← Chapters

ချိပ်ပိတ်နယ်မြေ၏အရှင်သခင်

Vol. 97 Ch. 1335

ချိပ်ပိတ်နယ်မြေ၏အရှင်သခင်

Vol. 97 Ch. 1335

ထိုအိပ်မက်သည် အလွန်နက်ရှိုင်း၏။ အစစ်အမှန်အလားပင်။ ဝမ်လင်းရှေ့တွင် မြူလွှာထုတစ်ခု ရှိလို့နေသည်။

ဝမ်လင်းသည် ထိုမြူလွှာကမ္ဘာထဲတွင် ဟိုဒီသွားလာနေသော မမြင်ရသောစိတ်ဝိညာဉ်တစ်ခုပင်။ သူသည် ဖြည်းဖြည်းချင်း သွားနေရင်း တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်နေ၏။ တစ်နေ့တွင် သူ့စိတ်ဝိညာဉ်မှာ လုံးဝပျောက်ကွယ်သွားပြီး ဤလောကကနေ ထွက်သွားပေမည်။ သူသည် အလွန်အေးစက်နေ၏။ ယင်းအေးစက်မှုသည် သူ့စိတ်ဝိညာဉ်အနှံ့ ပျံ့လွင့်လျက် ရှိသည်။

သူသည် အချိန်မည်မျှကြာမှန်းမသိ လှုပ်ရှားသွားလာခဲ့ပြီးပင်။ ဤနေရာတွင် နေမရှိ၊လမရှိ၊အချိန်အမှတ်သညာပင်မရှိ။ အပြင်ဘက်ကမ္ဘာနှင့် ခြားနားလှသည်။ ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေရင်း ထိုမြူအတွင်း၌ လှုပ်ရှားလျက်ရှိသောအလင်းထဲတွင် သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး ဒြပ်စင်များ ပါဝင်နေမှန်းကို သဘောပေါက်လာခဲ့သည်။

ယင်းဒြပ်စင်များကို သူ အလွန်ရင်းနှီးပေ၏။

“ဒါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ကမ္ဘာပဲ…” တစ်လ၊နှစ်လ၊သုံးလ၊ တစ်နှစ်လား၊ နှနှစ်လား၊ သုံးနှစ်လား။ ဝမ်လင်းသည် အချိန်မည်မျှကုန်သွားခဲ့ပြီကို မသိပေ။ သို့သော် သူ့စိတ်ဝိညာဉ်ကမူ မပျောက်ကွယ်သွားသေးပေ။

မရေမတွက်နိုင်သောနှစ်များစွာအတွင်း နွေးထွေးသော သွေးနီရောင်အလင်းတစ်ခုက အဘက်ဘက်ကနေ ရံဖန်ရံခါ ရောက်ရှိလာတတ်ပြီး ဝမ်လင်းအတွင်းရှိ အေးစက်မှုကို ပယ်ဖျက်ပေးတတ်သည်။ ထိုသွေးအလင်းက သူ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးကာ သူ့ကို တစ်ဝက်တစ်ပျက် ပျောက်ကွယ်နေရာကနေ အထည်ဒြပ်ဆန်ဆန် ဖြစ်လာစေခဲ့သည်။

ထိုသွေးအလင်းက သူ့ကို အားသစ်ပေးနေခြင်းပင်။ သူသည် သူ့ဘေးပတ်လည်ကို ကြည့်ကာ တော်တော်များများကို ပြန်မှတ်မိလာခဲ့၏။

“ငါ ဒီနေရာမှာ ဒြပ်စင်ငါးခုကို စုဆောင်းပေးခဲ့တာပဲ…” ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ နိုးထလာမည့်ခံစားချက်က သူ့အပေါ်သို့ ရိုက်ခတ်နေ၏။ ထိုကဲ့သို့ နိုးထလာပြီးနောက်တွင်မူ သူသည် အိပ်မက်တစ်ခုထဲတွင်သာ ရှိနေဆဲသာ။

