← Chapters

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း ၃၇၀

Vol. 37 Ch. 370

အခန်း (၃၇၀) သဲလွန်စများ ရှာဖွေခြင်း

ဆရာတော်တန် ထွက်ခွာသွားရန် ပြင်လိုက်ချိန်မှာပင် ချန်ဖုန်းက သူ၏ဘေးရှိ ရှောင်လန်ကို ရုတ်တရက် လက်ညှိုးထိုးကာ ပြုံးလျက် ပြောဆိုလိုက်၏။

"သူကလည်း မိဘမဲ့တစ်ယောက်ပဲ... သူကများ ခင်ဗျားရဲ့ သမီးဖြစ်နေမလားဆိုတာ တစ်ချက်လောက် ကြည့်ကြည့်ပါလား..."

"..."

ရှောင်လန်မှာ စကားပြောစရာမဲ့သွားခဲ့သည်။

‘ငါ့ရဲ့ အဖေအရင်းက ဒီထိပ်ပြောင်ဘုန်းကြီးအိုကြီး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…’

ဆရာတော်တန်၏ မျက်လုံးများ လင်းလက်သွားပေ၏။

သူသည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

"မိန်းကလေး... မင်းက တကယ်ပဲ မိဘမဲ့တစ်ယောက်လား... မင်းရဲ့ မိခင်ရုပ်ရည်ကိုရော မှတ်မိသေးရဲ့လားဆိုတာ...သေချာ စဉ်းစားကြည့်ပါဦး…”

"ကျွန်မက မိဘမဲ့တစ်ယောက်ဆိုတာ မှန်ပေမဲ့ စစ်မြေပြင်ပေါ်ကနေ အစ်မရှောင်ယွဲ့ ကယ်တင်လာခဲ့တာ... ဒါကြောင့် ရှင်နဲ့ ဘာမှမဆိုင်ပါဘူး..."

ရှောင်လန်သည် တစ်ဖက်လူ၏ မျက်လုံးထဲမှ မယုံကြည်နိုင်သော အမူအရာကို မြင်တွေ့လိုက်ရ၏။

ထို့ကြောင့် သူမက ကူကယ်ရာမဲ့စွာဖြင့် ပြောဆိုလိုက်သည်။

"ကျွန်မ အင်္ကျီချွတ်ပြီး ရင်ဘတ်ပေါ်မှာ မွေးရာပါအမှတ် ရှိမရှိ ရှင့်ကို ပြရမလား..."

ဘေးဘက်တွင် ရပ်နေသော လဲ့ယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခဲ့ပေသည်။

သူသည် ဆရာတော်တန်အား ရန်လိုသော အမူအရာဖြင့် စိုက်ကြည့်လိုက်ပြီး အကယ်၍ ဘုန်းကြီးက ချီးကျူးစကား တစ်ခွန်းပင် ဟထွက်လာပါက တိုက်ခိုက်ရန် အသင့်ဖြစ်နေလေ၏။

"မလိုပါဘူး... မလိုပါဘူး..."

ဆရာတော်တန်က အနေရခက်စွာ ပြုံးလိုက်သည်။

သူသည် သူ၏ သမီးကို တကယ်ပင် တွေ့ချင်နေခဲ့ခြင်း ဖြစ်၏။

မည်သူ့ကိုမြင်မြင် သူ၏ ပျောက်ဆုံးနေသော သမီးများ ဖြစ်နေမလားဟု ထင်မှတ်နေမိပေသည်။

ရှန်ကွမ်ယွဲ့က ဖြည်းညင်းစွာ ပြောဆိုလိုက်၏။

"ရှောင်လန် ဖြစ်ဖို့တော့ မဖြစ်နိုင်ပါဘူး... ပထမအချက်အနေနဲ့ အသက်အရွယ်က မကိုက်ညီဘူး... ဒုတိယအချက်အနေနဲ့ သူ့မှာ မွေးရာပါအမှတ် လုံးဝ မရှိဘူးဆိုတာ ကျွန်မ အာမခံရဲတယ်..."

