← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း (၃၆၁) မိန်းမသားတို့၏ နှလုံးသားသည် သမုဒ္ဒရာကြမ်းပြင်ရှိ အပ်တစ်စင်းနှင့် တူသည်

အပြန်လမ်းတွင်။

အဲလစ်ဇဘက်သည် တိတ်ဆိတ်နေပြီး ချန်ဖုန်းနှင့် စကားပြောရန် စိတ်ဝင်စားမှု မရှိခဲ့ချေ။

‘ခုနက တိုက်ခိုက်တုန်းကသာ အဲဒီဘုန်းကြီး မရပ်တန့်ခဲ့ဘူးဆိုရင် ငါ အခုလောက်ဆို သေနေလောက်ပြီ...တကယ်ကို လွန်လွန်းတယ်…’ဟု တွေးလေ သူမ ဒေါသထွက်လေ ဖြစ်နေတော့၏။

ချန်ဖုန်းက ကားမောင်းနေရင်း ခရီးသည်ခုံမှ အဲလစ်ဇဘက်ကို တစ်ချက် ကြည့်လိုက်၏။

ထို့နောက် သူက စကားပြောစရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းက အရမ်း အသေးအဖွဲ ကိစ္စလေးတွေကို စိတ်ဆိုးနေတာပဲ... ငါက မင်းကို စမ်းသပ်ကြည့်ရုံပါ..."

"ငါ့ကို စမ်းသပ်တယ် ဟုတ်လား..."

"ဟုတ်တယ်လေ... မင်းရဲ့ဦးလေးဆီကနေ မင်းနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ပြန်ယူဖို့ ငါနဲ့ ပူးပေါင်းချင်တယ်ဆို... ပူးပေါင်းဆောင်ရွက်မှုဆိုတာ ယုံကြည်မှုအပေါ်မှာ အခြေခံတာလေ..."

"တကယ်လို့ မင်းက ငါ့ကိုတောင် မယုံကြည်နိုင်ဘူးဆိုရင် ငါတို့ ဘယ်လိုလုပ် ပူးပေါင်းနိုင်မှာလဲ..." ချန်ဖုန်းက အလွန် တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်ပေသည်။

အဲလစ်ဇဘက် အနည်းငယ် မှင်တက်သွား၏။ "နင်... နင်က ငါနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်ပေါ့..."

"သေချာတာပေါ့..."

ချန်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "အဲဒီဘုန်းကြီးက ငါ့ကို သတ်ချင်တယ်လို့ အမြဲပြောနေခဲ့တာ... သူ့ရဲ့ လှုပ်ရှားမှုတွေမှာ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေပေမဲ့ သူ့ကိုယ်ပေါ်မှာတော့ သတ်ဖြတ်လိုတဲ့ အငွေ့အသက် လုံးဝ မရှိဘူးလေ..."

"ဒါကြောင့် သူက အမှားနဲ့ အမှန်ကို ခွဲခြားသိမြင်နိုင်တဲ့သူ ဖြစ်ရမယ်လို့ ငါ ကောက်ချက်ချလိုက်တာ..."

"သူက ကျေးဇူးဆပ်ချင်ရင်တောင် အပြစ်ကင်းတဲ့သူတွေကို ဒုက္ခပေးမှာ မဟုတ်ဘူး... ဒါက မင်းအတွက် ငါ့ရဲ့ နောက်ဆုံး စမ်းသပ်မှုပဲ..."

"တကယ်လို့ နှစ်ဖက်စလုံးက လုံလောက်တဲ့ ယုံကြည်မှု မရှိဘူးဆိုရင် တစ်ခါတလေကျ အသက်အန္တရာယ်တောင် ရှိနိုင်တယ်..."

"မင်းလည်း ဝိညာဉ်အဖွဲ့အစည်းမှာ နေခဲ့ဖူးတာပဲ...သူတို့လည်း အထက်လူကြီးရဲ့ အမိန့်ကို အမြဲ နာခံသင့်တယ်ဆိုတာ သိကြမှာပါ...မင်းရဲ့ အထက်လူကြီးက ရန်သူကို သတ်ဖို့ အမိန့်ပေးရင် မင်း သတ်ရမယ်... ဆုတ်ခွာဖို့ အမိန့်ပေးရင် မင်း ဆုတ်ခွာရမယ်လေ..."