သူ့ပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ ခံစားကြည့်နေလျက် သူက အချိန်မည်မျှကြာကြာ သွားလာခဲ့မှန်း မသိသည့်နောက်တွင် သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ အတွင်းနက်ပိုင်းထဲ ဝင်ရောက်လာခဲ့သည်။ ခုချိန်ထိ သူသည် မည်သို့မည်ပုံပြန်ရမည့် နည်းလမ်းကို ရှာနိုင်စွမ်း မရှိသေးချေ။

သူ ရှာတွေ့ခဲ့လျှင်ပင် မည်သည့်လမ်းမှ ရှိမနေပါ။ သူက ဤနေရာတွင် ပိတ်မိနေဟန် ရပြီး ထာဝရအထိ ကြာတော့မည်ဟု ထင်ရသည်။

“ဝမ်အာလည်း ဒီမှာ ရှိနေတာပဲ…” ဝမ်လင်းသည် အထီးကျန်ခြင်းနှင့် အသားကျနေခဲ့သူ ဖြစ်နေပေပြီ။ ထို့အတွက် သူသည် သည်နေရာတွင် မသက်မသာ ခံစားရတာမျိုး ရှိမနေတော့ချေ။

“ဒါပေမဲ့လည်း ငါ မှတ်မိတာကတော့ အရာအားလုံးဟာ ပျက်စီးသွားခဲ့တာကိုပဲ။ ဘာကြောင့် ငါ ဒီနေရာမှာ ပေါ်လာခဲ့ရတာလဲ…” ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကိုသူ ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။ သူသည် မပီမပြင်တဝက်သာရှိနေသော သူ့ခန္ဓာကိုယ် မြင်ရ၏။ သူသည် စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်မှန်း သိသာနေသည်။ သူက အဘက်ဘက်ကနေ သွေးအလင်းများ တိုးဝင်လာပြီး သူ့ကို အားဖြည့်ပေးနေသည်ကိုလည်း တွေ့မြင်ပေ၏။ ထိုသွေးအလင်းတို့က သူ့ကို စိတ်ရှုပ်ထွေးမှုကနေ လွတ်မြောက်စေပြီး သူ့စိတ်ဝိညာဉ်ကို ပုံစံအသွင် ဆောင်ယူပေးနေ၏။

“ဒီသွေးအလင်းဟာ ဘာများလဲ…” ဝမ်လင်းက သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်နေသော သွေးအလင်းကို ကြည့်ကာ မင်သက်မိနေ၏။ ယင်းအလင်းက သူ့ကို နွေးထွေးသောခံစားမှုအား ပေးစွမ်းသည်။ သို့ရာတွင် သူ မည်သို့တွေးကြည့်တွေးကြည့် ဤအလင်းမှာ မည်သည့်အရာဖြစ်မှန်းကိုမူ မသိနိုင် ဖြစ်ရ၏။

“ဒါဟာ ငါ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲက ဆန်းကြယ်တဲ့အားတစ်ခုများ ဖြစ်နေမလား…” ဝမ်လင်းသည် စဉ်းစားကြည့်၏။ ထိုအဖြေကသာ အရာရာကို ရှင်းပြနိုင်မည့်ဟန် ပေါ်သည်။

သို့သော်လည်း သူက တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်သာ။ သူ သည်အလင်းနှင့်ပတ်သတ်၍ ဆက်တွေးကြည့်ရန် ပြင်စဉ် ဤအိပ်မက်အတွင်းရှိ အကွာအဝေးတစ်ခုကနေ ရုတ်တရက် ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လို့လာသည်။

“ဒီမှာ…ဒီမှာ…”

ဝမ်လင်း၏မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ ထိုခပ်တိုးတိုးအသံ သူ့နားထဲဝင်ကာ သူ့စိတ်ဝိညာဉ်ထဲတွင် ပဲ့တင်ထပ်သောလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ရှေ့တည့်တည့်သို့ကြည့်ကာ ဝမ်လင်း၏မျက်လုံးတို့မှာ တလက်လက် ဖြစ်လာသည်။