ရှောင်လန်၏ နောက်ခံအကြောင်းများ ပေါ်ထွက်လာချိန်တွင် ရှန်ကွမ်ယွဲ့သည်လည်း သူမ၏ အတိတ်ကို သိချင်စိတ် ပြင်းပြနေခဲ့သည်။

နှစ်များစွာကြာသည့်တိုင် ရှောင်လန်သည် သူမ၏ နောက်ခံအကြောင်းကို တစ်ကြိမ်တစ်ခါမျှ မပြောပြခဲ့ဖူးချေ။ ဖြစ်နိုင်သည်မှာ သူမ၏ မိဘများကို သိပ်မမှတ်မိတော့ခြင်းကြောင့် ဖြစ်နိုင်ပေ၏။ သို့မဟုတ် အခြားသော အကြောင်းပြချက်များလည်း ရှိနိုင်ပေသည်။

"နှစ်တွေအများကြီး ကြာသွားပြီဆိုတော့ ရှာဖွေဖို့ တကယ်ကို ခက်ခဲတယ်ဆိုတာ ငါ သိပါတယ်..."

ဆရာတော်တန်မှာ အနည်းငယ် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရသည်။

ချန်ဖုန်း စကားပြောရန် ပြင်လိုက်ချိန်မှာပင် စနစ်ထဲမှ နောက်ထပ် ဗီဒီယိုတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။

[၁၉၉၈ ခုနှစ် ဇွန်လ ၅ ရက် ညနေခင်းမှာ ဘုန်းကြီးတစ်ပါးက အရက်သောက်ပြီးနောက်…]

ဗီဒီယိုမြင်ကွင်းထဲတွင် ဘုန်းကြီးတစ်ပါးသည် အရက်မူးပြီးနောက် မြစ်ကမ်းဘေးတွင် လဲကျနေကာ သူ၏အဝတ်အစားများ ရေစိုရွှဲနေပြီး ဖြတ်သွားဖြတ်လာ အမျိုးသမီးတစ်ဦးက သူ့ကို ကယ်တင်ခဲ့လေသည်။

ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦး သိကျွမ်းခဲ့ကြခြင်း ဖြစ်၏။

ထို့နောက်ပိုင်းတွင် ၎င်းတို့သည် မကြာခဏ အဆက်အသွယ်ရှိခဲ့ကြပြီး တိုတောင်းသော တစ်လတာကာလအတွင်း တစ်ဦးကိုတစ်ဦး သံယောဇဉ်ဖြစ်လာခဲ့ကြပေသည်။

တစ်ညတွင် ဘုန်းကြီးသည် အရက်မူးနေသည်ကို အခွင့်ကောင်းယူကာ သူမနှင့် မှားယွင်းခဲ့လေ၏…

ဗီဒီယိုထဲရှိ ဘုန်းကြီးမှာ ၎င်းတို့ရှေ့တွင် ရပ်နေသော ဆရာတော်တန်ပင် ဖြစ်ပေသည်။

ချန်ဖုန်းသည် ဆရာတော်တန်အား ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်၏။ ဤထိပ်ပြောင်ဘုန်းကြီးအိုကြီးက အရက်နှင့် အသားစားခြင်းသည် သာမန် သီလဖောက်ဖျက်မှုဖြစ်သော်လည်း ကာမဂုဏ်ခံစားခြင်းကိုမူ လုံးဝ တားမြစ်ထားကြောင်း ယခင်က ပြောခဲ့ဖူးပေသည်။ ဤသည်မှာ အတိတ်က ထိုဖြစ်ရပ်နှင့် ဆက်စပ်နေပုံရ၏။

ဤဘုန်းကြီးသည် တကယ်ကို ထူးခြားဆန်းပြားလှပေသည်။

"ဘာဖြစ်လို့လဲ မစ္စတာချန်..."

ဆရာတော်တန်သည် သူ၏ အကြည့်အောက်တွင် နေရခက်လာခဲ့၏။

"ဟီးဟီး... ဘာမှမဖြစ်ပါဘူး..."

ချန်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"တကယ်တော့ လူရှာတာကို အဆင့်မြင့်နည်းပညာသုံးပြီး လုပ်လို့ရပါတယ်... ခင်ဗျားနဲ့ အဲဒီအမျိုးသမီးကြားမှာ အရင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြပါ...ခင်ဗျားရဲ့ သမီးကို ရှာဖို့ဆိုရင် အခြေအနေ အသေးစိတ်ကို ကျွန်တော်တို့ သိဖို့ လိုအပ်တယ်လေ..."

"ဒီလိုပါ..."

