← Chapters

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း ၃၇၇

Vol. 38 Ch. 377

အခန်း (၃၇၇) တစ်စုံတစ်ယောက်က ငါတို့နောက်ကို လိုက်နေတယ်

ချန်ဖုန်းက အနေရခက်စွာ ပြုံးရင်း ​ပြောလိုက်၏။

"ချီချီလေး... နင်က ဘာပဲဖြစ်ဖြစ် အားနေတာပဲလေ... ငါ့ကုမ္ပဏီကို စီမံခန့်ခွဲဖို့ ဘာလို့ မကူညီပေးရမှာလဲ... တကယ်လို့ ဒုတိယမန်နေဂျာ ရာထူးက နိမ့်လွန်းတယ်လို့ ထင်ရင်..."

"နောက်ရက်အနည်းငယ်နေရင် နင့်ကို ဒုတိယမန်နေဂျာချုပ် အဖြစ် ရာထူးတိုးပေးမယ်လေ..."

"ဟင်..."

ရှောင်မန်ချီက မျက်တောင်ခတ်လိုက်သည်။ ‘ငါ နည်းနည်း ရှုပ်ထွေးသွားပြီ...

တခြားသူတွေဆိုရင် ဒုတိယမန်နေဂျာချုပ် ရာထူးကို ရဖို့ အနည်းဆုံး ဆယ်နှစ်လောက် အချိန်ယူရတယ်လေ... ငါက စကားအနည်းငယ် ပြောလိုက်ရုံနဲ့ ရသွားပြီလား…’ဟု သူမ တွေးလိုက်၏။

ချန်ဖုန်းက လေးနက်စွာ ပြောဆိုလိုက်၏။

"ရိုးရိုးသားသား ပြောရရင် လောလောဆယ် ငါ့မှာ စီးပွားရေးလုပ်ငန်းတွေ အများကြီး ရှိနေတော့ တစ်ပြိုင်နက်တည်း အကုန်လုံးကို ဂရုမစိုက်နိုင်ဘူး... ပြီးတော့ တခြားသူတွေကို စီမံခန့်ခွဲဖို့ လွှဲအပ်ရတာကိုလည်း ငါ စိတ်မချဘူး..."

"ဒါကြောင့် အိမ်ခြံမြေလုပ်ငန်းကို ငါ့ကိုကူညီပြီး စီမံခန့်ခွဲနိုင်ဖို့ နင့်ကို လေ့ကျင့်ပေးဖို့ ငါ စီစဉ်ထားတယ်... ဘယ်လိုသဘောရလဲ..."

သူ အမှန်တရားကို ပြောနေခြင်း ဖြစ်ပေသည်။

ရှန်ယန်းယန်းသည် လက်ရှိတွင် ထျန်ဖုန်းဂရု ၏ ကိစ္စရပ်များကို တာဝန်ယူထားပြီး အထူးသဖြင့် ဟိုလိုဂရမ် ရုပ်လုံးကြွနည်းပညာ ထုတ်ကုန်နယ်ပယ်မှာ အတော်လေး ကြီးမားသော တာဝန်တစ်ခု ဖြစ်လေ၏။

ယွင်ထင်ဆိုလျှင်လည်း တစ်ဖက်တွင် ဆေးဝါးကုမ္ပဏီ၏ စီးပွားရေးကို တာဝန်ယူရပြီး အခြားတစ်ဖက်တွင်လည်း ကျိုတိုရှိ ရုံးချုပ် တည်ဆောက်ရေးကို တာဝန်ယူရမည် ဖြစ်သည်။ သူမက အိမ်ခြံမြေကုမ္ပဏီကို ဂရုစိုက်နိုင်မည် မဟုတ်ချေ။

ရွှီချင်းချန် အတွက်ကတော့ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ကုမ္ပဏီကို တာဝန်ယူရမည် ဖြစ်ပေ၏။

ယနေ့တွင် ရှောင်မန်ချီနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ရသည်။ အကယ်၍ သူမကို သေချာစွာ လေ့ကျင့်ပေးနိုင်ပါက အိမ်ခြံမြေလုပ်ငန်းကို သူမထံ လွှဲအပ်ထားနိုင်ပေသည်။

"ဒါ သိပ်ကောင်းမယ် မထင်ပါဘူး..."

