အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း (၅၉) ကျူးယွန်းချန်
"ရှင်လုပ်ရဲလုပ်ကြည့်လေ"
ဝေလင်ယွန်းက အော်ဟစ်လိုက်၏။
"ဟွန့်... ငါက ဘာလို့ မရဲရမှာလဲ၊ မင်းတို့ဆီမှာ ငါလိုချင်တဲ့ အချက်အလက်တွေ ရှိမနေရင် အခုချိန် မင်းတို့ ဘာဖြစ်နေမလဲဆိုတာ သိလား"
ရှောင်ဖန်းက လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
ရှောင်ဖန်း ထိုသို့ပြောလိုက်သည်နှင့် အဝေကျိချင်းနှင့် ဝေလင်ယွန်းတို့တူဝရီး၏မျက်နှာအမူအရာအနည်းငယ် ပျက်ယွင်းသွား၏။
သို့သော်လည်း လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားကြပြီး ၎င်းတို့၏ မျက်နှာပေါ်၌အထင်သေးသည့် အရိပ်အယောင်ပင် ထွက်ပေါ်လာသည်။
သူတို့ကိုကြည့်ပြီးရှောင်ဖန်းသိချင်စိတ်ဖြင့်မရိုးမရွဖြစ်သွား၏။၎င်းတို့နှစ်ဦးစလုံးသည် စွမ်းအားနိုးထလာသူများလည်း မဟုတ်ကြချေ။
ဒါမှမဟုတ်ခန္ဓာကိုယ်ပေါ်တွင် အန္တရာယ်ရှိသော လက်နက်ကို ဝှက်ထားတာ ဖြစ်နိုင်မလား။
ဤသို့ တွေးမိသည်နှင့် ရှောင်ဖန်းသည်ယွမ်ချင်းမေကို ချက်ချင်း အမိန့်ပေးလိုက်၏။
"ချင်းမေ... သူတို့ ခန္ဓာကိုယ်ပေါ်မှာ အန္တရာယ်ရှိတဲ့ လက်နက်တွေ ဝှက်ထားလားဆိုတာ သိရအောင် အဝတ်အစားတွေ အကုန်ချွတ်ပြီး စစ်ဆေးလိုက်၊ ငါ နောက်ကနေ ကာကွယ်ပေးထားမယ်"
"ဟီးဟီး... စိတ်ချပါ အဘိုးကြီးရှောင်"
ယွမ်ချင်းမေသည် လက်ထဲမှ မီးသတ်ပုဆိန်နှင့် အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး သူတို့ ရှိရာသို့ အလျင်အမြန်လျှောက်သွား၏။
"ဘာလုပ်တာလဲ... မလုပ်နဲ့နော်"
ယွမ်ချင်းမေ ချဉ်းကပ်လာသည်ကို မြင်သောအခါ ဝေကျိချင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်လေသည်။
သို့သော်လည်း သူမ၏ အော်ဟစ်မှုအချည်းနှီးသာ ဖြစ်၏။ ယွမ်ချင်းမေ၏ ရှေ့မှောက်တွင် ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့သည် ခုခံနိုင်စွမ်း လုံးဝမရှိဘဲ လျင်မြန်စွာပင် အဝတ်အစားအားလုံး ချွတ်ခြင်း ခံလိုက်ရ၏။
၎င်းတို့သည် အဝတ်အစားများ ချွတ်ခံရပြီးနောက် အအေးဒဏ်ကြောင့် တုန်ရင်နေကြသော်လည်း လက်နှစ်ဖက်ဖြင့် ၎င်းတို့၏ကွယ်ဝှက်အပ်သော အစိတ်အပိုင်းများကို အသည်းအသန် ဖုံးကွယ်နေကြ၏။
၎င်းတို့၏ မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်းနှင့် ဒေါသထွက်ခြင်းတို့ ရောပြွန်းနေသည်။
ရှောင်ဖန်းသည် ၎င်းတို့၏ ခန္ဓာကိုယ်ကို အထက်အောက် အသေအချာ ကြည့်ရှုစစ်ဆေးလိုက်ရာ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးအသေးစားလေး တစ်ကုံးစီမှလွဲ၍ အခြား မည်သည့်အရာမျှ ရှိမနေကြောင်း တွေ့ရှိရ၏။
သို့သော်လည်း ၎င်းတို့၏ အသားအရေမှာ အမှန်တကယ်ပင် ဖြူဝင်းနုနယ်လှသည်။
ထိုအချိန်တွင် ယွမ်ချင်းမေသည်လည်း ၎င်းတို့၏ အဝတ်အစားများကို စစ်ဆေးပြီးသွား၏။
"အဘိုးကြီးရှောင်... ကျွန်မ ဘာမှ ရှာမတွေ့ဘူး"
"ကဲ... အဝတ်အစားတွေ ပြန်ဝတ်လိုက်ကြတော့၊ အအေးပတ်ကုန်မယ်"
ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်သည်။
ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့သည် ၎င်းတို့၏ အဝတ်အစားများကို လျင်မြန်စွာ ပြန်လည်ဝတ်ဆင်ကြပြီး ရှောင်ဖန်းကို မီးဝင်းဝင်းတောက်မတတ် စိုက်ကြည့်နေကြ၏။
၎င်းတို့ အဝတ်အစား ဝတ်ဆင်ပြီးသည်ကို မြင်သောအခါ ရှောင်ဖန်းက ဆက်လက်မေးမြန်းလိုက်သည်။
"ကဲ... အခု မင်းတို့ရထားတဲ့ သတင်းတွေကို ပြောပြတော့၊ ဘယ်သူက ငါတို့ကို ပစ်မှတ်ထားနေတာလဲ"
သို့သော်လည်း ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့မှာ ဘာမျှပြန်မဖြေသဖြင့် အခန်းတွင်း၌ ခဏမျှ တိတ်ဆိတ်သွား၏။
"မင်းတို့ မပြောချင်လည်း ရတယ်၊ ချင်းမေ... သူတို့ကိုရော အစားအသောက်တွေကိုပါ ယူပြီး ငါတို့ ပြန်ကြမယ်"
ရှောင်ဖန်းက ထောင့်တွင် ပုံထားသော အစားအသောက်များကို သိမ်းဆည်းရန် ဟန်ပြင်လိုက်သည်။
ရှောင်ဖန်းက အစားအသောက်များကို တစ်ခုချင်းစီ ကောက်ယူနေသည်ကို မြင်သောအခါ ဝေကျိချင်းက မနေနိုင်ဘဲ ပြောလိုက်၏။
"ဟန်ဆောင်မနေပါနဲ့တော့၊ ရှင်က ပစ္စည်းတွေကို သိမ်းဆည်းနိုင်တဲ့ စွမ်းရည် ရှိနေတာ မဟုတ်ဘူးလား"
ဝေကျိချင်း၏ စကားကို ကြားလိုက်ရသောအခါ ရှောင်ဖန်း၏ မျက်ဝန်းများ ရုတ်တရက် ကျုံ့သွားသည်။
ရှောင်ဖန်းသည် လက်ထဲမှ ပစ္စည်းများကို ချလိုက်ပြီး ဝေကျိချင်းထံသို့ အမြန်လျှောက်သွားကာ သူမ၏ လည်ပင်းကို ညှစ်လျက် အေးစက်စွာ မေးလိုက်၏။
"ငါ့မှာ စွမ်းရည်ရှိတာကို မင်း ဘယ်လိုသိတာလဲ"
ဝေကျိချင်းသည် လည်ပင်းညှစ်ခံထားရသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ခက်ခဲအသက်ရှူရင်းစွာ ပြန်လည်ဖြေကြားလာ၏။
"အဲဒီနေ့က... စံအိမ်တံခါးဝက နှင်းတွေကို... ရှင် ပျောက်ကွယ်သွားအောင် လုပ်လိုက်တာကို ကျွန်မ မြင်ခဲ့လို့... ဒီအတိုင်းခန့်မှန်းမိတာ"
ရှောင်ဖန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့်ပင် ဝေကျိချင်း၏ လည်ပင်းကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်၏။
"အခု မင်းတို့က ငါ့ရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီဆိုတော့ မင်းတို့ကိုကို အသက်ရှင်ခွင့် ပေးလို့မရတော့ဘူး"
တစ်ဖက်လူက သူ၏ စွမ်းရည်ကို မှားယွင်းစွာ ခန့်မှန်းမိခြင်း ဖြစ်သော်လည်း ၎င်းတို့ကို ခြောက်လှန့်လိုက်၏။
"တော်စမ်းပါ... ရှင်က ကျွန်မတို့ကို တကယ်ပဲ သတ်ရဲလို့လား၊ ကျွန်မတို့ ဘယ်သူလဲဆိုတာ ရှင်သိလား၊ ကျူးယွန်းချန်တောင် ကျွန်မတို့ကို မထိရဲဘူး၊ ရှင်က ဘာကောင်မို့လို့လဲ၊ စွမ်းရည်ရှင်လား၊ ကမ္ဘာပျက်ကပ် မဖြစ်ခင်ကတည်းက အဲဒါတွေကို ကျွန်မတို့ မြင်ဖူးပြီးသား"
ဝေလင်ယွန်းက ဘေးမှနေ၍ အော်ဟစ်လိုက်၏။
"လင်ယွန်း... ပါးစပ်ပိတ်ထားစမ်း"
ဝေကျိချင်းက သူမ၏ နာကျင်နေသော လည်ပင်းကို ပွတ်သပ်ရင်း ဟောက်လိုက်သည်။
ကျူးယွန်းချန်လား။ ရှောင်ဖန်းသည် ထိုနာမည်ကို အနည်းငယ် ရင်းနှီးနေသော်လည်း တိတိကျကျ မမှတ်မိသေးပေ။
