← Chapters

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း ၃၆၈

Vol. 37 Ch. 368

အခန်း (၃၆၈) နှစ်ထပ်ကွမ်း မျှော်လင့်ချက်မဲ့ခြင်း

"ဘာ"

သူဌေးလီ၏ အသံမှာ ရုတ်တရက် အနည်းငယ် ကျယ်လောင်သွားခဲ့လေ၏။

သူ့သားက ဒီလောက် မိုက်မဲတဲ့ အလုပ်မျိုး လုပ်လိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။

သူ ထပ်မံ၍ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ချန်ဖုန်းသည် မိန်းကလေး လေးဦးနှင့်အတူ ဟော့ပေါ့ဆိုင်ထဲမှ ထွက်ခွာသွားခဲ့လေပြီ။ အသံတစ်သံသာ လွင့်ပျံလာခဲ့၏။

"စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း... အဲဒါ မလိုအပ်တော့ဘူးလို့ ကျုပ် ထင်တယ်... ခင်ဗျားရဲ့ ငတုံးသားက တစ်နေ့နေ့ ပြဿနာ ထပ်ရှာရင် ဘယ်လိုလုပ်မလဲ"

"ကျုပ်ရဲ့ ထျန်ဖုန်းကုမ္ပဏီ က နစ်နာရမှာ မဟုတ်ဘူးလား"

ထိုအချိန်၌ သူဌေးလီသည် မြေပြင်ပေါ်သို့ ပုံကျသွားခဲ့လေတော့သည်။ စာချုပ်နှင့် ပတ်သက်၍ ညှိနှိုင်းရန် လုံးဝ နေရာမရှိတော့ချေ။ ဤသည်က အဓိပ္ပာယ်ရသည်မှာ လီမိသားစု၏ စီးပွားရေးလုပ်ငန်းများက အနည်းဆုံး ဘီလီယံဆယ်ဂဏန်းခန့် ဆုံးရှုံးရတော့မည် ဆိုခြင်းပင်။

သူသည် ဆွံ့အမှင်တက်နေသော သူ၏ သားဖြစ်သူကို ရုတ်တရက် ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် သူ့ကို ထိုးကြိတ်ကန်ကျောက်ကာ အော်ဟစ်လိုက်လေ၏။

"ခွေးကောင်... ပြီးခဲ့တဲ့ ဘဝက မင်းကို ငါ အကြွေးတင်ခဲ့လို့လားကွ"

"မင်းကို သေအောင် ရိုက်သတ်ပစ်မယ်... အသုံးမကျတဲ့ အမှိုက်ကောင်"

"အဖေ... မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့"

လီရှန်ကျွင်းမှာ အော်ဟစ်ငိုယိုရသည်အထိ အရိုက်ခံခဲ့ရပေသည်။ ချန်ဖုန်းတွင် ဤကဲ့သို့သော နောက်ခံ ရှိနေမည်ဟု သူ အမှန်တကယ်ပင် မသိရှိခဲ့ချေ။ သူ့ကို နောက်ထပ် အခွင့်အရေး တစ်ကြိမ်သာ ပေးလိုက်ပါ။ သူ ချန်ဖုန်းကို ဘယ်သောအခါမှ ထပ်မံ စော်ကားတော့မည် မဟုတ်ပေ။

ထိုစဉ်မှာပင် ကုန်တိုက်၏ အထွေထွေမန်နေဂျာသည် သူ၏ အခြွေအရံများနှင့်အတူ ရုတ်တရက် ရောက်ရှိလာခဲ့၏။

"သူဌေးလီ"

"မန်နေဂျာဟယ်"

သူဌေးလီက သူ၏သားကို နောက်တစ်ကြိမ် ကန်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်လေသည်။

"မန်နေဂျာဟယ် က ကျွန်တော့်ဆီက ဘာများ လိုအပ်လို့လဲဗျ"

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ကျွန်တော် မေးချင်တာလေး ရှိလို့ပါ... ခင်ဗျားတို့ရဲ့ ဟော့ပေါ့ဆိုင်က ကျွန်တော်တို့ ကုန်တိုက်နဲ့ ဆယ်နှစ်စာ ငှားရမ်းခ စာချုပ်ချုပ်ထားတာ မဟုတ်လား"

"ဟုတ်ပါတယ်"

