မဟာအခွင့်အရေးတစ်ခု၏အစ
Vol. 97 Ch. 1334
တာအိုပညာရှင်ရေသည် ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ သည်အခိုက်တွင် သူ့စိတ်ဝိညာဉ်တွင်ထဲတွင် မမြင်ရသောမီးတောက်တစ်ခု ကျွမ်းလောင်နေပေပြီ။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သောနာကျင်မှုကို ပေါက်ကွဲထွက်လာစေသည်။
ခုနစ်ရောင်စုံလက်သည်းမှာ တတိယအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ဖို့အတွက် အထူးပြုလုပ်ထားခြင်း ဖြစ်၏။ အုပ်စိုးသူ သန့်စင်မွန်းမံခဲ့သော ဆန်းကြယ်သည့်ဥက္ကာခဲအတွင်း၌ အုပ်စိုးသူကိုယ်တိုင်ပင် နားမလည်ခဲ့သောစွမ်းအားတစ်ခု ပါဝင်နေ၏။ ထိုစွမ်းအားက တတိယအဆင့်ကျင့်ကြံသူများကို အံ့မခန်းအဆင့်တစ်ခုအထိ ဖျက်စီးပစ်နိုင်စွမ်း ရှိသည်။
ချိပ်ပိတ်နယ်မြေ၏အရှင်သခင်ပင် ထိုခုနစ်ရောင်စုံလက်သည်း(၉၀) စိုက်သွင်းခံရပြီးနောက် သေဆုံးခဲ့ရ၏။ မမြင်ရသောအားတစ်ခုသည် အံ့မခန်းပျက်စီးမှုကို ဖြစ်စေနိုင်သည်။
ခုချိန်တွင် ခုနစ်ရောင်စုံလက်သည်းသည် တာအိုပညာရှင်ရေထံသို့ လုံးဝ ဝင်ရောက်ခြင်းမရှိခဲ့လျှင်တော့ သူ့အတွက် သေရေးရှင်ရေးပြဿနာ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် လေကောင်းကင်ဘုံနယ်မြေမှ အဘိုးအို၏ကိုယ်ပွား ရောက်ရှိလာပြီး သူ့အံ့အားသင့်ဖွယ်လက်ချောင်းက လက်သည်းကို ငါးလက်မအထိ စိုက်ဝင်စေခဲ့၏။ ထိုအဖြစ်က တာအိုပညာရှင်ရေကို ရူးသွပ်လုနီးပါး ဖြစ်စေခဲ့ကာ ၎င်းကို ဖိနှိပ်ဖို့ရာ မတတ်နိုင်တော့ချေ။
သူ့အစွမ်းထက်တတိယအဆင့်ကျင့်ကြံမှုကို အသုံးပြု၍သာ ယင်းရူးသွပ်မှုကို အတင်းအကြပ် ဖိနှိပ်ထားနိုင်ရုံမျှသာ တတ်နိုင်ခဲ့၏။ သူသည် ဝမ်လင်းကို သတ်ပြီး ဒဏ်ရာကုသရန် တံခါးပိတ်ကျင့်ကြံတော့မည်ဟု ရည်ရွယ်ထားခဲ့၏။
သို့ရာတွင် သူသည် သူ့မန္တာန် ဝမ်လင်းကို သတ်ခါနီးအချိန်တွင် မထင်မှတ်စွာဖြင့် သူ့ဆရာ၏ ကျောက်စိမ်းပြား ပေါ်လာခဲ့သည်။
ထိုကျောက်စိမ်းပြားထံမှ ထွက်ပေါ်လာခဲ့သော လက်ချောင်းက သူ့ကို မျှော်လင့်ချက်မဲ့စေသည့်အထိ ဖြစ်သွားခဲ့၏။ သူက ထိုလက်ချောင်းနှင့် အလွန်တရာ ရင်းနှီးပေ၏။ သူသည် အကြည့်တစ်ချက်ဖြင့်ပင် ယင်းလက်ချောင်းမှာ သူ့ဆရာ၏ လက်ချောင်းမှန်း သိနိုင်လိုက်သည်။
