အခန်း ၃၆၉
Vol. 37 Ch. 369
အခန်း (၃၆၉) သူ တစ်ခုခုများ သိနေတာလား
တစ်နာရီ ကြာပြီးနောက်။ ချန်ဖုန်း အိပ်ခန်းထဲမှ ထွက်လာခဲ့လေသည်။
ရှန်ကွမ်ယွဲ့သည် သူ၏နောက်မှ လိုက်ပါလာခဲ့ပြီး သူမ၏ အဝတ်အစားများကို ထပ်မံလဲလှယ်ထားပုံရသော်လည်း သူမ၏ မျက်နှာမှာ အလွန်အမင်း မှုန်ကုပ်နေခဲ့ပေ၏။
ယခုအခါ ချန်ဖုန်း ဆိုလိုသော "အားကစား" ဆိုသည်ကို သူမ နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။
"အစ်မရှောင်ယွဲ့..."
ရှောင်လန်က ပြုံးလျက် ပြေးလာခဲ့သည်။ သူမသည် ရှန်ကွမ်ယွဲ့အား အထပ်ထပ်အခါခါ ကြည့်ရှုလိုက်ပြီး အခြားသူ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အရိပ်အယောင်တစ်ခု ရှိနေပုံရပေ၏။
"မရယ်နဲ့"
ရှန်ကွမ်ယွဲ့၏ မျက်နှာမှာ တင်းမာနေခဲ့လေသည်။ ချန်ဖုန်း၏ လှည့်ကွက်များထဲသို့ ဘယ်သောအခါမှ ထပ်မံမကျဆင်းတော့ဟု သူမ ကျိန်ဆိုလိုက်၏။ ရှောင်လန်က နှုတ်ခမ်းဆူကာ ပြောဆိုလိုက်သည်။
"အစ်မရှောင်ယွဲ့... အစ်မက ဒေါသထွက်နေပုံရပေမဲ့ တိတ်တိတ်လေး ပျော်နေတာ ဖြစ်နိုင်တယ်... နောက်တစ်ခါ ထပ်လိုချင်သေးလား"
"အို... ရှောင်လန်... နင်ကတောင် ငါ့ကို လှောင်နေတယ်ပေါ့လေ"
ရှန်ကွမ်ယွဲ့သည် ဆိုဖာပေါ်မှ ကူရှင်တစ်ခုကို ဆွဲယူကာ သူမအား ပစ်ပေါက်လိုက်ပြီး ၎င်းတို့နှစ်ဦး ချက်ချင်းပင် ရန်စဖြစ်ကြလေတော့၏။
၎င်းတို့နှစ်ဦး ထိုနေရာတွင် မြူးတူးပျော်ရွှင်နေကြသည်ကို ကြည့်ရင်း ချန်ဖုန်း ပြုံးလိုက်ပေသည်။
ထိုအချိန်မှာပင် စနစ်၏ အသံက သူ၏ စိတ်ထဲတွင် ထပ်မံပဲ့တင်ထပ်လာခဲ့၏။
(ဒင်... စနစ် အဆင့်မြှင့်တင်နေပါသည်...)
(အဆင့်မြှင့်တင်မှု ၂၅ ရာခိုင်နှုန်း...)
(အဆင့်မြှင့်တင်မှု ၅၀ ရာခိုင်နှုန်း...)
(အဆင့်မြှင့်တင်မှု ၇၅ ရာခိုင်နှုန်း...)
(အဆင့်မြှင့်တင်မှု ၁၀၀ ရာခိုင်နှုန်း... အဆင့်မြှင့်တင်ခြင်း ပြီးပြည့်စုံပါပြီ...)
