← Chapters

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း ၃၇၅

Vol. 38 Ch. 375

အခန်း (၃၇၅) ချီချီလေးကို ပြန်တွေ့ရခြင်း

"ဒကာချန်... ကိုယ်တော် အကူအညီတောင်းချင်တာ နောက်ထပ် တစ်ခုရှိသေးတယ်..."

ဆရာတော်တန်က ချန်ဖုန်းကို ဘေးသို့ ဆွဲခေါ်သွားလိုက်၏။

ထို့နောက် သူက တီးတိုးပြောဆိုလိုက်သည်။

"ငါ့ကို မိတ်ဆက်ပေးနိုင်မယ့် အလုပ်လေးများ ရှိလား... အရင်ကတော့ ငါ တစ်ယောက်တည်း နေတာဆိုတော့ ပိုက်ဆံရှိရှိ မရှိရှိ ကိစ္စမရှိခဲ့ဘူးလေ..."

"ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး... ငါ့သမီးကို ပျိုးထောင်ပြီး အကောင်းဆုံး နေထိုင်မှု အခြေအနေတွေ ပေးချင်တယ်... အဓိက ပြဿနာက အခု သူမ ပြန်ရောက်လာပြီဆိုပေမဲ့ နေစရာနေရာတောင် မရှိသေးဘူး..."

“ငါက သူမကို ကျောင်းတိုက်မှာ ငါနဲ့အတူ လာနေဖို့ တောင်းဆိုလို့တော့ မဖြစ်ဘူးလေ ဟုတ်တယ်မလား…”

"ကျွန်တော် ခင်ဗျားကို အိမ်တစ်လုံး ပေးနိုင်ပါတယ်..." ချန်ဖုန်းက ပြောလိုက်သည်။

သူသည် ကျိုတိုရှိ Great Wall အိမ်ခြံမြေကုမ္ပဏီ တွင် ရှယ်ယာ ၄၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ထိုကုမ္ပဏီက ကျန်းနန်ဒေသတွင်လည်း အိမ်ခြံမြေ စီမံကိန်းများကို ရင်းနှီးမြှုပ်နှံထားကြောင်း ချန်ဖုန်း မှတ်မိလိုက်ပေ၏။

ယခုအခါ ဆရာတော်တန်သည် အဇူရာနန်းတော် သို့ ဝင်ရောက်လာခဲ့လေပြီ။

သူက တကယ်ကို တန်ဖိုးရှိနေဆဲပင်။

အိမ်တစ်လုံးပေးရန် မဆိုထားနှင့် သူ့ကို ယွမ်သန်းရာချီ ပေးမည်ဆိုလျှင်ပင် သူ နှမြောနေမည် မဟုတ်ချေ။

"ကျွန်တော်တို့ အဇူရာနန်းတော်က အဖွဲ့ဝင်သစ်တွေကို ထောက်ပံ့ငွေ တစ်စိတ်တစ်ပိုင်း ပေးလေ့ရှိတယ်... ဆရာမကု က ခင်ဗျားရဲ့ ကတ်ထဲကို ပိုက်ဆံ လွှဲပေးလိမ့်မယ်..."

"ဒါက... တကယ်ကို အားနာစရာပဲ..."

ဆရာတော်တန်က ထိုသို့ ပြောဆိုလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် ပျော်ရွှင်နေခဲ့၏။

‘ငါက ရွေးချယ်မှုမှန်ကန်ခဲ့တာပဲ…’

"လာ... မီကာမိ ယုအာ... မင်းကို အိမ်သွားကြည့်ဖို့ ငါ ခေါ်သွားမယ်..."

ချန်ဖုန်းသည် ၎င်းတို့နှစ်ဦးအား ကျန်းနန်ရှိ Great Wall အိမ်ခြံမြေကုမ္ပဏီ ၏ အိမ်ရာစီမံကိန်းဆီသို့ ခေါ်ဆောင်သွားလေသည်။

မီကာမိ ယုအာက နှုတ်ခမ်းကို ကိုက်လိုက်ကာ ပြောလိုက်၏။

"ဒီကနေ့ကစပြီး ကျွန်မရဲ့ နာမည်က မီကာမိ ယုအာ မဟုတ်တော့ဘူး... တန်ယိုယို ပဲ..."

