှတ်မည် မဟုတ်ပါချေ။

*********

All Chapters