[ ဒင်... စနစ်ကို ဗားရှင်း ၄.၀ သို့ အလိုအလျောက် အဆင့်မြှင့်တင်လိုက်ပြီဖြစ်ပြီး အခြားသူများ၏ စွမ်းရည်ကို မြှင့်တင်ပေးခြင်း မော်ဂျူးတစ်ခုကို ထည့်သွင်းထားပါတယ်…]
“ဟင်…” ဤအသံက ချန်ဖုန်းကို ချက်ချင်း လန့်နိုးသွားစေခဲ့လေ၏။ စနစ်သည် ယခင်က အဆင့်မြှင့်တင်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပေသည်။ ဗားရှင်း ၂.၀ တွင် စွမ်းရည်အင်တာဖေ့စ်ကို ထည့်သွင်းထားခဲ့၏။ ဗားရှင်း ၃.၀ တွင် စနစ်ပွိုင့်များ ရယူရန် နည်းလမ်းသစ်တစ်ခုကို ထည့်သွင်းထားပြီး ၎င်းတို့ကို ရယူရန် ပိုမိုလွယ်ကူစေခဲ့လေသည်။
ဗားရှင်း ၄.၀။ ဤ "အခြားသူများ၏ စွမ်းရည်ကို မြှင့်တင်ပေးခြင်း" မော်ဂျူး၏ အဓိပ္ပာယ်က ဘာလဲ။ ဤလုပ်ဆောင်ချက်ကို သူ နားမလည်သေးသော်လည်း စနစ်၏ ထုတ်လုပ်မှုမှာ သေချာပေါက် အံ့မခန်း ဖြစ်နေပေ၏။
ကြိုတင်ခန့်မှန်းဗီဒီယိုပဲ ဖြစ်ဖြစ်၊ စွမ်းရည်ဖလှယ်တာပဲ ဖြစ်ဖြစ်။ ဤအချက်များအားလုံးက ချန်ဖုန်းကို တစ်နှစ်မပြည့်မီ အချိန်အတွင်း နေရာစုံကျွမ်းကျင်သူ တစ်ဦးဖြစ်လာစေခဲ့လေသည်။ သူက အလုံးစုံ အလှည့်အပြောင်းတစ်ခုကို ဖန်တီးခဲ့တာပင်ဖြစ်၏။
အကယ်၍ ကျန်းနန်၏ အချမ်းသာဆုံးသူဌေးအဖြစ် ဝမ်ကျင်း၏ အလှည့်အပြောင်းက လူတိုင်းအတွက် အံ့ဖွယ်အမှုတစ်ခု ဖြစ်နေမည်ဆိုလျှင်... ဒါဆို ဒီနှစ်အတွင်း သူ့ရဲ့ အတွေ့အကြုံက အံ့ဖွယ်အမှုတွေထဲက အံ့ဖွယ်အမှုတစ်ခု သေချာပေါက် ဖြစ်နေမှာ ဧကန်မလွဲပင်။
"စနစ်... ဒီလုပ်ဆောင်ချက်ကို ရှင်းပြပေးနိုင်မလား"
[ဒင်…လုပ်ဆောင်ချက် ရှင်းလင်းချက်အတွက် စနစ်ပွိုင့် ၂၀၀၀ ဖြတ်တောက်ပါမည်... လဲလှယ်လိုပါသလား…]
“သေစမ်း တစ်ယောက်ယောက်ကို တိုက်ရိုက် ဓားပြတိုက်လိုက်ပါတော့လား ဟ စနစ်က စနစ်ပွိုင့်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတာလို့တောင် ငါ ထင်နေမိပြီကွာ ကျစ်...သောက် စနစ်စုတ်…”
ချန်ဖုန်း၏ မျက်နှာ မှောင်မိုက်သွားခဲ့လေ၏။
ထို့နောက်တွင်တော့…
"လဲလှယ်မယ်"
[ဒင်... ပိုင်ရှင်သည် လုပ်ဆောင်ချက် ရှင်းလင်းချက်ကို အောင်မြင်စွာ လဲလှယ်လိုက်ပြီဖြစ်ပြီး စနစ်ပွိုင့် ၂၀၀၀ ဖြတ်တောက်လိုက်ပါသည်…]
[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့် - ၃၇၈၀၀ ]
လုပ်ဆောင်ချက် ရှင်းလင်းချက်ကို ဖတ်ရှုပြီးနောက် အထူးအခြေအနေများအောက်တွင် စနစ်သည် စွမ်းရည်ဘုတ်ပေါ်ရှိ စွမ်းရည်များကို ပြင်ပလူများထံ အသုံးပြုနိုင်ကြောင်း သူ နားလည်သွားခဲ့ပေသည်။
အထူးအခြေအနေဆိုသည်မှာ ဤသို့လုပ်ဆောင်ခံရသူသည် ၎င်းကို လုပ်ဆောင်ခံရသူနှင့် အနှုတ် ၁၂ စင်တီမီတာ အကွာအဝေးကို ထိန်းသိမ်းထားရမည် ဖြစ်ပေ၏။
‘ဒါက ဘာချီးကြီးလဲ’
[ဒင်... ပိုင်ရှင်သည် လွန်ခဲ့သော ဆယ်မိနစ်ခန့်က ရှန်ကွမ်ယွဲ့နှင့် အနှုတ် ၁၂ စင်တီမီတာ ထိရောက်သော အကွာအဝေးအတွင်း ရှိနေခဲ့ကြောင်း တွေ့ရှိရပါသည်... ရှန်ကွမ်ယွဲ့အတွက် စွမ်းရည်များကို လဲလှယ်လိုပါသလား…]
"..."