“ဒီအသံဟာ ထူးဆန်းတယ်။ ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ ပိုင်ရှင်ပဲ။ ဒါ့ကြောင့် ဒါဘာအသံလဲဆိုတာ ငါ မြင်ချင်တယ်…”

အနည်းငယ်စဉ်းစားပြီးနောက် သူက ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်သွားသည်။

သူသည် မမြန်ပေ။ သူက စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်နေသည့်အတွက် လေပြေတစ်ခုကဲ့သို့ ရှေ့တည့်တည့်ဆီ ရွှေ့လျားလို့နေ၏။

ဝမ်လင်းသည် မြန်သထက်မြန်မြန် ရွှေ့လျားလာ၏။ သူ ရှေ့သို့ သွားနေရင်း ဤနေရာတွင် သွေးမှာ အမြဲတမ်းရှိနေသကဲ့သို့ ရှင်းလင်းစွာ ခံစားရသည်။ ထိုသွေးအလင်းသည် ဝမ်လင်းနောက်သို့ လိုက်လာပြီး သူ့စိတ်ဝိညာဉ်ကို အားဖြည့်ပေးကာ နွေးထွေးမှုကို ပိုဖြစ်လာစေသည်။

“ဒီသွေးအလင်းဟာ ဘာများလဲ…” ဝမ်လင်း ရှေ့ဆက်သွားနေရင်း မျက်မှောင်ကြုတ်မိ၏။ သူသည် ထိုသွေးအလင်း၏ ဇစ်မြစ်ကို မတွေးတတ်တော့ပေ။

သူ့အမြန်နှုန်းမှာ လျှပ်စီးထက်ပင် ပိုမြန်လာ၏။ သူက မြူများကို ချိုးဖျက်လာသည်။

ဝမ်လင်း၏အမြန်နှုန်းရှေ့တွင် မြူများသည် နောက်သို့ လွင့်ကန်ကာ ချက်ခြင်း ပျက်စီးရ၏။ အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ တစ်နှစ်…နှစ်နှစ်…သုံးနှစ်…။

ဝမ်လင်း ဆက်ပျံသန်းနေသည်။ သူသည် စိတ်ဝိညာဉ်တစ်ခု ဖြစ်၏။ မူလစွမ်းအင်ကို အသုံးမပြုနိုင်ပေ။ ဤနေရာမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း ဖြစ်ကာ သူက ၎င်းပုတီးစေ့၏ ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် သူသည် ရေထဲကငါးတစ်ကောင်ကဲ့သို့ ဤနေရာတွင် သွားလာနိုင်ပေသည်။ သူ ရှေ့ဆက်သွားနေရင်း မြူများ ပိုပါးလွှာလာသည်။

သည်နှစ်များတောက်လျှောက်တွင် သွေးအလင်းမှာ တစ်စက်ပေးပင် ရပ်တန့်မသွားဘဲ ဝမ်လင်း၏စိတ်ဝိညာဉ်ကို အားဖြည့်ပေးနေသည်။ ထိုအဖြစ်က သူ့စိတ်ဝိညာဉ်ကို ဝေဝါးမနေစေတော့ဘဲ အထည်ဒြပ်အသွင် ရှိလာစေ၏။

သို့ရာတါင် ဝမ်လင်းက ထိုသွေးအလင်းမှာ နွေးထွေးဆဲ ဖြစ်သော်လည်း တဖြည်းဖြည်းအားနည်းကာ အေးစက်လာသည်ဟု ခံစားမိရ၏။

အချိန်မည်မျှကြာကြာ ကုန်ဆုံးသွားမှန်း မသိတော့ပေ။ ဝမ်လင်းသည် သည်နှစ်များတွင် တောက်လျှောက်ပျံသန်းနေရင်း ထွက်ပေါ်လာသော ခပ်တိုးတိုးအသံမှာ ပိုပို၍ ထင်ရှားလာ၏။

“ဒီမှာ…ဒီမှာ…”