ဆရာတော်တန်မှာ စကားပြောရန် ခက်ခဲနေခဲ့ပေ၏။

သူက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်သည်။

"ငါက အဲဒီတုန်းက သူမကို ကျိုတိုမှာ မတော်တဆ တွေ့ခဲ့တာ... ငါတို့က တစ်လလောက်ပဲ အတူတူ နေခဲ့ရတာပါ...အဲဒီအချိန်တုန်းက သူမ ကိုယ်ဝန်ရှိနေမှန်း ငါ မသိခဲ့ဘူး... သိခဲ့ရင် ငါ ထွက်သွားခဲ့မှာ မဟုတ်ဘူး...သူမရဲ့ နာမည်က ဝမ်ယွီ လို့ ခေါ်တယ်…”

အဇူရာနန်းတော်သည် ဝမ်ယွီ၏ အချက်အလက်များကို ရှာဖွေနေပြီ ဖြစ်လေ၏။ ဒါပေမဲ့ အချက်အလက်တွေကို ရှာတွေ့တော့ကော ဘာအသုံးဝင်မှာလဲ။

ဝမ်ယွီ သေဆုံးသွားတာ နှစ်တွေအများကြီး ကြာနေပြီဆိုတော့ သူမက ဘယ်လို သဲလွန်စတွေများ ချန်ထားခဲ့နိုင်မှာလဲ။

"သဲလွန်စတွေ ရှိပါတယ်..."

ချန်ဖုန်းက အလွန် လေးနက်စွာ ပြောဆိုလိုက်သည်။

"ပထမဆုံးအနေနဲ့ ဝမ်ယွီရဲ့ ရုပ်ရည်ကို ဖော်ပြပေးပါ... အခုခေတ်ရဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ခင်ဗျားပြောပြတဲ့ ရုပ်ရည်ကို အခြေခံပြီး တူညီတဲ့လူကို ကိုက်ညီမှုရှာလို့ ရတယ်..."

ထို့နောက်တွင်မူ ထိုလူများအထဲမှ ရှာဖွေမှုနယ်ပယ်ကို ကျဉ်းမြောင်းလိုက်ပါက များစွာ ပိုမိုမြန်ဆန်သွားမည် ဖြစ်ပေ၏။

“တကယ်ပဲ ဖြစ်နိုင်လို့လား…”

ဆရာတော်တန်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့သည်။

သူသည် ယခင်က လူရှာရန်အတွက် ငွေပေးငှားရမ်းခဲ့ဖူးသော်လည်း ဤနည်းလမ်းကို မည်သူမျှ မပြောခဲ့ဖူးချေ။

"တခြားလူတွေက လုပ်နိုင်ချင်မှ လုပ်နိုင်မယ်... ဒါပေမဲ့ ကျွန်တော်ကတော့ လုပ်နိုင်တယ်..."

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။

"ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ရဲ့ ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ မှာ ခင်ဗျား ရှာနေတဲ့သူနဲ့ ပြီးပြည့်စုံစွာ ကိုက်ညီမှုရှာနိုင်တဲ့ ရုပ်ပုံလုပ်ဆောင်မှုစနစ် ပါဝင်တယ်...ခင်ဗျား ဇနီးရဲ့ ရုပ်ရည်ကို ပြောပြပါ... ကျွန်တော် ဆွဲပေးမယ်…”

တကယ်တမ်းတွင် စနစ်ထဲမှ ပေါ်ထွက်လာသော ဗီဒီယိုကြောင့် ဝမ်ယွီ၏ ရုပ်ရည်ကို သူ သိရှိထားပြီး ဖြစ်လေ၏။ ယခုအခါ တစ်ဖက်လူ၏ ရုပ်ရည်ကို ပန်းချီဆွဲရန်အတွက် သင့်လျော်သော အကြောင်းပြချက်တစ်ခုသာ လိုအပ်ခြင်း ဖြစ်ပေသည်။

"ကောင်းပြီ..."