ထိုအဖြစ်က သူ့စဉ်းစားဉာဏ်ကိုပါ ကင်းလွတ်လွတ်နီးပါး ဖြစ်စေသည်။ ထိုလက်ချောင်း၏ ရှေ့မှောက်၌ သူ့အတွက် ရှောင်ဖို့ပင် အချိန်မရလိုက်ချေ။ ထိုအခါ ခုနစ်ရောင်စုံလက်သည်းက သူ့ဦးခေါင်းအတွင်းသို့ လုံးဝ ဝင်ရောက်သွားတော့၏။
သည်အခိုက်အတန့်တွင် ခုနစ်ရောင်စုံလက်သည်းက စတင် အရည်ပျော်လာ၏။ ၎င်းက ပြင်းထန်သောခုနစ်ရောင်တောက်ပမှုကို ပေးစွမ်းကာ သူ့ဦးနှောက်အတွင်း၌ လင်းထင်းပြည့်နှက်စေသည်။
ဤအခိုက်အတန့်တွင် တာအိုပညာရှင်ရေ၏ ဒွာရပေါက်များအားလုံးထံမှလည်း ခုနစ်ရောင်စုံအလင်းကို ပေးစွမ်းတော့၏။
နာကျင်ထိတ်လန့်စွာ အော်ဟစ်နေရင်း တာအိုပညာရှင်ရေမှာ ရူးသွပ်သွားတော့မည့်ပုံ ပေါ်၏။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်နေသည်။ သူ့မျက်လုံးထဲတွင် ရုန်းကန်မှုတို့ ပြည့်နှက်နေ၏။ သူက သူ့စိတ်ထဲရှိ ခုနစ်ရောင်စုံအလင်းကို ခုခံနေရပေ၏။ သူ မည်မျှရုန်းကန်နေပါစေ အချည်းနှီးသာ ဖြစ်ရ၏။ အရည်အဖြစ် ချက်ခြင်းလိုလို ပြောင်းသွားသော ခုနစ်ရောင်စုံလက်သည်းက သူ့စိတ်ထဲတွင် ပြည့်နှက်သည်။
နာကျင်မှုက သူ့စိတ်နှလုံးကိုပါ ပေါက်ကွဲစုတ်ပြဲစေလုနီး ဖြစ်၏။ သူ နာကျင်လွန်းစွာ အော်ဟစ်နေရသည်။ သူ့မျက်လုံးထဲရှိ ရုန်းကန်မှုမှာ ပို၍ အားနည်းလာပြီး သူ့စိတ်ကိုယ်သူ ဆုံးရှုံးလုနီး ဖြစ်လာသည်။
“ဆရာ…သင်ငါ့ကို အန္တရာယ်သုံးခုကနေ ကာကွယ်ပေးနိုင်တဲ့ မန္တာန်တစ်ခု ပေးခဲ့တယ်။ အခု သုံးကြိမ်ပြည့်သွားခဲ့ပြီဆိုတော့ သင် ငါ့ကို သတ်ဖို့အတွက် ရောက်လာခဲ့တာပေါ့။ ကံမ္မ…ကံမ္မ…ကံမ္မ…” တာအိုပညာရှင်ရေသည် နာကျင်ထိတ်လန့်စွာ ပြုံး၏။ သို့သော် သူ့မျက်နှာမှာ ကြမ်းကြုတ်လှသည်။
“ငါ မနာခံနိုင်ဘူး။ သင် သေသွားပြီးတဲ့နောက် ငါဟာ တတိယအဆင့်ကို ရောက်လာခဲ့ပြီး စွမ်းအားထောက်တိုင်တစ်ယောက် ဖြစ်လာခဲ့တယ်။ ငါဟာ နတ်ဘုရားကလန်ရဲ့ အရှင်သခင် ဖြစ်လာခဲ့တယ်။ ငါဟာ သင့်နေရာကို ရယူခဲ့တယ်။ ရေတာအိုတပည့်ပေါင်း (၁.၅)ဘီလီယံ…ငါ့အတွက် ပေါက်ကွဲစမ်း…”
တာအိုပညာရှင်ရေသည် ဝူးဝူးဝါးဝါး အော်ဟစ်ကာ နောက်သို့ အရူးအမူး ဆုတ်နေ၏။ သူသည် ဟင်းလင်းပြင်ကို ချိုးဖျက်ကာ နတ်ဘုရားကလန်ထံသို့ ပြန်ဆုတ်သည်။