“အဲဒီနာမည်က အမြဲတမ်း အဓိပ္ပာယ် ကွဲလွဲမှုတွေ ဖြစ်စေတာမို့ မသုံးတာက ပိုကောင်းတယ်လေ…”

သူမ အဲဒါကို သိထားပေသည်။

ဟွာရှနိုင်ငံရှိ အမျိုးသားများစွာသည် လူကြီးဇာတ်ကားများကို ကြည့်ရှုလေ့ရှိကြပြီး အများစုတွင် သူမနှင့် နာမည်တူသော မီကာမိ ယုအာ ဆိုသည့် မင်းသမီးများ ပါဝင်နေတတ်ပေ၏။

"ကောင်းပြီ... မီကာမိ ယုအာ..."

"ရှင်..."

တန်ယိုယိုက ဒေါသတကြီးဖြင့် မျက်နှာလွှဲသွားပြီး ချန်ဖုန်းအား အာရုံစိုက်ရန်ပင် ပျင်းရိသွားတော့၏။

ကားဖြင့် မိနစ်နှစ်ဆယ်ခန့် သွားပြီးနောက်...

၎င်းတို့သုံးဦးသည် အိမ်ရာစီမံကိန်း တစ်ခုသို့ ရောက်ရှိသွားကြလေသည်။

ချန်ဖုန်းက ထိုင်ခုံတစ်ခုကို ရှာ၍ ထိုင်လိုက်ပြီးနောက် ဆရာတော်တန်အား မေးမြန်းလိုက်သည်။

"ခင်ဗျား ဘယ်လို အိမ်မျိုး လိုချင်လဲ... ဗီလာလား ဒါမှမဟုတ် နှစ်ထပ်တိုက်ခန်းလား..."

"ဘယ်လောက် အကျယ်အဝန်း လိုချင်လဲ... ခင်ဗျား ကြိုက်တဲ့ အရွယ်အစားကို ကျွန်တော် ပေးလို့ ရတယ်..."

"ဘာဖြစ်ဖြစ်ပါ... ငါတို့ နေလို့ရရင် ပြီးတာပါပဲ..."

ဆရာတော်တန်က ရယ်မောကာ ပြောလိုက်၏။

ဤနေရာသည် ကျွင်းယွဲ့အိမ်ရာ ဖြစ်ပြီး ပျမ်းမျှဈေးနှုန်းမှာ တစ်စတုရန်းမီတာလျှင် ယွမ် နှစ်သောင်းမှ သုံးသောင်းခန့်အထိ ရှိကာ တိုက်ခန်းတစ်ခန်းလျှင် ယွမ်သန်းပေါင်းများစွာ အလွယ်တကူ ကျသင့်နိုင်ပေသည်။

သေချာပေါက် ဆိုးရွားမည်တော့ မဟုတ်ချေ။

တန်ယိုယိုအတွက် ဟွာရှနိုင်ငံရှိ အိမ်ခြံမြေ အရောင်းပြခန်းတစ်ခုသို့ လာရောက်ခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်၏။

သိချင်စိတ်ပြင်းပြနေသော ကလေးငယ်တစ်ဦးကဲ့သို့ သူမက ပတ်ပတ်လည်ကို ကြည့်ရှုနေခဲ့သည်။

ဤမြင်ကွင်းကြောင့်...

အိမ်ခြံမြေအကြောင်း မိတ်ဆက်ပေးရန် ပြင်နေသော အမျိုးသမီး အရောင်းဝန်ထမ်းများသည် ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်သွားစေခဲ့ပေ၏။

၎င်းတို့၏ မျက်နှာများပေါ်တွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။

အနည်းငယ် လှမ်းသောနေရာတွင် လူအချို့က တီးတိုး ပြောဆိုနေကြလေ၏။

"အဲဒါ မြင်လား... ဟန်ရေးပြနေတဲ့သူ နောက်တစ်ယောက်ပဲ..."

"သေချာတာပေါ့... အဲဒီလူငယ်လေးက တော်တော်လေး ရုပ်ဖြောင့်ပေမဲ့ နည်းနည်းတော့ မောက်မာနေတယ်... စီမံကိန်းတစ်ခုလုံးက သူ့ဟာကျနေတာပဲ..."

"ပြီးတော့ အဲဒီဘုန်းကြီး... သူ့ဘေးက ကောင်မလေးက သူ့ရဲ့ သမီးများလား..."

"ဖြစ်နိုင်ခြေတော့ ရှိတယ်... ငါထင်တာတော့ အဲဒီလူငယ်လေးက သူ့သမီးကို မျက်စိကျနေလို့ ဒီမှာ လာဟန်ရေးပြနေတာ ဖြစ်မယ်... သူ တကယ် အိမ်ဝယ်နိုင်မှာ မဟုတ်ပါဘူး..."

"ဟုတ်တယ်... ငါတို့ရဲ့ ဒီတိုက်ခန်းက အနည်းဆုံး ယွမ် သန်းသုံးဆယ်လောက်တော့ တန်မှာပဲ..."

