← Chapters

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း ၃၆၇

Vol. 37 Ch. 367

အခန်း (၃၆၇) ဇဝေဇဝါဖြစ်နေသော လီမိသားစု သားအဖ

"သူဌေးလီ... သူဌေးလီ"

ဖုန်းလက်ခံဖြေကြားသူမှာ ဟော့ပေါ့ဆိုင်မှ မန်နေဂျာဖြစ်ပေ၏။ စောစောက လီရှန်ကျွင်းသည် ချန်ဖုန်း၏ ကန်ကျောက်မှုကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ပြီး သူ၏ ဖုန်းမျက်နှာပြင်မှာလည်း ကွဲအက်သွားခဲ့လေသည်။

မန်နေဂျာက ဖုန်းကို ပြင်ဆင်ရန် အကူအညီပေးတော့မည့် ဆဲဆဲတွင် ဖုန်းဝင်လာခြင်း ဖြစ်ပေ၏။

"သခင်လေးလီက ကုန်တိုက်ထဲက ဟော့ပေါ့ဆိုင်မှာပါ"

"သူ အခုလေးတင် တစ်ယောက်ယောက်နဲ့ ပြဿနာဖြစ်ထားလို့ပါ"

ဖုန်း၏ အခြားတစ်ဖက်တွင်။ သူဌေးလီမှာ ရုတ်တရက် လန့်ဖြတ်သွားခဲ့လေ၏။

ထိုပြဿနာက ထျန်ဖုန်းကုမ္ပဏီ နောက်ကွယ်မှ သူဌေးကြီးနှင့် ပတ်သက်နေမည်လားဟု သူ တွေးတောလိုက်မိပေသည်။

ထျန်ဖုန်းကုမ္ပဏီက ကိစ္စရပ်များကို ဤမျှ လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ဘဲ တစ်စုံတစ်ရာ ဖြစ်ပွားသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က တန်ပြန်တိုက်ခိုက်မှုများကို စတင်နေပြီ ဖြစ်၏။

သူဌေးလီ၏ ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားခဲ့သော်လည်း သူက လက်မလျှော့ချင်သေးသည့်ဟန်ဖြင့် မေးမြန်းလိုက်လေသည်။

"တစ်ဖက်လူရဲ့ နာမည်က ဘယ်သူလဲ"

"သူ့နာမည်က ချန်ဖုန်း လို့ ထင်ပါတယ်"

ဝုန်းး။ ထိုစကားလုံးသည် ဗုံးတစ်လုံး ပေါက်ကွဲသွားသည့်အလား ရိုက်ခတ်သွားခဲ့လေသည်။ ၎င်းက သူဌေးလီအား လုံးလုံးလျားလျား ထိတ်လန့်သွားစေခဲ့ပြီး သူ၏ ကိုယ်ပိုင်သားကိုပင် လည်ပင်းညှစ်သတ်ချင်စိတ်များ ပေါက်ဖွားလာခဲ့ပေ၏။ သူ ယခင်က စုဆောင်းထားခဲ့သော သတင်းအချက်အလက်များအရ ထျန်ဖုန်းကုမ္ပဏီ နောက်ကွယ်မှ အစစ်အမှန် သူဌေးမှာ ချန်ဖုန်း ဖြစ်လေသည်။ ဤငတုံးသားက အမှန်တကယ်ပင် ဤကိစ္စကို ကျူးလွန်ခဲ့ခြင်း ဖြစ်ချေသည်။

"သူက သေချင်နေတာလား... မစ္စတာချန် ကိုတောင် စော်ကားရဲတယ်ပေါ့လေ... လီရှန်ကျွင်းကို စောင့်နေလို့ ပြောလိုက်... ငါ အခု လာနေပြီ"

ထိုသို့ပြောပြီးနောက် သူဌေးလီသည် ဖုန်းကို အလျင်အမြန် ချလိုက်လေ၏။

ဟော့ပေါ့ဆိုင် မန်နေဂျာမှာ ဆွံ့အသွားခဲ့ပေသည်။ သူဌေးလီက ဤမစ္စတာချန်အား အဘယ်ကြောင့် အတော်လေး ကြောက်ရွံ့နေပုံရသနည်း။ ထို မစ္စတာချန် ဆိုသူထံတွင် ထူးခြားလှသော နောက်ခံတစ်ခုခု ရှိနေခြင်း ဖြစ်နိုင်ပါသလော။

ထို့နောက် သူက လီရှန်ကျွင်းအား အလျင်အမြန် ပြောဆိုလိုက်၏။

"သခင်လေးလီ... သူဌေးလီ အခုလေးတင် ဖုန်းဆက်တယ်... သူ ကုန်တိုက်ကို ချက်ချင်း လာခဲ့မယ်တဲ့... ပြီးတော့..."