သူဌေးလီက မျက်မှောင်ထပ်ကြုတ်ကာ ပြောလိုက်၏။

"ဘာလဲ... မန်နေဂျာဟယ် ကလည်း ကျွန်တော်နဲ့ ခပ်ခွာခွာ နေချင်နေတာလား"

"မဟုတ်ပါဘူး... ကျွန်တော်က ဒီတိုင်း သာမန်ကာလျှံကာ မေးကြည့်တာပါ"

မန်နေဂျာဟယ်က သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ၏ အနောက်ရှိ လူအုပ်ကို ပြောဆိုလိုက်လေသည်။

"ကောင်းပြီ... မင်းတို့ အလုပ်စလုပ်လို့ ရပြီ"

လူအုပ်ကြီး အလျင်အမြန် လူစုခွဲသွားကြ၏။ ဟော့ပေါ့ဆိုင်၏ တစ်ဖက်တစ်ချက်ရှိ ဆိုင်ခန်းနှစ်ခုမှာ လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ပေသည်။

မန်နေဂျာဟယ်သည် အစမှအဆုံး ဤမေးခွန်းတစ်ခွန်းကိုသာ မေးမြန်းခဲ့ပြီးနောက် သူ့ကို လုံးဝ လျစ်လျူရှုထားခဲ့လေ၏။

ဤမြင်ကွင်းက သူဌေးလီအား ပို၍ပင် ဇဝေဇဝါ ဖြစ်သွားစေခဲ့သည်။ သူ ခဏတာ တုံ့ဆိုင်းနေခဲ့၏။ သူ ရှေ့သို့ လျှောက်သွားကာ မေးမြန်းလိုက်လေသည်။

"မန်နေဂျာဟယ်... ဒါက ဘာတွေ ဖြစ်နေတာလဲဗျ"

"ဟီးဟီး... ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး... ဒီဆိုင်ခန်းနှစ်ခုရဲ့ ငှားရမ်းခ သက်တမ်း ကုန်သွားလို့ပါ... ကျွန်တော်တို့ သူဌေးက ဒီကိစ္စကို အထူးတလည် မှာကြားထားခဲ့လို့လေ"

“ဒီနေရာနှစ်ခုကို အများပြည်သူသုံး အိမ်သာတွေအဖြစ် ပြောင်းလဲလိုက်ရမယ်တဲ့လေ… ယောကျာ်းလေး အိမ်သာက တစ်ဖက်မှာ... မိန်းကလေး အိမ်သာက အခြားတစ်ဖက်မှာပေါ့ဗျာ…”

ဤသည်ကို ကြားချိန်တွင် သူဌေးလီ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွားခဲ့လေတော့၏။ ‘မင်းအမေရဲ့ အများပြည်သူသုံး အိမ်သာကိုပဲ သွားလိုက်တော့ကွာ’

"မန်နေဂျာဟယ်... ဟော့ပေါ့ဆိုင်ဘေးမှာ အများပြည်သူသုံး အိမ်သာရှိနေတာက ကျွန်တော်တို့ရဲ့ စီးပွားရေးကို ထိခိုက်စေမယ်ဆိုတာ ခင်ဗျား မသိဘူးလား"

အိမ်သာနှစ်ခုက ဟော့ပေါ့ဆိုင်ကို လုံးလုံးလျားလျား ဝန်းရံထားလေသည်။ အများပြည်သူသုံး အိမ်သာကို မည်မျှပင် သန့်ရှင်းရေး ကောင်းစွာ လုပ်ထားစေကာမူ မနှစ်မြို့ဖွယ် အနံ့အသက်များက ထွက်ပေါ်လာမည်သာ ဖြစ်ပေ၏။

ဟော့ပေါ့ဆိုင်အပေါ် သက်ရောက်မှုမှာ အလွန် ကြီးမားလှပေမည်။

အရေးကြီးဆုံးအချက်မှာ လီမိသားစုသည် ဟော့ပေါ့ဆိုင်ခွဲများ အပါအဝင် စားသောက်ကုန် လုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်ထားလေ၏။

ဤနေရာရှိ ဟော့ပေါ့ဆိုင်က သတင်းဆိုးများ ရရှိသွားသည်နှင့် တစ်ပြိုင်နက်။ ၎င်းက လီမိသားစု၏ စားသောက်ကုန် လုပ်ငန်းတစ်ခုလုံးအပေါ် ကြီးမားသော သက်ရောက်မှု ရှိလာစေမည် ဖြစ်ပေသည်။