ရှောင်မန်ချီက နှုတ်ခမ်းစူကာ ပြောလိုက်၏။

ချန်ဖုန်းကလည်း ဆက်ပြောလိုက်သည်။

"ငါ့ကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်ပါ... နင် ခဏလောက် သင်ယူကြည့်လို့ ရတယ်လေ... တကယ်လို့ မလုပ်နိုင်ဘူးဆိုရင် ငါ တခြားလူကို ရှာလိုက်မယ်... ဘာပဲဖြစ်ဖြစ် အခုချိန်မှာ နင် ပိုက်ဆံ လိုနေတယ် မဟုတ်ဘူးလား..."

ဒုတိယမန်နေဂျာများနှင့် ဒုတိယမန်နေဂျာချုပ်များ၏ လစာမှာ အတော်လေး မြင့်မားလှပေသည်။

"ဒီကိစ္စကို နင် ကူညီပြီးသွားရင် နင့်ကို ယင်ယန် အပ်ကိုးချောင်း ပညာ သင်ပေးမယ်..."

"ကောင်းပြီလေ... နင် စကားမဖျက်ရဘူးနော်..."

ထို့နောက် ရှောင်မန်ချီက သဘောတူလိုက်လေသည်။

သူမက ချန်ဖုန်းကို လက်သီးဖြင့် ရွယ်ပြလိုက်ပြီးနောက် အရောင်းပြခန်းဆီသို့ ပြန်သွားခဲ့၏။

ချန်ဖုန်းက ဆရာတော်တန်နှင့် တန်ယိုယိုကို တစ်ချက်ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

"အဲဒီတိုက်ခန်းက ပရိဘောဂတွေ အစုံအလင် ပါပြီးသားဆိုတော့ အချိန်မရွေး ဝင်နေလို့ ရတယ်... ခင်ဗျားတို့ ဒီနေ့ပဲ ပြောင်းနေလို့ ရပြီ..."

"ဘုန်းကြီး... ဒီရက်ပိုင်းအတွင်း သမီးဖြစ်သူနဲ့ အချိန်ပိုပေးလိုက်ပါဦး... ခင်ဗျားကို လိုအပ်တဲ့အချိန်ကျရင် ဆရာမကု က လာခေါ်ပါလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ်..."

ဆရာတော်တန်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ဘေးတွင်ရပ်နေသော တန်ယိုယိုက နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး တစ်စုံတစ်ရာ ပြောချင်နေသော်လည်း မပြောဘဲ နေလိုက်ပေသည်။

ကားထဲသို့ ပြန်ရောက်သောအခါ။

ဆရာမကု က ရယ်မောလျက် ပြောဆိုလိုက်၏။

"နန်းတော်သခင်... နင်က အိမ်တွေရော ပိုက်ဆံတွေရော ပေးနေတာ... တန်ယိုယို ကို နင့်ရဲ့ ဟာရမ် ထဲ ထည့်ဖို့ စီစဉ်နေတာလား..."

"ပေါက်ကရတွေ မပြောစမ်းပါနဲ့..."

ချန်ဖုန်းမှာ စကားပြောစရာမဲ့သွားခဲ့သည်။

"သူ့အပေါ် ငါ ဘာခံစားချက်မှ မရှိဘူး... ပြီးတော့ အခုကစပြီး ငါ့ကို နန်းတော်သခင် လို့ မခေါ်နဲ့တော့... နားထောင်ရတာ တစ်မျိုးကြီးပဲ... အဲဒီအစား သူဌေး လို့ပဲ ခေါ်..."

"ဟီးဟီးး…သူဌေး..."

ဆရာမကုက ရယ်မောကာ ခေါ်လိုက်၏။

တစ်ဖက်လူက သူမထက် ငယ်ရွယ်နေသော်လည်း သူမက သူဌေး ဟု ခေါ်နေရဆဲပင်။

သူမက ရုတ်တရက် အနားသို့ တိုးကပ်လာခဲ့သည်။ ထို့နောက် ချန်ဖုန်း၏ မေးစေ့ကို လက်ဖြင့်ထောက်ကာ တိုးညင်းစွာ ပြောဆိုလိုက်၏။

"သူဌေး... ငါ့ကိုပါ ဘာလို့ အပိုင်မသိမ်းတာလဲ... စိတ်မပူပါနဲ့... မစ်ရှန်ကွမ် ကို ငါ သေချာပေါက် ပြောပြမှာ မဟုတ်ပါဘူး..."

