← Chapters

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း ၃၇၂

Vol. 38 Ch. 372

အခန်း (၃၇၂) မင်းက သေချင်နေတာပဲ

ရွှေဆွဲကြိုးအထူကြီးကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ပါးစပ်တွင် စီးကရက်ကို ခဲထားပြီး လက်ထဲတွင် သံပိုက်လုံးတစ်ချောင်းကို ကိုင်ဆောင်ကာ အလွန် မောက်မာသော အငွေ့အသက်များကို ထုတ်လွှင့်လျက် ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့၏။

ထိုအမျိုးသား၏ အနောက်တွင် အခြားလူ လေးငါးယောက်ခန့် ပါလာပေသည်။ ဤလူများမှာ ရှင်းလင်းစွာပင် လူကောင်းများ မဟုတ်ကြချေ။

ထိုလူများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဒေါ်ကြီးဝမ်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

"မျောက်..."

"'မျောက်' ဆိုတာ မင်းခေါ်ဖို့ နာမည်လား... ငါ့ကို အစ်ကိုမျောက် လို့ ခေါ်စမ်း..."

မျောက်ဘုရင်ကြီး၏ အေးစက်သော အကြည့်များက ၎င်းတို့အပေါ်သို့ ကျရောက်သွားပြီး ဘေးဘက်တွင် ရပ်နေသော မီကာမိ ယုအာကို မြင်လိုက်ရချိန်တွင် သူ အနည်းငယ် မှင်တက်သွားခဲ့၏။ သူမ ဤမျှ လှပနေလိမ့်မည်ဟု သူ ရှင်းလင်းစွာ မထင်မှတ်ထားခဲ့ချေ။

"မင်းက ဝမ်ယွီရဲ့ သမီးလား..."

"ဟုတ်တယ်..."

မီကာမိ ယုအာ၏ မျက်နှာအမူအရာမှာ အေးစက်နေပေ၏။ သူမ၏ ဘဝတစ်လျှောက်လုံး ကူရာကီယု၏ နောက်သို့ လိုက်ပါကာ အရေးကြီးသော ပုဂ္ဂိုလ်များစွာနှင့် တွေ့ဆုံခဲ့ဖူးပေသည်။

ဤကဲ့သို့သော လမ်းဘေးလူမိုက်မျိုးနှင့် ကြုံတွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်၏။

"ကျွန်မအမေ အဲဒီတုန်းက ရှင့်ကို ငွေဘယ်လောက် အကြွေးတင်ခဲ့တာလဲ... ကျွန်မ ပြန်ဆပ်ပေးမယ်..."

"ဟီးဟီး..."

မျောက်ဘုရင်ကြီး၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

"ငါ့အဖေက ဒီအကြွေးကို ဆယ်နှစ်ကျော်ကြာအောင် တောင်းဖို့ ကြိုးစားနေခဲ့တာ မအောင်မြင်ခဲ့ဘူး... ငါက ပြန်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး..."

“ဒါက တကယ်ကို မလွယ်ကူဘူးပဲ... မင်းက အကြွေးပြန်ဆပ်ချင်တယ်ဆိုမှတော့ ကိစ္စတွေက ပိုလွယ်သွားပြီပေါ့... ငါ မင်းဆီက အခွင့်အရေး မယူပါဘူး... အကြွေးတွေကို အကုန်ပေါင်းပြီး တွက်ပေးမယ်... ငါ့ကို ယွမ် တစ်သန်း ပေး…”

"မျောက်... မင်း သူ့အပေါ် ဒီလိုလုပ်လို့ မရဘူးလေ... ဘာပဲဖြစ်ဖြစ် ငါတို့က ရွာတစ်ရွာတည်းသားတွေပဲ... ဝမ်ယွီက အဲဒီတုန်းက ယွမ် သုံးထောင်ပဲ ချေးခဲ့တာ ငါ သေသေချာချာ မှတ်မိတယ်နော်..."

အဒေါ်ကြီးဝမ်မှာ ချက်ချင်းပင် စိုးရိမ်ပူပန်စွာဖြင့် ဝင်ပြောလိုက်သည်။

“ယွမ် သုံးထောင်ကနေ ဘယ်လိုလုပ် ရုတ်တရက် ယွမ် တစ်သန်း ဖြစ်သွားရတာလဲ... ဒါက လိမ်လည်တာ မဟုတ်ဘူးလား…”

"ချီးပဲ..."

