← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

ဒီကောင်စုတ်လေး...

တစ်ကိုယ်လုံးရှိ အမွေးအမှင်များ ထောင်မတ်သွားသလို ခံစားလိုက်ရသော ဘဲ့ဆောက သူမပင် မသိလိုက်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

သူမသည် သိုင်းပညာကို အထူးတလည် ကျွမ်းကျင်အောင် မသင်ယူခဲ့သော်လည်း ကိုယ့်ကိုကိုယ် ခုခံနိုင်ရုံအထိတော့ တတ်မြောက်ထားသူဖြစ်သည်။ သို့သော်လည်း ဂျင်ဆိုဟွန်းမှာ သာမန်သိုင်းသမားတစ်ယောက် မဟုတ်မှန်း သူမ ကောင်းကောင်း ရိပ်မိလိုက်သည်။

"သူ့ကို တားကြ... မင်းတို့အားလုံး အပြင်ထွက်ပြီး အဲဒီကောင်လေးကို သတ်ပစ်လိုက်ကြ"

ဘဲ့ဆော၏ အော်ဟစ်သံနှင့်အတူ အစကတည်းက ပေါ်လာသော လူနှစ်ဆယ်သာမက အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသည့် အခြားသော သိုင်းသမားများပါ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာကြသည်။ ဤသူတို့မှာ ဘယ်ဟွာဂိတ်တွင် ကြာရှည်စွာ နေထိုင်ခဲ့ကြသော အမျိုးသမီးများပင်လျှင် တစ်ခါမျှ မမြင်ဖူးခဲ့သည့် လူများပင်။

"မိန်းကလေးချွန်။ လှုပ်ရှားနိုင်သေးလား"

"ရပါတယ်"

"ဒါဆိုရင် ကျန်တဲ့သူတွေကို မိန်းကလေးဆီမှာပဲ အပ်ခဲ့မယ်"

ချွန်ယဲရန်းသည် ခေါင်းညိတ်လိုက်ပြီး နောက်သို့ လှည့်လိုက်သည်။ ဘယ်ဟွာဂိတ်တွင် ပေါ်လာသော အဖြူရောင် ဝတ်ရုံနှင့် သိုင်းသမားများ၏ အရေအတွက်မှာ စုစုပေါင်း တစ်ရာနီးပါး ရှိပုံရသော်လည်း သူမသည် ထူးဆန်းစွာပင် စိုးရိမ်စိတ် မရှိတော့ပေ။

သူ ရှုံးမှာ မဟုတ်ဘူး။

ဂျင်ဆိုဟွန်း ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။ ထိုယုံကြည်ချက်ကြောင့် ချွန်ယဲရန်းမှာ မတွေဝေတော့ပေ။ အတိုင်းအတာတစ်ခုအထိ ပြန်လည်သက်သာလာပြီဖြစ်သော ချွန်ယဲရန်းက အော်ဟစ်လိုက်ရင်း ပြေးထွက်သွားသည်။

သူမ၏ သိုင်းကွက်များ၊ လှုပ်ရှားမှုများကို အပြည့်အဝ ပြန်လည်အသုံးမပြုနိုင်သေးသော်လည်း လက်ရှိအနေအထားအတွက်တော့ လုံလောက်နေပြီ ဖြစ်သည်။

"အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြ"

သူမ၏ ခေါ်သံကြောင့် ဘယ်ဟွာဂိတ်မှ အမျိုးသမီးများ တွေဝေနေကြစဉ် ချွန်ယဲရန်းက အသံကို အားထည့်ကာ

"အခုပဲ"

နောက်ကျမှ သတိဝင်လာကြသော အမျိုးသမီးများက ချွန်ယဲရန်း၏ နောက်သို့ တန်းစီ၍ လိုက်ပါသွားကြသည်။ ထိုအတောအတွင်း ဂျင်ဆိုဟွန်းသည် သူ့ကို ဝန်းရံထားသော အဖြူရောင် ဝတ်ရုံနှင့် သိုင်းသမား တစ်ရာကို ပတ်ပတ်လည် ကြည့်လိုက်သည်။

"တစ်ယောက်ချင်းမဟုတ်ဘဲ အများနဲ့လား... မကြာသေးခင်ကမှ လူအများနဲ့ တိုက်ပွဲတွေ ခဏခဏ ဖြစ်နေတာပဲ"

"တိုက်ခိုက်ကြ"

အချက်ပေးသံနှင့်အတူ အဖြူရောင် ဝတ်ရုံနှင့် သိုင်းသမားများမှာ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြသည်။ သူတို့သည် အပြာရောင် အလင်းတန်းများ တောက်ပြောင်နေသော ဓားများကို ကိုင်ဆောင်ကာ ဂျင်ဆိုဟွန်းထံသို့ လှမ်းခုတ်ကြသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်မျက်လုံးကို ဖွင့်ထားသော ဂျင်ဆိုဟွန်းသည် ကိုယ်ခန္ဓာကို လှုပ်ရှားလိုက်ပြီး လက်ဝါးစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဘုန်း…..