ချန်ဖုန်း လုံးလုံးလျားလျား ဆွံ့အသွားခဲ့လေသည်။ သူ လုံးဝကို အံ့သြမှင်တက်သွားတာပင်။
“ဆိုတော့ စနစ် မင်း ပြောချင်တာက လိင်ဆက်ဆံဖို့ သက်သက်ပဲပေါ့လေ။…”
"ဒါဆို အခု သူမရဲ့ ခန္ဓာကိုယ်ကို ပြန်လည်သန်စွမ်းရေး လုပ်ပေးလို့ ရမလား"
[ဒင်... ရှန်ကွမ်ယွဲ့အတွက် အောင်မြင်ပါသည် ]
[ခန္ဓာကိုယ်အားဖြည့်စွမ်းရည်]
[ရှန်ကွမ်ယွဲ့ ခွန်အား မြှင့်တင်မှု ၂၀၀ ရာခိုင်နှုန်း…]
[ရှန်ကွမ်ယွဲ့ အမြန်နှုန်း မြှင့်တင်မှု ၂၀၀ ရာခိုင်နှုန်း…]
[ရှန်ကွမ်ယွဲ့၏ တိုက်ခိုက်မှုများကို ခံနိုင်ရည်အား ၂၀၀ ရာခိုင်နှုန်း မြှင့်တင်ပေးလိုက်ပါသည်…]
ချန်ဖုန်း ထပ်မံ၍ ဆွံ့အသွားရပြန်လေ၏။ ‘ငါက ဒီတိုင်း သာမန်ကာလျှံကာ မေးလိုက်တာကို စနစ်က ရှောင်ယွဲ့ယွဲ့ကို နေ့စဉ် အားဖြည့်ပေးမယ့် အကြိမ်ရေတွေ ပေးလိုက်တယ်ပေါ့’
မဟုတ်သေးဘူး။ နံနက်ခင်း နိုးလာချိန်တွင် သူ ကိုယ်တိုင် ပြန်လည်သန်စွမ်းရေး တစ်ကြိမ် လုပ်ဆောင်ပြီးဖြစ်ကြောင်း သူ သတိရသွားခဲ့ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင်... ရှန်ကွမ်ယွဲ့အတွက် အားဖြည့်ပေးမှုမှာ စနစ်မှ အခမဲ့ပေးသော ဘောနပ်စ်တစ်ခု ဖြစ်လေသည်။ ဤအကြောင်းကို တွေးမိရင်း... ချန်ဖုန်း တိတ်တခိုး ဝမ်းသာသွားခဲ့၏။ အနာဂတ်တွင် အကယ်၍ သူက တစ်စုံတစ်ယောက်၏ စွမ်းအားကို တိုးတက်စေချင်ပါက ၎င်းတို့နှင့် လိင်ဆက်ဆံလိုက်ရုံသာ ဖြစ်ပေသည်။
ထိုအချိန်မှာပင် ရှောင်လန်နှင့် မြူးတူးပျော်ရွှင်စွာ ရန်ဖြစ်နေသော ရှန်ကွမ်ယွဲ့မှာ ရုတ်တရက် အနည်းငယ် ရပ်တန့်သွားခဲ့လေသည်။ သူမ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု ပြောင်းလဲသွားသကဲ့သို့ သူမ ခံစားလိုက်ရ၏။ အမြန်နှုန်းက တိုးလာသလို။ ခွန်အားကလည်း တိုးလာတယ်။ ၎င်းမှာ သိမ်မွေ့လှသော်လည်း သူမ ခံစားသိရှိနိုင်သေးပေသည်။
‘ထူးဆန်းတယ်... လိင်ဆက်ဆံတာက တကယ်ပဲ လူတစ်ယောက်ရဲ့ စွမ်းအားကို တိုးတက်စေနိုင်တာလား... ဒါဆို နောက်ပိုင်းကျရင်ရော... အဟွတ် အဟွတ်…’ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာများကို တွေးတောလိုက်ရုံဖြင့် ရှန်ကွမ်ယွဲ့၏ မျက်နှာမှာ ရဲရဲနီသွားခဲ့လေ၏။