အရောင်းဝန်ထမ်း အချို့မှာ အနီးနားတွင် စကားစမြည်ပြောရင်း နေကြာစေ့ စားနေကြစဉ်မှာပင်...

အရပ်ရှည်ရှည်နှင့် လှပသော အရောင်းဝန်ထမ်း တစ်ဦးက လျှောက်လာခဲ့၏။

ချန်ဖုန်းကို မြင်သည်နှင့် တစ်ပြိုင်နက် သူမက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"ချန်ဖုန်း..."

"ရှောင်မန်ချီ..."

ချန်ဖုန်း အနည်းငယ် မှင်တက်သွားခဲ့ပေ၏။

‘ဒီနေရာက ပေ့ဟူတက္ကသိုလ် မှ မဟုတ်တာ... သူမက ကျောင်းရဲ့အလှလေး တွေထဲက တစ်ယောက်ဖြစ်တဲ့ ချီချီလေး မဟုတ်ဘူးလား…’

‘လခွမ်း...ချီချီလေးက ဘယ်လိုလုပ် ဒီမှာ အိမ်ခြံမြေ အရောင်းဝန်ထမ်း ဖြစ်နေရတာလဲ…’ ဟု ချန်ဖုန်း တွေးလိုက်၏။

"ချန်ဖုန်း... နင် တကယ်ပဲ ဖြစ်နေတာကိုး..."

ရှောင်မန်ချီသည် ယခုအခါ အရောင်းဝန်ထမ်းများ၏ ရုံးဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။

သူမတွင် မယုံနိုင်လောက်အောင် ရှည်လျားသော ခြေတံများ ရှိနေပြီး ယခုအခါတွင် ပို၍ပင် ရှည်လျားနေပုံရပေ၏။

အထူးသဖြင့် အနက်ရောင် ခြေအိတ်ရှည် (စတော့ကင်) များနှင့်ဖြစ်ရာ…

မျက်စိပသာဒ တကယ် ဖြစ်လှပေသည်။

သူမက ဒေါက်မြင့်ဖိနပ်များဖြင့် ချန်ဖုန်းဆီသို့ ပြေးလာပြီး သူ၏ လက်မောင်းကို ညင်သာစွာ ဆိတ်လိုက်၏။

"အင်း... ကျောင်းတုန်းက နင် ငါ့ကို ယင်ယန် အပ်ကိုးချောင်း ပညာ သင်ပေးမယ်လို့ ပြောခဲ့တယ်လေ...အဲဒီနောက် တိတ်တဆိတ် ထွက်ပြေးသွားပြီး ငါ့ကို အခုထိ သင်မပေးသေးဘူးနော်..."

"အဲဒါက..."

ချန်ဖုန်းက အနေရခက်စွာဖြင့် ပြောဆိုလိုက်သည်။

"နောက်ပိုင်း ငါ အားတဲ့အချိန်ကျရင် နင့်ကို သေချာပေါက် သင်ပေးပါ့မယ်..."

"ဒါနဲ့... နင်က ဘာကိစ္စနဲ့ ဒီမှာ အရောင်းဝန်ထမ်း လာလုပ်နေရတာလဲ..."

"နင်က အရင်တုန်းက ကျောင်းရဲ့အလှလေး တွေထဲက တစ်ယောက်လေ... ဒီမှာ အိမ်ခြံမြေ အရောင်းဝန်ထမ်း လာလုပ်နေရတာက နင့်ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးပစ်လိုက်သလိုပဲ..."

"ငါ..."

ရှောင်မန်ချီက နှုတ်ခမ်းစူကာ ပြောဆိုလိုက်၏။

"ငါ့မိသားစုနဲ့ နည်းနည်း စကားများပြီးတော့ ဒေါသထွက်ထွက်နဲ့ အိမ်ကနေ ထွက်ပြေးလာတာ..."

"နောက်ပိုင်းကျမှ ငါ့ရဲ့ ဘဏ်ကတ်ကို အဖေက ပိတ်ထားမှန်း သိလိုက်ရတယ်... ခရက်ဒစ်ကတ်လည်း သုံးလို့ မရတော့ဘူး...ပိုက်ဆံရှာဖို့ အလုပ်လုပ်ရုံကလွဲပြီး ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူးလေ..."

"သြော်... ဒါနဲ့...နင်က အိမ်လာကြည့်တာလား..."