မျောက်ဘုရင်ကြီးက အဒေါ်ကြီးဝမ်အား နှစ်မီတာခန့် လွင့်ထွက်သွားသည်အထိ ပါးရိုက်ပစ်လိုက်သည်။ အဒေါ်ကြီးဝမ်၏ မျက်နှာပေါ်တွင် နီရဲနေသော လက်ရာတစ်ခု ချက်ချင်း ပေါ်လာပြီး သူမ၏ မျက်နှာတစ်ခြမ်းလုံး ရောင်ရမ်းသွားလေ၏။

"ရှင်... ရှင်က ဘာလို့ ရိုက်ရတာလဲ..."

တစ်ဖက်လူက ရုတ်တရက် လှုပ်ရှားလာလိမ့်မည်ဟု မီကာမိ ယုအာ ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။ သူမက အလျင်အမြန် ပြေးသွားကာ အဒေါ်ကြီးဝမ်အား မြေပြင်ပေါ်မှ ထူပေးလိုက်သည်။

"ငါက လူတစ်ယောက်ကို ရိုက်တော့ ဘာဖြစ်လဲ... ဒီခွေးမအိုကြီးက စကားတွေ အရမ်းများနေလို့ပဲ..."

မျောက်ဘုရင်ကြီးက နှုတ်ခမ်းကို သပ်လိုက်ပြီး ထပ်ပြောလိုက်၏။

"ယွမ် တစ်သန်း... ငါ့ကို အခု ပိုက်ဆံပေးရင် ငါ ချက်ချင်း ထွက်သွားမယ်... မပေးနိုင်ရင် မင်းကို ငါနဲ့အတူ ခေါ်သွားမယ်..."

"ရှင်..."

မီကာမိ ယုအာ၏ မျက်နှာမှာ အလွန် မှိုင်းညို့သွားကာ မေးလိုက်၏။

"အကြွေးစာချုပ် ဘယ်မှာလဲ... အကြွေးစာချုပ်ကို ထုတ်ပြလေ..."

"မင်းက ငါ့ကို နောက်နေတာလား... ဆယ်နှစ်ကျော်ကြာနေပြီကို ငါက အကြွေးစာချုပ် ဘယ်ကသွားရှာရမှာလဲ... ခုနက ဒီခွေးမအိုကြီးက ဝမ်ယွီ အဲဒီတုန်းက ငါ့အဖေဆီကနေ ပိုက်ဆံချေးခဲ့တယ်ဆိုတာ ပြောခဲ့တယ်လေ..."

မျောက်ဘုရင်ကြီး၏ မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာတစ်ခု ရှိနေခဲ့၏။

သူ၏နောက်ရှိ အမျိုးသားအနည်းငယ်သည်လည်း ဖြည်းညင်းစွာ လျှောက်လာကြသည်။ တစ်ဖက်လူက အနည်းငယ်မျှပင် ငြင်းဆန်ရဲပါက ၎င်းတို့က တိုက်ခိုက်ရန် အသင့်ပြင်ထားကြလေ၏။

မီကာမိ ယုအာ သည် မူလက ကပ်ဘေးမှ ရှောင်လွှဲရန် ငွေကြေးသုံးစွဲလိုခဲ့ပေသည်။ သို့သော် သူမ၏ ဟွာရှနိုင်ငံခရီးစဉ်မှာ အလွန် အလျင်လိုခဲ့သဖြင့် သူမတွင် ငွေများများစားစား ပါမလာခဲ့ချေ။

သူမ ဆာကူရာနိုင်ငံတွင် ရှိစဉ်က သူမ၏ ကုန်ကျစရိတ် အားလုံးကို ဆရာဖြစ်သူက ကျခံပေးခဲ့သောကြောင့် ငွေရေးကြေးရေးအတွက် လုံးဝ ပူပန်နေရန် မလိုခဲ့ဘဲ သူမ၏ အကောင့်ထဲတွင် ယွမ် တစ်သန်းကျော်ခန့်သာ ရှိလေ၏။

အကယ်၍ မျောက်ဘုရင်ကြီးကိုသာ ပေးလိုက်မည်ဆိုပါက သူမ၏ အနာဂတ်မှာ အလွန် ခက်ခဲသွားနိုင်ပေသည်။

ဆာကူရာနိုင်ငံမှာရှိတဲ့ ဆရာဖြစ်သူဆီကနေ ငွေထပ်တောင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ…

သူမက သွားကိုကြိတ်ကာ ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ယွမ် သုံးထောင်ဆိုတာ ငွေကြေးဖောင်းပွမှုနဲ့ တွက်ရင်တောင် အခုချိန်မှာ ယွမ် တစ်သိန်းပဲ တန်တယ်..."