"ဘာ... ဘာတွေဖြစ်ကုန်တာလဲ"

ဒူယုံတဲအိမ်၏ ဒုတိယအကြီးအကဲမိုချောလ်မှာ တုန်ယင်လျက် ထိတ်လန့်နေသည်။ ထိုစဉ်မှာပင် တံခါးမှာ ကျယ်လောင်စွာ ပွင့်လာသည်။

"ဘယ်ဟွာဂိတ်သခင်မ အပြင်မှာ ဘာတွေဖြစ်နေတာလဲ"

ဘဲ့ဆောသည် မိုချောလ်၏ မေးခွန်းကို လျစ်လျူရှုကာ တစ်နေရာရာသို့ အလုပ်ရှုပ်နေသည်။ စိတ်ရှုပ်ထွေးနေသော မိုချောလ်က သူမနောက်ကို လိုက်ကာ အော်ပြောသည်။

"ကျောင်းအုပ်ကြီး ဒီမိုချောလ်ရဲ့ စကားကို လျစ်လျူရှုထားတာလား ဒီကိစ္စပြီးရင် ဘယ်ဟွာဂိတ်က လုံခြုံလိမ့်မယ်လို့ ထင်နေတာလား"

"ဟုတ်ပါတယ်။ ကျွန်မ အမှားတစ်ခု လုပ်မိသွားပြီ။ အကြီးအကဲမိုချောလ် ခဏလောက် ဒီနားလာပေးမလား"

ဘဲ့ဆောက ပြုံးပြကာ လက်ဟန်ပြလိုက်သောအခါ မိုချောလ်သည် ဘာမျှ သံသယမရှိဘဲ သူမဆီသို့ ချဉ်းကပ်သွားသည်။

"နောက်ဆုံးတော့ ကျွန်တော့်ကို ဂရုစိုက်ပြီပေါ့။ ဒါဆို... တကယ်ပဲ ဘာတွေဖြစ်နေတာလဲ... အွတ် အွတ်အွတ်"

လည်ပင်းတွင် ရှည်လျားသော အပ်ချွန်တစ်ခု စိုက်ဝင်သွားသည့် မိုချောလ်မှာ အသက်ရှူရ ခက်ခဲလာသည်။ လည်ပင်းတွင် အပ်ချွန်ကို လျင်မြန်စွာ စိုက်သွင်းလိုက်သော ဘဲ့ဆောသည် သူ့ကို တစ်ချက် စိုက်ကြည့်ပြီးနောက် နောက်သို့ လှည့်ထွက်သွားသည်။

"အွတ်... အွတ်..."

"ညစ်ပတ်တဲ့ ဝက်ကောင်"

သေလုမြောပါး ဖြစ်နေသော မိုချောလ်ကို လျစ်လျူရှုကာ ဘဲ့ဆောသည် ဘယ်ဟွာဂိတ်၏ အတွင်းပိုင်းသို့ ဝင်သွားသည်။ သူမ ရောက်သွားသောနေရာမှာ လျှို့ဝှက်သေတ္တာရှိသည့်နေရာ ဖြစ်သည်။

သူမ အမြဲလည်ပင်းမှာ ဆွဲထားသော ဆွဲကြိုးကို ဖြုတ်၍ အတွင်းတွင် ဝှက်ထားသော သော့ကို ထုတ်လိုက်သည်။ သော့ကို သော့ပေါက်တွင် ထိုးထည့်၍ လှည့်လိုက်သောအခါ သေတ္တာ ပွင့်လာသည်။ အတွင်းတွင် ရွှေရောင် တလက်လက် တောက်နေသော ရွှေတုံးများ ရှိနေသည်။

အကုန်လုံးတော့ ယူသွားလို့ မရဘူး။

အတိတ်က အတွေ့အကြုံအရ လောဘက ဘေးဒုက္ခကို ယူဆောင်လာတတ်သည်။ လောဘကို စွန့်လွှတ်ကာ ရွှေတုံး အနည်းငယ်ကိုသာ ယူပြီး ဘဲ့ဆော လှည့်ထွက်လိုက်သည်။ ထိုနေရာတွင် ဂျန်းဂျာအစ် ရှိနေသည်။

"တဲအိမ်... တဲအိမ်အကြီးအကဲ"

"မင်းလို သောက်ကျိုးနည်း ကောင်မ... ငါ့ကို ဒီလို လှည့်စားပြီး မင်းတစ်ယောက်တည်း လွတ်အောင် ပြေးဖို့ ကြံနေတာလား"

"အခြေအနေက မကောင်းဘူးလေ။ ဒါကို ကြည့်လိုက်။ ရွှေတုံးတွေက ဒီမှာပဲ ရှိသေးတယ်။ ဒီလောက်ဆိုရင် ကျွန်မတို့ နှစ်ယောက် ကျန်တဲ့ဘဝတစ်လျှောက်လုံး သက်သောင့်သက်သာ နေသွားလို့ ရပြီ"

ဘဲ့ဆောကို မုန်းတီးမှုဖြင့် စိုက်ကြည့်နေသော ဂျန်းဂျာအစ်၏ မျက်ဝန်းများက ရွှေတုံးများကို မြင်လိုက်ရသောအခါ ပြောင်းလဲသွားသည်။

"အံ့ဩစရာပဲ..."