သူက ၎င်းတို့ကို မသတ်ရဲဘူးဟု ဆို၏။ ရှောင်ဖန်းသည် သူတို့တူဝရီးနှစ်ဦး မည်သည့်အချက်ကို ယုံကြည်၍ ဤမျှအထိ ယုံကြည်မှုလွန်ကဲနေသည်ကို အမှန်တကယ် နားမလည်နိုင် ဖြစ်ရ၏။
ရှောင်ဖန်း စဉ်းစားနေစဉ်အတွင်း ဝေကျိချင်းက စကားဆက်ပြောလိုက်သည်။
"စွမ်းရည်ရှင်တွေက ရှားပေမဲ့ ကျွန်မတို့ မြင်ဖူးပါတယ်၊ ကျွန်မတို့လည်း ရှင်နဲ့ ပဋိပက္ခမဖြစ်ချင်ဘူး"
"ဒါပေမဲ့ ရှင် ကျွန်မတို့ကို သတ်ရင် ရှင်လည်း အသက်နဲ့ လျော်ရလိမ့်မယ်၊ အဲဒီအစား ကျွန်မတို့ ပူးပေါင်းပြီး ဒီအရောင်းအဝယ်ကို အဆုံးသတ်ကြတာပေါ့၊ ရှင့်ကို ပစ်မှတ်ထားနေတဲ့သူ ဘယ်သူလဲဆိုတာ ကျွန်မ ပြောပြမယ်"
"ပြီးတော့ အဲဒီလူရဲ့ လက်အောက်ငယ်သားတွေရဲ့ စွမ်းရည်အချက်အလက်တွေကိုပါ ပြောပြမယ်"
ရှောင်ဖန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
"ကောင်းပြီ... မင်း အရင်ပြော၊ အချက်အလက်တွေက ငါ့ကို စိတ်ကျေနပ်စေရင် အစားအသောက် အချို့ ပေးမယ်"
ထိုသို့ပြောပြီးနောက် ရှောင်ဖန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ၎င်းတို့၏ ရှေ့မှောက် မြေပြင်ပေါ်တွင် ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်အူချောင်းဘူးအချို့ ပေါ်လာသည်။
"ကျွန်မ ထင်တဲ့အတိုင်းပဲ... ရှင့်ရဲ့ စွမ်းရည်က ပစ္စည်းတွေကို စုဆောင်းပြီး သိမ်းဆည်းနိုင်တာပဲ"
ဝေကျိချင်းက သူမ၏ ထင်မြင်ချက် မှန်ကန်ကြောင်း အတည်ပြုရင်း ခေါင်းညိတ်လိုက်၏။
ခဏမျှ နားပြီးနောက် ဝေကျိချင်းက မေးမြန်းသည်။
"ရှင် ကျူးယွန်းချန်ကို သိတယ်မဟုတ်လား"
"ကျူးယွန်းချန်က ဘယ်သူလဲ"
"အဘိုးကြီးရှောင်... ရှင် အသွားတာလား၊ မဟာရှားနိုင်ငံမှာ အချမ်းသာဆုံးသူဌေးကြီးက ကျူးယွန်းချန်လေ"
ယွမ်ချင်းမေက ဘေးမှ သတိပေးလိုက်သည်။
ထိုအခါမှသာ ရှောင်ဖန်းသည် ကျူးယွန်းချန်က မည်သူဖြစ်ကြောင်း သတိရသွား၏။
"အတိုးကြီးပေးပြီး မဟာရှားနိုင်ငံရဲ့ အချမ်းသာဆုံးသူဌေးဖြစ်လာတဲ့ အဲဒီလူပုပု ရုပ်ဆိုးဆိုးကြီးကို ပြောတာလား" ရှောင်ဖန်းက မေးလိုက်သည်။
"ခွီး..."
ဘေးနားရှိ ဝေလင်ယွန်းက မနေနိုင်ဘဲ ရယ်မောလိုက်၏။
"အဲဒီလူက တကယ်ပဲ နည်းနည်း ရုပ်ဆိုးတယ်၊ ပြီးတော့ မိန်းမလည်း အရမ်းရှုပ်တာ"
"လင်ယွန်း... ငါတို့ အရေးကြီးတာ ပြောနေတယ်၊ ကြားဖြတ်မပြောနဲ့"
ဝေကျိချင်းက တည်တင်းစွာဖြင့် ပြောလိုက်သည်။
" ဒါက အမှန်ပဲလေ၊ အဲဒီလူက အဒေါ့်ကိုတောင် ကြံစည်ဖို့ ကြိုးစားပြီး အဘိုးဆီကို လူလွှတ်ပြီး အကြိမ်ကြိမ် ပြောခိုင်းဖူးတာ၊ သူက ဘာကောင်မို့လို့လဲ၊ ဖားက ရွှေငန်းသား စားချင်နေတာ"
ဝေလင်ယွန်းက အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
ဝေကျိချင်းသည် ဝေလင်ယွန်း၏ စကားကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။
"အဲဒီ ကျူးယွန်းချန်မှာ ဒီအပန်းဖြေဇုန်ထဲမှာမြေအောက်ခံတပ် တစ်ခု ရှိတယ်"
"ကျူးယွန်းချန်ရဲ့ မြေအောက်ခံတပ်က ဒီမှာ ရှိတာလား၊ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ သူအခု ဒီမှာ ရှိနေတယ်လို့ မင်း ပြောချင်တာလား၊ အချမ်းသာဆုံးသူဌေးကြီးလို လူမျိုးက ပင်လယ်ဆိပ်ကမ်းမြို့မှာ ရှိနေရမှာ မဟုတ်ဘူးလား"