"ငါ..."

အဲလစ်ဇဘက်က သွားကြိတ်လျက် ပြောလိုက်၏။ "အဲဒါက မှန်ပေမဲ့... တကယ်လို့ အဲဒီဘုန်းကြီးက သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ရင်ကော ဘယ်လိုလုပ်မလဲ..."

"ဘယ်လိုလုပ်မလဲဆိုတာ မရှိဘူး..."

ချန်ဖုန်းက ခေါင်းလှည့်ကာ ပြောလိုက်သည်။ "တကယ်လို့ သူ မထိန်းနိုင်ခဲ့ရင်တောင် မင်းရဲ့ လုံခြုံရေးကို ငါ အာမခံနိုင်ပါတယ်..."

"ငါက ပူးပေါင်းဖို့ သဘောတူပေမဲ့ စည်းကမ်းချက်တွေတော့ ရှိတယ်...မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပိုင်ဆိုင်မှုတွေကို ငါ မလိုအပ်ဘူး... ငါ လိုချင်တာ တစ်ခုတည်းပဲ..."

"အဲဒါက ဘာလဲ..."

အဲလစ်ဇဘက်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပေ၏။

ချန်ဖုန်းက ကားမောင်းနေဆဲဖြစ်သည်ကို မြင်သောအခါ သူမက ခေါင်းကို အလျင်အမြန် လွှဲဖယ်လိုက်ပြီး "နင်... နင်... နင်... သေချာ ကြည့်မောင်းလေ... လူကို ဝင်မတိုက်မိစေနဲ့ဦး..." ဟု ပြောလိုက်သည်။

အဲလစ်ဇဘက်၏ စိုးရိမ်နေသော မျက်နှာအမူအရာကို မြင်ချိန်တွင် ချန်ဖုန်းက ပြုံးလိုက်၏။

ဒါက ပေ့ဟူတက္ကသိုလ်က ကျောင်းရဲ့အလှလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ ခြေတံရှည်ရှည်နဲ့ ရှောင်မန်ချီနဲ့ နည်းနည်း တူနေသလိုပဲ...

"မဟာလင်းယုန်နိုင်ငံက စွမ်းအင်ကြွယ်ဝပြီး ကမ္ဘာ့ထိပ်တန်းဆယ်နိုင်ငံစာရင်းဝင် ရေနံသိုက်တွေ ရှိတယ်လို့ ငါကြားဖူးတယ်... ငါ့ကို ရေနံမြေတစ်ခုလောက် ပေးပါ..."

"ဒါက..."

အဲလစ်ဇဘက် တုံ့ဆိုင်းသွားသည်။

လက်ရှိတွင် သူမသည် မဟာလင်းယုန်နိုင်ငံ၌ အကြီးဆုံး ရေနံသိုက်များ ပိုင်ဆိုင်ထားသော ရေနံကုမ္ပဏီတစ်ခုကို ထိန်းချုပ်ထားပေ၏။

တန်ဖိုးအားဖြင့် ဘီလီယံရာချီ ရှိသည်။

အဲလစ်ဇဘက်သည် ရေနံကုမ္ပဏီတွင် ငွေမည်မျှရှိသည်ကို ဂရုမစိုက်သော်လည်း ဤကဲ့သို့သော စွမ်းအင်အရင်းအမြစ်များမှာ မဟာလင်းယုန်နိုင်ငံတွင် အလွန်ရှားပါးနေဆဲ ဖြစ်ခြင်းကိုမူ ဂရုစိုက်ပေသည်။

၎င်းက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အသက်သွေးကြောကို ထိခိုက်စေနိုင်ပေ၏။

သူမသည် ၎င်းကို စွန့်လွှတ်ရန် အနည်းငယ် နှမြောနေဆဲပင်။

သို့သော် အစစ်အမှန် အာဏာကို ရရှိရန်အတွက် သူမက သွားကြိတ်လျက် ပြောလိုက်သည်။ "ကောင်းပြီ... ငါ နင့်ကို ရေနံကုမ္ပဏီ ပေးနိုင်တယ်... နင် ကတိတည်ဖို့ မျှော်လင့်ပါတယ်..."