အထူးသဖြင့် တူညီသော စက်မှုလုပ်ငန်းရှိ ပြိုင်ဘက်များအကြား ၎င်းတို့သည် ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ ၎င်းတို့ကို ခြေမွပစ်ကြလိမ့်မည်။

"သူဌေးလီ... တောင်းပန်ပါတယ်ဗျာ... ဒါက ကျွန်တော်တို့ သူဌေး အမိန့်ပေးထားတာမို့လို့ ကျွန်တော် ဘာမှ လုပ်ပေးလို့ မရပါဘူး" မန်နေဂျာဟယ်က ထိုသို့ ပြောလိုက်ပြီးနောက် သူက လှည့်ကာ ထွက်သွားလေသည်။

သူဌေးလီနှင့် လီရှန်ကျွင်းတို့သာ တွေဝေငေးမောစွာဖြင့် ကျန်ရစ်ခဲ့ကြတော့၏။

မန်နေဂျာဟယ် ကုန်တိုက်မှ ထွက်ခွာသွားပြီးနောက် သူက အလျင်အမြန် ဖုန်းခေါ်ဆိုလိုက်လေသည်။

"သူဌေး... ခင်ဗျား တောင်းဆိုထားတဲ့အတိုင်း ကိစ္စတွေ ပြီးသွားပါပြီ... အများပြည်သူသုံး အိမ်သာတွေကို သုံးရက်အတွင်း အပြီးသတ် ဆောက်လုပ်သွားပါမယ်"

ဖုန်း၏ အခြားတစ်ဖက်တွင်။

မယာလင်းယုန်နိုင်ငံ ၏ တော်ဝင်မိသားစုရှိရာ အဝေးတစ်နေရာ၌။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက ဖုန်းချလိုက်ပြီး ရိုသေလေးစားစွာ ပြောဆိုလိုက်၏။

"အရှင်မ... ကိစ္စကို ဖြေရှင်းပြီးပါပြီ"

"အင်း"

ယခုအချိန်တွင် အဲလစ်ဇဘက် က သရဖူကို ဆောင်းထားလေသည်။ သူမ၏ အလုံးစုံသော အမူအရာမှာလည်း မယုံနိုင်လောက်အောင် မွန်မြတ်နေခဲ့ပေ၏။

ထို့အချိန်တွင် အဲလစ်ဇဘက် က သူမ၏ လက်ထဲရှိ စာရွက်စာတမ်းများကို ချထားလိုက်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

"သွားကြစို့... ဟွာရှနိုင်ငံက ကိစ္စတွေအတွက် ငါတို့ စိတ်ပူနေဖို့ မလိုတော့ဘူး... ချန်ဖုန်း ကိုယ်တိုင် ဖြေရှင်းနိုင်လိမ့်မယ်"

“ဒီရက်ပိုင်းအတွင်း ဦးလေးက ငါ့ဆီမှာရှိတဲ့ အရင်းအမြစ်တွေကို လွှဲပြောင်းပေးဖို့ ဖိအားပေးနေတယ်။ အခုတော့ သူနဲ့ ထိပ်တိုက် ရင်ဆိုင်ရမယ့် အချိန်ရောက်ပြီ…”

"အရှင်မ... စိတ်ချပါ... ကျွန်မတို့ရဲ့ လက်အောက်ငယ်သားတွေ အားလုံးကို ပြန်လည်စုစည်းထားပြီးပါပြီ"

"အင်း... ဘယ်ကိစ္စမှာမဆို ပေါ့ဆလို့ မရဘူးလေ" အဲလစ်ဇဘက် ထိုသို့ပြောရင်း

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် လှည့်ကာ အခန်းထဲမှ ထွက်သွားလေ၏။

ချန်ဖုန်းသည် ညီမဖြစ်သူနှင့် သူမ၏ သူငယ်ချင်းအသစ်များကို ကျန်းကျုံးတက္ကသိုလ် သို့ ကားမောင်းပို့ဆောင်ပေးခဲ့သည်။