ဆရာတော်တန်သည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို ထပ်မံမြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။

နှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဝမ်ယွီ၏ ရုပ်ရည်သည် သူ၏ စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်လေသည်။

မည်သို့ပင်ဆိုစေကာမူ...သူလည်း တကယ်ကို အပြစ်မကင်းသလို ခံစားရနေခဲ့သည်။

[ဒင်... ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... မာစတာအဆင့် ပန်းချီဆွဲခြင်းစွမ်းရည်ကို အောင်မြင်စွာ ရရှိသွားပါပြီ... စနစ်ပွိုင့် ၁,၀၀၀ နုတ်ယူလိုက်ပါပြီ]

[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိနေသော စနစ်ပွိုင့် - ၃၆,၈၀၀]

ဆရာတော်တန်၏ ဖော်ပြချက်များအောက်တွင်…

ချန်ဖုန်းသည် ပန်းချီဆွဲရန် ကိရိယာအချို့ကို ရှာဖွေကာ ဗီဒီယိုထဲမှ မြင်ကွင်းကို အဆင့်ဆင့် ရေးဆွဲလိုက်ပေ၏။

ရှန်ကွမ်ယွဲ့ကလည်း သိချင်စိတ်ဖြင့် အနားသို့ ရောက်လာခဲ့သည်။

ချန်ဖုန်းအပေါ် စူးစိုက်ကြည့်နေသော သူမ၏ လှပသည့် မျက်လုံးများထဲတွင် နက်ရှိုင်းသော အံ့အားသင့်မှုများ ပြည့်နှက်နေလေ၏။

တစ်ဖက်လူ၏ လှုပ်ရှားမှုများမှာ အစပိုင်းတွင် ချို့ယွင်းနေသော်လည်း ဆွဲလေလေ ပိုမိုကျွမ်းကျင်လာလေလေဖြစ်ပြီး မျဉ်းကြောင်းတိုင်းကို ပြီးပြည့်စုံစွာ ရေးဆွဲနိုင်ခဲ့ပေသည်။

ရှန်ကွမ်ယွဲ့ အနေနဲ့ အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

‘ချန်ဖုန်းက တကယ်ကို အစွမ်းအစစုံလင်သူပဲ... သူက အကုန်လုံးကို လုပ်နိုင်တယ်…’ဟုလည်း သူမ တွေးလိုက်၏။

"ဒါက..."

ဆရာတော်တန်မှာ ရုတ်တရက် မှင်တက်သွားတော့သည်။

‘အရမ်းကို တကယ့်အစစ်နဲ့ တူလွန်းတယ်...

အစစ်နဲ့ တစ်ပုံစံတည်းပဲ...ငါက သေချာ မဖော်ပြနိုင်ခဲ့ရင်တောင် သူက တိတိကျကျ ဆွဲနိုင်တာပဲ…’

‘ဒီဒကာ ချန်ဖုန်း ဝမ်းဗိုက်ထဲက တုတ်ကောင်လေး တစ်ကောင်လိုပဲ...အထူးသဖြင့် အဲဒီမျက်လုံးတွေ...သူမရဲ့ မျက်လုံးတွေက အရမ်းကို ဆွဲဆောင်မှုရှိတယ်...

ချီး... ဒီပန်းချီကားက အဲဒီညက ပုံစံနဲ့ နည်းနည်းတူနေတယ်…’ ဟု ဆရာတော်တန်က တွေးလေ အံ့သြလေ ဖြစ်နေတော့၏။

နာရီဝက်ခန့် အကြာတွင်...

ချန်ဖုန်းသည် ဆွဲပြီးသွားသော ပန်းချီကားကို ဆရာတော်တန်အား ကမ်းပေးကာ ပြောလိုက်၏။

"ဘယ်လိုလဲ... ပြင်စရာလေးတွေ ရှိသေးလား..."

"မရှိဘူး... မရှိဘူး..."

ဆရာတော်တန်သည် ပန်ူချီကို

သူ၏လက်ထဲသို့ အလျင်အမြန် လှမ်းယူလိုက်သည်။

စက္ကူပြဲသွားမည်ကိုပင် သူ ကြောက်ရွံ့နေခဲ့ပေ၏။

"ကောင်းပြီ... ခင်ဗျားရဲ့ ဓာတ်ပုံကိုလည်း ပေးပါဦး..." ထို့နောက် ချန်ဖုန်းသည် ဖုန်းကိုထုတ်ကာ ဆရာတော်တန်အား ချက်ချင်း ဓာတ်ပုံရိုက်လိုက်သည်။

ပြီးနောက် အဲဒါတွေအကုန်လုံးကို ရှန်ယန်းယန်းဆီ ပို့လိုက်သည်။

ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ၏ ရုပ်ပုံလုပ်ဆောင်မှုစနစ်နှင့် အများပြည်သူဆိုင်ရာ နေရာများရှိ ကင်မရာများအတွက် စစ်ဘက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်တို့ဖြင့် ဆင်တူသော လူအုပ်စုများကို ကိုက်ညီမှု ရှာဖွေနိုင်မည် ဖြစ်ပေ၏။

