← Chapters

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

Vol. 12 Ch. 111

အခန်း ၁၁၁

"သောက်ကျိုးနည်း ဂျူဂီလ်တေး ငါ ဒီကနေ လွတ်သွားတာနဲ့ အဲဒီကောင်ကို အရင်ဆုံး သတ်ပစ်မယ်"

ဆာဆောင်ဂိုဏ်း၏ မြေအောက်ထောင်ထဲတွင် ပိတ်လှောင်ခံထားရသော ဂျူဂီလ်ယွန်းသည် သူမ၏ လက်သည်းကို ကိုက်ရင်း မှောင်မိုက်နေသည့် အမှောင်ထုထဲသို့ စိုက်ကြည့်နေသည်။

အပြင်ဘက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသကဲ့သို့ အစောင့်များပင် သူတို့၏ တာဝန်နေရာများမှ ထွက်ခွာသွားကြသည်။ ထို့ကြောင့် အလင်းရောင် တစ်စက်မျှမရှိသည့် အမှောင်ထုထဲတွင် တစ်ယောက်တည်း ကျန်ရစ်နေသော ဂျူဂီလ်ယွန်းမှာ အထီးကျန်ဆန်ပြီး ကြောက်ရွံ့နေသည်။

နံရံကိုမှီကာ ထိုင်နေခဲ့သော ဂျူဂီလ်ယွန်းသည် ရုတ်တရက် ပေါ်လာသည့် အလင်းရောင်ကြောင့် လန့်ဖြတ်သွားပြီး မတ်တပ်ရပ်လိုက်သည်။

"လူငယ်သူရဲကောင်းဂျင်လား"

သူမ၏ ခေါ်သံကြောင့် အမှောင်ထဲတွင် မီးတိုင်တစ်ခုနှင့်အတူ ပေါ်လာသည့် အမျိုးသားမှာ အချည်းနှီး သဘောဖြင့် ရယ်မောလိုက်သည်။

"ဟဲဟဲဟဲ... လူငယ်သူရဲကောင်းဂျင် ဟုတ်လား"

"ဂို…ဂိုချောလ်ဂျီ"

အမှောင်ထဲတွင် ပေါ်လာသူမှာ ဂျင်ဆိုဟွန်း မဟုတ်ဘဲ ဂိုချောလ်ဂျီ ဖြစ်နေသည်။ သူသည် ပြုံးရွှင်လျက် ဂျူဂီလ်ယွန်း ပိတ်လှောင်ခံထားရသည့် သံလှောင်အိမ်ထဲသို့ စိုက်ကြည့်လိုက်သည်။

"အဲဒါ မင်းအသစ်တွေ့ထားတဲ့ ကောင်လေးရဲ့ နာမည်လား"

"ဒါက နားလည်မှုလွဲတာပါ"

"နားလည်မှုလွဲတာ... ဟုတ်သားပဲ အစကတည်းက ထူးဆန်းနေတာ။ မင်းလို လှပပြီး နူးညံ့တဲ့ အမျိုးသမီးတစ်ယောက်က ငါနဲ့ နိုင်ငံရေးအရ စေ့စပ်ထားတယ်ဆိုတာ... ခစ်ခစ်ခစ်"

မီးတိုင်အလင်းရောင်အောက်တွင် ဂိုချောလ်ဂျီ၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်စွာ တွန့်လိမ်နေသည်။ သူ၏ မျက်လုံးထဲရှိ ရူးသွပ်မှုကို ဖတ်မိလိုက်သော ဂျူဂီလ်ယွန်းမှာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။

အန္တရာယ်များတယ်… ဒါ အရမ်းအန္တရာယ်များတယ်။

ဂိုချောလ်ဂျီ ရူးသွပ်နေပြီဟု ခံစားမိသော ဂျူဂီလ်ယွန်းသည် သံလှောင်အိမ်နားသို့ တိုးကပ်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ကျွန်မမှာ ရှင်တစ်ယောက်ပဲ ရှိတာပါ အချစ်ရယ်"

"မင်းလိုချင်တာက ငါ့ရဲ့ ရာထူး၊ ငါ့ရဲ့ အာဏာ၊ ပြီးတော့ ဆာဆောင်ဂိုဏ်း ဂိုဏ်းချုပ်ရဲ့ တစ်ဦးတည်းသော သားအနေနဲ့ ရမယ့် ငွေကြေးတွေပဲလေ"

"အဲဒါ မဟုတ်ပါဘူး"

"ငါ့ကို လာမလိမ်နဲ့"

ဒေါသကို အစွမ်းကုန် ထုတ်လွှတ်နေသော ဂိုချောလ်ဂျီသည် မီးတိုင်ကိုင်ထားသော လက်တစ်ဖက်ဖြင့် သူမထံသို့ ယူလာသည့် သစ်သားပုံးကို မှောက်ချလိုက်သည်။ ထိုပုံးထဲမှ အရည်များမှာ ကြမ်းပြင်ပေါ်သို့ စီးကျလာပြီး သံလှောင်အိမ်ထဲသို့ ရောက်ရှိသွားသည်။