ရှောင်ဖန်းက ဇဝေဇဝါဖြင့်မေးလိုက်၏။
ပင်လယ်ဆိပ်ကမ်းမြို့သည် မဟာရှားနိုင်ငံတွင် အစည်ကားဆုံးမြို့ဖြစ်ပြီး ချမ်းသာသူများနှင့် ကျော်ကြားသူများ စုဝေးရာ နေရာလည်း ဖြစ်သည်။
ဝေကျိချင်းက ရှောင်ဖန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
"ရှင် ပြောတာ မှန်ပါတယ်၊ဒါပေမယ့် သူက အခု ဒီမှာ ရှိနေတာ"
"ဒီကျူးယွန်းချန်က နေရာတိုင်းမှာသူများထက်သာလွန်ဖို့ပဲတွေးနေတတ်တာ၊ သူက တစ်ခုခုဖြစ်လာရင်နေဖို့နိုင်ငံအနှံ့ မြေအောက်ခံတပ်တွေကို တည်ဆောက်ထားခဲ့တာ"
"ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ ဆောက်ထားတဲ့အထဲက တစ်ခုက ဒီမှာ ရှိနေတယ်၊ အပူချိန် မကျဆင်းခင်နဲ့ နှင်းမကျခင်လေးမှာတင် ကျူးယွန်းချန်က ပျော်ပါးဖို့အတွက် ဒီခံတပ်ဆီကို ရောက်လာခဲ့တာ"
ဝေလင်ယွန်းက ဘေးမှ ထပ်လောင်းပြောကြားသည်။
"တကယ်တော့ ကျွန်မနဲ့ အဒေါ်ကလည်း ဒီလိုအရာတွေကို စွဲလမ်းတဲ့သူတွေပဲ၊ ဒါပေမဲ့ ကျွန်မတို့မှာ ပိုက်ဆံအများကြီး မရှိတော့ အပျော်သဘောပဲ အသေးစားလေး တစ်ခု ဆောက်ထားတာ၊ ဒီတစ်ခေါက် လာလည်ရင်းနဲ့ ဒီမှာ ပိတ်မိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"တကယ်တော့ ဒီအပန်းဖြေဇုန်ထဲက မိသားစုအချို့ကလည်း ဒီလိုပဲ လုပ်ထားကြတာ၊ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုအပေါ် မူတည်ပြီး ခံတပ်တွေကို အရွယ်အစား အမျိုးမျိုး ဆောက်ခဲ့ကြတာ၊ ဒါပေမဲ့ အခုတော့ ကျွန်မတို့ကလွဲလို့ ကျန်တဲ့သူတွေအားလုံးက ကျူးယွန်းချန် လွှတ်လိုက်တဲ့သူတွေရဲ့ လုယက်ခြင်းကို ခံလိုက်ရပြီး အစားအသောက်တွေနဲ့ အလှပဂေးတွေအားလုံး ပါသွားပြီ"
ထိုစကားကို ကြားချိန်တွင် ရှောင်ဖန်းသည်အဓိပ္ပာယ်မရှိဟု ခံစားလိုက်ရသည်။
ယခုခေတ် ချမ်းသာသူများသည် ဤမျှအထိ ရူးသွပ်ကြ၏။၎င်းတို့တွင် ပိုက်ဆံများလွန်းသဖြင့် မည်သို့ သုံးစွဲရမှန်း မသိဖြစ်နေကြသည်။
"ကျူးယွန်းချန်က ဒီလောက် ချမ်းသာတာ၊ သူ့ရဲ့ ခံတပ်ထဲမှာ အစားအသောက်နဲ့ မိန်းမတွေ မပြတ်လပ်နိုင်ပါဘူး၊ သူကဘာလို့အခြားလူတွေကို လိုက်လုနေရတာလဲ"
ရှောင်ဖန်းက ဝေခွဲမရဖြစ်လျက် မေးလိုက်၏။
"ဘယ်သူသိမှာလဲ၊ အဲဒီလူက စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့သူဆိုတာ"
ရှောင်ဖန်းက ဝေကျိချင်းကို သံသယစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"နေဦး... ကျူးယွန်းချန်က အဲဒီလောက် မိန်းမရှုပ်တာ။ မင်းတို့နှစ်ယောက်က ဘာလို့ ဘာမှမဖြစ်ဘဲ ဘေးကင်းနေရတာလဲ"
"ဘာလို့လဲဆိုတော့ သူ မရဲလို့ပေါ့"
ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့က ပြိုင်တူ ပြောလိုက်ကြ၏။
*********
အခန်း (၆၀) ကျွန်နှစ်ဦး
ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့က အခြားသူများ ၎င်းတို့ကို မထိရဲကြောင်းကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေကြ၏။