ချန်ဖုန်းက သူမကို တိတ်တခိုး လှမ်းကြည့်လိုက်သည်။ ရှောင်ယွဲ့ယွဲ့ က ဘာကိုမျှ သတိမထားမိကြောင်း သိလိုက်ရသောအခါ သူ သက်ပြင်းတစ်ချက် ချလိုက်ပေ၏။
ထို့နောက် ချန်ဖုန်းသည် ရှောင်ယွဲ့ယွဲ့ အတွက် စားပွဲအပြည့် အရသာရှိသော ဟင်းလျာများကို ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့လေသည်။ စားဖိုမှူး၏ စွမ်းရည်များကို အလကား ရရှိထားခြင်း မဟုတ်ချေ။ ရှန်ကွမ်ယွဲ့သည် စားပွဲအပြည့်ရှိနေသော အရသာရှိသည့် အစားအစာများကို ကြည့်ရင်း ချန်ဖုန်းအား အကြိမ်အနည်းငယ်မျှ ထပ်မံမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
‘ဒီလူက ဒီလောက် ဟင်းချက်ကောင်းမယ်လို့ ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး’ ဟု လည်း သူမတွေးလိုက်၏။
ရှောင်လန်နှင့် လဲ့ယန် တို့လည်း ဝင်ထိုင်လိုက်ကြ၏။ ၎င်းတို့သည် ချန်ဖုန်း၏ ချက်ပြုတ်မှုကို ပထမဆုံးအကြိမ် စားသုံးဖူးခြင်း ဖြစ်လေသည်။
“အရသာက အရမ်း ကောင်းတာပဲ။ ကြယ်ငါးပွင့် ဟိုတယ်က စားဖိုမှူး ချက်တာထက်တောင် ပိုပြီး အရသာရှိသေးတယ်။…”
ထိုစဉ်မှာပင် မျက်နှာတစ်ထောင်မြေခွေး သည် ဘုန်းကြီးဖြစ်သူ ဆရာတော်တန် အား အခန်းထဲသို့ ခေါ်ဆောင်လာခဲ့ပေ၏။
"ဒကာချန်... တူ နောက်တစ်စုံလောက် ထပ်ထည့်ပေးရင် အဆင်ပြေမလား"
ဘုန်းကြီးဖြစ်သူသည် လေကို ရှူရှိုက်လိုက်ရာ အရသာရှိသော အစားအစာအချို့ကို အနံ့ခံမိသွားသည့်အလား ဖြစ်နေလေသည်။ သူက ပြုံးလျက် စားပွဲတွင် ဝင်ထိုင်လိုက်၏။ ဖိတ်ခေါ်ခံရရန် မလိုအပ်ဘဲ ၎င်းသည် တူများကို ကောက်ကိုင်ကာ စတင်စားသောက်လေတော့သည်။
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွားခဲ့ပေ၏။ သူက ဘေးရှိ မျက်နှာတစ်ထောင်မြေခွေး ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ဆရာမကု... ခင်ဗျားလည်း ထိုင်ပြီး စားပါဦး"
"အိုကေ"
မျက်နှာတစ်ထောင်မြေခွေး က ရယ်မောလိုက်၏။ "ဆရာမကု" ဟူသော ခေါင်းစဉ်မှာ ပေ့ဟူတက္ကသိုလ် တွင် အနုပညာဆရာမ လုပ်ခဲ့စဉ်က သူမကိုယ်သူမ ခေါ်ဝေါ်ခဲ့သော နာမည်ဖြစ်ပေသည်။ ချန်ဖုန်း မှတ်မိနေသေးလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
"ဒကာချန် က ဒီလောက် ဟင်းချက်ကောင်းမယ်လို့ ငါ ဘယ်တုန်းကမှ မသိခဲ့ဘူး"