"တကယ်လို့ နင် ဗိုက်ဆာလာရင် ငါ့ဆီကို အချိန်မရွေး လာလို့ရတယ်... နင် ဗိုက်ဝသွားစေရမယ်လို့ ငါ သေချာပေါက် အာမခံပါတယ်... ငါက အပျိုစစ်စစ်လေးပါနော်..."

"သောက်ကြိုးနဲ.."

ချန်ဖုန်းမှာ စကားပြောစရာမဲ့သွားတော့သည်။

သူက ဤအကြောင်းအရာကို ဆက်မပြောရဲတော့ဘဲ အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်၏။

"အင်း... အခု မယာလင်းယုန်နိုင်ငံ ရဲ့ အခြေအနေက ဘယ်လိုရှိလဲ..."

"ဟွန့်..."

ဆရာမကု က နှုတ်ခမ်းကို စူလိုက်သည်။

ယနေ့ သူမသည် ပေါင်ရင်းအထိ ခွဲထားသော ရင်ဖုံးအင်္ကျီကို အနည်းဆုံးတော့ လဲလှယ်ဝတ်ဆင်ထားခဲ့၏။ မူလက ၎င်းကို ချန်ဖုန်း မြင်တွေ့စေရန် ရည်ရွယ်၍ ဝတ်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်လူက အနည်းငယ်မျှပင် ဆွဲဆောင်မခံရသဖြင့် လုံးဝ မပျော်စရာကောင်းတော့ချေ။

ထို့နောက် သူမက မတ်မတ်ထိုင်ကာ ကားကို စက်နှိုးလိုက်ပြီး ပြောဆိုလိုက်၏။

"ရေနံကုမ္ပဏီ ဆီကို လူတွေ စေလွှတ်ပြီးပါပြီ... ပြီးတော့ အဇူရာနန်းတော် က အကြီးအကဲ သုံးယောက်လည်း အဲဒီမှာ ရှိနေပါတယ်..."

"ယိုဟွန်း နဲ့ ယဲ့ဟန် တို့လို တခြား အဓိက ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေလည်း အဲဒီကို သွားကြပါတယ်..."

"လွန်ခဲ့တဲ့ နှစ်နာရီက ရရှိခဲ့တဲ့ တုံ့ပြန်ချက်တွေအရ ရေနံကုမ္ပဏီကို ငါတို့ လုံးဝ ထိန်းချုပ်ထားနိုင်ပါပြီ... အထဲက အလုပ်သမားတွေ အကုန်လုံးကိုလည်း ငါတို့လူတွေနဲ့ အစားထိုးထားပြီးပါပြီ..."

"အဲလစ်ဇဘက် ကရော ဘယ်လိုနေလဲ..."

ချန်ဖုန်းက ကြားဖြတ် မေးလိုက်၏။

"သူမက..."

ဆရာမကုက ခဏတာ တုံ့ဆိုင်းနေပြီးနောက် ပြောဆိုလိုက်၏။

"လက်ရှိမှာတော့ မယာလင်းယုန်နိုင်ငံ တော်ဝင်မိသားစုအတွင်းမှာ အချင်းချင်း အဆက်မပြတ် တိုက်ခိုက်နေကြပါတယ်... ဧကရီဘုရင်မက သူမရဲ့ ဦးလေးနဲ့ ထိပ်တိုက်ရင်ဆိုင်နေပုံရတယ်..."

“မကြာသေးမီက သူတို့နှစ်ဦးကြားမှာ အငြင်းပွားမှု တော်တော်များများ ရှိခဲ့တယ်... ဒါပေမဲ့ အခြေအနေက ပြန်လည်သင့်မြတ်လို့ မရနိုင်တဲ့ အမှတ်ကိုတော့ မရောက်သေးပါဘူး... မဝေးတော့တဲ့ အနာဂတ်မှာလည်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာဖို့ မဖြစ်နိုင်သေးဘူးလေ…”

"အဲဒါကို ပိုပြီး ဂရုစိုက်စောင့်ကြည့်ပေးပါ..."