ဧရာမကျင့်ကြံခြင်းဂြိုဟ်ကြီးမှာ သူနှင့် နီးကပ်စွာ ပါလာ၏။ ရေတာအိုတပည့်ပေါင်း(၁.၅)ဘီလီယံသည် ပျက်စီးကာ တတိယအဆင့်ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်သော ပူဇော်ခံစွမ်းအားမီးတောက်သည် တာအိုပညာရှင်ရေ၏ ဦးနှောက်ထဲ ဝင်ရောက်ကာ ခုနစ်ရောင်စုံအလင်းကို ခုခံသည်။ တာအိုပညာရှင်ရေ၏ခန္ဓာကိုယ်ထဲတွင် တုန်ဟည်းသံတို့ မြည်ဟိန်းလေ၏။
တာအိုပညာရှင်ရေသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဖျက်စီးခြင်းကို ဆက်တိုက် ဖိနှိပ်ထားရင်း မြန်ဆန်စွာ ပျောက်ကွယ်သွား၏။
သူ ထွက်ခွာသွားသည့်နောက် မိုးကြိုးတုန်ဟည်းသံများသည် တဖြည်းဖြည်း အားနည်းသွားသည်။ ဤနေရာတွင် တိတ်ဆိတ်မှုသာ ကျန်ခဲ့တော့၏။
ဝမ်လင်းသည် မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်သည်။ သူသည် အရာအားလုံးကို ဖျက်စီးခဲ့ပြီးပင်။ သူက တာအိုပညာရှင်ရေကို သေရာသို့ အတူတူခေါ်သွားရန် သူ့ကိုယ်သူ မဖျက်စီးနိုင်ခဲ့လျှင်ပင် သူ့ဒဏ်ရာများကား သူ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ရရှိခဲ့သော ဒဏ်ရာများထက် အဆများစွာ ပိုဆိုးဝါးလွန်းနေပေပြီ။
သူ့အသက်ဓာတ်အားလုံး ကုန်ဆုံးနေပြီ။ သူ အိုမင်းရင့်ရောနေပြီ။ သူ မျက်လုံးမှိတ်လိုက်ချိန်တွင် ဝဲကတော့သုံးခုသည် သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီး အနှစ်သာရငါးခုသည် သူ့ခန္ဓာကိုယ်အတွင်း၌ လှုပ်ရှား၍ နေ၏။
သို့ရာတွင် မည်သို့ပင်ဖြစ်စေ သူတို့သည် သူ့အသက်ဓာတ်ဆုံးရှုံးမှုကို ပြန်ကောင်းမွန်အောင် မလုပ်နိုင်ပါ။
သူမျက်လုံးမှိတ်လိုက်ချိန်၌ သူ့မျက်ခုံးနှစ်ခုကြားတွင် ဝဲကတော့တစ်ခု ပေါ်လာ၏။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့သည် ဖြည်းဖြည်းချင်း ပျံသန်းထွက်လာသည်။ ၎င်း ပေါ်လာသည်နှ့် ၎င်းက အရည်ပျော်ကာ သူ့တစ်ကိုယ်လုံးအနှံ့သို့ ပျံ့နှံ့စီးဝင်သည်။
ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် ကျောက်တုံးလူသားတစ်ယောက် ဖြစ်လာသည်ဟု ထင်ရ၏။ သူသည် ကျောက်တုံးအဘိုးအို ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာ သူ့ရှေ့တွင် မြောလွင့်နေသော ကျောက်စိမ်းပြားမှာလည်း အရည်ပျော်သွားပြီး ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။