သူတို့ထိုသို့ပြောလေ ရှောင်ဖန်း၏ စိတ်ဝင်စားမှုကိုပိုမိုနှိုးဆွပေးလေဖြစ်၏။
အမျိုးသမီးနှစ်ဦး၏ နောက်ကွယ်တွင် မည်သည့်အရာရှိ နေ၍ကမ္ဘာပျက်ကပ်အတွင်း၌ပင် နိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီးက ၎င်းတို့ကို မထိရဲရသနည်းဟူသော အချက်ကိုသူ အမှန်တကယ် သိရှိလိုသဖြင့်
"ဟဲဟဲ... မင်းတို့နှစ်ယောက်လုံးကဘာစွမ်းရည်မှလည်း မရှိတာကို သူက ဘာလို့ မရဲရမှာလဲ" ဟု လှောင်ပြောင်လိုက်၏။
"ဘာလို့လဲဆိုတော့ ကျွန်မရဲ့ မျိုးရိုးက ဝေ ဖြစ်နေလို့ပဲ"
ဝေကျိချင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ဟဲလော့ဒေသရဲ့ ဝေမျိုးနွယ်စု၊ ဧကရာဇ်မြို့တော်ရဲ့ ဝေမိသားစုပဲ၊ ကျွန်မရဲ့ အဖေက ဝေကျန့်ထျန်း"
သူမ ပြောပြီးနောက် ဝေကျိချင်းသည် ကမ္ဘာပေါ်တွင် သူမ၏ အာရုံစိုက်မှုကို ခံထိုက်သည့်အရာ မည်သည့်အရာမျှ မရှိတော့သည့်အလား ဖြစ်သွား၏။ ဘေးနားရှိ ဝေလင်ယွန်းသည်လည်း သူမအဒေါ်ကဲ့သို့ပင်ဝင့်ကြွားနေ၏။
ရှောင်ဖန်းသည် ခေါင်းကိုငုံ့ကာ မျက်မှောင်ကြုတ်လျက် သူ၏ မှတ်ဉာဏ်များကို ပြန်လည်ရှာဖွေနေမိ၏။
သူသည် စက်ရုပ်ကြီး မက်ဂါထရွန်အကြောင်းကို ကြားဖူးသော်လည်းဝေကျန့်ထျန်းကိုသူမသ်ိချေ။
ရှောင်ဖန်း၏ ဘေးနားရှိ ယွမ်ချင်းမေက အော်ဟစ်ပြောဆိုလိုက်သည်။
"မင်းက လျှောက်ပြောနေတာပဲ၊ မင်းအဖေက ဝေကျန့်ထျန်း ဟုတ်လား၊ ဝေမိသားစုကလူတစ်ယောက်က မင်းတို့လို ဆင်းရဲနိုင်ပါ့မလား၊ မင်းတို့ အပျော်သဘော လုပ်ထားတဲ့ ခံတပ်အစုတ်လေးကိုပဲ ကြည့်လိုက်ဦး"
"ချင်းမေ... ရိုင်းစိုင်းတဲ့ စကားလုံးတွေ မသုံးနဲ့၊ မင်းရဲ့ ပုံရိပ် ပျက်စီးလိမ့်မယ်"
ထိုအချိန်တွင် ရှောင်ဖန်းသည် ဝေကျန့်ထျန်းက မည်သူဖြစ်ကြောင်း သတိရသွားပြီဖြစ်၏။
သူသည် မဟာရှားနိုင်ငံ၏ ထိပ်သီးပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်ပြီး စစ်တပ်အတွင်း၌ အကြွင်းမဲ့ အာဏာရှိသော အရှိန်အဝါကြီးမားသူတစ်ဦး ဖြစ်သည်။
ဝေမိသားစုသည် မဟာရှားနိုင်ငံအတွင်းရှိ ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်ပြီး နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့သော ထင်ရှားကျော်ကြားသည့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်၏။
ထို့ကြောင့်ကျူးယွန်းချန်းသည်မဟာရှားနိုင်ငံ၏ အချမ်းသာဆုံးသူဌေးကြီး ဖြစ်သော်လည်း လက်တွေ့တွင်မူ သူသည် ဝေမိသားစု၏ မျက်စိထဲ၌ ပုစွန်ဆိတ်ကလေးတစ်ကောင်မျှသာ ဖြစ်သည်။
ဝေကျိချင်းသည် ဝေကျန့်ထျန်း၏ ဒုတိယမြောက်ဇနီးမှ မွေးဖွားလာသော သမီးဖြစ်၏။
ပထမဇနီးသည် သားသုံးဦးသာ မွေးဖွားပေးခဲ့ပြီးနောက် ကွယ်လွန်သွားခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် သူမသည် သူ၏အသက်ကြီးပိုင်းကျမှ မွေးဖွားလာသူဖြစ်သဖြင့် ဝေကျန့်ထျန်းသည် မိမိ၏ အဖိုးတန်သမီးရတနာ ဝေကျိချင်းကို အလွန်အမင်း အလိုလိုက်ခဲ့၏။