အစက ဘာအရည်မှန်း မသိသော ဂျူဂီလ်ယွန်းမှာ ဆီနံ့ အခါးကြီးကို ရှူရှိုက်မိလိုက်ပြီးနောက် ပါးစပ်ဟသွားသည်။

"အချစ်ရယ် ဂိုချောလ်ဂျီ ရှင် ဘာလုပ်မလို့လဲ"

"ဟဲဟဲဟဲ... ခစ်ခစ်ခစ် ပန်မျိုးနွယ်စု ရောက်လာပြီ။ သိလား ပန်မျိုးနွယ်စု ရောက်လာပြီ အဲဒီကောင်တွေကြောင့် ငါတို့ဂိုဏ်း အခု ပျက်စီးရတော့မယ်"

ဟီဘေပန်မျိုးနွယ်စု လူငယ်သူရဲကောင်းဂျင် ပြောတဲ့ အကူအညီဆိုတာ ပန်မျိုးနွယ်စု ဖြစ်နေတာလား။

အပြင်ဘက် သတင်းကို ကြားလိုက်ရသော ဂျူဂီလ်ယွန်း၏ မျက်နှာမှာ မသိလိုက်မသိဘာသာပင် ဝင်းပလာသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသော ဂိုချောလ်ဂျီ၏ ရယ်သံမှာ ပိုမိုကျယ်လောင်လာသည်။

"ဟားဟား မင်း ပျော်နေတာပဲ ဟုတ်လား ဆာဆောင်ဂိုဏ်း ပျက်စီးတော့မှာကို မင်း ပျော်နေတာပေါ့လေ ဟီဘေပန်မျိုးနွယ်စု လာမယ်ဆိုတာကို မင်း အစကတည်းက သိထားတာပဲ"

သူမ အမှားကို နောက်ကျမှ သဘောပေါက်သွားသော ဂျူဂီလ်ယွန်းမှာ သနားစရာကောင်းစွာ တောင်းပန်လိုက်သည်။

"လူငယ်သူရဲကောင်းဂို ဒီလိုလုပ်ဖို့ မလိုပါဘူး။ ဒီလိုသာ လုပ်ရင် ငါတို့နှစ်ယောက်လုံး သေကြရလိမ့်မယ်"

"ငါ ဂရုမစိုက်ဘူး။ ဆာဆောင်ဂိုဏ်းက ပျက်စီးတော့မှာပဲ။ ပြီးတော့ ငါလည်း မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့က စေလွှတ်တဲ့ လူသတ်သမားလက်ချက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတော့မှာပဲ။ အဲဒီလိုဆိုရင်..."

ဂိုချောလ်ဂျီသည် သူကိုင်ထားသော မီးတိုင်ကို ဖြည်းညင်းစွာ အောက်သို့ ချလိုက်သည်။

"ငါ့ကို သစ္စာဖောက်တဲ့ မိန်းမနဲ့အတူ ဒီမှာ သေသွားတာလည်း မဆိုးပါဘူး"

"မလုပ်ပါနဲ့... မလုပ်ပါနဲ့... ကျွန်မ ဒီလိုမျိုး မသေနိုင်ဘူး။ ကျွန်မ မသေချင်ဘူး"

"ခစ်ခစ်ခစ် ငါတို့ အတူတူ သေကြမယ်။ ငရဲပြည်မှာတောင် ငါတို့ အတူတူပဲ"

"မလုပ်ပါနဲ့ ဒီရူးမိုက်တဲ့ကောင် ရပ်လိုက်စမ်းပါ ရပ်လိုက်"

"အခုဆိုရင်..."

ပြုံးနေသော ဂိုချောလ်ဂျီ၏ မျက်နှာမှာ အေးစက်သွားသည်။ ဂျူဂီလ်ယွန်းလည်း နားလည်သွားသည်။

"နောက်ကျသွားပြီ"

သူပြောသည့်အတိုင်းပင် နောက်ကျသွားပြီ ဖြစ်သည်။ ဆီများ စိုရွှဲနေသော မြေပြင်ပေါ်သို့ မီးတိုင် ပြုတ်ကျသွားသည်ကို ကြည့်ရင်း ဂျူဂီလ်ယွန်းက တွေးလိုက်သည်။

ငါ ဒီအတိုင်း သေရတော့မှာလား။ ဒီလောက် အချည်းနှီးနဲ့ မီးလောင်ပြီး သေရတော့မှာလား…

ဘယ်နေရာမှာ အမှားအယွင်း ဖြစ်သွားတာလဲ။

ဆာဆောင်ဂိုဏ်း ဂိုဏ်းချုပ်သားနဲ့ နိုင်ငံရေးအရ စေ့စပ်မိလို့လား ဒါမှမဟုတ် ချောမောတဲ့ မျက်နှာကို သဘောကျပြီး ရန်သူကို အနားမှာ ထားမိလို့လား ဒါမှမဟုတ် ဂျင်ဆိုဟွန်းကို ပိုသဘောကျစေဖို့ သူလျှိုအဖြစ် လုပ်ကိုင်ဖို့ စေတနာ့ဝန်ထမ်း လုပ်ခဲ့မိလို့လား။

"တကယ့်ကို ကံဆိုးတာပဲ"

မီးတောက်များ သူမကို မကြာခင် ဝါးမြိုတော့မည်ဟု တွေးရင်း ဂျူဂီလ်ယွန်း မျက်လုံးကို တင်းတင်း မှိတ်လိုက်သည်။

"ဟူး…."