"အတိုးတွေ အကုန်ပေါင်းရင်တောင် တစ်သိန်းခွဲဆိုတာ လုံလောက်တာထက်ကို ပိုနေပြီ..."

"ရှင်က ချက်ချင်း ယွမ် တစ်သန်းတောင်းတာက လွန်လွန်းမနေဘူးလား..."

"အဲဒါက များလွန်းလို့လား..."

မျောက်ဘုရင်ကြီးက ရယ်မောကာ​ ပြောလိုက်သည်။

"ငါ့မိသားစုရဲ့ အတိုးကြီးစားတွေဆီကနေ ပိုက်ဆံချေးရတာ အရမ်း လွယ်တယ်လို့ မင်း ထင်နေတာလား... အဲဒီတုန်းက ယွမ် သုံးထောင်က အတိုးနဲ့ အတိုးဆင့်ပွားလိုက်တာ အခု ယွမ် တစ်သန်းကျော်သွားပြီကွ..."

“ဝမ်ယွီမှာ သမီးတစ်ယောက်ရှိတယ်ဆိုတာ ငါ ကြားထားတာ ကြာပြီ... သူ အချိန်မရွေး ပြန်လာနိုင်တယ်လေ...

ဒါကြောင့် ဒီခြံဝင်းငယ်လေးကို မဖြိုဘဲ ချန်ထားခဲ့တာပေါ့... မဟုတ်ရင် လူတွေခေါ်ပြီး ဖြိုချပစ်တာ ကြာလှပြီ…”

“ငါ ဒါကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်... မင်းအတွက် နားဝင်မချိုစရာ ဖြစ်မယ်ဆိုတာ ငါ အခုကတည်းက ပြောပြထားတာပဲ...

တကယ်လို့ မင်းက ယွမ် တစ်သန်း ထုတ်ပေးနိုင်ရင် ဒီကိစ္စကို ငါတို့ ကျေအေးပေးမယ်... တကယ်လို့ ယွမ် တစ်သန်း မထုတ်ပေးနိုင်ဘူးဆိုရင် မင်း ငါနဲ့ လိုက်ခဲ့... မင်းလို ရုပ်ရည်မျိုးနဲ့ဆိုရင် ငါ့အတွက် ယွမ် တစ်သန်းလောက် ရှာပေးဖို့က အရမ်း လွယ်ပါတယ်ကွာ…”

"ရှင်..."

မီကာမိ ယုအာ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့၏။ ခြိမ်းခြောက်နေသော အမူအရာများရှိသည့် လူအုပ်စုကို ကြည့်ရင်း သူမတွင် ပြန်လည်တိုက်ခိုက်ရန် နည်းလမ်း မရှိခဲ့ချေ။

သူမတွင် ဟွာရှနိုင်ငံ၌ ဆွေမျိုးများ သို့မဟုတ် သူငယ်ချင်းများ မရှိပေ။ ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှာတွေ့နိုင်သဖြင့် သူမ၏ ဇာတိရွာနှင့် ပတ်သက်၍ စိတ်ပျက်အားငယ်လာခြင်းကို မတားဆီးနိုင်ခဲ့ချေ။

အဒေါ်ကြီးဝမ်ကလည်း သက်ပြင်းတိုးတိုး ချလိုက်သည်။ “ယွမ် တစ်သန်းကျော်တဲ့လား…”

ဤရွာသားများသည် ၎င်းတို့၏ တစ်သက်တာလုံးတွင် ထိုမျှလောက် ငွေကြေးများစွာကို ဘယ်သောအခါမှ ရှာဖွေနိုင်မည် မဟုတ်ချေ။

"ကောင်းပြီ... ရော့..."