"ဟုတ်တယ် ဒါတွေက ကျွန်မ တော်တော်ကြာအောင် စုဆောင်းထားတဲ့ အရာတွေပါ"

ဘဲ့ဆောသည် သတိမထားမိစေဘဲ သေတ္တာနှင့် တဖြည်းဖြည်း ဝေးရာသို့ ရွေ့သွားသည်။ ဂျန်းဂျာအစ်သည် စွဲလမ်းသွားသကဲ့သို့ ရွှေတုံးများကို စမ်းသပ်ကြည့်နေသည်။ သူ လောဘဇောတိုက်နေချိန်တွင် ဘဲ့ဆောက နံရံကို အလျင်အမြန် စမ်းသပ်လိုက်သည်။

ကလစ်….

လျှို့ဝှက် ယန္တရားတစ်ခု လည်ပတ်သွားပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခု ပွင့်လာသည်။ ရွှေတုံးများကို ယူနေသော ဂျန်းဂျာအစ်လည်း နောက်ကျမှ သိလိုက်ရသည်။

"ခဏ... ခဏလေး"

"တာ့တာ့ မိုက်မဲတဲ့လူကြီးရယ်"

ဘဲ့ဆောသည် လမ်းကြောင်းဝင်ပေါက်ကို ရက်စက်စွာ ပိတ်လိုက်သည်။ သေတ္တာရှေ့တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဂျန်းဂျာအစ်က အံတင်းတင်းကြိတ်ကာ ကျန်သည့်ရွှေတုံးများကို ယူလိုက်သည်။

ဘယ်လိုနည်းနဲ့မဆို ဒါတွေကို ယူသွားနိုင်ရင်တော့...

ရှေ့နောက် မကြည့်ဘဲ ရွှေတုံးများကို သိမ်းနေသော ဂျန်းဂျာအစ်၏ လက်က ရုတ်တရက် ရပ်တန့်သွားသည်။

"ဒါတွေက ရွှေတွေပဲလား"

အပြစ်ကင်းစင်သော အသံတစ်ခုကြောင့် ဂျန်းဂျာအစ်သည် မယုံနိုင်သည့် မျက်နှာဖြင့် လှည့်ကြည့်လိုက်ကာ ထိုနေရာတွင် ဂျင်ဆိုဟွန်း ရပ်နေသည်။

"ဘယ်လိုလုပ်..."

ဒီကို မလာခင်ကပင် အဖြူရောင် ဝတ်ရုံနှင့် သိုင်းသမား တစ်ရာက ဂျင်ဆိုဟွန်းကို ဝိုင်းတိုက်နေတာကို သူ မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ သို့သော် ထမင်းတစ်လုပ်စာ အချိန်တိုအတွင်းမှာပင် ဂျင်ဆိုဟွန်း ဒီကို ရောက်လာသည်။ ဆိုလိုသည်မှာ လူတစ်ရာကို ထမင်းတစ်လုပ်စာထက် ပိုတိုသော အချိန်အတွင်းမှာပင် ဂျင်ဆိုဟွန်းက အနိုင်ယူလိုက်ခြင်းပင်။

"အဲဒီ ရွှေတုံးတွေကို ယူသွားဖို့ စဉ်းစားနေတာလား"

"အ…အဲ... ဟုတ်ပါတယ်"

ဂျန်းဂျာအစ်သည် ရင်ခွင်ထဲတွင် ထည့်ထားသော ရွှေတုံးများကို ချလိုက်ပြီး ကြမ်းပြင်ပေါ်တွင် ဝပ်တွားလိုက်သည်။ ဂျင်ဆိုဟွန်းသည် သူ၏ အနားသို့ တိုးကပ်လာကာ နှာခေါင်းကို ရှုံ့လိုက်သည်။

"ဒါပေမဲ့... ခင်ဗျားဆီက ရွှေနံ့ ရနေသလိုပဲ"

"ဒါက ကျွန်တော် ရွှေတုံးတွေကို ကိုင်ထားလို့ပါ..."

"ဒီလိုပုံစံနဲ့ ကြည့်နေပေမဲ့ ကျွန်တော်က ကုန်သည်မျိုးရိုးက လာတာဆိုတော့ ရွှေနံ့ကိုတော့ အများကြီး နမ်းဖူးတာပေါ့"

ဂျင်ဆိုဟွန်း၏ လက်သည် ဝပ်တွားနေသော ဂျန်းဂျာအစ်၏ ခေါင်းပေါ်သို့ ရောက်သွားသည်။

"ငါ့ဆီ ပေးလိုက်စမ်း"

"ပေး... ပေးပါ့မယ်"

ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် ရွှေတုံးများကိုပါ ထုတ်ပေးလိုက်ရသည့် ဂျန်းဂျာအစ်ကို ဂျင်ဆိုဟွန်းက တစ်ချက် ရိုက်လိုက်ရာ ရွှေတုံးများမှာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ ထို့နောက် သေတ္တာရှေ့တွင် ရပ်နေသော ဂျင်ဆိုဟွန်းသည် သေတ္တာကြီးထဲ ပြည့်နှက်နေသည့် ရွှေတုံးများကို မြင်သောအခါ အံ့အားသင့်သွားသည်။