၎င်းတို့ စောင့်ဆိုင်းနေစဉ်အတွင်း…

ဆရာတော်တန်သည် အခန်းထဲတွင် စိုးရိမ်တကြီး ဟိုဟိုဒီဒီ လမ်းလျှောက်နေခဲ့ပြီး သူ၏ နှလုံးသားထဲတွင် မငြိမ်မသက်မှုများ ပြည့်နှက်နေခဲ့သည်။

ရှန်ကွမ်ယွဲ့နှင့် ရှောင်လန်တို့လည်း အပေါ်ထပ်ရှိ ၎င်းတို့၏ အိပ်ခန်းဆီသို့ ပြန်သွားကြလေ၏။

ယခုအချိန်တွင် ဤကိစ္စအတွက် သူမတို့ ကူညီနိုင်မည့်အရာ ဘာမှမရှိသောကြောင့် နာလန်ထူရန်သာ အာရုံစိုက်သင့်ပေသည်။

ဤအချိန်၌...ထောင်မျက်နှာမြေခွေးက ဖုန်းကို ရုတ်တရက် ထုတ်လိုက်ပြီး ပြောဆိုလိုက်သည်။

"ဝမ်ယွီရဲ့ အချက်အလက်တွေကို ကျွန်မတို့ ရှာတွေ့ပါပြီ... သူမရဲ့ ဇာတိရွာက ကျန်းနန် ပြည်နယ်ထဲက ချန်ကုန်းရွာ ပါ..."

သူမက အဲဒီတုန်းက ရောဂါနဲ့ သေဆုံးသွားခဲ့တာ…”

"ရောဂါနဲ့လား..."

ဆရာတော်တန်မှာ လန့်ဖြတ်သွားခဲ့၏။

ဝမ်ယွီနှင့် သူ တွေ့ဆုံချိန်က သူမသည် ကျန်းမာရေး ကောင်းမွန်နေကြောင်းကို သူ မှတ်မိနေပေသည်။

“ဘယ်လိုလုပ် ရုတ်တရက် ရောဂါရပြီး သေဆုံးသွားနိုင်မှာလဲ…”

ထောင်မျက်နှာမြေခွေးက ခေါင်းညိတ်ပြလိုက်၏။

"သူမရဲ့ သမီးလေး ငယ်ငယ်တုန်းက လူကုန်ကူးသူတွေ ဖမ်းသွားတာခံရလို့ သမီးကို အရမ်းလွမ်းဆွတ်ပြီး ရောဂါရသွားတာလို့ ဆိုပါတယ်..."

"နောက်ပိုင်းမှာ သူမရဲ့ အခြေအနေက ပိုဆိုးလာပြီး သမီးကို ရှာဖို့အတွက် သူမရဲ့ စုဆောင်းငွေ အကုန်လုံးကို သုံးပစ်ခဲ့တယ်..."

"အဲ့လိုနဲ့ ဆေးကုဖို့တောင် ပိုက်ဆံ မရှိတော့ဘူး..."

ဤအခိုက်အတန့်၌...ဆရာတော်တန်သည် နှလုံးကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရလေ၏။

သူမှားသွားလေပြီ။ သူသည် သူ၏ အမျိုးသမီးကိုသာမက သမီးဖြစ်သူကိုပါ ဒုက္ခပေးခဲ့ခြင်း ဖြစ်ပေသည်။

ဒီလိုဖြစ်လာမယ်မှန်း သူသာ သိခဲ့ရင်

သူသာ အမျိုးသမီးဖြစ်သူနဲ့ အတူနေထိုင် ဒီလောက် စိတ်ရှုပ်ထွေးနေရမှာ မဟုတ်ဟု စဥ်းစားကာ သူ့အပေါ် နောင်တရစိတ်များကသာ လွမ်းခြုံလာတော့၏။

"ဒါတွေအကုန်လုံး ငါ့အမှားတွေချည်းပဲ... ငါ့အမှားတွေပဲ..."

ဘုန်းကြီးတန်၏ မျက်လုံးများမှာ သွေးလွှမ်းနေပြီး လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလွန်းသဖြင့် သူ၏ လက်သည်းများက အသားထဲသို့ နစ်ဝင်နေသည်ကိုပင် သူ သတိမထားမိခဲ့ချေ။

All Chapters