မီကာမိ ယုအာ၏ စကားလုံးများမှာ အော်ဟစ်လိုက်သကဲ့သို့ ဖြစ်နေခဲ့၏။

သူမသည် အိတ်ကပ်ထဲမှ ဘဏ်ကတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ဤဘဏ်ကတ်မှာ သူမ ဟွာရှနိုင်ငံသို့ ရောက်ရှိပြီးနောက် အထူးတလည် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး ယွမ် ၁.၂ သန်းခန့် ပါရှိလေ၏။

"လျှို့ဝှက်နံပါတ်... ဒီထဲမှာ ပိုက်ဆံပါ မပါ ငါ စစ်ဆေးကြည့်ဖို့ လိုတယ်..."

"ရှစ် ခြောက်လုံး..."

မျောက်ဘုရင်ကြီးသည် ဖုန်းကို အလျင်အမြန်ထုတ်ကာ တရားဝင်ဝဘ်ဆိုက်သို့ ဝင်ရောက်၍ စစ်ဆေးလိုက်သည်။ နှစ်မိနစ်အကြာတွင်...

သူ ပြုံးလိုက်ပြီး ဘဏ်ကတ်ကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်၏။

"မဆိုးဘူးပဲ... မင်းဆီမှာ ဒီလောက် ပိုက်ဆံအများကြီး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အခု တခြားကုန်ကျစရိတ်တွေအကြောင်း ပြောကြတာပေါ့..."

"တခြားကုန်ကျစရိတ်တွေ..."

မီကာမိ ယုအာ၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယုတ္တိတန်စွာ တွေးကြည့်မည်ဆိုပါက တစ်ဖက်လူသည် သူမအား ယွမ် နှစ်သိန်း ချန်ထားပေးသင့်ပေသည်။ ယခုအခါ ကျန်ရှိနေသော ယွမ် နှစ်သိန်းကို ပြန်မပေးရုံသာမကဘဲ အခြားကုန်ကျစရိတ်များကိုပါ ထပ်ပေါင်းထည့်နေလေ၏။

အဒေါ်ကြီးဝမ်မှာလည်း ထပ်တူ မကျေမနပ် ဖြစ်နေခဲ့သည်။ သို့သော် သူမကလည်း ဘာမှမပြောရဲတော့ချေ။

မျောက်ဘုရင်ကြီးနှင့် သူ၏ဂိုဏ်းမှာ ဒေသခံ လူမိုက်များဖြစ်ကြပြီး မည်သည့်အရာကိုမဆို လုပ်ရဲကြပေသည်။ အဒေါ်ကြီးဝမ်က မီကာမိ ယုအာအား ၎င်းတို့၏ ကွယ်ရာတွင် အချို့အရာများကို သတိပေးနိုင်ရုံသာ ဖြစ်၏။

၎င်းတို့၏ မျက်နှာချင်းဆိုင်တွင် ပြုလုပ်ပါက ၎င်းတို့ကို သေချာပေါက် ဒေါသထွက်စေမည်ဖြစ်ကြောင်း သူမ သိရှိထားပြီး သူမကိုယ်တိုင်အတွက် ပြဿနာ မဖြစ်စေချင်ခဲ့ချေ။

"အတိုးလေ..."

မျောက်ဘုရင်ကြီးက တစ်ဝက်တစ်ပျက် ပြုံးလျက် ပြောဆိုလိုက်သည်။

"ယွမ် တစ်သန်း ဆိုတာ လွန်ခဲ့တဲ့ ငါးမိနစ်က ပမာဏလေ... အခု အတိုးက တက်သွားပြီဆိုတော့ မင်း ငါ့ကို နောက်ထပ် ယွမ် တစ်သိန်း ထပ်ပေးရမယ်..."

“မထုတ်ပေးနိုင်တော့ဘူးလား...

ရပါတယ်... ငါနဲ့အတူ အရင်လိုက်ခဲ့... ငါတို့ ဖြေရှင်းမယ့်နည်းလမ်းကို တဖြည်းဖြည်း စဉ်းစားကြတာပေါ့..."

ပြောနေစဉ်မှာပင် သူက မီကာမိ ယုအာကို ဆွဲခေါ်ရန် လက်ဆန့်ထုတ်လိုက်၏။

"ကျွန်မကို မထိနဲ့..."