"ဝါး... အများကြီးပဲ။ ဒီလောက်ဆိုရင် မျိုးဆက်သုံးဆက်တင်မကဘူး ရှစ်ဆက်မြောက် ဆွေမျိုးသားချင်းတွေအထိပါ ချမ်းသာစွာ နေသွားလို့ ရမယ်"

ဂျင်ဆိုဟွန်းသည် ရွှေတုံးများကို ကိုင်ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။

"အခုထိ ဘယ်ဟွာဂိတ်ကနေတစ်ဆင့် ရောင်းစားခံလိုက်ရတဲ့ အမျိုးသမီးဦးရေက သုံးထောင်ကျော် ရှိမယ်လို့ ခန့်မှန်းရတယ်။ စာရင်းဇယားတွေကို အပြည့်အစုံ မသိရသေးတော့ ဒီထက်ပိုပြီး များနိုင်သေးတယ်"

"အားလုံးပဲ ကြိုးစားပေးကြပါ။ ဟွမ်းဆောဟွန်းနဲ့ ဂျူဆိုမီ၊ အိုဆောဟွာကို ကူပြီး စာရင်းတွေကို အမြန်ဆုံး အပြီးသတ်ပေးကြပါ"

"ဟုတ်ကဲ့..."

"ဟုတ်ကဲ့..."

ဖမ်းဆီးခံလိုက်ရသည့် ချွန်ယဲရန်း၊ မူရုံဆူဆူနှင့် အိုဆောဟွာတို့နှင့် မတူဘဲ ဘယ်ဟွာဂိတ်တွင် ပန်းကန်ဆေး၊ အိမ်သန့်ရှင်းရေး စသည့် အလုပ်များဖြင့် ဒုက္ခရောက်ခဲ့ရသည့် ဟွမ်းဆောဟွန်းနှင့် ဂျူဆိုမီတို့မှာ ကယ်တင်ခံရပြီးနောက်တွင်လည်း နားချိန်မရှိဘဲ စာရင်းဇယားများကို စစ်ဆေးနေရသည်။

စစ်ဆေးရမည့် ဘယ်ဟွာဂိတ်၏ စာရင်းစာအုပ်များမှာ တစ်ရာကျော်ပင် ရှိနေသည်။

"ကျန်တဲ့သူတွေကရော"

"ဘယ်ဟွာဂိတ်မှာ ရှိတဲ့ အမျိုးသမီး စုစုပေါင်းက ငါးရာလေးဆယ့်နှစ်ယောက်ပါ။ ဒါပေမဲ့..."

မူရုံဆူဆူ စကားကို ရပ်လိုက်သဖြင့် ဂွမ်မြောင်က မေးလိုက်သည်။

"ဒါပေမဲ့ ဘာဖြစ်လို့လဲ"

"သူတို့က သူတို့လာခဲ့တဲ့ နေရာကို ပြန်မသွားတော့ဘူးတဲ့။ ဘယ်ဟွာဂိတ်မှာပဲ ဆက်နေမယ် ဒါမှမဟုတ် သေလိုက်မယ်လို့တောင် ပြောနေတဲ့သူတွေ ရှိတယ်"

"ဟူး... ကယ်တင်ခြင်းကို ရှာဖွေရင်း ရောက်လာကြသူတွေမို့ အိမ်ပြန်ဖို့ ခက်ခဲနေကြတာ ဖြစ်မှာပါ"

သို့သော် ဤအတိုင်း ထားခဲ့ဖို့ရန်လည်း အရေအတွက်မှာ များလွန်းနေသည်။ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေသည့် ဂွမ်မြောင်ထံသို့ ဂျင်ဆိုဟွန်း ရောက်လာသည်။

"ဘယ်တွေ သွားနေတာလဲ"

"တောင်းပန်ပါတယ်။ နွားတစ်ကောင်နဲ့ လှည်းတစ်စီး သွားယူနေလို့ နည်းနည်း နောက်ကျသွားတယ်"

"မင်းက ဒီတစ်ခါလည်း တာအိုကျောင်းတော်ကို နွားလှည်းနဲ့ပဲ ပြန်စီးသွားမလို့လား"

"ဒါလည်း ကောင်းတဲ့ အကြံပဲ။ ဒါပေမဲ့ ဒီတစ်ခါတော့ တခြား အကြောင်းရင်းတစ်ခု ရှိတယ်"

"တွန်း"

"ကွန်း"

အွန်းဘန်၊ ဆန်ဆွတ်၊ ပန်အိုဂျောင်နှင့် ယူအူဆွန်းတို့သည် နွားတစ်ကောင်တည်းဖြင့် ဆွဲရန် မနိုင်လောက်အောင် လေးလံနေသည့် လှည်းကို အားကုန် တွန်းလိုက်ကြသည်။

"အဲဒါ... ရွှေတုံးတွေ မဟုတ်လား ဒီလောက်များတဲ့ ရွှေတုံးတွေကို ဘယ်ကနေ ရှာတွေ့တာလဲ"

"ပြေးသွားတဲ့ ဂျန်းဂျာအစ်ကို လိုက်ဖမ်းရင်း သေတ္တာတစ်လုံး တွေ့လိုက်တယ်။ အဲဒီက ရွှေတုံးတွေကို အကုန်ယူလာခဲ့တာ။ ဒီလောက် ရွှေတွေဆိုရင် လူ ငါးရာကျော်အတွက် နေစရာနေရာ ဖန်တီးပေးဖို့ လုံလောက်မှာ မဟုတ်လား"

သူ့ရဲ့ ပတ်ဝန်းကျင်ကြောင့်လား မဟုတ်ပါဘူး။ ကုန်သည်မျိုးရိုးက လာတဲ့သူတွေက ပိုပြီး လောဘကြီးတတ်ကြတာပါ။ ဒါပေမဲ့ ဒီကောင်လေးကတော့...