ချန်ဖုန်းသည် အဲလစ်ဇဘက်အား ကူညီပေးမည်ဟု ကတိပြုထားခဲ့သောကြောင့် ဤကိစ္စကို သဘာဝကျကျပင် အလေးထားနေခဲ့ပေသည်။

သို့သော် ယခုအခါ ရှန်ကွမ်ယွဲ့မှာ ကိုယ်ဝန်ရှိနေသဖြင့် သူ ထွက်သွား၍ မရနိုင်ချေ။ သို့သော်လည်း... အဇူရာနန်းတော်မှ အကြီးအကဲ သုံးဦး ထိုနေရာတွင် ရှိနေသဖြင့် အဲလစ်ဇဘက်၏ လုံခြုံရေးမှာ အာမခံချက် ရှိသင့်ပေသည်။

"စိတ်မပူပါနဲ့... ငါတို့လူတွေ စောင့်ကြည့်နေပါတယ်..."

ဆရာကုသည် စံအိမ်ဆီသို့ ကားမောင်းသွားလေ၏။

မြို့တွင်း၌ အမြန်နှုန်းမှာ အများဆုံး ၆၀ ကီလိုမီတာ/နာရီ သာ ရှိသော်လည်း ချန်ဖုန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

ဤအချိန်၌... သူက နောက်ကြည့်မှန်ကို ရုတ်တရက် လှမ်းကြည့်လိုက်ကာ

သူ၏ မျက်မှောင်များ ထပ်မံ ကြုတ်သွားခဲ့ပြန်သည်။

"ရှေ့လမ်းဆုံရောက်ရင် ဘယ်ဘက်ကို ကွေ့လိုက်..."

"ဟင်..."

ဆရာမကု က ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

"သူဌေး... ဒါက စံအိမ်ကို ပြန်တဲ့လမ်း မဟုတ်ဘူးလေ... ငါတို့ စံအိမ်ကို တိုက်ရိုက် ပြန်သင့်တာ..."

"ငါ ပြောတဲ့အတိုင်းသာ လုပ်စမ်းပါ..."

"အော်..."

စကားပြောနေစဉ်မှာပင် ၎င်းတို့နှစ်ဦးသည် လမ်းဆုံသို့ ရောက်ရှိသွားကြသောအခါ

ဆရာမကုသည် စတီယာရင်ကို ဘယ်ဘက်သို့ ရုတ်တရက် ချိုးကွေ့လိုက်လေသည်။

"ဒုတိယ လမ်းဆုံရောက်ရင် ညာကွေ့..."

"နောက်လမ်းဆုံရောက်ရင် ယူတေ့ချ် လှည့်လိုက်..."

"ညာကွေ့..."

...

လှုပ်ရှားမှု အကြိမ်များစွာ ပြုလုပ်ပြီးနောက်။

ကားတစ်စီးက သူတို့နောက်သို့ လိုက်နေကြောင်း ထောင်မျက်နှာမြေခွေး နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။ သို့သော် ယခုအခါတွင်မူ ထိုကားကို ဖြတ်ချနိုင်ခဲ့လေပြီ။

"သူဌေး... ငါတို့နောက်ကို လိုက်နေတာ ဘယ်သူလဲ..."

"မသိဘူး..."

ချန်ဖုန်းက ခေါင်းခါလိုက်သည်။

သူ၏ မျက်နှာအမူအရာမှာ အတော်လေး လေးနက်လာခဲ့၏။

"စံအိမ်ကို အခုချက်ချင်း မပြန်နဲ့ဦး... ဆင်ခြေဖုံးရပ်ကွက်ဘက်ကို သွား... ငါခန့်မှန်းတာ မမှားဘူးဆိုရင် ငါတို့နောက်ကို လိုက်နေတဲ့အဖွဲ့က ခုနက တစ်ဖွဲ့တည်း မဟုတ်ဘူး..."

"နားလည်ပါပြီ..."