"စိတ်မပူပါနဲ့... ငါ့ရဲ့ ဂုဏ်သတင်းက အာမခံချက် အပြည့်ရှိပါတယ်..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်၏။ "ရေနံကုမ္ပဏီက ငါ့နာမည်အောက် ရောက်သွားတာနဲ့တစ်ပြိုင်နက် အဇူရာနန်းတော်က လူတွေကို အဲဒီကို ငါ ဗြောင်ကျကျ စေလွှတ်လို့ရပြီ... အပြင်ပန်းကြည့်ရင်တော့ သူတို့အကုန်လုံးက ကုမ္ပဏီဝန်ထမ်းတွေပေါ့..."

"မင်းနဲ့ မင်းဦးလေး အာဏာလုနေတဲ့ အချိန်အတွင်းမှာ ပဋိပက္ခတချို့ သေချာပေါက် ရှိလာမှာပဲ...ရန်ပုံငွေအတွက်ရော လူအင်အားအတွက်ပါ သူတို့ကို ဆက်သွယ်နိုင်တယ်...တကယ်လို့ သူတို့ မဖြေရှင်းနိုင်ဘူးဆိုရင် ငါ့ဆီ လာခဲ့..."

"ကောင်းပြီ..."

အဲလစ်ဇဘက် နောက်ဆုံးတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်လေ၏။

သူမက မူလက ချန်ဖုန်းကို မဟာလင်းယုန်နိုင်ငံသို့ ယခုချက်ချင်း ပြန်ခေါ်သွားရန် ရည်ရွယ်ထားခဲ့သည်။

သို့သော် ရှန်ကွမ်ယွဲ့မှာ ယခု ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ချန်ဖုန်းက ထွက်သွား၍မရနိုင်ကြောင်း ရှင်းလင်းနေပေ၏။

ထို့အပြင် ပြီးခဲ့သော နယ်စပ်စစ်ပွဲအပြီး မကြာမီအချိန်အတွင်း ချန်ဖုန်းက မဟာလင်းယုန်နိိုင်ငံတွင် ပေါ်လာပါက ပြဿနာအချို့ ဖြစ်လာနိုင်ချေရှိသည်။

"ကားရပ်လိုက်တော့... ငါ အခု ကိုယ့်နိုင်ငံကို ပြန်တော့မယ်... လိုအပ်ရင် နင့်ကို လာရှာဖို့ လူလွှတ်လိုက်မယ်..." ထိုသို့ပြောရင်း…

အဲလစ်ဇဘက်က သူ့ကို ရှုပ်

ထွေးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။ ထို့နောက်မှသာ ကားတံခါးကို ဖွင့်ကာ ထွက်သွားရင်း

လူအုပ်ကြီးထဲတွင် အလျင်အမြန် ပျောက်ကွယ်သွားလေ၏။

ချန်ဖုန်း ဗီလာသို့ ပြန်ရောက်ချိန်တွင် ရှန်ကွမ်ယွဲ့နှင့် ချန်ဟွေတို့ ပြန်မရောက်ကြသေးချေ။

ဗီလာထဲတွင် ရှောင်လန်နှင့် လဲ့ယန်တို့ကိုသာ သူ တွေ့လိုက်ရသည်။

"နန်းတော်သခင်..."

လဲ့ယန်က ရှက်ရွံ့နေသော မျက်နှာအမူအရာဖြင့် လျှောက်လာခဲ့၏။

ရှောင်လန်က သူ၏ ရင်ခွင်ထဲတွင် မှီခိုနေလေသည်။ လဲ့ယန်က မူလက ရှန်ကွမ်ယွဲ့ကို ကာကွယ်ရန် ထိုနေရာသို့ ရောက်ရှိနေခြင်းဖြစ်သော်လည်း မထင်မှတ်ဘဲ ဇနီးတစ်ယောက် ရသွားခဲ့ပေ၏။

‘ဒါက... တကယ်ကို ရှက်စရာကောင်းတာပဲ…’

ချန်ဖုန်းက သူ၏ ပခုံးကို ပုတ်ကာ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။ "အသင့်အတင့်ပဲ လုပ်ပါ... အရမ်းကြီး ပင်ပန်းမခံနဲ့..."