သူရှေ့မှ ရွှေတုံးများကို မြင်လျက်နှင့် လောဘတစ်စက်မျှ မရှိသည့် ဂျင်ဆိုဟွန်းကို ဂွမ်မြောင် ဂုဏ်ယူမိသည်။

"ဂျင်ဆိုဟွန်း မင်း ကြိုးစားခဲ့ပါတယ်"

"ဒါဆို အခု ကျွန်တော့်ကို အားလပ်ရက် ပေးတော့မလား"

"မပေးနိုင်ဘူး"

"ကျွတ်။ ခင်ဗျားကလည်း တကယ်ကို ကပ်စေးနည်းတာပဲ"

"ကဲ အားလုံးပဲ အလုပ်ရှုပ်ပေးကြပါဦး နေမဝင်ခင် အကုန်လုံး အပြီးသတ်ရမယ်"

ဂွမ်မြောင်၏ ဦးဆောင်မှုအောက်တွင် ဂျင်ဆိုဟွန်း ယူလာသည့် ရွှေတုံးများက ဂန်စုရှိ နယ်မြေအသီးသီးသို့ ရောက်ရှိသွားသည်။ ရွှေတုံးများက ငွေစက္ကူများ ဖြစ်လာပြီး ဘယ်ဟွာဂိတ်သို့ ရောက်လာခဲ့သည့် အမျိုးသမီးများထံသို့ တန်းတူ ခွဲဝေပေးလိုက်သည်။

ဘဝသစ်တစ်ခု စတင်ရန် လုံလောက်သော ပိုက်ဆံများပင်။

ရောင်းစားခံခဲ့ရသည့် အမျိုးသမီးများကိုမူ သူတောင်းစားဂိုဏ်းက ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

"သူတောင်းစားဂိုဏ်းက ရောင်းစားခံလိုက်ရတဲ့ အမျိုးသမီးတွေကို လိုက်ရှာပေးမယ်။ သိုင်းလောက မဟာမိတ်အဖွဲ့နဲ့ အာဏာပိုင်တွေကတော့ ဘယ်ဟွာဂိတ်နဲ့ ပတ်သက်သူတွေကို ကိုယ်တိုင် စစ်ဆေးစီရင်လိမ့်မယ်။ ဒါကြောင့် စိတ်ပူစရာ မလိုတော့ဘူး"

"ဟုတ်ကဲ့"

"ပြီးတော့ ခင်ဗျားတို့ နှစ်ယောက်ကတော့ သိုင်းလောက မဟာမိတ်အဖွဲ့ဆီ အပို့ခံရပြီး စီရင်ချက် ချခံရလိမ့်မယ်"

ဂွမ်မြောင်၏ လေးနက်သော အသံကြောင့် လက်ထိပ်ခတ်ခံထားရသည့် ဂျန်းဂျာအစ်နှင့် ဘဲ့ဆောတို့ ခေါင်းငိုက်စိုက်ကျသွားသည်။

"မင်း ငါ့ကို ထားခဲ့ပြီး ပြေးတာလေ အခုတော့ ဒီလိုအဆုံးသတ် ရပြီပေါ့"

"ပါးစပ် ပိတ်ထားစမ်း"

ဘယ်ဟွာဂိတ်၏ လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ပြေးဖို့ ကြိုးစားခဲ့သည့် ဘဲ့ဆောကို ပတ်ဝန်းကျင်တွင် လှည့်လည်နေသော ပန်အိုဂျောင်က မကြာခင်မှာပင် ဖမ်းမိလိုက်သည်။ ရိုးရိုးကာကွယ်ရေးလောက်သာ တတ်သည့် ဘဲ့ဆောအတွက် ပန်အိုဂျောင်လက်မှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။ သူမကို ပန်အိုဂျောင်က ချက်ချင်း ဖမ်းချုပ်လိုက်သည်။

"ဒါဆိုရင် အလုပ်ကြိုးစားပေးကြပါ"

သိုင်းလောက မဟာမိတ်အဖွဲ့မှ လွှတ်လိုက်သော သိုင်းသမားများက ဘဲ့ဆောနှင့် ဂျန်းဂျာအစ်ကို ဆွဲခေါ်သွားကြသည်။ တာဝန်ပြီးဆုံးသွားသော သိုင်းပညာရှင်များကာ မြင်းများဖြင့် တာအိုကျောင်းတော်သို့ ပြန်လာကြသည်။

အချို့မှာမူ နွားလှည်းပေါ်တွင် လိုက်ပါလာကြသည်။ လှည်းပေါ်တွင်မူ အမြဲတမ်းလိုလို ကောက်ရိုးပုံပေါ်တွင် လှဲအိပ်နေတတ်သည့် ဂျင်ဆိုဟွန်း ရှိနေသည်။

"အာ... ဒီလိုနေရတာ ကောင်းလိုက်တာ..."