ရင်းနှီးနေသော အသံကြောင့် ဂျူဂီလ်ယွန်း မျက်လုံးကို ပြန်ဖွင့်ကြည့်လိုက်သည်။ ဂျင်ဆိုဟွန်းက သူမဘေးတွင် ရပ်နေသည်။

ငါ သေခါနီးမှာ စိတ်မှားနေတာလား ဒါပေမဲ့… ဒါ ကောင်းပါတယ်။ သေခါနီးမှာတောင် သူ့ကို မြင်လိုက်ရတာ။

"ငါ နောက်ကျသွားလုနီးပါးပဲ"

"နောက်ကျ… အား"

မျက်လုံးပင် ပြန်မဖွင့်နိုင်အောင် ပြင်းထန်သော လေဖိအားကြောင့် ဂျူဂီလ်ယွန်း မျက်လုံးကို ပြန်မှိတ်လိုက်သည်။ နောက်တစ်ခဏတွင် ဂျူဂီလ်ယွန်းသည် သံလှောင်အိမ်ထဲမှ လွတ်မြောက်သွားပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"ကွီအား"

သူမ၏ ရှေ့တွင် မီးတောက်များဖြင့် ဝါးမြိုခံထားရသော ဂိုချောလ်ဂျီ၏ ရုပ်ပုံကို မြင်လိုက်ရသည်။ ကြည့်နေသော ဂျူဂီလ်ယွန်းသည် အကျဉ်းသားများကို ကျွေးရန် ပြင်ဆင်ထားသည့် ရေပုံးကို ကောက်ကိုင်ကာ ဂိုချောလ်ဂျီပေါ်သို့ လောင်းချလိုက်သည်။ သို့သော် မီးကို ငြိမ်းသတ်ရန် မလုံလောက်ပေ။

ထိုအခါ ဂျင်ဆိုဟွန်းက မီးလောင်နေသော ဂိုချောလ်ဂျီကို ဆွဲယူလိုက်ပြီး အရိပ်မဲ့ နတ်ဓမ္မခြေလှမ်းကို အသုံးပြုလိုက်သည်။ အရိပ်မဲ့ နတ်ဓမ္မခြေလှမ်းကို အသုံးပြုလိုက်ချိန်တွင် ဖြစ်ပေါ်လာသော လေဖိအားက ဂိုချောလ်ဂျီ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ငြိမ်းသတ်သွားစေသည်။

"ဟော... ဟော"

အသက်ရှူနေဆဲ ဖြစ်သော်လည်း ဂိုချောလ်ဂျီ၏ တစ်ကိုယ်လုံးမှာ မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

ဂျင်ဆိုဟွန်းသည် ဂိုချောလ်ဂျီ၏ ရုပ်အလောင်းကို ကြမ်းပြင်ပေါ်သို့ ဖြည်းညင်းစွာ ချပေးလိုက်သည်။

ဂိုချောလ်ဂျီ၏ အသက်ရှူသံမှာ ပိုမိုပြင်းထန်လာသည်။ ဤမြင်ကွင်းကို ရှုပ်ထွေးသော အကြည့်တို့ဖြင့် ကြည့်နေသည့် ဂျူဂီလ်ယွန်းသည် ကိုယ်ဟန်ကို နိမ့်ချကာ ဂိုချောလ်ဂျီ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။

နာကျင်စွာ အသက်ရှူနေရသည့်ကြားမှ ဂိုချောလ်ဂျီသည် သူ၏ ပါးစပ်ကို လှုပ်ရှားလိုက်သည်။ တစ်စုံတစ်ခုကို ပြောရန် ကြိုးစားနေပုံရသော်လည်း လေပြွန် ပျက်စီးသွားပြီဖြစ်၍ အသံမှာ ထွက်မလာတော့ပေ။ မကြာမီပင် ဂိုချောလ်ဂျီ၏ လက်မှ အားများ လျော့ကျသွားသည်။

"..."

ဂျူဂီလ်ယွန်းသည် သူမ၏ အင်္ကျီလက်ကို ဆွဲဖြဲလိုက်ပြီး မျက်ခွံများ အရည်ပျော်ကျသွား၍ မျက်စိမမှိတ်နိုင်တော့သော ဂိုချောလ်ဂျီ၏ မျက်လုံးနှစ်ဖက်ပေါ်သို့ အုပ်ပေးလိုက်သည်။

"...သွားကြရအောင်"

မြေအောက်ထောင်ထဲမှ ဦးစွာ ထွက်ခွာသွားသော ဂျူဂီလ်ယွန်း၏ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သော ဂိုချောလ်ဂျီ၏ ရုပ်အလောင်းကို ဂျင်ဆိုဟွန်း ငုံ့ကြည့်နေမိသည်။

"တကယ်လို့ သေခြင်းတရားမှာ အလေးချိန်တစ်ခုခု ရှိမယ်ဆိုရင် ဂိုချောလ်ဂျီ သေဆုံးသွားရတဲ့ အလေးချိန်က ဘယ်လောက်တောင် ရှိမလဲ။ ပြီးတော့ အဲဒီအလေးချိန်ကိုကော ဘယ်သူက ဆုံးဖြတ်ပေးတာလဲ..."

"ဒါက... ကျန်ရစ်ခဲ့တဲ့သူတွေရဲ့ ဝေစုလား..."

"ဂိုပါလ်ဆတ်က ဂိုချောလ်ဂျီ သေဆုံးသွားတဲ့အတွက် ဝမ်းနည်းပူဆွေးနေမယ်ဆိုရင်... အဲဒီသေဆုံးခြင်းရဲ့ အလေးချိန်က လူတစ်ယောက်စာ ဝေစု ဖြစ်လိမ့်မယ်။ ဂျူဂီလ်ယွန်းကပါ ဂိုချောလ်ဂျီရဲ့ သေဆုံးမှုအတွက် အပြစ်ရှိသလို ခံစားနေရမယ်ဆိုရင်တော့ အဲဒီအလေးချိန်က လူနှစ်ယောက်စာ ဝေစု ဖြစ်သွားမှာပေါ့..."

"ဒါဆိုရင်... ငါ ကိုယ်တိုင် သတ်ဖြတ်ခဲ့တဲ့သူတွေရဲ့ အလေးချိန်ကကော ဘယ်လောက်တောင် ရှိနေမလဲ..."

ရုတ်တရက် ကန်ချွန်း၏ စကားများမှာ ခေါင်းထဲသို့ ရောက်လာသည်။

မင်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ မင်းရဲ့လက်တွေကို သွေးနဲ့ စွန်းထင်းရမဲ့နေ့က ရောက်လာလိမ့်မယ်။

ဂျင်ဆိုဟွန်းသည် ဆရာဖြစ်သူ၏ စကားများကို ပြန်ပြောင်းတွေးတောရင်း ခါးသက်သော မျက်နှာပေးဖြင့် နေလိုက်သည်။

"အဲဒီနေ့က တကယ်ပဲ ရောက်လာပြီပဲ ဆရာ"

ဂျင်ဆိုဟွန်းက မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်သည်။

"မင်းရဲ့ ရွေးချယ်မှုကို မသံသယဝင်နဲ့ မင်းရဲ့ ဆုံးဖြတ်ချက်မှာ မတွန့်ဆုတ်နဲ့"

မှိတ်ထားသော မျက်လုံးများ ပွင့်လာပြီး ဂျင်ဆိုဟွန်း၏ မျက်လုံးနှစ်ဖက်တွင် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

ယခုလက်ရှိ သေခြင်းတရား၏ အလေးချိန်မှာ မည်မျှရှိသည်ကို သူ မသိပေ။ သို့သော်လည်း သူ ရှေ့ဆက်သည်။ အနာဂတ်တွင် နောက်ထပ် သေဆုံးမှုပေါင်း ဘယ်လောက် စောင့်ကြိုနေမည်ကို သူ မသိပေ။

သို့သော်လည်း သူ ရှေ့ဆက်သည်။

"မင်းပြောတာ မှန်တာပဲ။ ဆာဆောင်ဂိုဏ်းက သွေးအေးသေမင်းတမန်ကို သတ်လိုက်တယ်ဆိုတဲ့ သတင်း ပျံ့သွားတာနဲ့ သူတို့က ဆိုင်းဘုတ်ကို ဖြုတ်ချပြီး ညတွင်းချင်း ထွက်ပြေးသွားကြတယ်။ အသက်ရှင်ဖို့အတွက် သူတို့ ရွေးချယ်ခဲ့ရတဲ့ လမ်းကြောင်းပဲ ဖြစ်ရမယ်"

ပန်အိုဟျွန်းသည် ပျင်းရိသော မျက်နှာပေးဖြင့် လှဲလျောင်းနေသော ဂျင်ဆိုဟွန်းကို ကြည့်ကာ ပြောလိုက်သည်။

"မင်း ဒါကို ကြိုသိနေတာလား"

"ဒီလိုဆိုရင် ဆာဆောင်ဂိုဏ်းက သိုင်းသမားတွေကို သူတို့ကို သတ်စရာမလိုဘဲ ရှင်းထုတ်လိုက်လို့ ရသွားပြီလေ"

"ပြီးတော့ ပိုပြီး ရက်စက်တဲ့ နည်းလမ်းနဲ့ပေါ့။ အခုတော့ အဲဒီကောင်တွေဟာ သူတို့ တစ်သက်လုံး မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံရရင်း ကြောက်ရွံ့မှုတွေနဲ့ နေသွားရတော့မှာ"