သိပ်မကြာခင်တွင် သုံးမြှောင့်ခရင်းခွ ပျက်စီးသွားခဲ့သော သိပ်မဝေးသောနေရာ၌ သလင်းအလင်းတိမ်တိုက်တစ်ခု ရှိလာ၏။ ထိုအလင်းသည် ဝမ်လင်းထံ ချဉ်းကပ်လာပြီး သူ့ညာလက်အတွင်း ပျောက်ကွယ်သွားတော့သည်။
ထို့အပြင် သည်အခိုက်တွင် ပျက်စီးသွားခဲ့သော တတိယမြောက်နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား၏ လိပ်ပြာမှာလည်း အားပျော့သော ခုနစ်ရောင်စုံအလင်းကို ပေးစွမ်း၏။ ထိုမှိန်ဖျော့လွန်းသောအလင်းကနေ လိပ်ပြာတစ်ကောင်အဖြစ် ပြန်ဖွဲ့တည်ပြီး ၎င်း၏တောင်ပံကို ရုန်းကန်ကြိုးစား၍ ခတ်သည်။ ၎င်းသည် တဖြည်းဖြည်း ဝမ်လင်းနား ပျံသန်းလာကာ ခုနစ်ရောင်စုံအလင်းစက်များအဖြစ် လွင့်ပါးပြီး ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ပျောက်ကွယ်သွားတော့သည်။
အဖြူ၊အနက် ဓားတိုနှစ်လက်လည်း ရှိသေး၏။ ၎င်းတို့က တစ္ဆေအရိပ်များ ပြန်ဖွဲ့စည်းလာသည်။ ဆန်းကြယ်သောအားတစ်ခုက ၎င်းတို့ကို ပြန်အသက်သွင်းလိုက်သည့်အလားပင်။ ၎င်းတို့သည် အဖြူရောင်သမင်နှင့် အနက်ရောင်သမင်တို့အဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားကြသည်။
အရာအားလုံး ပြီးဆုံးသွားခဲ့ပေပြီ။
ဝမ်လင်း၏အသိစိတ်မှာ အမှောင်ထုအတွင်း နစ်မြုပ်သွားကာ သူ ဖြည်းဖြည်းချင်း အိပ်မောကျသွားတော့သည်။
ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ဆန်းကြယ်သောစွမ်းအားအောက်တွင် သူ့ခန္ဓာကိုယ်မှာ ကျောက်သား ဖြစ်လာ၏။ သူသည် ကြယ်များကြားတွင် ဖြည်းဖြည်းချင်း လွင့်မြောသွားသည်။
အဆင့်ငါးဒေသသည် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ ခုချိန်တွင် ဤဒေသတွင် ဟင်းလင်းပြင်အက်ကြောင်းများ ပြည့်နှက်နေပြီး ယင်းတို့ထဲမှ အေးစက်စက်လေပြင်းများ ထွက်ပေါ်လျက် ရှိသည်။ ထို့အပြင် ပုန်းကွယ်နေသော ဝဲကတော့များစွာလည်း ရှိသေး၏။ ဝမ်လင်းသည် အဆင့်ငါးဒေသတစ်လျှောက် လွင့်မြောလို့နေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းသည် ကျောက်တုံးအဘိုးအိုအဖြစ် ပြောင်းကာ အဆင့်ငါးဒေသအတွင်း ဟိုဟိုဒီဒီ ရောက်ချင်ရာရောက် လွင့်မြောလျက် ရှိသည်။ တစ်ခါတစ်ရံ သူသည် ဝဲကတော့တစ်ခုအတွင်း ဝင်ရောက်ကာ အဝေးသို့ ပစ်လွှတ်ခြင်း ခံရသည်။ တစ်ခါတစ်ရံ သူသည် ဟင်းလင်းပြင်အက်ကြောင်းတစ်ခုနှင့် တွေ့ကြုံကာ သူ့ခန္ဓာကိုယ်ထက်တွင် အက်ရာများ ပေါ်လာခဲ့သည်။
အဆင့်ငါးဒေသတွင် အမျိုးသမီးတစ်ယောက်လည်း ရောက်နေ၏။ သူမသည် ဝမ်လင်းနှင့် တာအိုပညာရှင်ရေတို့ တိုက်ပွဲဖြစ်ခဲ့သောနေရာသို့ ရောက်လာခဲ့သေး၏။ သူမ ထိုနေရာသို့ ရောက်လာခဲ့ချိန်တွင် သူမမျက်နှာထက်သို့ မျက်ရည်များ လိမ့်ဆင်းကျလာတော့၏။
“ငါ နောက်ကျသွားပြီလား…” ထိုအမျိုးသမီးက သွေးစိမ့်ထွက်လာသည့်အထိ သူ၏အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားသည်။ သူမသည် ဝမ်းနည်းစွာဖြင့် ရှေ့တည့်တည့်သို့ ကြည့်၏။ ထိုအခိုက်အတန့်တွင် သူမ၏နှလုံးသားမှာ သေဆုံးသွားသကဲ့သို့ပင်။
သူမ၏ခန္ဓာကိုယ်ပတ်လည်တွင် သေဆုံးခြင်းအော်ရာတစ်ခု ခြုံလွှမ်းလာသည်။
“နင် သူ့ကို ကယ်ချင်လား…” ကြယ်များကြားမှ ရှေးဟောင်းအသံတစ်ခု ထိုအမျိုးသမီး၏နားထဲသို့ ကျရောက်လာ၏။ သူမ၏ခန္ဓာကိုယ်မှာ ဆက်ခနဲ တုန်ယင်သွားသည်။
“သူ မသေသေးဘူး။ ဒါပေမဲ့ သေလုမြောပါး ဖြစ်နေပြီ။ နင်က သူကနေ ပြောင်းလဲသွားခဲ့တဲ့ ကျောက်တုံးရုပ်တုကို ရှာဖို့ လိုအပ်တယ်။ အဲ့ကျရင် ငါနင့်ကို နည်းလမ်းတစ်ခု သင်ပေးမယ်။ ဖြစ်နိုင်တာက အဲ့နည်းလမ်းနဲ့ နင် သူ့ကို ပြန်ခေါ်လာနိုင်လောက်တယ်။ ဒါပေမဲ့ ဒီနည်းလမ်းအတွက် နင် တန်ဖိုးအများကြီး ပေးဆပ်ရမှာ…”
ထိုကဲ့သို့ ပြောဆိုပြီးနောက် ယင်းအသံသည် ဘယ်တုန်းကမှ မပေါ်လာသည့်အလား ပျောက်ကွယ်သွားတော့သည်။
သို့ရာတွင် သူ့စကားလုံးများက ထိုအမျိုးသမီး၏ မျက်လုံးကို ပြတ်သားမှုဖြင့် တောက်ပလာစေခဲ့၏။ သူမသည် ညင်သာစွာ ခေါင်းညိတ်၍ မျက်ရည်များ သုတ်လိုက်သည်။ ထို့နောက် ပျက်စီးပြိုပျက်နေသော အဆင့်ငါးဒေသအနှံ့သို့ ခြေဆန့်ကာ စတင် ရှာဖွေတော့သည်။
အချိန်ကုန်လွန်နေ၏။ သုံးရက်၊ဆယ်ရက်၊ဆယ့်ကိုးရက်.ကနေ ရက်သုံးဆယ်ထိ ကုန်လွန်လာခဲ့ပေပြီ။