လှည်းပေါ်တွင် လှဲအိပ်နေသော ဂျင်ဆိုဟွန်းမှာ ခဏအကြာတွင် ထိုင်လိုက်ရသည်။

"အစ်ကို"

တစ်စုံတစ်ယောက်က ငါ့ကို လာတွေ့တာလား။

"ဟင်"

လှည်းကို မှီကာ ငေးကြည့်နေသော ဂျင်ဆိုဟွန်းသည် သူ၏ ရှေ့တွင် ပေါ်လာသည့် မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုမိန်းကလေးက ရှက်ရွံ့နေသည့် မျက်နှာဖြင့် တစ်စုံတစ်ခုကို ကမ်းပေးသည်။ ငေးငိုင်စွာ လက်ခံလိုက်သော ဂျင်ဆိုဟွန်းမှာ ထိုအရာမှာ သစ်သားဖြင့် ထုလုပ်ထားသည့် ငှက်ရုပ်လေး ဖြစ်ကြောင်း သိလိုက်ရသည်။

"ဒါက ဘာလဲ"

"ကျွန်မ လုပ်ထားတာပါ ကျွန်မတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

"တော်လိုက်တာ။ ကျေးဇူးတင်ပါတယ်"

"ဟီးဟီး..."

ဂျင်ဆိုဟွန်းသည် မိန်းကလေးငယ်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သို့သော် ထိုမိန်းကလေး၏ မျက်လုံးများမှာ တစ်စုံတစ်ခုကြောင့် ဝမ်းနည်းနေပုံပင်။

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့... အခု ကျွန်မ ဘယ်သွားရမှန်း မသိတော့လို့ပါ"

ဂျင်ဆိုဟွန်းသည် ဤမိန်းကလေးငယ်လေးလည်း ကြောက်စရာကောင်းသော လောကကြီးမှ ထွက်ပြေးလာပြီး ဘယ်ဟွာဂိတ်သို့ ရောက်ရှိလာခဲ့ကြောင်း သတိရလိုက်သည်။

သူမတွင် ပြန်စရာနေရာမရှိသလို သွားစရာလမ်းလည်း မရှိပေ။ စဉ်းစားခန်း ဝင်နေသော ဂျင်ဆိုဟွန်းသည် ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်နေသည့် သိုင်းလောက မဟာမိတ်အဖွဲ့မှ သိုင်းသမားတစ်ဦးကို ခေါ်လိုက်သည်။

"အမ်... အကူအညီတစ်ခုလောက် တောင်းလို့ရမလား"

ဂျင်ဆိုဟွန်းကို ရင်ဆိုင်လိုက်ရသော ငယ်ရွယ်သည့် သိုင်းသမားမှာ ရှက်ရွံ့ပြီး ပါးပြင်များ နီရဲသွားသည်။

"ဘ…ဘာများလဲဗျ"

သိုင်းသမား ချဉ်းကပ်လာသောအခါ မိန်းကလေးငယ်ကို သူနှင့်အတူ လမ်းညွှန်လိုက်သည်။

"ဒီကလေးမလေးကို ရှန်ရှီးပြည်နယ်က ဂျင်မိသားစုဆီ ပို့ပေးလို့ရမလား ကျွန်တော့်နာမည် ပြောလိုက်ရင် သူတို့က ခင်ဗျားကို ဆုချပါလိမ့်မယ်"

"ဒီကလေးမလေးကိုလား"

"ဟုတ်ကဲ့။ ကျေးဇူးပြုပြီး ကူညီပေးပါ"

ဂျင်ဆိုဟွန်း၏ လှပသော မျက်နှာကို ကြည့်ပြီး ငြင်းဆန်ဖို့ ခက်ခဲနေသည့် သိုင်းသမားက ခေါင်းညိတ်လိုက်သည်။

"နားလည်ပါပြီ။ ကျွန်တော့်ကို ယုံကြည်ပြီး အပ်ထားလိုက်ပါ"

"ကျေးဇူးတင်ပါတယ်"

သိုင်းသမားကို ကျေးဇူးတင်စကား ပြောပြီးနောက် ဂျင်ဆိုဟွန်းသည် မိန်းကလေးငယ်၏ ပါးပြင်ကို အသာလေး ဆွဲညှစ်လိုက်သည်။

"ဒီဦးလေးက မင်းကို ဂျင်မိသားစုဆီ ပို့ပေးလိမ့်မယ်။ အဲဒီမှာ စီးယုဆိုတဲ့ အစ်မတစ်ယောက်ကို ရှာလိုက်ပါ။ အစ်ကို ဂျင်ဆိုဟွန်းက လွှတ်လိုက်တာလို့ ပြောလိုက်ရင် သူက မင်းကို ကောင်းကောင်း ဆက်ဆံပါလိမ့်မယ်"

"တကယ်လား"