မီကာမိ ယုအာ က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူမသည် ဤကဲ့သို့သောအရာမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ ဒီနှစ်တွေတစ်လျှောက်လုံး သူမက အရမ်းကို ရိုးအလွန်းနေခဲ့တာပဲ…

လူမှုအသိုင်းအဝိုင်းအတွင်းရှိ လူသားတို့၏ သဘာဝဆိုးယုတ်မှုများကို ၎င်းတို့ မကြုံတွေ့ခဲ့ဖူးကြချေ။

"အရှက်မမဲ့စမ်းပါနဲ့... အကြွေးပြန်ဆပ်ရတာက သဘာဝပဲလေ... တကယ်လို့ ပိုက်ဆံ မဆပ်နိုင်ဘူးဆိုရင် မင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေးဆပ်ရမှာပေါ့..."

မျောက်ဘုရင်ကြီးက သူမ၏ ဆံပင်များကို ဆွဲကိုင်ကာ အပြင်သို့ ဆွဲထုတ်ရန် ပြင်ဆင်လိုက်လေ၏။

......

အခြားတစ်ဖက်တွင်။

ချန်ဖုန်းသည် ရဟတ်ယာဉ်ကို ရွာအဝင်ဝတွင် ဆင်းသက်လိုက်သည်။ ထို့နောက် အဖွဲ့သည် ရွာထဲသို့ အလျင်အမြန် ထွက်ခွာသွားကြ၏။

ဆရာတော်တန်သည် သူ၏ လက်ထဲရှိ ဖုန်းကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

"ဒကာချန်... မင်း ခုနက ကိုယ်တော့်သမီးရဲ့ တည်နေရာကို ရှာတွေ့ပြီလို့ ပြောတယ်နော်... သူမက တကယ်ပဲ ဒီမှာ ရှိနေတာလား..."

"အနီးအနားမှာတင်ပါ..."

ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်သည်။

"ခင်ဗျားက ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ... တကယ်လို့ သူသာ ဆင်းမ်ကတ် မဝယ်ခဲ့ဘူးဆိုရင် ကျွန်တော်လည်း သူမ တည်နေရာကို ရှာလို့ ရမှာမဟုတ်ဘူး..."

“တကယ်လို့ သူမကသာ ခင်ဗျားရဲ့သမီး အစစ်ဖြစ်နေမယ်ဆိုရင် ထွက်ပြေးလို့ လွတ်မှာမဟုတ်ပါဘူး…”

စကားပြောနေစဉ်မှာပင် သူက မော့ကြည့်လိုက်ပြီး အရှေ့ဘက်ရှိ ခြံဝင်းငယ်လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

"တကယ်လို့ မထင်မှတ်ထားတာတွေ ဘာမှမဖြစ်ဘူးဆိုရင် အထဲမှာ ရှိနေလောက်တယ်... ရွာရဲ့ တည်နေရာပြစနစ်က သိပ်မတိကျလို့လေ..."

“ဒါပေမဲ့ ကွာဟချက်က သိပ်မကြီးမားပါဘူး... အထဲဝင်ပြီး ကြည့်ကြည့်ကြတာပေါ့…”

"ကောင်းပြီ..."

ချန်ဖုန်း လျှောက်သွားရန်ပင် အချိန်မရလိုက်မီ ဆရာတော်တန်သည် ခြံဝင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားခဲ့လေပြီ။

သူက အလွန် စိုးရိမ်ပူပန်နေကြောင်း ရှင်းလင်းလှပေ၏။

ယခုအခါ မီကာမိ ယုအာ သည် သူ၏သမီး ဖြစ်ကြောင်း ၇၀ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။ သူက နောက်ကျသွားမည်ကို ကြောက်ရွံ့နေပြီး သူ၏ သမီးက ရွာထဲမှ ထပ်မံထွက်ခွာသွားမည်ကို စိုးရိမ်နေခဲ့၏။

ဆရာတော်တန် ခြံဝင်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အကြည့်များက ထိုနေရာတွင် ရုတ်တရက် အေးခဲသွားတော့သည်။

ထို့နောက် သူ၏ အငွေ့အသက်များက ထိန်းချုပ်၍မရနိုင်အောင် ပေါက်ကွဲထွက်ပေါ်လာပြီး မိုးခြိမ်းသံကဲ့သို့သော ဟိန်းဟောက်သံကြီးက ကောင်းကင်ကိုပင် တုန်လှုပ်သွားစေခဲ့လေ၏။

"မင်းက သေချင်နေတာပဲ..."

—

All Chapters