ဆရာမကု၏ မျက်နှာအမူအရာမှာလည်း အေးစက်သွားခဲ့ပေသည်။

ဆင်ခြေဖုံးရပ်ကွက်သို့ သွားရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မကြာမီ ဖြစ်ပွားလာမည့် တိုက်ပွဲအတွင်း အပြစ်မဲ့ ပြည်သူများအား ထိခိုက်နစ်နာမှုမှ ရှောင်ရှားရန် ဖြစ်ပေ၏။

ရုတ်တရတ် သူမက လီဗာကို အဆုံးထိ နင်းချလိုက်သည်။

အမြန်နှုန်းမှာ ချက်ချင်းပင် မိုင် ၈၀ အထိ မြင့်တက်သွားပြီး ဆင်ခြေဖုံးရပ်ကွက်ဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားတော့၏။

“တကယ်ပါပဲ…”

ဆရာမကု အရှိန်တင်လိုက်ပြီးနောက် ၎င်းတို့၏ အနောက်မှ အခြားကား သုံးစီးကလည်း အရှိန်မြှင့်လာကြလေသည်။

အနက်ရောင် ဗော့စ်ဝက်ဂွန် ကား သုံးစီးပင်။

၎င်းတို့ကြားရှိ အကွာအဝေးမှာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အမြန်နှုန်းဖြင့် ကျဉ်းမြောင်းလာနေပေ၏။

"ငတုံးကောင်တွေ..."

ဆရာမကု က အရှိန်ကို ထပ်မံမြှင့်တင်လိုက်သည်။

ထိုအခိုက်အတန့်၌…

နောက်ကြည့်မှန်ထဲမှနေ၍ ဗော့စ်ဝက်ဂွန်ကားထဲမှ အနက်ရောင်ဝတ်စုံဝတ် အမျိုးသားအချို့က ၎င်းတို့၏ လက်ထဲတွင် သေနတ်များကို ကိုင်ဆောင်လျက် ခေါင်းပြူထွက်လာသည်ကိုပင် သူမ မြင်တွေ့လိုက်ရ၏။

ထို့နောက် ၎င်းတို့က ချက်ချင်းပင် ခလုတ်ဆွဲလိုက်ကြလေပြီ။

"ဒိုင်း..."

"ဒိုင်း..."

ကျည်ဆန်များက BMW ၏ နောက်လေကာမှန်ကို ထိမှန်သွားခဲ့သည်နှင့်

မှန်တစ်ချပ်လုံး ကြေမွသွားတော့၏။

ဆရာမကု မှာ လန့်ဖြတ်သွားခဲ့သည်။

သူမ၏ ယာဉ်မောင်းစွမ်းရည်မှာ အလွန်ညံ့ဖျင်းလှသဖြင့် တုံ့ပြန်ရန် အချိန်လုံးဝ မရလိုက်ချေ။

ထိုစဉ်မှာပင်...ချန်ဖုန်းက စတီယာရင်ကို အလျင်အမြန် လှမ်းကိုင်လိုက်ရာ BMW ကားမှာ ယိမ်းထိုးသွားပြီး အနောက်မှလာသော ကျည်ဆန်အချို့ကို ချက်ချင်းပင် ရှောင်လွှဲသွားနိုင်ခဲ့လေသည်။

ထိုအခါမှ ဆရာကုသည် ချက်ချင်းပင် စိတ်သက်သာရာ ရသွားတော့၏။

“တကယ်ကို သီသီလေးပဲ…”

သူမ အရှိန်လျှော့ရန် ပြင်လိုက်ချိန်မှာပင် ဘရိတ်များ ပျက်နေကြောင်း ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ရပြီး သူမ၏ နဖူးပေါ်တွင် ချွေးအေးများ ပြန်လာခဲ့ပေသည်။

"သူဌေး... ဘရိတ်တွေ... ဘရိတ်တွေ ပျက်နေပြီ..."

"ငါ သိတယ်..."

“သိတယ် ဟုတ်လား…”

ဆရာမကု၏ အသံမှာ ရုတ်တရက် အဆပေါင်းများစွာ ကျယ်လောင်သွားခဲ့၏။

"နင် သိနေရက်နဲ့ ဘာလို့ ငါ့ကို စောစော မပြောရတာလဲ... အခု ငါတို့ ဘာလုပ်ကြမလဲ... ကားကို ရပ်လို့လည်း မရဘူး... ပြီးတော့ ငါတို့အနောက်မှာလည်း လုပ်ကြံသတ်ဖြတ်သူတွေ ရှိနေသေးတယ်လေ..."

---

All Chapters