"ဟုတ်တယ်။ ဂျင်မိသားစုက ငါ့ရဲ့ အိမ်ပဲလေ"

မိန်းကလေး၏ မျက်နှာလေး တောက်ပသွားသည်။

"ဒါဆို... အစ်မကိုရော ကျွန်မ တွေ့လို့ရမလား"

ဂျင်ဆိုဟွန်းသည် သူ၏ မိတ်ကပ်များကို မဖျက်ရသေးကြောင်း သတိရသွားသည်။

"ဟားဟား... ရတာပေါ့။ ဒါက ငါတို့ရဲ့ အိမ်ပဲလေ"

"ဟုတ်"

မဟာမိတ်အဖွဲ့မှ သိုင်းသမားနှင့်အတူ မိန်းကလေးငယ်ကို လွှဲအပ်လိုက်ပြီးနောက် နှစ်ဦးစလုံးကို လက်ပြနှုတ်ဆက်ကာ ဂျင်ဆိုဟွန်း လှည်းပေါ်သို့ ပြန်တက်လိုက်သည်။ ဤမြင်ကွင်းကို ကြည့်နေသော ချွန်ယဲရန်းက ရှုပ်ထွေးသော ခံစားချက်များဖြင့် ဂျင်ဆိုဟွန်းကို ငေးကြည့်နေသည်။

"လူငယ်သူရဲကောင်းဂျင်က သဘောကောင်းတာပဲ"

"ကျွန်တော့်ကိုယ်ထဲမှာ ကုန်သည်မျိုးရိုးရဲ့ သွေးတွေ စီးဆင်းနေတာလေ"

"ဘာ"

နားမလည်နိုင် ဖြစ်နေသော ချွန်ယဲရန်း၏ ရှေ့တွင် ဂျင်ဆိုဟွန်းသည် မိန်းကလေးငယ် ပေးသွားသော ငှက်ရုပ် သစ်သားထုရုပ်လေးကို ကျေနပ်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။

"ကျွန်တော် ရခဲ့တာကိုပဲ ပြန်ပေးလိုက်တာပါ"

နားမလည်နိုင်သေးသည့် ချွန်ယဲရန်းနှင့် ပင်ပန်းနေသော ဂျင်ဆိုဟွန်းကို တင်ဆောင်လာသည့် နွားလှည်းက နဂါးပြာတာအိုကျောင်းတော်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားသွားသည်။

"သတင်း ကြားလိုက်လား အိုမြောင်း"

အိုမြောင်းသည် ခေါင်းမော့လိုက်ပြီး ပင့်ကူနီပုံစံ မျက်နှာဖုံးကို ဝတ်ဆင်ထားသော အမျိုးသားကို ကြည့်လိုက်သည်။

"ဘယ်ဟွာဂိတ်အကြောင်း သတင်း ကြားလိုက်ပါတယ်။ ဘဲ့မြောင်းတော့ အရမ်း ဒေါသထွက်နေတော့မှာပဲ"

"ဘယ်သူကတော့ မဒေါသထွက်ဘဲ နေပါ့မလား ဘယ်ဟွာဂိတ်က ဘဲ့မြောင်းအတွက် တန်ဖိုးရှိတဲ့ ငွေကြေးရင်းမြစ် မဟုတ်လား။ မကြာသေးခင်ကမှ ဝင်ငွေ တိုးလာလို့ ပျော်နေတာ... အခုတော့ စိတ်ပျက်စရာပဲ။ ခဏလောက်တော့ ငြိမ်နေရတော့မယ်"

"ဟားဟား သူတို့တွေပဲလား"

"ဟုတ်တယ်... သိုင်းလောက မဟာမိတ်အဖွဲ့ရဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ပဲ"

"နဂါးပြာတာအိုကျောင်းတော်က သိုင်းပညာရှင်တွေလို့ ပြောရင် ပိုမှန်လိမ့်မယ်"

"ဟုတ်မှာပါ။ သူတို့ထဲမှာ အရမ်းကို ထင်ရှားတဲ့ ကောင်စုတ်လေး တစ်ယောက် ရှိတယ်"

"ဂျင်ဆိုဟွန်းလေ။ သူရောက်တဲ့နေရာတိုင်းမှာ မိစ္ဆာဂိုဏ်းတွေတင်မကဘူး ဒီတစ်ခေါက်တော့ ကျွန်တော်တို့ဘက်ကပါ အကြီးအကျယ် ထိခိုက်မှုတွေ ရှိခဲ့တယ်"

အိုမြောင်းနှင့် ဂျက်မြောင်းတို့သည် စကားပြောရင်း စစ်တုရင်ကစားနေကြသည်။ အမည်းရောင်နှင့် အဖြူရောင် ကျောက်တုံးများက အံခုံပေါ်တွင် လျင်မြန်စွာ ရောက်ရှိသွားကြသည်။

"တဲအိမ်အကြီးအကဲက နာမည်မဲ့တဲအိမ်ဆီ ပြန်သွားတယ်လို့ ကြားတယ်... သူတို့ရဲ့ ပစ်မှတ်က ဂျင်ဆိုဟွန်း ဖြစ်မှာပဲ မဟုတ်ဘူးလား"