"ဒါကြောင့်လည်း အပြစ်တွေလုပ်ပြီး အသက်ရှင်လို့ မရဘူးဆိုတာ သိသွားအောင်လေ ဟုတ်တယ်မလား"

"အ…အဲဒါ... ဟုတ်ပါတယ်"

သေလုမြောပါး ငါးမျက်လုံးများဖြင့် ကြည့်နေသည့် ဂျင်ဆိုဟွန်းကြောင့် ဂျူဟျောလ်မှာ လည်ပင်းကို ကျုံ့ထားရတော့သည်။

လက်ရှိတွင် သူတို့သည် ဒွန်ဟိုဂိုဏ်း၏ ဧည့်ခန်းမဆောင်တွင် စုရုံးနေကြသည်။ ဒွန်ဟိုဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ဆိုအွန်း၊ ဟုန်ဂျုံဂိုဏ်း၏ ခေါင်းဆောင် ဂျူဟျောလ်၊ နှင့် ဟီဘေပန်မျိုးနွယ်စုမှ ပန်အိုဟွန်း။

အိမ်ရှင်ဖြစ်သူ ဟန်ဆိုအွန်းမှာ မိသားစုငါးခုမျိုးနွယ်စုကြီး ရုတ်တရက် ရောက်လာခြင်းကြောင့် အသက်ပင် ကောင်းကောင်း မရှူနိုင်အောင် စိုးရိမ်နေရသည်။

"အခုတော့ ကိစ္စတွေ အတော်လေး ပြီးပြတ်သွားပြီဆိုတော့... စာရင်းရှင်းကြရအောင်"

ပန်အိုဟွန်းသည် သူ၏ လက်မောင်းကြီးနှစ်ဖက်ကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။

"ဟုန်ဂျုံဂိုဏ်းနဲ့ ဆာဆောင်ဂိုဏ်းကြားက တိုက်ပွဲကို ရပ်တန့်ပေးတဲ့အတွက် ငါ့ကို အရည်အသွေးမြင့် သံရိုင်းတွေ ပေးမယ်လို့ ကတိပေးထားတယ်။ ဟုတ်တယ်မလား ဒွန်ဟိုဂိုဏ်းချုပ်"

"ဟုတ်ကဲ့"

"ဘယ်လောက် ပေးနိုင်မလဲ"

"အဲဒါ... ဘယ်လောက် မြှုပ်ထားသလဲဆိုတာ မသိသေးတဲ့အတွက် စစ်ဆေးပြီးမှ..."

"ဘာတွေ လုပ်နေတာလဲ"

ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် ပန်အိုဟွန်းသည် ပခုံးတွန့်ကာ ပြောလိုက်သည်။

"ဘာလုပ်ရမလဲလို့ မေးတာလား ငါ့ကို ပေးရမယ့် ဆုလာဘ်ကို ယူနေတာလေ"

"ဟုတ်ပါပြီ။ ဒါဆို ဘာလို့ ဒွန်ဟိုဂိုဏ်းဆီကနေ ယူနေတာလဲ"

"ဟင် ဒါဆို ဘယ်သူ့ဆီက ယူရမှာလဲ"

"ကျွန်တော် ဒွန်ဟိုဂိုဏ်းဆီကနေ ရဖို့ ကတိပေးထားတဲ့ သံရိုင်းတွေ ရှိတာမို့ အဲဒါကိုပဲ ယူလိုက်ပါ"

"မင်းက မင်းရရမယ့် သံရိုင်းတွေကို ငါ့ကို ယူခိုင်းတာလား"

"ဟုတ်ကဲ့"

"ကောင်းပြီ... သံရိုင်းရရင် ဘယ်သူပေးပေး ငါ ဂရုမစိုက်ပါဘူး..."

ပန်အိုဟွန်းက ဟန်ဆိုအွန်းကို စူးရှသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဟန်ဆိုအွန်းမှာ ထိုဖိအားသက်သက်ကြောင့်ပင် အသက်ရှူရ ကြပ်လာသလို ခံစားလိုက်ရသည်။

"ကျ…ကျွန်တော်တို့ ဒွန်ဟိုဂိုဏ်းအနေနဲ့ ဟီဘေပန်မျိုးနွယ်စုကို ပေးရမယ့် သံရိုင်းတွေကို ပြင်ဆင်ထားပါ့မယ်။ ဒါကြောင့်..."

"ဘာဖြစ်လို့လဲ ဟီဘေပန်မျိုးနွယ်စုရဲ့ စွမ်းအားကို ငှားရမ်းခဲ့တာက ငါဖြစ်တဲ့အတွက် ငါ့ကို ပေးရမယ့် သံရိုင်းတွေကိုပဲ ယူရမှာပေါ့"

"ဒါပေမဲ့ အဲဒီလိုဆိုရင် လူငယ်သူရဲကောင်းဂျင်ရဲ့ ဝေစုက မရှိတော့ဘူး မဟုတ်လား"

ထိုအရာက အရည်အသွေးမြင့် သံရိုင်းဖြစ်သည်။ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့တောင်မှ လိုချင်တပ်မက်ခဲ့သည့် အရာဖြစ်ရာ ၎င်း၏ အရည်အသွေးမှာ မေးစရာမလိုပေ။