"ကောင်းပြီ... ငါ သိပြီ"

လီရှန်ကျွင်းက သူ့ကို တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။ သူက စိတ်မရှည်စွာဖြင့် ပြောဆိုလိုက်၏။

"ဘာများ ကြီးကျယ်နေလို့လဲ... ငါ မရှင်းနိုင်ဘူးလို့ ထင်နေတာလား"

ထို့နောက် သူသည် ချန်ဖုန်းအား ကြည့်ကာ လှောင်ပြောင်လျက် ပြောဆိုလိုက်သည်။

"မင်း ခုနက တော်တော် မောက်မာနေတာ မဟုတ်ဘူးလား... ငါတို့ လီမိသားစုနဲ့ ထျန်ဖုန်းကုမ္ပဏီ ကြားက ပူးပေါင်းဆောင်ရွက်မှုကို ဖုန်းဆက်ပြီး ရပ်စဲပစ်မယ်ဆို"

"မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ... အဲဒီလို လွယ်လွယ်လေး ရပ်စဲပစ်လို့ ရမယ် ထင်နေတာလား"

"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ထျန်ဖုန်းကုမ္ပဏီ ရဲ့ တံခါးပေါက်ကိုတောင် ဖြတ်ခွင့်ရမှာ မဟုတ်ဘူး"

စောစောက ချန်ဖုန်း ဖုန်းခေါ်ဆိုချိန်တွင် ထျန်ဖုန်းကုမ္ပဏီ ဟူသော စကားလုံးကို မပြောခဲ့သော်လည်း လီမိသားစုမှာ ကုန်ကြမ်းပေးသွင်းသူများဖြစ်ကြောင်းကိုမူ ထည့်သွင်းပြောဆိုခဲ့ပေသည်။

လက်ရှိတွင် လီမိသားစုက ကုန်ကြမ်းပေးသွင်းရန် ပူးပေါင်းဆောင်ရွက်နေသော တစ်ခုတည်းသော ကုမ္ပဏီမှာ ထျန်ဖုန်းကုမ္ပဏီသာ ဖြစ်လေ၏။

ချန်ဖုန်းက မျက်လုံးကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်သည်။

"ထျန်ဖုန်းကုမ္ပဏီ ကို တကယ်ပဲ ငါ ဆုံးဖြတ်ခွင့်ရှိတာ... မင်း အိမ်ကို ဖုန်းဆက်ကြည့်ဖို့ ငါ အကြံပေးချင်တယ်"

"တော်တော် ကြွားတဲ့ကောင်ပဲ"

လီရှန်ကျွင်းက အချိန်ကို ကြည့်လိုက်၏။ သူသည် ပြဿနာရှာရန်အတွက် သူဌေးသားတစ်စုကို မူလက ခေါ်ယူထားခဲ့သော်လည်း ယခုအချိန်အထိ တစ်ယောက်မျှ ပေါ်မလာသေးချေ။

ထိုအချိန်မှာပင် သူ၏ ဖခင်ဖြစ်သူက အဝေးမှ ပြေးလာခဲ့လေသည်။ ချွေးများ သံတမဏိ ရွှဲရွှဲစိုနေလျက်ပင်။

"အဖေ... ဘယ်လေတိုက်လို့ ဒီကို ရောက်လာတာလဲ"

လီရှန်ကျွင်းသည် အလိုအလျောက် လျှောက်သွားကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။

"သူက ဘာမှမဟုတ်တဲ့ အကောင်ပါ... သားဘာသာ ရှင်းလို့ ရပါတယ်... အဖေ့ကို အရှက်ကွဲအောင် မလုပ်ပါဘူး"

"ဘာ အကောင်လဲ... မင်းကမှ အကောင်ကွ"

သူဌေးလီမှာ အလွန်အမင်း ဒေါသထွက်နေခဲ့ပေသည်။ သူသည် မတုံ့ဆိုင်းဘဲ လီရှန်ကျွင်း၏ မျက်နှာကို လက်ရာထင်သွားသည်အထိ ဖြတ်ရိုက်လိုက်လေ၏။