ဘုန်းကြီးဖြစ်သူက ရှန်ကွမ်ယွဲ့အား ထပ်မံကြည့်ရှုကာ ရယ်မောလိုက်လေ၏။
"ဒကာမလေးရှန်ကွမ် က ကံကောင်းတာပဲ... အဲဒီတုန်းက ငါ မြင်ဖူးခဲ့တဲ့သူကလွဲရင် ဒကာချန်ရဲ့ ချက်ပြုတ်မှု စွမ်းရည်တွေက ထူးခြားပြောင်မြောက်လှတယ် တကယ်တမ်းကျတော့ အခုလို လုပ်နိုင်တဲ့သူက အရမ်း နည်းပါတယ်…”
"ဆရာတော်တန်... ဟင်းချက် အရမ်းကောင်းတဲ့ တခြားလူကိုရော ရှင် သိသေးလို့လား"
ရှန်ကွမ်ယွဲ့သည် ချန်ဖုန်းက ဤဘုန်းကြီးအကြောင်း ပြောဖူးသည်ကို ကြားဖူးထားပြီး သူ၏ နာမည်မှာ ဆရာတော်တန် ဖြစ်ကြောင်း သိရှိထားလေ၏။ ဤ ဘုန်းကြီးအိုနှင့် ပတ်သက်၍ သူမ စူးစမ်းချင်စိတ် မဖြစ်ဘဲ မနေနိုင်ခဲ့ချေ။
ဘုန်းကြီးက ချန်ဖုန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"အဇူရာနန်းတော် ကို တည်ထောင်သူက သူ့ရဲ့ ဖခင်လည်း ဖြစ်ပြီး ငါ တစ်ခါဆုံဖူးခဲ့တဲ့သူပါ... သူ့ရဲ့ ချက်ပြုတ်မှု စွမ်းရည်တွေက ဒကာချန် လိုပဲ ကောင်းမွန်လှတယ်"
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ‘ငါ့အဖေကလည်း ဟင်းချက် အရမ်းကောင်းတာလား။ အဲဒါကိုလည်း စနစ်ကနေ လဲလှယ်ထားတာ ဖြစ်နိုင်မလား’
ထိုအချိန်မှာပင် ဘုန်းကြီးက ဟင်းအနည်းငယ် စားပြီးနောက် သူ၏ တူကို ချထားလိုက်ပေ၏။
"ဒကာချန်... အရင်က ငါတို့ သဘောတူထားသလိုပဲ ငါ့သမီးကို ရှာဖို့ မင်း ကူညီပေးရင် အဇူရာနန်းတော် ကို ပူးပေါင်းဖို့ ငါ သဘောတူပါ့မယ်"
"မျက်နှာတစ်ထောင်မြေခွေး က ခင်ဗျားကို ရှာဖို့ ကူညီပေးနေတာ မဟုတ်ဘူးလား... အသေးစိတ် အချက်အလက်တွေကို သူမကိုသာ ပြောပြလိုက်ပါ"
"ဒါက..."
ဘုန်းကြီးဖြစ်သူက ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်လေသည်။
"အသေးစိတ်ကို ငါ မသိဘူးလေ... ဒီနှစ်တွေတစ်လျှောက် ငါ့သမီးအရင်းကို ငါ တစ်ခါမှတောင် မမြင်ဖူးခဲ့ဘူး"
“ငါ့သမီးရဲ့ ရင်ဘတ်မှာ မွေးရာပါ အမှတ်တစ်ခု ရှိတယ်ဆိုတာကို ပိုင်ရိဟန် ဆီကနေပဲ ငါ သိခဲ့ရတာ…”
“ဒါပဲလား…” ချန်ဖုန်း မျက်တောင်ခတ်လိုက်၏။
‘ဘယ်သူ့မှာ မွေးရာပါ အမှတ်ရှိလဲဆိုတာကို ကြည့်ဖို့ အမျိုးသမီးတိုင်းရဲ့ ရင်ဘတ်ကို ဆွဲဟကြည့်ဖို့ ခင်ဗျား အကြံပြုနေတာလား။ ဒါက သေချာပေါက် ရှာရခက်တာပဲ…’ဟု ချန်ဖုန်း တွေးလိုက်၏။