စကားပြောနေရင်းဖြင့်...သူမက ဘေးတွင်ရှိနေသော မီကာမိ ယုအာ ဟု လူသိများသည့် တန်ယိုယို ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။

ထို့နောက် ရှောင်မန်ချီ က ဆက်ပြောလိုက်သည်။

"ချန်ဖုန်း... နင်ကများ... အိမ်ထောင်ပြုတော့မလို့လား... အဲဒီတုန်းက နင် ယန်းယန်း နဲ့ တွဲနေတယ်လို့ ငါ မှတ်မိတယ်... နင် ရည်းစား ထပ်ပြောင်းလိုက်ပြန်ပြီလား..."

ဘေးတွင် ရပ်နေသော တန်ယိုယိုမှာ ချက်ချင်း မျက်နှာနီမြန်းသွားခဲ့၏။

"ကျွန်မက သူနဲ့ ဘာမှမပတ်သက်ပါဘူး..."

"အော်... တောင်းပန်ပါတယ်..."

ရှောင်မန်ချီက သက်ပြင်းတစ်ချက် ချလိုက်သည်။

သူမ၏ မျက်နှာပေါ်သို့ အပြုံးတစ်ခု ပြန်လည်ရောက်ရှိလာပြီး ချန်ဖုန်း၏ လက်မောင်းကို ကိုင်ကာ ပြောဆိုလိုက်၏။

"လာ... နင့်ကို အိမ်တွေ လိုက်ပြပေးမယ်... နင်က ဘယ်လိုအိမ်မျိုး ဝယ်ချင်တာလဲ..."

"ကောင်းပြီ... ကောင်းပြီ... ငါ့ကို မိတ်ဆက်ပေးပါဦး..."

ချန်ဖုန်းသည် ဆရာတော်တန်တို့ နှစ်ဦးအား နောက်တစ်ကြိမ် လက်ဝှေ့ယမ်းပြလိုက်ပြီး ၎င်းတို့သည် အိမ်ရာဝင်း၏ အနောက်ဘက်ရှိ အဆောက်အအုံများဆီသို့ အတူတကွ ဦးတည်သွားကြလေသည်။

အရောင်းဝန်ထမ်းများသည် အချိန်တစ်လျှောက်လုံး အနီးနားတွင် ထိုင်ကာ ဆူညံပွက်လောရိုက်မှုကို စောင့်ကြည့်နေခဲ့ကြပေ၏။

ထိုအဖွဲ့ လျှောက်သွားပြီးနောက်မှသာ...

၎င်းတို့က နောက်တစ်ကြိမ် အတင်းအဖျင်း စတင်ပြောဆိုကြတော့သည်။

"ရှောင်မန်ချီက သူ့ကို သိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အဲဒီလူငယ်လေးက တက္ကသိုလ်ကနေ ဘွဲ့ရထားတာ သိပ်မကြာသေးဘူး ထင်တယ်နော်..."

"ငါ သူတို့ကို သွားမဧည့်ခံလိုက်မိလို့ တော်သေးတာပေါ့... အခုမှ ဘွဲ့ရခါစ ကလေးတစ်ယောက်က အိမ်ဝယ်ဖို့ ပိုက်ဆံ ဘယ်ကရမှာလဲ..."

"ရှောင်မန်ချီ က တကယ်ကို ဆိုးတာပဲ... သူက သူ့ရုပ်လေးကို အခွင့်ကောင်းယူပြီး ဖောက်သည်တွေကို အကုန်လုယူနေတာ... အခု ပိုက်ဆံမရှိတဲ့သူတွေကိုတောင် သူမချန်ဘူး... သူ ဘာကို လိုချင်နေမှန်း ငါ တကယ်ကို မသိတော့ဘူး..."

"ထားလိုက်ပါ... သူ အမြဲတမ်း ဝန်ထမ်း ဖြစ်မဖြစ်ဆိုတာက နောက်တစ်ပိုင်းလေ... နောက်လကျရင် ကြီးကြပ်ရေးမှူးကို သွားပြောကြတာပေါ့... ကြီးကြပ်ရေးမှူးက သူ့ကို အလုပ်ထုတ်ပစ်လောက်တယ်..."

"ဒါ အရမ်းကောင်းတဲ့ အကြံပဲ..."

......

"ချန်ဖုန်း... ဒီမှာ လူဘယ်နှယောက် နေဖို့ လိုတာလဲ... ဒီတိုက်ခန်းက ၁၃၀ စတုရန်းမီတာ ကျယ်တယ်... သာမန် မိသားစုတစ်စုအတွက်တော့ သင့်တော်ပါတယ်..."