ထိုအဖြစ်က လီရှန်ကျွင်းကို ဆွံ့အသွားစေတော့၏။

ထို့နောက် ချက်ချင်းပင် သူဌေးလီသည် ချန်ဖုန်းထံသို့ အလျင်အမြန် လျှောက်သွားကာ သူ၏ မျက်နှာအမူအရာမှာလည်း အလွန် ရိုသေလေးစားနေခဲ့၏။

"မစ္စတာချန်... သူ့ကို သေချာ မဆုံးမခဲ့မိတဲ့ ကျွန်တော့် အမှားပါ... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ဗျာ"

လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့် မှင်တက်သွားကြပြန်လေ၏။

သူဌေးလီက ဘယ်သူနည်း။ သူသည် ဝမ်ကျင်းပြီးလျှင် ကျန်းနန်တွင် ဒုတိယအချမ်းသာဆုံးသူဌေးဖြစ်ပြီး သုံးနှစ်အတွင်း ဝမ်ကျင်းကို ကျော်ဖြတ်ကာ ကျန်းနန်၏ နောက်ထပ် အချမ်းသာဆုံးသူဌေး ဖြစ်လာမည်ဟုပင် ကြွားလုံးထုတ်ထားသူ ဖြစ်ပေသည်။

ယခုအခါ သူဌေးဘီသည် သူတို့ရှေ့ရှိ ဤလူငယ်လေးအား ဦးညွှတ်ရိုကျိုးနေသည်တဲ့လား။

လူတိုင်းကို ပို၍ပင် ဆွံ့အသွားစေခဲ့သည်မှာကား။ သူဌေးလီရှေ့ရှိ လူငယ်လေးသည် သူ့ကို လုံးဝ လျစ်လျူရှုထားကာ သူ၏ ဟော့ပေါ့ကိုသာ ဆက်လက်စားသောက်နေခြင်းပင် ဖြစ်လေ၏။

ဒါက ဘယ်လို ရှင်းပြလို့မရတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမျိုးလဲ။

လီရှန်ကျွင်း၏ ပါးစပ်မှာ ဟောင်းလောင်းပွင့်သွားခဲ့ပေသည်။ သူက သူ၏မျက်နှာကို အုပ်ထားလိုက်၏။ ထို့နောက် သူ၏ ဖခင်အား မယုံကြည်နိုင်စွာဖြင့် ကြည့်ရင်း သူက အော်ဟစ်လိုက်လေသည်။

"အဖေ... သူက အဖေ့သားကို အခုလေးတင် အနိုင်ကျင့်ထားတာလေ... သူ သားကို ကန်ခဲ့တယ် အဖေက သူ့ကို မရိုက်ဘဲ သားကို ဘာလို့ ရိုက်နေရတာလဲ"

"မင်း..."

သူဌေးလီမှာ သူ၏ အဆုတ်များ ပေါက်ကွဲထွက်တော့မည့်အလား ဒေါသထွက်နေခဲ့ပေ၏။ မှောင်မိုက်ကာ ဒေါသထွက်နေသော မျက်နှာအမူအရာဖြင့် သူက ပြောဆိုလိုက်သည်။

"မင်းမှာ ဝက်ဦးနှောက် ရှိနေတာလားကွ... မစ္စတာချန် က ပိုင်ဆိုင်မှု ဘီလီယံရာချီရှိတဲ့ ထျန်ဖုန်းကုမ္ပဏီ ရဲ့ သူဌေးကြီးကွ ငါတောင် သူ့ကို အလွန် ရိုသေလေးစားရတာ... မင်းက သူ့ကို ပြဿနာရှာရဲတယ်ပေါ့လေ"

“မင်းက ငါ့ကို သေအောင် လုပ်နေတာလား”

နောက်ဆုံးစကားကြောင်းကို သူ အော်ဟစ်လိုက်လုနီးပါးပင်။ ဤသည်မှာ လုံးလုံးလျားလျား ဒေါသထွက်ဖွယ် ကောင်းလွန်းလှပေ၏။

ယခုအချိန်၌ လူတိုင်းသည် ချန်ဖုန်းအား အလွန်အမင်း တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။ ဒီလို သာမန်ရုပ်ရည်မျိုးရှိတဲ့ လူက... မဟုတ်သေးဘူး။ ချောမောပုံရသော ဤလူငယ်လေးသည် တကယ်တမ်းတွင် ပိုင်ဆိုင်မှု ဘီလီယံရာချီရှိသော ထျန်ဖုန်းကုမ္ပဏီ၏ နောက်ကွယ်မှ သူဌေးကြီး ဖြစ်နေခဲ့သည်တဲ့လား။