"စစ်သေနာပတိချုပ်ရဲ့ တိုက်ရိုက်အမိန့်ဆိုတော့ ဟုတ်မှာပါ"

"သိုင်းလောကရဲ့ ကောင်းကင်ယံမှာ ပေါ်လာတဲ့ ကြယ်တာရာသစ်က သူ့ရဲ့ အလင်းရောင်ကို ကြာကြာ ထွန်းလင်းနိုင်မှာ မဟုတ်တော့ဘူး"

"နာမည်မဲ့တဲအိမ်အကြီးအကဲကိုယ်တိုင် ကိုယ်တိုင်လှုပ်ရှားတော့မှာမို့လို့လေ"

စစ်တုရင်ကစားနေသော သူတို့နှစ်ဦး၏ လက်များ ရပ်တန့်သွားသည်။

"ဧည့်သည် ရောက်လာပြီ"

ဧည့်သည် ရောက်လာပြီဆိုသည့် သတင်းကြောင့် အိုမြောင်း၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။

"နောက်ဆုံးတော့လည်း"

ဂျက်မြောင်းက စိတ်ဝင်တစား မေးလိုက်သည်။

"ခင်ဗျားမှာ လာဖို့ ဧည့်သည် ရှိနေလို့လား"

"သူက အခုဆိုရင် မိသားစုဝင်တစ်ယောက် ဖြစ်လာတော့မယ့် အရေးကြီးတဲ့ ဧည့်သည်ပါ။ သူ့ကို ခေါ်ခဲ့ပေးပါ"

အိုမြောင်း၏ အမိန့်ကြောင့် ခိုင်မာစွာ ပိတ်ထားသော တံခါးပွင့်လာပြီး အဘိုးအိုတစ်ဦး ဖြည်းညင်းစွာ လျှောက်ဝင်လာသည်။ ထိုအဘိုးအိုသည် အိုမြောင်းနှင့် ဂျက်မြောင်း၏ ရှေ့တွင် ထိုင်ချလိုက်သည်။

"ပြန်လာပြီပေါ့ အကြီးအကဲဗီ"

"မျက်နှာဖုံးတစ်ခု ထပ်တိုးသွားပြီပဲ"

"ကျွန်တော့်နာမည်က ဂျက်မြောင်းပါ"

"တွေ့ရတာ ဝမ်းသာပါတယ်"

ဂျက်မြောင်းနှင့် ဗီယွန်းဂဲတို့ နှုတ်ဆက်နေစဉ်မှာပင် အိုမြောင်းက မစောင့်နိုင်တော့ဘဲ မေးလိုက်သည်။

"ဘာရလဒ်တွေ ရခဲ့လဲ"

"ငါက ဘယ်သူလဲဆိုတာ မင်းတို့ မေ့သွားကြတာလား"

ဗီယွန်းဂဲ၏ မျက်နှာတွင် ခပ်ဆိုးဆိုး အပြုံးတစ်ခု ပေါ်လာသည်။ မကြာခင်မှာပင် သူ၏ လက်သည် ရင်ခွင်ထဲမှ လိပ်ထားသော စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ ၎င်းကို လက်ခံရရှိပြီး အတွင်းပါအကြောင်းအရာကို ဖတ်ရှုလိုက်သော အိုမြောင်းမှာ အလွန်အမင်း အံ့ဩသွားတော့သည်။

"အကြီးအကဲဗီ ဒါက... ဒါက မဖြစ်နိုင်တာ"

"ဟုတ်ပါတယ်။ ဒါက စီချွမ်ထန်မျိုးနွယ်စုက ဝှက်ထားခဲ့တဲ့ သဏ္ဌာန်မဲ့ လူသတ်အဆိပ်ဖော်စပ်နည်းပါပဲ"

"သဏ္ဌာန်မဲ့ လူသတ်အဆိပ်"

ဂျက်မြောင်းမှာလည်း အလွန်အမင်း အံ့အားသင့်သွားသည်။ သဏ္ဌာန်မဲ့ လူသတ်အဆိပ်ဆိုသည်မှာ စီချွမ်ထန်မျိုးနွယ်စု ပိုင်ဆိုင်ထားသော အဆိပ်ပြင်း လေးမျိုးထဲမှ တစ်မျိုးဖြစ်သည်။

ရွှေဒင်္ဂါးသန်းပေါင်းများစွာနှင့်ပင် ရောင်းမည်မဟုတ်ဘူးဟု ကြွေးကြော်ထားခဲ့သော အဆိုပါ အဆိပ်ဖော်စပ်နည်းကို ရရှိလိုက်သည့်အတွက် အိုမြောင်းမှာ အလွန်ပင် ကျေနပ်အားရနေသည်။ ထိုအခါ ဗီယွန်းဂဲက မေးလိုက်သည်။

"ကျွန်တော် အခု အရည်အချင်း ပြည့်မီပြီလို့ သတ်မှတ်လို့ ရပြီလား"

သူ့မေးခွန်းကြောင့် အိုမြောင်းက ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ကျယ်ကျယ်ဖြန့်ကာ

"ဟောင်ဂိုဏ်းကနေ ကြိုဆိုပါတယ်"

All Chapters