ဝမ်လင်းက ပိုမြန်မြန် ရွှေ့လျား၏။ သည်နေ့တွင် သူသည် ရုတ်တရက် ရပ်ကာ ရှေ့တည့်တည့်သို့ စူးစိုက်ကြည့်လိုက်သည်။ သူ့ရှေ့ရှိ ပါးလွှာသောမြူထုအတွင်း၌ ကောင်းကင်ဘုံထွင်းဖောက်မတတ်တံခါးချပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ဝမ်လင်းအဖို့ သည်တံခါးချပ်နှင့် မစိမ်းပေ။ သူက ၎င်းကို အကြိမ်တော်တော်များများ မြင်ဖူးသည်။

သည်တံခါးမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း၌ မားမားရပ်ကာ အဆုံးမဲ့သည်။ ယင်းတံခါးရှေ့တွင် လူတိုင်းသည် ပုရိတ်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေပေလိမ့်မည်။

ဤအခိုက်အတန့်တွင် ဝမ်လင်းက အနားရောက်လာပြီး ဧရာမတံခါးချပ်ကြီးသည် တုန်ဟည်းကာ ဖြည်းဖြည်းချင်း ပွင့်ဟလာသည်။

“ဒီမှာ…ဒီမှာ…” အက်ကြောင်းအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ၎င်းအသံမှာ ပိုကြည်လင်လာသည်။

“ဒီအသံက အမှန်တကယ် သူ ဖြစ်နေတာကို…” ဝမ်လင်းက သည်တံခါးချပ်ကို စူးစိုက်ကြည့်နေမိ၏။ သူသည် ဤနှစ်များအတွင်း ယင်းအသံနှင့် ပတ်သတ်၍ အချို့ခန့်မှန်းမှုများ ရှိခဲ့သည်။ အခု သည်တံခါးချပ်ကို တွေ့မြင်ရသည့်အခါ သူသည် တုန်လှုပ်မိသွားသော်လည်း အံ့အားသင့်မိခြင်းတော့ မရှိပေ။

သည်နှစ်များအတွင်း သွေးအလင်း၏ အားဖြည့်ပေးမှုကြောင့် သူ့စိတ်ဝိညာဉ်မှာ ပိုပီပြင်လာခဲ့ပြီး အချို့မှတ်ဉာဏ်များ ပြန်ရရှိလာသည်။ သူသည် တာအိုပညာရှင်ရေနှင့် တိုက်ပွဲအတွင်း ကျောက်စိမ်းပြားတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်ကိုလည်း ပြန်မှတ်မိသည်။

သူက တာအိုပညာရှင်ရေ အံ့အားတသင့်အလန့်တကြား ဖြစ်သွားခဲ့သည်ကိုလည်း မှတ်မိလာ၏။ ထိုကျောက်စိမ်းပြားမှာ ချိပ်ပိတ်နယ်မြေ၏ကျောက်စိမ်းပြားဖြစ်ကာ တာအိုပညာရှင်ရေ၏ဆရာ ပိုင်ဆိုင်သောအရာလည်း ဖြစ်သည်။ ဝမ်လင်းသည် တစ်ခုခုကို အမြဲ စိတ်ရှုပ်ထွေးနေခဲ့၏။ ခုချိန်တွင် သူသည် အဖြေတစ်ခုကို ခပ်ရေးရေး ရရှိလာခဲ့သည်။

သူက ဆံဖြူကောင်လေး(ဝါ)တာအိုပညာရှင်ရေ သူ့ကို ဘာကြောင့် သတ်ချင်နေသည်ကို အမြဲ ပဟေဠိဖြစ်ခဲ့၏။ သို့ရာတွင် ခုချိန်၌ သူ့မှတ်ဉာဏ်များ ပြန်နိုးထလာပြီးနောက်၊ တာအိုပညာရှင်ရေနှင့် တိုက်ပွဲပြီးနောက် သူသည် တာအိုပညာရှင်ရေ၏ဆရာမှာ ချိပ်ပိတ်နယ်မြေ၏အရှင် ဖြစ်မှန်း သိရှိလာခဲ့ပေပြီ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ နောက်ဆုံးပိုင်ရှင်ဖြစ်မှန်းလည်း သိရှိလာခဲ့ပေပြီ။