ထို့နောက် သူသည် ဝမ်ကျင်းထံ သွားရောက်ကာ သခင်မလေးဝမ် အား အပ်စိုက်ကုသပေးခဲ့လေ၏။ သူ၏ ယင်ယန် အပ်ကိုးချောင်း ကုထုံးကြောင့် သခင်မလေးဝမ် ၏ မျက်နှာသွေးရောင်မှာ ပို၍ပို၍ ကောင်းမွန်လာခဲ့ပေသည်။

သခင်မကြီး ဝူရှား မှာ ဤတစ်ကြိမ်တွင် များစွာ ပိုမို လိမ္မာပါးနပ်လာခဲ့လေ၏။ သူမက ချန်ဖုန်းကို အခက်တွေ့အောင် မလုပ်ခဲ့သလို မနှစ်မြို့ဖွယ် စကားတစ်ခွန်းမျှလည်း မပြောခဲ့ကြချေ။ သူ၏ ကိုယ်ပိုင် အမှတ်အသားကြောင့် သူမ လန့်ဖြတ်နေခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"မစ္စတာချန်... ကျွန်တော့်သမီး အခြေအနေ ဘယ်လိုနေလဲဗျ"

ဝမ်ကျင်းမှာ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်လေ၏။

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။

"အဆင်ပြေပါတယ်... သူမ ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပါပြီ... သခင်မလေးဝမ် နိုးလာတာနဲ့ ချက်ချင်း အဆီများတဲ့ အစားအစာတွေ မကျွေးပါနဲ့"

“သူမရဲ့ အူလမ်းကြောင်းက ရက်ပေါင်းများစွာ အစားအစာကို လက်မခံရသေးဘဲ အာဟာရ အရည်များကိုသာ ရရှိထားတာဆိုတော့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ အဓိကအားဖြင့် ပေါ့ပေါ့ပါးပါးနဲ့ အဆီအဆိမ့်ကင်းတာမျိုး ဖြစ်သင့်တယ်... ဒါမှ တဖြည်းဖြည်းချင်း နာလန်ထူလာနိုင်မှာပါ…”

"နားလည်ပါပြီ... နားလည်ပါပြီ"

ဝမ်ကျင်းသည် ဤအရာများကို အလျင်အမြန် မှတ်သားထားလိုက်လေ၏။

ထို့နောက် ချန်ဖုန်းသည် 4S စတိုးဆိုင်သို့ သွားရောက်ကာ နောက်ထပ် ကားတစ်စီး ဝယ်ယူခဲ့ပြီး လက်ရှိကားကိုမူ ဆိုင်တွင် ပြင်ဆင်ရန် အပ်နှံထားခဲ့သည်။ သူ ကားတစ်စီး ဝယ်ချင်နေခဲ့သည်မှာ ကြာပြီ ဖြစ်ပေ၏။ ဗီလာတွင် လူအများအပြား ရှိနေသဖြင့် ကားတစ်စီးတည်းဖြင့် လုံးဝ မလုံလောက်ချေ။

ဗီလာသို့ ပြန်ရောက်ချိန်တွင် ရှန်ကွမ်ယွဲ့ သည် ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်နေဆဲ ဖြစ်လေသည်။ စစ်မြေပြင်မှ ပြန်လာပြီးကတည်းက သူမသည် အတော်လေး အေးအေးချမ်းချမ်း နေထိုင်နေခဲ့ပေ၏။

ချန်ဖုန်းက ရယ်မောလိုက်ပြီး သူမ၏ဘေးတွင် ထိုင်ကာ ပြောလိုက်သည်။

"ရှောင်ယွဲ့ယွဲ့... ဘာတွေ ကြည့်နေတာလဲ"

"တီဗီလေ"

ရှန်ကွမ်ယွဲ့ မျက်လုံးလန်မကြည့်ဘဲ မနေနိုင်ခဲ့ချေ။ အကယ်၍ သူမကသာ ချန်ဖုန်းအား အခက်မတွေ့စေပါက သူသည် သူမ၏ ကုတင်ပေါ်သို့ပင် ရောက်ရှိလာနိုင်ပေသည်။

အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် ချန်ဖုန်းက စကားလုံးများဖြင့် သူမ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားနေစဉ် သူ၏ လက်များက သူမ၏ ခါးကို ဖက်တွယ်ထားပြီး ဖြစ်လေ၏။ သူက အခွင့်အရေး တစ်ခုကိုတောင် လက်လွတ်မခံဘူးပဲ။