ထိုမျှသော သံရိုင်းပမာဏဆိုလျှင် သုံးဆက်ထိတိုင်အောင်ပင် အဆင်ပြေနိုင်ပြီး ဂျင်ဆိုဟွန်းတစ်ယောက်တည်းအတွက်ဆိုလျှင် သူ၏ ဘဝတစ်ဝက်ကို စိတ်အေးလက်အေးဖြင့် နေထိုင်နိုင်လောက်သည့် ငွေကြေးပမာဏပင်။

သို့သော် ဂျင်ဆိုဟွန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။

"ကျွန်တော် ဒီကို ပထမဆုံး လာခဲ့တဲ့ ရည်ရွယ်ချက်က ဒွန်ဟိုဂိုဏ်းနဲ့ ဟုန်ဂျုံဂိုဏ်းကြားမှာ ကြားဝင်ဖျန်ဖြေပေးဖို့ပါ။ တကယ့်တကယ် ဖျန်ဖြေပေးနိုင်တာတောင် မဟုတ်ဘဲ ဘာငွေကို ယူရမှာလဲ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော့်ရဲ့ သံရိုင်းဝေစုကို ဟီဘေပန်မျိုးနွယ်စုကိုပဲ ပေးလိုက်ပါ"

လူငယ်သူရဲကောင်းဂျင်က အစကတည်းက ဒါကို တွေးထားတာပါလား…

ထိုအခါမှသာ ဟန်ဆိုအွန်းသည် ဂျင်ဆိုဟွန်း ဘာကြောင့် သံရိုင်းကို သူ့ဝေစုအဖြစ် လိုချင်ခဲ့သည်ဆိုသည့် အကြောင်းရင်းကို နားလည်သွားသည်။

သူသည် အစကတည်းက ဟီဘေပန်မျိုးနွယ်စု၏ စွမ်းအားကို ငှားရမ်းရန် ရည်ရွယ်ချက်ဖြင့် သံရိုင်းကို တောင်းဆိုခဲ့ခြင်းပင်။ ထို့ပြင် ဤလုပ်ငန်းစဉ်အတွင်း သူကိုယ်တိုင်အတွက် တစ်စုံတစ်ရာ ဝေစုကိုမျှ မယူခဲ့ပေ။

သူရဲကောင်းကြီးရဲ့ ကျယ်ပြောနက်နဲတဲ့ စိတ်ထားကို ငါ လုံးဝ နားမလည်နိုင်ခဲ့ဘူး။

သူတို့၏ ရေချိန်ချင်း ကွာခြားမှုကို ခံစားလိုက်ရသော ဟန်ဆိုအွန်းသည် သူ၏ မစွမ်းဆောင်နိုင်မှုကို ပြန်လည်အပြစ်တင်ရင်း ခေါင်းငုံ့လိုက်မိသည်။

"ပြီးတော့ သံရိုင်းတူးဖော်တဲ့ နေရာနဲ့ ပတ်သက်တဲ့ အဆောက်အအုံတွေကို ဟုန်ဂျုံဂိုဏ်းကိုပဲ တည်ဆောက်ခိုင်းလိုက်ပါ"

"ကျ…ကျွန်တော်လား မဟုတ်... ဟုန်ဂျုံဂိုဏ်းက လုပ်ရမှာလား"

ဂျင်ဆိုဟွန်းက ခေါင်းညိတ်သည်။

"ဟုတ်ကဲ့ ဟုန်ဂျုံဂိုဏ်းကပဲ ကုန်ကျစရိတ်အားလုံးကို ကျခံရပါလိမ့်မယ်"

"ဒါ ဘာတွေ ဖြစ်နေတာလဲ..."

ဂျူဟျောလ် ဒေါသထွက်၍ ထရပ်လိုက်ချိန်တွင် လက်ပိုက်ကြည့်နေသော ပန်အိုဟွန်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သတ်လိုစိတ် မပါဝင်သော်လည်း ပန်အိုဟွန်း၏ အကြည့်ကြောင့် ကြောက်ရွံ့သွားသော ဂျူဟျောလ်သည် ဒေါသကို ချိုးနှိမ်လိုက်ပြီး မတရားသဖြင့် ဆက်ဆံခံနေရသကဲ့သို့ ပြောလိုက်သည်။

"ကျွန်တော်တို့က ဆာဆောင်ဂိုဏ်းနဲ့ တိုက်ခိုက်ရင်း အကြီးအကျယ် ထိခိုက်နစ်နာထားပြီးသားပါ။ အခု သံရိုင်းတွင်းနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်အားလုံးကို ကျခံခိုင်းမယ်ဆိုရင်တော့... ဒါက ဟုန်ဂျုံဂိုဏ်းကို သေခိုင်းတာနဲ့ ဘာမှ မခြားနားပါဘူး"