မျက်နှာတစ်ထောင်မြေခွေး ကလည်း သူမ၏ တူကို ချထားကာ ပြောဆိုလိုက်ပေသည်။
"ဆရာတော်တန် ရဲ့ ဖော်ပြချက်အရဆိုရင် သူ့ရဲ့ သမီးက အသက် နှစ်ဆယ့်နှစ်နှစ် ဖြစ်ရမယ် အဲဒီလိုဆိုရင် နယ်ပယ်ကို အမှန်တကယ်ပဲ အနည်းငယ် ကျဉ်းမြောင်းသွားစေနိုင်ပါတယ်။ ဒါပေမဲ့ ရှာရတာတော့ အတော်လေး ခက်ခဲနေတုန်းပါပဲ… သဲလွန်စတစ်ခုခု ရှာတွေ့နိုင်မလားဆိုတာ ကြည့်ဖို့ သူ့ဇနီးရဲ့ ဇာတိရွာကို ငါတို့ လူတွေ လွှတ်ထားပြီးပါပြီ…”
"ဒကာချန်"
ဘုန်းကြီးဖြစ်သူက ခဏတာ တုံ့ဆိုင်းနေပြီးမှ ပြောဆိုလိုက်လေ၏။
"အဇူရာနန်းတော် ကို တည်ထောင်သူက မင်းရဲ့ ဖခင်ဖြစ်ပြီး သူ့မှာ အရမ်း အားကောင်းတဲ့ ဆဋ္ဌမအာရုံ ရှိတယ်လို့ ငါ တစ်ခါကြားဖူးတယ်"
“ဖြစ်နိုင်ခြေရှိတဲ့ အကျပ်အတည်းတွေကို ကြိုတင် ခံစားသိရှိနိုင်တာမျိုး စသဖြင့်ပေါ့။ သူက တခြားအရာတွေကိုလည်း ကြိုတင် ခန့်မှန်းနိုင်တယ်။ ဒီအဆိုက အနည်းငယ် ယုတ္တိမတန်ပေမဲ့ ဆဋ္ဌမအာရုံကို ငါ ယုံကြည်နေတုန်းပဲ။ မင်းက သူ့ရဲ့ သားဖြစ်နေမှတော့ ဒီစွမ်းရည်ကို အမွေဆက်ခံရရှိထားတာ ဖြစ်နိုင်တယ်…”
"ငါ့သမီး ဘယ်မှာရှိလဲဆိုတာ မင်း ဘာလို့ စမ်းပြီး အာရုံမခံကြည့်တာလဲ"
"ဟင်"
ချန်ဖုန်း၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့ပေ၏။ ‘ဒီမြေခွေးအိုကြီးက တစ်ခုခုကို သိနေတာလား။ သူက အနာဂတ်ကို ကြိုတင်ခန့်မှန်းပေးတဲ့ ဗီဒီယို မက်ဆေ့ခ်ျကို ရည်ညွှန်းနေတာ ဖြစ်နိုင်မလား’ ဟု ချန်ဖုန်း တွေးတေားလိုက်၏။
"အဲဒီလိုမျိုး ဘာမှမရှိပါဘူး... ဘာ ဆဋ္ဌမအာရုံလဲ... အဲဒီလိုအရာတွေကို ကျွန်တော်တော့ မယုံဘူး... စိတ်မပူပါနဲ့... ခင်ဗျားရဲ့ သမီးကို ရှာဖို့ ကျွန်တော် ကူညီပေးပါ့မယ်... လူတိုင်းကို အဝတ်အစားတွေ ချွတ်ခိုင်းရမယ် ဆိုရင်တောင် သူမကို ကျွန်တော် ရှာတွေ့အောင် လုပ်ပေးမယ်"
"နင့်လို ညစ်ပတ်တဲ့ လူယုတ်မာ"
ရှန်ကွမ်ယွဲ့မှာ တီးတိုးမကျိန်ဆဲဘဲ မနေနိုင်ခဲ့ချေ။ “နင်က တခြား ဘယ်သူ့ကို ချွတ်ပြခိုင်းချင်သေးလို့လဲ…”
"ဒကာချန် ရဲ့ စကားကို ကြားရတာ ငါ စိတ်သက်သာရာ ရသွားပြီ... ဒါကြောင့် မင်းကို ထပ်ပြီး အနှောင့်အယှက် မပေးတော့ပါဘူး"
ဘုန်းကြီးဖြစ်သူက နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်လေတော့၏။