အဆင့်ငါးဒေသ၏ ထောင့်စွန်းတစ်နေရာတွင် ထိုအမျိုးသမီးသည် အက်ကြောင်းများ ပြည့်နှက်နေသော ကျောက်တုံးအဘိုးအိုတစ်ယောက်ကို တွေ့သွားခဲ့၏။ သူမသည် ထိုကျောက်တုံးကို ပွေ့ဖျက်ကာ မျက်ရည်များ ကျဆင်းသည်။ ထိုမျက်ရည်တို့မှာ ကျောက်တုံးပေါ်သို့ ကျဆင်းသွားသော်လည်း ယင်းကျောက်တုံးလူသားမှာ တုတ်တုတ်မျှ မလှုပ်ပါ။
ထိုကျောက်တုံးရုပ်တုကို ပွေ့ဖက်ထားလျက် မျက်ရည်များ တသွင်သွင်စီးကျနေရင်း ထိုအမျိုးသမီးသည် မည်သူမျှ ရှာမတွေ့နိုင်မည့် နေရာတစ်ခုထံ ထွက်လာခဲ့တော့သည်။ တိမ်ပင်လယ်တွင် လူမသိသူမသိဒေသ အရိုင်းကုန်းမြေတစ်ခု ရှိ၏။
ထိုအရိုင်းကုန်းမြေပေါ်တွင် ကြမ်းကြုတ်သောသားရဲများစွာ ရှိ၏။ အကြောင်းမှာ နှစ်ပေါင်းများစွာကြသည့်အထိ ဤကုန်းမြေသို့ ရောက်လာသောလူများမှာ အလွန်နည်းပါးသောကြောင့်ပင်။ ထိုအမျိုးသမီး ရောက်လာသည်နှင့် ယင်းသားရဲများသည် စတင်ဟိန်းဟောက်ကြသည်။ သို့သော် သူတို့သည် ချက်ခြင်းပင် ပြန်ငြိမ်သက်သွားကြသည်။ ကြည့်ရသည်မှာ ထိုအမျိုးသမီးထံမှ အော်ရာသည် ထိုသားရဲမျာားကို တုန်လှုပ်စေကာ အသံတစ်သံမျှ မထွက်ဝံ့တော့ဟု ထင်ရ၏။
အရိုင်းကုန်းမြေ၏ မြောက်ဘက်ပိုင်းရှိ တောင်ကြားတစ်ခုအတွင်းသို့ ထိုအမျိုးသမီးသည် ကျောက်တုံးလူသားနှင့်အတူ ဆင်းသက်လာ၏။ သူမသည် ထိုကျောက်တုံးလူသားနှင့်အတူ ထိုနေရာတွင် အခြေချ နေထိုင်ပေမည်။
နေ့စဉ်နေ့တိုင်း ထိုအမျိုးသမီးက ကျောက်တုံးလူသားရှေ့တွင် ရပ်၍ သူမ၏လက်ထိပ်ကို ကိုက်ကာ သွေးများဖြင့် ၎င်းကို သွန်းလောင်းပေးနေ၏။ ကျောက်တုံးလူသားသည် အလွန်ကြမ်းရှသဖြင့် သူမ၏လက်ထိပ်များမှာ နာကျင်စွာ ခံစားရ၏။ သို့ရာတွင် ကျောက်တုံးလူသားကို ကြည့်နေသော ထိုအမျိုးသမီး၏မျက်လုံးထဲတွင် မည်သည့်နာကျင်မှုမှ ရှိမနေပါ။
ကျောက်တုံးလူသားကို အချိန်အတန်ကြာသည့်အထိ သွေးဖြင့် သွန်းလောင်းပေးနိုင်ဖို့အတွက် သူမ၏ဒဏ်ရာမှာ ပြန်ကုစားနိုင်ဖို့ အချိန်မရဘဲ မကျက်တကျက်သာ ဖြစ်ရတော့သည်။
ထိုကဲ့သို့ အကြိမ်များစွာ ပြုလုပ်ရသည့်နောက်တွင် ဤနာကျင်မှုမှာ နှိပ်စက်မှုတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။
တစ်နေ့ပြီးတစ်နေ့ ယင်းနာကျင်မှုသည် ပိုပို၍သာ ဆိုးဝါးလာတော့၏။