"တကယ်တော့ ဆာဆောင်ဂိုဏ်းနဲ့အတူ ဟုန်ဂျုံဂိုဏ်းပါ ပျက်စီးသွားသင့်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ဆာဆောင်ဂိုဏ်းနဲ့ လက်တွဲလုပ်ခဲ့ကြတာ မဟုတ်ဘူးလား အဲဒီလိုဆိုရင် မင်းတို့ဟာ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ထဲမှာ ခြေထောက်ပဲ မဟုတ်ဘဲ လက်ဖျားလေးလောက်တော့ ပါဝင်ပတ်သက်ခဲ့တယ်လို့ ပြောလို့ရတာပေါ့ မဟုတ်လား"

ဂျင်ဆိုဟွန်း၏ ပါးစပ်မှ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ဟု ထွက်လာသည်နှင့် ဂျူဟျောလ်၏ မျက်နှာမှာ ဖြူဖျော့သွားသည်။

"ဆာဆောင်ဂိုဏ်း ဘယ်လိုမျိုး အဆုံးသတ်ဆိုးနဲ့ ကြုံခဲ့ရလဲဆိုတာ... ငါကိုယ်တိုင်က မျက်မြင်သက်သေပဲဟာ ဟုန်ဂျုံဂိုဏ်းလည်း အဲဒီလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ..."

"ဟုန်ဂျုံဂိုဏ်း... ကုန်ကျစရိတ်အားလုံးကို ကျခံပါ့မယ်"

"အဲဒီအစား ဒွန်ဟိုဂိုဏ်း၊ ဟုန်ဂျုံဂိုဏ်းကို သတ်မှတ်ထားတဲ့ ကော်မရှင်ခ ပေးဖို့ အာမခံပေးပါ။ သူတို့လည်း စားဝတ်နေရေးအတွက် လိုအပ်တာပေါ့"

"ကော်မရှင်ခကတော့ ကျွန်တော်တို့ တာဝန်ယူနိုင်ပါတယ်။ အတိတ်က ရန်ငြိုးတွေကို မေ့လိုက်ပြီး အတူတူ နေထိုင်ကြရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့..."

ဟန်ဆိုအွန်းက ဂျူဟျောလ်ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။

"ဟုန်ဂျုံဂိုဏ်းကို ဘယ်လောက်အထိ ယုံကြည်ရမလဲ..."

"ဘာလဲ အခု ကျွန်တော်တို့ကို သံသယဝင်နေတာလား"

"ဟုန်ဂျုံဂိုဏ်းက ဒွန်ဟိုတောင်ကို သိမ်းပိုက်ဖို့ အကွက်ဆင်ခဲ့တာ မဟုတ်ဘူးလား ဒီတစ်ခါရော ထပ်မလုပ်ဘူးဆိုတဲ့ အာမခံချက် ရှိလို့လား"

"ဒီကောင်ကတော့"

ဂျူဟျောလ် ဒေါသတကြီး ထရပ်လိုက်ချိန်တွင် ဟန်ဆိုအွန်းလည်း မလျှော့တမ်း ထရပ်လိုက်သည်။ ဟုန်ဂျုံဂိုဏ်းနှင့် ဒွန်ဟိုဂိုဏ်း၏ စစ်အင်အားကို ယှဉ်လျှင် ဒွန်ဟိုဂိုဏ်းက မမှီနိုင်သော်လည်း ယခုအခါတွင် ဂျင်ဆိုဟွန်းနှင့် ပန်အိုဟွန်းတို့ ရှိနေသည်။ ဟန်ဆိုအွန်းအနေဖြင့် နောက်ဆုတ်စရာ အကြောင်းမရှိတော့ပေ။

"နှစ်ယောက်လုံး ရပ်ကြပါ။ အခြေအနေက ဒီလိုဖြစ်နေပြီဆိုတော့ ဟီဘေပန်မျိုးနွယ်စုကိုပဲ ကြားဝင်ဖျန်ဖြေပေးသူနဲ့ ကြီးကြပ်သူအဖြစ် တာဝန်ယူပေးဖို့ တောင်းဆိုချင်ပါတယ်"

"ပန်မျိုးနွယ်စုကလား"

မမျှော်လင့်ထားသော အဆိုပြုချက်ကြောင့် ပန်အိုဟွန်း လက်ပိုက်ထားရာမှ ဖြေလျှော့လိုက်သည်။

"ဟုတ်ပါတယ်။ သံရိုင်းတွင်း ရှိနေကြောင်း ပေါ်ပေါက်လာပြီဆိုရင် ဒွန်ဟိုတောင်ကို မျက်စိကျနေတဲ့ ဂိုဏ်းတွေ အများကြီး ရှိလာမှာပါ။ အဲဒီထဲမှာ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့လည်း ပါဝင်မှာပဲ။ အရည်အသွေးမြင့် သံရိုင်းတွေ သူတို့လက်ထဲ မရောက်သွားအောင် ဟီဘေပန်မျိုးနွယ်စုလို စွမ်းအားကြီးတဲ့ မိသားစုက ကူညီပေးရပါမယ်။ တစ်ချိန်တည်းမှာပဲ ဟုန်ဂျုံဂိုဏ်းကို မိုက်မဲတဲ့ အပြုအမူမျိုး မလုပ်အောင် တားဆီးပေးတဲ့ အခန်းကဏ္ဍကလည်း ပါဝင်မှာပါ"