ဆံဖြူကောင်လေးသည် သူ့ဆရာ၏အော်ရာကို ခံစားမိခဲ့သည်မှာ သိသာ၏။ ထို့ကြောင့်လည်း သူက ဝမ်လင်းကို သတ်ရန် ရောက်လာခဲ့ခြင်းပင်။ ထို့အတွက်ကြောင့် တာအိုပညာရှင်ရေက ဝမ်လင်း၏သွေးစက်ကို ဝါးမြိုပြီးသည့်နောက် ပြန်လည်မွေးဖွားလာတာမဟုတ်ဘူး ဟု ဆိုခဲ့ခြင်းပင်။

ထို့နောက် သူသည် ဝမ်လင်း၏စိတ်ဝိညာဉ်ထဲ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရှာခဲ့၏။ သူ့ပန်းတိုင်မှာ သူ့ဆရာကို ရှာပြီး ဝမ်လင်းကို သတ်ရန်ပင်။

အခုချိန်တွင် ဝမ်လင်းက သည်အရာများကို ဖြတ်မြင်နိုင်လာခဲ့ပြီ။ ယင်းအကြောင်းများကြောင့်လည်း တာအိုပညာရှင်ရေသည် သူ့ဆရာ၏ကျောက်စိမ်းပြားကို တွေ့မြင်လိုက်သည့်အခါတွင် အလွန်အမင်း ကြောက်လန့်သွားခဲ့ခြင်း ဖြစ်ရမည်။

ချိပ်ပိတ်နယ်မြေ၏အရှင်က မသေသေးတာ သိသာနေ၏။ ဝမ်လင်း၏မှတ်ဉာဏ်များ ပြန်နိုးထလာချိန်တါင် သူသည် ထိုကျောက်စိမ်းပြားထံမှ လက်ချောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်ကိုလည်း ပြန်မှတ်မိ၏။ ၎င်းသည် ဆံဖြူကောင်လေး၏ဦးခေါင်းထဲသို့ ခုနစ်ရောင်စုံလကသည်းကို တဆုံး ဝင်ရောက်စေခဲ့ကာ သူ့ကို ဒဏ်ရာများဖြင့် ထွက်ပြေးသွားစေခဲ့သည်။

“ဒီမှာ…ဝင်လာခဲ့…ဒီမှာ…” ကျောက်တံခါးချပ်အရှေ့တွင် ရပ်နေရင်း ခပ်တိုးတိုးအသံက ပိုပို၍ ထင်ရှားပီပြင်လာ၏။

ဝမ်လင်းသည် တံခါးချပ်ကို စူးစိုက်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင် ဘယ်သူလဲ…”

အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခပ်တိုးတိုးအသံတစ်ခု ထွက်ပေါ်လာ၏။ “ငါ…ငါက ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင်၊ ချိပ်ပိတ်နယ်မြေရဲ့ အုပ်ချုပ်သူပဲ။ ဝင်လာခဲ့။ ငါ မင်းအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိဘူး…”

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်၏။ သူက သည်တံခါးအတွင်း၌ ကောင်းကင်ဘုံတုန်လှုပ်စေမည့် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ဟု ခပ်ရေးရေး ခံစားမိသည်။ ထိုလျှို့ဝှက်ချက်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် ပတ်သတ်ကာ သည်နေရာကနေ သူ ထွက်ခွာနိုင်မည့် လမ်းကြောင်းလည်း ဖြစ်ပေလိမ့်မည်။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် ထပ်တွေဝေမနေတော့ဘဲ တံခါးထံ ပျံသန်းလာ၏။ သူက ချက်ခြင်းအနားရောက်လာပြီး တံခါးအဟကြားထဲ ခြေလှမ်းဝင်သည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း။အဆင့်နှစ်ဒေသ။ မြူများအတွင်း၌ လူသူကင်းမဲ့သော အရိုင်းကုန်းမြေတစ်ခု ရှိလို့နေ၏။ ကျင့်ကြံသူများသည် ထိုနေရာသို့ လာရောက်ခဲ၏။