"ပြီးတော့ မိန်းမတွေအပေါ် ညင်ညင်သာသာ ဆက်ဆံပါ... ရှောင်လန်ကို ကြည့်ဦး... အခု လမ်းလျှောက်တာတောင် ခြေတစ်ရွတ်ဆွဲနေရပြီ..."

"..."

လဲ့ယန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်၏။

အနီးတွင် ရပ်နေသော ရှောင်လန်က မကျေမနပ်ဖြစ်သွားသည်။ သူမက ချန်ဖုန်းအနီးသို့ လျှောက်သွားကာ တီးတိုးပြောလိုက်၏။ "ရှင်က လဲ့ယန်ကို အဲဒီလို ပြောရဲတယ်ပေါ့... အစ်မရှောင်ယွဲ့ သုံးရက်လောက် လမ်းမလျှောက်နိုင်တော့တဲ့အချိန်ကို မမှတ်မိတော့ဘူးလား...ကျွန်မက သူ့ကို ထမင်းခွံ့ပေးခဲ့ရတာလေ..."

“ဘုရားရေ…”

ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

‘ဒါဆို ငါ ရှောင်ယွဲ့ယွဲ့နဲ့ အတူအိပ်တုန်းက ရှောင်လန်က ချက်ချင်း သိသွားတာပေါ့…’

ချန်ဖုန်းက ရှောင်လန်အား လက်မထောင်မပြဘဲ မနေနိုင်တော့ချေ။

‘နင်က သေချာပေါက် အတွေ့အကြုံရင့်တဲ့ ယာဉ်မောင်းကြီးပဲ…’ဟု စိတ်ထဲက ပြောလိုက်၏။

နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားသည်။

ရှန်ကွမ်ယွဲ့နှင့် ချန်ဟွေတို့ ဈေးဝယ်ရာမှ နောက်ဆုံးတွင် ပြန်ရောက်လာကြ၏။

ဤအချိန်တွင် ညီမဖြစ်သူက အဝတ်အစားများနှင့် နေ့စဉ်သုံးပစ္စည်းများ အပါအဝင် အိတ်ပေါင်းများစွာကို သယ်ဆောင်လာခဲ့သည်။ ရှောင်ယွဲ့ယွဲ့က သူမအတွက် လက်ပ်တော့တစ်လုံးပင် ဝယ်ပေးခဲ့ပေ၏။

ချန်ဟွေမှာ အလွန်အမင်း ဝမ်းသာနေခဲ့သည်။

"အစ်ကို... ကြည့်ပါဦး... မရီးက ကျွန်မအတွက် ဒါတွေအကုန်လုံး ဝယ်ပေးတာ... သူက ကျွန်မအပေါ် အရမ်းကောင်းတာပဲ..."

"နင်က တက္ကသိုလ်ကျောင်းသူလေ... ကျောင်းမှာ နင့်အလုပ်က စာကြိုးစားဖို့ပဲ... ကွန်ပျူတာက ဘာလုပ်ဖို့လဲ... ပေး... ငါ သိမ်းထားပေးမယ်..."

"မရဘူး... မရီး... သူက ကျွန်မရဲ့ ကွန်ပျူတာကို လုယူဖို့ ကြိုးစားနေတယ်..."

ချန်ဟွေက အော်ပြောကာ ရှန်ကွမ်ယွဲ့၏ အနောက်သို့ အလျင်အမြန် ပြေးဝင်သွားလေ၏။

ယခင်က သူမ၏ အစ်ကိုဖြစ်သူက အနိုင်ကျင့်ချိန်တွင် မည်သူကမျှ မကူညီနိုင်ခဲ့သော်လည်း ယခုအခါ မရီးဖြစ်သူက ကူညီပေးနေပေပြီ။

‘ဟွန့်...ငါ့မှာလည်း အားကိုးစရာ အခိုင်အမာ ရှိတယ်ဟ…’

"ကဲပါ... နောက်မနေပါနဲ့တော့..."

ရှန်ကွမ်ယွဲ့က ပတ်ပတ်လည်ကို ကြည့်လိုက်ရာ လူတစ်ယောက် ပျောက်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

"အဲလစ်ဇဘက်ရော..."

"မဟာလင်းယုန်နိုင်ငံကို ပြန်သွားပြီလေ..."