အရည်အသွေးမြင့် သံရိုင်းဆိုသည်မှာ လူတိုင်း လိုချင်တပ်မက်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည်။

"ဒါဆိုရင် ပန်မျိုးနွယ်စုက ဘာရမှာလဲ"

"အရည်အသွေးမြင့် သံရိုင်းတွေကို ကျိုးကြောင်းဆီလျော်တဲ့ ဈေးနှုန်းနဲ့ အရင်ဆုံး ဝယ်ယူခွင့်... ဖြစ်မှာပေါ့"

"ဟားဟားဟား မင်းက သိုင်းပညာပဲ တတ်တယ်လို့ ထင်ခဲ့တာ အခုကြည့်တော့ မြေခွေးတစ်ကောင်ကို စားထားသလိုပဲ လိမ္မာပါးနပ်တာကိုး။ ဒီအစီအစဉ်ကို ဘယ်လို စဉ်းစားမိတာလဲ"

"အခြေအနေက ဒီလို ဖြစ်လာတာပါ။ ကျွန်တော်က ကုန်သည်တစ်ယောက်ရဲ့ သားလေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တာတွေကိုတော့ ခင်ဗျားတို့ သုံးယောက် အတူတူ ဆွေးနွေးကြပါ။ ကျွန်တော်တော့ မပါဝင်တော့ဘူး"

"မင်း အခု ထွက်သွားတော့မလို့လား"

"ဟုတ်ကဲ့ ဒီထက်ပိုလုပ်ရင်တော့ ဒီအလုပ်ရှုပ်တဲ့ ကိစ္စတွေကြောင့် ကျွန်တော် သေတော့မှာပဲ"

စကားသက်သက် မဟုတ်သည့်အလား ဂျင်ဆိုဟွန်းမှာ ပျင်းရိသော မျက်နှာပေးဖြင့် လှဲလျောင်းနေသည်။ ရှန်ရှီးပြည်နယ်၏ နံပါတ်တစ် ပျင်းရိသူမှာ ဤမျှလောက် အလုပ်ရှုပ်ခဲ့ဖူးခြင်း မရှိပေ။ သူ၏ ခေါင်းထဲတွင် စိုးရိမ်စရာ ကိစ္စများဖြင့် ပြည့်နှက်နေသည်။

အခုတော့ သူ အနားယူချင်နေမိသည်။

"ကျွန်တော် သွားတော့မယ်။ ဘယ်သူမှ မတားနဲ့"

ဂျင်ဆိုဟွန်းမှာ ထွက်ပြေးသကဲ့သို့ ဧည့်ခန်းမဆောင်မှ ထွက်ခွာသွားသောအခါ ကျန်ရှိနေသည့် သုံးယောက်ကြားတွင် အငွေ့အသက်မှာ အဆင်မပြေဖြစ်သွားသည်။

"ကောင်းပြီလေ... အဲဒီကောင်လေး ပြောသလိုပဲ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ကြရအောင်"

ပန်အိုဟွန်းသည် ထိုင်ခုံမှ ထရင်း ပြောလိုက်သည်။

"မှတ်ထားကြပါ။ ပန်မျိုးနွယ်စုက ဟီဘေမှာ ရှိတယ်။ ဆာဆောင်ဂိုဏ်းလိုမျိုး အမှားမျိုးကို နောက်ထပ် မကျူးလွန်ကြနဲ့"

"သေချာတာပေါ့"

"ကျွန်တော် မှတ်သားထားလိုက်ပါ့မယ်"

ဂိုဏ်းချုပ်နှစ်ဦးနှင့် ဂိုဏ်းခေါင်းဆောင်တို့က ခေါင်းညိတ်လိုက်ကြသည်။

"အာ နောက်ထပ် တစ်ခုကျန်သေးတယ်"

ပန်အိုဟွန်းက ပျော်ရွှင်နေဟန်ဖြင့် ပြောလိုက်သည်။

"တာအိုသိုင်းလောကမှာ ဂျင်ဆိုဟွန်း ရှိနေတယ်ဆိုတာကို မမေ့ကြနဲ့။ နောင်တရချင်တဲ့ ဆန္ဒမရှိဘူးဆိုရင်ပေါ့"

စကားပြောပြီးသည်နှင့် ပန်အိုဟွန်းသည် ဧည့်ခန်းမဆောင်မှ ထွက်ခွာသွားသည်။

ကျန်ရှိနေခဲ့သူ နှစ်ဦးသည် ဗလာဖြစ်နေသော လေဟာနယ်ကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်နေမိသည်။ ပန်အိုဟွန်း၏ နောက်ဆုံးစကားလုံးများသည် ယခင်ကထက် ပိုမိုလေးလံစွာဖြင့် သူတို့၏ ရင်ဘတ်ပေါ်တွင် တင်ကျန်နေခဲ့သည်။

"တာအိုသိုင်းလောကမှာ ဂျင်ဆိုဟွန်း ရှိနေတယ်"

All Chapters