အလိုလိုက်သည်ဆိုသော်ငြား ဝေမိသားစု၏ စည်းကမ်းမှာ အလွန်တင်းကျပ်သဖြင့် ၎င်းတို့သည် သာမန်အားဖြင့် ဝေကျိချင်းကို ငွေကြေးများ ရမ်းကားစွာ သုံးစွဲခွင့် မပြုပေ။
အထူးသဖြင့် မြေအောက်ခံတပ် တည်ဆောက်ခြင်းကဲ့သို့သော အရာမျိုးကို ဝေကျန့်ထျန်း၏ မျက်စိထဲ၌ ကလေးကစားစရာကဲ့သို့သာ မြင်တွေ့လိမ့်မည် ဖြစ်သည်။
ယွမ်ချင်းမေ၏ စကားလုံးများသည် ဝေကျိချင်းကိုတည့်တည့်မှန်သွားစေ၏။
ဝေမိသားစုတွင် ပိုက်ဆံမရှိခြင်း မဟုတ်ဘဲ သူမ ဝေကျိချင်း၌သာ ပိုက်ဆံမရှိခြင်း ဖြစ်သည်။
မိသားစု စီမံခန့်ခွဲမှုက တင်းကျပ်လှပြီး သူမ၏ ကိုယ်ပိုင်မုန့်ဖိုးမှာလည်း များပြားခြင်း မရှိပေ။ သူမသည် ဝေကျန့်ထျန်း၏ အချစ်ဆုံးသမီး ဖြစ်သော်လည်း ၎င်းတို့သည် ဤကဏ္ဍတွင် စည်းကမ်းများကို လျှော့ပေါ့ပေးခြင်း မရှိခဲ့ကြချေ။
ကြည့်ကောင်းရုံသာရှိပြီး စုတ်ပြတ်နေသော ယခုလုံခြုံရေးခံတပ်ကိုပင်တူမ ဝေလင်ယွန်းကို စီမံကိန်းထဲသို့ ဆွဲသွင်းပြီးမှသာ တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
"အဟက်... ဒါက ကျွန်မတို့ ပျင်းလို့ အပျော်သဘော လုပ်ထားတာပဲ၊ ရှင်က ဒါကိုကြည့်ပြီး ကျွန်မ ဝေကျန့်ထျန်းရဲ့ သမီး ဟုတ်၊ မဟုတ် ဆုံးဖြတ်မယ်ဆိုရင်တော့ တကယ်ကို ရယ်စရာကောင်းလွန်းပါတယ်"
ဝေကျိချင်းက အထင်သေးသော အမူအရာဖြင့် ပြောလိုက်၏။
ရှောင်ဖန်းသည် ဝေကျိချင်း၏ မျက်နှာကို အကြာကြီး စိုက်ကြည့်နေမိသည်။
"မင်းဘာသာ ဝေကျန့်ထျန်းရဲ့ သမီးပဲဖြစ်ဖြစ်၊ အခုက ကမ္ဘာပျက်ကပ် ရောက်နေပြီ"
"ဟဲဟဲ... ရှင်တို့လို သာမန်လူတွေက တကယ်ကို ရယ်စရာကောင်းတယ်။ဘာနားမလည်ဘူး၊ ကမ္ဘာပျက်ကပ် ရောက်နေတော့ ဘာဖြစ်လဲ၊ နိုင်ငံတော်ရဲ့ အာဏာစက်က မရှိတော့ဘူးလို့ ရှင် ထင်နေတာလား"
ဝေကျိချင်းက လှောင်ပြောင်လိုက်သည်။
ရှောင်ဖန်းက မျက်မှောင်ကြုတ်လျက် ဝေကျိချင်းကို တစ်ချက်ကြည့်လိုက်၏။
"တကယ်လို့ကျူးယွန်းချန်က မင်းတို့ကို အတင်းအဓမ္မ ဖမ်းဆီးပြီးသတ်ပစ်လိုက်မယ်ဆိုရင် မင်းအဖေလည်း သိမှာမဟုတ်သလို ဘာမှလည်း လုပ်နိုင်မှာ မဟုတ်ဘူး"
"ဟားဟား... ရှင် အဲဒီလိုပြောမယ်ဆိုတာ ကျွန်မ ကြိုသိသားပဲ၊ ဒါဆို ကျူးယွန်းချန်က ဘာလို့ အခုထိ မလုပ်ရသေးတာလဲဆိုတာ ရှင် စဉ်းစားဖူးလား"
ဝေကျိချင်းက ရယ်မောလိုက်ပြီး ဝေလင်ယွန်းကလည်း ဘေးမှ လိုက်လံရယ်မောကာ ရှောင်ဖန်း၏ ပြောင်လှောင်နေကြ၏။
ရှောင်ဖန်း၏ မျက်နှာသည် တည်သွားပြီး အမျိုးသမီးနှစ်ဦးနှင့် စကား ဆက်လက်ပြောဆိုကာ အချိန်မဖြုန်းလိုတော့ပေ။
ရှောင်ဖန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသဖြင့်ဝေကျိချင်းသည် ရယ်မောခြင်းကို ရပ်တန့်လိုက်၏။
"ဘာလို့လဲဆိုတော့ ကျွန်မတို့ ဝေမိသားစုဝင်တိုင်းမှာ ဘေးကင်းလုံခြုံရေး လက်ဖွဲ့ ရှိကြလို့ပဲ"
ထိုသို့ပြောပြီးနောက် ဝေကျိချင်းသည် လည်ပင်းမှ ဆွဲကြိုးကို ဆွဲထုတ်လိုက်ပြီး ၎င်းတွင် ပါရှိသော ဆွဲသီးအသေးစားလေးကို ညွှန်ပြသည်။
"ဝေမိသားစုထဲမှာတော့ ဒါကို အသက်ဆွဲသီးလို့ ခေါ်တယ်"