ယင်းကုန်းမြေပေါ်တွင် တောင်ကြားတစ်ခု ရှိသည်။ လီချန်မေသည် ထိုတောင်ကြားအတွင်း၌ ထိုင်နေသည်။ သူမ၏ရှေ့တွင် သလင်းကဲ့သို့ ကျောက်လူသားတစ်ယောက် ရှိနေသည်။

ထိုကျောက်လူသားသည် သွေးများဖြင့် ပြည့်ဖုံးလျက် ရှိကာ ထိုသွေးများမှာလည်း ဖြည်းဖြည်းချင်း လွင့်ပျောက်လျက် ရှိသည်။ လီချန်မေ၏မျက်နှာသည် အလွန်အမင်း ဖြူရောနေသည်။ သွေးရောင်ဟူ၍ မရှိတော့။ သူမ၏အပြာရောင်ဆံပင်များပင် အရင်လို တောက်ပမှု ရှိမနေတော့ပေ။ သူမသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူမ၏မျက်လုံးထဲတွင်လည်း အလင်းဓာတ်ဟူ၍မရှိ၊ ဝမ်းနည်းမှုသာ ရှိနေသည်။

သူမသည် ညာလက်ကို ပင့်မြှောက်၏။ သူမ၏လက်ချောင်းငါးချောင်းသည် အက်ကွဲကာ သွေ့ခြောက်လို့နေသည်။ အဘွားအိုတစ်ယောက်၏ လက်ကဲ့သို့ ဖြစ်နေပေပြီ။

လီချန်မေ၏မျက်လုံးသည် တဖြည်းဖြည်း တောက်ပလာပြီး ဆုံးဖြတ်ချက်ပြတ်သားမှုတို့ဖြင့် ပြည့်နှက်သည်။ သူမသည် ကျောက်လူသားကို တဖန်ထပ်၍ သွေးများဖြင့် သွန်းလောင်းပေးပြန်သည်။

လေးနှစ်တာ ကုန်ဆုံးသွားခဲ့ပြီးဖြစ်သည်။ ဤလေးနှစ်အတွင်း လီချန်မေသည် ဤနေရာကနေ ထွက်ခွာသွားခြင်း မရှိပေ။ သူမသည် သည်ကျောက်လူသားကို တိတ်ဆိတ်စွာ အဖော်ပြုပေး၍ သူမ၏သွေးဖြင့် သွန်းလောင်းအားဖြည့် ပေးသည်။

လွန်ခဲ့သောလေးနှစ်က သူမသည် ဤကျောက်လူသားကို သွေးဖြင့် သွန်းလောင်းပေးပြီးနောက် ဆယ်နာရီလောက် အနားရ၏။ လေးနှစ်ကြာပြီးနောက် ကျောက်လူသားသည် ပို၍ တောက်ပလာခဲ့ပြီး သွေးများ ပိုလိုအပ်လာသည်။ သူမသည် တနေ့တွင် လေးကြိမ် သွေးဖြင့် သွန်းလောင်းပေးရတော့၏။ ထိုအခါ သူမ၏ အနားယူရချိန်မှာ လေးနာရီပင် မပြည့်တတ်တော့ပေ။

“ငါ နင့်ကို ပြန်နိုးထစေမယ်…” လီချန်မေသည် ကျောက်လူသားကို ကြည့်၏။ သူမ၏မျက်လုံးထဲကနေ မျက်ရည်များ စီးကျမလာတော့ပေ။ သည်လေးနှစ်အတွင်း သူမသည် သူမကိုယ်သူမ အကြိမ်များစွာ မေးခဲ့၏။ သူမ၏ ယခုလို ပေးဆပ်မှုမှာ ထိုက်တန်ပါ၏လော။

***

All Chapters