သို့သော် သူ၏ ရုပ်ရည်သွင်ပြင်နှင့် အဝတ်အစားများအရ ကြည့်မည်ဆိုလျှင် ထိုသူဌေးကြီးနှင့် လုံးဝ ဆက်စပ်တွေးတော၍ မရနိုင်ချေ။

လီရှန်ကျွင်း၏ ဦးနှောက်မှာ ထူပူသွားခဲ့ပေ၏။ မိုးကြိုးပစ်ခံလိုက်ရသည့်အလားပင်။ ဒါ မမှန်ဘူးလေ။ ရုတ်တရတ် သူ တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့လေသည်။

"အဖေ... အဖေ သူ့ရဲ့ လှည့်စားတာကို ခံလိုက်ရပြီလား... သူက ထျန်ဖုန်းကုမ္ပဏီ ရဲ့ သူဌေး လုံးဝ မဟုတ်ဘူး ဘီလီယံနာ သူဌေးတစ်ယောက်က ယွမ် သုံးသိန်းလောက်ပဲ တန်တဲ့ စုတ်ချာတဲ့ BMW တစ်စီးကို မောင်းနေတာ အဖေ မြင်ဖူးလို့လား"

"မင်း..."

သူဌေးလီမှာ သူ၏ သားဖြစ်သူကြောင့် ရူးတော့မတတ် ဖြစ်နေလေပြီ။ သူ၏ ချမ်းသာကြွယ်ဝမှုကြောင့် သားဖြစ်သူ၏ ကြီးပြင်းလာမှုအပေါ် သူ သိပ်ပြီး တင်းကြပ်မထားခဲ့ချေ။

နှစ်များတစ်လျှောက် သူ၏သားမှာ မောက်မာပြီး ဗိုလ်ကျတတ်သူတစ်ဦး ဖြစ်လာခဲ့ပေသည်။ BMW မောင်းနှင်သူမှာ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်ဟု သူ့ကို တကယ်ပင် ထင်မှတ်သွားစေခဲ့ခြင်း ဖြစ်၏။

သူဌေး ဆိုတိုင်းလည်း သူတို့တွေက လူသိမခံဘဲ အေးအေးဆေးဆေး နေလို့မရဘူးလား။

သူ အသက်ပြင်းပြင်း ရှူလိုက်လေသည်။

"ငါ မင်းကို အခု ပြောမယ်... မင်းရဲ့ မိုက်မဲတဲ့ လုပ်ရပ်ကြောင့် ငါတို့ ကုမ္ပဏီနဲ့ ထျန်ဖုန်းကုမ္ပဏီ ကြားက ပူးပေါင်းဆောင်ရွက်မှု အားလုံးကို လွန်ခဲ့တဲ့ ငါးမိနစ်ကတင် ဖျက်သိမ်းလိုက်ပြီကွ"

"ဒါတင် မကဘူး... တခြားကုမ္ပဏီတွေကလည်း ငါတို့နဲ့ စီးပွားရေး လုပ်ဖို့ ငြင်းဆန်နေကြတယ်... ငါတို့ လီမိသားစုက အမည်ပျက်စာရင်း သွင်းခံလိုက်ရပြီကွ မင်း သိလား"

"အဲဒါကို မင်း သိလားလို့"

"..."

လီရှန်ကျွင်းမှာ လုံးလုံးလျားလျား တွေဝေငေးမောသွားပုံရပေ၏။ အကယ်၍ အခြားတစ်ဖက်ရှိသူသာ ထျန်ဖုန်းကုမ္ပဏီ၏ နောက်ကွယ်မှ သူဌေး မဟုတ်ခဲ့လျှင် အဖေ့ ကုမ္ပဏီက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုက အခုလေးတင် ပြီးဆုံးသွားတာက ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်နေရမှာလဲ။

ဤအချိန်၌ သူ ပြာယာခတ်သွားခဲ့လေပြီ။ အကယ်၍ လီမိသားစုသာ စက်မှုလုပ်ငန်း အသီးသီး၏ အမည်ပျက်စာရင်း သွင်းခံလိုက်ရပါက ဆုံးရှုံးမှုများမှာ ရာဂဏန်း ဘီလီယံချီ ရှိပေလိမ့်မည်။ သူ့ဘဝကလည်း အခုကစပြီး ပိုဆိုးလာတော့မှာဖြစ်သည်။

"အဖေ..."