"အသက်ဆွဲသီးတိုင်းကို ဝတ်ဆင်သူရဲ့ ကိုယ်ပိုင်သွေးနဲ့ အသက်သွင်းထားတာ၊ ဝတ်ဆင်သူ သေဆုံးသွားတာနဲ့ ဒါမှမဟုတ် အသက်ဆွဲသီးကို ခန္ဓာကိုယ်ကနေ အကြာကြီး ချွတ်ထားတာ၊ ဒါမှမဟုတ် ဖျက်ဆီးပစ်လိုက်တာနဲ့ မိသားစုက ချက်ချင်း သိလိမ့်မယ်"
"ကျွန်မတို့ ဒီနေရာကို လာတာကို မိသားစုက သိပြီးသား၊ ဒါတင်မကဘူး၊ ပြီးခဲ့တဲ့အပတ်က သူတို့နဲ့ ဖုန်းပြောတုန်းကလည်း ကျွန်မတို့ ဒီမှာ ကျူးယွန်းချန်နဲ့ တွေ့ခဲ့တယ်လို့ ပြောထားတယ်"
"ကျူးယွန်းချန်က အဲဒီလို အန္တရာယ်မျိုးကို ရင်ဆိုင်ရဲမလားဆိုတာ ရှင်ပဲ ခန့်မှန်းကြည့်လိုက်တော့"
ပြောပြီးနောက် ဝေကျိချင်းသည် ရှောင်ဖန်းကို အောင်နိုင်သူတစ်ဦးကဲ့သို့ စိုက်ကြည့်လိုက်၏။
ထိုစကားကို ကြားပြီးနောက် ရှောင်ဖန်း၏ မျက်နှာအမူအရာသည် ရုတ်တရက် သိသိသာသာ လျော့ကျသွားပြီး ပြုံးလျက် ပြောလိုက်သည်။
"မင်းတို့ ဝေမိသားစုက တကယ်ကို အထင်ကြီးစရာကောင်းတာပဲ၊ ငါကတော့အဲလိုအရာမျိုးကို တစ်ခါမှ မကြားဖူးဘူး၊ အဲဒီအသက်ဆွဲသီးကို ငါ့ကို သေသေချာချာ ကြည့်ခွင့်ပေးမလား၊ ငါ့ အမြင်ကျယ်အောင်လို့"
ရှောင်ဖန်း၏ အပြုအမူကို မြင်သောအခါ ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့နှစ်ဦးစလုံး၏ မျက်နှာတွင် ကျေနပ်ပီတိဖြစ်သော အမူအရာများ ပေါ်ထွက်လာကြ၏။
"ရှင် အမြင်ကျယ်ချင်တယ်ဆိုရင်လည်း ကျွန်မ ပြပေးတာပေါ့"
ထိုသို့ပြောပြီးနောက် ဝေကျိချင်းသည် ရှေ့သို့ တစ်လှမ်းတိုးကာ အသက်ဆွဲသီးကို ရှောင်ဖန်း၏ မျက်စိရှေ့သို့ အနီးကပ် ယူဆောင်လာခဲ့သည်။
ဝေလင်ယွန်းသည်လည်း ရှောင်ဖန်းကို ပြသရန် မိမိ၏ အသက်ဆွဲသီးကို ဆွဲထုတ်လိုက်၏။
ရှောင်ဖန်းသည် ခေါင်းကိုငုံ့ကာ အနီးကပ် အသေအချာ စစ်ဆေးလိုက်သည်။ အသက်ဆွဲသီး၏ လက်ရာမှာ အလွန်ရိုးရှင်းပြီး အမည်မသိသတ္တုတစ်ခုဖြင့် ပြုလုပ်ထားသော အတွင်းတွင်အခေါင်းပေါက် ဆွဲသီးတစ်ခုဖြစ်ကာ ၎င်း၏အတွင်း၌ သွေးကဲ့သို့ နီမြန်းသော ကျောက်တုံးတစ်တုံးကို ထည့်သွင်းထားခြင်း ဖြစ်၏။
"ထူးထူးခြားခြားတော့ မရှိပါဘူး"
ထိုသို့ပြောရင်းရှောင်ဖန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။
ဝေကျိချင်း စကားတစ်ခွန်း ပြောရန် ပြင်လိုက်စဉ်မှာပင် ရှောင်ဖန်းသည် ရုတ်တရက် လက်ကိုဆန့်ထုတ်ကာ သူမနှင့် ဝေလင်ယွန်းတို့၏ လက်ထဲမှ အသက်ဆွဲသီးများကို လုယူလိုက်၏။
"ဘာလုပ်တာလဲ... ကျွန်မတို့ကို ပြန်ပေး"
ဝေကျိချင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။
သူမသည် အသက်ဆွဲသီးကို ပြန်လည်လုယူရန်အတွက် ရှေ့သို့ ချက်ချင်း ပြေးဝင်လာခဲ့၏။
ဘေးတွင် ရပ်နေသော ယွမ်ချင်းမေသည် ရှေ့သို့ တက်လာပြီး ပါးနှစ်ချက် ရိုက်လိုက်ရာ ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့သည် နောက်သို့ လွင့်စင်သွားပြီး မွေ့ရာပေါ်သို့ ပြန်လည် လဲကျသွားကြသည်။
ရှောင်ဖန်းသည် လက်ထဲမှ အသက်ဆွဲသီးများကို ကစားရင်း အေးဆေးစွာ ပြောလိုက်၏။
"ရှင်ဘုရင်တွေနဲ့ မှူးမတ်တွေက မွေးကတည်းက ဒီရာထူးကို ရလာကြတာမို့လို့လား"