သူမသည် ထိုကျောက်တုံးလူသားကို သွေးဖြင့် သွန်းလောင်းပေးချိန်တိုင်းတွင် ၎င်းက သွေးများကို စုပ်ယူလေ၏။ ထိုအခါ ယင်းကျောက်တုံးလူသားတွင် အသက်ဓာတ်အချို့ ပိုင်ဆိုင်လာသည်ဟု ထင်မှတ်ရပြီး အဘိုးအိုပုံစံမှ အနည်းငယ်ပင် ပြန်နုပျိုလာခဲ့၏။ အစပိုင်းတွင် ကျောက်တုံးလူသားက သူမ သွန်းလောင်းပေးသော သွေးများကို စုပ်ယူဖို့အတွက် တစ်နေ့တာ ကြာမြင့်၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ စုပ်ယူသည့်နှုန်းက မြန်လာပြီး ဆယ်နာရီလောက်သာ ကြာတော့သည်။ ထို့အတွက်ကြောင့် အမျိုးသမီးမှာ ယင်းကျောက်တုံးလူသားကို သူမ၏သွေးဖြင့် ထပ်မံ သွန်းလောင်းပေးရပြန်သည်။
တစ်လ၊နှစ်လ၊လေးလကနေ တစ်နှစ်ထိ ရှိလာခဲ့ပေပြီ။
တစ်နှစ်တာကုန်လွန်လာခဲ့ပြီ။ ထိုအမျိုးသမီးသည် ကျောက်တုံးလူသားကို သွေးများဖြင့် နေရာလပ်မကျန် သွန်းလောင်းပေးဖို့ လိုအပ်နေဆဲသာ။ သူမသည် သည်လူသားကို သွေးဖြင့် သွန်းလောင်းပေးနေစဉ်အတွင်း အလွန်လှပလို့ နေ၏။
သည်တစ်နှစ်မှာ ကျောက်တုံးလူသားသည် တောက်ပသထက် တောက်ပလာခဲ့၏။ ၎င်း၏ပုံပန်းသွင်းပြင်သည်ပင် အဘိုးအိုတစ်ယောက်အဖြစ်ကနေ လူငယ်လူရွယ်အဖြစ်သို့ ပြောင်းလာခဲ့သည်။ အမျိုးသမီးဖြစ်သူ၏မျက်နှာကတော့ ပိုပို၍ ဖြူရောလာခဲ့သည်။ မူလစွမ်းအင်ပါဝင်သော သွေးများစွာ ဆုံးရှုံးရခြင်းက သူမကို တဖြည်းဖြည်းချင်း သွေ့ခြောက်လာစေခဲ့၏။
“သူဟာ သူ့အသက်ဓာတ်အားလုံး ဆုံးရှုံးခဲ့တယ်။ ဒါသာ သာမန်အသက်ဓာတ်ဆိုရင် ပြန်ဖြည့်ဆည်းပေးနိုင်ဦးမယ်။ ဒါပေမဲ့ သူက သူ့စိတ်၊သူ့မူလစိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်ထဲက အသက်ဓာတ်တွေကိုပါ ဆုံးရှုံးသွားခဲ့တာ ဖြစ်တယ်။ နင် သူ့ကို ပြန်အသက်ရှင်စေချင်ရင် သူ့ကို အသက်ဓာတ်နဲ့ အားဖြည့်ပေးမှ ရလိမ့်မယ်…”
ထိုအမျိုးသမီးသည် ကျောက်တုံးလူသားကို ငြိမ်သက်တိတ်ဆိတ်စွာ ကြည့်နေ၏။
ဤအခိုက်အတန့်တွင် ဝမ်လင်းသည် သူ အိပ်ပျော်ကာ အိပ်မက်မက်သလို ဖြစ်နေ၏။ ထိုအိပ်မက်သည် သူ့ဘဝတွင် အကြီးမားဆုံးအခွင့်အရေးများထဲမှ တစ်ခု ဖြစ်ပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် ပတ်သတ်ဆက်နွှယ်နေသည်။
***