“ရှေ့မှာ နှစ်ထပ်တိုက်ခန်းတွေ ရှိပါသေးတယ်...တကယ်လို့ ဗီလာ လိုချင်ရင်လည်း ငါတို့ဆီမှာ ရှိတယ်... ဒါပေမဲ့ အဲဒါတွေက တခြား ဧရိယာတစ်ခုမှာလေ…”

ရှောင်မန်ချီသည် အဆက်မပြတ် စကားပြောနေခဲ့ပေ၏။

သူမသည် ကျန်းနန်၌ သိကျွမ်းသူတစ်ဦးနှင့် ကြုံတွေ့ရသဖြင့် စိတ်နေစိတ်ထား ကောင်းမွန်နေခဲ့ပြီး အထူးသဖြင့် ကျောင်းတွင် သူမနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သော ချန်ဖုန်းနှင့် တွေ့ဆုံရသောကြောင့် ပို၍ပင် ဝမ်းသာနေခဲ့သည်။

ချန်ဖုန်းက ကျောင်းတုန်းက ချမ်းသာတဲ့သူတစ်ယောက် ဆိုတာ သူမ သိထားပေ၏။ ထို့ကြောင့် တစ်ဖက်လူ အိမ်မဝယ်နိုင်မည်ကို စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။

"ဒီတစ်ခန်းဆို အဆင်ပြေပါတယ်..."

ချန်ဖုန်းက သူ့ရှေ့ရှိ အိမ်ကို လက်ညှိုးထိုးပြလိုက်သည်။

သူသည် ဆရာတော်တန်တို့အား ယခုလေးတင် မေးမြန်းခဲ့ပြီး ၎င်းတို့က အိမ်မှာ အလွန် ဇိမ်ခံနေရန် မလိုအပ်ဘဲ နေထိုင်ရန် လုံလောက်လျှင် ရပြီဟု ပြောဆိုခဲ့ကြ၏။

ထို့အပြင် ၎င်းတို့သည် အနာဂတ်တွင် ကျိုတိုသို့ သွားရောက်ကြရန် ဖြစ်နိုင်ခြေ အလွန်များပေသည်။

"ကောင်းပြီ... ဒါဆို ဒီအခန်းပဲ လုပ်လိုက်မယ်... အရောင်းပြခန်းမှာ ခဏလောက် လာထိုင်နေပါဦး... နင့်အတွက် စာရွက်စာတမ်း ကိစ္စတွေ ငါ လုပ်ပေးမယ်..."

“ငါတို့လည်း အလျင်မလိုပါဘူး…”

ချန်ဖုန်းက ပြုံးလျက် ပြောဆိုလိုက်၏။

"နင်တို့ရဲ့ မန်နေဂျာချုပ်ဆီ ငါ ခုနက ဖုန်းဆက်ထားတယ်... သူ မကြာခင် ရောက်လာလိမ့်မယ်... လာ... အတူတူ သွားထိုင်ကြတာပေါ့..."

"ဟင်..."

ရှောင်မန်ချီ ချက်ချင်း မှင်တက်သွားခဲ့ပေသည်။

စောစောက ချန်ဖုန်း ဖုန်းပြောနေသည်ကို သူမ မြင်တွေ့ခဲ့ရသော်လည်း ထိုဖုန်းကောလ်က မန်နေဂျာချုပ်ထံသို့ ဖြစ်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

‘သူက တကယ်ကြီး မန်နေဂျာချုပ်ကို သိနေတာလား…’ဟု သူမ တွေးလိုက်၏။

ဤအချိန်၌…

အရောင်းပြခန်းတွင်။

နေကြာစေ့ စားနေကြသော အရောင်းဝန်ထမ်းများသည် ရုတ်တရက် အလုပ်ရှုပ်လာကြတော့၏။

၎င်းတို့သည် အိမ်ကို သန့်ရှင်းရေးလုပ်ကာ စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို စီစဉ်နေကြပြီး တွေ့ရခဲသော မန်နေဂျာပင်လျှင် အရောင်းပြခန်းသို့ အလျင်စလို ရောက်ရှိလာခဲ့လေသည်။

လွန်ခဲ့သော ငါးမိနစ်ခန့်ကပင်...

ယနေ့ မန်နေဂျာချုပ် ရောက်လာမည်ဟု ၎င်းတို့ ကြားသိခဲ့ရ၏။

ဒါတင်မကသေးဘူး…

ရုံးချုပ်က အရေးကြီးတဲ့ ပုဂ္ဂိုလ်တချို့လည်း ရောက်လာမယ်လို့ ထင်ရသည်။

ဤသည်က ၎င်းတို့ကို အလွန်အမင်း စိတ်လှုပ်ရှား စိုးရိမ်သွားစေခဲ့ပေသည်။

---

All Chapters