"ရှောင်ဟွေ အတွက် အကုန်လုံး စီစဉ်ပေးခဲ့ပြီလား"

"အကုန်လုံး စီစဉ်ပေးခဲ့ပြီးပါပြီ... ပြီးတော့ သူမရဲ့ အခန်းဖော်တွေနဲ့တောင် ထမင်းအတူတူ စားခဲ့သေးတယ်"

ချန်ဖုန်းသည် ရှန်ကွမ်ယွဲ့၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ခေါင်းကို ထပ်မံအပ်ထားလိုက်သော်လည်း မည်သည့် လှုပ်ရှားမှုကိုမျှ မကြားရသေးချေ။

ရှန်ကွမ်ယွဲ့က စကားပြောစရာမဲ့စွာဖြင့် ပြောဆိုလိုက်၏။

"စောပါသေးတယ်... အခုချိန်မှာ နင် ဘာမှ ကြားနိုင်မှာ မဟုတ်ဘူး... အကုန်လုံး နင့်အမှားတွေချည်းပဲ... ငါ နေရာအနှံ့ ခရီးသွားပြီး လေ့ကျင့်ခန်း လုပ်လို့ ရနေတာကို အခုတော့ အိမ်ထဲမှာပဲ နေရပြီး ဘာလေ့ကျင့်ခန်းမှ လုပ်လို့ မရတော့ဘူး…”

စစ်မြေပြင်တွင် အချိန်ကြာမြင့်စွာ နေထိုင်သူများအနေဖြင့်။ တကယ်တမ်းတွင် သူမ နေ့စဉ် လေ့ကျင့်ခန်း လုပ်လေ့ရှိပေသည်။ ရှန်ကွမ်ယွဲ့သည် လေ့ကျင့်ခန်း မလုပ်ရသည်မှာ ယခုအခါ နှစ်လခန့် ရှိနေပြီဖြစ်သဖြင့် အတော်လေး နေရခက်နေခဲ့၏။

"ငါတို့ လေ့ကျင့်ခန်း လုပ်လို့မရဘူးလို့ ဘယ်သူပြောလဲ"

ချန်ဖုန်းက သူမကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်သည်။ ယနေ့တွင် ရှန်ကွမ်ယွဲ့သည် အနီရောင် ဂါဝန်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ ဖြူဖွေးသော လည်တိုင်အောက်တွင် ပြီးပြည့်စုံသော အကွေးအကောက်များရှိသည့် ခြေတံတစ်စုံ ရှိနေလေ၏။ သူမ၏ ခြေထောက်များကို ချိတ်ထားသဖြင့် သူမအား ပြင်းထန်သော ဆွဲဆောင်မှုတစ်ခု ပေးစွမ်းနေပေသည်။

"ဟင်"

ရှန်ကွမ်ယွဲ့ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ လေ့ကျင့်ခန်း လုပ်လို့ ရလို့လား။

"လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်... ငါက ဆရာဝန်လေ... လေ့ကျင့်ခန်း ပမာဏ သင့်လျော်သရွေ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး... လာ... မင်းကို အခန်းထဲ ပြန်ခေါ်သွားပေးမယ်"

ချန်ဖုန်းက ရယ်မောကာ ပြောလိုက်ပြီး သူမကို ဖက်ကာ အိပ်ခန်းထဲသို့ ပြန်သွားလေသည်။

ထို့နောက် ချက်ချင်းပင် အိပ်ခန်းထဲမှ ထိန့်လန့်နေသော အသံများ

ထွက်ပေါ်လာခဲ့၏။

"အား... ချန်ဖုန်း... ငါ့ကို အဲဒီလို မကိုင်နဲ့"

"ရပ်... အခုချက်ချင်း ရပ်လိုက်တော့"

"နင်... နင်... နင် ငါ့ဆံပင်တွေကို ဖိထားတယ်"

"အင်း..."

ဧည့်ခန်းထဲတွင် ရှောင်လန်မှာ ခေါင်းမခါဘဲ မနေနိုင်ခဲ့ချေ။ ‘အစ်မရှောင်ယွဲ့ က အရမ်း ရိုးအလွန်းတယ် သူမတော့ အခွင့်အရေး ယူခံလိုက်ရပြန်ပြီ’

---

All Chapters