ချန်ဖုန်းက သူမ၏ ခါးကို ဖက်လိုက်ပြီး ပြောလိုက်၏။ "သူမက နိုင်ငံရဲ့ ဘုရင်မဆိုတော့ အရမ်း အလုပ်ရှုပ်တယ်လေ... သူမက ငါတို့အတွက် ဂုဏ်ပြုလက်ဆောင်အနေနဲ့ ရေနံကုမ္ပဏီတစ်ခုတောင် ပေးမယ်လို့ ပြောသွားသေးတယ်..."

"အဲဒီပိုင်ဆိုင်မှုကို နောက်ကျရင် ငါတို့သားလေးဆီ လွှဲပြောင်းပေးဖို့ ရည်ရွယ်ထားတယ်...သူမွေးလာတာနဲ့ တစ်ပြိုင်နက် ရေနံသူဌေးကြီးနဲ့ ဘီလီယံနာ ဖြစ်လာတော့မှာ...ဘယ်လိုလဲ..."

ရှန်ကွမ်ယွဲ့ မျက်နှာရဲသွားပြီး သူမ၏ ခါးကို လှမ်းဖက်သော သူ၏လက်ကို ရိုက်ချလိုက်သည်။ "သားလေးမှန်း နင်က ဘယ်လိုလုပ် သိတာလဲ... သမီးလေးဆိုရင်ကော...နင်တို့ ယောက်ျားတွေ အကုန်လုံးက သမီးမိန်းကလေးတွေကို ပိုသဘောကျတာ မဟုတ်ဘူးလား...သမီးတွေက ရှေးဘဝက ချစ်သူတွေလို့ ပြောကြတယ်လေ... နင်က ချစ်သူတွေ ထပ်လိုချင်သေးတာ သေချာတယ်..."

"မင်းမွေးပေးတဲ့ ကလေးဆိုရင် သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် ငါ ချစ်မှာပါ..."

ချန်ဖုန်းက အနေရခက်စွာ ပြုံးလိုက်၏။

ထို့နောက် သူက သူမကို ခိုးကြည့်လိုက်ပြီး ပြောလိုက်သည်။ "ငါ့အမေ ပြန်လာရင် ငါတို့ လက်ထပ်စာချုပ်သွားလုပ်ဖို့ အချိန်လေးဘာလေး ရှာကြမလား..."

"မရဘူး..."

ရှန်ကွမ်ယွဲ့က ဂုဏ်ယူစွာဖြင့် ခေါင်းကို နောက်သို့မော့လိုက်၏။

သူမက အိပ်ခန်းဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ပြောလိုက်သည်။ "ငါ့မှာ အခု ကိုယ်ဝန်ရှိနေပြီ... ဗိုက်ကြီးနဲ့ မင်္ဂလာဝတ်စုံ မဝတ်ချင်ဘူး... မင်္ဂလာဝတ်စုံ ဝတ်ချင်ရင်တောင် ကလေးမွေးပြီးမှ ဝတ်မယ်..."

"ဒါ့အပြင် နင့်ကို လက်ထပ်ချင်တယ်လို့ ငါ ဘယ်တုန်းက ပြောဖူးလို့လဲ... နင်က ငါ့ကို ပိုးပန်းဖူးတာတောင် မဟုတ်ဘဲနဲ့..."

အိပ်ခန်းဆီသို့ ရောက်ချိန်တွင်။

ဒိုင်းခနဲ အသံနှင့်အတူ ချန်ဖုန်း၏ရှေ့တွင် တံခါး ပိတ်သွားလေတော့သည်။

"ငါ..."

ချန်ဖုန်းမှာ လုံးလုံးလျားလျား တွေဝေငေးမောသွားရပေ၏။

သူက ပေါ့ပေါ့ပါးပါး ပြောလိုက်ခြင်းဖြစ်ပြီး ဤမျှစောစော လက်ထပ်ရန် အမှန်တကယ် မရည်ရွယ်ထားသော်လည်း ရှောင်ယွဲ့ယွဲ့၏ အဖြေက တကယ်ကို ရင်နာစရာ ကောင်းလွန်းလှသည်။

မိန်းမသားတို့၏ နှလုံးသားသည် တကယ်ကို နက်ရှိုင်းလွန်းလှ၏။

ကြိုတင်ခန့်မှန်း၍ မရနိုင်ချေ။

---

All Chapters