"ငါ့ကို အဖေလို့ မခေါ်နဲ့ကွ"

သူဌေးလီက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။ ထို့နောက် သူသည် ချန်ဖုန်းအား ထပ်မံကြည့်ရှုကာ ပြောဆိုလိုက်သည်။

"မစ္စတာချန်... သူ့ကို သေချာ မဆုံးမခဲ့မိတဲ့ ကျွန်တော့် အမှားပါ... ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ဗျာ"

"အဲဒီ ငတုံး လီရှန်ကျွင်းကို ခင်ဗျား ကြိုက်သလို လုပ်လို့ ရပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထျန်ဖုန်းကုမ္ပဏီ နဲ့ စာချုပ်ကိစ္စကိုတော့ မစ္စတာချန် အနေနဲ့ ညှာတာပေးဖို့ မျှော်လင့်ပါတယ်"

ချန်ဖုန်းက သူ့ကို လျစ်လျူရှုထားလိုက်၏။ ၎င်းတို့သည် ထိုနေရာတွင် ဟော့ပေါ့ ဆက်စားနေကြဆဲပင်။

"ရှောင်ဟွေ... မြန်မြန်စား... စားပြီးရင် အစ်ကို မင်းကို ကျောင်းပို့ပေးမယ်... မင်းရဲ့ အခန်းဖော်တွေလည်း များများစားကြနော်"

"အာ... ဟုတ်"

ချန်ဟွေနှင့် သူမ၏ အခန်းဖော် သုံးဦးမှာ နေသားမကျဖြစ်နေကြပေ၏။

လူအုပ်ကြီး၏ စိုက်ကြည့်ခြင်းကို ခံရလျက် ဟော့ပေါ့စားရသည့် အတွေ့အကြုံမျိုး ၎င်းတို့ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ကြချေ။ စားလို့လည်း မရသလို မစားဘဲ နေလို့လည်း မဖြစ်ပေ။

တစ်ချိန်တည်းမှာပင် သူမတို့ အလွန်အမင်း တုန်လှုပ်နေခဲ့ကြလေ၏။ ချန်ဟွေ၏ အစ်ကိုဖြစ်သူက တကယ်တမ်းတွင် ဘီလီယံရာချီ ကြွယ်ဝနေသည်တဲ့လား။

ဘုရားရေ။ သရုပ်ဆောင်ခြင်းနှင့် Weibo သုံးခြင်းတို့မှာ သူ့အတွက် ဝါသနာများသာ ဖြစ်နိုင်ပြီး သူ၏ အစစ်အမှန် သရုပ်မှာ စီးပွားရေးလောကမှ ထိပ်သီးသူဌေးကြီးတစ်ဦး၊ လီရှန်ကျွင်း၏ ဖခင်ထက်ပင် ပိုမို အင်အားကြီးမားသော သူဌေးကြီးတစ်ဦး ဖြစ်နေခဲ့လေသည်။

သူမတို့ကော အဲဒီလို အစ်ကိုမျိုး ရနိုင်မလား။

ဟော့ပေါ့ဆိုင် တစ်ဆိုင်လုံး၏ လေထုမှာ အတော်လေး ခြောက်ခြားဖွယ် ကောင်းနေခဲ့ပေ၏။ မည်သူကမျှ အသံထွက်ရန် မဝံ့ရဲကြချေ။ ချန်ဖုန်းတို့ ဟော့ပေါ့စားနေသည်ကိုသာ ကြည့်နေကြလေသည်။

နောက်ဆုံးတွင်။ ဆယ်မိနစ် ကြာပြီးနောက်။

ချန်ဖုန်း ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်၏။

"သူဌေးလီ... ဒီနေ့ ခင်ဗျား ဘယ်လောက်တောင် သနားစရာ ကောင်းနေလဲဆိုတာကို ထောက်ထားပြီး ခင်ဗျားသား ကျုပ်ကားကို ဖျက်ဆီးခဲ့တာကို အပြစ်မယူတော့ပါဘူး"

"ဘာပဲဖြစ်ဖြစ် သူ့ကားကိုလည်း ကျုပ် ဝင်တိုက်ခဲ့ပြီးပြီပဲ... ဒါကြောင့် ကျေပြီလို့ သတ်မှတ်လိုက်ကြတာပေါ့"

---

All Chapters