ထိုသို့ပြောပြီးနောက် ရှောင်ဖန်းသည် လက်ထဲမှ အသက်ဆွဲသီးနှစ်ခုလုံးကို ခြေမွပစ်လိုက်သည်။
"ရှင်... ရှင် ဘာလုပ်လိုက်တာလဲ၊ ရှင် ကျွန်မတို့ကို သေအောင် လုပ်လိုက်တာပဲ၊ ကျွန်မအဖေ သိသွားတာနဲ့ ဒီချင်းယွန်းတောင်တန်း တစ်ခုလုံးကို ဒုံးကျည်နဲ့ ပစ်ခတ်ပြီး ပြာကျအောင် လုပ်ခိုင်းလိမ့်မယ်"
ဝေကျိချင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွား၏။
"ဟားဟားဟား... မင်းတို့ အများကြီး တွေးနေတာပဲ၊ မင်းတို့ သေတာနဲ့ မင်းတို့မိသားစုက ဒီလောက်အထိ လုပ်လိမ့်မယ်လို့ တကယ် ထင်နေတာလား"
ရှောင်ဖန်းက အော်ဟစ်ရယ်မောလိုက်သည်။
ရှောင်ဖန်း၏ အမြင်တွင် ဝေကျိချင်းသည် အတွေ့ကြုံနုနယ်လွန်းလှ၏။
သူမသည် အသက်ဆွဲသီးဟု ခေါ်သောအရာဖြင့် လူများကို ခြောက်လှန့်နိုင်သည်ဟု တကယ် ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။
ရှောင်ဖန်းမဆိုနဲ့ကျူးယွန်းချန်ပင်လျှင် အချိန်အနည်းငယ် ထပ်မံကုန်ဆုံးသွားပါက ဤအရာကို ကြောက်လန့်နေတော့မည် မဟုတ်ပေ။
ရှောင်ဖန်းသည် ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့ကို ကြည့်ကာ ယွမ်ချင်းမေဘက်သို့ လှည့်၍ ပြောလိုက်၏။
"ငါတို့အိမ်မှာ အမျိုးသမီးကျွန်နှစ်ယောက် လိုအပ်နေတာ၊ ဒီနှစ်ယောက်က အတော်ပဲ၊ မင်း အိမ်ပြန်ပြီး ကျူချန်းချန်းကို ခေါ်လာခဲ့လိုက်"
ယွမ်ချင်းမေသည် ထိုစကားကို ကြားသည်နှင့် ရှောင်ဖန်း၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
"ကောင်းပါပြီ... ကျွန်မ အခုပဲ ပြန်ခေါ်လိုက်မယ်"
ရှောင်ဖန်း၏ ပါးစပ်မှ အမျိုးသမီးကျွန်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဝေကျိချင်း၏ မျက်နှာတွင် ဒေါသထွက်ခြင်းတို့ဖြင့် ပြည့်နှက်သွား၏။
"ရှင် အိပ်မက်မက်နေတာပဲ၊ ကျွန်မတို့ကို ရှင့်ရဲ့ ကျွန်ဖြစ်စေချင်တာလား၊ ရှင်က ဘာကောင်မို့လို့လဲ၊ အခုပဲ ကျွန်မကို သတ်လိုက်တာက ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် တစ်နေ့နေ့ကျရင် ကျွန်မအဖေကို ရှင့်ကို သတ်ခိုင်းလိမ့်မယ်"
ရှောင်ဖန်းက ပြုံးလိုက်သည်။
"ဝေမိန်းကလေး... မလောပါနဲ့၊ မကြာခင်မှာ မင်း ကျွန်ဖြစ်ရတဲ့ ခံစားချက်ကို သဘောကျသွားမှာ သေချာတယ်၊ ငါ့ကို ယုံစမ်းပါ... မင်းက ထူးချွန်တဲ့ ကျွန်တစ်ယောက် ဖြစ်လာလိမ့်မယ်"
မကြာမီပင် ယွမ်ချင်းမေသည် ကျူချန်းချန်းနှင့်အတူရောက်ရှိလာခဲ့၏။
"အော်... သခင်၊ ဒီအမျိုးသမီးနှစ်ယောက်လား၊ သူတို့က စွမ်းရည်ရှင်တွေလား"
ကျူချမ်းချမ်း မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။
"မဟုတ်ဘူး... သာမန်လူတွေပဲ"
"အော်..."
ကျူချမ်းချမ်းသည် အနည်းငယ် စိတ်ပျက်သွားသော ပုံစံ ဖြစ်သွားသည်။
ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့သည် ညို့ယူဖမ်းစားနိုင်လောက်အောင် လှပလွန်းသော အမျိုးသမီးကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ခံစားလိုက်ရတော့သည်။
*********